ပတ္တမြားနဂါး ဆရာတော်

ပတ္တမြားနဂါး ဆရာတော် 🙏🏻 ကလောမြို့ -ပတ္တမြားရိပ်သာခွဲ 🙏🏻

17/07/2026
" ၁၃၈၈-ခုနှစ် နယုန်လ_တရားစခန်းပွဲ " ကျင်းပမည် " ရှမ်းပြည်နယ်တောင်ပိုင်း + ကလောမြို့နယ် + ရေယားရွာ ပတ္တမြားရိပ်သာကျောင်းတ...
19/05/2026

" ၁၃၈၈-ခုနှစ် နယုန်လ_တရားစခန်းပွဲ " ကျင်းပမည် "
ရှမ်းပြည်နယ်တောင်ပိုင်း + ကလောမြို့နယ် + ရေယားရွာ ပတ္တမြားရိပ်သာကျောင်းတိုက်၌

🙏🏻 ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရားကြီး နှင့် ကျေးဇူးတော်ရှင် ပတ္တမြားရိပ်သာ ဆရာတော်ဘုရားကြီးတို့၏ ဥပနိဿယအတိုင်း 🙏🏻

နယုန်လတွင်
အဓိဋ္ဌာန် ( ၁၀ ) ရက် တရားစခန်းပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါ၍

🙏🏻 ဆရာတော်ကြီးများ၏ တပည့် သာဝကများ နှင့် တရားစခန်းဝင်လိုသော ဓမ္မမိတ်ဆွေ သူတော်စင် သူတော်ကောင်း အပေါင်းတို့အား အသိပေး အပ်ပါသည် ။ 🙏🏻

၁၃၈၈-ခုနှစ် နယုန်လဆန်း ( ၅ ) ရက် ( 20-5-2026 ဗုဒ္ဓဟူးနေ့ ) ညနေ
ကလောမြို့ ပတ္တမြားရိပ်သာ ကျောင်းတိုက်သို့
အရောက် လာရမည်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
နယုန်လဆန်း ( ၆ ) ရက် ( 21-5-2026 ကြာသပတေးနေ့ ) မှ

နယုန်လပြည့် ( ၁၅ ) ရက်နေ့ ( 30-5-2026 စနေနေ့ ) အထိ ၁၀-ရက်တိုင်တိုင်
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

" ခန္ဓာဉာဏ်ရောက် ဝိပဿနာ အဓိဋ္ဌာန် ( ၁၀ ) ရက် တရားစခန်း " ကျင်းပပြုလုပ်သွားမှာဖြစ်ပါသည်။

မှတ်ပုံတင် တစ်ပါတည်း ယူဆောင်လာရပါမည် ။

ကြိုတင် စာရင်း ပေးလိုသူများ အတွက်

၁။ သံဃာတော်များ ၊ ဒုလ္လဘ ရဟန်းတော်များ နှင့် သီလရှင်များ
စာရင်းပေးသွင်းရန် 09 975 250 098.

၂။ အမျိုးသားများ နှင့် အမျိုးသမီး ယောဂီများ စာရင်းပေးသွင်းရန် 09 9789 56635 , 09 797 954 170.

မှတ်ချက်။ ။ #ယောဂီဦးရေ_ကန့်သတ်ထားပါသည်။

🙏🏻 🧳ယူဆောင်လာရမည့် ပစ္စည်းများ 🧳🙏🏻

( က ) မှတ်ပုံတင်
( ခ ) တစ်ကိုယ်ရည်အသုံးအဆောင်
( ဂ ) သောက်နေကြ ဆေးဝါး
( ဃ ) ယောဂီ ဝတ်စုံ ၊ ယောဂီတဘက် တို့ဖြစ်ပါသည်။
( င ) စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံး တို့ကို တစ်ပါတည်း ယူဆောင်လာရပါမည် ။

ပတ္တမြားရိပ်သာခွဲ
ရေယားရွာ + ကလောမြို့ + ရှမ်းပြည်နယ်တောင်ပိုင်း
09 444 020 020
09 945 969 969 .

See More
1. page
https://www.facebook.com/profile.php?id=100084303821989&mibextid=wwXIfr&mibextid=wwXIfr

2. Google Maps
https://maps.app.goo.gl/RTH32u2Fxv5ZkEmz5?g_st=ic

© တစ်နေ့ မှာဘုန်းကြီးကျောင်းအတွင်းအမျိုးသမီးကြီး တစ်ဦး ဝင်လာသည် ဆရာတော်ကား ကျောင်းထဲတွင် တံမြက်စည်း လှည်းနေလေ၏၊အမျိုးသမီ...
19/01/2025

© တစ်နေ့ မှာ
ဘုန်းကြီးကျောင်းအတွင်း
အမျိုးသမီးကြီး တစ်ဦး ဝင်လာသည်

ဆရာတော်ကား ကျောင်းထဲတွင် တံမြက်စည်း လှည်းနေလေ၏၊
အမျိုးသမီးက
ဆရာတော်ကို ဦးချလိုက်သည်။

