Dr-Tun

Dr-Tun ဆေးဝါးဗဟုသုတများ မျှဝေသည်... ဘန်ကောက်/ချင်းမိုင် ကျန်းမာရေးဝန်ဆောင်မှုများပေးပါသည် ...
(1)

08/06/2026

အစာအိမ်ဆေး (Omeprazole) ကို ဗီတာမင်အားဆေးလို နေ့တိုင်း နှစ်နဲ့ချီ သောက်နေတဲ့သူ တွေ အများကြီး ရှိတယ် — ဒါပေမယ့် ဒါ ထင်သလောက် ကောင်းတဲ့ အရာတစ်ခု မဟုတ်ပါ။

အစာမကြေဘူး၊ ရင်ပူတယ်ဆိုပြီး ဆေးဆိုင်က Omeprazole/Esomeprazole (PPI) ကို လှမ်းဝယ်သောက်၊ ကောင်းသွားတော့ ဆေးရပ် ၊ နာရင် ထပ်သောက်၊ နောက်ဆုံး နှစ်ပေါင်းများစွာ ဖြတ်လို့ မရတော့တဲ့ အထိ ဖြစ်သွားတတ်ပါတယ်။

၁ နှစ်ကျော် ဆက်သောက်ရင် —
• ကိုယ်ထဲက Vitamin B12, Magnesium, Calcium, Iron စုပ်ယူမှု လျော့ကျလာတာ
• အရိုးပါးပြီး အရိုးကျိုးလွယ်တဲ့ အန္တရာယ် ပိုများလာတာ
• ရုတ်တရက် ဖြတ်လိုက်ရင် အက်ဆစ် ပြန်တက်ပြီး အရင်ထက် ပိုဆိုးတတ်လာတာ (ဒါကြောင့် "ငါ ဒီဆေး မဖြတ်နိုင်ဘူး" ဆိုပြီး ဆက်စွဲနေတတ်)

အစာအိမ်ဆေး PPI က ရက်တိုကုသဖို့ ဆေးတစ်ခု ဖြစ်ပါတယ် — အနည်းဆုံး dose နဲ့ အတိုဆုံး ကာလ ပဲ သော်ရတာပါ ။ နေ့တိုင်း နှစ်နဲ့ချီ သောက်နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပြီး တဖြည်းဖြည်း လျှော့/ဖြတ်သင့်ပါတယ်။

ဆေးတစ်ခုကို ဘယ်လောက်ကြာကြာ သောက်လို့ရလဲ၊ ဘယ်လို ဖြတ်ရလဲ သိထားတာက ကိုယ့်မိသားစု ကျန်းမာရေးကို ကာကွယ်ပေးပါတယ်။ ဒီလို ဆေးဝါး အသိပညာတွေကို ကျနော်ကိုယ်တိုင် HIP Zoom Class အွန်လိုင်း ဆေးဝါးသင်တန်းမှာ သင်ပေးနေပါတယ်။

စိတ်ဝင်စားရင် Comment မှာ "HIP" လို့ ရေးပေးပါ။ စာပြန်ပေးပါ့မယ်။
#ဆေးဝါးအသိပညာ #ကျန်းမာရေး

07/06/2026

💬 ထိုင်းမှာ ခွဲစိတ်/ဆေးစစ်/ဆေးကု မလုပ်ခင် လူတော်တော်များများ မမေးဖြစ်တဲ့ မေးခွန်း တစ်ခု ရှိတယ် —
"ပြီးရင် ဘာ ဆက်ဖြစ်မလဲ ၊ ကိုယ့်နိုင်ငံ ပြန်ရောက်ရင် ဘယ်သူ့ကို ဆက်မေးရမလဲ"
ဆေးရုံမှာ ခွဲတာ ၊ ကုတာ အဆင်ပြေပေမယ့် ပြန်ရောက်ပြီးနောက် ဒီအချက်တွေ မသိရင် စိတ်ပူရတယ် —

ဒဏ်ရာ/အနာကို ဘယ်လို ပြုစုရမလဲ ၊ ဘယ်အချိန် ပျောက်သင့်လဲ
ဘယ်လို လက္ခဏာဆို သာမန် ၊ ဘယ်လို လက္ခဏာဆို ချက်ချင်း ဆရာဝန်ပြရမလဲ
နောက်ဆက်တွဲ ဆေး ဘယ်လောက်ကြာ သောက်ရမလဲ
ပြန်ပြရမယ့် ချိန်း (follow-up) ဘယ်တော့လဲ ၊ မပြန်နိုင်ရင် ဘာလုပ်ရမလဲ

ကျနော်တို့ MediTour က report နဲ့ ဆရာဝန်ပြောတာတွေကို မြန်မာလို ရှင်းပြပေးပြီး ၊ ပြန်ရောက်တဲ့အခါမှာလည်း ဆက်သွယ်လို့ရအောင် ရှိနေပါတယ်။ နောက်ဆက်တွဲ ညွှန်ကြားချက်တွေကို နားလည်အောင် ပြန်ရှင်းပေးပါတယ်။
ထိုင်းနိုင်ငံ မှာ ခွဲစိတ်/ဆေးစစ်/ဆေးကု အစီအစဉ် စဉ်းစားနေတယ်ဆိုရင် Messenger မှာ မေးနိုင်ပါတယ်။ ဘာတွေ ကြိုမေးထားသင့်လဲ ကျနော် စာရင်း ပြောပြပေးပါမယ်။
#ထိုင်းဆေးကု #ကုပြီးနောက်ပြုစုမှု

