K-Wellness Gangnam ဆေးရုံ ကျန်းမာရေး ဝန်ဆောင်မှု

  • Home
  • K-Wellness Gangnam ဆေးရုံ ကျန်းမာရေး ဝန်ဆောင်မှု
Website

K-Wellness Gangnam ဆေးရုံ ကျန်းမာရေး ဝန်ဆောင်မှု ကိုရီးယားရောက် ရွှေမြန်မာတို့အတွက်
ဆိုးလ်မြို့​တော် ဂန်းနမ်း ဒေသရှိ
K-Wellness အလှအပနှင့် ကျန်းမာရေး ဆေးခန်း မြန်မာတာဝန်ခံ

08/09/2026

🌕 “ချူးဆော့ ပိတ်ရက်မှာ နှာခေါင်းလှလှခွဲစိတ်ဖို့ K-Wellness အလှအပဆေးခန်းကို လှမ်းခဲ့စို့” 🐇
လူတစ်ယောက်ရဲ့ မျက်နှာမှာ နှာခေါင်းဟာ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် 👃

မျက်နှာရဲ့ အလည်တည့်တည့်ကနေ ရပ်တည်လို့ ရုပ်ရည်ရဲ့ ကောက်ကြောင်းနဲ့ ဆွဲဆောင်မှုကို အဓိက တာဝန်ယူနေပါတယ်..

မျက်လုံး မျက်ခုံး နှုတ်ခမ်း စတာတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှု အပေါ်မူတည်ပြီး စွဲဆောင်မှု အမျိုးမျိုး ကွာခြားနိုင်ပေမယ့် နှာခေါင်းကတော့ ပုံသေနည်းရှိသလို ဖြစ်နေပါတယ်..
အရမ်းရှည်လွန်း အရမ်းတိုလွန်း အရမ်းမြင့်လွန်း အရမ်းနိမ့်လွန်း အရမ်းကြီးလွန်း အရမ်းသေးလွန်း စတဲ့ ဘယ်အစွန်းပဲရောက်ရောက် ချို့ယွင်းချက်က သိသာနေပြီး
အချိုးအစား မျှမျှတတလေး လှနေတဲ့ နှာခေါင်းဟာ မျက်နှာရဲ့ inpression ကို အများကြီး လွှမ်းမိုးနိုင်တာ ဖြစ်ပါတယ်! 💁🏻‍♂️

🇰🇷🇲🇲 ဒါကြောင့် တောင်ကိုရီးယားရောက် ရွှေမြန်မာတို့အတွက် 🌕🐇ချူးဆော့ပွဲတော်ပိတ်ရက်မှာ အလုပ်နားတုန်း မိမိရဲ့ နှာခေါင်းကို ခွဲစိတ်ပြုပြင် ပြောင်းလဲနိုင်ဖို့ -

2026 ခုနှစ် September လအတွင်း အထူး လျှော့ချထားတဲ့ Rhinoplasty Surgery နှာခေါင်းခွဲစိတ် အထူး ပရိုမိုးရှင်း စျေးနှုန်းများနဲ့ မိတ်ဆက်ပေးပါရစေ~! 🎉

ဘဝမှာ ပထမဆုံး နှာခေါင်းခွဲစိတ်မယ့်သူ အတွက်
“ ဆီလီကွန်ဖိုး အပြီးအစီး ပါပြီးသား “ နှာခေါင်း ခွဲစိတ်မှုအတွက် အခြေခံ စျေးနှုန်း ₩2,990,000 ကနေ စတင်မှာဖြစ်ပြီး 💵

မိမိ ဖြစ်ချင်တဲ့ နှာခေါင်း ရလဒ်နဲ့ မိမိ လက်ရှိ နှာခေါင်း အခြေအနေပေါ် မူတည်ပြီး ဆီလီကွန်၊ အရိုးနု စတဲ့ အပိုပစ္စည်းတွေ လိုလို့ ထပ်ထည့်တာပဲဖြစ်ဖြစ် အရိုးဖြတ်တာ၊ နှာခေါင်းပေါက်ချုံ့တာ၊ နှာခေါင်ရိုးညှိတာ စတဲ့ အပိုဆောင်း ခွဲစိတ်မှုတွေ လုပ်ရရင်တောင်
စုစုပေါင်း ဝမ် သိန်း 50 ပတ်ဝန်းကျင်လောက်ပဲ ကုန်ကျမယ့် အရမ်းတန်တဲ့ ပရိုမိုးရှင်းပါနော်~

နောက်ထက် စျေးနှုန်း လျှော့စျေးချထားတဲ့ အပိုပစ္စည်း နဲ့ ထပ်ဆောင်း ကုသမှု စျေးနှုန်းများ -

