Dr. Warso

Dr. Warso Where Expertise Meets Elegance

27/07/2026

Grateful to attend IMAAC 2026 and bring home new ideas, new techniques, and new inspiration. 🤍

ခုလိုရာသီဥတုက စိုထိုင်းဆများတဲ့ချိန်မို့ အသားအရေမှာတော့ ဝက်ခြံတွေ ခဏတိုင်း ပြန်ထွက်တာမျိုးကြုံရတတ်ပါတယ်။ဒီနေ့မှာတော့ မို...
25/07/2026

ခုလိုရာသီဥတုက စိုထိုင်းဆများတဲ့ချိန်မို့ အသားအရေမှာတော့ ဝက်ခြံတွေ ခဏတိုင်း ပြန်ထွက်တာမျိုးကြုံရတတ်ပါတယ်။

ဒီနေ့မှာတော့ မိုးရာသီနဲ့ ဝက်ခြံအကြောင်း အလှအပဆိုင်ရာ လွဲမှားနေတဲ့ အယူအဆအချို့ကို ဆေးပညာရှုထောင့် ကနေလမ်းညွှန်ပေးပါရစေရှင်။

💡 မိုးရာသီမှာ သတိမထားမိဘဲ မှားယွင်းတတ်ကြတဲ့ အချက်များ -

❌ အမှား (၁) - ရာသီဥတုက စိုစွတ်နေတာမို့ Moisturizer လိမ်းစရာမလိုဘူး?

✅ - မိုးရာသီရဲ့ စိုထိုင်းဆ (Humidity) မြင့်မားမှုကြောင့် အသားအရေဟာ အပြင်ပန်းမှာ စေးကပ်နေတတ်ပေမဲ့ အတွင်းပိုင်း ရေဓာတ်ခမ်းခြောက်မှု (Dehydration) ဖြစ်နိုင်ပါတယ်ရှင်။ အသားအရေ ခြောက်သွေ့သွားတဲ့အခါ ခန္ဓာကိုယ်ကနေ အဆီတွေကို ပိုမိုထုတ်လုပ်ပစ်တာမို့ ဝက်ခြံတွေ ပိုထွက်လာတတ်ပါတယ်။ ဒါကြောင့် မိုးရာသီမှာလည်း မိမိအသားအရေနဲ့ ကိုက်ညီတဲ့ Light-weight ဖြစ်တဲ့ Moisturizer မျိုးကို စနစ်တကျ လိမ်းပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်ရှင်။

❌ အမှား (၂) - မိုးအုံ့နေပြီး နေမပူလို့ Sunscreen (နေကာခရမ်) လိမ်းစရာမလိုဘူး?

✅ - ဒါဟာ အလွန်လွဲမှားတဲ့ အယူအဆတစ်ခုလို့ပြောပါရစေ ။မိုးရွာရွာ၊ မိုးအုံ့အုံ့ Sunscreen ကို နေ့တိုင်း ပုံမှန်လိမ်းပေးဖို့လိုအပ်ပါတယ်။

❌ အမှား (၃) - မျက်နှာ ခဏခဏ စေးကပ်လို့ မျက်နှာခဏခဏ သစ်ပေးရမယ်?

✅ - မျက်နှာကို တစ်နေ့ (၂) ကြိမ်ထက် ပိုပြီး ခဏခဏ သစ်ပေးခြင်းက အသားအရေရဲ့ သဘာဝအတိုင်း ရှိနေတဲ့ Skin Barrierကို ထိခိုက်စေတတ်ပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ပိုမိုဝင်ရောက်လွယ်စေပါတယ်ရှင်။

မိမိရဲ့ အရေပြားပြဿနာတွေကို သေသေချာချာ သိရှိပြီး ထိရောက်စွာ ကုသချင်တယ်ဆိုရင်လည်း ဒေါက်တာ့ရဲ့ Online Consultation ကတစ်ဆင့် အမြဲတမ်း နွေးနွေးထွေးထွေး ကြိုဆိုလျက် ရှိပါတယ်ရှင်။ ✨🕊️🤍

