ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက်

  • Home
  • Myanmar
  • Magway
  • ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက်

ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🌿🌿🌿🌿 ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ 🌿🌿🌿🌿

16/08/2026

အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေနဲ့ အဆင်မပြေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကြုံတွေ့ရတာဟာ ရှောင်လွှဲလို့မရတဲ့ သဘာဝတရားတစ်ခုပဲ။

စိန်ခေါ်မှုတွေ၊ အခြေအနေတွေနဲ့ ဘေးလူတွေရဲ့ စိတ်နှောက်ယှက်မှုကြောင့် အလုပ်ကို ဆက်မလုပ်ချင်လောက်အောင် စိတ်ဓါတ်ကျမိတဲ့ အခိုက်အတန့်တွေ ရှိတတ်ပေမဲ့ အဲဒီလိုအချိန်မျိုးမှာ မိမိရဲ့ ကိုယ်ပိုင်အရည်အသွေးနဲ့ တန်ဖိုးတွေကို မယုတ်လျော့စေဖို့ ထိန်းသိမ်းထားနိုင်ခြင်းကသာ အစစ်အမှန် ခိုင်မာမှုပါ။

အများစု မှားယွင်းတတ်တဲ့ သဘောထားကတော့ ...

"သူတို့ကောင်းမှ ငါကောင်းမယ်၊ သူတို့ မကောင်းရင် ငါလည်း အရေးစိုက်စရာမလိုဘူး"

ဆိုတဲ့ အတွေးပဲ။

ဒါဟာ ကိုယ့်ရဲ့ စံနှုန်းနဲ့ အရည်အသွေးကို သူတစ်ပါးရဲ့ ပြုမူဆက်ဆံပုံပေါ်မှာ လုံးဝပုံအပ်လိုက်တာဖြစ်ပြီး၊ ရေရှည်မှာ မိမိရဲ့ စိတ်ဓာတ်နဲ့ စာရိတ္တကို ပျက်စီးစေတယ်။

စိန်ခေါ်မှုတွေ လာရောက်ရိုက်ခတ်သည့်တိုင်အောင်

"ဘယ်သူ့ကြောင့်မှ ကိုယ့်အရည်အသွေးကို ယုတ်လျောမခံဘူး"

ဆိုတဲ့ စိတ်ဓါတ်ကို ခိုင်မာစွာ တည်ဆောက်ထားရမယ်။

အလုပ်တစ်ခုကို မလုပ်ချင်ရင် ပွင့်ပွင်းလင်းလင်းပဲ စွန့်လွှတ်လိုက်တာက ပိုကောင်းတယ်။

ကိုယ်လုပ်နေသမျှ ကာလပတ်လုံးတော့

ကိုယ့်ရဲ့ အစွမ်းအစနဲ့ အရည်အသွေးတွေကို တိုးတက်မလာရင်တောင်မှ လျော့ကျမသွားအောင် စိတ်ဓာတ်ကို လေ့ကျင့်ထားဖို့နဲ့ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်တယ်။

ကိုယ့်ရဲ့ အလုပ်အပေါ် ထားတဲ့ စေတနာ၊ ကျွမ်းကျင်မှုနဲ့ စံနှုန်းတွေဟာ ဘေးလူတွေရဲ့ ကောင်းခြင်း၊ မကောင်းခြင်းနဲ့ မဆိုင်ဘဲ မိမိကိုယ်တိုင်နဲ့သာ သက်ဆိုင်သည့် အရာတွေပဲဆိုတာကို ကောင်းကောင်း စွဲမြဲနေရမှာဖြစ်တယ်။

နောင်အနာဂတ်မှာလည်း ဘယ်အလုပ်မှာမဆို အလုပ်သဘာဝအရ အခက်အခဲတွေ၊ ပေါင်းသင်းဆက်ဆံရ ခက်ခဲတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထပ်ကြုံတွေ့ရဦးမှာ သေချာတယ်။

အခင်းအကျင်းတွေ ပြောင်းလဲသွားနိုင်ပေမဲ့ လူနဲ့ ပြဿနာဆိုတာ ဘယ်နေရာမဆို ရှိနေတတ်တာကြောင့် ကိုယ့်အရည်အသွေးနဲ့ ကိုယ်ပိုင်တန်ဖိုးကို မယုတ်လျော့စေဘဲ မြဲမြံစွာ ထိန်းသိမ်းထားခြင်းကသာလျှင် ဘယ်လိုအခြေအနေမှာမဆို အောင်မြင်စွာ ရပ်တည်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

ဒါကြောင့်

ဘယ်သူ ဘယ်ဝါကြောင့်မှ

ကိုယ့်အရည်အသွေးတွေကို မယုတ်လျော့စေပါနဲ့၊

မိမိကိုယ်သာ ကိုးကွယ်အားထားရာဆိုတာ ဒါပါပဲ ...