• 기증늑 အရိုးနု (ရယ်ဒီမိတ်) - ₩1,500,000

• 자가늑 အရိုးနု (မိမိကိုယ်ပိုင် နံရိုး အရိုးနု) - ₩2,500,000

• 비중격 နှာခေါင်းကြား အရိုးနု - ₩300,000

• 귀연골 နားရွက် အရိုးနု - ₩300,000

• 절골 အရိုးဖြတ် - ₩600,000

• 콧볼축소 နှာခေါင်းပေါက်ချုံ့ခြင်း - ₩600,000

• 맞춤보형물 customized ဆီလီကွန် - ₩1,100,000

• 늑입자 ဆီလီကွန်အစား အရိုးနုနဲ့ နှာတံဖော်ချင်တယ်ဆိုရင် - ₩1,500,000

ပလတ်စတစ်ဆာဂျရီအကြောင်း နားလည်တဲ့ သူတွေဆို သိမှာပါ
ပုံမှန်ဆို ဂန်းနမ်းက ဆေးခန်းတွေမှာ နှာခေါင်း တစ်ခါ ခွဲစိတ်ရင် အောက်ထစ် အနည်းဆုံး ဝမ် သိန်း 70 လောက် ကုန်ကျနေတဲ့ ဒီခေတ်ကြီးမှာ အခုလို တန်မှတန်တဲ့ အထူးလျှော့စျေးဆိုတာ နှစ်ခါမရတဲ့ အခွင့်အရေးမို့လို့ အမြန်ဆုံး အရယူဖို့ တိုက်တွန်းပါရစေနော် 🥰

အသေးစိတ် ဆွေးနွေးစုံစမ်းလိုပါက မက်ဆင်ဂျာကနေ လာဟိုင်းတာပဲဖြစ်ဖြစ် မြန်မာတာဝန်ခံ ဖုန်း 010-2844-2583 ကို ဖုန်းဆက်တာပဲဖြစ်ဖြစ် ဆက်သွယ်စုံစမ်းလိုက်ပါနော်~ 📞

💡နှာခေါင်းခွဲစိတ်မှုဟာ အရိုးနဲ့ ကြွက်သား အရေပြား ပုံသဏ္ဍာန်နဲ့ အနေအထားတွေကို တွက်ချက်တိုင်းတာပြီးမှ ခွဲစိတ်ရတဲ့ အလတ်စားခွဲစိတ်မှုဖြစ်တာမို့ အရင်ဆုံး တစ်ရက် ဆေးခန်းလာပြပြီး CT ဓာတ်မှန် ဓာတ်ပုံ စတာတွေ ရိုက်ပြီးမှ ဆရာဝန်နဲ့ အသေးစိတ် ဆွေးနွေးတိုင်ပင်ကာ ခွဲစိတ်ဖို့ ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့ဗျား~!

⚠️ဆွေးနွေးခ လုံးဝ အခမဲ့၊ စကားပြန်ခ လုံးဝ အခမဲ့ ဖြစ်ပါတယ်ဗျာ~

#ဂန်းနမ်း #အလှအပဆေးခန်း #ဆိုးလ် #စကားပြန် #ဆေးခန်း #မြန်မာ #ကိုရီးယား #ဟန်းဂု #ဘူဖြောင်း #ဘူဖျောင်း #ရွှေမြန်မာ #ဆာဂျရီ #ခွဲစိတ် #ပလတ်စတစ် #အလှအပဆေးခန်း #အလှအပ #အလှအပရေးရာ #မေးရိုး #ပါးရိုး #မေးစေ့ #ဆရာဝန် #နှာခေါင်း

04/09/2026

အလှအပကို စိတ်ဝင်စားတဲ့ တောင်ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ညီအစ်ကို၊ မောင်နှမ မိတ်ဆွေအပေါင်းတို့ခင်ဗျာ~ 🇲🇲🇰🇷

မိတ်ဆွေတို့ရဲ့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ အတိုင်ပင်ခံ ကျွန်တော် K-WELLNESS MYANMAR ရဲ့ မြန်မာတာဝန်ခံကနေ ပြန်လည် နှုတ်ဆက်လိုက်ပါတယ်ခင်ဗျ~ 🙇🏻