07/06/2026

👁️ မျက်စိ နီတိုင်း/ယားတိုင်း ဆေးဆိုင်က မျက်စဉ်း ဝယ်ခတ်နေတာ ၃ နှစ်ကျော် — တဖြည်းဖြည်း အမြင် ကွယ်လာမှန်း မသိလိုက်တဲ့ လူနာတစ်ယောက်...
လူနာ တစ်ယောက် — မျက်စိ နီ၊ ယား၊ နေရခက် တိုင်း ဆရာဝန် မပြဘဲ ဆေးဆိုင်မှာ "မျက်စဉ်း" ဆေး တစ်မျိုး ဝယ်ခတ်လိုက်တယ်။ ခတ်လိုက်တိုင်း ချက်ချင်း သက်သာတာမို့ — ၃ နှစ်ကျော် ပုံမှန် သုံးဖြစ်သွားတယ်။

ဒါပေမယ့် — တဖြည်းဖြည်းနဲ့ ဘေးဘက် အမြင် ကျဉ်းလာ၊ မြင်ကွင်း ဝါးလာတယ်။ နာကျင်တာ မရှိတာမို့ သတိ မထားမိဘူး။ မျက်စိ ဆရာဝန်ဆီ ရောက်တော့မှ သိရတယ် — မျက်လုံးအတွင်း ဖိအား (eye pressure) တက်ပြီး ရေတိမ် (Glaucoma) ဖြစ်နေတာ၊ မျက်စိအာရုံကြော ပျက်စီးပြီးသား ဖြစ်နေတယ်။ ဒီ ပျက်စီးမှုက ပြန် ကောင်းမလာတော့ဘူး။

ဒီ "မျက်စဉ်း" အများစုမှာ Steroid (Dexamethasone) ပါတယ်။ Steroid မျက်စဉ်းကို ကြာကြာ ကိုယ့်ဘာသာ ခတ်ရင် — လူ ၃ ယောက်မှာ ၁ ယောက်လောက် ခန့်မှန်း မျက်လုံးတွင်းဖိအား တက်တတ်ပြီး ရေတိမ် (Glaucoma) ဖြစ်နိုင်တယ်။

Glaucoma က "မျက်စိအမြင်ကို တိတ်တဆိတ် ခိုးယူတဲ့ ရောဂါ" လို့ ခေါ်တယ် — လက္ခဏာ မပြဘဲ အမြင် တဖြည်းဖြည်း ဆုံးမှ သိတာ များတယ်။ အချိန်မီ ရပ်ရင် ပြန် ကောင်းနိုင်ပေမယ့်၊ နောက်ကျရင် အမြဲတမ်း မျက်စိ ကွယ်နိုင်တယ်။

"ရိုးရိုးမျက်စဉ်းပဲ " ဆိုပြီး ၃ နှစ် ဆက်တိုက်ခတ်နေတာ — ဘယ် မျက်စဉ်းမှာ Steroid ပါတယ်၊ ဘယ်လောက်ကြာကြာ သုံးလို့ရတယ် ဆိုတာ မသိလို့ ဖြစ်တာ။ ဒါက ဆေးဝါး အသိပညာ ကွာဟချက် ပါ။

ဆေးဆိုင်မှာ ဆေး ရောင်းနေသူ၊ မိသားစုအတွက် ဆေး ဝယ်ပေးနေသူ တွေ ဘယ်ဆေးမှာ Steroid ပါတယ်၊ ဘယ်ဟာ ကာလတို သုံးရတယ် ဆိုတာ စနစ်တကျ သိထားဖို့ — ကျနော် ကိုယ်တိုင် သင်ပေးနေတဲ့ HIP Zoom Class (Batch 14) ရှိပါတယ်။ အမှန်တကယ် လေ့လာ ချင်စိတ် ရှိသူတွေကိုပဲ လက်ခံပါတယ်။
စိတ်ဝင်စားရင် — Comment မှာ "HIP" လို့ ရေးပေးပါ၊ စာပြန်ပေးပါမယ်။

#ဆေးဝါးပညာ #မျက်စဉ်း

07/06/2026

😴 အိပ်မပျော်လို့ ဆေးဆိုင်က အိပ်ဆေး ဝယ်သောက်လိုက်တာ — ၆ လကျော်တော့ ဆေး မပါရင် တစ်ညလုံး မအိပ်နိုင်တော့တဲ့ လူနာတစ်ယောက်...

