Best Care Health Provider

  • Home
  • Best Care Health Provider

Best Care Health Provider Public Health Care Center

ရောဂါအခံရှိသူများ ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြရန် MOHS သတိပေးကူးစက်မြန် ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွ...
23/01/2024

ရောဂါအခံရှိသူများ ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြရန် MOHS သတိပေး

ကူးစက်မြန် ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ တွေ့ရှိရသည့်အတွက် ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့်သူများတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။

" ပြောချင်တာက ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့ပေါ့။ အသက် ၅၀ နဲ့အထက်ရှိတယ့်သူတွေ ထပ်ဆောင်းကာကွယ် ဆေးထိုးသင့်တယ်။ အသက် ၆၅ နဲ့ အထက်တွေလည်း ထိုးသင့်တယ်။ အထူးသဖြင့် သွေးတိုး၊ဆီးချို၊ နှလုံး၊ကင်ဆာ ‌‌အခြားရောဂါအခံရှိတယ့်သူတွေက ထိုးသင့်တယ်"ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခုတွေ့ရှိရသည့် SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ အသစ်တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ JN.1 သည် EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှု အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးပြီး ၎င်းဗီဇပြောင်းမျိုးကွဲပိုးသည် ကူးစက်ပျံ့နှံ့မှုမြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှုမရှိကြောင်း သိရသည်။

"ကာကွယ်ဆေးထိုးပြီးတဲ့ လူဦးရေကိုတော့ အတိအကျမပြောနိုင်ဘူး။ ဒါပေမဲ့ ကာကွယ်ဆေးရရှိတဲ့ အပေါ်မူတည်ပြီး လိုက်လံထိုးနှံပေးနေပါတယ်"ဟု ၎င်းကဆက်လက်ပြောကြားသည်။

၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန်ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို ခံယူသင့်ကြောင်း အသိပေးထားသည်။

ရရှိနိုင်သည့်ကိုဗစ်ကာကွယ်ဆေးများ
👉👉👉Covishield
👉👉👉Moderna/Pfizer (Bivalent)

Booster Dose ထိုးနှံခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ
ဗဟုသုတများအား ကျွမ်းကျင်အထူးကုဆရာဝန်နှင့်
Page Messenger မှတဆင့် အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

စာရင်းပေးသွင်းရန် 📞09759033769
လိပ်စာ ပြည်ရိပ်မွန် ကမာရွတ် နာနတ်တောလမ်းအနီး

👉ကိုဗစ်အိုမီခရွန် မျိုးကွဲ XBB.1.16 (Arcturus) 🦠ကို အတော်အသင့် ကာကွယ်နိုင်မည့် ကာကွယ်နိုင်စွမ်းမြင့် နှစ်မျိုးစပ်ကိုဗစ်က...
02/05/2023

👉ကိုဗစ်အိုမီခရွန် မျိုးကွဲ XBB.1.16 (Arcturus) 🦠ကို အတော်အသင့် ကာကွယ်နိုင်မည့် ကာကွယ်နိုင်စွမ်းမြင့် နှစ်မျိုးစပ်ကိုဗစ်ကာကွယ်ဆေး Moderna Bivalent/ Pfizer Bivalent ထိုးဖို့ ကျွန်မတို့ Best Care Health Provider တွင် စာရင်းပေးသွင်းလို့ရပါပြီရှင် ✍️

👉ကာကွယ်ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေး ျား ထိုးနှံခြင်းတို့ကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်📣📣

👉ယခင်ကျွန်မတို့ဆေးခန်းတွင် ကာကွယ်ဆေးထိုးနှံထားပြီးသူများအတွက် ဆက်လက်ဦးစားပေးအစီအစဉ်များဖြင့် ထိုးနှံပေးသွားမည်ဖြစ်ပါသည်😍

✅ရရှိနိုင်သည့်ကိုဗစ်ကာကွယ်ဆေးများ
👉👉👉Covishield /Covaxin/
👉👉👉Moderna/Pfizer (Bivalent)

👉WHO ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ကျွမ်းကျင်အထူးကု ဆရာဝန်နှင့်Page Messenger or viber မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်☎️

👉စာရင်းပေးသွင်းရန် 📞09759033769
🏥လိပ်စာ ပြည်ရိပ်မွန် ကမာရွတ် နာနတ်တောလမ်းအနီး

☄️လက်တလော ကူးစက်မှုပြန်လည်မြင့်တက်လာသည်မှာ ကိုဗစ်မျိုးကွဲ XBB.1.16 (Arcturus) ကြောင့် ဖြစ်ပါတယ်‼️🦠☄️ကိုဗစ်ကာကွယ်ဆေး Boos...
28/04/2023

☄️လက်တလော ကူးစက်မှုပြန်လည်မြင့်တက်လာသည်မှာ ကိုဗစ်မျိုးကွဲ XBB.1.16 (Arcturus) ကြောင့် ဖြစ်ပါတယ်‼️🦠

☄️ကိုဗစ်ကာကွယ်ဆေး Booster ကို မပျက်မကွက် ထိုးနှံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်📣

