White Tarot

White Tarot Fortune and fate are in your hands 🙌 You' re the pilot of Ur own destiny 🌟✨

Ex ကြီးရဲ့စိတ်ထဲမှာ မင်းအကြောင်းဘာတွေးနေလဲ 💜စိတ်ထဲမှာကိုယ့် Ex ကြီးကိုတွေးပြီးရွေးနော် ကာကာလေးတွေရေ 💜White Tarot
08/05/2026

Ex ကြီးရဲ့စိတ်ထဲမှာ မင်းအကြောင်းဘာတွေးနေလဲ 💜

စိတ်ထဲမှာကိုယ့် Ex ကြီးကိုတွေးပြီးရွေးနော် ကာကာလေးတွေရေ 💜
White Tarot

03/05/2026

"Standard မြင့်တာလား၊ ရွေးလွန်းတာလား? ရာသီခွင် ၁၂ ခုလုံးရဲ့ လျှို့ဝှက်ချက် - ရည်းစား/အိမ်ထောင်ဖက် ရွေးချယ်ပုံ🙂‍↔️🙆👋

လူတစ်ယောက်ကို ကိုယ့်ဘဝထဲ ထည့်ဖို့ဆိုတာ ရာသီခွင်အလိုက် မတူညီတဲ့ "စစ်ထုတ်စနစ်" တွေ ရှိကြပါတယ်။ အပေါ်ယံကြည့်ရင် တစ်မျိုး၊ တကယ်တမ်း ရွေးချယ်တဲ့အခါ တစ်မျိုး ဖြစ်နေတတ်တဲ့ မင်းရဲ့ ရာသီခွင်အကြောင်းကို အသေးစိတ် ဖတ်ကြည့်လိုက်ရအောင်နော်💥⚡✨

💬 "ကဲ... မင်းရဲ့ ရာသီခွင်အကြောင်းကော ဘယ်လောက်ထိ မှန်နေလဲ? ကိုယ်တကယ် ရှာနေတဲ့သူကကော ဒီထဲမှာ ပါရဲ့လား Comment မှာ ပြောပြခဲ့ပါဦးနော်💖💯

🔮 ရာသီခွင်အလိုက် အသေးစိတ် ရွေးချယ်ပုံများ

♈ Aries (မိဿ): "စိတ်ဓာတ်ပြင်းပြပြီး ကိုယ့်ကို ထိန်းနိုင်သူ"

ရွေးချယ်ပုံ: သူတို့က ပျော့ညံ့လွန်းတဲ့သူကို တစ်ပတ်ထက် ပိုစိတ်မဝင်စားဘူး။ အငြင်းအခုန်ဖြစ်တဲ့အခါ သူတို့ကို ပြန်ပြောရဲရမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်။

Deep Detail: အချစ်ရေးမှာ "စိန်ခေါ်မှု" ရှိတာကို ကြိုက်တယ်။ သူတို့ဆီက အနိုင်ရဖို့ ခက်ခဲတဲ့သူမျိုး (သို့မဟုတ်) ကိုယ့်ထက် အစစအရာရာ သာလွန်နေတဲ့သူမျိုးဆိုရင် "Yes" လို့ ပြောဖို့ ဝန်မလေးတော့ဘူး။

♉ Ta**us (ပြိဿ): "ငွေကြေးတည်ငြိမ်မှုနဲ့ နွေးထွေးတဲ့ အိမ်ဗဟိုပြုသူ"

ရွေးချယ်ပုံ: "အချစ်ရှိရင် ရပြီ" ဆိုတဲ့စကားကို တောရပ်စ်တွေ မယုံဘူး။ အလုပ်အကိုင်၊ စီးပွားရေး ဘယ်လောက်ခိုင်မာလဲဆိုတာကို လက်တွေ့ကျကျ တွက်ချက်တယ်။

Deep Detail: သူတို့က အာရုံ ၅ ပါး ခံစားမှုကို ဦးစားပေးတယ်။ အစားအသောက် ကောင်းကောင်းကျွေးနိုင်ရမယ်၊ အသားချင်း ထိတွေ့တဲ့အခါ နွေးထွေးမှုရှိရမယ်။ ဘဝကို ပင်ပင်ပန်းပန်း မဖြတ်သန်းချင်လို့ "Provider" ကောင်းကောင်းကိုပဲ ရွေးချယ်တတ်တာပါ။

♊ Gemini (မေထုန်): "စိတ်ဝင်စားစရာ ကောင်းနေရမယ့် စွယ်စုံကျမ်း"

ရွေးချယ်ပုံ: ဂျင်မီနိုင်းတွေအတွက် "ပျင်းရခြင်း" က ငရဲပဲ။ တစ်နေ့တည်းမှာ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်တဲ့သူ၊ ဟာသဉာဏ်ရှိပြီး စကားပြောရင် ပြီးသွားမှာကို နှမြောရမယ့်သူမျိုးကို ရှာတာ။

Deep Detail: ရုပ်လှတာထက် "Brainy" ဖြစ်တာကို ပိုဦးစားပေးတယ်။ "ငါ့ကို တစ်သက်လုံး စိတ်ဝင်စားအောင် လုပ်ထားနိုင်မလား" ဆိုတဲ့အချက်က သူတို့အတွက် အရေးကြီးဆုံးပဲ။

♋ Cancer (ကရကဋ်): "စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်တဲ့ နံရံ"

ရွေးချယ်ပုံ: အပြင်ပန်းမှာ ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊ အိမ်ပြန်ရောက်တဲ့အခါ ကလေးတစ်ယောက်လို ချွဲလို့ရမယ့်သူမျိုးကိုပဲ ရွေးတာ။ စိတ်ဒဏ်ရာတွေကို ကုသပေးနိုင်မယ့် "Healer" မျိုးကို ရှာပါတယ်။