လူနာ တစ်ယောက် — အလုပ်ကိစ္စ ၊မိသားစု ကိစ္စ စိတ်ဖိစီးမှုကြောင့် ည အိပ်မပျော် ဖြစ်လာတယ်။ ဆရာဝန် မပြဘဲ လမ်းထိပ်က ဆေးဆိုင်မှာ "အိပ်ဆေး" တစ်မျိုး ဝယ်သောက်လိုက်တယ်။ ပထမ ည တွေ စိတ်အေးလက်အေး အိပ်ပျော်သွားတယ်။

ဒါပေမယ့် — ၂ ပတ်လောက်ကြာတော့ ဆေးတစ်လုံးနဲ့ မလုံလောက်တော့ဘူး။ ၂ လုံး၊ ၃ လုံး တိုးသောက်ရတယ်။ ၆ လကြာတော့ ဆေး မပါရင် တစ်ညလုံး မျက်စိ မမှိတ်နိုင်တော့ဘူး၊ နေ့ဘက် ခေါင်းမူး၊ အလုပ်မှာ အာရုံစိုက်ရ ခက်လာတယ်။

ရပ်လိုက်တဲ့အခါ — လက်တုန်၊ ချွေးပြန်၊ စိတ်လှုပ်ရှား၊ တချို့ဆို "တက်"တောင် "တက်" နိုင်တယ်။
ဒီ "အိပ်ဆေး" အများစုက Alprazolam (Xanax)၊ Diazepam လို Benzodiazepine အုပ်စုဝင် ဆေးတွေ ပါ။ ဒီဆေးတွေက ၂ ပတ်လောက် ပုံမှန် သောက်ရင် ခန္ဓာကိုယ်က အကျင့်ရသွား (dependence) ပြီး — ဆေးပမာဏ တိုးရတယ်၊ ရုတ်တရက် ရပ်ရင် withdrawal ဆိုးဆိုးရွားရွား ဖြစ်တတ်တယ်။ ဒါကြောင့် ဆရာဝန်က အချိန်ကာလ ကန့်သတ်ပြီးမှ ပေးတဲ့ ဆေးမျိုး ပါ။

ဆေးတစ်ခုက ဘယ်လောက်ကြာကြာ သောက်လို့ရတယ်၊ ဘယ်လို ဖြတ်ရတယ် ဆိုတာ မသိဘဲ "အိပ်ပျော်ရင် ပြီးရော" ဆိုပြီး ရောင်းတာ/သောက်တာက — လူနာကို ဒုက္ခပိုများ မိစေနိုင်တယ်။ ဒါက ဆေးဝါး အသိပညာ ကွာဟချက် ပါ။

ဆေးဆိုင်မှာ ဆေး ရောင်းနေသူ၊ မိသားစုအတွက် ဆေး ဝယ်ပေးနေသူ တွေ ဘယ်ဆေးက စွဲတတ်တယ်၊ ဘယ်ဆေးက ကာလတိုပဲ သုံးရတယ် ဆိုတာ စနစ်တကျ သိထားဖို့ — ကျနော် ကိုယ်တိုင် သင်ပေးနေတဲ့ HIP Zoom Class (Batch 14) ရှိပါတယ်။ အမှန်တကယ် လေ့လာ ချင်စိတ် ရှိသူတွေကိုပဲ လက်ခံပါတယ်။
စိတ်ဝင်စားရင် — Comment မှာ "HIP" လို့ ရေးပေးပါ၊ စာပြန်ပေးပါမယ်။

#ဆေးဝါးပညာ #အိပ်ဆေး

ဒူးအတွင်းထဲ ဆေးထိုးခဲ့တာ အကြိမ်ကြိမ်ပါ။ ဆေးထိုးပြီးတိုင်း ၂–၃ ပတ်လောက် သက်သာ၊ ပြီးတော့ ပြန်နာ။ နောက်ဆုံး "ဆေးထိုးတာ ငါ့အ...
06/06/2026

ဒူးအတွင်းထဲ ဆေးထိုးခဲ့တာ အကြိမ်ကြိမ်ပါ။ ဆေးထိုးပြီးတိုင်း ၂–၃ ပတ်လောက် သက်သာ၊ ပြီးတော့ ပြန်နာ။ နောက်ဆုံး "ဆေးထိုးတာ ငါ့အတွက် အလုပ်မဖြစ်ဘူး" လို့ လက်လျှော့လိုက်တဲ့ အန်တီ တစ်ယောက် ရှိခဲ့ပါတယ်။

တကယ်က — ဒူးအဆစ်ထဲ ထိုးတဲ့ ဆေးတွေက အမျိုးအစား မတူပါ။ တစ်မျိုးနဲ့ တစ်မျိုး အလုပ်လုပ်ပုံ ကွဲပြားပါတယ်။

အရောင်ကျဆေး (steroid) ထိုးတာ — နာတာ မြန်မြန် သက်သာပေမယ့် ၄–၆ ပတ်လောက်ပဲ ခံတတ်ပါတယ်။ ဒူးအဆစ်ကြားက အရိုးနု ကို ပြန်မပြုပြင်ပေးဘဲ၊ မကြာခဏ ထပ်ခါထပ်ခါ ထိုးနေရင် အရိုးနု ပိုပွန်း/ပိုဆိုးသွားနိုင်တယ်လို့ လေ့လာမှုတွေက ညွှန်ပြထားပါတယ်။