နန္ဒာစာရ

🪷 ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🪷၁၅- ၈ - ၂၀၂၆✅ စနေနေ့ ✅~~~~~~~~~~~~~~~~~~~~🏺ဦးမင်းလွင် + ဒေါ်စန်းစန်းတင်🏺သမီး - နှင်းဦ...
16/08/2026

🪷 ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🪷

၁၅- ၈ - ၂၀၂၆
✅ စနေနေ့ ✅
~~~~~~~~~~~~~~~~~~~~

🏺ဦးမင်းလွင် + ဒေါ်စန်းစန်းတင်
🏺သမီး - နှင်းဦးလွင်
🏺မိသားစု မှ

🪔 ဆရာလေးတို့ကျောင်း အသုံးပြုနိုင်ရန်🪔

🪑 #စားပွဲ_ထိုင်ခုံ(၁)စုံ 🪑

လှူဒါန်းပါသည်။

🌺 အလှူရှင်မိသားစုတို့သည် 🌺

🔶 သက်ရှည် ကျန်းမာကြပါစေ
🔶 နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
🔶 ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ
🔶 နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေ....

09/08/2026

“မိန်းမရန်က မိန်းမလား”

"မိန်းမအချင်းချင်းက ပိုဆိုးတယ်ဗျာ၊ မိန်းမရန်က မိန်းမပဲ.."

ဒီစကားကို ကြားဖူးလေ့ရှိကြမယ်။

ယောက္ခမနဲ့ ချွေးမ ပြဿနာတွေ၊ ရုံးက အမျိုးသမီး အထက်လူကြီးက အမျိုးသမီး ဝန်ထမ်းအပေါ် ပိုပြီး ဖိနှိပ်တာတွေ၊ မိန်းကလေးအချင်းချင်း အဝတ်အစားကအစ အပြစ်ရှာ အတင်းတုပ်ကြတာတွေကို ထောက်ပြပြီး ဒီလို ကောက်ချက်ချလေ့ရှိကြတယ်။

တစ်ချက်ကြည့်ရင်တော့ ဟုတ်သလိုလိုပဲ။

မိန်းမအချင်းချင်း ပိုပြီး နားလည်ပေးရမယ့်အစား ပိုပြီး ဒုက္ခပေးနေကြတာကို မျက်မြင်ကိုယ်တွေ့ ကြုံနေရတာကိုး။

ဒါပေမယ့် ဒီပြဿနာရဲ့ အရင်းအမြစ်ကို သေချာတူးဆွကြည့်ရင် ဒါဟာ အမျိုးသမီးတွေရဲ့ မွေးရာပါ စိတ်နေသဘာဝ မဟုတ်ဘဲ၊ နှစ်ထောင်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ စနစ်ကြီးတစ်ခုရဲ့ အသီးအပွင့်ဆိုတာ တွေ့ရလိမ့်မယ်။

ဒါကို စိတ်ပညာမှာတော့ "Internalized Misogyny" (မိမိကိုယ်တွင်း စိမ့်ဝင်နေတဲ့ အမျိုးသမီး မုန်းတီးရေးဝါဒ သို့မဟုတ် ဖိုဝါဒ) လို့ ခေါ်တယ်။

ဆိုလိုတာက လူ့အဖွဲ့အစည်းက အမျိုးသမီးတွေအပေါ် ချမှတ်ထားတဲ့ စံနှုန်းတွေ၊ ခွဲခြားနှိမ်ချမှုတွေကို အမျိုးသမီးတွေ ကိုယ်တိုင်က သတိမထားမိဘဲ လက်ခံကျင့်သုံးပြီး၊ တခြား အမျိုးသမီးတွေအပေါ်ကိုပါ အဲဒီပေတံနဲ့ လိုက်တိုင်းတာနေတာမျိုး ဖြစ်တယ်။

ဥပမာ - ယောက္ခမနဲ့ ချွေးမ ပြဿနာကို ကြည့်ရအောင်။

