Aye Thu Kha Specialist Clinic & Pharmacy

Aye Thu Kha Specialist Clinic & Pharmacy အေးသုခဆေးခန်း - လေးဘက်နာ၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ အထူးကုဆေးခန်း။

ရောဂါတစ်ခုကို အမြစ်ပြတ်ကုသဖို့ အလိုအပ်ဆုံး အေးသုခအထူးကုဆေးခန်းရဲ့ Blood Test ဆိုတာ 🔬🩸ကိုယ်က ဆေးပုံမှန်သောက်နေပေမဲ့ ဝေဒနာ...
23/08/2026

ရောဂါတစ်ခုကို အမြစ်ပြတ်ကုသဖို့ အလိုအပ်ဆုံး အေးသုခအထူးကုဆေးခန်းရဲ့ Blood Test ဆိုတာ 🔬🩸

ကိုယ်က ဆေးပုံမှန်သောက်နေပေမဲ့ ဝေဒနာက မသက်သာဘဲ ခဏခဏ ပြန်ဖြစ်နေပြီလား💁🏻‍♀️❔

ဒါဆို ဒီနောက်ကွယ်ရဲ့တကယ့်အကြောင်းရင်းဟာ ရောဂါအဖြေလွဲမှားနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ် ⚠️

☝🏻တကယ်တော့ ရောဂါတစ်ခုကို ထိရောက်စွာ ကုသနိုင်ဖို့ဆိုတာ မှန်ကန်တဲ့ ဆေးဝါး တစ်ခုတည်းနဲ့ မလုံလောက်ပါဘူးနော် ။ ဒါ့ကြောင့် ဘယ်လိုဝေဒနာပဲခံစားရရ ရောဂါရဲ့အမြစ်တွယ်ရာအကြောင်းအရင်းမှန်ကို တိကျစွာ ဖော်ထုတ်နိုင်ဖို့ဟာ ပိုပြီးအရေးကြီးတာပဲဖြစ်ပါတယ်

ဒီလိုသွေးစစ်ရလဒ်သေးသေးလေး တစ်ခု လွဲမှားသွားရုံနဲ့တင်
⏳ အချိန်တွေ ကုန်မယ် ၊
💸 ကုသစရိတ်တွေ အပိုကုန်ကျမယ် ၊
💊 မလိုအပ်တဲ့ ဆေးဝါးတွေ သောက်မိပြီး ခန္ဓာကိုယ်နဲ့ ကျောက်ကပ်ကိုပါ ထိခိုက်စေမှာပါ

ဒါ့ကြောင့် လူကြီးမင်းတို့အားလုံးအတွက် အဖြေလွဲမှားမှုလုံးဝမရှိဘဲ ရာနှုန်းပြည့်တိကျသေချာပြီး Digital Laboratory စနစ်ရှိနေတဲ့ဆေးခန်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်ရှင်….

🌟 အဲ့ဒါကတော့ အေးသုခအထူးကုဆေးခန်းပဲဖြစ်ပါတယ်…
အေးသုခအထူးကုဆေးခန်းရဲ့ Digital Laboratory မှာဆိုရင်
🔬 သာမန် ကိုယ်တိုင် စမ်းသပ်စစ်ဆေးတဲ့စနစ်တွေတင် မဟုတ်ဘဲ နည်းပညာမြင့် Digital Automatic Analyzer စက်ကြီးတွေနဲ့ စနစ်တကျ စစ်ဆေးပေးတာဖြစ်လို့ လူကြောင့်ဖြစ်တတ်တဲ့အမှားအယွင်းတွေကို လျှော့ချပေးနိုင်မယ် ၊

💯 အတွေ့အကြုံရင့် ဓာတ်ခွဲကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင် အဆင့်ဆင့် Quality Check ပြုလုပ်ပေးတာကြောင့် ရလဒ်တိုင်းဟာ ၁၀၀% စိတ်ချယုံကြည်ရမယ်

⏰ လူနာတွေအနေနဲ့လဲ အချိန်အကြာကြီး စောင့်ဆိုင်းစရာမလိုဘဲ တိကျသေချာတဲ့သွေးစစ်ရလဒ်တွေကို အချိန်တိုအတွင်းရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်

ဒါဆို ဒီနေ့ကစပြီး ဝေဒနာတစ်ခုခုခံစားရတဲ့အခါတိုင်း မသေချာတဲ့ရလဒ်တွေနဲ့ အကိုက်အခဲပျောက်ဆေးတွေကိုပဲ အားကိုးတာမျိုး မလုပ်ပါနဲ့နော် ❌

တိကျတဲ့ Blood Test နဲ့အတူ သင့်ရောဂါ၏ အဓိက အကြောင်းရင်းကို ရှာဖွေပြီး အေးသုခအထူးကုဆေးခန်းရဲ့ဝါရင့်အထူးကုဆရာဝန်ကြီးတွေနဲ့အတူ စိတ်အေးချမ်းသာစွာ တိုင်ပင်ကုသလိုက်ပါရှင် 💚👩🏻‍⚕️

⚠️ အထူးမေတ္တာရပ်ခံချက်။ ။ လူနာရှင်များ ရက်ချိန်းရယူရာတွင် ပိုမိုမြန်ဆန်သေချာစေရန်အတွက် Page Messenger မှတစ်ဆင့် Booking တင်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဖုန်းလေးတိုက်ရိုက်ဆက်သွယ်ပြီးသာ Booking ရယူပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။
🏥 အေးသုခ အထူးကုဆေးခန်းနှင့်ဆေးဆိုင်
📞 Booking Phone: 09 75 76 77 207, 09 75 76 77 681
📍 တည်နေရာ: အမှတ် (၆၀၇)၊ မဟာသုခိတာလမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#အေးသုခအထူးကုဆေးခန်း #အထွေထွေရောဂါကုသမားတော်ကြီးများ

သင့်မိသားစုကျန်းမာရေးအတွက် အေးသုခအထူးကုဆေးခန်းမှာ ဘယ်လိုအထူးပြုရောဂါတွေကို ပြသနိုင်မလဲ 🏥✨🩻 အဖေက အရိုးအကြော ၊ အမေက ဆီးချိ...
20/08/2026

သင့်မိသားစုကျန်းမာရေးအတွက် အေးသုခအထူးကုဆေးခန်းမှာ ဘယ်လိုအထူးပြုရောဂါတွေကို ပြသနိုင်မလဲ 🏥✨

🩻 အဖေက အရိုးအကြော ၊ အမေက ဆီးချို၊ ကိုယ်က အစာအိမ်...
ဒီလိုမိသားစုဝင်တစ်ဦးစီမှာ ခံစားနေရတဲ့ ဝေဒနာတွေမတူညီလို့ ဆေးရုံ ၊ ဆေးခန်းပေါင်းစုံကို ရန်ကုန်မြို့လမ်းမတွေထက်မှာ ကားပိတ်တဲ့ကြားကနေ ကူးသန်းပြသနေရတာဟာ အချိန်တွေကုန်ရုံမကဘဲ ကြာလာတာနဲ့ လူနာရော ၊ လူနာရှင်ကိုပါ ပင်ပန်းနွမ်းနယ်စေပါတယ်နော်❗️

🌟 ဒါပေမဲ့ အခုတော့ ဒီလိုသောကတွေ ၊ ဒုက္ခတွေကို ရန်ကုန်မြို့ရဲ့တစ်နေရာမှာ အပြီးတိုင်မေ့ထားလိုက်လို့ရပါပြီရှင်
အဲ့ဒီနေရာလေးကတော့ ဆေးရုံကြီးတွေအထိ သွားစရာမလိုဘဲ ဝါရင့် ပါမောက္ခကြီးတွေနဲ့ အထူးကုဆရာဝန်ကြီးတွေအားလုံးကို တစ်နေရာထဲမှာ မိသားစုလိုက် ပြသနိုင်မဲ့ အေးသုခအထူးကုဆေးခန်းလေးပဲဖြစ်ပါတယ် 🏥🔑

