MK’s Page

MK’s Page သမီးလေး MK ရဲ့ စာမျက်နှာ …

ဘယ်အချိန်ဘယ်ခါ ဒီအရွယ်ကိုရောက်လာသလဲ သမီးရယ်..သမီးလေးအိပ်တဲ့ အချိန်ဆို အရပ်ကြီးက အရှည်ကြီးဘဲ..ဒါလေးထိုင်ကြည့်နေရတာလည်း အရ...
31/05/2024

ဘယ်အချိန်ဘယ်ခါ ဒီအရွယ်ကိုရောက်လာသလဲ သမီးရယ်..

သမီးလေးအိပ်တဲ့ အချိန်ဆို အရပ်ကြီးက အရှည်ကြီးဘဲ..ဒါလေးထိုင်ကြည့်နေရတာလည်း အရသာတမျိုး..

ပုံမှန်ကျန်းကျန်းမာမာ နဲ့ milestone တွေတခုပြီးတခု ရောက်အောင်သွားပြီး ကြီးပြင်းလာပါ သမီးလေး..

ချစ်တယ်

MK & ZM Nu Nu

သမီးလေး ၁နှစ်ကျော်မှာ မထင်မှတ်ဘဲ သားလေးကိုယ်ဝန်ရခဲ့တယ်…ဘုရားပေးတဲ့သားသမီး ဆိုတော့ ဝမ်းသာသလို တဖက်မှာစိုးရိမ်စိတ်လည်းများ...
20/12/2023