ရှေးခေတ်ကတည်းက အမျိုးသမီးတစ်ယောက်ဟာ အပြင်ထွက် အလုပ်လုပ်ခွင့်၊ ဆုံးဖြတ်ချက် ချပိုင်ခွင့် သိပ်မရှိခဲ့ဘူး။

သူ့အတွက် တစ်ခုတည်းသော သြဇာအာဏာပြလို့ရတဲ့ နေရာက 'မီးဖိုချောင်' နဲ့ 'အိမ်တွင်းရေး' ပဲ။

အဲဒီ ပါဝါလေး ရဖို့အတွက်လည်း ငယ်ရွယ်စဉ်မှာ အများကြီး အောင့်အည်းသည်းခံခဲ့ရတယ်။

အချိန်တန်လို့ ချွေးမဖြစ်သူ ရောက်လာတဲ့အခါ၊ အဲဒီ ချွေးမလေးက သူတို့ခေတ်ကလို မဟုတ်ဘဲ လွတ်လွတ်လပ်လပ် နေလာတဲ့အခါ၊ ဝင်ငွေရှာနိုင်တဲ့အခါ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ သူတို့ရဲ့ ဧရိယာလေး၊ သူတို့ရဲ့ ပါဝါလေးကို ခြိမ်းခြောက်ခံရတယ်လို့ ခံစားသွားရတယ်။

နောက်ပြီး...

"ငါလည်း ဒီလို ဒုက္ခခံခဲ့ရတာပဲ၊ နင်လည်း ခံရမှာပေါ့" ဆိုတဲ့ 'အနစ်နာခံခြင်းကို ဂုဏ်ယူတဲ့ စိတ်' ကလည်း ပါလာတယ်။

ဒါဟာ ယောက္ခမဖြစ်သူက စိတ်ပုပ်လို့ မဟုတ်ဘူး။

လူ့အဖွဲ့အစည်းက အမျိုးသမီးတွေအတွက် နေရာအကျယ်ကြီး မပေးထားလို့ ကျဉ်းမြောင်းတဲ့ နေရာလေးလုရင်း ဖြစ်လာတဲ့ ပြဿနာသာ ဖြစ်တယ်။

အလုပ်ခွင်မှာဆိုရင်လည်း 'Queen Bee Syndrome' (ပျားဘုရင်မ ရောဂါ) ဆိုတာ ရှိတယ်။

အမျိုးသားတွေ လွှမ်းမိုးတဲ့ လုပ်ငန်းခွင်မှာ အမျိုးသမီးတစ်ယောက် အထက်ပိုင်းရာထူး ရဖို့ဆိုတာ သိပ်ခက်တယ်။

ယောက်ျားတွေထက် နှစ်ဆ၊ သုံးဆ ကြိုးစားရတယ်။

အဲဒီလို ခက်ခက်ခဲခဲ တက်လာရတဲ့အခါ သူတို့ဟာ မသိစိတ်ကနေ ယောက်ျားတွေရဲ့ အမူအကျင့်ကို အတုယူလာတယ်။

အောက်က အမျိုးသမီး ဝန်ထမ်းတွေကို ကူညီမြှောက်တင်ပေးရမယ့်အစား...

"ငါတောင် ဒီလောက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာ၊ နင်တို့ကို လွယ်လွယ်နဲ့ နေရာမပေးနိုင်ဘူး" ဆိုပြီး ပိုဖိနှိပ်တတ်ကြတယ်။

ဒါဟာလည်း အပေါ်ဆုံးနေရာမှာ နေရာလွတ် မရှိဘူးလို့ ထင်မှတ်ထားတဲ့ အကြောက်တရားရဲ့ အကျိုးဆက်ပဲ။

နောက်တစ်ခုက မိန်းကလေးအချင်းချင်း အဝတ်အစား၊ အနေအထိုင်ကို ဝေဖန်တာ (Slut-shaming လုပ်တာ)။

"ကြည့်စမ်းပါဦး၊ ဝတ်ထားတာက ဖော်လွန်းလိုက်တာ၊ အရှက်ကို မရှိဘူး" ဆိုပြီး အပြစ်တင်ကြတယ်။

ဒါဟာ အမျိုးသမီးတွေ ကိုယ်တိုင်က ဖိုဝါဒရဲ့ မျက်မှန်ကို တပ်ပြီး တခြားအမျိုးသမီးတွေကို လိုက်ကြည့်နေတာပဲ။

"ငါကတော့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ မိန်းမကောင်း စည်းမျဉ်းတွေအတိုင်း နေတဲ့သူမို့ နင့်ထက် သာတယ်" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ယူ၊ အမှတ်ယူနေတာမျိုး ဖြစ်တယ်။

