Green Future Supplements

Green Future Supplements Supplements ဝယ်ယူဖို့ဆိုရင် Green Future (GF)ကိုသတိရလိုက်ပါနော်။

Super B complex B group of vitamins ကို မှီ ဝဲ ဖို့ အရေးကြီး ပါ တယ်။ သောက် ပြီး ရင် ဆီး ထဲ မှာ ပါ သွား ပြီး ပိုက်ဆံ ကုန်...
17/03/2025

Super B complex
B group of vitamins ကို မှီ ဝဲ ဖို့ အရေးကြီး ပါ တယ်။
သောက် ပြီး ရင် ဆီး ထဲ မှာ ပါ သွား ပြီး ပိုက်ဆံ ကုန် တာ ပဲ အဖတ်တင်တယ်ဆိုတာမဟုတ်ပါဘူးဆိုတဲ့အကြောင်းရှင်း ပြ လို ပါ တယ်။

ခန္ဓာကိုယ် ထဲ ရှိ ဖွဲ့ စည်းပုံ အားလုံး ကောင်းမွန် စွာ အလုပ် လုပ် နိုင် ဖို့ လိုအပ် သည့် အရေးကြီး သော ဓာတု ဖြစ် စဉ် တစ်ခု မှာ methylation ဖြစ် ပါ တယ်။ခန္ဓာကိုယ် ထဲ ၌ အရေး ကြီး သော ဓာတု ဖြစ် စဉ် ဖြစ် ပါ တယ်။

ဒီ ဓာတု ဖြစ်စဉ် ဟာ

၁. ဗီဇ တွေ ကို ပြန် လည် ပြု ပြင် နိုင် စွမ်း ရှိ ပါ တယ်။ဗီဇ တွေ သန္ဓေပြောင်း လဲ သွား တတ် ခြင်း ( genetic mutation ) ဟာ လည်း ရောဂါတွေ ဖြစ် ကြောင်း အထူးသဖြင့် ကင်ဆာ ရောဂါ တွေ ဖြစ် ကြောင်း မှာ အရေး ကြီး တဲ့ အခန်း ကနေ ပါ ဝင်နေ လို့ ဖြစ် ပါ တယ်။

၂.Homocysteine လို့ ခေါ် တဲ့ သွေးကြော နံရံ တွေ ကို ယောင်ကိုင်း ပျက်စီးစေ တတ်တဲ့ ဒြပ်ကိုလဲ ချုပ်ကိုင်ထားပါတယ်။

၃. ခန္ဓာကိုယ်တွင်း အဆိပ် များ ထုတ် ပစ်ခြင်း လို့ ခေါ် တဲ့ detoxification မှာ အသုံး ချ သည့် ဒြပ်များ ကို လည်း ထပ်မံ အသုံး ပြု နိုင် ရန် ဆောင် ရွက် ပေး ပါ သည်။

၄.စိတ် နေ စိတ်ထား၊ စိတ်နေ သဘောထား များ ကို လည်း ပုံမှန် ဖြစ် နေ ရ အောင်ထိန်းသိမ်း ပေး ထား ပါ တယ်။ အထူး သဖြင့် Niacin.

၅. ခန္ဓာကိုယ် ယောင် ကိုင်း ခြင်း ကို လည်း ထိန်းထား ပေး နိုင် ပါ တယ်။
ဒီ ဓာတု ဖြစ် စဉ် တည်း ဟူ သော methylation process ကောင်းမွန် မှန်ကန် စွာဖြစ် နေ ရေး မှာခန္ဓာကိုယ်ထဲမှာ B group of vitamins ဟာ အကောင်းဆုံး အနေအထား ရှိ သည့်အဆင့် မှာ ရှိ နေ ရ မှာ ဖြစ် ပါ တယ်။

ဒီ ဗီတာမင် အုပ်စု လျော့ပါးသွားတာနှင့်အမျှ ကျန်းမာရေး အတွက် ကြီးမားလှသောဘေးဆိုက်ရောက်တတ်ပါတယ်။

ကိုယ်ဝန် ဆောင် မိခင် များ မှာ ဒီ ဗီတာမင်အုပ်စုလျော့ပါး သွား လျှင် Spina bifida,ကိုယ်ဝန်ပျက်ကျ ခြင်း၊ ဗီဇမမှန်ပဲမွေး လာ သော ကလေး များ ( ဥပမာ Down’s syndrome) နှုတ် ခမ်းကွဲ၊ အာခေါင်ကွဲများ စသည်ဖြင့် ဖြစ် နိုင် ပါ တယ်။

ကျွန်မ တို့ မြန်မာ နိုင်ငံမှာလည်း ဒီ လို အင်္ဂါ ချို့ တဲ့ မှု တွေ ဟာ များ လှ ပါ တယ်။ဖြစ် ပြီး မှ ပြန် လည် ခွဲစိတ် ပေး ရ တာ ငွေ အကုန် အကျ အလွန် ပို များ လှ ပါ တယ်။

အခြားရောဂါ မျိုးစုံ တွေ ဖြစ် ကြောင်း ရဲ့ အကြောင်း တစ်ပါး လည်း ဖြစ် ပါ တယ်။
( အထူး သဖြင့် နှလုံးသွေးကြော ပိတ် ရောဂါ )

ဒီ ဓာတု ဖြစ် စဉ် ကို အနှောက် အယှက် ပေး တတ် သည့် အရာ များ မှာ ———

၁. ဗီဇ

၂. အာဟာရ ဓာတ် များ ချို့ တဲ့ ခြင်း
ဒီ ဗီတာမင် အုပ်စု ဟာ အရွက်စိမ်း များ၊ အသီး များ၊

