Wai Moe-Tarot

Wai Moe-Tarot Within me, around me, is the fullness of Power, Love and Wisdom

27/08/2026

Collective Reading ✨

-ဒီရက်ပိုင်းမှာတော့ စိတ်ထဲမှာ အစွဲအလမ်းကြီးနေတာ၊ မကောင်းတဲ့ အကျင့်ဟောင်းတွေ
- ကိုယ့်ကို စိတ်ဆင်းရဲစေတဲ့ ပတ်ဝန်းကျင်/ဆက်ဆံရေးတစ်ခုခုမှာ ရုန်းမထွက်နိုင်ဘဲ ပိတ်မိနေသလို ခံစားရတတ်ပါတယ်ဗျ။
-ကိစ္စအတော်များများမှာ အလွန်အမင်း စိတ်လိုက်မာန်ပါ မလုပ်ဘဲ အမျှအမြော်နဲ့ မျှမျှတတ ထိန်းညှိသွားဖို့ လိုပါလိမ့်မယ်ဗျ
-စိတ်အလိုကို လိုက်မသွားဘဲ စိတ်ရှည်ရှည်နဲ့ အလယ်အလတ် လမ်းကြောင်းအတိုင်း ထိန်းချုပ်နိုင်မှ အခြေအနေတွေ အေးချမ်းသွားပါလိမ့်မယ်။
-သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဆုံစည်းရတာ၊
- အပျော်အပါး ပွဲလမ်းသဘောမျိုးတွေ ပါလာနိုင်ပေမဲ့ ကိုယ့်ရဲ့ စည်းကို သေချာစောင့်ပြီး အစွန်းမရောက်အောင် ထိန်းဖို့ လိုပါတယ်ဗျ၊
- အဆိပ်အတောက်ဖြစ်စေတဲ့ energy တွေကို ခေတ္တ လွှတ်ချလိုက်တာက ပိုကောင်းတဲ့ energy တွေ ဝင်လာစေပါလိမ့်မယ်။
-အခက်အခဲအချို့ ရှိနေရင်တောင်မှ စိတ်ကို လွတ်လပ်အောင် ထားပြီး မျှမျှတတ ယှဉ်တွဲနေထိုင်သွားနိုင်ရင်
- မကြာမီမှာ စိတ်ချမ်းသာစရာ အခိုက်အတန့်လေးတွေ ပြန်လည် ရရှိလာပါလိမ့်မယ်ဗျ။

27/08/2026

ကဲ ရန်ကုန်လဲရောက်ပြီ
မုန့်ကျွေးမယ်ဆိုတဲ့သူတွေလဲလာကျွေးလို့ရပြီ
Beer တိုက်မယ် Bar တူတူထိုင်မဲ့သူတွေလဲ တွေ့လို့ရပြီနော်