ဒါတွေကို ပြန်ခြုံကြည့်ရင်...

"မိန်းမရန် မိန်းမ" ဆိုတာ တကယ်တော့ အပေါ်ယံ သဏ္ဌာန်ပဲ။

အနှစ်သာရကတော့ အမျိုးသမီးတွေကို အချင်းချင်း ပြိုင်ဆိုင်အောင်၊ အချင်းချင်း အပြစ်ပြန်ရှာအောင် ဖိုဝါဒစနစ်ကြီးက ဖန်တီးပေးထားတာပဲ။

ခွေးနှစ်ကောင်ကို အရိုးတစ်ချောင်းထဲ ချပေးပြီး ကိုက်ခိုင်းသလိုပေါ့။

သူတို့အချင်းချင်း ကိုက်နေသရွေ့၊ ပြဿနာရဲ့ တကယ့်တရားခံဖြစ်တဲ့ 'စနစ်' ကြီးကို ဘယ်သူမှ မေးခွန်းမထုတ်အားတော့ဘူးလေ။

ဒါဆို ဘယ်လို ပြောင်းလဲကြမလဲ။

အမျိုးသမီးတွေ အနေနဲ့ ကိုယ်တိုင် စဉ်းစားဖို့ လိုတယ်။

"ငါ တခြားအမျိုးသမီးတစ်ယောက်ကို မနာလိုဖြစ်နေတာ၊ အပြစ်တင်ချင်နေတာဟာ တကယ်ပဲ သူ့အမှားကြောင့်လား၊ ဒါမှမဟုတ် ငါ့ကို ဒီလိုတွေးအောင် ပုံသွင်းထားတဲ့ စနစ်ကြောင့်လား" ဆိုတာကို ခွဲခြားသိမြင်ဖို့ လိုတယ်။

Women Empowerment ဆိုတာ ကိုယ်တစ်ယောက်တည်း ရှေ့ရောက်ဖို့ လုပ်တာ မဟုတ်ဘူး။

ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးတွေကိုပါ လက်ကမ်းခေါ်ယူတာမျိုး ဖြစ်ရမယ်။

ကိုယ့်ထက် အမြင်ကျယ်ပြီး လွတ်လွတ်လပ်လပ် နေနိုင်တဲ့ မိန်းကလေးတွေကို တွေ့ရင် မနာလိုဖြစ်၊ အတင်းပြောမယ့်အစား...

"သူလုပ်နိုင်ရင် ငါလည်း လုပ်နိုင်တာပဲ" ဆိုတဲ့ စိတ်ကူးမျိုး ပြောင်းမွေးရမယ်။

အရင်ခေတ်က လူကြီးတွေ (ယောက္ခမတွေ၊ အဒေါ်တွေ) ရဲ့ ဖိနှိပ်မှုတွေကိုလည်း သူတို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ရဲ့ ဒဏ်ရာတွေအဖြစ် နားလည်ပေးပြီး၊ ကိုယ့်လက်ထက်မှာတော့ ဒီသံသရာကို ဖြတ်တောက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်မျိုး ချမှတ်ရမယ်။

အဆုံးသတ်အနေနဲ့ ပြောရရင်...

"မိန်းမရန်ဟာ မိန်းမ မဟုတ်ပါဘူး"။

အမျိုးသမီးတွေရဲ့ တကယ့်ရန်သူဟာ သူတို့ကို နေရာအကျဉ်းလေးထဲမှာ ပိတ်လှောင်ပြီး အချင်းချင်း ပြိုင်ဆိုင်သတ်ပုတ်ခိုင်းနေတဲ့ 'ခွဲခြားဆက်ဆံမှု စနစ်ဆိုး' သာ ဖြစ်ပါတယ်။

အဲဒီအမှန်တရားကို မြင်အောင်ကြည့်နိုင်မှသာ အမျိုးသမီးအချင်းချင်း ဖေးမကူညီတဲ့ (Women Supporting Women) အင်အားစုကြီး တစ်ခုကို အမှန်တကယ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

◾ဉာဏ်ရည်မြင့်တာ စွဲမက်စရာ