ကြက်ဥနှစ်၊ အသား၊ အသည်း၊ အဆီများ သည့် ငါး များ မှာ ပါ ဝင် နေ ပါ တယ်။

၃. ဆေးလိပ် သောက် ခြင်း
ဆေး လိပ် အငွေ့ မှာ ပါ သည့် carbon monoxide ဟာ vitamin B6 ရဲ့ အာနိသင်ကို ပြယ် စေ ပါ တယ်။

၄. အူမှ စုတ်ယူ အား ကျဆင်း နေ ခြင်း

၅. အစာသစ် အိမ် ထဲ အက်စစ် ဓာတ် နည်း နေ ခြင်း

၆. ဓာတု ဆေးဝါး များ
Acid blockers, methotrexate, သန္ဓေ တားဆေး များ၊ ဆီးဆေး ၊ တက် တတ်သော ရောဂါ အတွက် သောက် ဆေး များ ဟာ B group of vitamins ကို ကျ ဆင်းစေ ပါ တယ်။

၇. ကျေက်ကပ် အလုပ် မလုပ် တော့ ခြင်း၊ thyroid ဟော်မုန်း ကျ ဆင်း ခြင်း၊ ကင်ဆာ ရောဂါ ကိုယ်ဝန် ဆောင်စဉ်ကာလ
မှာလည်း ဗီ တာ မင် ဓာတ် တွေ နည်း လာ တတ် ပါ တယ်။

၈. ပတ်ဝန်းကျင် အဆိပ် များ က လည်း ဗီတာမင် ဓာတ် ကို လျော့ ပါး စေ ပါ တယ်။

ဒီ အချက် တွေ ကို ဂရု တ စိုက် ထား မယ် ဆို ရင် ခန္ဓာကိုယ် တွင်း အလွန် အရေး ကြီး သော ဓာတု ဖြစ် စဉ် ကို စောင့် ရှောက် နိုင် မှာ ဖြစ် ပါ တယ်။

ဗီတာမင် သောက် စရာ မလို ဖူးဆို တဲ့ အယူ အဆ ကို ထောက် ပြ တာ သာ ဖြစ် ပါ တယ်။

B group of vitamins ဟာ ဘယ် လောက် အရေး ကြီး တယ် ဆို တာ ကို လဲပြော ပြ ချင် လို့ ဖြစ် ပါ တယ်။

အထူး သဖြင့် အရေး ကြီး တာ တွေ က တော့ ———

Methyl cobalamin B12 ( ဝယ် သည့် အခါ သတိ ထား ပြီး methyl group ပါ တာ ဝယ် ရ ပါ မယ် )

Optimized folate B9

B6 in the form of p5p

ဖြစ် ပါ တယ်။

အကောင်းဆုံး က တော့ B group of vitamins ကို သောက် လိုက် ပါ။

There are eight types of vitamin B:
thiamin (B1)
riboflavin.
niacin.
pantothenic acid.
biotin.
vitamin B6
folate
vitamin B12