ဒါ့ကြောင့် အေးသုခအထူးကုဆေးခန်းမှာ ပြသနိုင်တဲ့အထူးပြုရောဂါတွေနဲ့ ပါမောက္ခ ၊ အထူးကု ဆရာဝန်ကြီးတွေကို လူကြီးမင်းတို့အားလုံးအတွက်စုစည်းတင်ပြပေးလိုက်ပါရစေရှင် 🔽

🦴 အရိုး ၊ အကြောနှင့် အဆစ်ဆိုင်ရာ ဝေဒနာများ
🧑🏻‍⚕️ Prof. Chit Soe ( အထွေထွေရောဂါနှင့် အရိုး၊ အကြော၊ အဆစ် အထူးကု သမားတော်ကြီး )

🩸 ဆီးချို ၊ သွေးချိုနှင့် ဟော်မုန်းဆိုင်ရာ ရောဂါများ
🧑🏻‍⚕️ Prof. Ko Ko ( အထွေထွေရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ အထူးကု သမားတော်ကြီး )
🧑🏻‍⚕️ Prof. Kyaw Thu Yaa ( အထွေထွေရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ အထူးကု သမားတော်ကြီး )
👩🏼‍⚕️ Dr. Yin Phyu Thant ( ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုသမားတော် )

🫘 ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများ
👩🏼‍⚕️ Prof. Khin Phyu Pyar ( ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီး )

🧠 ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ
🧑🏻‍⚕️ Dr. Myint Thein Naing ( ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကု ဆရာဝန်ကြီး )

🩺 အစာအိမ်၊ အူလမ်းကြောင်းနှင့် ခွဲစိတ်ကုသမှုများ
👩🏼‍⚕️ Dr. Thae Nu Wai ( အစာအိမ်၊ အူလမ်းကြောင်းနှင့် အထွေထွေခွဲစိတ် အထူးကုဆရာဝန် )
🧑🏻‍⚕️ Dr. Thura Zaw ( အထွေထွေရောဂါ ခွဲစိတ်အထူးကုဆရာဝန် )

🧬 ကင်ဆာဓာတ်ရောင်ခြည်ဆိုင်ရာ ဝေဒနာများ
🧑🏻‍⚕️ Dr. Min Kyaw Thein ( ကင်ဆာဓာတ်ရောင်ခြည် အထူးကုသမားတော် )

🩺 အထွေထွေ ရောဂါကုသမှုများ
👩🏼‍⚕️ AP. Aye Myintzu ( အထွေထွေရောဂါ အထူးကုသမားတော်ကြီး )
🧑🏻‍⚕️ Dr. Ye Phyo Aung ( အထွေထွေရောဂါကု သမားတော် )
👩🏼‍⚕️ Dr. Ohnmar Lwin ( အထွေထွေရောဂါ အထူးကုသမားတော် )

ဒါ့အပြင် အေးသုခအထူးကုဆေးခန်းမှာ
🫱🏻‍🫲🏼 နွေးထွေးတဲ့စေတနာနဲ့ ပြုစုစောင့်ရှောက်မှု :
လူနာတစ်ဦးချင်းစီရဲ့ဝေဒနာကို မိသားစုဝင်တွေလို စာနာနားလည်မှုအပြည့်နဲ့ ဂရုတစိုက် နားထောင်စမ်းသပ်ပေးနိုင်မယ် ၊

⏱️ အချိန်ကုန် သက်သာခြင်း :
တိကျစေ့စပ်တဲ့ကြိုတင် Booking စနစ်ကြောင့် ဆေးရုံကြီးတွေလို တစ်နေကုန် တန်းစီစောင့်ဆိုင်းစရာ မလိုဘဲ မိမိရရှိတဲ့အချိန်အတိအကျမှာတင် သက်တောင့်သက်သာ ပြသနိုင်မယ် ၊

🔬 အဆင့်မြင့် Medical Technologies & Digital Lab :
လိုအပ်တဲ့ ကုသမှုတွေကအစ ခေတ်မီစက်ကိရိယာတွေနဲ့ကုသပေးနိုင်သလို သွေးစစ် ၊ ဆီးစစ်တာတွေကိုလဲ အမှားအယွင့်လုံးဝမရှိဘဲ စစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်ရှင်

ဒါဆို ဒီနေ့ကစ ဘယ်လိုရောဂါဝေဒနာပဲကြုံရရ ၊ လူကြီးမင်းတို့ရဲ့မိသားစုကျန်းမာရေးအတွက်ဆို အေးသုခအထူးကုဆေးခန်းကိုသာ သတိရလိုက်တော့နော် 📞📲

⚠️ အထူးမေတ္တာရပ်ခံချက်။ ။ လူနာရှင်များ ရက်ချိန်းရယူရာတွင် ပိုမိုမြန်ဆန်သေချာစေရန်အတွက် Page Messenger မှတစ်ဆင့် Booking တင်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဖုန်းလေးတိုက်ရိုက်ဆက်သွယ်ပြီးသာ Booking ရယူပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။

🏥 အေးသုခ အထူးကုဆေးခန်းနှင့်ဆေးဆိုင်
📞 Booking Phone: 09 75 76 77 207, 09 75 76 77 681

📍 တည်နေရာ: အမှတ် (၆၀၇)၊ မဟာသုခိတာလမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

#အေးသုခဆေးခန်း #အထွေထွေရောဂါကုသမားတော်ကြီးများ

ခြေမနေရာမှာ တဆစ်ဆစ်နဲ့ ခဏခဏနာပြီး ဖောယောင်လာမယ်ဆိုရင်တော့ 🦴🔥“ 👞 ဖိနပ်အသစ်မလို့ နာတာပါလေ “" 🦵🏻 ခြေထောက်ခေါက်မိတာ နည်းနည်း...
17/08/2026

ခြေမနေရာမှာ တဆစ်ဆစ်နဲ့ ခဏခဏနာပြီး ဖောယောင်လာမယ်ဆိုရင်တော့ 🦴🔥

“ 👞 ဖိနပ်အသစ်မလို့ နာတာပါလေ “
" 🦵🏻 ခြေထောက်ခေါက်မိတာ နည်းနည်းလွဲသွားလို့ပါ”
“ ❗️ခလုတ်တိုက်မိလို့ ဖြစ်မှာပါ “
ဆိုပြီးပေါ့ပေါ့ဆဆထားရာကနေ ညဘက်အိပ်နေတဲ့အခါမှာမှ ခြေမရဲ့အဆစ်က ရုတ်တရက်စူးခနဲ နာကျင်လာတဲ့အခါ ဒါကို သာမန်နာကျင်တာလို့ မထင်လိုက်ပါနဲ့နော်

တကယ်တော့ ဒါဟာ အသက် ၃၀ ကျော်လူရွယ်တွေနဲ့ အစားအသောက်ကြိုက်တတ်တဲ့သူတွေမှာ အတွေ့များလှတဲ့ ဂေါက်ရောဂါရဲ့ ပထမဆုံးအချက်ပြသံလေးတစ်ခုပဲဖြစ်ပါတယ် ☝🏻

🧪 ဒီလိုဖြစ်ရတာဟာ ခန္ဓာကိုယ်ရဲ့ Uric Acid တွေ ပုံမှန်ထက်ပိုများလာလို့ဖြစ်ပြီး များလာတဲ့အတွက် ကျောက်ကပ်က စနစ်တကျ မစွန့်ထုတ်နိုင်တော့ဘဲ အဲဒီအက်ဆစ်တွေကနေတဆင့် အပ်ချောင်းလေးတွေလို ထက်မြက်တဲ့ ပုံဆောင်ခဲ ( Urate Crystals ) တွေအဖြစ် ပြောင်းလဲသွားပါတယ်

