Mind Matters

Mind Matters Mind Matters aims to empower minds, and transform lives through leadership and indigenous knowledge

✨ ၂၀၂၅ နှစ်သစ်မှာ မိမိကိုယ်တိုင်ရော မိမိရပ်ရွာ အသိုင်းအဝိုင်း အတွက်ပါ တိုးတက်ပြောင်းလဲဖို့ ရည်ရွယ်ထားတဲ့ လူငယ်တွေအတွက် အ...
14/01/2025

✨ ၂၀၂၅ နှစ်သစ်မှာ မိမိကိုယ်တိုင်ရော မိမိရပ်ရွာ အသိုင်းအဝိုင်း အတွက်ပါ တိုးတက်ပြောင်းလဲဖို့ ရည်ရွယ်ထားတဲ့ လူငယ်တွေအတွက် အကျိုးရှိမယ့် fellowship program တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ

အဲတာကတော့ Nelis Global က ဦးဆောင်ပြုလုပ်တဲ့ OMLAS - One Million Leaders Asia Fellowship Program ဖြစ်ပါတယ်။ ဒီ program တစ်ခုလုံးက virtual format ဖြစ်ပြီး အချိန်ကာလအားဖြင့် ၂၀၂၅ မတ်လမှ နိုဝင်ဘာလအထိ ၉လကြာမြင့်ကာ သတ်မှတ်ထားတဲ့ phase ၄ခု အတိုင်း ပြုလုပ်သွားမှာပါ 🌏

➡️ phase 1မှာတော့ အရွေးချယ်ခံရတဲ့ fellows များအနေနဲ့ ၂လဝန်းကျင်ခန့် ကြာမြင့်မယ့် online intensive training ကို တက်ရောက်ရမှာပါ (ဒီ training ကတော့ pillar ၄ခုဖြစ်တဲ့ leadership, sustainability, entrepreneurship, personal wellbeing ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လေ့လာ သင်ကြားခွင့်ရမှာပါ)
➡️ phase 2မှာတော့ fellows တွေက leadership challenge ကို ပါဝင်ရမှာဖြစ်ပါတယ်။ ဒီ challenge မှာတော့ fellows တွေက မိမိcommunity မှ အလားအလာရှိပြီး စိတ်ဝင်စားတဲ့ လူငယ် အယောက်၂၀ခန့် (champions) တွေကို ရှာဖွေမွေးထုတ်ပေးရမှာပါ။ မိမိရဲ့ champions အယောက်၂၀ကို မိမိကိုယ်တိုင်ဖြစ်စေ၊ တခြား fellows များနဲ့ ပူးပေါင်းပြီးဖြစ်စေ empowerment training sessions များ ပြန်ပြုလုပ်ပေးရမှာပါ။
➡️ phase 3မှာတော့ fellowsတွေ champions တွေနဲ့အတူ အောက်တိုဘာလမှာ ကျင်းပမဲ့ OML Summit မှာ virtual/in-person တက်ရောက်ပြီး community project လုပ်နိုင်ဖို့ ပရောဂျက်ရန်ပုံငွေ သို့မဟုတ် ထောက်ပံ့ကြေးရနိုင်ဖို့ အတူကြိုးစားရယူနိုင်မယ့် အခွင့်အရေးကောင်းဖြစ်ပါတယ်။ ဒီအဆင့်မှာပဲ mini grantရရှိခဲ့ပါက community project များကို အတူတကွ အကောင်အထည်ဖော်ခွင့်ရမှာပါ။
➡️ phase 4မှာတော့ fellows champions များအားလုံးနဲ့အတူ graduation dayကိုဆင်နွှဲရမှာဖြစ်ပြီး OML Leaderအနေနဲ့ အသိအမှတ်ပြုခံရမှာဖြစ်ပြီး OML alumniအနေနဲ့ ဆက်လက်ရှိနေမှာဖြစ်ပြီး alumni တစ်ယောက်အနေနဲ့ networking opportunitiesများကို ဆက်လက်ရရှိနေဦးမှာပါ။