မိမိ ကိုယ် ကို စောင့် ရှောက် သူ များ ဖြစ် နိုင် ကြ ပါ စေ။

crd: to a better health

16/02/2025

အလိမ္မာစာမှာရှိတဲ့နော်

မနေ့ကဦးလေး တစ်ဦးငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်ပါတယ် သူမကွယ်လွန်မီဆေးရုံမှာ ၂ပါတ် လောက်တတ်နေခဲ့ရလို လူနာစောင့်ရင်း ဘေးပါတ်၀န်းကျင် လူနာများ ကိုလေ့လာမိပါတယ် ငယ်သူငယ်ချင်း ဆရာ၀န်များနဲ့တွေ့ဆုံစကားပြောခွင့်ရခဲ့တာတော့ အမြတ်ပေါ့ သူငယ်ချင်းများမတွေ့တာကြာပြီကိုး အခုမှမမျှော်လင်ပဲတွေ့ရတာ သူက လဲ အားရ၀မ်း သာ သူ့အလုပ်ချိန်လေး ဖဲ့ ပြီး ကိုယ်နဲ့ စကားပြောပေး တာ နေ့စဉ်ဦးလေးကို အထူးဂ၇ုစိုက်ပေးတာ အလွန်ကျေးဇူး တင်ပါတယ် သူနဲ့ ပြောမိတဲ့အထဲမှာတော့ ငယ်ကအကြောင်း သူငယ်ချင်းများ အကြောင်းနဲ့ ရောက်မိရောက်ရာအားလုံးပါ အဲဒီထဲကမှ ဦးလေးနဲ့ ပါတ်သက်တာလေးတွေ သူလိုအလား တူရောဂါလေးတွေအကြောင်းလဲ ပါ ပါတယ် ဦးလေးရောဂါက ဆီးချိုက အခြေခံတဲ့ ရောဂါပါ ကျွမ်းမှသိရပြီး သိတဲ့အချိန်မှာ သွေးတိုး နှစ်လုံး နဲ့ကျောက်ကပ်ပါ မကောင်းတော့ပါ ဆရာ၀န် ဆရာမများလဲ ကြိုးစားကြပေမဲ့ ရောက်တဲ့အချိန်မှာ ကျောက်ကပ် က တော်တော်ဆိုးနေပါပြီ ခွဲစိတ် ကုသဖို့ကလဲ ဆီးချိုကအလွန် အကျွံတတ်နေ တော့ ခွဲမရ နဲ့ နောက်ဆုံးတော့ ဘ၀တစ်ပါးပြောင်း ရရှာပါတယ် အသက် ၅၀ ဆိုတာ နေမယ်ဆိုနေလို့များစွာရပါသေးတယ်
သူလိုမျိုးဆီးချို သွေးတိုး နှစ်လုံးသမားတွေများစွာတွေ့ရပါတယ် အစားအသောက် မဆင်ခြင် တာက အဓိကပါတဲ့ သွေးတိုး ဆီးချိုက မြန်မာပြည်မှာ အလွန်အဖြစ်များ ပါတယ်တဲ့ သူတို့ဖြစ်ပြီးရင် နောက်ဆက်တွဲတွေ ၉၆ ပါးရောဂါပါ ၀င်လာတော့တာပါပဲ အစားအသောက်ဆို လို့ဘယ်လိုအစားအသောက်များလဲ မေးကြည့်တော့ အဓိကက အချိုမှု့န်ပါတဲ့ အလွန်အကျွှ့ ံစားလို့ဖြစ်တာပါတဲ့ နောက်တစ်ခု က မသန့်ရှင်းတဲ့အစားအစာ ထုတ်လုပ်မှူ့မသန်းရှင်းလို့ ပါတဲ့
အချိုမှု့န်ဆိုလို့အချိုမှု့န့်ကိုစိတ်၀င်စားပြီးကိုယ်နိုင်သလောက် လေ့လာမိပါတယ် အချို့မှု့န် Monsodium Glutamate (MSG) ကို 1908 ခုနှစ်ကတဲကစတင်ထုတ်လုပ်ပြီးတော့ သုံးစွဲခဲ့ကြာတာပါ သူက အဓိကက အစားအသောက်များရဲ့အရသာကို ဓါတ်တိုးပွါးပြီး အရသာပိုမို လေးပင် ပြီး လူ့အာရုံကပိုမို ခံစားနိုင်စေဖို့ပါ သူ့စထုတ်ခါစမှာတော့ သဘာ၀ ကို အခြေံထုတ် လုပ်ကြပါတယ် သူ ဓါတ်သဘာ၀က amino acid ပါ ပဲ သူ့ကို သဘာ၀ပစ္စည်း စားစရာတော်တော်များများမှာ လဲ တွေ့ရပါတယ် အမဲရိုး ဆိတ်ရိုးတို့မှာ ၊ မှီု တို ှ့၊ Soybean တို့Konbu (Kelp) တို့, အာတလွတ် ဥ တို့ တော်တော်များများ မှာသဘာ၀ ပါပါတယ် ပထမပိုင်းမှာ လူကို အကျိုးပြု ပစ္စည်းအဖြစ် ဟင်းလျာတိုင်း မှာသုံးစွဲကြပါတယ်
1980 ပြည့်နှစ်နောက်ပိုင်း များမှာ သူ့ကို ဓါတု ဗေဒနည်းပညာ များနဲ့ပေါင်းစပ် ထုတ်လုပ် ပြီး ဓါတု တစ်၀က် သဘာ၀ တစ်၀က် အဲဒီ နောက်မှာမှ စျေးသက် သာစေဖို့ နဲ့ စားသောက် ကုန်စစ်ဆေးမှူ့ အားနဲ့တဲ့ နိုင်ငံ များ အတွက် စျေးပေါပေါနဲ့ သုံးစွဲလို သူ စျေးကွက် အတွက် အားလုံး 100 % ဓါတု (ဓါတုတောင် အပေါစား အကောင်းစား တွေ ကွဲပါသေးတယ် )ဓါတုဗေဒနည်း များနဲ့သာ သက်သာ ရင်ပြီးရော ထုတ်လုပ် လိုက်ကြတော့ နောက်ပိုင်းမှာ လူကို အန္တရယ်ဖြစ် စေတဲ့ စားစရာဖြစ် လာစေပါတယ် ဓါတု 100 % နဲ့ထုတ်တဲ့ MSG ဟာ စျေးပေါသလို ထုတ်လုပ်ရ လွယ်ကူပါတယ် လူကိုလဲ စွဲလန်း စေပါတယ် သူ့စားနေကျ သူဟာ သူမပါပဲ စားလိုက်ရင် အရသာမရှိ သလိုဖြစ်နေပါတယ် ဖြတ်လို့မရအောင် ဖြစ်စေ တာကြောင့် သူစားသုံးမှူ့စျေးကွက်ဟာ တိုးတိုးလာပါတယ် MSG ဟာ အသား ပါတဲ့ စားစရာများကို အလွယ်တကူ မပုတ်သိုးစေ တာလဲ သူ့အားသာချက်ဖြစ် လာ ပါတယ် ကြာရှည်ခံ ထားတဲ့ အခြောက်စားစရာအားလုံးမှာ ရယ်ဒီမိတ် စားစရာ အားလုံးမှာ သူ ပါပါ တယ် အဲဒါတွေ ချက်ရင် အချိုန်မှု့န့် ထပ် မထည့်သင့်ပါ ဒီနေရာမှာ သကြား နဲ့ သံပုရာတို့ကလဲ glumate ထဲ ပါပါတယ် သူက သဘာ၀ မို့အန္တရယ် ကင်းနေ တာပါ ဒါတောင် များများစားရင် သူလဲ ဓါတ်သဘာ၀အရ Glumate ပါ