☄️ကာကွယ်ဆေးထိုးနှံရန် လူဦးရေ၊ ဖုန်းနံပါတ်ဖြင့်စာရင်းပေးသွင်းရပါမည်🚹

☄️ကာကွယ်ဆေးထိုးပြီးသည့်အခါ ပြည်တွင်း/ပြည်ပခရီးသွားလာနိုင်သော QR Code ပါသည့် English Version Vaccine Certificate များ ပြုလုပ်ပေးပါသည်🆓

☄️လူဦးရေ အနည်းအများအလိုက် အိမ်အရောက် ဝန်ဆောင်မှုရှိပါသည်✅

☄️ပြည့်စုံဆေးခန်းတွင်
ရရှိနိုင်သည့်ကိုဗစ်ကာကွယ်ဆေးများ
👉👉👉Covishield /Covaxin 💉💉💉
👉👉👉 / (Bivalent) 💉💉💉

🩺 ☄️Booster Dose ထိုးနှံခြင်းနှင့်ကာကွယ်ဆေး
ဆိုင်ရာဗဟုသုတများအား ကိုဗစ်ဆိုင်ရာအတွေ့အကြုံရှိအထွေထွေအထူးကု ဆရာဝန်နှင့်Page Messenger or viber မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်🙏

✳️ဆေးခန်းတည်နေရာ🏥
ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်း ၊ရန်ကုန်မြို့
ဆက်သွယ်ရန်ဖုန်း☎️
Hot Line - 📞09759033769

👉👉👉Covid Booster ထိုးပြီးကြပြီလား 💉💉💉ရရှိနိုင်သည့်ကိုဗစ်ကာကွယ်ဆေးများ 👉👉👉Covishield /Covaxin/ Modernaလက်ရှိကမ္ဘာကူးစက်မှ...
30/01/2023

👉👉👉Covid Booster ထိုးပြီးကြပြီလား 💉💉💉

ရရှိနိုင်သည့်ကိုဗစ်ကာကွယ်ဆေးများ
👉👉👉Covishield /Covaxin/ Moderna

လက်ရှိကမ္ဘာကူးစက်မှုမြင့်တက်လာသည့် ကိုဗစ်အိုမီခရွန်မျိုးကွဲများကို ကြိုတင်ကာကွယ်သည့်အနေဖြင့်

✅ Mask တပ်

✅လက်ဆေး

✅လူစုလူဝေးရှောင်

✅အဟာရပြည့်ဝစွာစား

✅ကာကွယ်ဆေး Booster Dose အပြည့်ထိုးနှံထားဖို့

လိုအပ်မှာဖြစ်ကြောင်း Best Care Health Provider မှ

တိုက်တွန်းနှိုးဆော်အပ်ပါသည်

Booster Dose ထိုးနှံခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ
ဗဟုသုတများအား ကျွမ်းကျင်ဆရာဝန်နှင့်
Page Messenger မှတဆင့် အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

ဆေးခန်းတည်နေရာ
ကမာရွတ် နာနတ်တောလမ်း ရန်ကုန်

COVID-19 အပိုဆောင်း (Booster) ကာကွယ်ဆေးထိုးရန် လေ့လာချက်များအရ မူလပထမကာကွယ်ဆေးများထိုးနှံပြီး လေးလမှခြောက်လအကြာတွင် COVID-19 ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည့် ဆေးအာနိသင်လျော့ကျလာကြောင်း ‌တွေ့ရှိရပါသည်။ ကူးစက်နိုင်ခြေအများဆုံးအုပ်စုများသည် အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်ဆေးအာနိသင်လျော့ကျလာပြီး ရောဂါကူးစက်ခံရပါက ပြင်းထန်သောရောဂါများကို ခံစားရနိုင်ပါသည်။

သို့ဖြစ်ပါ၍ COVID-19 အပိုဆောင်း (Booster) ကာကွယ်ဆေးကို မိမိတို့၏ မူလပထမကာကွယ်ဆေးများထိုးနှံပြီးနောက် လေးလမှခြောက်လအကြာတွင် ထပ်မံထိုးနှံရန် WHO မှ အကြံပြုထားပါသည်

အပတ်စဉ် စနေ တနင်္ဂနွေ ဆေးထိုးပေးသည့်အစီအစဉ်ရှိသည့်အတွက် လူဦးရေစုစရာမလိုပဲ ကြိုတင်စာရင်းပေးသွင်းရုံဖြင့် ထိုးနှံနိုင်ပါပြီရှင်🙏

👨🏼‍⚕️ကိုဗစ်အတွေ့အကြုံရှိ ကျွမ်းကျင် ဆရာဝန်များကိုယ်တိုင်မှ ကာကွယ်ဆေးထိုးနှံပေးပါမည်။
📇ကာကွယ်ဆေးထိုးထားသည့် ဆေးမှတ်တမ်းကဒ်လည်း ပေးမည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားလာခြင်းအတွက်လည်း အဆင်ပြေစေပါသည်။

Company များ၊ အသင်းအဖွဲ့များ၊ စက်ရုံအလုပ်ရုံများအတွက် လူဦးရေပေါ်မူတည်ပြီး စျေးနှုန်းညှိနှိုင်း အထူးဝန်ဆောင်မှုများပေးပါသည်။

