Panditarama Shwe Taung Gon Forest Teaching Center

Panditarama Shwe Taung Gon Forest Teaching Center ပရိယတ်မကင်းသော ပဋိပတ်၊ ပဋိပတ်မကင်းသော ပရိယတ်

အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ (ပဲခူး၊အင်းတကော်)၁၃၈၈၊ဒုတိယဝါဆိုလဆန်း (၇) ရက် အင်္ဂါ...
21/07/2026

အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲ

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ
(ပဲခူး၊အင်းတကော်)

၁၃၈၈၊ဒုတိယဝါဆိုလဆန်း (၇) ရက် အင်္ဂါနေ့

စာသင်သား သာမဏေများ

အပတ်စဉ်လေ့ကျင့်ခန်းများကို အဖိတ်နေ့ တိုင်း

ဖြေဆိုကြ။

စီရံ တိဋ္ဌတု သဒ္ဓမ္မော

ဓမ္မေ ဟောန္တု သဂါရဝါ

ဘုရားဟောကြား သူတော်ကောင်းတရားသည်

ခေတ်အဆက်ဆက် ဆောင်ယူကျင့်၍ ကာလရှည်ကြာ

တည်တံ့ပါစေသတည်း။

တရားဓမ္မ၌ ရိုသေလေးစားခြင်းရှိကြပါစေ။

🦋🌷 🦋laptop Computer ၁-လုံး 🦋🌷🦋  🪷🌷🪷ကျပ် -၂၉ သိန်း အလှူတော်🪷🌷🪷တောစခန်းရိပ်သာ၌ ရဟန်း, ရှင်သာမဏေများစာသင်စာချ လုပ်ငန်းများ ...
18/07/2026

🦋🌷 🦋laptop Computer ၁-လုံး 🦋🌷🦋
🪷🌷🪷ကျပ် -၂၉ သိန်း အလှူတော်🪷🌷🪷

တောစခန်းရိပ်သာ၌ ရဟန်း, ရှင်သာမဏေများ
စာသင်စာချ လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်

သိက္ခာရှင် ဆရာကြီး ဒေါ်သန္တဓမ္မ က

laptop Computer ၁-လုံးကို လှူဒါန်းကြပါသည်။

🪷🌷🪷🌷🪷🌷🪷🌷🪷🌷

သိက္ခာရှင်ဆရာကြီး

☸️ရန်ငြိမ်းဘေးကင်းပါစေ

☸️ကိုယ်ဆင်းရဲကင်းပါစေ

☸️စိတ်ဆင်းရဲကင်းပါစေ

☸️ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့်

☸️မိမိ၏ခန္ဓာကိုယ်ကို ကောင်းစွာဆောင်ရွက်နိုင်ပါစေ

🦋🌷 🦋Epson printer ၁-လုံး 🦋🌷🦋  🪷🌷🪷ကျပ်သိန်း-၄၀ အလှူတော်🪷🌷🪷တောစခန်းရိပ်သာ၌ ရဟန်း, ရှင်သာမဏေများစာသင်စာချ လုပ်ငန်းများ ချော...
17/07/2026

🦋🌷 🦋Epson printer ၁-လုံး 🦋🌷🦋
🪷🌷🪷ကျပ်သိန်း-၄၀ အလှူတော်🪷🌷🪷

တောစခန်းရိပ်သာ၌ ရဟန်း, ရှင်သာမဏေများ
စာသင်စာချ လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်

နာယကဆရာတော်
ဦးပညာဘိနန္ဒ( ပီနန်ဆရာတော်) အမှူးထား၍

Mrs Nguyen Thu Ha
Ho chi minh city VietNam က

သံဃာတော်များအတွက် မိတ္တူကူးစက် ၁-လုံးကို လှူဒါန်းကြပါသည်။

🪷🌷🪷🌷🪷🌷🪷🌷🪷🌷
အလှူရှင်မိသားစုတွေ

☸️ရန်ငြိမ်းဘေးကင်းပါစေ

☸️ကိုယ်ဆင်းရဲကင်းပါစေ

☸️စိတ်ဆင်းရဲကင်းပါစေ

☸️ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့်

☸️မိမိ၏ခန္ဓာကိုယ်ကို ကောင်းစွာဆောင်

(၃၂)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းတောစခန်းရိပ်သာ(ပဲခူး၊အင်းတကော်)မှ အောင်မြင်ကြသော သာမဏေများယခ...
14/07/2026