Yours in expertise & elegance,

Dr. Warso

21/07/2026
18/07/2026

LaMonada Skin, Aesthetic & Laser Clinic ရဲ့ Founder Dr. Warso ကိုယ်တိုင် တရုတ်နိုင်ငံ၊ Shenzhen မြို့မှာ ကျင်းပပြုလုပ်နေတဲ့ IMAAC 2026 (The 9th International Medicine of Anti-Aging and Aesthetics Congress) သို့ ယခုတက်ရောက်လေ့လာနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

ကမ္ဘာတစ်ဝှမ်းက ထိပ်သီး Anti-Aging နဲ့ Aesthetic ကျွမ်းကျင်ပညာရှင်တွေ စုံစည်းရာ ဒီပွဲကြီးကနေ...
* နောက်ဆုံးပေါ် ဆေးပညာဆိုင်ရာ Treatment Trends များ
* ခေတ်ရှေ့ပြေး Medical Innovations & Technologies များ
* ပိုမိုစိတ်ချထိရောက်မယ့် ကုသမှုစနစ်သစ်များကို စဉ်ဆက်မပြတ် လေ့လာဆန်းသစ်ပြီး LaMonada ရဲ့ ချစ်ရတဲ့ Client တွေထံ အကောင်းဆုံး ပြန်လည်မျှဝေ ကုသပေးသွားမှာ ဖြစ်ပါတယ်ရှင်။

📅 Event Details
* Congress: IMAAC 2026 (The 9th International Medicine of Anti-Aging and Aesthetics Congress)
* Date: 17 – 19 July 2026
* Venue: Shenzhen Convention and Exhibition Center (Futian), China 🇨🇳

📌 Consultation & Appointment Notice
Dr. Warso နဲ့ consultation appointment များကို 23.7.2026 နေ့မှစတင်၍ Booking များ ပုံမှန်အတိုင်း ပြန်လည်လက်ခံပေးသွားမည် ဖြစ်ပါသည်။

Client တစ်ဦးချင်းစီတိုင်းကို စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမယ့် Premium Quality နဲ့ ဘေးကင်းစိတ်ချရတဲ့ ကုသမှုတွေ ပေးနိုင်ဖို့ LaMonada က အမြဲအလေးထား ကြိုးစားနေလျက်ရှိပါသည်။ ချစ်ခင်ယုံကြည်စွာ စောင့်ဆိုင်းပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ 🥰

ဝက်ခြံထွက်မှာစိုးလို့ Sunscreen (နေကာခရင်မ်) လိမ်းဖို့ တွန့်ဆုတ်နေလား😳ဝက်ခြံပေါက်နေတဲ့အချိန်မှာ Sunscreen လိမ်းလိုက်ရင် ...
14/07/2026

ဝက်ခြံထွက်မှာစိုးလို့ Sunscreen (နေကာခရင်မ်) လိမ်းဖို့ တွန့်ဆုတ်နေလား😳

ဝက်ခြံပေါက်နေတဲ့အချိန်မှာ Sunscreen လိမ်းလိုက်ရင် ချွေးပေါက်တွေ ပိတ်ပြီး ဝက်ခြံ ပိုဆိုးလာမလား" ဆိုတဲ့ စိုးရိမ်စိတ်က ဝက်ခြံသမားတော်တော်များများ ခံစားရလေ့ရှိတဲ့ ပြဿနာတစ်ခုပါ

ဒါပေမဲ့ ဆေးပညာရှုထောင့်အရ ကြည့်မယ်ဆိုရင်... နေရောင်ခြည်ထဲမှာပါတဲ့ UV Rays☀️ တွေဟာ Skin Barrierကို ထိခိုက်စေပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေတဲ့အပြင် ဝက်ခြံအမာရွတ်တွေကိုပါ ပိုပြီး မည်းညိုထင်ရှားသွားစေပါတယ်ရှင်။