Beauty with Brains - ဉာဏ
◾️Size 5.5x8.5 inch
◾ Woodfree Paper
◾ဈေးနှုန်း - 16000

အခုပဲ မှာယူနိုင်ပါပြီ 🔥
_______________________________________________

ဆရာမဉာဏ၏ စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။

#ဉာဏ
#ဉာဏ်ရည်မြင့်တာစွဲမက်စရာ

#ဉာဏစာအုပ်တိုက်

09/08/2026

“သည်းခံနိုင်လွန်းတဲ့ မိန်းမ”

လူ့အဖွဲ့အစည်းမှာ မကြာခဏ ကြားရလေ့ရှိတဲ့ ချီးကျူးစကားတစ်ခု ရှိတယ်။

“ဒီအမျိုးသမီးက တော်တော် မိသားစုအပေါ် သိတတ်တာပဲ။ ယောက်ျားက ဘယ်လောက်ဆိုးဆိုး၊ ဒုက္ခပေးပေး သားသမီးတွေ မျက်နှာနဲ့ ကြိတ်မှိတ်သည်းခံပြီး အိမ်ထောင်ကို ထိန်းထားတာ။ တကယ့် မိန်းမမြတ်ပဲ” ဆိုတဲ့ စကားမျိုး။

စာပေတွေ၊ ဇာတ်လမ်းတွေထဲမှာလည်း မိသားစုအတွက် ကိုယ့်ဘဝ၊ ကိုယ့်အိမ်မက်၊ ကိုယ့်ပျော်ရွှင်မှုတွေကို စတေးလိုက်တဲ့ မိခင်တွေ၊ ဇနီးသည်တွေကို ‘ရိုမန့်တစ်’ ဆန်ဆန် ဂုဏ်ပြုရေးဖွဲ့လေ့ ရှိကြတယ်။ ဒီလို စွန့်လွှတ်အနစ်နာခံခြင်းဟာ မြင့်မြတ်တဲ့လုပ်ရပ်၊ အမျိုးသမီးတွေမှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာတစ်ခုလို ပုံသွင်းခံထားရတယ်။

သေချာပြန်တွေးကြည့်ရင် အဲဒီ “ဂုဏ်ပြုချီးကျူးမှု” တွေရဲ့ နောက်ကွယ်မှာ အင်မတန် ကြောက်စရာကောင်းတဲ့ “စိတ်ပိုင်းဆိုင်ရာ ထောင်ချောက်” တစ်ခု ရှိနေတယ်။

လူ့အဖွဲ့အစည်းက အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးကို ‘သူ ဘယ်လောက်အထိ နာကျင်မှုကို ခံနိုင်ရည်ရှိသလဲ’၊ ‘သူ့ကိုယ်သူ ဘယ်လောက်အထိ ဖျောက်ဖျက်ပြီး သူများအတွက် အသက်ရှင်ပေးနိုင်သလဲ’ ဆိုတဲ့ ပေတံနဲ့ တိုင်းတာနေကြတာပဲ။

ရှင်းရှင်းပြောရရင် “နင် ဒုက္ခများများခံနိုင်လေ၊ နင့်ကို ငါတို့က လူကောင်းစာရင်းထဲ ပိုသွင်းပေးလေ” ဆိုတဲ့ သဘောတရား ဖြစ်နေတယ်။

အမျိုးသားတစ်ယောက်က အိမ်ထောင်ရေးမှာ ဖောက်ပြန်တယ်၊ တာဝန်မကျေဘူး၊ အကြမ်းဖက်တယ် ဆိုပါစို့။

အဲဒီလို အခြေအနေမျိုးမှာတောင် ပြဿနာရဲ့ တရားခံကို လက်ညှိုးမထိုးဘဲ “ယောက်ျားဆိုတာ ဒီလိုပဲ အမှားရှိတတ်တာပေါ့။ မိန်းမက နားလည်မှုပေးရမှာပေါ့။ သည်းခံလိုက်ပါ၊ သားသမီးတွေ မျက်နှာ ကြည့်ပါဦး” ဆိုပြီး အမျိုးသမီးဘက်ကပဲ တာဝန်ယူ ဖြေရှင်းပေးဖို့၊ ခွင့်လွှတ်ပေးဖို့ ဖိအားပေးခံရလေ့ရှိတယ်။