💰 ကာကွယ်ဆေးထိုးသည့် ကျသင့်ငွေများကို Online Banking Payment(KBZ/AYA/CB) များဖြင့် ပေးချေနိုင်ပါသည်။ ရာခိုင်နှုန်းအပိုပေးရန်မလိုပါ။

ဇန်နဝါရီ ၉ ရက်မှစ၍ ထိုင်းနိုင်ငံသို့လာရောက်မည့်သူများ သိသာရန်🇹🇭 ဇန်နဝါရီ ၉ ရက်ကနေ ထိုင်းနိုင်ငံကိုလာရောက်မယ့် အသက် ၁၈ နှ...
07/01/2023

ဇန်နဝါရီ ၉ ရက်မှစ၍ ထိုင်းနိုင်ငံသို့လာရောက်မည့်သူများ သိသာရန်

🇹🇭 ဇန်နဝါရီ ၉ ရက်ကနေ ထိုင်းနိုင်ငံကိုလာရောက်မယ့် အသက် ၁၈ နှစ်နဲ့အထက် ခရီးသည်များအားလုံးဟာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားတဲ့လက်မှတ် (ဒါမှမဟုတ်) ၆ လအတွင်း ကိုဗစ်ကုသပျောက်ကင်းထားသည့် အထောက်အထား (ဒါမှမဟုတ်) ဆရာဝန်မှ လက်မှတ်ရေးထိုးပေးထားသော ကိုဗစ် ကာကွယ်ဆေးကင်းလွတ်ခွင့် အထောက်အထားကို တစ်ခုခုကို ပြသရန် လိုအပ်ပါတယ်။

အဲ့ဒီကြေငြာချက်ဟာဇန်နဝါရီလ 7 ရက်နေ့မှစတင် အသက်ဝင်မှာဖြစ်ပြီး ထိုင်းနိုင်ငံတွင်းဝင်လာတဲ့ နိုင်ငံခြားသားတိုင်း လိုက်နာရမှာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေးကြိုတင်ပြင်ဆင်မှုအနေနဲ့ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီစည်းကမ်းချက်တွေက တော့
👉အသက် ၁၈ နှစ်အထက် မည်သည့် ခရီးသွားမဆို ကိုဗစ်ကာကွယ် ဆေးထိုးပီး ကြောင်း လက်မှတ်ပြရန်

👉ကိုဗစ်ဖြစ်ပြီးသားသူဆိုပါက ၃ လအတွင်း ပြန်ကောင်းထားတဲ့ ဆရာဝန်ထောက်ခံချက်ပါရန်၊

👉ဆေးမထိုးရသေးတဲ့သူတွေကတော့ ဆရာဝန်ရဲ့ ဆေးစစ်ချက် ယူလာရန်

👉မိမိနိုင်ငံကို ပြန်ဝင်ရင် ကိုဗစ်ဆေးစစ်ချက်ပြန်ပြရမည့် ခရီးသွားတွေကတော့ ကိုဗစ်အာမခံ ဝယ်လာရန် နှင့်
တကယ်လို့ ကိုဗစ်ဖြစ်ပါက ထိုင်းနိုင်ငံတွင်း ပိုမိုနေထိုင်ရမည်ဖြစ်သောကြောင့် မိမိနေမည့်ရက်ထက် ၇ ရက်ပိုပြီးခရီးစဥ်ဆွဲလာရန်

👉ထိုင်းနိုင်ငံ ပတ်စပို့ကိုင်ထားသူတွေအတွက်တော့ အဲ့ဒီအချက်တွေလိုက်နာဖို့ မလိုပါဘူး

👉ထိုင်းလေဆိပ်ကို ခဏဖြတ်ပြီး အခြားလေယာဥ်ပြောင်းသူ Transit သမားတွေအတွက်လည်း အဲ့ဒီအချက်တွေ မလိုပါဘူး

👉အထက်ပါအချက်အလက်များမပြည့်စုံလျှင် လေကြောင်းလိုင်းများမှ ခရီးသည်ကို ထိုင်းနိုင်ငံသို့တင်ဆောင်လာခြင်းအား ငြင်းပယ်ခွင့်ရှိပါသည်။

👉စားသောက်ချိန်မှလွဲပြီး ခရီးသည်များက မတ်စ်တပ်ထားရန် လေကြောင်းလိုင်းဝန်ထမ်းများက ခရီးသည်များအား ပြောကြားရန်

👉ကိုဗစ် -၁၉ ကူးစက်ခံထားရသည်ဟု သံသယရှိပါက လေယာဉ်ဆင်းချိန်တွင် ဆေးစစ်ခြင်းကို ချက်ခြင်းပြုလုပ်ရန်
တို့ဖြစ်ပါတယ်
-
REF: The Kaohsod Eng New

Covid Booster ထိုးပြီးကြပြီလား 💉💉💉တရုတ်နဲ့အန္ဒိယမှာတော့ COVID-19 ပိုးကူးစက်မှုတဖန်များပြားလာတာအမျှ စက်ရုံ/အလုပ်ရုံနဲ့  လ...
30/12/2022

