Ria Lily’s Pages

Ria Lily’s Pages Hi! I’m Ria Lily. I personally love to share life experience & ways of thinking to get a peaceful life.

As I was a mentally sensitive kid back then and suffered a lot, I know how much it is deep & so wanna share my journey overcoming that.

ဘဝမှာ ဘယ်လို ဘဝမျိုးနဲ့ နေထိုင်ချင်တာလဲဆိုတာကအခြေအနေအမျိုးမျိုးအပေါ်မှာ မူတည်ပြီး ပြောင်းလဲတတ်တယ် ထင်တယ်။ အရင်ကတော့ ပျော...
30/07/2026

ဘဝမှာ ဘယ်လို ဘဝမျိုးနဲ့ နေထိုင်ချင်တာလဲဆိုတာက
အခြေအနေအမျိုးမျိုးအပေါ်မှာ မူတည်ပြီး ပြောင်းလဲတတ်တယ် ထင်တယ်။

အရင်ကတော့ ပျော်ချင်တာ၊
မပျော်ရလို့လားဆိုရင် အတွေးတွေ သိပ်များလွန်းတာ၊ ခံစားလွယ်တတ်တာတွေကြောင့်
အမြဲပျော်နေရတဲ့ ရှင်သန်မှုမျိုးနဲ့ နေထိုင်ချင်တာ။

အမြဲပျော်နေရတယ်ဆိုတာ မရှိနိုင်ဘူးဆိုတာကို
ဘဝမှာ နေထိုင်ရင်းနဲ့ လက်ခံလာရတော့
ဒီအတိုင်း တစ်ရက် တစ်ရက် စိတ်ချမ်းသာစရာလေး
တွေးပြီး တစ်ကိုယ်ရည်ပျော်ရွှင်မှုလေးနဲ့ နေထိုင်တာက
ဘဝဖြစ်လာတယ်။

အခုအချိန်မှာ နေချင်မိတဲ့ ဘဝ နေထိုင်မှုက တစ်ခုပဲ။
အကောင်းတွေကို ရွေးချယ်ကြည့်တတ်တဲ့အကြည့်ရယ်၊ ခံစားတတ်တဲ့ နှလုံးသားရယ်နဲ့ ရှင်သန်ချင်တယ်။

သဘာဝရဲ့ အလှကို နေ့တိုင်း ခံစားချင်တယ်။
လူတွေဆီက မေတ္တာရယ်၊ အပြုအမူကောင်းတွေရယ်ကို အသိအမှတ်ပြုနိုင်တဲ့ နှလုံးသား ရှိချင်တယ်။

ကမ္ဘာကြီးက စက်ဆုပ်စရာ၊
ဘဝက ကြမ်းတမ်းလိုက်တာလို့ ညည်းတွားလာကြတဲ့
ခေတ်ရဲ့ မျိုးဆက်လေးတွေနဲ့အတူ
လူတွေရဲ့ ကြင်နာမှုတွေ၊ ကမ္ဘာကြီးရဲ့ လှပမှုတွေ
အကြောင်း ထိုင်ပြောပြီး ကြီးပြင်းချင်မိတယ်။

ကြည့်တတ်ရင် မြင်ရတယ်ဆိုတာကို သိလာတော့
အတတ်နိုင်ဆုံး ကြိုးစားကြည့်တတ်ဖို့ လေ့ကျင့်ယူရမယ်ပဲ တွေးမိတယ်။
ကိုယ်မြင်သမျှဟာ လှနေတာပဲဆိုတဲ့ စိတ်နဲ့
ရှင်သန်နိုင်တာက ဘဝရဲ့ အိပ်မက် နေထိုင်မှုပုံစံ ဖြစ်လာနေတယ်။





We feel like so confused sometimes, questioning “why do we have to suffer again and again in life?”.Recently, suddenly t...
25/07/2026

We feel like so confused sometimes,
questioning “why do we have to suffer again and again in life?”.
Recently, suddenly this thought came into my mind. That’s a part of life, a part of “we are living”.
In back says, I always said to people that good things will come after bad things we suffered like the breeze comes after the storm.
But you know what? As I grow older, I realized it’s a cycle of repeating both good and bad things.
So the mysterious question is here_ if so, why do we live in this planet?
My answer was “that’s the life and so accept it”
Even though you’re tired of suffering, you are sick of the breeze and the storms of life, you just have to live. Time goes by, make sure having a good heart. Be grateful for being you, your life, your strength, your weakness, your struggles and your wins.