သမီးလေး ၁နှစ်ကျော်မှာ မထင်မှတ်ဘဲ သားလေးကိုယ်ဝန်ရခဲ့တယ်…
ဘုရားပေးတဲ့သားသမီး ဆိုတော့ ဝမ်းသာသလို တဖက်မှာစိုးရိမ်စိတ်လည်းများခဲ့တယ် …သမီးလေး အခုမှ ၁ နှစ် ဘဲရှိသေးတယ် …မိဘ ရင်ခွင်မှာစိတ်ကြိုက်ချွဲနွဲ့ ဆိုးချင်သလောက်ဆိုး လိုချင်တာပူဆာလို့ရမယ့်အရွယ်တောင်မရောက်သေးဘူး …အဲ့အချိန်ရောက်လာရင်သမီးလေးကို ဂရုစိုက်ပေးနိုင်ပါ့မလား..သားလေးကိုယ်ဝန်လာရင့်လာတော့ သမီးလေးကို အရင်လို သူလိုအပ်တဲ့အချိန်တိုင်း မပွေ့ချီနိုင်တော့ဘူး သူ့ အဖေမရှိတဲ့အချိန်ဆို သမီးနဲ့ အပြင်ထွက်ဆော့ပေးဖို့ မလွယ်ကူတော့ဘူး သမီးကို နို့ဖြတ်ဖို့ပြောကြပေမယ့် ကိုယ်ကတော့ သားလေးမွေးတဲ့အထိ လည်း သူစို့ချင်ရင်ဆက်တိုက်ဖို့ စဉ်းစားပြီး နို့မဖြတ်ဖြစ်ဘူး သမီးကိုရင်ခွင်ထဲသိပ်ပြီး အိပ်စေချင်သေးတယ်
ကိုယ်ဝန်ရင့်လာတော့နို့ရည်က အရင်လိုမထွက်တော့ဘူး သမီးလေး ညအိပ်ခါနီးမှသာ ချော့သိပ်ပြီး ငုံဖို့ဘဲ သူစို့တော့တယ်
သားလေး မွေးတဲ့ည မှာတော့ သမီးလေး တအားသနားဖို့ကောင်းတယ်
သူ့အတွက် နားမလည်သေးတဲ့ အရာ သူ့အမေက သူ့ရှေ့မှာဘဲသူနဲ့မအိပ်ဘဲ သူမရင်းနှီးသေးတဲ့မောင်လေးနဲ့ အိပ်နေတာ နို့တိုက်နေတာမြင်တော့ သူငိုတယ်
အမေဆီလာချင်တယ် အမေနို့စို့ချင်လို့ အသည်းအသန်ငိုတယ် ကိုယ်လည်း အရမ်းခံစားရတယ် ဒီလိုကြိုတွေးထားပေမယ့် တကယ်ဖြစ်လာတော့ ခံနိုင်ရည်မရှိခဲ့ဘူး
အဲ့ဒီညတော့ သူ့ Pa Pa နဲ့ ကျောပိုးပြီး မနက် ၃ နာရိီလောက်မှာ ငိုပြီး အသံတွေဝင်ပြီးမှ အိပ်ပျော်သွားရှာတယ်..
နောက်ရက်တွေတော့ သမီးလေးကို သူ့ Pa Pa နဲ့ ဆေးရုံနားကတည်းခိုခန်းမှာညအိပ်ခိုင်းကြည့်တယ် တခါထဲနို့ဖြတ်ဖို့ကြိုစားကြမလားဆိုပြီး ..တည်းခိုခန်းမှာနေတဲ့အချိန်တော့ သူ့နို့ဗူးလေး စို့ပြီး အိပ်သွားတယ်တဲ့ ..သမီးလေးပုံကြည့်ပြီး ဆေးရုံကနေ မအိပ်နိုင်ဘဲမျက်ရည်ကျနေမိတယ်
အဲ့အချိန်တွေမှာသမီးလေးရဲ့ အရင်ပုံလေးတွေခနခနထုတ်ကြည့်မိတယ် သမီးလေးမွေးတုန်းက အချိန်တွေ အရမ်းသတိရမိတယ်.. သမီးလေးကို လွမ်းလိုက်တာ..
ဆေးရုံဆင်းတော့ သမီးလေးက သူ့အိမ်သူ့အိပ်ရာပြန်ရောက်တော့အရင် နို့မစို့တော့ရာကနေ နို့ပြန်တောင်းလာတယ် ကိုယ်လည်း သမီးလေးနဲ့အရင်လိုနီးနီးကပ်ကပ် နေချင်သေးတယ် ဆိုပြီး နို့ပြန်တိုက်တယ် နို့ကထွက်တော့သမီးလေး အရင်ကိုယ်ဝန်နဲ့တုန်းက နို့မစို့သလောက်ကနေ အခုနို့ကိုမကြာခနစို့လာတယ်
သားငယ်တလှည့်သမီးတလှည့် တိုက်ရတယ် နောက်တော့ တယောက်တဖက်ဆီ တိုက်ရတယ်
