19/06/2026
Different between talk and speak
Talk နဲ့ Speak ကိုခွဲခြားဖို့ခက်နေတုံးဘဲလာ..?
ဒါဆိုရင် ဒီVedio နဲ့ caption က သင့်အတွက် အကောင်းဆုံးဖြေရှင်းချက်တစ်ခုပါ....
Meaning i) talk - ပုံမှန်၊အလွပ်တဘောစကားပြောခြင်း,ဖြစ်ပါတယ်..
🔥အလွယ်နည်းနဲ့ပြောရင် Talk က Conversation ကိုအဓိကထားပီးသုံးပါတယ်.....
ii) Speak - တရာဝင်၊အလေးနက်ထားပီးပြောခြင်းLanguageသို့မဟုတ်၊ Speech ကို အဓိကထားပီးသုံးပါတယ်.....
Example
TALk ......📚
1. I talked to my friend yesterday.
မနေ့က ကျွန်တော့်သူငယ်ချင်းနဲ့ စကားပြောခဲ့တယ်။
2. Can we talk about our relationship?
ကျွန်တော်တို့ရဲ့ ဆက်ဆံရေးအကြောင်း ပြောလို့ရမလား။
3. She loves talking with her friends.
သူမက သူငယ်ချင်းတွေနဲ့ စကားပြောရတာ ကြိုက်တယ်။
SPEAK
1. She speaks English fluently.
သူမက အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောတတ်တယ်။(ဘာသာစကား)
2. He spoke at the meeting.
သူက အစည်းအဝေးမှာ မိန့်ခွန်းပြောခဲ့တယ်။(အလေးအနက်)
3. May I speak to the manager?(အလေးအနက်)
မန်နေဂျာနဲ့ စကားပြောလို့ရမလား။