26/08/2026

Daily Message 💫

-ဒီနေ့မှာတော့ ကိုယ့်ရဲ့ စီးပွားရေး၊ ငွေကြေးနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်တွေမှာ တည်ငြိမ်မှုနဲ့ အောင်မြင်မှုတွေ ရရှိလာမယ့် အနေအထားမျိုး ရှိပါတယ်ဗျ။
-ကိုယ့်ရဲ့ ကြိုးစားမှုတွေအတွက် ထိုက်တန်တဲ့ ရလဒ်နဲ့ ယုံကြည်မှု အပြည့်အဝ ရရှိနေပါလိမ့်မယ်။
-သာမန် လမ်းကြောင်းဟောင်းတွေထဲမှာတင် ငြိမ်မနေဘဲ အသစ်အဆန်းတွေကို စတင်စွန့်စားကြည့်ပါ
- ခြေလှမ်းသစ်တစ်ခု စတင်ဖို့အတွက် အခွင့်အရေးကောင်းတွေ ပေါ်လာတတ်ပါတယ်ဗျ။
-ကိုယ့်ရဲ့ Intuition ကို ယုံကြည်ပြီး ရဲရဲဝံ့ဝံ့ စတင်လိုက်တာက ပိုကောင်းတဲ့ လမ်းစတွေကို ပွင့်သွားစေပါလိမ့်မယ်။
-စိတ်ထဲမှာ ပြည့်စုံကြွယ်ဝမှုနဲ့အတူ ဖန်တီးနိုင်စွမ်းတွေ အရမ်းအားကောင်းနေမယ့် ရက်မျိုးဖြစ်တာမို့
- စိတ်ကူးသစ်၊ အိုင်ဒီယာသစ်တွေကို အကောင်အထည်ဖော်ကြည့်ဖို့ အရမ်းကောင်းပါတယ်ဗျ။
- ကိုယ့်ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေမှာလည်း မေတ္တာနဲ့ ဂရုစိုက်မှုတွေ အပြည့် ရရှိနေပါလိမ့်မယ်။
-အတိတ်က စိုးရိမ်စိတ်တွေ၊ တွန့်ဆုတ်နေတာတွေကို ခေတ္တ လွှတ်ချလိုက်ပြီး
-ကိုယ့်ရဲ့ ပင်ကိုယ် စွမ်းရည်ကို ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်သွားနိုင်ရင် အရာရာ အဆင်ပြေ အေးချမ်းသွားပါလိမ့်မယ်ဗျ။

သူ့မှာ ကိုယ့်အပြင် တခြားတစ်ယောက် ရှိနေလား✨ (အဖြေလေးတွေတစ်ခါထဲပါပါတယ်ဗျ)ဒီ Pile 1 ကို ရွေးတဲ့သူတွေအတွက်တော့ သူ့ဘက်က ကိုယ့...
26/08/2026