မကြာမီရောက်ရှိလာတော့မယ့် ၂၀၂၆ခုနှစ် ချူးဆော့ပိတ်ရက်တွေထဲမှာ ဆိုးလ်မြို့တော် ဂန်းနမ်းဒေသမှာ တည်ရှိတဲ့ ကျွန်တော်တို့ K-Wellness ရဲ့ Plastic Surgery အလှအပ ခွဲစိတ်ဆေးခန်းတွေမှာ အလှအပခွဲစိတ် Plastic Surgery ခွဲစိတ်မှုတွေ ခံယူချင်တဲ့ ညီအစ်ကိုမောင်နှမတို့အတွက် ချူးဆော့ပွဲတော် ပရိုမိုးရှင်း အနေနဲ့ စျေးနှုန်းတွေ လျှော့ချပေးထားပါကြောင်း ကြိုတင်ပြီး သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျ~ 🎉

ခွဲစိတ်မှုအလိုက် လျှော့စျေး စျေးနှုန်းတွေက အသေးစိတ် ကွာခြားတာမို့ အတိအကျ စျေးနှုန်း အချက်အလက်လေးတွေကို ကွန်မန့်လေးတွေထဲက သက်ဆိုင်ရာ ခွဲစိတ်မှု ပို့စ်လေးတွေထဲ ဝင်ရောက်ကြည့်ရှု လေ့လာပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်~💁🏻‍♂️

ဒီ ဗီဒီယိုလေးကတော့ ပြီးခဲ့တဲ့ နှစ်သစ်ကူးပိတ်ရက်တွေမှာ ကျွန်တော်တို့ အလှအပ ခွဲစိတ်ဆေးခန်းမှာ မေးရိုး မေးစေ့ အရိုးဖြတ် ညှိပြီး implant နဲ့ ပြန်လည် ညှိကာပြုပြင်ခြင်း၊ နှာခေါင်း အလှအပ ခွဲစိတ်ခြင်း၊ မျက်ခုံးရိုး မောက်ခြင်းကို ဖြတ်ညှိခြင်း နဲ့ နှဖူးအရေပြားပင့်တင်ခြင်း (lifting surgery) အထိ ခွဲစိတ်မှုတွေ ခံယူခဲ့တဲ့ ညီကိုတစ်ယောက်နဲ့ interview အမေးအဖြေလေးကို ဖော်ပြပေးလိုက်ရပါတယ် 👍🏼

ဒီအကိုလိုမျိုးပဲ ကျွန်တော်တို့ဆေးခန်းမှာ အလှအပ ခွဲစိတ်မှုတွေ ခံယူဖို့ ဆရာဝန်နဲ့ အရင် တိုင်ပင်ဆွေးနွေးချင်တယ် ဆိုရင်တော့ ကျွန်တော် မြန်မာတာဝန်ခံ ဖုန်း 010-2844-2583 သို့မဟုတ် ပေ့ချ် မက်ဆင်ဂျာကနေ အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ~

⚠️ စကားပြန်ခ လုံးဝ (လုံးဝ) အခမဲ့ ဖြစ်ပါတယ်!

#ဂန်းနမ်း #အလှအပဆေးခန်း #ဆိုးလ် #စကားပြန် #ဆေးခန်း #မြန်မာ #ကိုရီးယား #ဟန်းဂု #ဘူဖြောင်း #ဘူဖျောင်း #ရွှေမြန်မာ #ဆာဂျရီ #ခွဲစိတ် #ပလတ်စတစ် #အလှအပဆေးခန်း #အလှအပ #အလှအပရေးရာ #မေးရိုး #ပါးရိုး #မေးစေ့ #ဆရာဝန် #နှာခေါင်း #နှုတ်ခမ်း #အရေပြား #ရင်သား #အဆီစုပ် #ဆံပင်စိုက် #မျက်ရစ် #မျက်ခုံး #မျက်လုံး

04/09/2026

🌕🐇ချူးဆော့ပွဲတော်ပိတ်ရက်မှာ အလုပ်နားတုန်း မိမိရဲ့ ရုပ်ရည်ကို တစ်ဆစ်ချိုး ပြောင်းလဲချင်ကြတဲ့~

🇰🇷🇲🇲တောင်ကိုရီးယားရောက် ရွှေမြန်မာတို့အတွက် -

2026 ခုနှစ် စက်တင်ဘာနဲ့ အောက်တိုဘာလ နှစ်လအတွင်း အထူး လျှော့ချထားတဲ့ Facial Contouring Surgery ပရိုမိုးရှင်း စျေးနှုန်းများနဲ့ မိတ်ဆက်ပေးပါရစေ~! 🎉

🧑🏻‍🦲Facial Contouring Surgery ဆိုတာကတော့ မေးရိုးချိုးခြင်း သို့မဟုတ် မေးရိုးခွဲစိတ်ခြင်းလို့ အများသိကြတဲ့ Plastic Surgery ခွဲစိတ်မှုတစ်ခု ဖြစ်ပါတယ်~!