ဒူးအဆစ်အားဆေးရည် (HA) — အဆစ်ကို ချောမွေ့စေဖို့ ဖြည့်ပေးတဲ့ ဆေးရည်ပါ။ ချောဆီရည် ဆိုပါစို့ ။

PRP — လူနာရဲ့ ကိုယ်ပိုင်သွေး ကနေ သွေးရည်ကြည် ခွဲထုတ်ပြီး ဒူးဆစ်ထဲ ပြန်ထိုးပေးတာပါ။ Grade 1–3 (အဆစ်ကြား နေရာ ကျန်သေးသူ) တွေမှာ ၆ လ–၁ နှစ်အထိ နာတာ သက်သာ၊ လမ်းလျှောက်/လှေကားတက်နိုင်တာ ပြန်ကောင်းလာတာ တွေ့ရပါတယ်။

အရေးအကြီးဆုံး အချက်က — ဒီထိုးဆေးတွေက ဒူး ကျီးပေါင်း Grade တိုင်းမှာ တူတူ အလုပ်မဖြစ်ပါ။ အဆစ်ကြားကအရိုးနု နဲ့ နေရာ ကျန်သေးတဲ့ Grade 1–3 မှာ ပိုအလုပ်ဖြစ်ပြီး၊ အရိုး ၂ ခု တိုက်ရိုက် ထိနေပြီ (Grade 4, bone-on-bone) ဆိုရင်တော့ ဘယ်ထိုးဆေးနဲ့မှ ပြန်ပြင်လို့ မရတော့ဘဲ — ခွဲစိတ်/အဆစ်အစားထိုး ကို ဆုံးဖြတ်ရမယ့် အဆင့် ဖြစ်နေတတ်ပါတယ်။

ဒီတော့ "ဆေးထိုးတာ အလုပ်မဖြစ်ဘူး" ဆိုတာ အများစုမှာ — ဆေးထိုးတာ အသုံးမဝင်လို့ မဟုတ်ဘဲ၊ ကိုယ့်ဒူး Grade နဲ့ မကိုက်တဲ့ ဆေးမျိုးကို ထိုးခဲ့မိလို့ ဖြစ်တတ်ပါတယ်။ Grade ကို အရင် တိတိကျကျ မသိဘဲ ထပ်ခါ ထိုးနေတာက အချိန်နဲ့ ပိုက်ဆံ ၂ မျိုးလုံး ဖြုန်းတာ ဖြစ်နိုင်ပါတယ်။

ကျနော်တို့ MediTour team က လုပ်ပေးနေတာက ထိုင်းမှာ ဆေးစစ် ဆေးကုချင်တဲ့ သူတွေကို —

ဒူးကို X-ray/လိုအပ်ရင် MRI နဲ့ ဘယ် Grade လဲ တိတိကျကျ ဆုံးဖြတ်ပေးနိုင်တဲ့ အတွေ့အကြုံရင့် Orthopedic Specialist (Bangkok / Chiang Mai Hospitals) နဲ့ ချိတ်ဆက်ပေး
report ကို မြန်မာ ဘာသာနဲ့ ရှင်းပြ၊ ကိုယ့် Grade နဲ့ ကိုက်တဲ့ option (လေ့ကျင့်ခန်း / ထိုးဆေး / ခွဲစိတ်) ဘယ်ဟာလဲ ရှင်းအောင် ပြောပြ
ကုန်ကျစရိတ် range ကို ကြိုသိအောင် စီစဉ်ပေး

ကုသခကို ဆေးရုံ သတ်မှတ်ဈေးအတိုင်းပဲ ပေးရပါတယ်။ ကျနော်ရတဲ့ facilitation fee က ဆေးရုံဘက်က ဖြစ်လို့ လူနာ ပိုပေးစရာ မလိုပါ။

အကယ်၍ ထိုင်း (ချင်းမိုင်/ဘန်ကောက်) မှာ နေထိုင်ပြီး ဒူးကို သေချာ စစ်ဆေးချင်ရင် Messenger ကို စာပို့ပါ၊ ကျနော်တို့ စီစဉ်ပေးပါမယ်။

⚠️ ကျနော် သိတာလေးတွေ လူတွေ သိရအောင် Knowledge sharing လုပ်ပေးနေတာပါ ၊ ဒါပေမယ့် online ကနေ တစ်ယောက်ချင်းစီအတွက် ဆေးညွှန်း မပေးနိုင်ပါ — လူနာကို ကိုယ်တိုင်မစစ်/မစမ်းသပ် ဘဲ ပြောရင် အန္တရာယ်ရှိလို့ပါ။ စိုးရိမ်စရာဆိုရင် နီးစပ်ရာ ဆရာဝန်ကို ပြပါ။

#ဒူးကျီးပေါင်း #ဒူးဆေးထိုး #ချင်းမိုင်ဆေးရုံ #ထိုင်းဆေးကုသမှု

06/06/2026

မိုးတွင်းဖျားရင် ဒီဆေးတွေ မသောက်ပါနဲ့ — သွေးယိုနိုင်ပါတယ်

မိုးရာသီမှာ အဖျားတက်တာနဲ့
အိမ်မှာရှိတဲ့ အကိုက်အခဲပျောက်ဆေး တစ်ခုခု သောက်လိုက်တာ သာမန်လို့ ထင်ရပါတယ်။