ဒီပုံဆောင်ခဲလေးတွေကနေတစ်ဖန် ခြေမအဆစ် ၊ ခြေကျင်းဝတ်နဲ့ ဒူးဆစ်တွေထဲမှာ သွားစုလာတဲ့အခါမှာတော့
🔴 ခြေမဆစ်တစ်ခုလုံး နီရဲ ၊ ဖောယောင်ပြီး ပူလာမယ် ၊
⚡️ အဝတ်အစား ၊ စောင်တွေနဲ့ ထိရုံနဲ့တင် စူးခနဲ နာကျင်လာမယ် ၊
🚫 ဘေးဘယ်ညာ လှုပ်ရှားလို့ မရအောင် တဆစ်ဆစ်နဲ့ နာနာကျင်ကျင်ခံစားရတာတွေအထိဖြစ်လာမှာပါ

ဂေါက်ရောဂါကို ထိန်းချုပ်ဖို့ဆိုရင် Purine ဓာတ် ကြွယ်ဝလွန်းတဲ့
🍺 အရက် ၊ ဘီယာနဲ့ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ ၊
🥩 ဝက်သား ၊ အမဲသား နဲ့ ဆိတ်သား လိုအသားတွေ ၊
🦐 ပုစွန် ၊ ကဏန်း ၊ ကမာ နဲ့တချို့ငါးတွေ ၊
🫀 ဝမ်းတွင်းကလီစာအသားတွေကို အတတ်နိုင်ဆုံးလျှော့စားသင့်ပါတယ်နော်

🫘 ဒါ့အပြင် ကိုယ်ကဒီရောဂါအရမ်းပြင်းထန်နေတဲ့အချိန်မျိုးမှာဆိုရင်တော့ အစေ့အဆန် အချို့နဲ့ မျှစ် ၊ မှိုစတာတွေကိုပိုပြီး ရှောင်ကြဉ်ဖို့လိုအပ်ပါမယ်ရှင်

ဂေါက်ရောဂါဆိုတာဟာ အချိန်ယူကာ သေချာစမ်းသပ်စစ်ဆေးပြီးမှ သွေးတွင်း ယူရစ်အက်ဆစ် ပမာဏကို စနစ်တကျ ထိန်းညှိပေးရမဲ့ရောဂါတစ်ခုဖြစ်လို့ အေးသုခအထူးကုဆေးခန်းရဲ့ဝါရင့်အရိုးအကြောအဆစ်အထူးကုဆရာဝန်ကြီးတွေနဲ့အတူ အနီးကပ်ကုသနိုင်ဖို့ အခုပဲ Booking ကြိုယူထားလိုက်တော့နော် 📞📲
⚠️ အထူးမေတ္တာရပ်ခံချက်။ ။ လူနာရှင်များ ရက်ချိန်းရယူရာတွင် ပိုမိုမြန်ဆန်သေချာစေရန်အတွက် Page Messenger မှတစ်ဆင့် Booking တင်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဖုန်းလေးတိုက်ရိုက်ဆက်သွယ်ပြီးသာ Booking ရယူပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။
🏥 အေးသုခ အထူးကုဆေးခန်းနှင့်ဆေးဆိုင်
📞 Booking Phone: 09 75 76 77 207, 09 75 76 77 681
📍 တည်နေရာ: အမှတ် (၆၀၇)၊ မဟာသုခိတာလမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#အေးသုခအထူးကုဆေးခန်း #အထွေထွေရောဂါကုသမားတော်ကြီးများ
#ဂေါက်ရောဂါ #အရိုးအကြောအဆစ်

16/08/2026

ဘာမှမလုပ်ရသေးဘဲ အမြဲ မောပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေသလို ခံစားနေရပြီလား ⚠️🩸

🫩 ညကလဲ အိပ်ရေးဝအောင် အိပ်ထားတယ် ၊
😓 ဘာမှလဲ ပင်ပန်းတဲ့အလုပ်တွေမလုပ်ရသေးတာတောင် လူက အမြဲတမ်း မောပန်းနွမ်းနယ်နေတာ ၊ တစ်နေ့တာလုံး အားအင်ကုန်ခမ်းပြီး နားချင်စိတ်ပဲ ဖြစ်နေတာ တွေကို ကြုံတွေ့နေရပြီဆိုရင်တော့ လူကြီးမင်းတို့အနေနဲ့ ဒီအချက်လေးကိုသိထားသင့်ပါတယ်နော်❗️

အဲ့ဒါကတော့ ဒါဟာ သာမန်ပင်ပန်းရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ဆီးချို ၊ သွေးချိုဓာတ် မညီမျှတော့တာကိုအချက်ပြနေတဲ့သတိပေးချက်တစ်ခုဖြစ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်

ဆီးချိုရောဂါဆိုတာ စောစောစီးစီး မစစ်ဆေးဘဲ ပစ်ထားမိတာနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တဖြည်းဖြည်းထိခိုက်စေတဲ့အတွက် အချိန်မနှောင်းခင် စနစ်တကျ စစ်ဆေးကုသဖို့ဆိုတာ အလွန်အရေးကြီးပါတယ်ရှင်
🩸✨

🩺 အခုတော့ ဒီလို လက္ခဏာတွေအတွက် စိုးရိမ်မကင်း ဖြစ်နေရသူတွေ ၊ ဆီးချို ၊ သွေးချို ရောဂါကို
စနစ်တကျ ထိန်းချုပ်ကုသချင်တွေအတွက် အေးသုခအထူးကုဆေးခန်းမှာ

👨🏻‍⚕️ Prof. Kyaw Thu Yaa ( ပါမောက္ခ ဒေါက်တာကျော်သူရ )
အထွေထွေရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ အထူးကု သမားတော်ကြီး

ကိုယ်တိုင် ကုသဆွေးနွေးပေးနေပါပြီရှင်

💻 ဒါ့အပြင် ဆရာကြီးကိုယ်တိုင် EMR ( Electronic Medical Record ) စနစ် ကို စနစ်တကျ အသုံးပြုပြီး Data တွေကိုသေချာသိမ်းဆည်းကာ ကုသပေးသွားမှာဖြစ်လို့ ရေရှည်ကျန်းမာရေးအတွက်စိတ်ချယုံကြည်ရမှုကိုပါ အပြည့်အဝရရှိနိုင်မှာဖြစ်သလို " ကြားရက်တွေမှာ အလုပ်မအားလို့ ၊ ရုံးချိန်နဲ့ မကိုက်လို့ ဆေးခန်းမသွားဖြစ်ဘူး “ ဆိုသူတွေအတွက်ကအစ ပြသနိုင်မှာပါနော်

အေးသုခအထူးကုဆေးခန်းရဲ့ဆီးချို ၊ သွေးချိုနဲ့အထွေထွေရောဂါအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာကျော်သူရ ရဲ့ ပြင်ပလူနာအချိန်ဇယား ( OPD Timetable ) ကတော့ ⬇️

📅 ဆေးခန်းထိုင်ရက် : စနေနေ့ ( Every Saturday )
⏰ ပြသနိုင်သည့်အချိန် : ညနေ ၅:၀၀ နာရီမှ စတင်၍

ဒါဆို လူနာအကန့်အသတ်လဲရှိတာဖြစ်လို့ မိမိတို့ ပြသလိုတဲ့နေ့အတွက် အေးသုခအထူးကုဆေးခန်မှာ ရက်ချိန်းကို အမြန်ဆုံး ကြိုတင်ရယူနိုင်ဖို့ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင် 📲📞

⚠️ အထူးမေတ္တာရပ်ခံချက်။ ။ လူနာရှင်များ ရက်ချိန်းရယူရာတွင် ပိုမိုမြန်ဆန်သေချာစေရန်အတွက် Page Messenger မှတစ်ဆင့် Booking တင်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဖုန်းလေးတိုက်ရိုက်ဆက်သွယ်ပြီးသာ Booking ရယူပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။