And then I found myself in me,my surroundings and my values. Adding values to people will make you feel alive. Having a kind heart will save you.
Survival skill will grow you into a smarter and greater adult. Here’s my words for you.
Believe in yourself, no matter. And
Don’t give up on life, keep going.
One day, we will find out the answer we’ve ever asked, You are not alone, dear. I’m here with you.






သင်ယူခြင်းက ဝါသနာဆိုရင် မျှဝေခြင်းကျတော့ စေတနာပေါ့။ ကိုယ့်ကို တားရော့ဟောပေးဖူးတဲ့ အစ်မတစ်ယောက်က ပြောဖူးတာရှိတယ်။ ညီမလေးက...
23/07/2026

သင်ယူခြင်းက ဝါသနာဆိုရင် မျှဝေခြင်းကျတော့ စေတနာပေါ့။

ကိုယ့်ကို တားရော့ဟောပေးဖူးတဲ့ အစ်မတစ်ယောက်က ပြောဖူးတာရှိတယ်။ ညီမလေးက spiritual teacher တဲ့ ။ မွေးရာပါ သင်ကြားရေးပါရမီပေါ့။(စနောက်သံနဲ့ဖတ်ပါရန်)

ဆရာမ မလုပ်ချင်ဘူးရယ်လို့ ပြောလို့ အမတွေဆီက နင် သိထားတာတွေ မမျှဝေချင်တာတော့ တစ်ကိုယ်ကောင်းဆန်တာပေါ့လို့ အဆူခံရဖူးတယ်။ (သူတို့က နှမြောတာ)

တကယ်က ကိုယ်က မသင်ပေးချင်တာမဟုတ်ဘူး။
ဆရာ၊ဆရာမကောင်းတွေ အများကြီးတွေ့ဖူးတော့ ကိုယ့်ပုံစံနဲ့သူတို့လို မဖြစ်နိုင်တာကို သိလို့ပဲ။
ကိုယ့်အကျင့်က လုပ်ချင်တာ လုပ်ရမှ၊ ငြိမ်ငြိမ်လေးလည်း မနေနိုင်ဘူး၊ စည်းထဲ ဘောင်ထဲထားရင် လူက မရဘူး။ ကချင် ထကနေတတ်ပြီး ဝတ်ချင်တဲ့ပုံစံရှိရင် အဆင်ပြေသလို ဝတ်တတ်တာ။

ကိုယ်ကျင့်တရားပိုင်း စောင့်ထိန်းနိုင်ပေမဲ့ စည်းတစ်ခုထဲမှာ မနေတတ်ဘူး၊ ပြီးရင် အမှားလုပ်ရင် လွယ်လွယ် မေတ္တာစိတ်နဲ့ ခွင့်လွှတ်ပေးဖို့ ခက်သလို၊ အရမ်းလည်း စိတ်မရှည်နေဘူး။
ဒါပေမဲ့ တစ်ခုတော့ ရှိတာက၊ အပြည့်အဝ တာဝန်ကျေရမယ်ဆိုတဲ့ စိတ်ရှိတာ။

၁၀၀% မပေးနိုင်ရင် ဘာမှမပေးချင်တာပေါ့။
သင်တာဆိုတာထက် မျှဝေတယ်ပဲ ပြောရမယ်။ သိထားသမျှ ချက်ချင်း ပြန်မျှဝေတာကျ ကိုယ့်ကျွမ်းကျင်ရာပဲ။

ဆရာမသာ မလုပ်ချင်ဘူးပြောတာ၊ သူများကို စာပြန်သင်ပေးတာ (၂)တန်းနှစ် (၆)နှစ်သားကတည်းကပဲ။ ဘယ်သူ့သင်ပေးတာလဲဆိုရင်
စာနားမလည်လို့ပါလို့ လာဂျီကျကျတဲ့ (၅)နှစ်သား ညီမလေးတွေပေါ့လေ။ တစ်တန်းတက်ရင် အဲ့တစ်တန်းစာကို ပြန်ပို့ချတာ။ အိမ်မှာ ကျောက်သက်ပုန်းနဲ့၊ မြေဖြူနဲ့။

မှတ်မှတ်ရရ ၊ ပထမဆုံး ကိုယ့်ကျောင်းသားတွေပေါ့။ သူတို့ကတော့ မှတ်မိမယ် မထင်တော့။ ဒါနဲ့သိလား ကလေးတွေက တော်ကြတာရော၊ တခြား သင်ယူတာရောဆိုတော့ သူတို့အတန်းမှာ ပထမနဲ့ဒုတိယရယ်။ ကိုယ့်မှာ ဂုဏ်ယူလို့ ဆုံးခဲ့တာမဟုတ်ဘူး။