သူ့မှာ ကိုယ့်အပြင် တခြားတစ်ယောက် ရှိနေလား✨
(အဖြေလေးတွေတစ်ခါထဲပါပါတယ်ဗျ)
ဒီ Pile 1 ကို ရွေးတဲ့သူတွေအတွက်တော့ သူ့ဘက်က ကိုယ့်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပြီး ကိုယ့်ကိုပဲ သံယောဇဉ်ကြီးနေတဲ့ Energy မျိုး အဓိက ပြနေပါတယ်ဗျ။ တခြားတစ်ယောက် ရှိနေတာမျိုး မတွေ့ရပါဘူးဗျ။
Relationship ထဲမှာ နှစ်ဦးကြား သံယောဇဉ်နဲ့ ဆွဲဆောင်မှု အရမ်းအားကောင်းနေပြီး သူက ကိုယ့်ကိုပဲ သူ့ရဲ့ Right Person သို့မဟုတ် ပုံအောချစ်ရမယ့်သူလို့ သတ်မှတ်ထားတဲ့ ပုံစံမျိုး ပြနေပါတယ်ဗျ။
ဒါပေမဲ့ ကြားထဲမှာ စိတ်ကောက်တာ၊ စကားများတာ သို့မဟုတ် ကိုယ့်ဘက်က စိတ်တိုင်းမကျလို့ ဇဝေဇဝါ ဖြစ်နေတာမျိုးတွေကြောင့် "သူ့မှာ တခြားသူ ရှိနေတာလား" ဆိုပြီး တွေးပူမိနေတာမျိုးတော့ ဖြစ်တတ်ပါတယ်ဗျ။
Zodiac Signs အားဖြင့်ဆိုရင် Gemini, Cancer, Scorpio, Pisces energy အများကြီး ရပါတယ်ဗျ။ အသက် 2, 4, 6 နဲ့ ဆုံးတဲ့ ကာလမျိုးတွေမှာ နှစ်ဦးကြား ဆက်ဆံရေး ပိုပြီး ခိုင်မာတိုးတက်လာဖို့ ရှိပါတယ်ဗျ။
မကောင်းတဲ့ အမှတ်တရတွေ သို့မဟုတ် သံသယတွေကို စွဲကိုင်မထားဘဲ အေးအေးဆေးဆေး စကားပြောကြည့်လိုက်ရင် နှစ်ဦးကြားမှာ ပြန်ပြီး အဆင်ပြေ အေးချမ်းသွားပါလိမ့်မယ်ဗျ။
Pile 2 ကို ရွေးတဲ့သူတွေအတွက်ကတော့ သူ့ဘက်မှာ ကိုယ့်ကို ကွယ်ဝှက်ထားတာ၊ မပွင့်လင်းတာ သို့မဟုတ် တခြား စိတ်ဝင်စားစရာ/တခြားသူတစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေတာမျိုး ဒွိဟဖြစ်စရာ energy တွေ ပြနေပါတယ်ဗျ။
သူ့ဘက်က ဆက်ဆံရေးအပေါ် အပြည့်အဝ သစ္စာရှိမနေဘဲ တစ်ခုခုကို ဖုံးကွယ်ထားတာမျိုး သို့မဟုတ် ကိုယ့်ကို မရေမရာ ထားပြီး အဝေးကို ခြေလှမ်းပြင်ချင်နေတဲ့၊ စိတ်နှစ်ခွဖြစ်နေတဲ့ ပုံစံမျိုးတွေ ကတ်မှာ ပြထားပါတယ်ဗျ။
ကိုယ့်ဘက်ကလည်း အခြေအနေကို ရိပ်မိနေလို့ စိတ်မချရတာ၊ သံသယဖြစ်ပြီး စိတ်ပင်ပန်းနေရတာမျိုးတွေ ကြုံနေရတတ်ပါတယ်ဗျ။ ဒီ ဆက်ဆံရေးမှာ ရှင်းရှင်းလင်းလင်းမရှိဘဲ ဇဝေဇဝါ ဖြစ်စရာတွေ များနေမယ့် အနေအထားပါ။
Zodiac Signs အားဖြင့်ဆိုရင် Water Signs (Pisces, Cancer, Scorpio) energy အဓိက ရပါတယ်ဗျ။ အသက် 3, 7, 8 နဲ့ ဆုံးတဲ့ ကာလမျိုးတွေမှာ ဒီပြဿနာတွေ သေချာ အဖြေပေါ်လာဖို့ ရှိပါတယ်ဗျ။
စိတ်ထဲမှာ မရှင်းတာတွေကို အဆောတလျင် မဆုံဖြတ်ဘဲ အေးအေးဆေးဆေး စောင့်ကြည့်ဖို့ လိုအပ်သလို၊ ကိုယ့်အတွက် မကောင်းတဲ့ ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေတွေကို ခေတ္တ လွှတ်ချထားနိုင်ဖို့ ကြိုးစားကြည့်ပါဗျ။