🏥 အေးသုခ အထူးကုဆေးခန်းနှင့်ဆေးဆိုင်
📞 Booking Phone: 09 75 76 77 207, 09 75 76 77 681

📍 တည်နေရာ: အမှတ် (၆၀၇)၊ မဟာသုခိတာလမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

#အေးသုခအထူးကုဆေးခန် #ဆီးချိုသွေးချိုအထူးကု #အထွေထွေရောဂါအထူးကု

ဆီးအောင့်တာကို ရေသောက်ရုံနဲ့ ပျောက်မယ်လို့ အထင်မမှားပါနဲ့နော် 🚽🚨အလုပ်တွေလုပ်နေရင်းနဲ့ အရမ်းကိုများလာတော့ စိတ်နှစ်ထားလွန်...
14/08/2026

ဆီးအောင့်တာကို ရေသောက်ရုံနဲ့ ပျောက်မယ်လို့ အထင်မမှားပါနဲ့နော် 🚽🚨

အလုပ်တွေလုပ်နေရင်းနဲ့ အရမ်းကိုများလာတော့ စိတ်နှစ်ထားလွန်းလို့ ဆီးသွားချင်တာတောင် မသွားဖြစ်ပဲ အောင့်ထားမိတာမျိုးကြုံဖူးကြမလား 💁🏻‍♀️❔

အထိုင်များတဲ့ ရုံးဝန်ထမ်းတွေ ၊ မိန်းကလေးတွေနဲ့ လူငယ်တော်တော်များများဟာ ဒီလိုအောင့်ထားတတ်ကြတဲ့အတွက် ဆီးသွားရင် ပူစပ်ပူလောင်ဖြစ်တာ ၊ ဆီး ခဏခဏ သွားချင်ပေမဲ့ နည်းနည်းပဲ ထွက်တာ ၊ ဆီးအောင့်တာတွေကို ခပ်ပေါ့ပေါ့ပဲ သဘောထားတတ်ကြပါတယ်….

" ရေများများ သောက်လိုက်ရင် ခဏနဲ့ သက်သာသွားမှာပါ “ ဆိုတဲ့အချက်လေးတစ်ခုနဲ့ ဒီလိုဖြစ်တာကိုလျစ်လျူရှုထားရင်း သေချာမကုသမိတဲ့အခါ နောက်ဆက်တွဲအနေနဲ့ဒုက္ခပေးလာတာကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဆိုတဲ့ UTI - Urinary Tract Infection ပဲဖြစ်ပါတယ်ရှင် ⛔️

🚨 ဒါဆို ဒီလိုဆီးလမ်းကြောင်းပိုးဝင်တာဟာ ဘာလို့ လုံးဝ ပေါ့ဆလို့ မရတာလဲ?

တကယ်တော့ ဆီးလမ်းကြောင်းပိုးဝင်တာဟာ စဖြစ်ဖြစ်ချင်း အရမ်းကြီးမသိသာသေးပေမဲ့ သေချာ အမြစ်ပြတ်မကုသဘဲ ဒီတိုင်းထားလိုက်မယ်ဆိုရင်တော့ ပိုးတွေဟာ အထက်ကို ကူးစက်ပြီး ကျောက်ကပ် ပြည်တည်တာ ၊ ကျောက်ကပ် ရောင်ရမ်းတာ ( Pyelonephritis ) အထိ အန္တရာယ်ကြီးမားသွားနိုင်လို့ပဲဲဖြစ်ပါတယ်❗️

⚠️ ဒါ့အပြင် ကိုယ်ကဆီးအောင့်တိုင်း နီးစပ်ရာ ဆေးဆိုင်ကနေ ပိုးသတ်ဆေးတွေကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ အလွယ်တကူ ဝယ်သောက်တာမျိုးဟာလဲ အန္တရာယ်အရမ်းများတာဖြစ်လို့ လုံးဝမလုပ်သင့်ပါဘူးနော်

🔍 ဘယ်လိုလက္ခဏာတွေကော ခံစားရနိုင်မလဲ ?
🚽 ဆီးခဏခဏ သွားချင်ပေမဲ့ သွားလိုက်ရင် နည်းနည်းပဲ ထွက်ပြီး ဆီးကျန်ခဲ့သလို ခံစားရတာ ၊
🔥 ဆီးသွားတဲ့အခါပူပူစပ်စပ်လို နာကျင်နေတတ်တာ ၊
🩸 ဆီးအရောင် နောက်နေတာ ၊ အနံ့ပြင်းတာတွေ ဒါမှမဟုတ် ဆီးထဲ သွေးစအနည်းငယ်ပါတာတွေနဲ့
🌡️ ခါးအောက်ပိုင်း / ဆီးခုံ ကိုက်ခဲပြီး ဖျားတာတွေပါကြုံလာရမယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံမှာစစ်ဆေးကုသမှုခံယူသင့်ပါတယ်ရှင်

✅ ဆီးသွားချင်စိတ် ပေါ်လာတာနဲ့ အချိန်မဆွဲဘဲ သွားမယ် ၊
✅ တစ်နေ့ကို ရေ ၂ လီတာကနေ ၃ လီတာအထိ ပုံမှန် သောက်ပေးမယ် ၊
✅ တစ်ကိုယ်ရည်သန့်ရှင်းမှုကောင်းအောင် နေမယ် ၊
✅ အလုပ်လုပ်ရင်း ၁ နာရီတစ်ခါ မတ်တပ်ထရပ်ပြီး လမ်းလျှောက်ပေးမယ်ဆိုရင်တော့ ဒီလိုဆီးလမ်းကြောင်းပိုးဝင်တာကိုကာကွယ်နိုင်မှာပါနော်

🏥 ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေဟာ ရှက်နေစရာ မလိုသလို ၊ ကြောက်နေစရာလဲ မလိုပါဘူးရှင်

ဒါ့ကြောင့် ဒီလိုမျိုးဝေဒနာတွေကိုကြုံလာရတဲ့အခါ စိတ်ချယုံကြည်စွာဆွေးနွေးတိုင်ပင်လို့ရနိုင်တဲ့ အေးသုခအထူးကုဆေးခန်းရဲ့ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့အတူ အမြန်ဆုံးရင်ဆိုင်ကျော်ဖြတ်လိုက်ရအောင် 📲📞

⚠️ အထူးမေတ္တာရပ်ခံချက်။ ။ လူနာရှင်များ ရက်ချိန်းရယူရာတွင် ပိုမိုမြန်ဆန်သေချာစေရန်အတွက် Page Messenger မှတစ်ဆင့် Booking တင်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဖုန်းလေးတိုက်ရိုက်ဆက်သွယ်ပြီးသာ Booking ရယူပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။

🏥 အေးသုခ အထူးကုဆေးခန်းနှင့်ဆေးဆိုင်
📞 Booking Phone: 09 75 76 77 207, 09 75 76 77 681

📍 တည်နေရာ: အမှတ် (၆၀၇)၊ မဟာသုခိတာလမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

#အေးသုခအထူးကုဆေးခန်း #အထွေထွေရောဂါကုသမားတော်ကြီးများ
#ဆီးလမ်းကြောင်းပိုးဝင်ခြင်း #ကျောက်ကပ်ကျန်းမာရေး

ဆေးခန်းကပြန်သွားရုံနဲ့ အေးသုခအထူးကုဆေးခန်းရဲ့တာဝန်ကမပြီးသွားပါဘူး 👩🏻‍⚕️✨⭕️ ဆေးခန်းသွားပြတယ် ၊ ဆေးထုတ်ပြီးယူတယ် ၊ အိမ်ပြန...
11/08/2026