👨🏻‍⚕️မေးရိုးခွဲတယ်လို့သာ အလွယ်ခေါ်ကြပေမယ့် တကယ်တော့ မေးရိုး တစ်ခုထဲ ခွဲစိတ်တာမဟုတ်ပဲ မေးရိုး၊ ပါးရိုးနဲ့ မေးစေ့အထိ မျက်နှာရဲ့ Countour လို့ခေါ်တဲ့ ကောက်ကြောင်း မလှတာကို သက်ဆိုင်ရာ အရိုးကို ဖြတ် ညှိ တိပြီး ခွဲစိတ်ပြုပြင်တာ ဖြစ်ပါတယ်။

💀မိမိရဲ့ မျက်နှာ ကောက်ကြောင်း အနေအထားပေါ် မူတည်ပြီး မေးရိုးပဲ ပါးရိုးပဲ စသည်ဖြင့် တစ်နေရာပဲ ခွဲစိတ်ရတဲ့ သူတွေရှိသလို မေးရိုးနဲ့ ပါးရိုး အပေါင်း၊ မေးရိုးနဲ့ မေးစေ့ အပေါင်း၊ စသဖြင့် နှစ်မျိုးကနေ သုံးမျိုးလုံးအထိ ပေါင်းစပ်ပြီး ခွဲစိတ်ရတာမျိုးလည်း ရှိတတ်ပါတယ်။

9လပိုင်း ပရိုမိုးရှင်း အနေနဲ့ -

1. 광대축소 (ပါးရိုးသေးအောင် ခွဲစိတ်မှု)
2. 사각턱축소 (မေးရိုးသေးအောင် ခွဲစိတ်မှု)
3. 턱끝축소 (မေ့စေးသေးအောင် ခွဲစိတ်မှု)

စတဲ့ အခြေခံ Contouring Surgery သုံးမျိုးရဲ့ မူရင်းစျေးနှုန်းကတော့

👍🏼“တစ်မျိုးကို ₩5,600,000” စီ ကျပေမယ့်
9လပိုင်းအတွင်းမှာ ခွဲစိတ်မှု ခံယူမယ်ဆိုရင်တော့ -
“တစ်မျိုးကို ₩3,900,000” ပဲ ကျသင့်မှာ ဖြစ်ပါတယ်~!! 🥳

ဒါ့အပြင် မိမိရဲ့ မျက်နှာ ပုံသဏ္ဍာန် လိုအပ်ချက်အပေါ် မူတည်ပြီး

ဒီ ခွဲစိတ်မှု သုံးမျိုးထဲကနေ နှစ်မျိုးအထိ ပေါင်းပြီး ခွဲစိတ်မှုခံယူမယ့် လူနာတွေအတွက် -

👍🏼မူရင်းစျေးနှုန်း “₩11,200,000” အစား
₩6,900,000 ပဲ ကျသင့်မှာ ဖြစ်ပါတယ်~!! 🥳

သုံးမျိုးလုံး တစ်ပြိုင်ထဲ ခွဲစိတ်မှုခံယူမယ့် လူနာတွေအတွက်ကတော့ -

👍🏼မူရင်းစျေးနှုန်း “₩15,400,000” အစား
₩9,900,000 ပဲ ကျသင့်မှာ ဖြစ်ပါတယ်~!! 🥳

ပြီးရင် လူနာရဲ့ အရိုးနဲ့ ကြွက်သား အနေအထားပေါ် မူတည်ပြီး လိုအပ်ရင် လိုအပ်သလို pin အစရှိတဲ့ ကိရိယာတွေ အပို ပစ္စည်းတွေ သုံးပြီး ခွဲစိတ်မှုနဲ့ အပို ခွဲစိတ်မှုတွေမှာလည်း သက်ဆိုင်ရာ ပစ္စည်းဖိုးနဲ့ ခွံစိတ်မှု နည်းလမ်းအပေါ် မူတည်ပြီး 30% လောက်အထိ လျှော့ပေးနေပါသေးတယ်ဗျား! 🥳

ဥပမာ -
👍🏼간곡선 절제 မေးရိုးကောက်ဖြတ်ခြင်း (+၁၄သိန်း)
👍🏼피질골 절제 အရိုးပါးဖြတ်ခြင်း (+၇သိန်း)
👍🏼교군축소 ကြွက်သားဖြတ်ခြင်း (+၇သိန်း)
👍🏼심보볼 제거 ပါးအဆီထုတ်ခြင်း (+၇သိန်း)
👍🏼쉐이빙 အရိုးရေပေါ်ထိုးခြင်း (တစ်နေရာလျှင် +၇သိန်း)