အဲ့လိုအဆင်ပြေရင်တော့ ဆက်တိုက်မယ်ဆိုပြီး အားတင်းထားပေမယ့် သမီးလေးက သားလေးစို့တဲ့အချိန် တခါတလေငိုတာတွေ သူ့စို့ထားတဲ့ဖက် သားလေးတိုက်ဖို့ နို့ပြန်ဆေးရတာတွေ ညဘက်တွေမှာ သမီးက အိပ်ပြီးစို့ချင်လာတာတွေကြောင့်စိတ်ခိုင်ခ်ိုင်ထားပြီး နို့ဖြတ်ဖို့လုပ်ရတော့တယ်
နို့ဖြတ်တဲ့ညကလည်း တအားငိုတာပါဘဲ
အဖိုးအဖွားတွေက အားပေးပါတယ် ဒီလိုပါဘဲ ဖြစ်တတ်ကြပါတယ် အဆင်ပြေသွားမှာပါဆိုပြီး
သူများတွေနို့ဖြတ်တဲ့အချိန်က အမေ ကအနားမှာနေပြီး ချော့သိပ်ပြီး ဖြတ်ကြတယ် အခုက အမေက ကလေးနောက်တယောက်နဲ့ဆိုတော့ နို့ဖြတ်တဲ့အချိန် သမီးလေးအနားမှာ မရှိပေးနိုင်ဘူး သမီးကို မချော့ပေးနိုင်ဘူး သမီးမမြင်အောင် ပုန်းနေရတဲ့ ခန ...သမီးလေးငိုသံကို တခြားအခန်းကနေ ကြားနေရတာ ကိုယ်ပါလိုက်ငိုမိပြီး သမီးလေးဆီရောက်ရောက်သွားတယ် ဒီလိုနဲ့နို့ဖြတ်တာလည်း ၃ ရက်လောက်အချိန်ပြန်ယူရတယ်
နို့ဖြတ်ပြီးနောက် အခက်အခဲတခုက ညအိပ်တဲ့အခါ သမီးလေးက တရေးနိုးနိုးလာရင် အမေကိုလာဖက်တာ..သားလေးနို့တိုက်ချိန်နဲ့ကြုံနေရင် ငိုပြီးဂျီကျတော့ အဆင်မပြေပြန်ဘူး
သားလေးငိုရင်လည်းသူကနိုးမှာ​ကြောက်ရနဲ့ နောက်ဆုံးတော့ အိပ်ရာခွဲအိပ်ကြမယ်ဆိုပြီး သမီးက သူ့ Pa Pa နဲ့အိပ်ရတယ်
Pa Pa ရှိတဲ့အချိန် အဆင်ပြေတယ် တခါတလေ တရေးနိုးလာရင် Nu Nuဆိုပြီး အမေရှိတဲ့အခန်းကိုရောက်လာရော..ဒါပေမယ့် Pa Pa နဲ့ပြန်အိပ်လို့ရတော့တော်သေးတယ်
Pa Pa မရှိတဲ့အချိန်ဆိုရင်တော့ ဒုက္ခရောက်တာပေါ့..တရေးနိုးရင် Pa Pa ဆိုပြီးငိုတတ်နေပြီ ..
တခုခုဆို NuNu Aww (Nu Nu ရေ)ဆိုပြီး ပြောတတ်နေပြီ..ဒီနေ့သမီးလေးကာကွယ်ဆေးထိုးတယ်၁နှစ်ခွဲ dose ကိုအကြောင်းအမျိုးမျိုးကြောင့် နောက်ကျမှသွားထိုးဖြစ်တယ်..သမီးလေးကဆေးမထိုးခင်ကဂျီကျပြီး အမေကိုဆွဲခေါ်ပြီး အပြင်ဘဲသွားချင်နေတယ်
မေမေကလည်း သမီးကို မလိုက်လျောပေးနိုင် သမီးလေးငိုနေတာကြည့်ပြီးငိုချင်လာတယ် ..ဆေးတကယ်ထိုးတော့သမီးကထင်တာထက် ခံနိုင်ရည်ရှိနေတယ်..ပထမတချက်မှာမငိုဘူး..ဒုတိယတချက်မှငိုတယ်..သူ့ထက် မေမေကတော့အရင်ငိုနှင့်နေပြီ..သမီးလေးကာကွယ်ဆေးထိုးထားတဲ့နေ့မှာသမီးလေးကို အရိပ်တကြည့်ကြည့်မနေပေးနိုင်မိဘူး..ညနေစာထမင်းကျွေးတဲ့သူ့မမက MK တအားအိပ်ချင်ပြီထင်တယ်ပြောလာမှ သမီးလေးကိုသွားကြည့်မိတော့အဖျားတက်နေပြီ..သမီးလေးကိုမြန်မြန်ဆေးတိုက် နို့ဖျော်ပြီး အိပ်ရာထဲသိပ်ရတယ် ..နေမကောင်းလို့ထင်ပါတယ်..ခနငိုပြီး အိပ်ပျော်သွားတယ်..သမီးလေးရဲ့တနေ့တာ မှာ Nu Nu နဲ့အချိန်ယူချင်ပေမယ့် မပေးနိုင်တာရှိရင် တောင်းပန်ပါတယ် သမီးလေး Mk ရေ..သမီးလေးနဲ့သားလေးအတွက် Nu Nu အကောင်းဆုံးကြိုးစားမယ်နော်
Mk နဲ့ ZM ကို Nu Nu နဲ့ Pa Pa အရမ်းချစ်တယ်နော်