ဒကာမကြီး ကျန်းမာရဲ့နော်”
လူကကျန်းမာပါတယ်ဘုရား”
လူက ကျန်းမာတယ်ဆိုတော့
အခြား ဘာဖြစ်နေလို့လဲ”

စိတ်"ဆင်းရဲနေရပါတယ် ဘုရား တပည့်တော် အတော်လေးကိုပဲ စိတ်ညစ်နေပါတယ် ဘုရား တပည့်တော်ကို
စိတ်ချမ်းသာအောင်
တရားပြပေးတော်မူ ပါဘုရား”

ဪ " စိတ် ဆင်းရဲနေတာကိုး”
တင်ပါ့ဘုရား”
တရားပြရမယ်ပေါ့” တင်ပါ့ဘုရား”

ကိုင်း … တရားပြမယ် ဒကာမကြီး ဒီမှာတော့ မဟုတ်ဘူး
ဟိုး တောင်ကုန်းပေါ်က
ဘုရားပေါ်ရောက်မှ”

တပည့်တော်လိုက်ခဲ့ပါ့မယ်ဘုရား”

ဆရာတော်က တံမြက်စည်းကို သစ်ပင်တစ်ပင်တွင်
ထောင်ထားလိုက်ပြီးနောက်
ရှေ့ကကြွသွားသည်။

တောင်ကုန်းထက်တွင်
စေတီလေးတစ်ဆူ ရှိသည်။ ဆရာတော်က
တောင်ကုန်းကိုတက်ရမည့် လှေကားရင်းကို ရောက်သည့်အခါအုတ်နီခဲတွေကို ဆင့်လိုက်ပြီး
မ,ရန် ပြင်လိုက်သည်။

အို ဆရာတော်ဘုရား
တပည့်တော် သယ်လာပေးပါ့မယ်တပည့်တော်ကို ပေးပါဘုရား”

တောင်ကုန်းပေါ်မှာ ဇရပ်ပြင်နေတယ် အဲဒါကြောင့်
တောင်ကုန်းပေါ်တက်ရင်
အုတ်နီခဲတွေကို
နိုင်သလောက် သယ်သွားရတယ်”

တပည့်တော် သယ်ပေးပါ့မယ် တပည့်တော် ခေါင်းပေါ်
တင်ပေးပါဘုရား”

အမျိုးသမီးကြီးက
ပါလာသည့် တဘက်ကို ခွေလိုက်ပြီး ခေါင်းပေါ်ကို တင်လိုက်သည်။ ဆရာတော် ကလည်း
အမျိုးသမီးခေါင်းပေါ်ကို
အုတ်ခဲ သုံးလုံးတင်လိုက်သည်။

ဒကာမကြီး ရပြီလား”
ထပ်တင်ပါဘုရား
တပည့်တော် နိုင်ပါတယ်”

လေးလုံးတင်လိုက်သည်
ရရဲ့လား”
ငါးလုံးတင်ပါဘုရား … ရပါတယ်”

ဆရာတော်က
အမျိုးသမီးခေါင်းပေါ်
အုတ်ခဲ ငါးလုံးတင်ပေးလိုက်ပြီး
ရှေ့က ကြွသွားသည်။

တောင်က မတ်စောက်သည်။
လှေခါးထစ်တွေကလည်း
မညီမညာဖြစ်သောကြောင့်
မနည်းထိန်းတက်နေ ရသည်။
ဝေးကလည်း ဝေးသည်။

ခရီးသုံးပုံတစ်ပုံခန့်အရောက်တွင် ဆရာတော်က
နောက်လှည့်ကြည့်သည်။
ရဟန်းအစ်မကြီးကား
မောဟိုက် နေလေပြီ။

ဒကာမကြီးရရဲ့လား”

တောင်ကမတ်တော့
နည်းနည်း မောတယ်ဘုရား”
ပင်ပန်းလွန်းရင်
အုတ်ခဲတစ်ခဲ လျှော့လိုက်လေ”

တင်ပါ့ဘုရား”

ရဟန်းအစ်မကြီးက
အုတ်ခဲတစ်ခဲကို
လမ်းဘေးချလိုက်သည်။
ထို့နောက် ဆက်တက်သည်။
ခရီးတစ်ဝက် ရောက်မှ
နားရပြန်သည်။

ဒကာမကြီး ဖြစ်ပါ့မလား”
ချွေးတော့ပြန်နေပြီဘုရား”

အုတ်ခဲတစ်ခဲ လျှော့လိုက်ပါလား”

အုတ်ခဲတစ်ခဲကို လမ်းဘေးတွင်
ချခဲ့ရကာ" ဆက်တက်ကြသည်။
ခရီးတစ်ဝက်အရောက်တွင်
ရဟန်း အစ်မကြီး နားနေပြန်သည်

ဒကာမကြီး ဖြစ်ပါ့မလား”
ဖြစ်ပါတယ်ဘုရား”