ဒါ့အပြင် တချို့သော မိတ်ဆွေတွေမှာ မေးရိုးနဲ့အတူတူတွဲပြီး ခွဲစိတ်ကြတဲ့နေရာတွေကိုလည်း အခုလို တစ်ခါထဲ လျှော့စျေးချထားသေးပါသေးတယ် 💕

👍🏼눈썹뼈 축소 နှဖူးရိုးမောက်နေတာကို ဖြတ်ညှိခြင်း -
မူရင်းစျေးနှုန်း “4,900,000” အစား ₩2,500,000

👍🏼이마축소+거상 နှဖူးအကျယ်ချုံ့ခြင်း + နှဖူးအရေပြား ပင့်တင်ခြင်း(lifting surgery) -
မူရင်းစျေးနှုန်း “10,500,000” အစား ₩7,900,000

👍🏼중안면거상မျက်နှာအလည်ပိုင်း ပင့်တင်ခြင်း (lifting surgery) -
မူရင်းစျေးနှုန်း “4,200,000” အစား ₩3,500,000

🥳

ကဲ~ ဒီလောက်တန်တဲ့ လျှော့စျေးနှုန်းတွေ ချထားတုန်း ချူးဆော့ ပိတ်ရက်လေးမှာ ခွဲစိတ်ပြီး အနားယူဖို့ စိတ်ကူးနေပြီဆိုရင်တော့ ~

မက်ဆင်ဂျာကနေ လာဟိုင်းတာပဲဖြစ်ဖြစ်

မြန်မာတာဝန်ခံ ဖုန်း 010-2844-2583 ကို ဖုန်းဆက်တာပဲဖြစ်ဖြစ်

လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျား~!

💡ဒီလထဲမှာပဲခွဲခွဲ နောက်လ ပိတ်ရက်တွေမှာပဲ ခွဲခွဲ အရိုးကို ခွဲတဲ့ ခွဲစိတ်မှုအကြီးစားဖြစ်တာမို့ အရင်ဆုံး တစ်ရက် ဆေးခန်းလာပြပြီး အရိုး CT ဓာတ်မှန် စတာတွေ ရိုက်ပြီး ဆရာဝန်နဲ့ အသေးစိတ် ဆွေးနွေးပြီးမှ ခွဲစိတ်ဖို့ ဆုံးဖြတ်တာတော့အကောင်းဆုံးပေါ့ဗျား~!

⚠️ဆွေးနွေးခ လုံးဝ အခမဲ့၊ စကားပြန်ခ လုံးဝ အခမဲ့ ဖြစ်ပါတယ်ဗျာ~

#ဂန်းနမ်း #အလှအပဆေးခန်း #ဆိုးလ် #စကားပြန် #ဆေးခန်း #မြန်မာ #ကိုရီးယား #ဟန်းဂု #ဘူဖြောင်း #ဘူဖျောင်း #ရွှေမြန်မာ #ဆာဂျရီ #ခွဲစိတ် #ပလတ်စတစ် #အလှအပဆေးခန်း #အလှအပ #အလှအပရေးရာ #မေးရိုး #ပါးရိုး #မေးစေ့ #ဆရာဝန်

👓 မျက်စိလေဆာပစ်ခံရင် ရိုးရိုးမခံဘူး💧တာဝန်ခံကို မျက်ရည်ကျအောင်ပါ လုပ်သွားသေးတာ😢 တကယ့် လူနာK-Wellness Gangnam မျက်စိဆေးခန်...
25/08/2026

👓 မျက်စိလေဆာပစ်ခံရင် ရိုးရိုးမခံဘူး

💧တာဝန်ခံကို မျက်ရည်ကျအောင်ပါ လုပ်သွားသေးတာ

😢 တကယ့် လူနာ

K-Wellness Gangnam မျက်စိဆေးခန်း
မြန်မာတာဝန်ခံ
📞 010-2844-2583
📍 ဂန်းနမ်းဘူတာ ထွက်ပေါက် 5 အနီး

#မျက်စိ #ဆေးခန်း #ဂန်းနမ်း #လေဆာ #ပါဝါ #ဆလင်ဒါ #ဆိုးလ် #ကိုရီးယား #မျက်မှန် #မျက်ကပ်မှန် #မြန်မာ #စကားပြန်

24/08/2026

ကိုရီးယားနိုင်ငံမှာ နေထိုင်ကြတဲ့ မျက်မှန်တစ်လက်ပိုင်ရှင် ရွှေ ညီအကို မောင်နှမ တို့ရေ~ 🇰🇷🇲🇲

မကြာမီ အချိန်အတွင်းမှာ ချူးဆော့ပွဲတော်
ပိတ်ရက်ရှည်တွေ ရောက်လာတော့မှာ ဖြစ်ပါတယ်နော်🌕

ဒါနဲ့လေ.. အဲ့ မျက်မှန်ကြီး တပ်ရတာ 👓 မငြီးငွေ့သေးဘူလားဟင်..?