Covid Booster ထိုးပြီးကြပြီလား 💉💉💉

တရုတ်နဲ့အန္ဒိယမှာတော့ COVID-19 ပိုးကူးစက်မှု
တဖန်များပြားလာတာအမျှ စက်ရုံ/အလုပ်ရုံနဲ့
လူစည်ကားရာနေရာတွေကိုပိတ်ချလိုက်ပြီး လော့ခ်ဒေါင်းချထားတာကြောင့် ဆန္ဒပြမှုတွေပါဖြစ်ပေါ်နေတယ်လို့ ကမ္ဘာ့သတင်းမီဒီယာတွေမှာမြင်တွေ့နေရပါတယ်

မြန်မာနိုင်ငံမှာလည်း
COVID-19 ပိုးကူးစက်မှုရှိလာနိုင်တာကြောင့်
ကြိုတင်ကာကွယ်သည့်အနေဖြင့်

✅ Mask တပ်

✅လက်ဆေး

✅လူစုလူဝေးရှောင်

✅အဟာရပြည့်ဝစွာစား

✅ကာကွယ်ဆေး Booster Dose အပြည့်ထိုးနှံထားဖို့

လိုအပ်မှာဖြစ်ကြောင်း Best Care Health Provider မှ

တိုက်တွန်းနှိုးဆော်အပ်ပါသည်

Booster Dose ထိုးနှံခြင်းနှင့်ကာကွယ်ဆေးဆိုင်ရာ
ဗဟုသုတများအား ကျွမ်းကျင်ဆရာဝန်နှင့်
Page Messenger မှတဆင့် အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

ဆေးခန်းတည်နေရာ
ကမာရွတ် နာနတ်တောလမ်း ရန်ကုန်

COVID-19 အပိုဆောင်း (Booster) ကာကွယ်ဆေးထိုးရန် လေ့လာချက်များအရ မူလပထမကာကွယ်ဆေးများထိုးနှံပြီး လေးလမှခြောက်လအကြာတွင် COVID-19 ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည့် ဆေးအာနိသင်လျော့ကျလာကြောင်း ‌တွေ့ရှိရပါသည်။ ကူးစက်နိုင်ခြေအများဆုံးအုပ်စုများသည် အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်ဆေးအာနိသင်လျော့ကျလာပြီး ရောဂါကူးစက်ခံရပါက ပြင်းထန်သောရောဂါများကို ခံစားရနိုင်ပါသည်။

သို့ဖြစ်ပါ၍ COVID-19 အပိုဆောင်း (Booster) ကာကွယ်ဆေးကို မိမိတို့၏ မူလပထမကာကွယ်ဆေးများထိုးနှံပြီးနောက် လေးလမှခြောက်လအကြာတွင် ထပ်မံထိုးနှံရန် WHO မှ အကြံပြုထားပါသည်

အပတ်စဉ် စနေ တနင်္ဂနွေ ဆေးထိုးပေးသည့်အစီအစဉ်ရှိသည့်အတွက် လူဦးရေစုစရာမလိုပဲ ကြိုတင်စာရင်းပေးသွင်းရုံဖြင့် ထိုးနှံနိုင်ပါပြီရှင်🙏

👨🏼‍⚕️ကိုဗစ်အတွေ့အကြုံရှိ ကျွမ်းကျင် ဆရာဝန်များကိုယ်တိုင်မှ ကာကွယ်ဆေးထိုးနှံပေးပါမည်။
📇ကာကွယ်ဆေးထိုးထားသည့် ဆေးမှတ်တမ်းကဒ်လည်း ပေးမည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားလာခြင်းအတွက်လည်း အဆင်ပြေစေပါသည်။

Company များ၊ အသင်းအဖွဲ့များ၊ စက်ရုံအလုပ်ရုံများအတွက် လူဦးရေပေါ်မူတည်ပြီး စျေးနှုန်းညှိနှိုင်း အထူးဝန်ဆောင်မှုများပေးပါသည်။

💰 ကာကွယ်ဆေးထိုးသည့် ကျသင့်ငွေများကို Online Banking Payment(KBZ/AYA/CB) များဖြင့် ပေးချေနိုင်ပါသည်။ ရာခိုင်နှုန်းအပိုပေးရန်မလိုပါ။

28/07/2022

Moderna Vaccine အတွက် စာရင်းပေးသွင်းလို့ရပါပြီရှင်

ဖုန်း 09759033769, 09690794977

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါ လက္ခဏာများကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည...
14/07/2022

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါ
လက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာသည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ ခြေချောင်းများ နာကျင်လာမည်။

၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။

၄။ အပြင်းအထန် ဝမ်းလျှောမည်။

၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ပါသည်။
✅✅✅👉👉👉👉
👉👉မိမိတို့ဆီတွင်ရရှိနိုင်သော ဝန်ဆောင်မှုတွေကတော့
(1) အခြားကာကွယ်ဆေးများ 2 ကြိမ် ထိုးထားပြီး ယခု Covishield/Covaxin/Moderna ကို Booster Dose အနေဖြင့်ထိုးပေးခြင်း

(2) ကာကွယ်ဆေးကို ယခုစတင်ထိုးလိုသည့် မိဘပြည်သူများအတွက်
1st Dose
2nd Dose
Booster Dose ထိုးပေးခြင်း

(3) လူဦးရေ (5) ဦးမှစ၍ အိမ်အရောက်ဝန်ဆောင်မှုများရယူနိုင်ခြင်းတို့ဖြစ်ပါတယ်..