(၃၂)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းတောစခန်းရိပ်သာ(ပဲခူး၊အင်းတကော်)မှ

အောင်မြင်ကြသော သာမဏေများ

ယခုနှစ်တွင် ပထမဆုံး(အာဒိကမ္မိက)ဝိနယဝိဒူဘွဲ့ရ

အရှင်မြတ်သုံးပါးထွက်ပေါ်လာပါတယ်။

ပရိတ်မကင်းသော ပဋိပတ်သာသနာ

ပဋိပတ်မကင်းသော ပရိယတ်သာသနာ

ခေတ်အဆက်ဆက် ဆောင်ယူကျင့်လျက် သာသနာငါးထောင် မက အဓွန့်ရှည်ပါစေ။

အာဟာရဒါနအလှူအမရေိကန်နိုင်ငံ၊Los Angelesမြို့နေGangaw Zaw Mayladကပဲခူး၊အင်းတကော်၊ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းတောစခန်းရိပ်သာရှ...
14/07/2026

အာဟာရဒါနအလှူ

အမရေိကန်နိုင်ငံ၊Los Angelesမြို့နေ

Gangaw Zaw Mayladက

ပဲခူး၊အင်းတကော်၊ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းတောစခန်းရိပ်သာရှိ စာသင်သား သာမဏေတို့အား

ကြားဆွမ်းအလှူအဖြစ် ပေါက်စီ၊လဘက်ရည်တို့ကို

ဆက်ကပ်လှူဒါန်းကြပါသည်။

လှူဒါန်းရသော ကုသိုလ်စွမ်းအားကြောင့်

အလှူရှင်မိသားစုများ

ဆင်းရဲငြိမ်းရာ သန္တိသုခအငြိမ်းဓာတ်ကို ရရှိခံစားနိုင်ကြပါစေ။

ရန်ငြိမ်းဘေးကင်ကြပါစေ။

စိတ်ဆင်းရဲကင်းကြပါစေ။

ကိုယ်ဆင်းရဲကင်းကြပါစေ။

အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ (ပဲခူး၊အင်းတကော်)၁၃၈၈၊ပထမဝါဆိုလပြည့်ကျော်(၁၄)၊တနင်္လ...
13/07/2026

အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲ

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ
(ပဲခူး၊အင်းတကော်)

၁၃၈၈၊ပထမဝါဆိုလပြည့်ကျော်(၁၄)၊တနင်္လာနေ့

စာသင်သား သာမဏေများ

အပတ်စဉ်လေ့ကျင့်ခန်းများကို အဖိတ်နေ့ တိုင်း

ဖြေဆိုကြ။

စီရံ တိဋ္ဌတု သဒ္ဓမ္မော

ဓမ္မေ ဟောန္တု သဂါရဝါ

ဘုရားဟောကြား သူတော်ကောင်းတရားသည်

ခေတ်အဆက်ဆက် ဆောင်ယူကျင့်၍ ကာလရှည်ကြာ

တည်တံ့ပါစေသတည်း။

တရားဓမ္မ၌ ရိုသေလေးစားခြင်းရှိကြပါစေ။

အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ (ပဲခူး၊အင်းတကော်)၁၃၈၈၊ပထမဝါဆိုလပြည့်ကျော်(၇)၊တင်္နလာ...
06/07/2026

အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲ

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ
(ပဲခူး၊အင်းတကော်)

၁၃၈၈၊ပထမဝါဆိုလပြည့်ကျော်(၇)၊တင်္နလာ

စာသင်သား သာမဏေများ

အပတ်စဉ်လေ့ကျင့်ခန်းများကို အဖိတ်နေ့ တိုင်း

ဖြေဆိုကြ။

နှစ်ဖက်မိဘဘိုးဘွားများအား အမှူးထား၍ဦးမြင့်ထွေးနိုင်+ဒေါ်အေးနန္ဒာထိန်ဝင်းသား မောင်ဟိန်းထက်အောင်(ငွေဇင်ယော်သင်္ကန်းပိတ်လိပ...
30/06/2026

