07/10/2026
ချစ်ခင်ရပါသော Members အားလုံးရှင့်
လက်ရှိ ဖြစ်ပေါ်နေသော အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ကြောင့် နေ့လည်ပိုင်းတွင် အပူချိန် လွန်ကဲလျက်ရှိပါသည်။
မွန်းတည့်ချိန်တွင် ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ပါက အပူဒဏ်ကြောင့် မူးဝေခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် Heat Stroke (အပူလျှပ်ခြင်း) တို့ကဲ့သို့ ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ပါသည်။
သို့ဖြစ်ပါ၍ Members တို့၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး နေ့စဉ် နေ့လည် ၁:၀၀ နာရီမှ ၃:၀၀ နာရီအထိ Gym ဆော့ကစားခြင်းကို ခေတ္တခဏ ပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ခေတ္တခဏ ပိတ်မည့်အချိန် - နေ့စဉ် နေ့လည် ၁:၀၀နာရီ မှ ၃:၀၀ နာရီအထိ
ကျန်ရှိသည့်အချိန်များ - ပုံမှန်အတိုင်း လာရောက်ဆော့ကစားနိုင်ပါသည်။
အပူဒဏ်သက်သာသည့် မနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ပုံမှန်လာရောက်ဆော့ကစားနိုင်ပါသည်ခင်ဗျာ/ရှင့်။ အဆင်မပြေမှုများရှိပါက နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Members များအားလုံး ရေများများသောက်ပြီး အပူဒဏ်မှ ကင်းဝေးကြပါစေ။