Deep Detail: မိသားစုအပေါ် ထားတဲ့စိတ်ထားကို ကြည့်ပြီး ရွေးတတ်တယ်။ တခြားသူတွေအပေါ် ကြင်နာတတ်တဲ့သူမျိုးဆိုရင် ကင်ဆာတွေက သူတို့ရဲ့ နှလုံးသားတံခါးကို ချက်ချင်း ဖွင့်ပေးလိုက်မှာပါ။

♌ Leo (သိဟ်): "ကိုယ့်ကို ပလ္လင်ပေါ်တင်ပြီး ပူဇော်မယ့်သူ"

ရွေးချယ်ပုံ: လီယိုတွေက အချစ်ခံရတာထက် "ကိုးကွယ်ခံရတာ" ကို ပိုကြိုက်တယ်။ "မင်းက ငါ့ဘဝရဲ့ အလှဆုံး၊ အတော်ဆုံး" လို့ အမြဲချီးကျူးပေးမယ့်သူမျိုးကို အသေအလဲ ရွေးချယ်တတ်တာ။

Deep Detail: သူငယ်ချင်းတွေကြားထဲမှာ တွဲသွားရင် ဂုဏ်ယူဝံ့ကြွားစရာဖြစ်တဲ့ "Trophy Partner" မျိုးကို လိုချင်တာ။ ကိုယ့်ကို နေပူထဲ တစ်ယောက်တည်း ထားခဲ့မယ့်သူမျိုးကိုတော့ ဘယ်တော့မှ လင်မတော်ဘူး။

♍♍ Virgo (ကန်): "အမှားအယွင်းမရှိ စံပြဖြစ်သူ"**

ရွေးချယ်ပုံ: သူတို့က အသေးစိတ်သမားတွေ။ ဖုန်းပြောရင် အချိန်မှန်လား၊ စာရိုက်ရင် စကားလုံးယဉ်ကျေးလား၊ ဝတ်စားဆင်ယင်မှုက သပ်ရပ်လား... အကုန်စစ်ဆေးတယ်။

Deep Detail: သူတို့ရဲ့ ဘဝကို ပိုပြီး စနစ်ကျအောင် ကူညီပေးနိုင်တဲ့သူ၊ ကိုယ့်ထက် ပိုပြီး အစီအစဉ်ကျတဲ့သူမျိုးကိုပဲ လက်တွဲဖော်အဖြစ် ရွေးချယ်မှာပါ။

♎ Libra (တူ): "အလှအပနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးသူ"

ရွေးချယ်ပုံ: အငြင်းအခုန်တွေ၊ ရန်ဖြစ်တာတွေကို မုန်းတယ်။ အရာရာကို ညှိနှိုင်းဆောင်ရွက်တတ်တဲ့ "Peacekeeper" မျိုးကို ရွေးချယ်ပါတယ်

Deep Detail: ရုပ်ရည်ထက် "Scent & Style" ကို ကြည့်တယ်။ ရနံ့ကောင်းကောင်းစွဲနေတဲ့သူ၊ ဝတ်ပုံစားပုံ စမတ်ကျတဲ့သူမျိုးဆိုရင် လီဘရာတွေရဲ့ စံနှုန်းကို ကျော်ဖြတ်နိုင်ပါပြီ။

♏Scorpio (ဗြိစ္ဆာ): "သစ္စာတရားကို အသက်ထက် မြတ်နိုးသူ"**

ရွေးချယ်ပုံ: သူတို့က "စုံထောက်" တွေပါ။ ဖုံးကွယ်ထားတာမျိုး၊ လိမ်တာမျိုးကို အနံ့ရတာနဲ့ ချက်ချင်းဖြတ်တယ်။ ၁၀၀% ပွင့်လင်းပြီး သစ္စာရှိတဲ့သူမျိုးကိုပဲ အသည်းထဲ ထည့်တာ။

Deep Detail: စိတ်ချင်းဆက်သွယ်မှု (Soul Connection) ကို အရမ်းယုံကြည်တယ်။ မျက်လုံးချင်း ကြည့်လိုက်ရုံနဲ့ ကိုယ့်ကို နားလည်ပေးနိုင်တဲ့ "Deep Thinker" မျိုးကို ရွေးချယ်ပါတယ်။

♐ Sagittarius (ဓနု): "ကိုယ့်ဘဝရဲ့ စွန့်စားဖော် စွန့်စားဖက်"

ရွေးချယ်ပုံ: "ဘယ်သွားသွား၊ ဘာလုပ်လုပ် အတူတူ" ဆိုတာထက် "ကိုယ်လုပ်ချင်တာကို လွတ်လပ်ခွင့်ပေးတဲ့သူ" ကို ပိုရွေးချယ်ပါတယ်။ အချုပ်အချယ်ကို အမုန်းဆုံးပဲ။

Deep Detail: ဘဝအမြင် တူရမယ်။ တစ်နေရာတည်းမှာ ရပ်မနေဘဲ အမြဲတိုးတက်အောင် ကြိုးစားနေတဲ့သူ၊ ခရီးသွားဝါသနာပါသူမျိုးဆိုရင် ဓနုတွေအတွက် အကောင်းဆုံးပဲ။

♑ Capricorn (မကာရ): "အနာဂတ်ကို အတူတည်ဆောက်မယ့် CEO"