အချို မှု့န့်က နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးတွင် ကျယ်သွားခဲ့ပါတယ် သုံးစွဲမှု့အများဆုံးက ပထမ မှာ အာရှ တိုက်ဖြစ်ပေမဲ့ နောက်ပိုင်းမှာ မြောက်အမေရိက အာဖရိက တို့မှာ အလွန် ရောင်းအား ကောင်းတဲ့ စျေးကွက်ဖြစ်ခဲ့ပါတယ် ယခုတိုင်ပါ အာရှမှာတော့ အသုံးအများဆုံးက မြန်မာ ပါ လို့ပြောလို့ရအောင် ပါပဲ နယ်စပ်များ မှထုတ် လုပ်ပြီး မြန်မာပြည်ကို နည်းမျိုးစုံနဲ့ ၀င်ရောက်နေပါတယ် ပီနံအိတ်များနဲ့ထည့်ပြီး တော့ ကို ဘုန်းပေါလအောစျေးပေါပေါ နဲ့ ထုတ်လုပ်ရောင်းချနေတာပါ ဥရောပ နိုင်ငံအချိုနဲ့ အာရှက ဂျပန် လိုနိုင်ငံများကတော့ အချိုမှု့န်ကို ထုတ်လုပ်ကြ သုံးကြပေမဲ့ 100% ဓါတု ကထုတ်တဲ့ အချိုမှု့န်မဟုတ်ပဲ သဘာ၀ နဲ့ နည်းပညာပေါင်း စပ်ထား တဲ့အချိုမှု့န်လိုမျိုးကို သာ သုံးကြ ပါတယ်
ဂျပန်နဲ့ သြစတေးလျ ကထုတ်တဲ့ အချိုမှု့န်က ကမ္ဘာ မှာစားသောက်ကုန် အဖွဲ့အားလုံးက ကခွင့်ပြု ထားပါတယ် အဲဒီ MSG ကိုတော့ အမရိကန် ဥရောပနီင်ငံများနဲ့ ဂျပန်ကို တင်သွင်းပါတယ် ဂျပန် တို့ဥရောပ နိုင်ငံတို့ကို သွင်းတဲ့MSG ကအများစုက သြစတေး လျ က ထုတ် တာပါ ဟင်းလျာတို့မှာ တိုက်ရိုက် ထည့်ချက်တာ နဲ ပေမဲ့ ကြာရှည်ခံ ရယ်ဒီမိတ် စားသောက်ကုန် တွေမှာ သူ့ကိုအနဲ အများ သုံးရတာပဲ မို့ သူ့ရဲ့စျေးကွက် က ရှိနေ ပါတယ် ဒါပေမဲ့ မြန်မာပြည် က စျေးကွက် မှာရှိတဲ့ အပေါစား MSG မဟုတ်ပါ အဲဒါကြောင့် သူလဲ စျေး အမျိုးအမျိုး ကွဲနေတာပါ ဂျပန်ကလာတဲ့ အစစ် အမှန်တံဆိပ်နဲ့ AJINOMOTO MSG လဲ တစ်ချို့ဂျပန်ပစည်း ရောင်းတဲ့ ကုန်တိုက်တွေမှာ ရှိပါတယ် စျေးက အရမ်းများ ပါတယ် စားသုံးရင် အရသာလဲ မတူပါ အဲဒါက သကြား ထည့်ချက်တ ဲ့ အရသာနဲ့ ဆင်ပြီး မြန်မာပြည် စျေးကွက် က တံဆိပ်မျိုးစုံ နဲ့ အချိုမှု့န်များ ထည့်ချက်ရင် ရတဲ့ အရသာက ဆေးသကြား အရသာ ခါးချို ပါ တစ်ခုခု ချွဲကျိကျိ အရသာ တစ်မျိုး ထွက် နေပါတယ် အစားများ ရင် ရေငတ် ပြီး လည်ပင်း မျက်နှာ တို့မှာ အနီကွက် ငယ်များ ထွက်စေပါတယ် အထိုင်အထ လေးလံစေပါတယ် မြန်မာပြည် စျေးကွက် က ဟင်းခတ်မှု့န့်များမှာ သူ့ကို ကြိတ်ပြီး ရောထည့်ထားတာ ဖြူဖြူ လေးတွေ မြင်ရ ပါတယ် မှန်ကွဲ စလေးတွေ လိုပါ အဲဒီ ဓါတု အချိုမှု့န်များက အသား ၁ကီလိုမှာ အချိမှု့န် ကော်ဖီဖျော်ဇွန်း ငယ် တစ်ဇွန်းထက်ပို ရင် လူခန္ဒာကိုယ် က စွန့်ပစ် ပစည်းများနဲ့ ပြန်မစွန့်နိုင်တော့ပါ ပုံမှန်က လူ့ခန္ဒာကိုယ်က စွန့်ပစ်ပစည်းဆီး ၀မ်း ချွေးတို့နဲ့အတူပြန် ထုတ်ပါတယ် သူ့ထက်များရင်တော့ မစွန့် နိုင်ပဲ ကိုယ်ထဲကျန်နေ ပါတယ် ဆီးချိုမဖြစ်အောင် ထိမ်းညှိပေးတဲ့ ခန္ဒာကိုယ်မှ သဘာ၀ ထုတ်ပေးတဲ့ အင်ဆူလင် ဟော်မုန်း (Insulin) ၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ပေးပါတယ် သူ့အစားများရင် ဆီးချို သေချာပေါက် ဖြစ်စေမယ်လို ဆိုလိုတာပါ အစားအလွန စားချင် စိတ်ဖြစ် စေပြီး အ၀ လွန်စေပါတယ် အ၀လွန်ခြင်း အဆီများ စုခြင်းကိုချေဖျက်တဲ့ဓါတ်ကို ဖျက်ဆီးလို့အ၀လွန်စေပါတယ် အ၀လွန် လို့သွေးတိုး နလုံး သွေးကြောပိတ်တွေဖြစ်စေတာပါ ဦးနှောက်ဆဲများကို ပျက်စီး ယိုယွင်းစေပါတယ် မိခင် အစားများရင် မွေးကင်းစ ကလေးတွေကို ထိခိုက်ပါတယ်
