Rael's Area

Rael's Area Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rael's Area, Astrologist & Psychic, Mandalay, Mandalay.

24/06/2026

တားရော့အဟောတွေ အစီအရင်ကိစ္စတွေနားထားပါတယ်

ကိုယ့်ကျောင်းစာနဲ့ကိုယ်အလုပ်တော်တော်ရှုပ်နေလို့ပါ

13/05/2026

အားလံုးကိုအသိပေးဖို့မေ့နေတာ

Adminနဲ့လူတွေ့ဆို မြန်မာမှာမရှိတော့ပါဘူးဗျ။

Malaysiaကဆို admin D latour condo မှာနေနေပါတယ်။

အစီအရင်သမားတွေလဲစိတ်လေးတော့ရှည်ပေးကြနော်

ဒီမှာအစီအရင်လုပ်ရတာက ကိုယ့်နေရာမဟုတ်တော့ဆိုင်ရာကိုအဆင့်ဆင့်ပြော နေရတာ။ အစောင့် immigration တွေနဲ့မလိူ့ပါ:))

အဲ့တော့စိတ်လေးရှည်ပေးကြပါနော်

ဒီနေ့မှာမဟာမြတ်မုနိဘုရားကြီးပရဝုဏ်၌ဘုရားဝတ်ပြု၊အဓိဌာန်ဝင်၊ဘိုးတော်သိကြားထံမှာ စောင့်ရှောက်မှု၊ကောင်းချီးတောင်းခံခြင်းဧရာ...
09/04/2026

ဒီနေ့မှာ

မဟာမြတ်မုနိဘုရားကြီးပရဝုဏ်၌

ဘုရားဝတ်ပြု၊အဓိဌာန်ဝင်၊

ဘိုးတော်သိကြားထံမှာ စောင့်ရှောက်မှု၊ကောင်းချီးတောင်းခံခြင်း

ဧရာဝတီတိုင်းက ဆေးဘုန်းတော်ကြီး(ဆေးဝိဇ္ဇာလို့လူသိများ)ရယ့် သာသနာငါးထောင်ဆေးစေတီတော်

မဟာပဋ္ဌမံပညာခွင်ရယ့် ဆရာကိုင် ဣစ္ဆာသယမဟာပဋ္ဌမံဆေးတော်ကြီး

ဝင်းပညာတော်ရယ့် တောင်ထိပ်ဆေးတော်ကြီးနှင့် ပထမဆေးတော်ကြီးတို့အားစသည်ဖြင့်ဆေးသိဒ္ဓိတင်ခြင်း

မဟာမြတ်မုနိဘုရားကြီးအား ပြုပြင်မွမ်းမံရေးတွက်အလှူဒါနပါဝင်ခြင်း

တို့အား ယနေ့ ကြာသပတေးနေ့ ၉.၄.၂၀၂၆တွင်ဆောင်ရွက်ခဲ့ပါသည်။

ခရစ်သက္ကရာဇ်- ၄.၄.၂၀၂၆ကောဇာသက္ကရာဇ်- ၁၃၈၇ခု၊ တန်ခူးလပြည့်ကျော် ၃ရက်၊ စနေနေ့ အခါသမယ၌ဆရာတော်ဘုရားကြီး ရှင်မဟာသေထိရ်နှင့်တက...
05/04/2026

ခရစ်သက္ကရာဇ်- ၄.၄.၂၀၂၆
ကောဇာသက္ကရာဇ်- ၁၃၈၇ခု၊ တန်ခူးလပြည့်ကျော် ၃ရက်၊ စနေနေ့ အခါသမယ၌

ဆရာတော်ဘုရားကြီး ရှင်မဟာသေထိရ်နှင့်တကွ
ဆရာကြီးနန်းမြ အစရှိ အထက်ဆရာသခင်တို့အားအမှူးထား၍
ဝင်းပညာတော်မှ

စေပိုင်ပညာ စေပိုင်အာဏာနှင့်တကွ
ပထမ‌ေဆး‌ေတာ်နှင့် တော်ထိပ်ဆေးတော်(ဝါ)
ဣစ္ဆာသယဆေးတော်ကြီးတို့ အား

အန္တိမနဂါးမာန်ဝင်းပိုင် ဆရာကြီး ဆရာစုတုရှင်ထံမှ

ကောင်းစွာလက်ခံရရှိ၊ရယူခဲ့ပါသည်။


#မဟာပဋ္ဌမံဆရာအောင်လင်းသော်
#စေပိုင်ဆရာ
#ဝင်းပညာ

3 ရက်အတွင်း တစ်ဖက်လူကို မေ့စေနိုင် move on စေနိုင်သော ယတြာဆက်ကြည့်နေပြီဆိုကတည်းကမဖြစ်နိုင်ပါဘူးခင်ဗျာ။
02/04/2026

3 ရက်အတွင်း တစ်ဖက်လူကို မေ့စေနိုင် move on စေနိုင်သော ယတြာ


ဆက်ကြည့်နေပြီဆိုကတည်းကမဖြစ်နိုင်ပါဘူးခင်ဗျာ။

01/04/2026

ဘုရားမှာကျ

ငှက်လွှတ်ကြတယ်

လက်ကျမလွှတ်ရဲကြသူတွေ

ခက်တယ် ခက်တယ်....