ဆေးခန်းကပြန်သွားရုံနဲ့ အေးသုခအထူးကုဆေးခန်းရဲ့တာဝန်ကမပြီးသွားပါဘူး 👩🏻‍⚕️✨

⭕️ ဆေးခန်းသွားပြတယ် ၊ ဆေးထုတ်ပြီးယူတယ် ၊ အိမ်ပြန်လာတယ်...
ဒါဟာ ပုံမှန်ဆေးခန်းပြတဲ့အခါ လူတိုင်းကြုံနေရတဲ့အလေ့အထတစ်ခုပါ ။ အဓိကအားဖြင့်တော့ ဆေးခန်းတံခါးဝကနေ ခြေလှမ်းလှမ်းထွက်လိုက်တာနဲ့ ဆေးခန်းနဲ့လူနာအကြား Connection တစ်ခုဟာ ခဏပြတ်တောက်သွားသလိုမျိုးပေါ့ ☝🏻

👩🏻‍⚕️ ဒါပေမဲ့ အေးသုခဆေးခန်းမှာတော့ ဒီနေရာမှာတင် ရပ်တန့်မသွားပါဘူးရှင်
🌿 ဆေးဝါးဆိုတာ ရောဂါရဲ့လက္ခဏာကို သက်သာစေတာမှန်ပေမဲ့ အေးသုခဆေးခန်းရဲ့ခံယူချက်ကတော့ စိတ်အေးချမ်းသာမှုနဲ့ အလေးထားဂရုစိုက်ခံရမှသာ ခံစားနေရတဲ့ရောဂါဝေဒနာကိုအမြစ်ပြတ်သက်သာစေနိုင်တယ်လို့ယူဆထားလို့ပဲဖြစ်ပါတယ်

ဒါ့ကြောင့် ကိုယ့်ရဲ့မိသားစုဝင်တွေ ၊ ချစ်ခင်ရတဲ့သူတွေ ကျန်းမာရေးမကောင်းလို့ အေးသုခဆေးခန်းမှာ ဆေးခန်းလာပြပြီးတဲ့အခါ
📞 ဆေးပုံမှန်သောက်ဖြစ်ရဲ့လား ၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေ ရှိမရှိနဲ့ ဝေဒနာသက်သာမှုအခြေအနေကို ဆက်သွယ်ပေးနေမယ် ၊
🗓️ နောက်တစ်ကြိမ် ဆရာဝန်ကြီးတွေနဲ့ ပြသရမဲ့ရက်ချိန်းကိုမေ့မသွားရအောင် ကြိုတင်အသိပေးမယ် ၊
💬 သောက်ရတဲ့ဆေးတွေ ၊ အချိန်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အဆင်မပြေတာရှိလာရင် အချိန်မရွေး ပြန်လည် မေးမြန်းတိုင်ပင်နိုင်ဖို့ကအစ စီစဉ်ပေးသွားမှာပါနော်

ဒါ့အပြင် ကျန်းမာရေးဆိုင်ရာပြဿနာမှန်သမျှကို ရောဂါတစ်ခုတည်းကိုပဲ ကြည့်ပြီးကုသတာမျိုး မဟုတ်ဘဲ လူနာတစ်ဦးချင်းစီရဲ့စိုးရိမ်ပူပန်တာတွေကို ဆရာဝန်ကြီးတွေကိုယ်တိုင်
❤️ သေချာနားထောင်ပေးရင်း ၊
❤️ စာနာ နားလည်ပေးရင်း ၊
❤️ ရင်းရင်းနှီးနှီး ဂရုစိုက်ပေးရင်းနဲ့ နွေးထွေးပျူငှါစွာ ကုသမှုပေးနေတာပဲဖြစ်ပါတယ်ရှင်

ဒါဆို ဒီနေ့ကစ ကျန်းမာရေးကိစ္စတစ်ခုခုပေါ်လာတဲ့အခါတိုင်း ဆေးခန်းက ပြန်ရောက်သွားသည့်တိုင်အောင် သင့်ကျန်းမာရေးအတွက် နောက်ကွယ်ကနေ အမြဲအဆင်သင့်ရှိနေမဲ့ အေးသုခအထူးကုဆေးခန်းမှာသာ စိတ္တအေးချမ်းစွာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလိုက်တော့နော် 📲🏥

⚠️ အထူးမေတ္တာရပ်ခံချက်။ ။ လူနာရှင်များ ရက်ချိန်းရယူရာတွင် ပိုမိုမြန်ဆန်သေချာစေရန်အတွက် Page Messenger မှတစ်ဆင့် Booking တင်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဖုန်းလေးတိုက်ရိုက်ဆက်သွယ်ပြီးသာ Booking ရယူပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။

🏥 အေးသုခ အထူးကုဆေးခန်းနှင့်ဆေးဆိုင်
📞 Booking Phone: 09 75 76 77 207, 09 75 76 77 681

📍 တည်နေရာ: အမှတ် (၆၀၇)၊ မဟာသုခိတာလမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

#အေးသုခအထူးကုဆေးခန်း #အထွေထွေရောဂါကုသမားတော်ကြီးများ

တစ်နေ့ ၈ နာရီကျော် ဖုန်းနဲ့ ကွန်ပျူတာကြည့်နေတဲ့သူတိုင်း သတိထားရမယ့် လည်ပင်းရိုးအန္တရာယ် 💻🩻🖥️ မနက် ၉ နာရီကနေ ညနေ ၅ နာရီလေ...
08/08/2026

တစ်နေ့ ၈ နာရီကျော် ဖုန်းနဲ့ ကွန်ပျူတာကြည့်နေတဲ့သူတိုင်း သတိထားရမယ့် လည်ပင်းရိုးအန္တရာယ် 💻🩻

🖥️ မနက် ၉ နာရီကနေ ညနေ ၅ နာရီလောက်အထိ ကွန်ပျူတာရှေ့မှာထိုင်ကာ ကိုယ်လက်လှုပ်ရှားမှုအများကြီးမရှိတဲ့ ရုံးဝန်ထမ်းတွေ ၊ Freelancer တွေနဲ့ Digital Device အသုံးများသူတွေအနေနဲ့ အမြဲရင်ဆိုင်ရတဲ့ပြဿနာတစ်ခုရှိပါတယ် ☝🏻

အဲ့ဒါကတော့ ညနေဘက်ဆို အလုပ်ပြီးလို့ အေးအေးဆေးဆေး Netflix ရုပ်ရှင်လေးကြည့်ပြီး အနားယူမယ်ဆိုမှ
😩 ဇက်ကြောတွေကတောင့် ၊
👁️ မျက်ခွံတွေကလေး ၊
💆🏻‍♂️ ခေါင်းတွေပါ ကိုက်လာတာမျိုးပါ…၊.
တကယ်တော့ ဒါဟာ သာမန် ပင်ပန်းရုံတင် မဟုတ်ဘဲ သင့်ရဲ့လည်ပင်း ၊ ကျောရိုးအဆစ်တွေက အချက်ပြနေတဲ့ Warning တစ်ခုလဲဖြစ်နိုင်ပါတယ်နော် ⚠️

ဒါကြောင့် ဒီနေ့မှာတော့ သာမန်ညောင်းတာ မဟုတ်ဘဲ လည်ပင်းကျောရိုးဆစ်ကျွံတဲ့ Cervical Spondylosis ရဲ့လက္ခဏာတွေကို လူကြီးမင်းတို့အားလုံးအတွက် အေးသုခဆေးခန်းကနေပြောပြပေးချင်ပါတယ်ရှင် 💁🏻‍♀️

အရင်ဆုံးဒီလိုဖြစ်ရတာဟာ ခေါင်းကို အမြဲငုံ့ပြီး ဖုန်း Screen ကိုကြည့်တဲ့အခါ လည်ပင်းရိုးပေါ်မှာ ဖိအား ၄ ဆကနေ ၅ ဆအထိ ပိုမိုသက်ရောက်သွားတာကြောင့်ပါ ။ ဒါကိုကိုယ်ကသတိမထားမိဘဲ ဒီအတိုင်း ဆက်တိုက်ထားမိနေတော့ လည်ပင်းရိုးကြားက အဆစ်လေးဟာကျွံသလိုဖြစ်ပြီး တဖြည်းဖြည်းနဲ့ အာရုံကြောတွေကို သွားဖိမိတော့ပါတော့တယ်❗️

