29/10/2021
copy
ဆံပင်နှင့် ပတ်သက်သည့် ဗဟုသုတများကို အခြေခံ၍ လွယ်ကူရှင်းလင်းစွာ နားလည်စေရန်နှင့် လိုရင်းတိုရှင်း မှတ်မိစေရန်အတွက် ဆောင်ရန်အချက်များကို အောက်ပါအတိုင်း စုစည်းတင်ပြအပ်ပါသည်။
၁။ ဆံပင်သန်စွမ်းစေရန် အဓိကလိုအပ်သည့် ပရိုတင်းဓာတ် ပြည့်ဝစေရန်အတွက် ကြက်ဥ၊ အသား၊ ငါးမျိုးစုံနှင့် ပဲမျိုးစုံတို့ကို စားသုံးပေးရန် လိုအပ်သည်။
၂။ ဆံပင်အတွက် အရေးပါသည့် သံဓာတ် အားကောင်းစေရန်အတွက် ထမင်းစားတိုင်း ဟင်းရွက်အစိမ်း တစ်မျိုးမျိုး စားဖြစ်အောင် ထည့်စားပါ။ မစားဖြစ်ပါက ကလိုရိုဖီးလ်ပါဝင်သော သဘာဝဖြည့်စွက်ဆေးဝါး ဥပမာ - ရေညှိစိမ်း (Chlorella)၊ အယ်လ်ဖာဖာ (Alfalfa)၊ ဂျုံမြက်နု (Wheatgrass) ကြိုက်ရာတစ်ခုခုကို နေ့စဉ် ဖြည့်စွက်မှီဝဲနိုင်ပါသည်။
၃။ အရည်ရွှမ်းပြီး ချဉ်သောသစ်သီးများကို စားသုံးပေးပါ။ သို့မဟုတ် ဗီတာမင်စီ ဖြည့်စွက်ဆေးဝါးများ သုံးစွဲပါ။
၄။ သွပ်ဓာတ်ပါဝင်သည့် အစားအစာများ (ဂုံးကောင်၊ ပြည်ကြီးငါး)၊ အခွံမာအသီးများနှင့် အစေ့အဆံ များကိုလည်း အလျဉ်းသင့်သလို စားသင့်ပါသည်။ သို့မဟုတ် သွပ်ဓာတ်ပါဝင်သော ဖြည့်စွက်ဆေးဝါး များ သုံးစွဲပါ။
၅။ ဆံပင်မည်းလိုသူများအနေနှင့် ဆံပင်ပိုမည်းစေသည့် တိုင်ရိုစင်း ပါဝင်မှုများသော အစားအစာများ ဖြစ်သည့် နွားနို့၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ရွှေဖရုံစေ့တို့ကို မကြာခဏစားပေးရပါမည်။ ဆံပင်ဖြူခြင်းအပေါ် ဟန့်တားသက်ရောက်မှု အာနိသင်ရှိသော သဘာဝဆေးဖက်ဝင်အပင်များ (ဥပမာ ချင်းနက်၊ ဆင်တုံးမနွယ်၊ ကမ္ဘာဦးပင်) မှ ထုတ်လုပ်ထားသည့် သဘာဝဆေးဝါးများကို မှီဝဲနိုင်သည်။
၆။ ဆံပင်ခြောက်သွေ့ခြင်းမှ ကာကွယ်ရန် အိုမီဂါ-၃ ပါဝင်သည့် ငါးကြီးဆီ၊ နှမ်းကြတ်ဆီ၊ အီးပီအိုတို့ ပါဝင်သော ဖြည့်စွက်ဆေးဝါးများကိုလည်း မှီဝဲသင့်သည်။
၇။ ပရိုဘိုင်အိုတစ်ကို ပုံမှန်မှီဝဲခြင်းဖြင့် အော်တိုအင်မြူးကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်းကို သက်သာစေသည်။
၈။ အသက်ကြီးသော အမျိုးသားများတွင် တက်စ်ထရိုစတီရုန်းဟော်မုန်း လျော့နည်းလာခြင်းကြောင့် ဖြစ်သော ဆံပင်များကျွတ်ပြီး ထိပ်ပြောင်ခြင်းကို ကြိုတင်ကာကွယ်ရန် သဘာဝဆေးဝါးများ (ဥပမာ -Bee pollen, Saw palmetto) ကို သောက်သုံးနိုင်ပါသည်။ ထို့အပြင် ဗီတာမင်ဘီကွန်ပလက်စ် ပါဝင်သော ဖြည့်စွက်ဆေးဝါးများ နှင့် အင်တီအောက်စီဒင့် ကြွယ်ဝသော အစားအစာများ သို့မဟုတ် ဖြည့်စွက်ဆေးဝါးများ ( ဥပမာ - Completec®) တို့ကို မှီဝဲနိုင်သည်။