26/03/2026

ပြောမှ ဟောကိန်းလေးတင်လိုက်ပါဦးမယ်။

ဒီသုံးလအတွင်း

ဆေးရုံဆေးခန်းတွေကို လုပ်ကျွေးနေရလိမ့်မယ်။
ကျန်းမာရေးအထူးဂရုစိုက်ကြပါ။

ငွေလိမ်ခံရဖို့အများကြီးအလားအလာရှိပါတယ်။
ငွေကိစ္စနဲ့စိုးရိမ်ပူပန်ရတတ်တယ်။

ဆုံးဖြတ်ချက်အမှား အမြင်မှားတွေကြောင့် ပတ်ချာရိုက်နေတတ်တယ်။

အထူးဂရုစိုက်ကြပါ။

ငလျင်ဟောကိန်းကိုမဟာပဋ္ဌမံပညာ တန်ခိုးနဲ့တစ်တောင်ပြရင် တစ်မိုက်တောင်မမြင်ခဲ့သော မိမိအရင်ကတည်းက pageမှာရှိခဲ့တယ့်သူတိုင်းသိ...
26/03/2026

ငလျင်ဟောကိန်းကို
မဟာပဋ္ဌမံပညာ တန်ခိုးနဲ့
တစ်တောင်ပြရင် တစ်မိုက်တောင်မမြင်ခဲ့သော မိမိ

အရင်ကတည်းက pageမှာရှိခဲ့တယ့်သူတိုင်းသိပါလိမ့်မယ်။ငလျင်မလှုပ်ခင်ဟောကိန်းတွေထုတ် ဘာဖြစ်မယ်ညာဖြစ်မယ်တွေရေးခဲ့တာကို

မှတ်မှတ်ရရ မနှစ်ကငလျင်ကြီး လှုပ်တယ်။
မလှုပ်ခင်နှစ်ရက်ဆက်တိုက် ဘုရားရှိခိုးဝတ်တက်ပြီး ကျင့်စဉ်တွေအဓိဌာန်တွေပြီးတိုင်း

အနိဌာရုံတွေ တစ်မျိုးတည်းအလွတ်ရတယ့်ထိ
ဝတ်ပြုပြီးချိန် ၊ညအိပ်ချိန် ၊မနက်အိပ်ယာထခါနီးတိုင်းမြင်နေခဲ့ရတယ်။

အာရုံထဲမှာ အိမ်တွေပြို ၊တောင်ကုန်းလိုဘာကြီးမှန်းမသိတာကြီးကမီးတွေလောင် အဲ့ကနေ အိမ်တွေမီးလောင်၊ပြီးတော့လေထဲမှာ ဖုန်မှုန့်သဲမှုန့်တွေ၊စက္ကူစမီးလောင်ထားတာတွေ ၊‌လူတွေလက်ပြတ်ခြေပြတ် တစ်ချို့ဆို ဦးနှောက်တွေ လမ်းပေါ်ပျံ့ကြဲနေတယ် ပြီးတော့လူတွေက စိတ်မမှန်ကြတော့တာတွေ နားတွေပိတ်ပြီးအော်ငိုနေတာတွေ ရုတ်တရက် စိတ်ရူးပေါက်တယ့်အမူအယာတွေနဲ့ ပွက်လောရိုက်နေတာကို သုံးရက်နဲ့တစ်မနက် တိုင်တိုင် အာရုံထဲပေါ်နေခဲ့တာ။

ညီလေးအလတ်နဲ့အမေက ကြည့်တိုင်း မှိုင်နေလို့မေးတယ်။ဘာမှမဖြစ်ဘူးပြောခဲ့တယ်။

အဲ့မှာ မနေနိုင်လို့ ဒုတိယရက်မှာ စာကောက်တင်တယ်။ နိမိတ်ဆိုးတွေမလို့တော်ပါပြီလေဆိုပြီးရော စဆရက တွေရောနဲ့ ဘာမှအာရုံမနောက်ချင်လို့ပို့စ်ကို only meခဲ့တယ်။
Pageမှာတော့ only meမလုပ်ခဲ့ပါ။ postတစ်ချို့ကိုတော့ဖျက်ခဲ့ပါတယ်