မနက်အိပ်ယာထရင် အိပ်မှုန်စုံမွှားနဲ့ မျက်မှန် လိုက်ရှာရ..
မိုးရွာ နှင်းကျရင် အငွေ့ရိုက်လို့ ဂယက်တွေထရ..
ပါဝါတက်ရင် ပြန်ချိန်ရ.. ကိုင်းလဲရ မှန်လဲရ..
မျက်ရိုးကိုက် ခေါင်းကိုက်လို့ စိတ်ရှုပ်ရနဲ့..
ဒီကြားထဲ ပျောက်တာတို့ ကျိုးတာတို့ ဖြစ်ရင် သွားပြီ..

ဒီလောက် စိတ်ရှုပ်စရာကောင်းတဲ့ မျက်မှန်ကို နွေရာသီ ပိတ်ရက်ထဲမှာ အမှိုက်ပုံးတဲ့ လွှင့်ပစ်လို့ ရနိုင်မယ့် အခွင့်အရေးတစ်ခု ကျွန်တော် မိတ်ဆက်ပေးမယ် 🤫

📍ဆိုးလ်မြို့တော် ဂန်းနမ်းဘူတာ ထွက်ပေါက် နံပါတ် ၅ အရှေ့တည့်တည့်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ K-Wellness Gangnam မျက်စိဆေးခန်းမှာလေ..
ချူးဆော့ ပိတ်ရက်ရှည်ရှိတဲ့ ၉လပိုင်း တစ်လျှောက်လုံး ရွှေမြန်မာတို့အတွက် မျက်စိလေဆာပစ် အထူး လျှော့စျေး ပရိုမိုးရှင်းတွေ အများကြီး စီစဉ်ထားတယ်ဗျ~❗️

👏🏻ပထမဆုံးအနေနဲ့ ချူးဆော့ အထူးလျှော့စျေး အနေနဲ့ မျက်စိလေဆာပစ် စျေးနှုန်း အားလုံးကို မူရင်းစျေးနှုန်းတွေထက် 40% အထိ လျှော့ချထားတဲ့အပြင်ကိုမှ

🤩 မျက်စိစစ်ဆေးပြီး လေဆာတန်းပစ်သွားမယ်ဆိုရင် စုစုပေါင်း ကုန်ကျစရိတ်ထဲကနေ တစ်သိန်း ချက်ချင်း လျှော့ပေးသွားမှာ ဖြစ်ပြီး

⚠️ကိုရီးယားမှာ ကျောင်းတက်နေတဲ့ ကျောင်းသားဖြစ်တာနဲ့ ဝမ်တစ်သိန်း ထပ် လျှော့ပေးသွားဦးမှာလို့!⚠️

နောက်ပြီးရင် -

🤩 Google နဲ့ Facebook မှာ စာနဲ့ Review ရေးပေးမယ်ဆို ဝမ်ငါးသောင်း လျှော့စျေး

🤩 Review Video ရိုက်ပေးမယ်ဆို ဝမ်တစ်သိန်း လျှော့စျေး

ဒီ နှစ်ခုထဲက တစ်ခုကို ရွေးပြီး နောက်ထပ် လျှော့စျေး ထပ်ယူလို့ ရသေးတာနော်!!

ဒါတင်မကသေး.. 😮

🇰🇷ဆိုးလ်မြို့တော်၊ ဂယောင်းဂီခရိုင်၊ အင်ချွန်းမြို့စတဲ့ 수도권 ဒေသတွေကလွဲရင် ကျန်တဲ့ နယ် ဒေသတွေဖြစ်တဲ့ ဂန်ဝန်ဒို၊ ချွန်းချောင်း တောင်နဲ့ မြောက် ဒို၊ ဂယောင်းဆန်း တောင်နဲ့ မြောက် ဒို၊ ဂျောလား တောင်နဲ့ မြောက် ဒိုတွေမှာ နေထိုင်တဲ့ သူတွေဆိုရင် ဆိုးလ် ဂန်းနမ်းမှာ တည်ရှိနေတဲ့ ကျွန်တော်တို့ ဆေးခန်းအထိ လာရောက် လေဆာပစ်ရမှာဖြစ်လို့ ခရီးစရိတ် ထောက်ပံ့ပေးတဲ့အနေနဲ့ အသွားအပြန် မိမိစီးလာရမယ့် ကား၊ ရထား လက်မှတ်လေး ပြပေးရုံနဲ့ အများဆုံး ဝမ်တစ်သိန်းအထိ မျက်စိလေဆာပစ် ကုန်ကျစရိတ် စုစုပေါင်းထဲကနေ ထပ်ပြီးလျှော့ပေးသွားမှာပါ WOW!! 😱