အုတ်ခဲလျှော့လိုက်ပါ ကိစ္စမရှိပါဘူး ကျောင်းသားတွေ
နောက်ကလိုက်လာပြီး
ကောက်လာကြပါလိမ့်မယ်”

တစ်ခဲ လျှော့လိုက်ပြန်သည်။

ဤသို့ဖြင့် နောက်ဆုံးတွင်
တောင်ပေါ်သို့ရောက်သည့်အခါ ရဟန်းအစ်မကြီးထံတွင်
အုတ်ခဲတစ်ခဲသာ ပါတော့ သည်။

တောင်ပေါ်ရောက်သည်နှင့်
ရဟန်းအစ်မကြီးက
ဘုရားကို ဝတ်ပြုသည်။
ဇရပ်ပျက်ထဲတွင် ထိုင်နေသည့် ဆရာတော်ကို ဦးချပြီးနောက်

အရှင်ဘုရား
တပည့်တော်ကို တရားပြပါဘုရား”

တရားပြပြီးပြီလေ … ဒကာမကြီး”

ခုမှ ထိုင်တာလေဘုရား
ဘယ်မှာ တရားဟောရသေးလို့လဲ”
ဒကာမကြီး” ဘုရား”

တောင်အောက်ကနေ
အုတ်ခဲစသယ်တော့
ဘယ်နှလုံး သယ်လာသလဲ”

ငါးလုံးပါ ဘုရား”
တောင်ပေါ်ကို
ဘယ်နှလုံးပါလာသလဲ”
တစ်လုံးတည်းပါဘုရား”
အုတ်ခဲတွေကို
တစ်လုံးလျှော့လိုက်တိုင်း
ဘယ်လိုခံစားရသလဲ”

ပေါ့သွားပါတယ် ဘုရား”

ခုဆိုရင် ဒကာမကြီး ခေါင်းပေါ်မှာ ရွက်ပိုးထားတာ
ဘယ်နှလုံးရှိသေးလဲ”
တစ်လုံးမှ မရှိတော့ပါဘုရား”

တစ်လုံးမှ မရှိတော့ ဘယ်လိုနေသလဲ မောသေးလား … ပင်ပန်းသေးလား”
မမောတော့ပါဘုရား
မပင်ပန်းတော့ပါ ဘုရား”

အင်း … ဒကာမကြီး
ကိုယ့်အပေါ်ကို ပိနေတဲ့
ဝန်ထုပ်ဝန်ပိုးတွေကို
လျှော့နိုင်သမျှ လျှော့တော့
ဟုတ်ပြီလား
လျှော့နိုင်လေ … ခရီးရောက်လေ
မလျှော့နိုင်လေ … ပင်ပန်းလေ
ဘာဖြစ်လို့
ဝန်ထုပ်ဝန်ပိုးတွေကို
ဆက်ရွက်နေချင်သေးသလဲ
မနိုင်ရင် ချထားခဲ့
ခရီးရောက်အောင်
ဘာမှမပါဘဲ တက်နိုင်လေ
မြန်မြန် ရောက်လေပဲ
အခု လက်တွေ့ ပဲ မဟုတ်လား”

တင်ပါ့ဘုရား
တပည့်တော် သဘောပေါက်ပါပြီဘုရား”

“သာဓု … သာဓု … သာဓု”

တင်ညွန့်

၁.၃.၂၀၂၂
#မေတ္တာဖြင့်ပြန်လည်မျှဝေကုသိုလ်ပြုသည်

သာသနာဝင်ထမ်းရဟန်းတစ်ပါး,သာမဏေတစ်ပါး သားကောင်းတစ်ယောက်,သမီးအလိမ္မာတစ်ယောက် ကိုယ့်ရဲ့ ဆွေမျိုးအသိုင်းအဝိုင်း မိမိရဲ့ ကျောင...
27/10/2024

သာသနာဝင်ထမ်းရဟန်းတစ်ပါး,သာမဏေတစ်ပါး
သားကောင်းတစ်ယောက်,သမီးအလိမ္မာတစ်ယောက်

ကိုယ့်ရဲ့ ဆွေမျိုးအသိုင်းအဝိုင်း
မိမိရဲ့ ကျောင်းတိုက်,မြို့နယ်,….ရပ်ရွာဝန်းကျင်မှာ
ပေါ်ထွန်းလာခဲ့ရင်--

အဲဒီ ဝန်းကျင်ကျောင်းတိုက်အားလုံးဟာ
အထက်တန်းရောက် ……ဂုဏ်ရောင် တောက်ပကုန်တော့တာပါပဲ။

သ ဇာတော ယေန ဇာတေန၊
ယာတိ ဝံသော သမုန်နတိ။
ပရိဝတ္တနီ သံသာရေ
မတော ကော ဝါ န ဇာယတေ။

(ဟိတောပဒေသ)

Address

Ruby Mountain Kalaw
Kalaw

Telephone

+959444020020

Website

Alerts

Be the first to know and let us send you an email when ပတ္တမြားနဂါး ဆရာတော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share