အဓိကက တော့ Medulla oblongata , thalamus, Or hypothalamus ဆိုတဲ့ ဦးနှောက် အာရုံကြောအစိတ်အပိုင်းများပျက်စီးစေပါတယ် မျိုးပွါးစွမ်းရည်ကျဆင်းစေပါတယ် အချိုမှုန့်များ သွားခဲ့ရင် အစားစားပြီး တာနဲ့ ခေါင်းကိုက်မူးဝေ ဗိုက်အောင့် ခါးနာ ခြင်းများ ကို ရုတ်တရက်ြဖစ်စေပါတယ်
ဆားထည့်လို့ငန်တာကို အချိုမှု န့် ထပ်ထည့်တာ အန္တရယ် အလွန်များပါတယ် ဆားက Sodium Chloride အချိုမှု့န့်ရဲ့ဓါတ်က Monosodium Glutamate နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဖြစ်လို့ နှစ်ခု ပြိုင်စားရင် သွေးတွင်းဆိုဒီယမ် မြင့်တတ်ပြီး သွေး တိုးကြောင့်ချက်ချင်း ငေါက်ကနဲ ဖြစ်စေပါတယ် သွေးတိုးသမားများ သတိထားရမှာပါ
သူ့ကို ဘယ်လိုဖြတ်ကြမလဲ
သူ့ကိုလုံး၀မထည့်ပဲ သဘာ၀အတိုင်းစားနိုင် ရင်အကောင်းဆုံးပါ တစ်ခြား ပုဇွန်ခြောက်တို့တစ်ခြား ဟင်းခတ်မှု့န်တို့သုံးရင်တော့ ကောင်းတာပေါ့ သိပ်တော့မလွယ်ပါ ရေရှည်မှာ ကုန်ကျစရိတ်ထိခိုက်ပါတယ် တေ့နတိုင်း ရိုးလာရင် အစားအသောက်ပျက် အစာစား ချင်စိတ်မရှိ ဖြစ်တတ်ပါတယ် သူ့ကို လျော့စားလို့ရပါ တယ် သတိနဲ့ လျော့စားပါ သူပါရင် တော့အစား အသောက်မိန်စေပါတယ် သူ့ဓါတ်ကိုက ဖြစ်တာပါ အားသာချက်ပေါ့ အစာစား ချင်စိတ်လဲဖြစ်စေပါတယ် သူ့အားသာချက်ပါ ဒါပေမဲံအထက်ကပြောခဲ့သလို အသား ၁ကီလို မှာ ကော်ဖီဇွန်းတစ်ဇွန်းထက်ပိုရင် အန္တရယ်ဖြစ်စေပါပြီ မြန်မာပြည်ကတော့ အများကြီးထည့်သုံးတာပါ အသုတ်တစ်ပွဲမှာတောင် ၃ ၄ဇွန်းထည့်သုံတ်တာမြင်ဖူးပါတယ် ဆင်ခြင်ပါ စားသောက်ဆိုင်များပိုဆိုးပါတယ် နောက် တစ်ခုက MSG အကောင်းစားများ ရှိပါတယ် သဘာ၀နဲ့ ဓါတု ရောပြီးထုတ်လုပ် ထားတာလေးတွေ ပါ မြန်မာပြည်မှာတော့ ရှားပေမဲ့ထိုင်းနဲ့ တရုတ်မှာ စျေး ၅ဆ ၁၀ဆ လောက် ဟ အောင် ကွာတာလေး တွေရှိပါတယ် ပုံစံတူပါပဲ စျေးပဲကွဲနေတာ ဒါကြောင့်ပါ အကောင်းစားကတော့ အန္တရယ်ကင်း ပါတယ် အရသာလဲ ကွဲပါတယ် မြန်မာပြည်စျေးကွက်မှာတော့ မတွေ့ပါ စျေးက လဲ တော်တော်ကွဲ ပါတယ် ပေါင်ထုတ်တစ်ထုပ်ဆို ၅၀၀၀ ၀န်းကျင်လောက်ဖြစ် ပါ တယ် မြန်မာပြည်စျေးကွက် ကအချိုမှု့န့်နဲ့တော့ မတူနိုင်ပါ ပုံစံ ကတော့အားလုံးအတူပါ သူက ဆားလို ဖြစ်ပြီးထုံးမှု့န်လေးများနဲ့တူပါတယ် ထိုင်းမှာလဲ ရှိပါတယ် မြန်မာပြည်က မှန်ကွဲစများနဲ့တူတာက ဓါတု တွေပါ အဆိုးဆုံးပါလို့သိရပါတယ်
ရယ်ဒီမိတ်စားစရာအားလုံး MSG ပါပါတယ် သုံးတဲ့ MSG အမျိုးအစားသာကွဲမှာပါ အဲဒါကြောင့်ထုတ်တဲ့နိုင်ငံကို ပါ ထည့့်စဉ်း စားရတော့မှာပါ အဲဒါလေးတွေ လဲ လေ့လာ ဖို့လိုပါတယ် နေရာတကာမှာ သက်သာတာ ပေါချောင်ကောင်း ချည်းပဲစဉ်းစာ း ပြီး အစားအသောက်ကို မဆင်ခြင်ရင်တေ့ာ မိမိတွင်မက မိမိမျိုးဆက်များအတွက်ပါမကောင်းပါ လို့အကြံပြုပါရစေ အမေရိကား အင်္ဂလန်တို့မှာတော့ ငါးကထုတ်တဲ့ ဂျပန်ကိုးရီးယားတို့ကတင်သွင်းတာ တစ်မျိုး ရှိပါတယ် ပင်လယ်စာချက်ရင် သူ့ကို ထည့်ချက်ကြပါတယ် အသီးအရွက်ကြော်တို့ဘာတို့မှာပေါ့သူက တော့ နဲနဲ ငါးနံ့လေးတေ့ာရပါတယ် ဂျပန်ကိုးရီးယားတို့က ထုတ်တာဖြစ်လို့ MSG ပါရင်တောင် အန္တရယ် ကင်းမှာပါ မြန်မာပြည်မှာလဲ ရှိနေပြီကြားပါတယ် အဲဒါမျိုးလေးတွေ စဉ်းစားကြပါလို့အကြံပြုပါတယ် နောက် အပေါစားအချိုမှု့န်တွေ ရောကြိတ် ထားတာကို မျက်စိနဲ့တောင် မြင်နေရတာ့ စျေးပေါတဲ့ ဟင်းခတန်မှု့န့် က အဓိကက ဒါပါပဲ ဆိုတာ နဲ့ အဲဒီထဲမှာ အမှီုက်တွေမှိုတွေ ပါတယ်ဆိုတာလဲ သတိပြုကြစေ ချင်ပါတယ် အမှီုက်မှိူတွေက လဲ လူကို ပြင်းစွာအန္တရယ်ပြုပါ တယ် နောက်များမှ ဒီအကြောင်း ထပ်ရေးလိုက်ပါဦးမယ်