ရွေးချယ်ပုံ: ပေါ့ပျက်ပျက် ရည်းစားထားတာမျိုး မကြိုက်ဘူး။ လက်ထပ်ဖို့အထိ ရည်ရွယ်ချက်ရှိမှ စကားပြောတာ။ ကိုယ့်ထက် အောင်မြင်နေတဲ့သူ (သို့မဟုတ်) အောင်မြင်ဖို့ ကြိုးစားနေတဲ့သူကိုပဲ ရွေးချယ်မှာပါ။
Deep Detail: ရင့်ကျက်မှု (Maturity) က နံပါတ် (၁) ပဲ။

ကလေးကလားဆန်တာ၊ တာဝန်မယူတာမျိုးဆိုရင် မကာရတွေက လှည့်တောင် မကြည့်တော့ဘူး။

♒ Aquarius (ကုံ): "ကိုယ့်ရဲ့ ထူးဆန်းမှုတွေကို နားလည်ပေးသူ"
ရွေးချယ်ပုံ: ပုံစံခွက်ထဲက လူတွေကို ပျင်းတယ်။ တစ်ခုခု ထူးခြားနေရမယ် (ဥပမာ- အလုပ်၊ ဝါသနာ၊ ဒါမှမဟုတ် အတွေးအခေါ်)။ သူငယ်ချင်းလို အရင်စပြီးမှ ချစ်သူဖြစ်ရတာကို ပိုကြိုက်တယ်။

Deep Detail: သူတို့ရဲ့ "Space" ကို နားလည်ပေးရမယ်။ တစ်ချိန်လုံး ဖုန်းဆက်နေတာမျိုး၊ ကပ်ချွဲနေတာမျိုးကို မုန်းပြီး အေးအေးဆေးဆေးနဲ့ နားလည်မှုရှိတဲ့သူမျိုးကိုပဲ ရွေးချယ်ပါတယ်။

♓Pisces (ငါး): "နတ်သမီးပုံပြင်ထဲကလို အချစ်မျိုး"**

ရွေးချယ်ပုံ: သူတို့က နှလုံးသားနဲ့ ဆုံးဖြတ်တဲ့သူတွေ။ စာနာနားလည်တတ်ရမယ်၊ ရိုမန်တစ်ဆန်ရမယ်။ ကိုယ့်ရဲ့ စိတ်ကူးယဉ် အိမ်မက်တွေကို လှောင်ပြောင်တာမျိုး မလုပ်ဘဲ အတူတူ အကောင်အထည်ဖော်ပေးမယ့်သူမျိုးကို ရှာတာပါ။

Deep Detail: ကိုယ့်အပေါ် သေလောက်အောင် ချစ်ပြနိုင်တဲ့သူမျိုး၊ ကိုယ့်ကို ကာကွယ်ပေးနိုင်တဲ့သူမျိုးကိုမှ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တတ်တာပါ။

💬 "ကဲ... မင်းရဲ့ ရာသီခွင်အကြောင်းကော ဘယ်လောက်ထိ မှန်နေလဲ? ကိုယ်တကယ် ရှာနေတဲ့သူကကော ဒီထဲမှာ ပါရဲ့လား Comment မှာ ပြောပြခဲ့ပါဦး။"

📩 ကိုယ့်ရဲ့ ဖူးစာရှင်က ဘယ်သူလဲ၊ ဘယ်လိုလူမျိုးနဲ့ ဖူးစာပါမလဲဆိုတာ သီးသန့် Tarot နဲ့ မေးမြန်းချင်ရင်တော့ White Tarot ရဲ့ Messenger မှာ Booking တင်နိုင်ပါပြီရှင်။


**us

Scor လေးတွေနဲ့တွဲရတာအရမ်းကောင်းတာပဲဟု ကာကာလေးတစ်ယောက်မှပြောသောအခါ မင်မင့် Honest reaction 👇White Tarot
02/05/2026

Scor လေးတွေနဲ့တွဲရတာအရမ်းကောင်းတာပဲဟု ကာကာလေးတစ်ယောက်မှပြောသောအခါ

မင်မင့် Honest reaction 👇
White Tarot

01/05/2026

Relationship မှာ အ play ဆုံး zodiac signs🚨🚨

Gemini တွေက အချစ်ရေးမှာ "Play" တာထက် "Game" ဆော့တာကို ပိုဝါသနာပါတာ 🫠

သူတို့ရဲ့ Style: ဒီနေ့ စာပို့ရင် အရမ်းချိုသာပြီး မနက်ဖြန်ကျတော့ Seen တောင်မလုပ်ဘဲ ပျောက်သွားတာမျိုး။ သူတို့မှာ စရိုက်နှစ်မျိုးရှိတော့ တစ်ယောက်က "ချစ်တယ်" လို့ပြောချိန်မှာ နောက်တစ်ယောက်က "သူငယ်ချင်းပဲကောင်းပါတယ်" လို့ လုပ်တတ်ပါတယ်

စကားလုံးတွေနဲ့ play ရတာ ဝါသနာပါတယ်။ တစ်ဖက်လူ နားလည်ရခက်အောင် (Mixed Signals) ပေးရတာကိုက သူတို့အတွက်တော့ Candy Crush ဆော့ရသလို အရသာရှိတာပါ။🧐

သတိပေးချက်: သူတို့နဲ့တွဲရင် စိတ်ရောဂါကုထုံး (Therapy) ဖိုး ကြိုစုထားပါ။🙂‍↔️🙂‍↕️

♐ Sagittarius (ဓနုရာသီဖွား) ♐♐♐♐- "ငါ့ကို ချစ်ရင် လွှတ်ထား၊ လိုက်မဖမ်းနဲ့ မောမယ်"