ဒါပေမယ့် အဲဒီအဖျားက သွေးလွန်တုပ်ကွေး Dengue ဖြစ်နေရင် —
Aspirin, Ibuprofen, Diclofenac လို NSAID အုပ်စုဝင်ဆေးတွေက သွေးယိုနိုင်ခြေကို ပိုတက်စေနိုင်ပါတယ်။

အဖျားကျသွားတာ တူပေမယ့်
ဆေးတစ်မျိုးက သွေးခဲမှုကို ထိခိုက်စေနိုင်ပြီး
နောက်တစ်မျိုးက မထိခိုက်ပါဘူး။

အဖျားစတက်ချိန် ဘာရောဂါမှန်း မသိသေးရင်
အန္တရာယ်နည်းတဲ့ရွေးချယ်မှုက Paracetamol ဖြစ်ပါတယ်။

အဖျား ၂–၃ ရက်ကြာပြီးနောက်
ဗိုက်အရမ်းနာတာ၊ အန်တာ၊ သွားဖုံး/သွားသွေးထွက်တာ၊ မူးဝေနွမ်းနယ်တာတွေ ဖြစ်လာရင် ကိုယ့်ဘာသာ ဆေးထပ်မသောက်ဘဲ ဆေးရုံချက်ချင်းပြသင့်ပါတယ်။

ဖျားတာနဲ့ ဆေးတစ်ခု ပေးတတ်တာနဲ့
ဘယ်အခြေအနေမှာ ဘယ်ဆေး ပေးသင့်/မပေးသင့် ဆုံးဖြတ်တတ်တာ မတူပါဘူး။

ဒီလို ဆေးဝါးဆုံးဖြတ်ချက်တွေကို စနစ်တကျ နားလည်ချင်ရင်
HIP Zoom Class အွန်လိုင်း ဆေးဝါးသင်တန်းအကြောင်း Comment မှာ HIP လို့ ရေးပေးပါ။

#သွေးလွန်တုပ်ကွေး #အဖျားကျဆေး #ဆေးဝါးအသိပညာ #မိုးရာသီကျန်းမာရေး

06/06/2026

ဆေးဆိုင်မှာ "သောက်လိုက်ရင် ချက်ချင်း သက်သာတယ်" ဆိုတဲ့ စပ်ဆေးလေးတွေ — အများစုမှာ စတီးရိုက် Steroid ပါနေတတ်ပါတယ်။

စတီးရိုက် Steroid (Dexamethasone, Prednisolone) က အကိုက်အခဲ၊ ယားနာ၊ မအီမသာ ဖြစ်တာတွေကို ခဏ သက်သာသွားစေတယ်။ ဒါပေမယ့် နေ့တိုင်း ကြာရှည် သောက်မိရင်

• မျက်နှာ ဖောင်းလာတာ၊ သွေးတိုးတာ၊ ဆီးချို ဖြစ်လာတာ၊
• အစာအိမ်နာ/သွေးထွက်တာ၊ အရိုးပွလာတာ စတဲ့ ဆိုးကျိုးတွေ လိုက်လာပါတယ်။
• ပိုဆိုးတာက ကြာရှည်သောက်ပြီး ရုတ်တရက် ဖြတ်လိုက်ရင် ခန္ဓာကိုယ်က ရှော့ခ် ဖြစ်သွားနိုင်ပါတယ်။

စပ်ဆေးတွေမှာ "ဘာပါလဲ" သိအောင် ခွဲခြားတတ်တာက ဆေးရောင်းသူ တိုင်းမှာ ရှိသင့်တဲ့ အခြေခံ ပညာပါ။ ဒါကို ကျနော် HIP Zoom Class မှာ သင်ပေးနေပါတယ်။
စိတ်ဝင်စားရင် Comment မှာ "HIP" လို့ ရေးပေးပါ၊ စာပြန်ပေးပါမယ်။

#ဆေးဆိုင် #ဆေးဝါးပညာ

ပြီးခဲ့တဲ့လက အဆုတ်ကင်ဆာ (Lung Cancer) ဖြစ်နေတဲ့ လူနာတစ်ယောက်ကို ထိုင်းက ဆေးရုံတစ်ခုနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။မိသားစုက လူနာ...
05/06/2026

ပြီးခဲ့တဲ့လက အဆုတ်ကင်ဆာ (Lung Cancer) ဖြစ်နေတဲ့ လူနာတစ်ယောက်ကို ထိုင်းက ဆေးရုံတစ်ခုနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။

မိသားစုက လူနာအတွက် အကောင်းဆုံး ကုသမှုရအောင် တကယ်ကြိုးစားနေကြပါတယ်။ အဲဒီအတွေ့အကြုံကြောင့် ဒီ post ကို ရေးဖြစ်တာပါ။

နောက်ထပ် မိသားစုတွေ ဒီလို စိုးရိမ်မှုမျိုး မကြုံရအောင်၊ စောစီးစွာ သတိထားနိုင်အောင် မျှဝေချင်ပါတယ်။