၉။ နံနက်ခင်း နေရောင်ခြည်အောက်တွင် တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ကို လုပ်ပေးပါ။ နေ့လယ်ဘက် နေရောင်ခြည်ထဲသွားလျှင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုမှ လျော့နည်းစေရန် ထီး၊ ဦးထုပ် စသည်တို့ကို ဆောင်းထားပေးပါ။
၁၀။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ရန်လိုသည်။ တရားထိုင်ခြင်းသည် များစွာ အကျိုးရှိပါသည်။
၁၁။ ဆံပင်တွင် ဖုန်မှုန့်၊ မှိုများ၊ ဘက်တီးရီးယားများ စသည်တို့ ကပ်ပါနေနိုင်ခြင်းတို့ကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်၍ ရေမှန်မှန်ချိုးခြင်း၊ ခေါင်းမှန်မှန်လျှော်ခြင်း၊ အိပ်ရာခင်း၊ မွေ့ရာစွပ်၊ ခေါင်းအုံးစွပ်၊ စောင်တို့ကို မကြာခဏ လဲလှယ်လျှော်ဖွပ်ခြင်းတို့ကို ပြုလုပ်ပေးရပါမည်။
၁၂။ ဗောက်ထလေ့ရှိသူများသည် ဆံပင်ကိုအတတ်နိုင်ဆုံး တိုအောင်ညှပ်ကာ နေ့စဉ် ခေါင်းလျှော်ရည်ဖြင့်လျှော်ပေးပြီး ခေါင်းကို သန့်ရှင်းစွာထားရန် အရေးကြီးသည်။ ရေနွေးကြမ်း (Green tea) သောက်ခြင်း သည် ဗောက်ထမှုကို သက်သာစေနိုင်သည်။
၁၃။ ခေါင်းလျှော်ပြီးနောက် ဆံပင်ကို ခြောက်သွေ့အောင် ပြုလုပ်ပေးသော ဆံပင်လေမှုတ်စက်များ အသုံးပြုရာတွင် ဦးခေါင်းနှင့်ခပ်ခွာခွာ အသုံးပြုပေးသင့်သည်။
၁၄။ အကယ်၍ ဘီးကိုအသုံးပြုရန် လိုအပ်ပါက အရည်အသွေးနှင့် အမျိုးအစား ကောင်းမွန်သော ဘီးကို ရွေးချယ်အသုံးပြုသင့်သည်။ ဘီးကို အမြဲတမ်းသန့်ရှင်းပေးရန် လိုအပ်သလို မကြာခဏ အသစ်လဲပြီး အသုံးပြုသင့်သည်။
၁၅။ အကယ်၍ ဆံပင်ကို ဆေးဆိုးမည်ဆိုပါက မည်သည့် ဆံပင်ဆိုးဆေးပစ္စည်းကိုမဆို အသုံးပြုမည် ဆိုလျှင် တည့်/မတည့်သိစေရန် ပထမဦးဆုံး အရေပြားတွင်စမ်းသပ်ခြင်းကို မဖြစ်မနေ ပြုလုပ်ပေးသင့် သည်။ ဓာတုနည်းဖြင့် ပြုလုပ်ထားသော ဆိုးဆေးများထက် သဘာဝအပင်မှရသည့် ဆိုးဆေးများ (အထူးသဖြင့် အရောင်အနုများ) ကိုသာ ရွေးချယ်အသုံးပြုစေလိုသည်။
၁၆။ နိုင်ငံခြားလိမ်းဆေး၊ သောက်ဆေးများကို အသုံးပြုမည်ဆိုပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ အသုံးပြုရန်နှင့် ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်ရန် ဖြစ်သည်။
ဒေါက်တာခင်မောင်လွင် (FAME)
Telegram
https://t.me/famepharmaceuticals
https://t.me/famepharma