ဓနုတွေကတော့ အချစ်ရေးမှာ "Wild Card" တွေပါ။ သူတို့အတွက် အချစ်ဆိုတာ ပန်းခြံထဲမှာ လွတ်လပ်စွာ ဆော့ကစားရတာမျိုးပဲ ဖြစ်ချင်တာ။

သူတို့ရဲ့ Style က "ငါ မင်းကို အရမ်းချစ်တယ်၊ ဒါပေမဲ့ ငါ့ကို အခုချက်ချင်း ခရီးသွားခွင့်ပေး" ဆိုတဲ့ အမျိုးအစားတွေပါ။ ချုပ်နှောင်လိုက်ပြီဆိုတာနဲ့ သူတို့က "ငါတို့ ခဏလောက် ဝေးဝေးနေရအောင်" ဆိုပြီး အာကာသထဲအထိ ပြေးသွားတတ်တယ်(ok)

သူတို့က Flirting လုပ်တာကို ဝါသနာ (Hobby) တစ်ခုလို သဘောထားတာပါ။ လူတိုင်းကို ရယ်အောင်လုပ်တယ်၊ ပြုံးပြတယ်၊ ပြီးမှ "ဪ... ငါက ခင်လို့ပါ" ဆိုပြီး ပစ်ထားခဲ့တတ်တာ သူတို့အကျင့်ပဲ။

သတိပေးချက်: သူတို့ဆီက "Commitment" လိုချင်တာက လိုင်းပေါ်မှာ ရည်းစားရှာတာထက် ပိုခက်ပါတယ်။

♈ Aries (မိဿရာသီဖွား)♈♈♈♈ - "ချစ်တာက နောက်မှ၊ အခုတော့ မင်းကို အနိုင်ယူချင်တယ်"(😵‍💫😵‍💫)

Aries တွေကတော့ အချစ်ရေးမှာ တိုက်စစ်မှူးတွေပါ။ သူတို့က "Play" တယ်ဆိုတာထက် "လိုက်ဖမ်းတာ" (The Chase) ကို ပိုကြိုက်တာ။

သူတို့ရဲ့ Style ကိုမှတ်ထားဦး ကိုယ့်ကို ရအောင်လိုက်နေတုန်းကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးလူသားပေါ့။ ရသွားပြီဆိုတာနဲ့ "နောက်တစ်ယောက် ဘယ်သူရှိသေးလဲ" ဆိုတဲ့ စိန်ခေါ်မှုအသစ်ကို ရှာတတ်ကြတာ။

သူတို့က ပြိုင်ဆိုင်ရတာကို ကြိုက်တယ်။ တစ်ဖက်လူက မာနကြီးပြလေ၊ သူတို့က ပိုဆော့ချင်လေပါပဲ။ သူတို့ "Play" တာက နည်းနည်းတော့ ကြမ်းတမ်းပြီး ပွင့်လင်းလွန်းပါတယ်။

သတိပေးချက်: သူတို့နဲ့တွဲရင် ခမောက်ဆောင်းထားပါ၊ ဘယ်အချိန် စိတ်ဆိုးပြီး ရန်လုပ်လာမလဲ မသိနိုင်လို့ပါ။(😬😬)

♎ Libra (တူရာသီဖွား)♎♎♎ - "လူတိုင်းကို ချစ်ချင်တယ်၊ ငါက သနားတတ်လို့ပါ" (လက်သုံးစကား)😕😕

Libra တွေကတော့ "International Flirt" ဘွဲ့ ပေးထားရမယ့်သူတွေပါ။ သူတို့က မကစားတတ်ဘူး ပြောပေမဲ့ သူတို့အပြုံးက လူသတ်နိုင်ပါတယ်။

သူတို့က ဘယ်သူ့ကို ပိုချစ်လဲဆိုတာကို ဝေခွဲချစ်နေတတ်တာ (Decisiveness က သုညပဲလေ)။ အဲ့ဒါကြောင့် လူတိုင်းကို မျှပြီး အချစ်တွေ ပေး‌ နေတာပါ ။ငါ မင်းကိုပဲ ချစ်တာပါ" လို့ ပြောနေရင်းနဲ့ ဖုန်းထဲမှာ တခြားလူတွေနဲ့ အကန့်အသတ်မရှိ (Unlimited) Flirting လုပ်နေတတ်ပါတယ်။ သူတို့က အလှအပနဲ့ စကားအချိုတွေကြားမှာ ကစားရတာကို အရမ်းကျွမ်းကျင်ပါတယ်။

Warning: သူတို့ကို "ငါ့ကိုပဲ ရွေးပါ" လို့ သွားမပြောပါနဲ့၊ အဲ့ဒါဆို သူတို့ ခေါင်းမူးပြီး ထွက်ပြေးသွားပါလိမ့်မယ်။

ဒီ Sign တွေက အချစ်ရေးမှာ play တတ်ပေမဲ့ သူတို့နဲ့တွဲရတာ ပျင်းဖို့တော့ လုံးဝမကောင်းပါဘူး။ ဘာလို့လဲဆို တော့ challenges တွေနဲ့ full ဖြစ်နေလို့တဲ့😕👌

White Tarot

💕😺"UNIVERSE က သင့်ကို ဘယ်လိုလမ်းညွှန်ချက်မျိုး ပေးချင်နေလဲ? 🌌🌟"Ok ok ...D post လေးကို တွေ့ရင် စိတ်ကိုအေးအေးထားပြီး သင့်ရ...
27/04/2026

💕😺"UNIVERSE က သင့်ကို ဘယ်လိုလမ်းညွှန်ချက်မျိုး ပေးချင်နေလဲ? 🌌🌟"

