20/08/2026
ရည်းစား ပြန်လာမယ်ဆိုတဲ့ ဂါထာတွေ ၊ စန်းပွင့်တဲ့ ဂါထာတွေ
ဘယ်သူက ပြောတဲ့နာမည်ကြီးအဓိဌာန်တွေ ၊
ဘယ်ဆရာတော်ရဲ့ အဓိဌာန်တွေ
ဘယ်ဆရာမရဲ့ဘာတွေဆို ပြီး
Ph ထဲမှာ save ထားပြီး ဂါထာပေါင်း မနည်း ၊ အဓိဌာန်ပေါင်း ရာချီ ဖုန်း ထဲမှာရှိကြတယ်မလား ။
အမph ထဲမှာလည်း ရှိပါတယ်။ တကယ်မလုပ်ဖြစ် ၊ မရွတ်ဖြစ်ပါဘူး။
နောက်အဓိဌာန်တစ်ခုခု တကယ်ဝင်တဲ့အခါ
မိမိက နေရာ လေးတစ်ခု သေချာယူပြီး
ပါတဲ့စာသား အသံထွက်ကို သေချာ ကရုတစ်စိုက် ရွတ်ဖတ်ပေးမှ တကယ် အကျိူးပေးပါတယ်။
အဓိဌာန်တစ်ခု ရွတ်ဖတ်တဲ့အခါ
Rap. ရွတ်သလို ရွတ်ပြီး ၊ အမျှကို ဖလက်ဖလပ် ပေးခဲ့ရင် မိမိရဲ့ အဓိဌာန်တွေ ဆုတောင်းသစ္စာဆိုထားတာ တကယ်အောင်မြင်ဖို့နည်းပါလိမ့်မယ်။
ဒါကြောင့် မိမိရဲ့အဓိဌာန်တွေအောင်မြင်ချင်ရင်
ပထမတစ်ချက် စွဲ မြဲ ရွတ် ဖတ် ပေးရမယ်။
အဓိဌာန်တစ်ခုကို တစ်ရက်တစ်ပတ်ထဲမဟုတ်ဘဲ ထုံမေအောင်ရွတ်ရပါမယ်။
ဒုတိယအချက် အသံထွက် အသံနေထား ပီသရပါမယ်။
အရမ်းအမြန်ကြီးရွက်ပြီး မိမိလည်းနားမလည် နတ်လည်းမသိတဲ့ပုံစံမျိုးနဲ့မရပါဘူး။
တတိယအချက် သေချာ မေတ္တာပို့အမျှဝေရပါမယ်။
ဂါထာ ဘယ်လောက်ပြည့်ပြီဆို ပုတီးကို ဝုန်းဆိုချ။ ပြီးကောက်အိပ်ပလိုက်တာ မရပါဘူးနော်။
စတုတ္ထ အချက် မိမိလိုချင်တာကို သေချာဆုတောင်းပါ။
ဒီအချက်တွေကို လိုက်နာပြီးမှ ဘယ်အဓိဌာန်မဆို အောင်မြင်မှာ ဖြစ်ပါတယ်။
Photo crd