ဒီအစီအစဉ်ကိုလျှောက်ထားမယ်ဆိုရင်တော့
📌 အသက် ၁၈-၄၀ အတွင်းဖြစ်ရပါမယ်
📌 အာရှပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံတစ်ခုခုမှာ နေထိုင်လျက်ရှိတဲ့ သက်ဆိုင်ရာနိုင်ငံသားဖြစ်ရပါမယ်
📌 အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ရပါမယ်
📌 ပညာရေးအရည်အချင်းကန့်သတ်တာမရှိပါဘူး
📌 အဓိက အရေးကြီးဆုံးကတော့ program ကာလ ၉လတာ တစ်လျှောက်လုံးမှာ တက်တက်ကြွကြွ ပါဝင်ပေးနိုင်သူဖြစ်ရပါမယ်

ဒီ programကနေ ဘာတွေရနိုင်မှာလဲ?
✅ ဒီprogram က free of charge (အခမဲ့) တက်ရောက်ခွင့်ရမှာပါ
✅ OMLASရဲ့ pillar ၄ခုအောက်ကနေ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်များ mentors တွေဆီကနေ intensive training များစွာရရှိမှာပါ
✅ မတူညီတဲ့နိုင်ငံအသီးသီးက လူငယ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အရေးနဲ့အတူ champions များကိုပါ မွေးထုတ်ပေးနိုင်ဖို့ အခွင့်အရေး
✅ တခြားသော fellowsများနဲ့အတူပူးပေါင်းပြီး ‌ဒေသတွင်း သို့မဟုတ် နိုင်ငံအလိုက် OML Summitများ ဦးစီးကျင်းပနိုင်ခြင်း
✅ Fellow အနေနဲ့‌ရော alumniအနေနဲ့ပါ networking opportunitiesများ ဆက်လက်ရရှိနေဦးမှာပါ။

ဘယ်လိုလျှောက်ရမလဲ?
🔎 OMLAS website https://www.onemillionleadersasia.org/ ကိုသွားပြီး တိုက်ရိုက် လျှောက်ထားနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ websiteမှာရှိတဲ့ Information package ကို အသေးစိတ် သေချာဖတ်ပြီးမှ လျှောက်ထားဖို့ အကြံပေးလိုပါတယ်။ လျှောက်လွှာတင်သွင်းဖို့ နောက်ဆုံးရက် (deadline) ကတော့ ၂၀၂၅ ခုနစ် ဖေဖော်ဝါရီလ ၅ရက်နေ့ပဲဖြစ်တာမို့လို့ သတ်မှတ်ရက်အတွင်း အမြန်ဆုံးလျှောက်ထားစေချင်ပါတယ်။

📣 One Million Leaders Asia Fellowship Program application ပိတ်ရန် အချိန် ၅ရက်သာလိုတော့တာကြောင့် application form မတင်ရသေ...
15/01/2024

📣 One Million Leaders Asia Fellowship Program application ပိတ်ရန် အချိန် ၅ရက်သာလိုတော့တာကြောင့် application form မတင်ရသေးပါက http://asia.omlglobal.org/Apply/Fellowship တွင် ဝင်ရောက်ဖတ်ရှု့ပြီး အချိန်မီလျှောက်ထားနိုင်ပါကြောင်း အသိပေးလိုက်ပါတယ် 📝

🟢 OMLAS 2024

📌 Next Leaders’ Initiative For Sustainability (NELIS) ရဲ့ Flagship Project တစ်ခုဖြစ်တဲ့ One Million Leaders Asia Fellowship Program (OMLAS) ကိုတော့ ခေါင်းဆောင်မှုအရည်အသွေးကို မြှင့်တင်ချင်တဲ့ အသက် (၁၈) ကနေ (၄၀) ကြား လူငယ်၊ လူလတ်ပိုင်းတွေအနေနဲ့ လျှောက်ကြည့်သင့်တဲ့ Program တစ်ခုပဲဖြစ်ပါတယ်။