Ok ok ...D post လေးကို တွေ့ရင် စိတ်ကိုအေးအေးထားပြီး သင့်ရဲ့နှလုံးသားကို Universe ရဲ့ Message လေးတစ်ခုနဲ့ ခွန်အားဖြည့်ကြည့်‌ရအောင်နော် ✨

ပုံထဲမှာ မြင်ရတဲ့အတိုင်း ကတ်ကလေးတွေ (၃) ကတ် ရှိပါတယ်။ ဒီကတ်ကလေးတွေရဲ့ နောက်ကွယ်မှာ သင့်အတွက် သီးသန့်ရည်ရွယ်ထားတဲ့ စိတ်ဝင်စားစရာ သတင်းစကားတွေလည်း ရှိနေပါတယ်နော် 🙆🫰

Vibe အဆွဲဆောင်ဆုံးဖြစ်တဲ့၊ သင့်စိတ်ထဲ အလိုလို ရွေးချယ်ချင်နေတဲ့ နံပါတ်တစ်ခုကို ရွေးချယ်ပြီး Comment မှာ နံပါတ်လေး ရေးခဲ့ပေးဖို့ မမေ့နဲ့ဦးနော်🤟😚🤗

White Tarot

26/04/2026

ဧပြီလကုန်မှာ မင်းရဲ့ နှလုံးသားကံကြမ္မာက ဘယ်လိုအလှည့်အပြောင်းမျိုး ကြုံရမလဲ💕👐

ဒီ Post ကို Like & Share လုပ်ပေးတဲ့ သူတွေထဲကမှ ကံထူးသူ (၃) ယောက်ကို ဧပြီလကုန်အထိ မေးချင်တဲ့ မေးခွန်း (၁) ခုစီ Free ဟောပေးသွားမှာ ဖြစ်လို့ Comment မှာ Share ထားတဲ့ Screenshot လေးတွေ ပြခဲ့ပေးဦးနော်။ ✨💝💞💞🤟🤗

ဧပြီလရဲ့ နောက်ဆုံးပတ် (၂၆ ရက်ကနေ ၃၀ ရက်အထိ) ဟာ အပြောင်းအလဲတွေ အများကြီး ရှိနေပါတယ်။ အောက်မှာ ကာကာလေးတို့ရဲ့ ရာသီခွင်ကို ရှာဖတ်ပြီး Universe ရဲ့ လမ်းညွှန်ချက်ကို Claim လုပ်သွားပါဦးနော်🤟

⚠️ မှတ်ချက်: ဒါက အများဆိုင်ရာ General Reading ဖြစ်လို့ ကိုယ့်ရဲ့ အခြေအနေနဲ့ အသေးစိတ် တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ်။ မိမိအတွက် သီးသန့် အဖြေမှန်နဲ့ လမ်းညွှန်ချက်ကို သိချင်ရင်တော့ Messenger မှာ Booking တင်ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်ခင်ဗျ🤗

🔮 ရာသီခွင်အလိုက် အချစ်ရေးနှင့် Claim Text များ

♈ Aries, ♌ Leo, ♐ Sagittarius (မီးဓာတ်): မပြတ်သားဘဲ ဖြစ်နေတဲ့ ကိစ္စတွေမှာ ဆုံးဖြတ်ချက် တစ်ခု ချရတော့မယ်။ အမှန်တရားက မင်းရှေ့မှာ ပေါ်လာပါလိမ့်မယ်။

Claim: "ငါဟာ မှန်ကန်တဲ့ လမ်းပြမှုကို ရရှိသူပါ"

💡 Detail သိချင်ရင် - "သူ့ရဲ့ စိတ်ရင်းအမှန်က ဘာလဲ?" ဆိုတဲ့ Package နဲ့ မေးမြန်းနိုင်ပါတယ်။

♉ Ta**us, ♍ Virgo, ♑ Capricorn (မြေဓာတ်): Relationship မှာ ပိုပြီး ခိုင်မာလာမယ်။ တစ်ယောက်ကိုတစ်ယောက် အားကိုးရမယ့် အခွင့်အရေးတွေ ကြုံရမယ်။

Claim: "ငါ့ရဲ့ အချစ်ရေးဟာ တည်ငြိမ်အေးချမ်းတယ်"

💡 Detail သိချင်ရင် - "ရှေ့ဆက်မယ့် အနာဂတ်ကံ" Package နဲ့ မေးမြန်းနိုင်ပါတယ်။

** Gemini, ♎ Libra, ♒ Aquarius (လေဓာတ်):** မထင်မှတ်ထားတဲ့ ဆက်သွယ်မှုတွေ ရလာမယ်။ သူငယ်ချင်းဟောင်း ဒါမှမဟုတ် Crush ဆီက သတင်းစကား ကြားရတတ်ပါတယ်။

Claim: "ငါ့ဆီကို သတင်းကောင်းတွေ ရောက်လာနေပြီ"

💡 Detail သိချင်ရင် - "သူ့ဆီက ဖုန်း/စာ လာမလား?" ဆိုတဲ့ မေးခွန်းနဲ့ မေးမြန်းနိုင်ပါတယ်။

♋ Cancer, Scorpio, ♓ Pisces (ရေဓာတ်): စိတ်ကူးယဉ် အိပ်မက်တွေ လက်တွေ့ဖြစ်လာနိုင်တဲ့ အပတ်ပါ။ မင်းရဲ့ ဆွဲဆောင်မှုတွေက တစ်ဖက်လူကို အရည်ပျော်စေပါလိမ့်မယ်။

Claim: "ငါဟာ အချစ်ခံရဖို့ အပြည့်အဝ ထိုက်တန်တယ်"

