01/22/2025
https://www.facebook.com/share/p/15kNyJis2K/
ကျမတက်နေတဲ့ Reiki ဆရာမပြောပြတဲ့ သစ်ဂျပိုးခေါက် လေးတွေရဲ့ အသုံးဝင်ပုံ
"သစ်ကြံပိုးခေါက် (Cinnamon)" သို့မဟုတ် "မှော်ဆရာတို့ရဲ့ ကြိမ်လုံး"
သစ်ကြံပိုးခေါက် (Cinnamon) ဆိုတာ
မှော်ဆန်တဲ့ ဂမ္ဘီရစွမ်းအင်ဆိုင်ရာ ကိစ္စတွေမှာ
မပါမဖြစ်လို့တောင် ပြောလို့ရလိမ့်မယ်နော်။
သူ့ရဲ့ မှော်ဆန်တဲ့ ရနံ့လေးနဲ့တင် Witches တွေရဲ့ နှလုံးသားကို ညွှတ်နူးစေတာ မဟုတ်ပါလား။
Cinnamon က ဘာတွေ စွမ်းပါသလဲ? ဆက်လေ့လာကြည့်ရအောင်ပါ။
🔸သစ်ကြံပိုးခေါက်က Negative Energy တွေကို ကာကွယ်နိုင်ပါတယ်။
Negative Energy တွေကို ကာကွယ်ဖို့ သစ်ဂျပိုးခေါက်ကို မိမိရဲ့ အိမ်တခါးဝမှာ ချိတ်ဆွဲထားနိုင်တယ်။
🔸မိမိရဲ့ ပိုက်ဆံအိတ်ကို Cinnamon မှုန့်လေးတွေ ဖြူးပေးခြင်းဖြင့် ကြွယ်ဝချမ်းသာမှုတွေ အလုံးစုံပြည့်စုံမှုတွေ ရရှိနိုင်တယ်။
🔸Cinnamon Roll ကို ပိုက်ဆံအိတ်ထဲဆောင်ထားပေးခြင်းဖြင့် ကံကောင်းခြင်းတွေကို ဆွဲငင်နိုင်ပါတယ်။
🔸Manifestation လုပ်ပြီးတိုင်းလည်း သစ်ကြံပိုးမှုန့်လေးတွေကို လက်ဝါးပေါ်တင်ပြီး မှုတ်လိုက်ပါ။
အလုံးစုံပြည့်ဝမှုတွေဝင်လာပါပြီ။
🔸Cinnamon က Third Eye ကိုလည်း အားကောင်းစေလို့ Intuition ကြိုသိစိတ်တွေကို အားကောင်းစေရုံသာမက ကိုယ့်ရဲ့ မသိစိတ်နယ်ပယ်ထဲထိ သွားရောက်ချိတ်ဆက်နိုင်မှုကို အားပေးတယ်။
ဒါကြောင့် Meditation ထိုင်ချိန်တွေမှာ Third Eye နေရာကို Cinnamon အမှုန့်လေး သို့မဟုတ် Cinnamon Oil လေး သုတ်လိမ်းပေးနိုင်တယ်နော်။
🔸Cinnamon က Root နှင့် Sacral Chakra တို့ကိုပါအကျိုးပြုပါတယ်။
🔸Spiritual High Vibration တွေကို သယ်ဆောင်လာပေးတယ်။ အေးချမ်းစေတယ်။ သက်တောင့်သက်သာရှိစေတယ်။
🔸Sun Energy နှင့် Fire Element တို့နှင့်သက်ဆိုင်ပါတယ်။
🔸Spiritual Readers တွေ အနေနှင့်ကတော့ မိမိရဲ့ Card တွေ Box လေးတွေ ပေါ်မှာ Cinnamon Stick လေးတင်ထားပေးခြင်းဖြင့် Client တယောက်နှင့်တယောက်ကြား Energy ကို ဖြတ်နိုင်တယ်။
🔸Energy Healers တွေလည်း တူတူပါပဲ။
Client တယောက်ကို Healing လုပ်ပေးပြီးတိုင်း
Cinnamon Oil သို့မဟုတ် အမှုန့်နှင့် လက်ဆေးပေးနိုင်ပါတယ်။
🔸ဒါတင်မကသေးပါဘူး။
ချစ်မှုရေးရာမှာလည်း သူမပါရင် မပြီးပါနော်။
သစ်ကြံပိုးခေါက်လေးတွေ ကို ဖျော်ရည်၊ ဝိုင်၊ ကော်ဖီ တို့မှာ ရောစပ်ပြီး Love Spell လုပ်နိုင်ပါတယ် တဲ့။
🔸လာဘ်ခေါ် Money Bowl လုပ်မယ်ဆိုလည်း Cinnamon Roll ပါရပါတယ်။
လာဘ်ခေါ်မယ့် ဖလား (သို့) အဝကျယ်ခွက်လေးထဲ မှာ ဆန်စေ့လေးတွေထည့်ရမယ်။
ပြီးရင် ငွေအကြွေ (သို့) ငွေဒင်္ဂါးရယ်၊ Crystals လေးတွေရယ်၊ လေးညှင့်ပွင့်လေးတွေရယ်၊ သစ်ကြံပိုးခေါက်လေးရယ်ထည့်ပါ။
ကရဝေးရွက်လေးပေါ်မှာ ဆုတောင်းစာလေးရေးမယ်။
အလယ်တည့်တည့်မှာ ဖယောင်းတိုင်အစိမ်းလေးကို မီးထွန်းရပါတယ်။
🔸Cinnamon Tea ပူပူလေး သောက်ပေးခြင်းကလည်း ကိုယ်ခံစွမ်းအားကို တက်စေတယ်။
🔸လစဉ်လတိုင်းရဲ့ ပထမဆုံးနေ့မှာ သစ်ကြံပိုးမှုန့် နှင့် သကြားကို ရောစပ်ပြီး လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ဆေးကြောခြင်းက တလလုံး ကံကောင်း လာဘ်ကောင်းစေပါတယ်။
ကဲ.. ဒီလောက်ဆိုရင်ဖြင့် သစ်ကြံပိုးခေါက်လေးတွေ အိမ်မှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ အကြောင်းတွေ လုံလောက်ပြီထင်ပါရဲ့နော်။
Cinnamon ရဲ့မှော်ဆန်တဲ့စွမ်းအင်တွေကို Energy အပြည့်နဲ့ အသုံးချကြပါစို့ရှင်။
ိုင်မွန်