နောက်တော့လည်း ဘဝတစ်လျှောက်လုံး စာပဲ ပြန်သင်ပေးနေခဲ့တာပဲ။ သင်တန်းခဏသွားတက်တော့၊ သင်တန်းမှာပဲ ဆရာမ ပြန်လုပ်ရတယ်။ တစ်ခုသင်ပြီးရင် အဲ့တစ်ခုကို ပြန်တော့မျှဝေနိုင်တယ်။ စေတနာလို့လည်း ပြောရမယ်။ ကိုယ်သိသလို လွယ်ကူပါစေဆိုတာပဲ အဓိကထားတတ်တယ်။ စာသင်ရင် တကယ် စာပဲသင်တတ်တဲ့ သူဟာ ကျွန်မပဲ။ ကျန်တဲ့ communication က လုံးဝမရဘူး။ cv form တစ်ခုလုပ်ရင်းနဲ့ အရင် အလုပ်တွေအကြောင်း တစ်ခုချင်းစီတွေးမိလို့လေ။

ခေတ်ကပြောင်းလာတော့ အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ကွဲလာတယ်။ ကောင်းတယ်ပဲ ပြောရမယ်။ ဒီလိုဆိုရင် ကျွန်မ ဆရာမ ဖြစ်နိုင်သေးတယ်လေ။ စေတနာထားတာရယ်၊ ကိုယ်ကျင့်တရားရယ်၊ စာသင်တာရယ်ကို ကြိုးစားလို့ ရပေမဲ့ လွတ်လပ်ချင်တဲ့ အနေအထိုင်ကျတော့ ကျွန်မ ထိန်းချုပ်မခံနိုင်ဘူး။ ခုတော့ စာသင်ခဏနားထားပါတယ်ပေါ့။




“နင်က ပင်ပန်းမှာပေါ့……ငြိမ်ငြိမ်မှ မနေတာ” တဲ့။ တကယ်လည်း ဘာတွေ လုပ်မှန်းမသိပါဘူး၊ ဒါပေမဲ့ သေချာတာတစ်ခုက အသက်ရှင်နေချင်မိတ...
22/07/2026

“နင်က ပင်ပန်းမှာပေါ့……ငြိမ်ငြိမ်မှ မနေတာ” တဲ့။

တကယ်လည်း ဘာတွေ လုပ်မှန်းမသိပါဘူး၊
ဒါပေမဲ့ သေချာတာတစ်ခုက အသက်ရှင်နေချင်မိတာပဲ။

အသည်းတစ်ခါ ပြင်းပြင်းထန်ထန်ကွဲဖူးတော့မှ
ကိုယ်ဟာ ဘာကြောင့် ရှင်သန်နေခဲ့လဲဆိုတာ သိခွင့်ရခဲ့တာ။
အချိန်တွေက ကုစားပေးသွားမှာပါဆိုတာ အမှန်ပဲ။

ငါ ဘာကြောင့် အသက်ရှင်နေရတာလဲဆိုတာ မသိတော့တဲ့အချိန်တုန်းက အမှောင်ထဲမှာ တစ်ယောက်တည်း အသက်ရှူမဝ ဖြတ်သန်းခဲ့ရဖူးတယ်။
အသည်းကွဲတယ်ဆိုတာ ဒါပါလားလို့ အဲ့တုန်းက သိခဲ့တာ။ ညညတွေ လန့်လန့်နိုးတယ်။

လုပ်တတ်တာ စာလေးပဲ ရှိခဲ့တာကို စာတွေ မသင်ရတော့ဘူးဆိုတော့ ဘဝထဲမှာ ဘာမှ
မရှိတော့သလိုပါပဲ။ အဲ့ဒီအချိန်မှာ သိလိုက်ရတာက လေ့လာနေရတာက ကိုယ့်ပို ရင်ခုန်စေတယ်ဆိုတာပါပဲ။

အသက်ရှင်နေပါလားဆိုတဲ့ ခံစားချက်ပေါ့။

တကယ်က စာမှမဟုတ်ဘဲ ဘာပဲဖြစ်ဖြစ် လေ့လာနေချင်တာ၊ မလုပ်တာ မရှိသလောက်ပဲ။
ဟိုစပ်စပ် ဒီစပ်စပ်။
တကယ်တော့ ဒါဟာ ကိုယ် အသက်ခိုးရှူနေမိတာပါ။

အရမ်း ကြိုးစားလားဆို မဟုတ်ဘူး။
ဒါပေမဲ့ တစ်ခုခုက ဦးနှောက်ထဲ ရောက်လာရင်
ရှင်သန်လှုပ်ရှားနေမိတာ။
ရင်တွေ ခုန်နေမိတာ။
စိတ်ကူးတွေ ယဉ်နေမိတာ။