ဆေးထိုးရန် ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်ရှင် 🙏
အပတ်စဉ် စနေ တနင်္ဂနွေ ဆေးထိုးပေးသည့်အစီအစဉ်ရှိသည့်အတွက် လူဦးရေစုစရာမလိုပဲ ကြိုတင်စာရင်းပေးသွင်းရုံဖြင့် ထိုးနှံနိုင်ပါပြီရှင်🙏

ကိုဗစ်ကာကွယ်ဆေးနှင့်ရာသီတုပ်ကွေးကာကွယ်ဆေးများကို Best Care Health Provider တွင် အပတ်စဉ် စနေ တနဂ်နွေ လာရောက်ထိုးနှံနိုင်ပ...
14/07/2022

ကိုဗစ်ကာကွယ်ဆေးနှင့်ရာသီတုပ်ကွေးကာကွယ်ဆေးများကို Best Care Health Provider တွင် အပတ်စဉ် စနေ တနဂ်နွေ လာရောက်ထိုးနှံနိုင်ပါပြီရှင် 🙏🙏🙏

မိမိတို့ဆီတွင်ရရှိနိုင်သော ဝန်ဆောင်မှုတွေကတော့
(1) အခြားကာကွယ်ဆေးများ 2 ကြိမ် ထိုးထားပြီး ယခု Covishield/Covaxin/Moderna ကို Booster Dose အနေဖြင့်ထိုးပေးခြင်း

(2) ကာကွယ်ဆေးကို ယခုစတင်ထိုးလိုသည့် မိဘပြည်သူများအတွက်
1st Dose
2nd Dose
Booster Dose ထိုးပေးခြင်း

(3) လူဦးရေ (5) ဦးမှစ၍ အိမ်အရောက်ဝန်ဆောင်မှုများရယူနိုင်ခြင်းတို့ဖြစ်ပါတယ်..

ဆေးထိုးရန် ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်ရှင် 🙏
အပတ်စဉ် စနေ တနင်္ဂနွေ ဆေးထိုးပေးသည့်အစီအစဉ်ရှိသည့်အတွက် လူဦးရေစုစရာမလိုပဲ ကြိုတင်စာရင်းပေးသွင်းရုံဖြင့် ထိုးနှံနိုင်ပါပြီရှင်🙏

👨🏼‍⚕️ကိုဗစ်အတွေ့အကြုံရှိ ကျွမ်းကျင် ဆရာဝန်များကိုယ်တိုင်မှ ကာကွယ်ဆေးထိုးနှံပေးပါမည်။
📇ကာကွယ်ဆေးထိုးထားသည့် ဆေးမှတ်တမ်းကဒ်လည်း ပေးမည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားလာခြင်းအတွက်လည်း အဆင်ပြေစေပါသည်။

Company များ၊ အသင်းအဖွဲ့များ၊ စက်ရုံအလုပ်ရုံများအတွက် လူဦးရေပေါ်မူတည်ပြီး စျေးနှုန်းညှိနှိုင်း အထူးဝန်ဆောင်မှုများပေးပါသည်။

💰 ကာကွယ်ဆေးထိုးသည့် ကျသင့်ငွေများကို Online Banking Payment(KBZ/AYA/CB) များဖြင့် ပေးချေနိုင်ပါသည်။ ရာခိုင်နှုန်းအပိုပေးရန်မလိုပါ။

မစောင့်ဆိုင်းရလေအောင် ကြိုတင် booking ပေးရန်အတွက် 09759033769 / 09763599737 / 09250609435

မဂ်လာပါရှင် ကျွန်မတို့ဆီမှာ Covishield နဲ့ Covaxin တို့အပြင် Moderna(Spikevax) ပါထိုးလို့ရနေပါပြီရှင် 🙏💉Moderna (Spikeva...
16/05/2022

မဂ်လာပါရှင် ကျွန်မတို့ဆီမှာ Covishield နဲ့ Covaxin တို့အပြင် Moderna(Spikevax) ပါထိုးလို့ရနေပါပြီရှင် 🙏

💉Moderna (Spikevax) ဆိုတာဘယ်လို Vaccine အမျိုးအစားလဲ?
Moderna ဟာ Cambridge, USA အခြေစိုက် ဆေးကုမ္ပဏီဖြစ်ပြီး mRNA Vaccine အမျိုးအစားဖြစ်ပါတယ်။ တခြား Vaccine တွေလို Virus ကို အလုပ်မလုပ်အောင်ပြုထားခြင်း (inactivated vaccine - Sinovac, Sinopharm, Covaxin), Virus ကိုပုံစံပြောင်းထားခြင်း (Viral vector vaccine - Covishield, sputnik V) မျိုးမဟုတ်တဲ့အတွက် ကာကွယ်ဆေးထဲမှာ Virus မပါပါဘူး။ ခန္ဓာကိုယ်ထဲ immune ထွက်ဖို့ နည်းစနစ် blueprint ကို သွင်းပေးလိုက်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ antibody တွေထုတ်လုပ်နိုင်ပြီး ရောဂါဝင်လာတဲ့အခါမှာ အသင့်ရှိအောင်လုပ်ပေးခြင်းဖြစ်ပါတယ်။