📌 ဒီ Program မှာတော့ Sustainability၊ Leadership နဲ့ ပတ်သက်တဲ့ Course တွေကို Intensive Training အနေနဲ့ (၂) လကြာ လေ့လာခွင့်ရမှာဖြစ်ပြီး တခြား Challenges နဲ့ Activities တွေကို နိုင်ငံတကာက ရွေးချယ်ခံထားရတဲ့သူတွေနဲ့အတူတူ ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုအခွင့်အရေးကြီးကိုလည်း လက်လွတ်လို့ မဖြစ်တာကြောင့် Deadline အတိုင်ခင် အမြန်ဆုံးလျှောက်ထားလိုက်တော့နော်။

Program Duration - 2 Months
Deadline - 20th January 2024
Application Form Link - http://asia.omlglobal.org/Apply/Fellowship

Program အကြောင်း အသေးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ အောက်က Link မှာ ဝင်ဖတ်ကြည့်လို့ရပါတယ်နော်။ 👇👇👇

https://onemillionleadersasia.org/2024/InformationPackage2024.pdf

💁 Calling for applications , OMLAS 2024 Fellowship Programသင်က အာရှတိုက်တစ်ခွင်မှာ နေထိုင်ပြီး  🌍 လူငယ်ခေါင်းဆောင်မှုစွမ...
30/11/2023

💁 Calling for applications , OMLAS 2024 Fellowship Program

သင်က အာရှတိုက်တစ်ခွင်မှာ နေထိုင်ပြီး 🌍 လူငယ်ခေါင်းဆောင်မှုစွမ်းရည်တွေကို မြှင့်တင်ချင်တဲ့သူတစ်ယောက်လား?

Diversity လို့ခေါ်တဲ့ မတူကွဲပြားခြားနာမှုတွေကို လက်ခံယုံကြည်ပြီး leadership opportunity တွေနဲ့ community ကို support လုပ်ချင်တဲ့လူငယ်တစ်ယောက်လား?

အကယ်၍ သင်ဟာ ခုလိုမေးခွန်းမျိုးတွေကို မေးမိနေပြီဆိုရင်တော့ မိမိရဲ့ တိမ်မြုပ်နေတဲ့ leadership စွမ်းရည်တွေကို One Million Leaders Asia နဲ့အတူ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါပြီနော် … 🙌

OMLAS - One Million Leaders Asia ရဲ့ ရည်ရွယ်ချက်ကတော့ မတူညီကွဲပြားခြားနားတဲ့ နောက်ခံရှိတဲ့ လူငယ်ခေါင်းဆောင်ပေါင်း အယောက် တစ်သန်း- 1 million ကို မွေးထုတ်ပေးဖို့ နဲ့ 2030 ခုနစ်မှာ မိမိတို့ရဲ့ သက်ဆိုင်ရာ community အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ empower လုပ်ပေးနိုင်ဖို့အတွက် Asia Vision Map 2030 တစ်ခုအနေနဲ့ Vision ထားရှိတာတဲ့ Flagship project တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် Sustainability ကို ဦးစားပေးထားတာဖြစ်သည့်အတွက် OMLAS ဟာဆိုရင် sustainable leaders တွေကို ဒေသတွင်း မှာ တတ်နိုင်သမျှမွေးထုတ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး next generation impact တစ်ခုရရှိအောင် Local2Global လို့ခေါ်တဲ့ strategy တစ်ရပ်နဲ့ Local leadersများ မှတစ်ဆင့် Global leaders များဖြစ်အောင် စီစဉ်ဆောင်ရွက်နေတဲ့ အစီအစဉ်ကောင်းတစ်ရပ်ပဲဖြစ်ပါတယ်နော် … 🤗

✅ OMLAS Fellowship 2024ကို အာရှတိုက်ထဲက နိုင်ငံတွေမှာရှိတဲ့ မိမိရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို မြှင့်တင်ချင်ပြီး Program ရဲ့ eligibility နဲ့ကိုက်ညီတဲ့ မည်သူမဆို လျှောက်ထားဖို့ တိုက်တွန်းအကြံပြုပါတယ်။ အခု စာဖတ်နေသူသည် မြန်မာနိုင်ငံတွင်းမှာနေထိုင်တဲ့ အသက်၁၈-၄၀အတွင်း လူငယ်တစ်ယောက်လည်းဖြစ်တယ် ၊ မိမိရဲ့ passion နဲ့လည်း တစ်စိတ်တစ်ပိုင်း ကိုက်ညီတာဖြစ်လို့ လျှောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် application form မဖြည့်ခင်မှာ One Million Leaders (OML) Information Package 2024 ကို အရင်ဆုံး ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