လူတွေက ရင်ခုန်စရာ တစ်ခုခု ရှိမှ အသက်ရှင်နေနိုင်လိမ့်မယ် ထင်တယ်။

ကိုယ်လည်း အဲ့လိုပဲ။
လေ့လာနေရတာက ရင်ခုန်စရာ။

အသည်းတစ်ခါကွဲဖူးတော့ ချိန်ချိန်ဆဆဆိုပေမဲ့
တကယ်က အချိန်က ကုစားပေးသွားတဲ့အခါ နောက်တသ်ခါ ကြုံခဲ့ရင် ယူကြုံးမရ ဖြစ်တော့မှာ မဟုတ်ဘူး။
သေချာတာက နောက်တစ်ကြိမ် ဆောက်တည်ရာ မရ
ဖြစ်တော့မှာ မဟုတ်ဘူး။

ပြီးရင် အရင်လို စာလေးတစ်ခုပဲ ဘဝတစ်ခု တည်ဆောက်နေတဲ့သူ မဟုတ်ပြန်တော့ဘူး။

ကောင်းတာတွေပဲ ရွေးကြည့်တတ်လို့လားမသိဘူး၊
တစ်ယောက်တည်း လန့်ပြီး တစ်ရေးနိုးခဲ့တဲ့ ညတွေကနေ
ဒီလို နေနနိုင်တာလည်း ကံကောင်းမှုတစ်ခုလို့ မြင်သလို၊

အသည်းတစ်ခါကွဲပြီး တစ်ဘဝလုံးစာ နေတတ်သွားတာကလည်း
ကံကောင်းတာပါပဲ။

လူတွေက ချစ်ရတဲ့အရာတွေနဲ့ ဝေးရတဲ့အခါ အသည်းကွဲရတာပဲ။ ချစ်ရင် ချစ်သလောက် ခံစားရ ပြင်းထန်တယ်။ ဒါပေမဲ့ လက်လွှတ်တတ်တဲ့အခါ နေသာသွားတယ်။ မတွယ်တာတဲ့အခါ ငြိမ်းချမ်းမှုပဲ ကျန်တယ်။ ငါ ဘာလို့ လုပ်နေမိတာလဲ၊ ငါသာ ပိုကောင်းတဲ့ ရွေးချယ်မှု လုပ်ခဲ့ရင်ဆိုပြီး နောင်တလေး
ဝင်လာမိတာ ရှိတယ်။

အဲ့ဒီအခါ နှလုံးသားက ပြောတယ်။
နင် အသက်ရှူဖို့ ရွေးချယ်ခဲ့တာလေတဲ့။ အဲ့တစ်ဖက်က အများကြီး ပိုကောင်းနေခဲ့ရင်တောင် နင် ရှင်သန်နေသလို ခံစားရမှာ မဟုတ်ဘူး၊ ပိတ်မိနေဦးမှာတဲ့။
နင့်အတွက် ရှင်သန်လှုပ်ရှားနေတဲ့ ခံစားချက်က ရင်ခုန်စေတာမလား။ ဒါကြောင့် နင့် နင့်နှလုံးသားနောက်ကို လိုက်ခဲ့တာတဲ့။

နောက်တစ်ခါ နင် အသည်းကွဲရင်ရော်လို့ ကိုယ်ပြန်မေးတော့ နင်ဟာ ဆယ်ကျော်သက်လေးမှ မဟုတ်တော့တာ။ အသည်းကွဲရင် ကွဲတဲ့နေ့ပဲ နင် စွန့်လွှတ်နိုင်သွားမှာပေါ့တဲ့။ ထပ်ခါထပ်ခါ ရွေးချယ်မိဦးမှာ သေချာသလို တစ်ခုတည်းကပဲ စိတ်လှုပ်ရှားစေတာ မဟုတ်နေပြန်ဘူး။ ဒါပါပဲ၊
ပင်ပင်ပန်းပန်း လုပ်နေတယ်ထင်ရပေမဲ့ တကယ်က အပန်းဖြေနေတာပါ။ တိုးတိုးလေး ရင်ခုန်နေမိတယ်ဆိုလည်း အမှန်ပါပဲ။




lifestyle

ဘာလုပ်ရမှန်းမသိတော့တဲ့အခါ ပြဿနာတွေကို ချရေးလိုက်ပါ။ ✍🏼 ခေါင်းထဲမှာ စဉ်းစားနေတာထက် ချရေးလိုက်တာက အဆပေါင်းများစွာ ပြဿနာတွေ...
20/07/2026