15/06/2023

အဖေ့ကို အလဲ ထိုးဖို့ အဖေမသိအောင် scrabble ဆော့ကျင့်နေတယ်ပေါ့… 🙄
ဘယ်ရမလဲ… တပွဲတလမ်း ဆော့ကြသေးတာပေါ့ သမီးရယ်… ဟင်း ဟင််း…😁🥰

14/06/2023

အဲလောက် ချဉ်တဲ့ ချဉ်ပေါင်ဟင်းရည်ကို ဘယ်သူက အတင်းတိုက်လို့ အတင်းကို သောက်နေရတာတုန်း သမီးရဲ့… 🥰😍😁

“သမီးရေ… အရုပ်ကလေးပြီးရင် ဖေဖေ့ ခေါင်းကို ရော ဖီးပေးပါဦး…” လို့ပဲပြောမိတာပါ…အဲဒါကို လက်ညှိုးနဲ့ ပါးလေးပုတ်ပြီး စဉ်းစားရသ...
31/05/2023

“သမီးရေ… အရုပ်ကလေးပြီးရင် ဖေဖေ့ ခေါင်းကို ရော ဖီးပေးပါဦး…” လို့ပဲပြောမိတာပါ…

အဲဒါကို လက်ညှိုးနဲ့ ပါးလေးပုတ်ပြီး စဉ်းစားရသတဲ့လား သမီးရေ…

ပုံ

သူ့ ခွေးရုပ်လေးလောက်မှ အချစ်မခံရရှာသော အဖေ.. 😁

Playing with sands 😍🥰
29/05/2023

Playing with sands 😍🥰

21/05/2023

Watching TOTORO together with MK 🥰😍

သမီး… မနေ့ညက အဖျားတက်တယ်…Para suppo တွေ ထည့် … ဆေးတွေ တိုက်တာတောင် တည လုံး အဖျားက မကျနိုင်…ကျေးဇူးတော်ကြောင့် ဒီညနေ အဖျာ...
30/03/2023

သမီး… မနေ့ညက အဖျားတက်တယ်…

Para suppo တွေ ထည့် … ဆေးတွေ တိုက်တာတောင် တည လုံး အဖျားက မကျနိုင်…

ကျေးဇူးတော်ကြောင့် ဒီညနေ အဖျား စကျလာတယ်…

သမီးရဲ့ ရီသံလေးတွေ ပြန်ကြားရတယ်…

သမီးရေ…
သမီးလေး လုံးဝနေပြန်ကောင်းဖို့ အဖေတို့ ဆုတောင်းတယ်…
ကျန်းမာကြံ့ခိုင်တဲ့ သမီးလေး ဖြစ်ဖို့ အဖေတို့ ထပ်ပြီး ဆုတောင်းတယ်…

ချစ်တယ် သမီး…

30-Mar-2023

Sunday School at CCF-Hakha 26-Mar-2023 | 7:30 A.M
28/03/2023

Sunday School at CCF-Hakha
26-Mar-2023 | 7:30 A.M

👓😍😁
27/03/2023

👓😍😁

ဒီနေ့ သမီးလေး နေပြန်ကောင်းလာပြီ… 😍😇MK မေမေကတော့ ပြောပါတယ်…“MK ဖေဖေ ခရီးထွက်တိုင်း MK လေး ဖျားတတ်တယ်…” တဲ့…စိတ်ထဲမှာတော့ ...
24/03/2023