နှစ်ဖက်မိဘဘိုးဘွားများအား အမှူးထား၍

ဦးမြင့်ထွေးနိုင်+ဒေါ်အေးနန္ဒာထိန်ဝင်း

သား မောင်ဟိန်းထက်အောင်(ငွေဇင်ယော်သင်္ကန်းပိတ်လိပ်)
မိသားစု(ရန်ကုန်)

ဦးကျော်လှိုင်+ဒေါ်ညွန့်ညွန့်ရီ မိသားစု(USA)တို့ က

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ
(ပဲခူး၊အင်းတကော်)ရှိ

စာသင်သား သာမဏေများကို မျက်နှာသုတ်ပဝါ-စားဖွယ်များကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းကြပါသည်။

အလှူရှင်များ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပါစေ။ လိုအင်ဆန္ဒများ အားလုံး ပြည့်ဝအောင်မြင်ပါစေ။

နိဗ္ဗာန်၏အကြောင်းအထောက်ပံ့ဖြစ်ကြပါစေ။

အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ (ပဲခူး၊အင်းတကော်)၁၃၈၈၊ပထမဝါဆိုလဆန်း(၁၄)၊စနေနေ့စာသင်သ...
28/06/2026

အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲ

ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း တောစခန်းရိပ်သာ
(ပဲခူး၊အင်းတကော်)

၁၃၈၈၊ပထမဝါဆိုလဆန်း(၁၄)၊စနေနေ့

စာသင်သား သာမဏေများ

အပတ်စဉ်လေ့ကျင့်ခန်းများကို အဖိတ်နေ့ တိုင်း

ဖြေဆိုကြ။

လေးပုံတစ်ပုံကောင်းဂေါတမပူရာဏ်ကျမ်းမှာ ယုဂခေါ်တဲ့ ခေတ်လေးမျိုး ပိုင်ခြားထားတယ်။(၁)။ ကတခေတ်(၂)။ တြေတာခေတ်(၃)။ ဒွါပရခေတ်(၄)...
28/06/2026

လေးပုံတစ်ပုံကောင်း

ဂေါတမပူရာဏ်ကျမ်းမှာ ယုဂခေါ်တဲ့ ခေတ်လေးမျိုး ပိုင်ခြားထားတယ်။

(၁)။ ကတခေတ်

(၂)။ တြေတာခေတ်

(၃)။ ဒွါပရခေတ်

(၄)။ ကလိယုဂခေတ်။

အဲဒီလေးမျိုးထဲက ပထမအမျိုးအစားကို သစ္စာခေတ်လို့လည်း ခေါ်ပါတယ်။ ဟိုး ရှေးရှေးက လူတွေက သိပ်သစ္စာရှိကြတာ၊ ကိုယ်ကျင့်တရားလည်း သိပ်ကောင်းတယ်၊ လူ့အကျင့်တရား ကောင်းတော့ မိုးတို့လေတို့ အကုန်လုံးမှန်တယ်၊ စိုက်ပျိုးရေးတွေလည်း အောင်မြင်တယ်၊ လူတွေလည်း ရောဂါကင်းတယ်၊ အသက်ရှည်ကြတယ်၊ အဲဒီခေတ်တုန်းက လူ လေးပုံ ပုံလို့ရှိရင် လေးပုံလုံး ကောင်းတဲ့ခေတ်၊ ဒီခေတ်ကြီးက ဆုတ်ယုတ်ပျောက်ကွယ်သွားတာ ကြာပြီ။