🔗https://onemillionleadersasia.org/2024/InformationPackage2024.pdf

✅ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တဲ့ One Million Leaders Asia Fellowship Program (2022/23) ရဲ့ ပုံရိပ်တွေနဲ့ ရွေးချယ်ခံခဲံ့ရတဲ့ Alumni တွေရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ရှုချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ OMLAS ရဲ့ facebook စာမျက်နှာမှာ သွားရောက်လေ့လာနိုင်ပါတယ်နော်။

https://www.facebook.com/onemillionleadersasia/posts/352139527504284?mibextid=YxdKMJ

ဒီprogram မှာ အရွေးချယ်ခံရတဲ့သူတွေအနေနဲ့ အောက်က အကျိုးခံစားခွင့် benefits တွေရရှိဦးမှာဖြစ်ပါတယ်
👉 OML Pillars ၅ခုအောက်ကနေ ကျင်းပပြုလုပ်သွားမယ့် အနဲဆုံး၂လတာ ကြာမြင့်နိုင်မယ့် အွန်လိုင်းသင်တန်းပို့ချမှု
👉 မိမိရဲ့ လူမှုအသိုက်အဝန်းအတွင်းက လူငယ်လူရွယ်တွေကို ပြန်ပြီး mentoring လုပ်ရမဲ့ အခွင့်အလမ်းတွေ
👉 ဒီလူငယ်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ရမယ့် community project အတွေ့အကြုံတွေ
👉 ဒီcommunity project ဖြစ်မြောက်အောင် OMLAS မှပေးအပ်မဲ့ mini-grants
👉 ဒေသတွင်းက OML alumni တွေ leaders တွေနဲ့ ချိတ်ဆက်နိုင်မယ့် networking opportunities
👉 အရွေးခံရသည်ဖြစ်စေ အရွေးမခံရသည်ဖြစ်စေ free subscription ရပြီး အသုံးပြုနိုင်မဲ့ OML app (OML appမှာ ယခင် OML program တွေရဲ့ အောင်မြင်ဖြစ်ထွန်းခဲ့တဲ့ program အကြောင်းအရာတွေ၊ ယခင် alumni fellows တွေရဲ့ project တွေအကြောင်း၊ ဒေသတွင်း ကျွမ်းကျင်ပညာရှင်တွေပို့ချတဲ့ micro training တွေ နဲ့ community events စတာတွေကို တစ်နေရာထဲမှာ စုံစုံလင်လင် ရရှိနိုင်မှာပါ)
👉လျှောက်ထားရမှာ program အစအဆုံး အခမဲ့ဖြစ်ပြီး OML Alumni ဖြစ်နိုင်ခွင့်….

ကဲ … အမှန်တကယ် စိတ်ဝင်စားသူများ အတွက် program လေးကို apply လုပ်ချင်တယ်ဆိုရင် အောက်က link လေးထဲကို ဝင်ပြီး application portal မှာ apply လုပ်နိုင်ပါပြီ .. Deadline အနေနဲ့ 20 Jan, 2024 ဖြစ်တာကြောင့် အချိန်ပေးပြီး ပြင်ဆင်နိုင်ပါပြီဗျ။

🔗 http://asia.omlglobal.org/Apply/Fellowship

Application လျှောက်ထားတဲ့နေရာမှာ အခက်အခဲတစ်စုံတစ်ရာရှိရင် Mind Matters ရဲ့ page messenger မှာ လာရောက်မေးမြန်းနိုင်သလို OMLAS ရဲ့ email ကိုလည်း mail ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ

If you have any issue filling up the Application Form, please write to us at [email protected]
If you want to know more about OMLAS - One Million Leaders Asia Fellowship Program, please visit https://onemillionleadersasia.org/




Address

Magway

Alerts

Be the first to know and let us send you an email when Mind Matters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mind Matters:

Share