ဒါဆိုရင် နေ့ချင်းပြီး လေဆာပစ်လို့ လျှော့ပေးတဲ့ ၁သိန်းနဲ့ဆိုရင် အများဆုံး ၄သိန်းထိတောင် လျှော့စျေးရနိုင်တဲ့ အထူးအခွင့်အရေးကြီးပါရော ! 😮

ဒီလောက်တောင် လျှော့စျေး ပရိုမိုးရှင်းတွေ တစ်သီကြီး ပေးနေတဲ့ ချူးဆော့ ပိတ်ရက်ထဲမှာမှ လေဆာမပစ်ရင် မိတ်ဆွေတို့ ဘယ်အချိန်လေဆာပစ်မလဲဗျာ~💁🏻‍♂️

ကဲ.. ဒါဆိုရင်တော့ ဒီချူးဆော့မှာ အမြန်ဆုံး မျက်စိလေဆာ ပစ်ဖို့ ဘိုကင်တွေ မပြည့်ခင် အမြန်ဆုံး ဆက်သွယ်စုံစမ်းဖို့ တိုက်တွန်းလိုက်ပါရစေဗျ~!

📞အသေးစိတ်သိရှိလိုပါက ပေ့ချ် မက်ဆင်ဂျာ သို့မဟုတ် မြန်မာတာဝန်ခံ ဖုန်း 010-2844-2583 ကို ဆက်သွယ်စုံစမ်းပေးဖို့ ဖိတ်ခေါ်ပါရစေခင်ဗျား~

ချူးဆော့မှာ မျက်မှန် ချွတ်ကြစို့.. နော်~ 🤓

#မျက်စိ #ဆေးခန်း #ဂန်းနမ်း #လေဆာ #ပါဝါ #ဆလင်ဒါ #ဆိုးလ် #ကိုရီးယား #မျက်မှန် #မျက်ကပ်မှန် #မြန်မာ #စကားပြန်

24/08/2026

“HOW YOU TREAT YOUR SKIN?” 🧏🏻‍♀️

အလှအပဆေးခန်းမှာ အရေပြားပြဿနာတွေကို ဘယ်လိုကုမလဲ? 🧏🏻‍♂️

ဗီဒီယိုထဲမှာ လေ့လာကြည့်နော်!

⚠️ Disclaimer : အရေပြား အလှအပဆိုင်ရာ ဘာရောဂါလာရင် ဘာနည်းလမ်းနဲ့ကု ဆိုတဲ့ ပုံသေနည်းတွေ ရှိပေမယ့် လူ့အရေပြားဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်တဲ့ အတွက်ကြောင့် အရေပြားအလှအပဆရာဝန်နဲ့ အရင်ဆုံး ပြသဆွေးနွေး တိုင်ပင်ပြီးမှ သေချာ ဆုံးဖြတ်ပြီး ကုသမှု ခံယူသင့်ပါတယ်!

💁🏻‍♂️ကျွန်တော် ကျွန်မတို့ရဲ့ K-Wellness Gangnam အလှအပဆေးခန်းကတော့ စနေ/တနင်္ဂနွေ အပါအဝင်
ပိတ်ရက် လုံးဝ မရှိ! တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားတဲ့
ကိုရီးယားနိုင်ငံရဲ့ အလှအပ ဆိုင်ရာ ဘူမိနက်သန်
ဂန်းနမ်းဒေသရဲ့ အထင်ကရ အလှအပကုသမှု ဌာနကြီးပဲ ဖြစ်ပါတယ်!