အဲဒီလို သည်းခံလိုက်ရင် “တော်တဲ့မိန်းမ၊ အိမ်ထောင်ကို ထိန်းသိမ်းနိုင်တဲ့မိန်းမ” ဖြစ်သွားရော။

တကယ်တော့ ဒါဟာ လွယ်လွယ်လေး ချီးကျူးစကားဆိုပြီး ပြဿနာကို ဖုံးကွယ်ပစ်လိုက်တာပဲ။ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေကို “အနစ်နာခံခြင်း” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တရားဝင်အောင် လုပ်ပေးလိုက်တာနဲ့ အတူတူပဲ။

နောက်တစ်ခုက အမျိုးသမီးတွေ ကိုယ်တိုင်ကိုက ဒီထောင်ချောက်ထဲမှာ ပိတ်မိနေကြတာ။

မျိုးဆက်တစ်ဆက်ကနေ တစ်ဆက် “ငါတို့ခေတ်ကလည်း ဒီလိုပဲ အောင့်အည်းသည်းခံခဲ့ရတာပဲ၊ နင်လည်း သည်းခံ” ဆိုပြီး ကိုယ့်သမီးတွေ၊ တူမတွေကို သင်ကြားပေးကြတယ်။

အနစ်နာမခံရင်၊ မသည်းခံရင်ပဲ ကိုယ်ကျင့်တရား မကောင်းတဲ့ မိန်းမလိုလို၊ အတ္တကြီးတဲ့ မိန်းမလိုလို ခံစားလာရအောင် System တစ်ခုလုံးက ပုံသွင်းထားတာကိုး။

ဒါကြောင့် အမျိုးသမီး တော်တော်များများဟာ အဆိပ်သင့်နေတဲ့ ဆက်ဆံရေး (Toxic Relationship) တွေထဲကနေ ရုန်းထွက်ခွင့် ရှိမှန်းတောင် မသိကြတော့ဘူး။ ရုန်းထွက်ဖို့ ကြိုးစားရင်လည်း ဝန်းကျင်က ကဲ့ရဲ့မှာကို ကြောက်နေကြရတယ်။

ခေတ်တွေ ပြောင်းလာတယ်။ အမျိုးသမီးတွေ ပညာပိုတတ်လာတယ်၊ ငွေပိုရှာနိုင်လာတယ်။

ဒါပေမယ့် ဒီ “အနစ်နာခံရမယ်” ဆိုတဲ့ ဂျန်ဒါအစွဲက ပုံစံပြောင်းပြီး ဆက်ရှိနေတုန်းပဲ။

အခုခေတ်မှာကျတော့ “Superwoman (မိန်းမစွမ်းရှင်)” ဆိုတဲ့ ခေါင်းစဉ်နဲ့ လာပြန်တယ်။

အပြင်မှာလည်း အလုပ်လုပ်၊ ပိုက်ဆံလည်းရှာ၊ အိမ်ပြန်ရောက်တော့လည်း အိမ်မှုကိစ္စ အားလုံး ဒိုင်ခံလုပ်၊ ကလေးလည်း ပြုစု၊ ယောက်ျားကိုလည်း ဂရုစိုက်... ဒီလောက် ပင်ပန်းနေတာကို ညည်းညူခွင့်မရှိဘူး။ အားလုံးကို ပြီးပြည့်စုံအောင် လုပ်နိုင်မှ “စံပြအမျိုးသမီး” လို့ သတ်မှတ်ကြပြန်ရော။

အမျိုးသမီးတွေကို လိုတာထက်ပိုပြီး ကြံ့ခိုင်လွန်းသူတွေ (Overly Resilient) အဖြစ် မျှော်လင့်တာဟာလည်း တစ်ဖက်လှည့်နဲ့ ခေါင်းပုံဖြတ်တာပဲ။ သူတို့လည်း လူသားတွေမို့ ပင်ပန်းတတ်တယ်၊ အနားယူဖို့ လိုတယ်၊ တာဝန်တွေကို ခွဲဝေယူမယ့် အဖော်လိုအပ်တယ် ဆိုတာကို လျစ်လျူရှုထားကြတယ်။

ဒါတွေကို ပြောင်းလဲဖို့ဆိုရင်...

နံပါတ် ၁ - အနစ်နာခံခြင်းကို ရိုမန့်တစ်ဆန်ဆန် ဂုဏ်ပြုနေတာတွေ ရပ်တန်းက ရပ်ဖို့လိုပြီ။