ဒါ့အပြင်
🚨 ကိုယ့်ရဲ့လည်ပင်းဟာ တောင့်ပြီး ဘေးဘယ်ညာ လှည့်လိုက်ရင် နာကျင်နေသလိုခံစားရတာ ၊
🚨 လည်ပင်းကနေ တစ်ဆင့် ပခုံး ၊ လက်မောင်းနဲ့ လက်ချောင်းလေးတွေအထိ ထုံကျင်လာတာ ၊
🚨 ပစ္စည်းတွေကို သေချာ မကိုင်နိုင်ဘဲ လက်ထဲက လွတ်ကျတော့မလို အားနည်းလာတာနဲ့
🚨 ခေါင်းနောက်စေ့ကနေ ဇက်ကြောတက် ၊ ခေါင်းမူး ၊ ခေါင်းကိုက် စတဲ့ဝေဒနာတွေပါ ဆက်ပြီးဖြစ်လာမယ်ဆိုရင်တော့ မပေါ့ဆသင့်တော့ပါဘူးနော်

ဒါ့ကြောင့် ကိုယ်ကအလုပ်လုပ်ရင်း လည်ပင်းရိုးမပျက်စီးအောင်
💡 မိနစ် ၂၀ ပြည့်တိုင်း Screen ကနေ မျက်လုံးလွှဲပြီး ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြာ လှမ်းကြည့်ပေးတဲ့ 20-20-20 Rule လေးလုပ်ပေးမယ် ၊
💡 ကွန်ပျူတာ Screen ကို မျက်လုံးနဲ့ တစ်တန်းတည်းရှိအောင်ထားမယ် ၊
💡 ၁ နာရီ ထိုင်ပြီးတိုင်း ၅ မိနစ်လောက် မတ်တပ်ထရပ်ပြီး လည်ပင်း ၊ ပခုံးနဲ့ ခါးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးတာမျိုးတွေ လုပ်ပေးကာ အတတ်နိုင်ဆုံးကာကွယ်လို့ရပါတယ်ရှင်

🏥 ကိုယ်ကလည်ပင်းရိုးနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေကြုံနေရပြီဆိုရင်လဲ ဘာမှစိတ်ပူစရာမလိုဘဲ အမြန်ဆုံးသက်သာပေါက်ကင်းစေဖို့ ခေတ်မီစက်ကိရိယာတွေ ၊ နည်းပညာတွေနဲ့ စမ်းသပ်စစ်ဆေးကာ အတွေ့အကြုံရင့်ကျွမ်းကျင်ဆရာဝန်ကြီးတွေကိုယ်တိုင်ကုသမှုတွေပေးနေတဲ့ အေးသုခအထူးကုဆေးခန်းကိုသာအမြန်ဆုံးလှမ်းလာလိုက်ပါနော် 📲👩🏻‍⚕️
⚠️ အထူးမေတ္တာရပ်ခံချက်။ ။ လူနာရှင်များ ရက်ချိန်းရယူရာတွင် ပိုမိုမြန်ဆန်သေချာစေရန်အတွက် Page Messenger မှတစ်ဆင့် Booking တင်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဖုန်းလေးတိုက်ရိုက်ဆက်သွယ်ပြီးသာ Booking ရယူပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။
🏥 အေးသုခ အထူးကုဆေးခန်းနှင့်ဆေးဆိုင်
📞 Booking Phone: 09 75 76 77 207, 09 75 76 77 681
📍 တည်နေရာ: အမှတ် (၆၀၇)၊ မဟာသုခိတာလမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
#အေးသုခအထူးကုဆေးခန်း #အထွေထွေရောဂါကုသမားတော်ကြီးများ
#လည်ပင်းရိုးအန္တရာယ် #အရိုးအကြောနှင့်အာရုံကြော

ဩဂုတ်လအတွင်း အေးသုခအထူးကုဆေးခန်းမှာ ပြသနိုင်မယ့် အထူးကုဆရာဝန်ကြီးတွေရဲ့ OPD Timetable အချိန်ဇယား 🗓️👩🏻‍⚕️ 🌧️ မိုးရာသီလို ...
05/08/2026

ဩဂုတ်လအတွင်း အေးသုခအထူးကုဆေးခန်းမှာ ပြသနိုင်မယ့် အထူးကုဆရာဝန်ကြီးတွေရဲ့ OPD Timetable အချိန်ဇယား 🗓️👩🏻‍⚕️

🌧️ မိုးရာသီလို ရာသီဥတု အကူးအပြောင်း ကာလတွေမှာ မိသားစုဝင်တစ်ယောက်ယောက် နေမကောင်းဖြစ်တာ ၊ ဖျားနာတာ ဒါမှမဟုတ် သွေးတိုး၊ ဆီးချိုလို နာတာရှည် ရောဂါဝေဒနာတွေကြောင့် စိတ်ပူပန်ရတာမျိုးဟာ မကြာခဏကြုံတွေ့ရတတ်ပါတယ် 💉

ဒါ့အပြင် ဒီလိုအချိန်မျိုးမှာ ဘယ်ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ရမလဲဆိုတာ ဝေခွဲမရဖြစ်ရသလို ၊ ဘယ်ဆရာဝန်တွေက ဘယ်ဆေးခန်းမှာထိုင်နေလဲ ၊ ဘယ်အချိန်ပြရမလဲ ဆိုတာသေချာမသိတာနဲ့တင် မလိုအပ်ပဲအချိန်တွေကြာနေနိုင်တာပါ❗️

✨ တကယ်တော့ မိသားစုရဲ့ကျန်းမာရေးဆိုတာဟာ ဘာနဲ့မှ လဲလို့မရတဲ့အထိအရေးကြီးတာဖြစ်လို့ ခန္ဓာကိုယ်ရဲ့သတိပေးချက်လေးတွေကအစ လျစ်လျူမရှုဘဲ စနစ်တကျကြိုတင်ကာကွယ်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်နော်

ဒါ့ကြောင့် မိဘပြည်သူတွေအားလုံး အလွယ်တကူ ရက်ချိန်းယူပြသနိုင်ဖို့အတွက် ဩဂုတ်လအတွင်း အေးသုခအထူးကုဆေးခန်းမှာ ထိုင်ပေးနေတဲ့ဆရာဝန်ကြီးတွေရဲ့အချိန်လေးတွေကို စနစ်တကျ စုစည်းဖော်ပြပေးလိုက်ရပါတယ်ရှင် ⬇️

🏥 ဩဂုတ်လ အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသနိုင်မဲ့ အချိန်ဇယား

👨🏻‍⚕️ Prof. Chit Soe ( ပါမောက္ခ ဦးချစ်စိုး ) 🎓 M.B.,B.S, M.Med.Sc, MRCP (UK), FRCP (Edin), Dr.Med.Sc (Gen.Med), Dip.Med.Ed, FRCPT
🩺 ( အထွေထွေရောဂါနှင့် အရိုးအကြောအဆစ် အထူးကုသမားတော်ကြီး )
⏰ ပြသနိုင်မဲ့အချိန်များ : တနင်္လာနေ့ ( Monday ) : နံနက် ၈:၀၀ နာရီ မှ မွန်းတည့် ၁၂:၃၀ နာရီ ထိ
အင်္ဂါနေ့ ( Tuesday ) : မွန်းလွဲ ၁:၀၀ နာရီ မှ ညနေ ၆:၃၀ နာရီ ထိ
ဗုဒ္ဓဟူးနေ့ ( Wednesday ) : မွန်းလွဲ ၂:၀၀ နာရီ မှ ညနေ ၆:၃၀ နာရီ ထိ
ကြာသပတေးနေ့ ( Thursday ) : နံနက် ၇:၄၅ နာရီ မှ နံနက် ၁၁:၄၅ နာရီ ထိ
သောကြာနေ့ ( Friday ) : နံနက် ၁၀:၄၅ နာရီ မှ ညနေ ၃:၁၅ နာရီ ထိ
စနေနေ့ ( Saturday ) : နံနက် ၇:၄၅ နာရီ မှ နံနက် ၁၁:၄၅ နာရီ ထိ

