13/08/2026
အားလုံးပဲ မင်္ဂလာပါရှင်။
အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေး အကြောင်း ဆွေးနွေးမဲ့ စကားဝိုင်းအစီအစဉ်အသစ်လေးတစ်ခုဖြစ်တဲ့ "Gentlemen's Club" ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်
ဒီအစီအစဉ်လေးမှာတော့ အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားတွေနဲ့ပတ်သတ်ပြီး စိတ်ကျန်းမာရေးအကြောင်းအရာတွေကို အကဲဖြတ်ခြင်းမရှိဘဲ လွတ်လပ်ပေါ့ ပါးစွာ ပြောဆိုဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့ရဲ့ ဒီအစီအစဉ်သစ်လေးကို Jue Jue’s Safe Space ရဲ့ Youtube Channel မှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ဖို့ အခုပဲ Subscribe လုပ်ထားလိုက်ရအောင်နော်။
Jue Jue’s Safe Space YouTube Channel: www.youtube.com/
ဒီတစ်ပတ်ဆွေးနွေးမဲ့ခေါင်းစဉ်ကတော့
“အရက်ဆိုင်ထဲက ရင်ဖွင့်သံများ” ဆိုတဲ့ ခေါင်းစဉ်နဲ့
အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်ယောက်နဲ့ အရက်ဆိုင်မှာ ရင်ဖွင့်ဖူးသလား?
အရက်မလိုဘဲ စိတ်ချလက်ချ ပြောလို့ရတဲ့ နေရာတွေ အမျိုးသားတွေမှာ ရှိမလား?
စိတ်ညစ်လို့အရက်သောက်တယ်၊ အရက်သောက်တော့ ပိုစိတ်ညစ်တယ်… အရက်ရဲ့ကျေးကျွန်ဘဝရောက်သွားတဲ့ အမျိုးသားတွေအတွက် ဘယ်လို ဆွဲခေါ်ကြမလဲ?
စတဲ့ အကြောင်းအရာတွေကို
Jue Jue’s Safe Space မှ Ko Theo နဲ့ Ko Henry တို့က ဦးဆောင်ဆွေးနွေး ဝေမျှသွားမှာ ဖြစ်ပါတယ်ရှင်။
ရက်စွဲ : ၁၉.၈.၂၀၂၆ (ဗုဒ္ဓဟူးနေ့)
အချိန် : ည ( ၈ ) နာရီ (မြန်မာစံတော်ချိန်)
Live ပြုလုပ်မည့်နေရာ - Jue Jue’s Safe Space YouTube Channel
အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ရင်ဖွင့်ချင်တာ၊ မေးမြန်းချင်တာတွေရှိရင် Comment မှာဖြစ်စေ၊ Chat Box မှာဖြစ်စေ ကြိုတင်မေးခွန်းများ ပို့ထားနိုင်ပါတယ်ရှင်။ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ အတူတူ ဆုံကြမယ်နော်။