မြန်မာနိုင်ငံမှာ အဆုတ်ကင်ဆာက ကင်ဆာအမျိုးအစားအားလုံးထဲမှာ ဖြစ်ပွားမှု အများဆုံးထဲက တစ်ခုပါ။ ၂၀၂၂ ခုနှစ် ခန့်မှန်းစာရင်းအရ လူနာသစ် ၈,၈၀၀ ကျော် ရှိခဲ့ပါတယ်။

အဆုတ်ကင်ဆာရဲ့ အန္တရာယ်ကြီးတဲ့အချက်က — အစောပိုင်းမှာ လက္ခဏာ သိပ်မပြတာပါ။

ချောင်းဆိုးတာကို “ရိုးရိုး အအေးမိတာပဲ” လို့ ထင်တတ်ကြတယ်။
မောတာ၊ ပင်ပန်းတာကိုလည်း “အသက်အရွယ်ကြောင့်ပဲ” လို့ ထင်တတ်ကြတယ်။

ဒါပေမယ့်—

ချောင်းဆိုး ၃ ပတ်ကျော် မသက်သာတာ
ချောင်းထဲ သွေးပါလာတာ
ရင်ဘတ်နာတာ
အသက်ရှူမဝတာ
ကိုယ်အလေးချိန် အကြောင်းမရှိ ကျလာတာ
အသံပြောင်းတာ

ဒီလိုလက္ခဏာတွေရှိလာရင် မပေါ့ဆသင့်ပါဘူး။

သတင်းကောင်းကတော့ — အစောပိုင်းမှာ တွေ့ရင် ကုသနိုင်ခြေ အများကြီး ပိုကောင်းပါတယ်။ အဆုတ်ထဲမှာပဲ ကန့်သတ်နေသေးတဲ့ အစောပိုင်းအဆင့်မှာ တွေ့ရင် အဆုတ်ကင်ဆာအမျိုးအစားပေါ်မူတည်ပြီး ၅ နှစ် အသက်ရှင်နှုန်းက ပိုကောင်းနိုင်ပါတယ်။ အထူးသဖြင့် non-small cell lung cancer အမျိုးအစားမှာ localized stage တွေ့ရင် ၅ နှစ် အသက်ရှင်နှုန်း ၆၀% ကျော်ထိ ရှိနိုင်ပါတယ်။

ဒါကြောင့် နာမှ၊ ချောင်းဆိုး သွေးပါမှ စစ်တာထက်
အန္တရာယ်ရှိသူတွေက စောစီးစွာ စစ်ထားတာ ပိုအရေးကြီးပါတယ်။

ဘယ်သူတွေ ပိုသတိထားသင့်လဲ?

✅ အသက် ၅၀ ကျော်ပြီး ဆေးလိပ် ကြာရှည် သောက်ဖူး/သောက်နေသူ
✅ ဆေးလိပ် ၁ ရက် ၁ ဘူးကို နှစ် ၂၀ ခန့် သောက်ဖူးသူ၊ ဒါမှမဟုတ် ၂ ဘူးကို ၁၀ နှစ်ခန့် သောက်ဖူးသူ
✅ မိသားစုထဲ အဆုတ်ကင်ဆာ ဖြစ်ဖူးသူ
✅ မီးဖိုမီးခိုး၊ စက်ရုံဖုန်/အခိုးအငွေ့၊ လေထုညစ်ညမ်းမှုတွေကြားမှာ ကြာရှည်နေထိုင်ရသူ
✅ ချောင်းဆိုးတာ ၃ ပတ်ကျော် မသက်သာဘဲ ပိုဆိုးလာသူ

❓ ဆေးလိပ် မသောက်ဘူးဆို စိတ်ချရပြီလား?

မဟုတ်ပါ။ ဆေးလိပ်က အကြီးမားဆုံး risk factor ဖြစ်ပေမယ့် မသောက်ဖူးတဲ့သူတွေမှာလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ မီးဖိုမီးခိုး၊ လေထုညစ်ညမ်းမှု၊ စက်ရုံအခိုးအငွေ့၊ မျိုးရိုးဗီဇနဲ့ တချို့ environmental exposure တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

❓ ရိုးရိုး ရင်ခေါင်းဓာတ်မှန် Chest X-ray နဲ့ မရဘူးလား?

Chest X-ray က အခြေခံစစ်ဆေးမှုအနေနဲ့ အသုံးဝင်ပါတယ်။ ဒါပေမယ့် အစောပိုင်း အကျိတ်ငယ်လေးတွေကိုတော့ မမြင်နိုင်တာရှိပါတယ်။

အန္တရာယ်မြင့်တဲ့သူတွေမှာ lung cancer screening အတွက် ပိုသင့်တာက Low-dose CT ပါ။ Low-dose CT က ဓာတ်ရောင်နည်းတဲ့ CT ဖြစ်ပြီး အစောပိုင်း အကျိတ်ငယ်လေးတွေကို ရှာဖွေရာမှာ Chest X-ray ထက် ပိုသေချာပါတယ်။

❓ နာမှ၊ ချောင်းထဲ သွေးပါမှ စစ်ရင် မရဘူးလား?