မိမိတို့ဆီတွင်ရရှိနိုင်သော ဝန်ဆောင်မှုတွေကတော့
(1) အခြားကာကွယ်ဆေးများ 2 ကြိမ် ထိုးထားပြီး ယခု Covishield/Covaxin/Moderna ကို Booster Dose အနေဖြင့်ထိုးပေးခြင်း

(2) ကာကွယ်ဆေးကို ယခုစတင်ထိုးလိုသည့် မိဘပြည်သူများအတွက်
1st Dose
2nd Dose
Booster Dose ထိုးပေးခြင်း

(3) လူဦးရေ (5) ဦးမှစ၍ အိမ်အရောက်ဝန်ဆောင်မှုများရယူနိုင်ခြင်းတို့ဖြစ်ပါတယ်..

ဆေးထိုးရန် ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်ရှင် 🙏
အပတ်စဉ် စနေ တနင်္ဂနွေ ဆေးထိုးပေးသည့်အစီအစဉ်ရှိသည့်အတွက် လူဦးရေစုစရာမလိုပဲ ကြိုတင်စာရင်းပေးသွင်းရုံဖြင့် ထိုးနှံနိုင်ပါပြီရှင်🙏

👨🏼‍⚕️ကိုဗစ်အတွေ့အကြုံရှိ ကျွမ်းကျင် ဆရာဝန်များကိုယ်တိုင်မှ ကာကွယ်ဆေးထိုးနှံပေးပါမည်။
📇ကာကွယ်ဆေးထိုးထားသည့် ဆေးမှတ်တမ်းကဒ်လည်း ပေးမည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားလာခြင်းအတွက်လည်း အဆင်ပြေစေပါသည်။

Company များ၊ အသင်းအဖွဲ့များ၊ စက်ရုံအလုပ်ရုံများအတွက် လူဦးရေပေါ်မူတည်ပြီး စျေးနှုန်းညှိနှိုင်း အထူးဝန်ဆောင်မှုများပေးပါသည်။

💰 ကာကွယ်ဆေးထိုးသည့် ကျသင့်ငွေများကို Online Banking Payment(KBZ/AYA/CB) များဖြင့် ပေးချေနိုင်ပါသည်။ ရာခိုင်နှုန်းအပိုပေးရန်မလိုပါ။

💯ဂရုစိုက်ရန်ကာကွယ်ဆေးဆေးမထိုးမှီ
- အိပ်ရေးဝဖို့လိုပါမည်။
- အစာတစ်ခုခု စားလာရပါမည်။
- သွေးကျဲဆေးသောက်နေသူများ တစ်ရက်ကြိုတင် ဆေးဖြတ်ထားရပါမည်။
- သွေးတိုးနဲ့ ဆီးချိုရှိသူများ ပုံမှန်အတိုင်း ဆေးသောက်နိုင်ပါတယ်။
- ကင်ဆာဆေးသွင်းနေရသူများ၊ အခြားရောဂါ ကြီးကြီးမားမားရှိသူများအနေဖြင့် မိမိပြသနေကျ အထူးကုဆရာဝန်များနှင့် ဆေးမထိုးမှီ တိုင်ပင်ဆွေးနွေးထားဖို့ လိုပါတယ်
- မတည့်သည့်ဆေးများ ကြိုပြောပြဖို့ လိုပါတယ်။

💉ကာကွယ်ဆေးထိုးပြီးလျှင်
- ကိုယ်လက်မအီမသာ ဖြစ်ခြင်း
- ဆေးထိုးထားသည့်နေရာမှ အောင့်ခြင်း၊နာကျင်ခြင်း၊ နီခြင်း၊ ရောင်ခြင်း
- ဖျားနာခြင်း၊ ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း
- ကြွက်သားများ၊ အဆစ်များနာကျင်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

မိမိတို့ဆရာဝန်နှင့် ဆေးအဖွဲ့က ဆေးထိုးပြီးသည့်သူများကို ချက်ချင်းမပြန်ခိုင်းသေးဘဲ နာရီဝက်စောင့်ကြည့် ကုသပေးမည်ဖြစ်ပါသည်။

💯 စျေးနှုန်းသင့်တင့်ရမည်

💯 100% အာမခံသော Covishield/Covaxin

💯 စိတ်ချရတဲ့ Cold Chainအာမခံ

💯 ကာကွယ်ဆေးထိုးထားသည့် QR Code ဆေးမှတ်တမ်းကဒ်

💯 ရာခိုင်နှုန်းအပိုမပေးရသည့် Mobile Banking Payment (KBZ/AYA/CB) များဖြင့် ပေးချေလို့ရခြင်း