💡 Detail သိချင်ရင် - "Crush နဲ့ ဖြစ်နိုင်ပါ့မလား?" Package နဲ့ မေးမြန်းနိုင်ပါတယ်။

📩 သီးသန့်မေးမြန်းလိုသူများအတွက် Questions /Package ဈေးနှုန်းများကို Chatbox (Page messenger)မှာ စုံစမ်းနိုင်ပါပြီ။

2026 အတွက် new plan 😙4လ ကုန်သွားတာ ထားလိုက်တော့ 🫠White Tarot
19/04/2026

2026 အတွက် new plan 😙
4လ ကုန်သွားတာ ထားလိုက်တော့ 🫠

White Tarot

"ဒီနေ့ဟာ သင့်အတွက် Universe က ပေးတဲ့ 'ခွန်အားသစ်' တွေ ရရှိမယ့်နေ့ပါ။ ✨သင်ဟာ အရာရာကို တစ်ယောက်တည်း ရုန်းကန်နေရတယ်၊ ဘယ်သူမ...
19/04/2026

"ဒီနေ့ဟာ သင့်အတွက် Universe က ပေးတဲ့ 'ခွန်အားသစ်' တွေ ရရှိမယ့်နေ့ပါ။ ✨

သင်ဟာ အရာရာကို တစ်ယောက်တည်း ရုန်းကန်နေရတယ်၊ ဘယ်သူမှ ကိုယ့်ဘက်မှာ မရှိသလိုပဲလို့ ခံစားနေရပါသလား? မကြာခင်မှာ သင့်ရဲ့ ကြိုးစားမှုတွေအတွက် ထိုက်တန်တဲ့ အသိအမှတ်ပြုမှုနဲ့ အခွင့်အလမ်းကောင်းတွေ တံခါးလာခေါက်ပါတော့မယ်။
တံခါးကို ဖွင့်ပေးဖို့ပဲ လိုတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်ပါ။ ဒီနေ့ကစပြီး အခြေအနေတွေဟာ သင့်အတွက် အကောင်းဘက်ကို သိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်။🕊️

ဒီ Message ကို လက်ခံရရှိပြီး ကံကောင်းခြင်းတွေ ဆွဲယူချင်တယ်ဆိုရင် 'ငါ့ဆီကို အကောင်းဆုံးတွေ ရောက်လာနေပြီ' လို့ Comment မှာ ရေးခဲ့ပြီး Energy ကို ရယူလိုက်ပါ။ ✨

ကိုယ်ချစ်ရတဲ့သူတွေပါ ကံကောင်းစေဖို့ Tag လုပ်ပြီး မျှဝေပေးလိုက်ပါဦးနော်။ ✨🕯️

17/04/2026

❤️ဧပြီလ တတိယပတ်ရဲ့ အချစ်ရေး ကံကြမ္မာ🌌✨

Aries (မိဿ) ♈
"အပြောင်းအလဲက စတင်နေပါပြီ"
ဒီအပတ်မှာ သင့်ရဲ့ ဆွဲဆောင်မှုက ထိပ်ဆုံးမှာ ရှိနေပါတယ်။ Single တွေအနေနဲ့ မထင်မှတ်ထားတဲ့နေရာကနေ လူသစ်နဲ့ ဆုံတတ်ပါတယ်။ ချစ်သူရှိသူတွေကတော့ အချင်းချင်း ယုံကြည်မှု ပိုခိုင်မာလာမယ့် အချိန်ပါ

Claim Text: "I am ready for love."

Ta**us (ပြိဿ) ♉
"စိတ်ရှည်ခြင်းရဲ့ အသီးအပွင့်"
အချစ်ရေးမှာ အလောတကြီး မလုပ်ပါနဲ့။ အချိန်တစ်ခု ပေးလိုက်တာက ပိုကောင်းတဲ့ ရလဒ် ထွက်လာပါလိမ့်မယ်။ သင့်ကို တကယ်တန်ဖိုးထားတဲ့သူက သင့်နားမှာ ရှိနေတာကို သတိပြုမိပါလိမ့်မယ်။

Claim Text: "I attract peace and love."

Gemini (မေထုန်) ♊
"ပျော်ရွှင်စရာ သတင်းစကား"
ဖုန်းထဲကနေဖြစ်ဖြစ်၊ လူချင်းတွေ့လို့ဖြစ်ဖြစ် စိတ်လှုပ်ရှားစရာ သတင်းကောင်းတစ်ခု ကြားရပါမယ်။ အချစ်ရေးမှာ တုံ့ဆိုင်းနေတာတွေ ပျောက်ပျက်ပြီး ရှေ့ဆက်ဖို့ လမ်းပွင့်သွားပါလိမ့်မယ်။

Claim Text: "Good news is coming to me."

Cancer (ကရကဋ်) ♋
"အတိတ်ကို နှုတ်ဆက်ပါ"
ရင်ထဲမှာ တနုံ့နုံ့ဖြစ်နေတဲ့ အတိတ်ကကိစ္စတွေကို အပြီးတိုင် လွှတ်ချနိုင်ပါတော့မယ်။ အသစ်ဝင်လာမယ့် စွမ်းအင်တွေအတွက် နေရာဖယ်ပေးလိုက်ပါ။ အချစ်သစ်က သင့်တံခါးကို ခေါက်နေပါပြီ။

Claim Text: "I release the past."

Leo (သိဟ်) ♌
"အထူးဂရုစိုက်ခြင်း ခံရမယ့်အချိန်"
ဒီအပတ်မှာ သင်က "Star" ပါပဲ။ ချစ်သူရဲ့ အလိုလိုက်မှုကို အပြည့်အဝရမှာဖြစ်သလို Single တွေကလည်း Crush တေဆီက Attention ရတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ နေထိုင်ပါ။

Claim Text: "I am worthy of great love."