မိခင်တစ်ယောက်က သားသမီးတွေ စားရဖို့ သူငတ်ခံလိုက်တယ်ဆိုရင်၊ ချီးကျူးရမှာထက် “ဘာလို့ ဒီအမေ ငတ်သွားရသလဲ၊ ဘယ်သူတွေက ပံ့ပိုးမှု မပေးလို့လဲ” ဆိုတာကို မေးခွန်းထုတ်ရမှာ။

အိမ်ထောင်ရေးတစ်ခုမှာ တစ်ဖက်က အမြဲတမ်း ငုံ့ခံနေရတယ်ဆိုရင် ဒါကို ‘မြတ်နိုးစရာ ခွင့်လွှတ်ခြင်း’ လို့ မခေါ်ဘူး၊ ‘အနိုင်ကျင့်ခြင်း’ လို့ ခေါ်တယ်။

နံပါတ် ၂ - Women Empowerment (အမျိုးသမီးများ စွမ်းရည်မြှင့်တင်ခြင်း) ရဲ့ အဓိပ္ပာယ်ကို သေချာနားလည်ဖို့ လိုတယ်။

Empowerment ဆိုတာ အမျိုးသမီးတွေကို ဒုက္ခတွေ ပိုခံနိုင်အောင် လေ့ကျင့်ပေးတာ မဟုတ်ဘူး။ ဒုက္ခပေးနေတဲ့ အရာတွေကို “No (မရဘူး၊ လက်မခံနိုင်ဘူး)” လို့ ရဲရဲဝံ့ဝံ့ ငြင်းပယ်ရဲတဲ့ အခွင့်အရေးနဲ့ ရဲတင်းမှုကို ပေးတာဖြစ်တယ်။

မိမိကိုယ်ကို တန်ဖိုးထားမှု (Self-worth) ဆိုတာ တစ်ပါးသူအတွက် အသုံးတော်ခံခြင်းအပေါ်မှာ မူတည်မနေဘူးဆိုတာ အမျိုးသမီးငယ်လေးတွေကို သင်ပေးဖို့ လိုတယ်။

လင်ယောက်ျား ဆိုးတာကို သည်းခံနိုင်စွမ်းထက်၊ မကောင်းတဲ့ လင်ယောက်ျားကို စွန့်ခွာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရဲတဲ့ သတ္တိကမှ တကယ့် ချီးကျူးစရာဆိုတာ အသိအမှတ်ပြုပေးဖို့ လိုတယ်။

လူ့အဖွဲ့အစည်းမှာ “သည်းခံနိုင်လွန်းတဲ့ မိန်းမ” ၊ “အနစ်နာခံလွန်းတဲ့ မိခင်” ဆိုတဲ့ စံပြရုပ်တုတွေ ထပ်မလိုတော့ပါဘူး။

အဲဒီအစား ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့၊ ကိုယ့်အခွင့်အရေး ကိုယ်သိတဲ့၊ မတရားမှုကို သည်းမခံဘဲ တုံ့ပြန်ရဲတဲ့ “ကျန်းမာပျော်ရွှင်တဲ့ သာမန်အမျိုးသမီးတွေ” ပိုများလာဖို့ပဲ လိုအပ်ပါတော့တယ်။

◾ဉာဏ်ရည်မြင့်တာ စွဲမက်စရာ
Beauty with Brains - ဉာဏ
◾️Size 5.5x8.5 inch
◾ Woodfree Paper
◾ဈေးနှုန်း - 16000

အခုပဲ မှာယူနိုင်ပါပြီ 🔥
_______________________________________________

ဆရာမဉာဏ၏ စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။

#ဉာဏ
#ဉာဏ်ရည်မြင့်တာစွဲမက်စရာ

#ဉာဏစာအုပ်တိုက်

🪷 ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🪷၉- ၈ - ၂၀၂၆✅ တနင်္ဂနွေနေ့ ✅~~~~~~~~~~~~~~~~~~~~🏵️ ဆရာလေး ဒေါ်ဥက္ကံသီ  မှ       🌸 လိုအပ...
09/08/2026

🪷 ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🪷

၉- ၈ - ၂၀၂၆
✅ တနင်္ဂနွေနေ့ ✅
~~~~~~~~~~~~~~~~~~~~