နောက်ထပ် နိုင်ငံခြောက်ခု သဘာဝဘေးကြီးကြုံရမယ်ဆိုတယ့်စာလေးတစ်ကြောင်းတင်တယ်။ မှတ်မှတ်ရရ reaction 2ခုရတယ်။ပြီးတော့ စိတ်မပါတာနဲ့ပြန်ဖျက်ပစ်လိုက်တယ်။နောက်ကိုယ်ခင်တယ့် မိတ်ဆွေတွေကိုပြောပြဖြစ်တယ်။

ပြောချင်တာက နိမိတ်တွေမြင်တယ် ကိုယ်ကနိမိတ်ဆိုးမလို့ အရမ်းမယူပဲ ‌အပေါ်ယံလောက်တွေးပြီးရေးခဲ့ တွေးခဲ့တယ်။တစ်တောင်ပြရင် တစ်မိုက်လောက်ပဲ မြင်တယ့် ဆရာမိုက် ရာအဲပါ။

အခုတောင် မမြင်ချင်လို့ သစ္စာဆိုနားထားတာ။

Plus editလုပ်ထားတာလုံးဝမရှိပါ။
Edit history မရှိကြောင်းပြထားပါတယ်။

ရောင်းစရာရှိသည်များအမြန်ရောင်းထွက်စေရန် ကုန်တိုက်နည်းအခုနည်းစနစ်ဟာ နာဂေါသဆရာကြီးဦးတင် ရယ့် ကုန်တိုက်နည်းဖြစ်ပါတယ်။ကိုယ်ရ...
14/03/2026

ရောင်းစရာရှိသည်များအမြန်ရောင်းထွက်စေရန် ကုန်တိုက်နည်း

အခုနည်းစနစ်ဟာ နာဂေါသဆရာကြီးဦးတင် ရယ့် ကုန်တိုက်နည်းဖြစ်ပါတယ်။

ကိုယ်ရောင်းစရာတွေ ရောင်းမထွက်တာမျိုး
ကြန့်ကြာနေတာမျိုးတွေ
ဝယ်သူမလာတာ ၊အဝယ်နည်းနေတာတွေ
ကိုယ်မှန်းသလောက် ရောင်းမထွက်သူတွေတွက်

အခုနည်းစနစ်ကအဆင်ပြေစေမှာပါ။

အောက်မှာ ဖော်ပြထားတယ့်

စာတန်းကို ကိုယ်တိုင် ကြေးပြားပေါ်မှာရေးပါ။
ဆရာကြီးဦးတင်ကတော့ ရွေ၊ငွေ ကြိုက်ရာပေါ်ရေးခိုင်းပါတယ်။

"ဧကုန် အကုန်....."ဆိုတယ့် ပုံမှာပြထားတယ့်အတိုင်းစာတန်းကိုရေးပြီးတာနဲ့ လိပ်ပြီး

ထိုဂါထာဖြစ်တယ့် "ဧကုန် အကုန်..၁၂၃၄၅၆၇"ဆိုတယ့်စာသားကို ၃၇ခေါက်ရွတ်ပါ။

အသံထွက်

အေကုန် အကုန် ဝယကုန်
အေချ အချ သူမရ ငါမရ ဝယ်လိုက်ကြ
၁၂၃၄၅၆၇

ပြီးတာနဲ့
ဘုရားဂုဏ်တော် ၃၇ခေါက်ရွတ်ပါ။

ပြီးတာနဲ့ရောင်းမထွက်တယ့်ကုန်ပစ္စည်းတွေကို ထိုဂါထာအလိပ်နဲ့ ပုတ်တာ၊ရေစိမ်ဖြန်းတာ၊ချိတ်ထားတာဖြစ်ဖြစ်
ကိုယ့်ရယ့်ဆိုင်ခန်း၊အရောင်းနေရာမှာချိတ်ထားတာဖြစ်ဖြစ်လုပ်ပါ။

ရောင်းကုန်များအမြန်‌ဆုံးရောင်းထွက်ပါလိမ့်မယ်။


#‌ပစ္စည်းရောင်းထွက်စေ
#ယတြာ

အိမ်၊ခြံ၊မြေ အမြန်ဆုံးရောင်းထွက်လိုသော်အခုလက်ရှိနည်းကတော့ ကိုယ့်ဆီလာခဲ့တယ့် client တွေထဲမှာ အစီအရင်အပ်သူတွေရော ငွေကြေးမတ...
13/03/2026

အိမ်၊ခြံ၊မြေ အမြန်ဆုံးရောင်းထွက်လိုသော်

အခုလက်ရှိနည်းကတော့ ကိုယ့်ဆီလာခဲ့တယ့် client တွေထဲမှာ အစီအရင်အပ်သူတွေရော ငွေကြေးမတတ်နိုင်လို့ မအပ်သူတွေရော ကိုပေးခဲ့ရာကနေ အားလုံးနီးပါး ၄၅ရက်တွင်း ဝယ်မယ့်သူလာတာတို့၊ဝယ်လိုကြောင်းစကားကမ်းလှမ်းခံရတာတို့ ၊လာကြည့်ပြီးချက်ချင်းစရံချတာတို့ လို လက်ငင်းအကျိုးပြတာတွေရှိပါတယ်။
တစ်ချို့ကလဲ ၄၅ရက်ကျော်ပေမယ့် သုံးလမကျော်ပါဘူး ရောင်းထွက်သွားကြပါတယ်။