အဲဒီအချိန်ဆို တချို့လူနာတွေမှာ နောက်ကျနေတတ်ပါတယ်။ အဆုတ်ကင်ဆာက လက္ခဏာထင်ထင်ရှားရှား ပေါ်လာတဲ့အချိန်မှာ advanced stage ဖြစ်နေတာများနိုင်ပါတယ်။

ဒါကြောင့် risk မြင့်တဲ့သူတွေက လက္ခဏာမပြခင် စစ်ဆေးထားတာ ပိုကောင်းပါတယ်။

ဘန်ကောက်မှာ အခြေခံကျန်းမာရေး စစ်ချင်ရင် ၃,၀၀၀ ဘတ်၊ မြန်မာငွေ ၃.၉ သိန်းခန့် ကနေ စပါတယ်။ ဒီထဲမှာ ရင်ခေါင်းဓာတ်မှန် Chest X-ray အပါအဝင် အခြေခံစစ်ဆေးမှုတွေ ပါဝင်ပါတယ်။

အန္တရာယ်ပိုမြင့်တဲ့သူတွေ — ဥပမာ ဆေးလိပ်ကြာရှည်သောက်ဖူးသူ၊ မိသားစုထဲ ကင်ဆာရှိဖူးသူ၊ ချောင်းဆိုးတာကြာနေသူတွေ အတွက်တော့ Low-dose CT ဒါမှမဟုတ် Cancer Risk Assessment ကို Bangkok က ဆေးရုံတွေမှာ ဆက်စစ်နိုင်အောင် ချိတ်ဆက်ပေးနိုင်ပါတယ်။

ကျနော် MediTour ကနေ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံက အရည်အသွေးမြင့် ဆေးရုံတွေနဲ့ ချိတ်ဆက်ပေးနေပါတယ်။

မြန်မာဘာသာပြန် အခမဲ့ စီစဉ်ပေးပါတယ်။
ရက်ချိန်း ကြိုတင်ယူပေးပါတယ်။
ဆေးရုံသွားရမယ့် လမ်းညွှန်ချက်တွေ ပြင်ဆင်ပေးပါတယ်။
Report ထွက်လာရင် ဆရာဝန်ကိုယ်တိုင် မြန်မာလို ပြန်ရှင်းပြပေးပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် — ကျနော် ဆေးရုံနဲ့ ချိတ်ဆက်ပေးတဲ့အတွက် ဆေးရုံဘက်က ဝန်ဆောင်ခ ရပါတယ်။ ဒါပေမယ့် လူနာဘက်က ဆေးရုံကို တိုက်ရိုက်သွားတာနဲ့ ဈေးနှုန်းအတူတူပဲ ဖြစ်ပြီး ပိုကုန်စရာ မရှိပါဘူး။

အရွယ်ရောက်ပြီ၊ အန္တရာယ်ရှိနိုင်ခြေ မြင့်တယ်ဆိုရင် နာတာစောင့်မနေပါနဲ့။

တစ်ခါ စစ်ကြည့်လိုက်ပါ။

စောစီးစွာ သိတာက အသက်နဲ့ ပိုက်ဆံ — နှစ်မျိုးလုံးကို ကယ်နိုင်ပါတယ်။

ထိုင်းမှာ ဆေးစစ်/ဆေးကု ချင်တယ်ဆို Messenger မှာ မေးမြန်းနိုင်ပါတယ်။

#အဆုတ်ကင်ဆာ #ဘန်ကောက် #ကင်ဆာစစ်ဆေးမှု

05/06/2026

🤧 မိုးတွေ ရွာလာပြီဆိုတာနဲ့ နှာစေး ၊ ချောင်းဆိုး လူနာတွေ များလာပါတယ်။ ဒီအချိန်မှာ ကျနော် အမြဲ ကြားရတဲ့ စကားတစ်ခွန်း ရှိပါတယ် — "ချောင်းဆိုးရင် ဒီ ပိုးသ_တ်ဆေး (Antibiotic) သောက်လိုက်၊ ၂ ရက်နဲ့ ပျောက်တယ်" တဲ့။

အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ချောင်းဆိုးနေတာ မြင်ရင် "ငါ့ဆီမှာ ဆေးရှိတယ်၊ ယူသွား" ဆိုပြီး ကိုယ် သောက်လက်စ ဆေးကို ဝေပေးလိုက်တာ ကျနော်တို့ ပတ်ဝန်းကျင်မှာ ပုံမှန် ဖြစ်နေပါတယ်။ဒါပေမယ့် အများစု ချောင်းဆိုး၊ နှာစေးတာတွေက ဗိုင်းရပ်စ် (virus) ကြောင့် ဖြစ်တာပါ။ ပိုးသ_တ်ဆေး(Antibiotic) တွေက ဗက်တီးရီးယား (bacteria) ပိုးကိုပဲ သက်ရောက်တာ ဖြစ်လို့၊ ဗိုင်းရပ်စ် ချောင်းဆိုးမှာ သောက်လိုက်လည်း ဘာမှ ထူးမလာပါ။