Virgo (ကန်) ♍
"နားလည်မှုအသစ်များ"
စုံတွဲတွေကြားမှာ နားလည်မှုလွဲနေတာရှိရင် ပြန်လည်ညှိနှိုင်းလို့ အကောင်းဆုံးအချိန်ပါ။ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းက သင့်အချစ်ရေးကို ပိုမိုနက်ရှိုင်းစေပါလိမ့်မယ်။

Claim Text: "My relationship is healing."

Libra (တူ) ♎
"မျှတခြင်းရဲ့ အလှတရား"
ပေးတာနဲ့ ရတာ မျှတနေမယ့် အပတ်ပါ။ သင်ပေးဆပ်ခဲ့သမျှ မေတ္တာတွေက သင့်ဆီ အဆပေါင်းများစွာနဲ့ ပြန်လာပါလိမ့်မယ်။ နှလုံးသားရေးမှာ အေးချမ်းမှုကို အပြည့်အဝ ခံစားရပါမယ်။

Claim Text: "I receive love in abundance."

Scorpio (ဗြိစ္ဆာ) ♏
"ရင်ခုန်သံအသစ်များ"
Single တွေအတွက် ရင်ခုန်စရာ လူသစ်နဲ့ ဆုံရကိန်းရှိသလို၊ ချစ်သူရှိသူတွေကလည်း အချစ်ဦးတုန်းကလို ရင်ခုန်သံတွေ ပြန်လည်နိုးထလာပါလိမ့်မယ်။ စိတ်လှုပ်ရှားစရာ အပတ်လေးတစ်ခုပါ။

Claim Text: "Exciting love is on its way."

Sagittarius (ဓနု) 🏹
"လွတ်လပ်မှုနှင့် နားလည်မှု"
အချစ်ရေးမှာ ချုပ်ချယ်မှုတွေထက် နားလည်မှုက ပိုအရေးကြီးကြောင်း သိလာရပါမယ်။ တစ်ဖက်လူကို Space ပေးလိုက်တာက ပိုပြီး နီးစပ်လာစေတာကို တွေ့ရပါလိမ့်မယ်။

Claim Text: "I choose love and freedom."

Capricorn (မကာရ) ♑
"ခိုင်မာသော ကတိကဝတ်"
အချစ်ရေးမှာ နောက်တစ်ဆင့်တက်ဖို့ စဉ်းစားရမယ့် အချိန်ပါ။ အတည်တကျ ဖြစ်ချင်သူတွေအတွက် လမ်းကြောင်းကောင်းတွေ ပေါ်လာပါလိမ့်မယ်။ တည်ငြိမ်အေးချမ်းတဲ့ မေတ္တာကို ပိုင်ဆိုင်ရပါမယ်။

Claim Text: "My love is stable and strong."

Aquarius (ကုမ်) ♒
"ထူးခြားသော ဆုံတွေ့မှု"
မထင်မှတ်ထားတဲ့ နေရာမျိုး၊ မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ လူသစ်တစ်ယောက် သင့်ဘဝထဲ ဝင်လာတတ်ပါတယ်။ စိတ်ကို ဖွင့်ထားပါ။ စကြဝဠာက သင့်အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်။

Claim Text: "I open my heart to magic."

Pisces (မိဿ) ♓
"အိမ်မက်များ တကယ်ဖြစ်လာခြင်း"
သင်အမြဲတမ်း မျှော်လင့်ခဲ့ရတဲ့ အချစ်ရေးမျိုး၊ ဆက်ဆံရေးမျိုးကို စတင်ခံစားရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လေလေ၊ အချစ်ကံ ပိုကောင်းလေလေ ဖြစ်မယ့် အပတ်ပါ။

Claim Text: "My dreams are coming true."

White Tarot

02/04/2026

🚨10 ရက်အတွင်း ပြောင်းလဲလာမယ့် ကံကြမ္မာ🚨

💥 "The Power Players" (Aries, Leo, Sagittarius)
Action Movie ဆန်ဆန် ဖြတ်သန်းရမယ့်သူတွေပေါ့😎

ဒီ ၁၀ ရက်ဟာ "အရှိန်မြှင့်ရမယ့်အချိန်" ပဲ🥳 လူကြားထဲမှာ ထင်ပေါ်လာမယ်။ ကိုယ်က ဘာမှမလုပ်ဘဲ ငြိမ်နေရင်တောင် ကံတရားက ရှေ့ကို တွန်းထုတ်လိမ့်မယ်နော်✨

April 8 ရက်နောက်ပိုင်းမှာ "မမျှော်လင့်တဲ့ ဖိတ်ခေါ်မှု" ဒါမှမဟုတ် "Surprise Gift" တစ်ခု ဝင်လာဖို့ ရှိတယ်🫢

မဝံ့မရဲ ဖြစ်နေတဲ့အလုပ်ကို အခုချက်ချင်း စလုပ်လိုက်ပါ။ အောင်မြင်ဖို့ ရာခိုင်နှုန်း ၉၀ ကျော်တယ်နော်( ကဲ စလိုက်တော့)

💰 "The Money Makers" (Ta**us, Virgo, Capricorn)
စီးပွားရေးဇာတ်လမ်းတွေလို အမြတ်ထွက်မယ့်သူတွေပါဗျ💵💶