ကျွန်တော်တို့ဆေးခန်းဟာဆိုရင် အရေပြားအလှအပ aesthetic ဆေးခန်းနဲ့ plastic surgery အလှအပခွဲစိတ်ဆေးခန်းကိုပါ တွဲဖက် ဖွင့်လှစ်ထားတာမို့ တစ်နေရာထဲ တစ်ထိုင်ထဲမှာတင် မိမိရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာ အလှအပဆိုင်ရာ လိုအပ်ချက်တွေကို အသေးစိတ် ဆွေးနွေးတိုင်ပင်ပြီး အပြီးအစီး ပြုပြင်ကုသမှု ခံယူနိုင်တဲ့ အားသာချက်ရှိတာ ဖြစ်ပါတယ်! 💪🏻

👩🏻‍⚕️အမျိုးသမီးဆရာဝန်နဲ့ အမျိုးသမီးစကားပြန်လဲ အဆင်သင့်ရှိနေတာမို့ ရှက်စရာ ကြောက်စရာ မလိုပဲ ရင်သားပင့်တင်မှု lifting စတဲ့ အမျိုးသမီးနဲ့ဆိုင်တဲ့ အလှအပဆိုင်ရာ ကုသမှုတွေကိုလည်း လွတ်လပ်စွာ ဆွေးနွေးမှု ခံယူနိုင်ပါပြီနော်!

✌🏻ဆွေးနွေးမှုအားလုံး “အခမဲ့” ဖြစ်ပြီး

✌🏻စကားပြန်ခ ဆွေးနွေးခ လုံးဝ (လုံးဝ) ပေးရန်မလိုပါ !

အသေးစိတ် ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင်တော့ -

K-Wellness Gangnam အလှအပဆေးခန်း ဝန်ဆောင်မှု
မြန်မာတာဝန်ခံ
📞 010-2844-2583
📍 ဂန်းနမ်းဘူတာ ထွက်ပေါက် ၁၀ အနီး
📍ရှင်းနုံဟျောင်းဘူတာ ထွက်ပေါက် ၃ အနီး

မက်ဆင်ဂျာ သို့မဟုတ် ဖုန်းကနေ ဆက်သွယ်လိုက်ပါနော်~ 🤙🏻

#ဂန်းနမ်း #ဟန်းဂု #အထူးကုဆေးခန်း #ကိုရီးယား #ကိုရီးယားရောက်မြန်မာ #ဆိုးလ် #အလှကုန် #အလှအပ #အလှအပရေးရာ #အလှအပလျှို့ဝှက်ချက် #အရေပြား #ဆေးခန်း #အလှအပဆေးခန်း #စကားပြန် #တာဝန်ခံ #မြန်မာ #ဝက်ခြံ #တင်းတိပ် #တင်းရင်း #မျက်နှာ

24/08/2026

ကျနော်တို့တွေ ဆေးခန်းမှာ ခွဲစိတ်ကုသမှု လာရောက်ခံယူကြတဲ့အခါ ဘာကြောင့် ခွဲစိတ်ခန်းမဝင်ခင် လက်စွပ် နားကပ် ဆွဲကြိုး နာရီ စတာတွေကို ချွတ်ခိုင်းတာလဲ? 🤔

ခွဲစိတ်ခန်းအကူ ဆရာမက သတ္ထုပစ္စည်းတွေ အကုန် ချွတ်ပေးပါလို့ ဘာလို့ ပြောတာလဲ? 🤔

ဗဟုသုတ ရဖွယ်ရာ အကြောင်းအရာလေးနဲ့ တင်ဆက်ပေးထားပါတယ်~🤓

ဝင်ရောက် ကြည့်ရှုပေးပါဦး 🫶🏻

K-Wellness Myanmar
မြန်မာစကားပြန်
010-2844-2583

24/08/2026

“ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှုခံယူပြီးရင် လူတိုင်း အညှော်ရှောင်စရာ မလိုပါ”

• အရပ်ထဲမှာ ပြောကြတဲ့အတိုင်း ခွဲစိတ်ထားပြီဆို မဖြစ်မနေ အညှော်ရှောင်ဖို့ လိုသလား?
• ကိုရီးယားက ပလတ်စတစ်ဆာဂျင် ခွဲစိတ်ဆရာဝန်တွေက ဘာကြောင့် အညှော်ရှောင်ဖို့ကို မမှာကြတာလဲ
• ခွဲစိတ်ထားပြီးရင် အညှော်ရှောင်တာထက် အရေးကြီးတာက ဘာလဲ

ဗီဒီယိုလေးထဲမှာ အဖြေရှာပါနော် 🎞️

K-Wellness Gangnam Myanmar
မြန်မာစကားပြန်
010-2844-2583

Address


Opening Hours

Monday 09:30 - 13:00
14:00 - 18:30
Tuesday 09:30 - 13:00
14:00 - 18:30
Thursday 09:30 - 13:00
14:00 - 18:30
Friday 09:30 - 13:00
14:00 - 18:30
Saturday 09:30 - 13:00
14:00 - 18:30

Alerts

Be the first to know and let us send you an email when K-Wellness Gangnam ဆေးရုံ ကျန်းမာရေး ဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your practice to be the top-listed clinic?

Share