🏵️ ဆရာလေး ဒေါ်ဥက္ကံသီ မှ

🌸 လိုအပ်ရာရာ အသုံးပြုရန်

🌸အလှူငွေ (၅) သောင်းကျပ်
လှူဒါန်းပါသည်။

🌺 အလှူရှင်မိသားစုတို့သည် 🌺

🔶 သက်ရှည် ကျန်းမာကြပါစေ
🔶 နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
🔶 ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ
🔶 နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေ....

🪷 ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🪷၆ - ၈ - ၂၀၂၆⭐ Thursday ⭐~~~~~~~~~~~~~~  #အရုဏ်_နေ့ဆွမ်းအလှူရှင်🏵️ မသက်နှင်းစုကြည် ၏🏵️ ...
06/08/2026

🪷 ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🪷

၆ - ၈ - ၂၀၂၆

⭐ Thursday ⭐
~~~~~~~~~~~~~~

#အရုဏ်_နေ့ဆွမ်းအလှူရှင်

🏵️ မသက်နှင်းစုကြည် ၏
🏵️ 🎂 #မွေးနေ့အလှူတော်🎂

🌻 အရုဏ်ဆွမ်း၊ နေ့ဆွမ်း နှင့်
🫙 တလုံး
🌻 ဝေဠုဝန်ဓီတာသီလရှင်ကျောင်း လိုအပ်ရာရာ
အသုံးပြုနိုင်ရန်အတွက်
🌻 နဝကမ္မ အလှူငွေများကို
လှူဒါန်းပါသည်။

🌺 အလှူရှင်မိသားစုတို့သည် 🌺

🔶 သက်ရှည် ကျန်းမာကြပါစေ
🔶 နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
🔶 ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ
🔶 နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေ....

🪷 ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🪷၂ - ၈ - ၂၀၂၆✅ တနင်္ဂ‌ေနွနေ့ ✅~~~~~~~~~~~~~~~~~~~~  #အရုဏ်_နေ့ဆွမ်းအလှူရှင်🌼 သားလေး - #...
02/08/2026

🪷 ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် 🪷

၂ - ၈ - ၂၀၂၆
✅ တနင်္ဂ‌ေနွနေ့ ✅
~~~~~~~~~~~~~~~~~~~~

#အရုဏ်_နေ့ဆွမ်းအလှူရှင်
🌼 သားလေး - #ဇွဲရတု ၏
🌼 (၁)နှစ်ပြည့် #မွေးနေ့အလှူ
~~~~~~~~~~~~~~~~~~~~~~

#အချိုပွဲအလှူရှင်
🌻 မောင်သန်းဌေးအောင် (၂) နှစ်ပြည့်အား ရည်စူး၍
🌻ဦးစိန်ညို + ဒေါ်စန္ဒာမိုး မိသားစု
~~~~~~~~~~~~~~~~~~~~~~~~

✅ ဝေဠုဝန်ဓီတာသီလရှင်ကျောင်း လိုအပ်ရာရာ
အသုံးပြုနိုင်ရန်အတွက်
#မသန္တာဦး မှ
#မွေးနေ့အလှူ အဖြစ်
✅ အလှူတော်ငွေ (၃) သိန်းကျပ်ကို
လှူဒါန်းပါသည်။



🌺 အလှူရှင်မိသားစုတို့သည် 🌺

🔶 သက်ရှည် ကျန်းမာကြပါစေ
🔶 နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
🔶 ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ
🔶 နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေ....

Address

၃ လမ်း၊ အေးမြသာယာ (မ)ကျေးရွာ၊ GTC ကျောင်းအနီး
Magway

Website

Alerts

Be the first to know and let us send you an email when ဝေဠုဝန်ဓီတာသီလရှင်ကျောင်းတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share