👨🏻‍⚕️ Prof. Ko Ko ( ပါမောက္ခ ဦးကိုကို )
🎓 M.B.,B.S, M.Med.Sc (Int.Med), M.R.C.P (UK), F.R.C.P (Edin), Dr.Med.Sc (Gen. Med), Dip.Med.Edu 🩺 ( အထွေထွေရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ အထူးကုသမားတော်ကြီး )
⏰ ပြသနိုင်မဲ့အချိန်များ : အင်္ဂါနေ့ နဲ့ ဗုဒ္ဓဟူးနေ့ ( Tuesday , Wednesday ) : နံနက် ၈:၁၅ နာရီ မှ နံနက် ၉:၁၅ နာရီ ထိ

👨🏻‍⚕️ Prof. Kyaw Thu Yaa ( ပါမောက္ခ ဦးကျော်သူရ )
🎓 M.B.,B.S, M.Med.Sc (Int.Med), Dr.Med.Sc (Gen.Med) DCME, Dip.RMRE, MRCP (UK), FRCP (Glasg), FRCP (Edin) 🩺 ( အထွေထွေရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ အထူးကုသမားတော်ကြီး )
⏰ ပြသနိုင်မဲ့အချိန်များ : စနေနေ့ ( Saturday ) : ညနေ ၅:၀၀ နာရီ မှ စတင်၍

👩🏻‍⚕️ Prof. Khin Phyu Pyar ( ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ )
🎓 M.B.,B.S (Ygn), M.Med.Sc (Int.Med), MRCP (UK), FRCP (London), FRCP (Ireland), Dip.Med.Edu, FRCP (Glasgow), MRCP (Ireland), D.T.M&H (London)
🩺 ( ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီး )
⏰ ပြသနိုင်မဲ့အချိန်များ : တနင်္လာနေ့ နဲ့ သောကြာနေ့ ( Monday , Friday ) : မွန်းလွဲ ၂:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီ ထိ

👩🏻‍⚕️ AP. Aye Myintzu ( လက်ထောက်ပါမောက္ခ ဒေါက်တာ အေးမဉ္ဇူ )
🎓 M.B.,B.S, M.Med.Sc (Int.Med:), M.R.C.P (UK), Dr.Med.Sc (General Medicine), F.R.C.P (Glasg), F.R.C.P (Edin)
🩺 ( အထွေထွေရောဂါ အထူးကုသမားတော်ကြီး )
⏰ ပြသနိုင်မဲ့အချိန်များ : ဗုဒ္ဓဟူးနေ့ နဲ့ သောကြာနေ့ ( Wednesday , Friday ) : ညနေ ၅:၀၀ နာရီ မှ ညနေ ၇:၀၀ နာရီ ထိ

👩🏻‍⚕️ Dr. Yin Phyu Thant ( ဒေါက်တာ ယဉ်ဖြူသန့် )
🎓 M.B.,B.S, M.Med.Sc (Internal Medicine), M.R.C.P (UK), Dr.Med.Sc (Endocrinology)
🩺 ( ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုသမားတော် )
⏰ ပြသနိုင်မဲ့အချိန်များ : သောကြာနေ့ ( Friday ) : ညနေ ၄:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီ ထိ

👨🏻‍⚕️ Dr. Min Kyaw Thein ( ဒေါက်တာ မင်းကျော်သိန်း )
🎓 M.B.,B.S, Dip.Med.Edu, M.Med.Sc (Radiation Oncology), Fellowship in Palliative Care (India/UK)
🩺 ( ကင်ဆာဓာတ်ရောင်ခြည် အထူးကုသမားတော် )
⏰ ပြသနိုင်မဲ့အချိန်များ : စနေနေ့ ( Saturday ) : မွန်းတည့် ၁၂:၀၀ နာရီ မှ မွန်းလွဲ ၂:၀၀ နာရီ ထိ

👨🏻‍⚕️ Dr. Myint Thein Naing ( ဒေါက်တာ မြင့်သိမ်းနိုင် )
🎓 M.B.,B.S, M.Med.Sc (Int.Med), MRCP (UK), Dip.Med.Ed, Dr.Med.Sc (Neurology), FRCP (Glasg), FRCP (Edin)
🩺 ( ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီး )
⏰ ပြသနိုင်မဲ့အချိန်များ : တနင်္လာ မှ စနေနေ့ ( Monday to Saturday ) : ညနေ ၄:၀၀ နာရီ မှ စတင်၍

🧑🏻‍⚕️ Dr. Ye Phyo Aung ( ဒေါက်တာ ရဲဖြိုးအောင် )
🎓 M.B.,B.S, M.Med.Sc (Int.Med), Dip.Med.Ed
🩺 ( အထွေထွေရောဂါကုသမားတော် )
⏰ ပြသနိုင်မဲ့အချိန်များ : ကြာသပတေးနေ့ ( Thursday ) : ညနေ ၄:၃၀ နာရီ မှ စတင်၍

👩🏻‍⚕️ Dr. The Nu Wai ( ဒေါက်တာ သဲနုဝေ )
🎓 M.B.B.,S (Ygn), MRCS (Edin), M.Med.Sc (Surgery), Dr.Med.Sc (General Surgery)
🩺 ( အစာအိမ် အူလမ်းကြောင်း နှင့် အထွေထွေ ခွဲစိတ်အထူးကုဆရာဝန် - မြောက်ဥက္ကလာပဆေးရုံကြီး )
⏰ ပြသနိုင်မဲ့အချိန်များ : တနင်္လာ မှ စနေနေ့ ( Monday to Saturday ) : ညနေ ၅:၀၀ နာရီ မှ စတင်၍

🧑🏻‍⚕️ Dr. Thura Zaw ( ဒေါက်တာ သူရဇော် )
🎓 M.B.,B.S, M.Med.Sc (Surgery),M.R.C.S(Edin)
🩺 ( အထွေထွေရောဂါခွဲစိတ်အထူးကု - အင်းစိန်ဆေးရုံကြီး )
⏰ ပြသနိုင်မဲ့အချိန်များ : တနင်္လာ မှ စနေနေ့ ( Monday to Saturday ) : နံနက် ၇:၀၀ နာရီ မှ နံနက် ၉:၀၀ နာရီ ထိ ၊ ညနေ ၄:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီ ထိ

👩🏻‍⚕️ Dr. Ohnmar Lwin ( ဒေါက်တာ ဥမ္မာလွင် )
🎓 M.B.,B.S, M.Med.Sc (Int.Med), M.R.C.P (UK) 🩺 ( အထွေထွေရောဂါ အထူးကုသမားတော် )
⏰ ပြသနိုင်မဲ့အချိန်များ : စနေနေ့ ( Saturday ) : နံနက် ၉:၀၀ နာရီ မှ နံနက် ၁၁:၀၀ နာရီ ထိ

🏥 ခေတ်မီဆန်းသစ်တဲ့ စက်ကိရိယာတွေနဲ့ အဖြေတိကျအောင် အရင်ဆုံး စမ်းသပ်စစ်ဆေးပေးသလို လူနာရဲ့လက်ရှိကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ရေရှည်ဘေးထွက်ဆိုးကျိုးမရှိစေဖို့ ဆေးပမာဏကအစ အထက်ပါကျွမ်းကျင်ဆရာဝန်ကြီးတွေကိုယ်တိုင် သေချာချိန်ညှိတွက်ချက်ပေးကာ ဂရုတစိုက် ကုသပေးသွားမှာပဲဖြစ်ပါတယ် 🌟