အေးအေးဆေးဆေး နေချင်ပေမဲ့ ငွေကြေးနဲ့ အခွင့်အလမ်းက နောက်က လိုက်နေပါလိမ့်မယ်။

ဘာဖြစ်မလဲဆို အရင်က စိုက်ပျိုးထားတဲ့ အပင်က အသီးသီးတော့မယ်။ အကြွေးရစရာရှိတာ ရမယ်၊ ဒါမှမဟုတ် ပိုက်ဆံအဝင်ကြမ်းမယ့် လမ်းစပေါ်မယ်။

"အဟောင်းတွေ ပျက်စီးပြီး အသစ်တွေ ရောက်လာတာ" မျိုး ကြုံရတတ်တယ်။ အိမ်ပြင်တာ၊ ပစ္စည်းအသစ်ဝယ်တာမျိုး ဖြစ်နိုင်ပါတယ်။

ပိုက်ဆံအိတ်ကို သေချာဂရုစိုက်ပါ။ လာဘ်ပိတ်စေမယ့် အမှိုက်ဟောင်းတွေကို ရှင်းထုတ်ပစ်ပါ။(ok 👌 ငွေ၀င်ကြမ်းအောင်လို့)

🗣️ "The Influencers" (Gemini, Libra, Aquarius)
စကားပြောကောင်းလို့ လူချစ်လူခင် များမယ့်သူတွေပဲဆိုပါတော့

ကိုယ့်ရဲ့ "လျှာ" က ရွှေထွက်မယ့် ကာလပါပဲ။

Social Media မှာဖြစ်စေ၊ အပြင်မှာဖြစ်စေ လူတွေက ခင်ဗျားပြောသမျှ နားထောင်ကြလိမ့်မယ်။ Content ဖန်တီးသူတွေဆိုရင် Viral ဖြစ်ဖို့ အခွင့်အလမ်း အများကြီးရှိတယ်။🎉👏

အဆက်အသွယ်ပြတ်နေတဲ့ "Ex" ဒါမှမဟုတ် "သူငယ်ချင်းဟောင်း" တစ်ယောက်ယောက်ဆီက Message ရောက်လာတတ်တယ်။
စကားပြောရင် သတိထားပါ။ ကိုယ့်ရဲ့ စကားတစ်ခွန်းက လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲသွားစေနိုင်လို့ပါ။(ကဲ မှတ်ထားနော်😚)

🔮 "The Soul Searchers" (Cancer, Scorpio, Pisces)
လျှို့ဝှက်ဆန်းကြယ်တဲ့ အာရုံတွေ ရနေမယ့်သူတွေပေါ့🙂‍↕️

ဒီ ၁၀ ရက်မှာ ကိုယ့်ရဲ့ "အတွင်းစိတ်" က ပြောတဲ့အတိုင်း လုပ်ကြည့်ပါ။ မှားခဲတယ်။😱

ဘာဖြစ်မလဲဆို‌ အိပ်မက်တွေက တကယ်ဖြစ်လာတတ်တယ်။ တစ်ခုခုကို ကြိုတင်သိမြင်နေသလို ခံစားရမယ်။ အချစ်ရေးမှာလည်း "ရင်ခုန်သံ အသစ်" တွေ ကြားရတတ်ပါတယ်။💗

လျှို့ဝှက်ထားတဲ့ ကိစ္စတစ်ခုက အမှတ်မထင် ပေါ်လာတတ်တယ်။ ဒါပေမဲ့ အဲဒါက ကိုယ့်အတွက် ကောင်းတဲ့ အပြောင်းအလဲ ဖြစ်သွားလိမ့်မယ်ဆိုတာပါပဲ ဥပမာ ကိုယ်နှစ်သက်တဲ့ ဝါသနာတစ်ခုခုကို စိတ်နှစ်ပြီး လုပ်ကြည့်ပါ။ ရလဒ်ကောင်းတွေ ရပါလိမ့်မယ်။🤗

ဒီ ၁၀ ရက်အတွင်းမှာ "ငြိမ်နေလို့ မရဘူး"နော် 😗ကံတရားက တံခါးလာခေါက်တဲ့အခါ အသင့်ဖြစ်နေဖို့ပဲ လိုပါတယ်🫡အထူးသဖြင့် ဧပြီလ ၈၊ ၉၊ ၁၀ ရက်တွေကို ပြက္ခဒိန်မှာ ဝိုင်းထားလိုက်ပါ🚨 အဲဒီရက်တွေမှာ ထူးခြားတာတစ်ခုခု သေချာ ပေါက် ဖြစ်လိမ့်မယ်နော်😺

White Tarot

Free reading ကာကာလေးတို့ရေ 🥳💖Comment မှာကြိုက်တဲ့မေးခွန်းတစ်ခုမေးလို့ရပါမယ်နော် ​သေသေချာ​ချာလေးမေးရင်မင်မင်သေသေချာချာလေး...
01/04/2026

Free reading ကာကာလေးတို့ရေ 🥳💖
Comment မှာကြိုက်တဲ့မေးခွန်းတစ်ခုမေးလို့ရပါမယ်နော် ​သေသေချာ​ချာလေးမေးရင်မင်မင်သေသေချာချာလေးပြန်ဖြေပေးပါ့မယ်နော် မနက်ဖြန်ကျရင် 5 ယောက်ရွေးပြီးဟေးပေးမှာမို့လို့ ကိုယ်မေးချင်တဲ့ဟာလေးတွေသေချာရေးသွားနော် 😉🤍

ဘာလိုလဲဆိုတော့ဒီပိုစ့်လေးကို Like လုပ်ပြီး public နဲ့ရှယ်ပေးရုံပဲနော် 🙆‍♂️💝
White Tarot

Address

Bago
Bago

Telephone

+959779619639

Website

Alerts

Be the first to know and let us send you an email when White Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to White Tarot:

Share