credit: Aung Thein Tun

အပန်းမကြီးဘူးဆိုရင် အများသူငှာ သတိထားဆင်ခြင်နိူင်အောင်
ကျေးဇူးပြုပြီး Like & Share လုပ်ခြင်းဖြင့် မျှဝေပေးစေချင်ပါတယ်ခင်ဗျာ။
ကျန်းမာရေးဗဟုသုတ များကို စဉ်ဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့
ဒီ Page လေးကိုသာ Like လုပ်ထားကြပါ။ ကျေးဇူးအထူးတင်ပါသည်။

04/02/2025

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိဖို့လိုပါတယ်.....

(Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....)
...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ
....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်
....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ
......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ
.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....
.......FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ
.......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ
......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ
.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ
.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ
.......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ
........ECG ကတော့ နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ
.........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ
........ Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ
..........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ

(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ) ......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ
.........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ
.........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ
..........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ
.......HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ
.......Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ
........Anti HCVကတော့ C ပိုးစစ်တာပါ
..........( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ
.........(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ
........USG (Ultrasound)ကတော့ အယ်ထရာဆောင်း

(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)

အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ
..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ
........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ
.....Vitamin D (total ) ကတော့
အရိုးပွရောဂါအတွက်စစ်တာမျိုးပါ
....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ
.....RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ
... ESR -ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ
......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ
.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ
.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ
.......CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ
ကျေးဇူးတင်လျှက်............

ဗဟုသုတရစေရန်အလို့ဌါ ZaBuAung Medical Devices & Pharmaceuticals Products Wholesale and Retail မှပြန်လည်မျှဝေပါသည်၊
ဤpost အား Like & Share လုပ်ခြင်းဖြင့်ကုသိုလ်ယူပေးကြပါခင်ဗျာ။

Credit dr hein laboratory

မူရင်းရေးသူဆရာ့ကိုcrd ပေးပါတယ်ရှင်https://www.facebook.com/share/p/149GJdAggS/
01/01/2025

မူရင်းရေးသူဆရာ့ကိုcrd ပေးပါတယ်ရှင်
https://www.facebook.com/share/p/149GJdAggS/

✍️ကျွန်တော် ဒီတစ်ခါဖော်ပြပေးမဲ့အကြောင်းလေးကတော့ အများစု သောက်သုံးနေကြတဲ့
အကိုက်အခဲပျောက်ဆေးတွေကိုရေရှည်စွဲသောက်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ
ဆိုးကျိုးတွေကိုဖော်ပြပေးသွားပါတယ်
✍️အများစုက နာကျင်တဲ့ဝေဒနာခံစားရတဲ့အချိန်တွေမှာ အကိုက်အခဲပျောက်ဆေးတွေကို
ဆရာဝန်ညွှန်ကြားချက်အရသော်လည်းကောင်း၊
မိမိကိုယ်တိုင်သော်လည်းကောင်းသောက်ကြပါတယ်
✍️ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ပဲ
ဆရာဝန် ညွှန်ကြားချက်အရသောက်သင့်ပါတယ်
မိမိဘာသာ နာကျင်ဝေဒနာခံစားရတိုင်းရေရှည်
စွဲသောက်နေပါက နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်များကို ခံစားရနိုင်ပါတယ်