လေးပုံကောင်းတဲ့ခေတ်ကြီးကနေပြီးတော့ နောက်လူတွေဟာ အကျင့်နည်းနည်းပျက်လာတော့ လေးပုံထဲက တစ်ပုံပျက်ဆီးသွားတယ်၊ သုံးပုံကောင်းဖြစ်တယ်၊ လေးပိုင်း သုံးပိုင်းပေါ့၊ အဲဒါကို တြေတာခေတ်လို့ ခေါ်ပါတယ်၊ အဲဒီခေတ်မှာတော့ အကျင့်စာရိတ္တတွေလည်းပဲ နည်းနည်းဆိုးတော့ အကျင့်စာရိတ္တနဲ့စပ်ပြီး အကျိုးတွေလည်း အားနည်းသွားတယ်။ ““ပျက်စရှိရင် ပျက်ချင်ချင်”” ဆိုတဲ့အတိုင်း လေးပိုင်းတစ်ပိုင်းပျက်သွားတော့ အပုပ်ဓာတ်က လိုက်လာပြီ၊ အဲဒီ တစ်ပိုင်းပုပ်က နေပြီးတော့ သုံးပိုင်းကောင်းထဲက တစ်ပိုင်းကို အပုပ်ဓာတ်ဝင်ပြန်ရော၊ ပျက်ဆီးပြန်ရော၊ နှစ်ပိုင်းပျက်ပြီး တော့ နှစ်ပိုင်းကျန်တာတဲ့၊ တစ်ဝက်ပျက်ပြီး တစ်ဝက်ကျန်တာ၊ အဲဒီခေတ်ကို ဒွါပရခေတ် ခေါ်ပါတယ်။

ပိန္နဲသီးကြီး လေးစိတ်လုံးကောင်းတဲ့ခေတ်ကတော့ သိပ်ဟန်ကျတာပေါ့၊ တစ်စိတ်ပုပ်သွား တော့ သိပ်မဟန်တော့ဘူး၊ နောက် နှစ်စိတ်ပုပ်သွားတော့ တစ်ဝက်ပုပ် တစ်ဝက်ကောင်းဖြစ်သွားပြီး၊ လူတွေလည်း တဖြည်းဖြည်း အကျင့်စာရိတ္တပျက်ပျက်လာသလောက် ရောဂါတွေလည်း ထူထူ လာတယ်၊ အသက်တိုတယ်၊ စိုက်ပျိုးရေးတွေလည်း မအောင်မြင်ဘူး၊ မိုးမမှန် လေမမှန်၊ ဒါတွေ ဖြစ်လာတာပါပဲ။

အဲဒီနှစ်ပုံကောင်းထဲက တစ်ပုံပျက်ပြန်ရော၊ လေးပုံထဲက သုံးပုံပျက်ပြီး တစ်ပုံကောင်း တဲ့ခေတ်၊ အဲဒါကို ကလိယုဂခေတ်=ဆုတ်ကပ်ကာလလို့ခေါ်ပါတယ်၊ ဆုတ်ကပ်ကာလက ဗုဒ္ဓမြတ်စွာ မပွင့်ခင်ကတည်းက စခဲ့တာ၊ ဗုဒ္ဓမြတ်စွာ ပွင့်ပြီးတာကို နှစ်ပေါင်း (၂၅ဝဝ) တောင် ကျော်သွားပြီ၊ ဘယ်လောက်ထိ ဆုတ်ကပ်လာသလဲဆိုတာ ကြည့်ပေါ့၊ လူတွေ အကျင့်စာရိတ္တတွေ ပျက်လိုက်တာ၊ လေးပိုင်းတစ်ပိုင်းကောင်းပဲ ရှိတော့တယ်၊ မြန်မာပြည်လည်းပဲ လူဦးရေ သန်း ၆ဝ-ကျော်မှာ ဗုဒ္ဓဘာသာမဟုတ်သူက ၁ဝ- သန်းကျော်လောက် ရှိတယ်၊ နှုတ်လိုက်ရင် သန်း ၅ဝ - ကျော် ကျန်တယ်၊ သန်း ၅၀-ကျော်ကို လေးပုံ ပုံလိုက်လို့ရှိရင် သုံးပုံက ဘုရားမှန်း တရားမှန်း သံဃာမှန်း မသိ၊ သရဏဂုံဆိုတာ ဘာမှန်း ညာမှန်း မသိ၊ ငါးပါးသီလဆိုတာ ဘာမှန်း ညာမှန်း မသိ၊ သုံးပုံပျက်သွားပြီ၊ ပုပ်သွားပြီတဲ့၊ တစ်ပုံပဲ ကောင်းတော့တယ်။

Address

Https://maps. App. Goo. Gl/3cTmKHGzsCX934EC7?g_st=ic
Bago

Alerts

Be the first to know and let us send you an email when Panditarama Shwe Taung Gon Forest Teaching Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share