ဒီနေ့ သမီးလေး နေပြန်ကောင်းလာပြီ… 😍😇

MK မေမေကတော့ ပြောပါတယ်…
“MK ဖေဖေ ခရီးထွက်တိုင်း MK လေး ဖျားတတ်တယ်…” တဲ့…

စိတ်ထဲမှာတော့ ရေရွတ်မိတယ်…
“MK လေးက မေမေထက် ဖေဖေကို ပိုချစ်လို့လေ…” လို့…

ဒါပေမယ့်ပေါ့…
သမီး မေမေ စိတ်ဆိုးမှာ ဆိုးလို့ မပြောဖြစ်ခဲ့ပါဘူး သမီးရေ.. 😉😁

ချစ်တယ် သမီး…

သမီးရေ…ပြီးခဲ့တဲ့ ရက်ပိုင်းလေးက အဖေ ရွာတရွာကို သွားခဲ့တယ်… ခိုက်မိပြီး အရိုးကြိုးတဲ့ လူနာလေးတွေ ကြည့်ဖို့ပါ…ရွာရောက်ပြီး...
23/03/2023

သမီးရေ…

ပြီးခဲ့တဲ့ ရက်ပိုင်းလေးက အဖေ ရွာတရွာကို သွားခဲ့တယ်…
ခိုက်မိပြီး အရိုးကြိုးတဲ့ လူနာလေးတွေ ကြည့်ဖို့ပါ…
ရွာရောက်ပြီး နောက်တရက် မှာ ရွာရဲ့ ဆေးခန်းက ခွဲခန်းထဲမှာ အဖေ ခွဲပေးခဲ့တယ်…
တရက်ထဲ မှာ လုပ်ရတဲ့ case က ၄ ခုလေးပါ…
ဒါပေမယ့် အဲဒီရွာအတွက် တနေ့ခင်းလုံး လူနာခွဲတာ/ခွဲခန်းဖွင့်ရတာ ဒါ ပထမဆုံး အကြိမ်ပါ.. တဲ့
အဖေခွဲပေး လုပ်ပေးတဲ့ case နဲ့ procedures တွေမမြင်ဖူးကြဘူး… တဲ့

ဘာပဲ ဖြစ်ဖြစ် အဲဒီနေ့ 21-Mar-2023 ကိုတော့ မှတ်တမ်းတင်ရမှာပါပဲ…
ရွာအတွက်ရော… အဖေ့အတွက်ရောပေါ့…

ရွာသွားမယ် ဆိုတော့ ဆိုင်ကယ် နဲ့ လာကြိုတယ်…
လမ်းဘေးက ရှူခင်းလေးတွေက လှမှလှ ပဲ သမီးရေ..
ဒီအကွေ့ပြီးရင် ဘာတွေ့ရမလဲ…
ကြိုမသိသလိုမျိုး… ပေါ့…
အဲဒါတွေကြည့်နေရင်း… ဆိုင်ကယ် မောင်းတဲ့သူကို စကားပြောနေမိတာပေါ့…
အဲဒါနဲ့ သူက အဖေ့ကို တခွန်းပဲ ပြန်ပြောတယ်…
အဖေ မမေ့တော့မယ့်စကားပေါ့…
“ရှေ့ကိုပဲကြည့်ရမှာ ဆရာ… ဘာတွေ့ရမလဲမသိဘူး… ကိုယ့်ရဲ့ ရန်သူတွေ ရှိချင်ရှိနေမှာ” တဲ့….

ဟုတ်တယ်သမီး…
ပန်းတိုင်တခုကို ဦးတည်သွားနေတဲ့အချိန်မှာ
ဘေးဘီထက်ရှေ့တူရှူကိုပဲ ကြည့်ပြီး ရှေ့ဆက်ခါမှ
ရည်မှန်းချက်ပန်းတိုင် တနေ့ ရောက်နိုင်မှာမဟုတ်လား သမီး…

ချစ်တယ် သမီး…

23-3-23

Address

Ral Er Street
Haka
03011

Website

Alerts

Be the first to know and let us send you an email when MK’s Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share