✍️အကိုက်အခဲပျောက်ဆေးအုပ်စုအဓိက (၂) ခုရှိပါတယ်
(၁) Opioids ခေါ် အပြင်းစားအုပ်စုနဲ့
(၂) NSAIDs ခေါ် စတီးရိိုုက်မဟုတ်သော အရောင်ကျအနာသက်သာသော
ဆေးအုပ်စုတွေ ဖြစ်ပါတယ်
✍️နံပါတ်(၁) အုပ်စု ကိုတော့ ကင်ဆာ အဆင့် painတွေမှာ အဓိကအသုံးပြုကြပြီး ဆရာဝန်ညွှန်ကြားချက်နဲ့သုံးရတဲ့ဆေးတွေဖြစ်ပါတယ်
အလွန်အကျွံသုံးမိရင်အန္တရာယ်ရှိနိုင်ပါတယ်
✍️အဓိက နံပါတ် (၂) အုပ်စု NSAIDs လို့ခေါ်တဲ့ ဆေးတွေကို အပြင်ဆေးဆိုင်တွေမှာအလွယ်တကူဝယ်လို့ရနေတာကြောင့် လူအများစုဟာ ဆရာဝန်ညွှန်ကြားချက်မရှိပဲ ရေရှည်စွဲသောက်နေကြပါတယ်
✍️အခုအဓိက NSAIDs လို့ခေါ်တဲ့ အကိုက်ခဲပျောက်ဆေးတွေရဲ့ ဆိုးကျိုးတွေကို အဓိကထားပြီးပြောပြပေးသွားပါမယ်
✍️NSAIDs လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ Cycloxygenes (CoX1/ CoX2) လ်ု့ခေါ်တဲ့ အင်ဇိုင်းကို အဓိက ပိတ်ပြီး နာတာရောင်တာသက်သာအောင်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်
✍️COX1 အင်ဇိုင်းဟာ platelets လို့ခေါ်တဲ့ သွေးဆဲလ်တွေ စုစည်းတာကိုလုပ်ဆောင်ပေးပါတယ်
အစာအိမ် မှာ ရှိတဲ့ နံရံတွေကို ကာကွယ်ပေးသော
ပစ္စည်း (PGE2/I2)တွေကို ထုတ်ပေးပြီးအစာအိမ်နံရံတွေကိုကာကွယ်ပေးပါတယ်
ကျောက်ကပ်ကိုသွားတဲ့သွေးကြောတွေကိုသွေး
လျောက်အားကောင်းအောင်လုပ်ပေးပါတယ်
✍️COX2 အင်ဇိုင်းကတော့ plateles လို့ခေါ်သွေးဆဲလ်တွေ ကို မစုအောင်ပြုလုပ်ပေးပါတယ်
✍️NSAIDs ဆိုတဲ့ ဆေးတွေက ဒီCOX1/COX2 ကို ပိတ်လိုက်တဲ့အတွက်ကြောင့် မလိုချင်တဲ့
ဆိုးကျိူးတွေဖြစ်လာနိုင်ပါတယ်
✍️ဒါကြောင့် NSAIDs လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကိုရေရှည်သုံးရင် ဘာဆိုးကျိုးတွေဖြစ်မလဲဆိုတာဖော်ပြပေးပါမယ်
✍️NSAIDs အုပ်စုထဲမှာဆိုရင် Aspirin, Ibuprofen, Diclofenace, Mefenamic Acid,
Paracetamol စသည့်ဆေးအုပ်စုတွေကို အများစု အသုံးများနေကြတာတွေ့ရပါတယ်

✍️NSAIDs အကိုက်အခဲပျောက်ဆေးအုပ်စုတွေရဲ့ ဆိုးကျိုးတွေကတော့

💊 အစာအိမ်အူလမ်းကြောင်း
- အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်သွေး ကြောပေါက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာအိမ်ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်းစသည့် လက္ခဏာတွေကို ခံစားရနိုင်ပါတယ်
-ဒါကြောင့်ဘအစာအိမ်ရောဂါ နဂိုရှိသူတွေမှာဆရာဝန်ညွှန်ကြားချက်အတိုင်း အစာအိမ်ကိုကာကွယ်သောဆေးများနှင့်အတူ ရောသောက်သင့်ပါတယ်

💊ကျောက်ကပ်
-ကျောက်ကပ်သွေးကြောများကို ကောင်းမွန်စေသော Renal vasodilator (PGE2, PGI2) ကို ပိတ်သောကြောင့် ဆားများ၊ရေများကို မစွန့်
ထုတ်နိုင်ခြင်း၊ ဖောခြင်းစသည့်လက္ခဏာများကြုံရနိုင်ပါတယ်
-ကြာရှည်အသုံးပြုသူများတွင် ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ဆဲလ်များပျက်စီးခြင်း၊ကျောက်ကပ်လုပ်ငန်းများ မလုပ်နိုင်ခြင်းစသည့်ဆိုးကျိုးများကြုံရပါတယ်
-ဒါကြောင့် မိမိမှာကျောကပ်ရောဂါအခံရှိရင်အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါပဲအလွန်အကျွံမသောက်သင့်ပါ

💊Platelets ( သွေးဆဲလ်)
-NSAIDs ဆေးအုပ်စုတွေဟာ သွေးခဲခြင်းမှာ
ပါဝင်သော သွေးဆဲလ် platelets တွေစုပြုံခြင်းကို တားဆီးပေးသောကြောင့် သွေးမတိတ်ခြင်း၊
သွေးထွက်လွန်ခြင်းများဖြစ်နိုင်ပါတယ်
-ဒီအချက်ကိုအသုံးပြု၍ သွေးကျဲဆေးအနေဖြင့် အသုံးပြုနေကြပါတယ်

💊နှလုံးနှင့်သွေးကြောများ
-ရေနှငိ့ဆားကို မစွန့်နိုင်ခြင်းကြောင့် သွေးတိုး
ခြင်းဖြစ်နိုင်ပါတယ်
-နှလုံးရောဂါအခံရှိသူများအနေဖြင့် နှလုံးကြွက်သားပုပ်တာ ၊ လေဖြတ်တာ စတာတွေဖြစ်နိုင်ပါတယ်

💊ဓါတ်မတည့်ခြင်း
-ပန်းနာရပ်ကြပ်၊ ယားယံခြင်း၊ လေပြွန်ရောင်ခြင်း၊ သွေးပေါင်ကျခြင်း စတာတွေဖြစ်နိုင်ပါတယ်