Sunscreen ဆိုတာ မဖြစ်မနေလိုအပ်ချက်တစ်ခုမို့

ဝက်ခြံသမားများအတွက် Sunscreen ရွေးချယ်နည်း လျှို့ဝှက်ချက် (၃) ချက်ကို မျှဝေပေးလိုက်ပါတယ်နော် -

💡 ဝက်ခြံသမားများအတွက် Sunscreen ရွေးချယ်နည်း လမ်းညွှန်

✨ ၁။ "Non-Comedogenic" ဆိုတဲ့ စာသားလေးကိုရှာဖွေပါ

Sunscreen ဝယ်ယူတဲ့အခါ ဘူးပေါ်မှာ Non-Comedogenic ဆိုတဲ့ အညွှန်းလေး ပါ၊ မပါ အရင်ဆုံး သတိထားကြည့်ပေးရပါမယ်ရှင်။ ဒီစာသားလေးပါဝင်တဲ့ ထုတ်ကုန်တွေဟာ ချွေးပေါက်ပိတ်ဆို့ခြင်းကို မဖြစ်စေဖို့ သေသေချာချာ ထုတ်လုပ်ထားတာကြောင့် ဝက်ခြံ Breakouts ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်ရှင်။

✨ ၂။ "Oil-Free & Gel Texture" အမျိုးအစားကို ရွေးချယ်ပါ

အဆီပြန်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားအရေ (Acne-prone skin) ပိုင်ရှင်လေးတွေဟာ ပျစ်ချွဲပြီး အဆီအခြေခံထားတဲ့ Cream ပုံစံမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်ရှင်။ အသားအရေပေါ်မှာ လိမ်းလိုက်ရင် ပေါ့ပါးပြီး ချက်ချင်းစိမ့်ဝင်သွားမယ့် Water-based Gel type ကိုရွေးချယ်တာက အသားအရေကို အသက်ရှူရလွယ်ကူစေပြီး အဆီဖုနဲ့ ဝက်ခြံအသစ်တွေ ဖြစ်ပေါ်ခြင်းကို လျှော့ချပေးပါတယ်ရှင်။🌱

✨ ၃။ "Physical (Mineral) Sunscreen" ကို ဦးစားပေးပါ

Sunscreen အမျိုးအစားတွေထဲကမှ Zinc Oxide သို့မဟုတ် Titanium Dioxide ပါဝင်တဲ့ Physical Sunscreen တွေဟာ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို သက်သာစေတဲ့အပြင် အသားအရေကို ကာကွယ်ပေးနိုင်တာဖြစ်လို့ Sensitive ဖြစ်လွယ်တဲ့ ဝက်ခြံသမားတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်ရှင်။

Yours in expertise & elegance,
Dr. Warso

03/07/2026

အရေပြားပြဿနာတွေအတွက် Pageကို Like & Follow လေးလုပ်ထားပေးပါရှင်

Happy Birthday to Our Beloved Dr. Warso! 🎂✨ဒီနေ့ ကျရောက်တဲ့ LaMonada's Clients တို့ရဲ့ ယုံကြည်အားကိုးရာ Dr. Warso ရဲ့ မွ...
27/06/2026

Happy Birthday to Our Beloved Dr. Warso! 🎂✨

ဒီနေ့ ကျရောက်တဲ့ LaMonada's Clients တို့ရဲ့ ယုံကြည်အားကိုးရာ Dr. Warso ရဲ့ မွေးနေ့ရက်မြတ်လေးမှာ Team LaMonada အားလုံးက လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🎉

Clients တိုင်းအပေါ် ထားရှိတဲ့ စစ်မှန်တဲ့ စေတနာနဲ့ ဂရုစိုက်မှုတွေအတွက်လည်း ရင်ထဲကနေ ကျေးဇူးအထူးတင်ပါတယ်ရှင်。