သို့ပေမယ့်တစ်ချို့ဟာတွေကျတော့လဲ တခြားဆက်စပ်ကိစ္စရှိနေတာ ငြိနေတာတွေရှိလို့ လနဲ့ချီကြာတာမျိုးရှိပါတယ်။သို့ပေမယ့် တကယ်ကြာမယ့်အချိန်ထက် စောပြီးရောင်းထွက်စေဖို့ကတော့ အာမရဲရဲကြီးခံရဲတယ့်ထိ စွမ်းတယ့်ဂါထာပါ။

ကိုယ်အရင်ကလဲတင်ပေးဖူးပါတယ်။

*******************************

ဂါထာကတော့ ကမ္မဝါသည်းခြေဂါထာလို့ ခေါ်ပါတယ်။

ဂါထာ
ဥုံ ဂစ္ဆအမုမှိ ဩကာသေတိဋ္ဌာဟိ ဧသာဉာတ္တိ။

ဒါလေးပါပဲ

ဘယ်လိုလုပ်ရမလဲဆိုရင်

ဖယောင်းတိုင်သန်သန့်ကိုယူပါ။

ဖယောင်းတိုင်မှာ အချွန်တစ်ခုခု နဲ့ ခုနကဂါထာကို အသွားအပြန် ရေးပါ။အနုလုံပဋိလုံရေးနည်းလို့ခေါ်ပါတယ်။

ပြီးရင် တစ်ရက်တစ်တိုင်နဲ့ 7ရက်တန်သည် 9ရက်တန်သည် 37ရက်တန်သည် စီရင်ပါ။
7ရက်စာဆို 7ချောင်းလုပ်ရပါမယ်။
9ရက်ဆို9ချောင်းပေါ့။

ပြီးတာနဲ့ ခုနဂါထာကိုပဲ ထို ဂါထာရေးထားတယ့်ဖယောင်းတိုင်တွေကို 37ခေါက်ရွတ်ပြီးမန်းပါ။

ဂါထာအသံထွက်-

အုံ ဂစ်ဆအမုန်မှိ အောကာသေ တိတ်ထာဟိ အေးသာညတ်တိ

ပြီးတာနဲ့ ရောင်းမယ့်အိမ်မှာ ထွန်းတာဖြစ်ဖြစ်၊
မလွယ်ရင် အိမ်ရယ့်ဓာတ်ပုံပေါ်မှာ ကြွေပန်းကန်ခံထွန်းတာဖြစ်ဖြစ်ထွန်းပါ။

ထွန်းတယ့်အခါ သစ်ကြံ့ပိုးခေါက်မှု့န်ကိုဖြူးပေးရပါမယ်။ပြီးတာနဲ့ ဂါထာကိုမီးထွန်းထားစဉ်မှာ အနည်းဆုံး 37ခေါက် ကနေ မိမိစိတ်ကျေနပ်တယ့်ထိရွတ်ပါ။

ရွတ်ပြီးရင် "ငါ့အိမ်၊ငါ့ခြံ၊ငါ့မြေ ကမကြာခင်ရောင်းထွက်တော့မယ်။ရောင်းထွက်တော့မယ်။ရောင်းထွက်တော့မယ်။ဝယ်သူတွေကကြိုက်ဈေးပေးဖို့လာနေပြီ။"

ဆိုတာကို စိတ်ထဲမှာ တကယ်စိတ်ကြိုက်‌ေစျးနဲ့ရောင်းထွက်သွားတာကို မြင်ယောင်ပြီး( 9 )ခေါက်ရွတ်ပါ။

ရွတ်ရင်းသစ်ဂျပိုး(သစ်ကြံ့ပိုး)ခေါက်မှု့န်ကို မီးတောက်ပေါ်ဖြူးပါ။

အများစုက 7ရက်လုပ်ရုံနဲ့ သတင်းထူးကြားကြတာများပါတယ်။

နောက်ရက်ကျ နောက်နည်းထပ်တင်ပေးပါ့မယ်။


#အိမ်ရောင်းထွက်ယတြာ
#မြေရောင်း
#အိမ်ခြံမြေ
#ကမ္မဝါသည်းခြေ

Address

Mandalay
Mandalay
MANDALAY

Telephone

+959978697456

Website

Alerts

Be the first to know and let us send you an email when Rael's Area posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Rael's Area:

Shortcuts

Share