💊အာရုံကြော အဖွဲ့အစည်း
-ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်

💊သွေးခဲခြင်း
-CoX2 အင်ဇိုင်းကိုပိတ်သောဆေးတွေသည်
သွေးခဲခြင်းကိုပိုဆိုးနိုင်ပါတယ်

💊အကိုက်အခဲပျောက်ဆေးများကို သတိထားပြီးဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သင့်သောလူတွေကတော့ ကလေးငယ်များ၊ နို့တိုက်မိခင်များ၊ အစာအိမ်အနာဖြစ်သူများ၊ သွေးရောဂါရှိသူများဖြစ်ပါတယ်
✍️ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို
ဆရာဝန်ညွှန်ကြားချက်အရ သတ်မှတ်တဲ့အချ်န်တစ်ခုအထိပဲသောက်သင့်ပါတယ်
ရေရှည်စွဲသောက်ပါက မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်လို့ ရေသားဖော်ပြလိုက်ရပါတယ်
✍️အားလုံး နာကျင်ခြင်းဝေဒနာကင်းဝေးပြီးပြုံးပျော်နိုင်ကြပါစေ

Ref; Texbook of pharmacology

မှတ်ချက် ။ဗဟုသုတအဖြစ်သာရည်ရွယ်ရေးသားပါသည်

မေတ္တာဖြင့်
ဒေါက်တာအောင်သူထွန်း

20/12/2024

မဂ်လာပါရှင်။ Green Future Supplements မှကြိုဆိုပါတယ်။Supplementsဈေးလေးတွေကျနေတာ၃/၄ရက်လောက်ရှိပြီနော်။ယုံယုံကြည်ကြည်အားပေးတဲ့customers တိုင်းကိုကျေးဇူးတင်ပါတယ်ရှင်💚💚💚💚

14/12/2024

Crd to Dr Phyo Maung Maung
CoQ10

CoQ10 က antioxidant အနေနှင့်လုပ်ဆောင်ပြီး ဆဲလ်တွေကို oxidative damage ကနေ ကာကွယ်ပါတယ်။ နှလုံး၊ ကျောက်ကပ်၊ အသည်း နှင့် အဆုတ်ဆဲလ်တွေမှာ CoQ10 ပမာဏပိုမိုများပြားစွာ ဖွဲ့စည်းပါဝင်ပါတယ်။

အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ CoQ10 ထုတ်လူပ်မှုကျဆင်းသွားပါတယ်။ အိုမင်းခြင်း , အဟာရချို့တဲ့ခြင်း, မျိုးရိုးဗီဇ, အဆီချဆေးများကြောင့် CoQ10 ချို့တဲ့မှုဖြစ်နိုင်ပါတယ်။ နာတာရှည်ရောဂါအများစုက CoQ10 ချို့တဲ့ခြင်း နှင့် သက်ဆိုင်နေတယ်လို့ရေးပါတယ်။

CoQ10 က နှလုံးရောဂါကို ကာကွယ်ခြင်း နှင့် ကုသခြင်းမှာ အကျိုးပြုပါတယ်။ နှလုံး နှင့် ကြွက်သားပိုမိုကျန်းမာလာပြီး အရိုးအဆစ်ထိခိုက်မှုကို လျော့ချပေးပါတယ်။ အဆီကျဆေးသောက်နေသူတွေမှာဖြစ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း တားဆီးပေးပါတယ်။

အေဇိုင်းမားရောဂါသည်များ နှင့် ပါကင်ဆန်ဝေဒနာသည်များကို CoQ10 တိုက်ပေးခြင်းဖြင့် ရောဂါကုသမှုအတွက် အကျိုးရှိပါတယ်။ CoQ10 ကို တစ်ရက် 100 mg ကနေ 300 mg ထိသောက်ပေးလျှင် လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေပါတယ်။

CoQ10 က သုတ်ပိုးရွေ့လျားမှုကိုတိုးတက်စေတယ်။ သုတ်ပိုးအရေအတွက်ကိုများပြားစေတယ်။ သုတ်ပိုး ပုံသဏ္ဍာန်ကို မှန်ကန်စေတယ်။ အမျိုးသားများကြောင့် သားသမီးမရတဲ့အခြေအနေမှာ CoQ10 သုံးနိုင်ပါတယ်။

CoQ10 မှာ အရွယ်တင်နုပျိုခြင်းကို ပြုလုပ်ပေးနိုင်စွမ်းရှိတယ်လို့ ရေးပါတယ်။ CoQ10 လိမ်းဆေးတွေက နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းကို သက်သာစေတယ်ရေးပါတယ်။

CoQ10 ဖြည့်စွက်စာကို 90 mg ကနေ 200 mg လောက်ထိ သောက်နိုင်ပါတယ်။ CoQ10 ဖြည့်စွက်စာဟာ အဆီကြိုက်ပြီး ခန္ဓာကိုယ်က စုပ်ယူနိုင်မှု နှေးပါတယ်။ အဆီများတဲ့ အစာနှင့် သောက်တဲ့အခါ စုပ်ယူမှု ၃ဆ ခန့်မြင့်တပ်လာပါတယ်။

CoQ10 သောက်တဲ့အခါ တစ်ချို့လူတွေမှာ ဝမ်းသွားခြင်း၊ ရင်ပူခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ မောပန်းခြင်း၊ မူးဝေခြင်း၊ ဂနာမငြိမ်ခြင်းတွေဖြစ်တတ်ပါတယ်။

DrPmm-DrFns
14-12-24

Address

U Sanda Street
Hpa-an

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959422953339

Website

Alerts

Be the first to know and let us send you an email when Green Future Supplements posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share