ဒီကနေ့မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာနဲ့ Clients ပေါင်းများစွာကို ပိုမိုလှပတဲ့ အသားအရေတွေ ဆက်လက်ဖန်တီးပေးနိုင်ပါစေကြောင်း၊ လုပ်ငန်းကိစ္စအဝဝမှာလည်း အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ရှိပါစေကြောင်း LaMonada မိသားစုကိုယ်စား အထူးဆုတောင်းပေးလိုက်ပါတယ်ရှင်။ 🤍🩺

Happy Birthday, Dr. Warso! 🎈✨

"Dr. Warso ရဲ့ မွေးနေ့ကုသိုလ်အဖြစ် တကယ်လိုအပ်နေသူ (၃) ဦးအတွက် Free Online Consultation လက်ဆောင် 🩺✨🎂"ဇွန်လ ၂၇ ရက်နေ့မှာကျ...
26/06/2026

"Dr. Warso ရဲ့ မွေးနေ့ကုသိုလ်အဖြစ် တကယ်လိုအပ်နေသူ (၃) ဦးအတွက် Free Online Consultation လက်ဆောင် 🩺✨🎂"

ဇွန်လ ၂၇ ရက်နေ့မှာကျရောက်မယ့် ဒေါက်တာ့ရဲ့မွေးနေ့ရက်မြတ်လေးကို အလှူအတန်းလေးနဲ့ ဖြတ်သန်းပြီး ကုသိုလ်ယူချင်တာကြောင့်...

အကြောင်းအမျိုးမျိုးကြောင့် Clinic အထိလာမပြနိုင်ဘဲအသားအရေပြဿနာတွေအတွက်ဆေးပညာအရစနစ်တကျလမ်းညွှန်မှု တကယ်လိုအပ်နေတဲ့သူတွေကိုမွေးနေ့လက်ဆောင်ပြန်လည်မျှဝေပေးချင်ပါတယ်ရှင်။ 🤍✨

ဒေါက်တာနဲ့ Free Online Consultation တိုင်ပင်ဆွေးနွေးခွင့် ရယူနိုင်ဖို့အတွက် အောက်ပါအချက်လေးတွေ လုပ်ဆောင်ပေးရုံပါပဲရှင်

၁။ ဒီ Post လေးကို Public နဲ့ Share ပေးပါရှင်။ 📱

၂။ မိမိ လက်ရှိ Skin Problem (အသားအရေပြဿနာ) ကို ဒီ Post ရဲ့ Comment မှာ ရေးသားဖော်ပြပေးခဲ့ရုံပါပဲနော်။

✏️✨Comment ထဲကမှအသားအရေပြဿနာအတွက်ဆေးပညာအရ စနစ်တကျ လမ်းညွှန်မှုတကယ်လိုအပ်နေတဲ့သူ (၃) ဦးကို ဒေါက်တာကိုယ်တိုင် ဖတ်ရှုပြီးမွေးနေ့ရက်မှာရွေးချယ်အတည်ပြုပေးသွားမှာဖြစ်ပါတယ်ရှင်။

ဒေါက်တာ့ရဲ့မွေးနေ့ရက်မြတ်လေးမှာအတူတူလှပကျန်းမာတဲ့ ခြေလှမ်းသစ်ကိုစတင်ဖို့ အခုပဲ ပါဝင်လိုက်တော့နော်။✨💎🩺🕊️

Yours in expertise & elegance,
Dr. Warso

25/06/2026

အေးချမ်းခြင်းနှင့်အတူ ပြန်လည်မျှဝေခြင်း။ 🤍

23/06/2026

အသားအရေ Texture ကို ပျက်စီးစေတဲ့ နဖူးက အဖုသေးသေးလေးတွေအကြောင်း 💡

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Dr. Warso posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share