ဘာလုပ်ရမှန်းမသိတော့တဲ့အခါ ပြဿနာတွေကို
ချရေးလိုက်ပါ။

✍🏼 ခေါင်းထဲမှာ စဉ်းစားနေတာထက် ချရေးလိုက်တာက အဆပေါင်းများစွာ ပြဿနာတွေကို ပြေလည်စေတယ်။
ဘယ်ကနေ ဘယ်လို ဖြေရှင်းရမှန်း မသိနေရင်
အခု ကိုယ့်မှာ ကြုံနေတဲ့ အခက်အခဲ၊ ကိုယ် ကြုံနေရတဲ့ ပြဿနာက ဘာလဲဆိုတာကို ဘောပင်လေးတစ်ချောင်း
ကိုင်ပြီး စာအုပ်ပေါ်မှာ ချရေးကြည့်လိုက်။

အဲ့လိုလုပ်လိုက်ရင် ခေါင်းထဲက များစွာသော ပြဿနာတွေက တကယ့်တကယ် အဲ့လောက်များမနေဘူး။
တိတိကျကျ ထွက်လာတယ်။
ပြီးရင် ဘာတွေ လုပ်သင့်တယ်၊ လုပ်နိုင်တယ်၊ လုပ်ရမယ်ဆိုတာ တဖြည်းဖြည်း အစီအစဉ်ချနိုင်သွားတယ်။

⚡️တစ်လလောက်တွေးနေလည်း ရှုပ်ထွေးနေဆဲ အတွေးတွေက စာနဲ့ ချရေးကြည့်လိုက်တော့ အကုန်
သူ့အကန့်လေးနဲ့သူ ဖြစ်သွားတယ်။ ခေါင်းလဲ ကြည်လာတယ်။ ဒါတောင် စာရေးရမှာ ပျင်းနေတဲ့ အချိန်တွေ ရှိတတ်သေးတယ်။

အတွေးတွေများနေမဲ့အစား ရီယာကတော့ ထရေးကြည့်တယ်။ တကယ် ရှုပ်နေတဲ့အတွေးတွေက ခဏလေးအတွင်း ပြေလည်သွားတတ်တော့ အဲ့ဒါကို သဘေဋကျတယ်။ ပြီးရင် လက်တွေ့ စာလုံး တစ်လုံးချင်းစီ ရေးလိုက်ရတဲ့ ခံစားချက်က စိတ်သက်သာရာလည်း ရစေတယ်။

>> ပြီးရင် မှတ်တမ်းတွေ ကျန်နေတတ်တာကို သဘောအကျဆုံးပဲ။ ရီယာဆို ပြဿနာတွေ၊ အခက်အခဲတွေကို ကျော်လွှားပြီး၊ ဖြေရှင်းပြီးရင် မေ့တတ်တယ်။ ဒါပေမဲ့ ရေးထားတာ ရှိတဲ့အခါ ကိုယ့်အတွက် မှတ်တမ်းလေး ကျန်နေခဲ့တယ်။ ပြန်ဖတ်တဲ့အခါတိုင်း
ဘာတွေကို ဘယ်လိုလုပ်ခဲ့တယ်၊ ဘာခံစားချက်တွေ ရှိတယ်ဆိုတာ ပြန်သိရတယ်။ ပြီးရင် နောက်တစ်ခါ တူညီတဲ့ ပြဿနာမျိုး ကြုံရတဲ့အခါ ကိုယ် ဘာလုပ်သင့်တယ်ဆိုတာကို ပြန်ကြည့်လို့လည်းရတယ်။

စာရေးပြီး ဖြေရှင်းတတ်တဲ့ အကျင့်လေးကို မွေးမြူကြည့်စေချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေတဲ့အခါ လွယ်ကူတယ်၊ အများကြီး အထောက်အကူဖြစ်တယ်။



#စာရေး
#စိတ်

အေးစိမ့်စိမ့် ဖျော်ရည်တစ်ခွက်နှင့် ပုစ္ဆာများ>>>>>>>>>>>>>
18/07/2026

အေးစိမ့်စိမ့် ဖျော်ရည်တစ်ခွက်နှင့် ပုစ္ဆာများ
>>>>>>>>>>>>>

15/07/2026

စကားပြောဆိုရာမှာ အချိတ်အဆက်မမိနေတာ ဘာတွေကြောင့် ဖြစ်မလဲ< why you always feel disconnected in conversations??>





Address

Seoul

Website

Alerts

Be the first to know and let us send you an email when Ria Lily’s Pages posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share