⚠️ ပိုဆိုးတာက —

လိုအပ်တာ မဟုတ်ဘဲ ပဋိဇီဝ ပိုးသ_တ်ဆေး မကြာခဏ သောက်လိုက်တာက နောက်ပိုင်း တကယ် လိုအပ်တဲ့အချိန် ဆေး မတိုးတော့တဲ့ (resistance) အခြေအနေ ဖြစ်စေတယ် ....
ဝမ်းလျှော၊ အရေပြားယား စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတယ်...
ဆေးမကုန် ဘဲ ၊ ဆေးပတ်မလည်ပဲ ရပ်လိုက်တာက ပိုးကို ပိုသန်လာစေတယ် ၊ ဆေးမတိုးတာတွေ ဖြစ်လာစေတယ် ...
တကယ်တော့ ပိုးသ_တ်ဆေးက လိုတဲ့နေရာ ၊ လိုတဲ့အချိန်မှာ တော်တော်ကောင်းမယ့် ဆေးပါ။ ဒါပေမယ့် "ဘယ်အချိန် လိုလဲ၊ ဘယ်အချိန် မလိုဘူးလဲ" သိမှ အလုပ်ဖြစ်တာပါ။ ဆေးဆိုင်မှာ ချောင်းဆိုးလို့ လာဝယ်တဲ့သူ တိုင်းကို ပိုးသ_တ်ဆေး ထုတ်မပေးခင်၊ ဘယ်လို အခြေအနေမျိုးလဲ မေးတတ်ဖို့က ဆေးရောင်းသူ ကိုယ်တိုင်အတွက် ရေးကြီးပါတယ်။ ဆေးနာမည် သိရုံနဲ့ မလုံလောက်ပါ။

ဒီလို ဆေးဝါး အသိပညာ တွေကို ကျနော် ကိုယ်တိုင် HIP Zoom Class မှာ အစအဆုံး သင်ပေးနေပါတယ်။ July ၁၀ ရက် Batch 14 အတွက် အခု ကြိုတင်စာရင်း သွင်းနေလို့ ရပါပြီ။ စိတ်ဝင်စားရင် Comment မှာ "HIP" လို့ ရေးပေးပါ၊ စာပြန်ပေးပါမယ်။

#ပဋိဇီဝဆေး #ဆေးဝါးပညာ

05/06/2026

💊 သွေးတိုးကျဆေး Amlodipine သောက်နေသူ အများစု မသိဘဲ လုပ်မိတတ်တဲ့ အမှား တစ်ခု ပြောပြပါမယ်။
သွေးပေါင်ချိန် ကျသွားတယ်၊ ကိုယ်လည်း သက်သာသလို ခံစားရတယ်ဆိုပြီး ဆေးကို ကိုယ့်ဘာသာ ရပ်လိုက်တာ မျိုးပါ။ ဒါမှမဟုတ် ခြေထောက် ဖောရောင်လာတာနဲ့ "ဒီဆေးကြောင့်ပဲ" ထင်ပြီး ဆရာဝန် မမေးဘဲ ဖြတ်လိုက်တာပါ။

ဒါပေမယ့် သွေးတိုးက ခံစားချက် သိပ်မပြတဲ့ ရောဂါ (silent) တစ်ခုပါ။ သွေးပေါင်ချိန် ကောင်းနေတာက ဆေးကြောင့် ထိန်းထားလို့ ဖြစ်တာ။ ရုတ်တရက် ဆေးရပ်လိုက်ရင် သွေးပေါင်ချိန် ပြန်တက်ပြီး လေဖြတ်တာ မျိုးအထိ ဖြစ်နိုင်ပါတယ်။

📌 ခြေထောက် ဖောရောင်တာက Amlodipine ရဲ့ ဘေးထွက်ဆိုးကျိုး တစ်ခု ဟုတ်ပါတယ်။ ဒါပေမယ့် ဖြေရှင်းနည်းက ဆေးကို ကိုယ့်ဘာသာ ဖြတ်တာ မဟုတ်ဘဲ၊ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေး အမျိုးအစား သေချာ ညှိတာ ဖြစ်ပါတယ်။

ဆေးဆိုင်မှာ Amlodipine လာဝယ်တဲ့သူကို "ကိုယ့်ဘာသာ ရပ်လို့ မရဘူး" ဆိုတာလောက် ပြောပြနိုင်ဖို့ ဆေးရောင်းသူ ကိုယ်တိုင်က အရင် သိထားဖို့ ရေးကြီးပါတယ်။ ဆေးနာမည် သိရုံနဲ့ မလုံလောက်ပါ။

ဒီလို ဆေးဝါး အသိပညာ တွေကို ကျနော် ကိုယ်တိုင် HIP Zoom Class မှာ အစအဆုံး သင်ပေးနေပါတယ်။ July ၁၀ ရက် Batch 14 အတွက် အခု ကြိုတင်စာရင်း သွင်းနေလို့ ရပါပြီ။ စိတ်ဝင်စားရင် Comment မှာ "HIP" လို့ ရေးပေးပါ၊ စာပြန်ပေးပါမယ်။

#သွေးတိုး #ဆေးဝါးပညာ

Address

Loikaw

Website

http://aidoctor.drtun.com/, https://meditour.drtun.com/, https://yourknowledge.drtun.com/courses

Alerts

Be the first to know and let us send you an email when Dr-Tun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr-Tun:

Share