💯 ကျွမ်းကျင်သော ကျန်းမာရေး စောင့်ရှောက်မှု ဆေးအဖွဲ့တို့ ပါဝင်သော ကာကွယ်ဆေးထိုး ဝန်ဆောင်မှု
အထက်ပါဝန်ဆောင်မှုများကိုရယူလိုပါလျှင်
🏥မိမိတို့Page Messenger သို့လည်းကောင်း
Hot Line Number များဖြစ်သော 09455294299, 09250609435, 09763599737 တို့ကို နေ့စဉ် မနက် (9) နာရီမှ ည (7) အထိ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီ။

ℂ𝕆𝕍𝕀𝔻-𝟙𝟡 ကာကွယ်ဆေးနှင့်ပတ်သက်သည့် အချက်အလက်အမှန်များ👉COVID-19 ကာကွယ်ဆေးများသည် မျိုးမပွားနိုင်ခြင်း (ကလေးမရနိုင်ခြင်း)ကိ...
03/04/2022

ℂ𝕆𝕍𝕀𝔻-𝟙𝟡 ကာကွယ်ဆေးနှင့်ပတ်သက်သည့် အချက်အလက်အမှန်များ

👉COVID-19 ကာကွယ်ဆေးများသည် မျိုးမပွားနိုင်ခြင်း (ကလေးမရနိုင်ခြင်း)ကို ဖြစ်စေပါသလား?
✅အချက်အလက်အမှန်
COVID-19 ကာကွယ်ဆေးများသည် မျိုးမပွားနိုင်ခြင်း (က‌လေးမရနိုင်ခြင်း)ကို ဖြစ်စေနိုင်‌ကြောင်း သိပ္ပံနည်းကျ အထောက်အထားများ မရှိသေးပါ။

👉အကယ်၍မိမိအနေဖြင့် အိမ်တွင်သာနေပြီး အခြားသူများနှင့်ထိတွေ့ဆက်ဆံမှုကို ကန့်သတ်ထားမည်ဆိုပါက COVID-19 ကာကွယ်ဆေးထိုးနှံရန် မလိုအပ်ဘူးဆိုတာဟုတ်ပါသလား?
✅အချက်အလက်အမှန်
အခြားသူများနှင့်ထိတွေ့ဆက်ဆံမှုကို ကန့်သတ်ခြင်းသည် COVID-19 ရောဂါကူးစက်ခံရနိုင်ခြေကို လျော့နည်းစေသော်လည်း ရောဂါလက္ခဏာမပြသောသူများမှတစ်ဆင့် COVID-19 ရောဂါ ကူးစက်ခံရနိုင်ခြေရှိနိုင်ပါသေးသည်။
ထို့ကြောင့် COVID-19 ကာကွယ်ဆေးထိုးနှံခွင့်ရရှိသည်နှင့် အမြန်ဆုံးထိုးနှံရန် အရေးကြီးပါသည်။

👉လူအများအပြား COVID-19 ရောဂါမှလွတ်မြောက်ရှင်သန်ခဲ့ကြသော်လည်း မိမိအနေဖြင့်ဘာ‌ကြောင့် COVID-19 ကာကွယ်ဆေးကို ထိုးနှံရန်လိုအပ်ပါသလဲ?
✅အချက်အလက်အမှန်
လူတစ်ဦးချင်းစီတွင် COVID-19 ရောဂါကူးစက်ခံရမှုသည် မပြင်းထန်မည် သို့မဟုတ် ပြင်းထန်မည်ကို မခန့်မှန်းနိုင်သောကြောင့် ကာကွယ်ဆေးထိုးနှံရန် အရေးကြီးပါသည်။
ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ပြင်းထန်စွာဖျားနာခြင်းနှင့် သေဆုံးခြင်းတို့မှကာကွယ်ပေးနိုင်ပါသည်။

👉COVID-19 ကာကွယ်ဆေးသည် သင့်၏ COVID-19 ရောဂါရှာဖွေစမ်းသပ်မှုတွင် ရောဂါရှိ‌ကြောင်းအတည်ပြုရလဒ် (Positive) ထွက်စေပါသလား?
✅အချက်အလက်အမှန်
မဟုတ်ပါ။ COVID-19 ကာကွယ်ဆေးသည် COVID-19 ရောဂါရှာဖွေစမ်းသပ်မှု (PCR သို့မဟုတ် antigen) ၏ ရလဒ်အဖြေပေါ်တွင် အကျိုးသက်ရောက်မှုမရှိစေပါ။
COVID-19 ကာကွယ်ဆေးများသည် သင့်အား COVID-19 ကြောင့် ပြင်းထန်စွာရောဂါဖြစ်ပွားခြင်းနှင့် သေဆုံးခြင်းတို့မှ ကာကွယ်ပေးပါသည်။

မဂ်လာပါရှင် 🙏🙏🙏
မိမိတို့ဆီတွင်ရရှိနိုင်သော ဝန်ဆောင်မှုတွေကတော့
(1) အခြားကာကွယ်ဆေးများ 2 ကြိမ် ထိုးထားပြီး ယခု Covishield/Covaxin ကို Booster Dose အနေဖြင့်ထိုးပေးခြင်း

(2) ကာကွယ်ဆေးကို ယခုစတင်ထိုးလိုသည့် မိဘပြည်သူများအတွက်
1st Dose
2nd Dose
Booster Dose ထိုးပေးခြင်း

(3) လူဦးရေ (5) ဦးမှစ၍ အိမ်အရောက်ဝန်ဆောင်မှုများရယူနိုင်ခြင်းတို့ဖြစ်ပါတယ်..