ဒါဆို အေးသုခအထူးကုဆေးခန်းရဲ့ဆရာဝန်ကြီးတွေနဲ့အတူ မိမိတို့ ပြသလိုတဲ့နေ့အတွက် ရက်ချိန်းကို အောက်ပါဖုန်းနံပါတ်တွေကနေ အခုပဲ အမြန်ဆုံးကြိုတင်ရယူနိုင်ပါပြီရှင် 📲📞

⚠️ အထူးမေတ္တာရပ်ခံချက်။ ။ လူနာရှင်များ ရက်ချိန်းရယူရာတွင် ပိုမိုမြန်ဆန်သေချာစေရန်အတွက် Page Messenger မှတစ်ဆင့် Booking တင်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဖုန်းလေးတိုက်ရိုက်ဆက်သွယ်ပြီးသာ Booking ရယူပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။



🏥 အေးသုခ အထူးကုဆေးခန်းနှင့်ဆေးဆိုင်
📞 Booking Phone: 09 75 76 77 207, 09 75 76 77 681

📍 တည်နေရာ: အမှတ် (၆၀၇)၊ မဟာသုခိတာလမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

#အေးသုခအထူးကုဆေးခန်း #အထွေထွေရောဂါကုသမားတော်ကြီးများ #သမားတော်ကြီးများအချိန်ဇယား

ဘုရားရှင် တရားဦးဟောတော်မူခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့တွင် ပြည်သူများအားလုံး ရောဂါဘယများ ကင်းဝေးပြီး စိတ်ရ...
29/07/2026

ဘုရားရှင် တရားဦးဟောတော်မူခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့တွင် ပြည်သူများအားလုံး ရောဂါဘယများ ကင်းဝေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းကြပါစေကြောင်း Aye Thukha မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
🩺🤍




#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့


အင်းစိန်မြို့နယ်ထဲက မိသားစုဝင်တိုင်းရဲ့ကျန်းမာရေးကိစ္စအတွက် အမြဲအတူရှိနေမဲ့ အေးသုခအထူးကုဆေးခန်း 🏥📍⏳ မိနစ်ပိုင်းလေးကအစ အသ...
28/07/2026

အင်းစိန်မြို့နယ်ထဲက မိသားစုဝင်တိုင်းရဲ့ကျန်းမာရေးကိစ္စအတွက် အမြဲအတူရှိနေမဲ့ အေးသုခအထူးကုဆေးခန်း 🏥📍

⏳ မိနစ်ပိုင်းလေးကအစ အသက်တမျှအရေးကြီးနေတဲ့အရေးပေါ်အချိန်မျိုးမှာ ဆေးခန်းတစ်ခုကိုသွားမယ်ဆိုရင် အရေးအကြီးဆုံးဟာ ဆေးခန်းရဲ့တည်နေရာပဲဖြစ်ပါတယ်

ဒါ့ကြောင့် အင်းစိန်မြို့နယ်ထဲမှာ နေထိုင်တဲ့ မိသားစုဝင်တွေအနေနဲ့
🗣️ ကိုယ်တိုင်အတွက်ပဲ ဖြစ်စေ ၊
🧑‍🧑‍🧒‍🧒 မိဘဘိုးဘွားတွေနဲ့ ကလေးငယ်တွေအတွက်ပဲဖြစ်စေ ကျန်းမာရေးအတွက် ဆေးခန်းပြဖို့ လိုအပ်လာတဲ့အခါ လမ်းခရီး အခက်အခဲ မရှိစေဘဲ စိတ်အေးချမ်းသာစွာ အမြန်ဆုံးသွားနိုင်ဖို့ဟာ အရမ်းအရေးကြီးပါတယ်ရှင်…

အခုတော့ ကျွန်မတို့ အေးသုခအထူးကုဆေးခန်း ဟာ အင်းစိန်မြို့နယ်ရဲ့အချက်အချာကျပြီး ရန်ကုန်မြို့ရဲ့ဘယ်နေရာကနေပဲလာလာ သွားရလာရ အဆင်ပြေဆုံးနေရာတစ်ခုမှာတည်ရှိနေပါပြီ 👩🏻‍⚕️✨

🚙 ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့အဓိကလမ်းမကြီးဖြစ်တဲ့ အင်းစိန်လမ်းမကြီးကပဲဝင်ဝင် ၊
🛑 စော်ဘွားကြီးကုန်းဘက်ကနေဝင်ပြီး မင်းဓမ္မလမ်းကပဲဝင်ဝင် အလွယ်တကူ လမ်းခရီးအခက်အခဲအများကြီးမရှိဘဲ လာရောက်နိုင်သလို
🏫 ရန်ကုန်နည်းပညာတက္ကသိုလ်ဖြစ်တဲ့ YTU အနီးမှာတင်ရှိတာဖြစ်လို့ လူကြီးမင်းအတွက် ရှာဖွေရလဲလွယ်ကူစေမှာပါနော်

အေးသုခဆေးခန်းရဲ့လိပ်စာအတိအကျလေးကတော့ 📍အမှတ် (၆၀၇) ၊
🛣️ မဟာသုခိတာလမ်း ၊
✨ အရှေ့ကြို့ကုန်း ၊
🧭 အင်းစိန်မြို့နယ် ၊
🗺️ ရန်ကုန်မြို့ပဲဖြစ်ပါတယ်ရှင်

🅿️ ကိုယ်ပိုင်ကားနဲ့လာမဲ့သူတွေအတွက်ကအစ ဆေးခန်းရှေ့မှာတင် စိတ်ချလက်ချ ရပ်နားနိုင်လို့ လူနာအတင်အချလုပ်ဖို့ အထူးအဆင်ပြေစေမဲ့အပြင်
အထူးကုဆရာဝန်ကြီးတွေရဲ့စနစ်တကျ ကုသမှုကို ခံယူနိုင်ရုံတင်မကဘဲ စိတ်ချရတဲ့ သောက်ဆေး ၊ ထိုးဆေးအမျိုးမျိုးကိုပါ ဆေးခန်းတွင်းဆေးဆိုင်မှာတစ်ခါတည်း ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်တာဖြစ်လို့ အရေးပေါ်အချိန်မျိုးမှာတင် အချိန်ကုန်အလွန်သက်သာစေမှာပါနော် 💊

ဒါဆို ဒီလိုသွားရေးလာရေးကအစ အဆင်ပြေပြီး အစစအရာရာပြည့်စုံတဲ့ကျန်းမာရေးဝန်ဆောင်မှုကို ရရှိနိုင်ဖို့ အခုပဲ အေးသုခဆေးခန်းမှာ ကြိုတင် Booking တင်ထားလိုက်တော့နော် 🚑📞

⚠️ အထူးမေတ္တာရပ်ခံချက်။ ။ လူနာရှင်များ ရက်ချိန်းရယူရာတွင် ပိုမိုမြန်ဆန်သေချာစေရန်အတွက် Page Messenger မှတစ်ဆင့် Booking တင်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဖုန်းလေးတိုက်ရိုက်ဆက်သွယ်ပြီးသာ Booking ရယူပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။

🏥 အေးသုခ အထူးကုဆေးခန်းနှင့်ဆေးဆိုင်
📞 Booking Phone: 09 75 76 77 207, 09 75 76 77 681

#အေးသုခဆေးခန်း #အထူးကုဆေးခန်း #အရှေ့ကြို့ကုန်း #ဆေးခန်းလမ်းညွှန်

Address

No. 607, Corner Of Maha Thukhitar Street And Maha Thukhitar St 8, East Gyo Gone
Insein

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Aye Thu Kha Specialist Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share