Temp: 2 °C to 8 °C အတွင်းတွင်သာ ထားရှိထားသည့် Covishield Vaccine သည် 1 vial လျှင် 10 ဦးသာ ထိုးလို့ရပြီး ဆေးပုလင်းဖွင့်ပြီးသည်နှင့် 6 နာရီအတွင်းသာ ထိုးရသည့်အတွက် ဆေးထိုးရန် ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်ရှင် 🙏
အပတ်စဉ် စနေ တနင်္ဂနွေ ဆေးထိုးပေးသည့်အစီအစဉ်ရှိသည့်အတွက် လူဦးရေစုစရာမလိုပဲ ကြိုတင်စာရင်းပေးသွင်းရုံဖြင့် ထိုးနှံနိုင်ပါပြီရှင်🙏

👨🏼‍⚕️ကိုဗစ်အတွေ့အကြုံရှိ ကျွမ်းကျင် ဆရာဝန်များကိုယ်တိုင်မှ ကာကွယ်ဆေးထိုးနှံပေးပါမည်။
📇ကာကွယ်ဆေးထိုးထားသည့် ဆေးမှတ်တမ်းကဒ်လည်း ပေးမည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားလာခြင်းအတွက်လည်း အဆင်ပြေစေပါသည်။

Company များ၊ အသင်းအဖွဲ့များ၊ စက်ရုံအလုပ်ရုံများအတွက် လူဦးရေပေါ်မူတည်ပြီး စျေးနှုန်းညှိနှိုင်း အထူးဝန်ဆောင်မှုများပေးပါသည်။

💰 ကာကွယ်ဆေးထိုးသည့် ကျသင့်ငွေများကို Online Banking Payment(KBZ/AYA/CB) များဖြင့် ပေးချေနိုင်ပါသည်။ ရာခိုင်နှုန်းအပိုပေးရန်မလိုပါ။

💯ဂရုစိုက်ရန်ကာကွယ်ဆေးဆေးမထိုးမှီ
- အိပ်ရေးဝဖို့လိုပါမည်။
- အစာတစ်ခုခု စားလာရပါမည်။
- သွေးကျဲဆေးသောက်နေသူများ တစ်ရက်ကြိုတင် ဆေးဖြတ်ထားရပါမည်။
- သွေးတိုးနဲ့ ဆီးချိုရှိသူများ ပုံမှန်အတိုင်း ဆေးသောက်နိုင်ပါတယ်။
- ကင်ဆာဆေးသွင်းနေရသူများ၊ အခြားရောဂါ ကြီးကြီးမားမားရှိသူများအနေဖြင့် မိမိပြသနေကျ အထူးကုဆရာဝန်များနှင့် ဆေးမထိုးမှီ တိုင်ပင်ဆွေးနွေးထားဖို့ လိုပါတယ်
- မတည့်သည့်ဆေးများ ကြိုပြောပြဖို့ လိုပါတယ်။

💉ကာကွယ်ဆေးထိုးပြီးလျှင်
- ကိုယ်လက်မအီမသာ ဖြစ်ခြင်း
- ဆေးထိုးထားသည့်နေရာမှ အောင့်ခြင်း၊နာကျင်ခြင်း၊ နီခြင်း၊ ရောင်ခြင်း
- ဖျားနာခြင်း၊ ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း
- ကြွက်သားများ၊ အဆစ်များနာကျင်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

မိမိတို့ဆရာဝန်နှင့် ဆေးအဖွဲ့က ဆေးထိုးပြီးသည့်သူများကို ချက်ချင်းမပြန်ခိုင်းသေးဘဲ နာရီဝက်စောင့်ကြည့် ကုသပေးမည်ဖြစ်ပါသည်။

💯 စျေးနှုန်းသင့်တင့်ရမည်

💯 100% အာမခံသော Covishield/Covaxin

💯 စိတ်ချရတဲ့ Cold Chainအာမခံ

💯 ကာကွယ်ဆေးထိုးထားသည့် QR Code ဆေးမှတ်တမ်းကဒ်

💯 ရာခိုင်နှုန်းအပိုမပေးရသည့် Mobile Banking Payment (KBZ/AYA/CB) များဖြင့် ပေးချေလို့ရခြင်း

💯 ကျွမ်းကျင်သော ကျန်းမာရေး စောင့်ရှောက်မှု ဆေးအဖွဲ့တို့ ပါဝင်သော ကာကွယ်ဆေးထိုး ဝန်ဆောင်မှု
အထက်ပါဝန်ဆောင်မှုများကိုရယူလိုပါလျှင်
🏥မိမိတို့Page Messenger သို့လည်းကောင်း
Hot Line Number များဖြစ်သော 09455294299, 09250609435, 09763599737 တို့ကို နေ့စဉ် မနက် (9) နာရီမှ ည (7) အထိ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါပြီ။

Address

Kamaryut

Opening Hours

Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+959455294299

Website

Alerts

Be the first to know and let us send you an email when Best Care Health Provider posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Best Care Health Provider:

  • Want your practice to be the top-listed Clinic?

Share