Pile 3 ကို ရွေးတဲ့သူတွေအတွက်ကတော့ တခြားတစ်ယောက်ယောက်နဲ့ ဖောက်ပြန်နေတာမျိုး မဟုတ်ဘဲ၊ သူ့ဘက်က ဆက်ဆံရေးကို ခဏတာ စောင့်ကြည့်နေတဲ့ သို့မဟုတ် ကိုယ့်ကို အရမ်း အပိုင်တွက်ပြီး အစွဲအလမ်းကြီးနေတဲ့ energy မျိုး ပြနေပါတယ်ဗျ။
သူက ကိုယ့်ကို မဆုံးရှုံးချင်လို့ အရမ်း တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားချင်ပေမဲ့၊ တစ်ဖက်မှာလည်း ဘာမှ အကောင်အထည်ဖော် မပြဘဲ ငြိမ်နေတာ၊ ဆက်ဆံရေးကို ရှေ့မတိုးဘဲ ဆိုင်းငံ့ထားတာမျိုးတွေ လုပ်နေတတ်ပါတယ်ဗျ။
တခြားသူရှိလို့ အေးစက်နေတာထက်စာရင် သူ့မှာ စိတ်ဓာတ်ကျစရာ၊ စိတ်ရှုပ်စရာ သီးသန့် ကိစ္စတွေ ရှိနေလို့ သို့မဟုတ် ရှေ့ဆက်ဖို့ ဘာလုပ်ရမလဲ ဝေခွဲမရဖြစ်ပြီး တုံ့ဆိုင်းနေတာမျိုး ကြောင့်ဖြစ်ဖို့ ပိုများပါတယ်ဗျ။
Zodiac Signs အားဖြင့်ဆိုရင် Earth Signs (Ta**us, Virgo, Capricorn) နဲ့ Water Signs (Pisces, Cancer, Scorpio) energy အဓိက ရပါတယ်ဗျ။ အသက် 4, 12, 16 စတဲ့ ဂဏန်းတွေ သို့မဟုတ် ၄ လအတွင်းမှာ အခြေအနေတစ်ရပ် ပြောင်းလဲလာဖို့ ရှိပါတယ်ဗျ။
အခြေအနေကို အတင်းအကျပ် သက်သေပြခိုင်းတာမျိုး မလုပ်ဘဲ အေးအေးဆေးဆေး စောင့်ကြည့်ပေးဖို့ လိုအပ်သလို၊ သူ့ရဲ့ တွန့်ဆုတ်နေတဲ့ မာနတွေနဲ့ အစွဲအလမ်းတွေကို ခေတ္တ လွှတ်ချလိုက်နိုင်မှ နှစ်ဦးကြားမှာ ပြန်ပြီး လွတ်လပ်အဆင်ပြေ သွားပါလိမ့်မယ်ဗျ။
‼️Single/Crush/Relationship/Ex ဘာပဲဖြစ်ဖြစ်ပေါ့နော် ကိုယ့်ရဲ့ စီးပွားရေး၊ ပညာရေး သို့မဟုတ် အချစ်ရေးနဲ့ ပတ်သက်ပြီး သီးသန့် အသေးစိတ် သိချင်တယ်ဆိုရင် ကျွန်တော့်ဆီမှာ Tarot Package လေးတွေ လာယူလို့ ရပါတယ်ဗျ။ အေးအေးဆေးဆေး လူချင်းတွေ့ပြီး မေးချင်တယ်ဆိုရင် မန္တလေးက လူတွေအတွက် စနေ၊ တနင်္ဂနွေ နှစ်ရက် အပြင်မှာ Outdoor Booking လာတင်ထားလို့ ရပါတယ်ဗျ။ Outdoor မေးတာက ဘာကောင်းလဲဆိုရင် ကိုယ်တိုင် ကတ်ဆွဲရတာ ဖြစ်တဲ့အတွက် Online ကနေ မေးတာ Energy 80% လောက် ကိုက်တယ်ဆိုရင် Outdoor မေးတဲ့အခါ ကိုယ်တိုင် ကတ်လေးတွေကို အာရုံပြုပြီး ထိတွေ့ရတာမို့ 90% ကနေ 100% အထိ Energy ကွက်တိ ကိုက်ပါလိမ့်မယ်နော်။ ကိုယ်က အဲ့လိုမှ မဟုတ်ဘူး၊ လိုင်းပေါ်ကပဲ မေးချင်တယ်၊ မိနစ်ပိုင်းအတွင်းပဲ တန်းသိချင်တယ်ဆိုရင် Urgent Reading လေး လာယူလို့ ရပါတယ်ဗျ။ Urgent Fee လေးက ပုံမှန် Booking ထက် ၅ သောင်း၊ ၁ သောင်းပဲ ကွာတာမို့ အချိန်မပေးချင်ဘူး၊ မြန်မြန်ဆန်ဆန် သိချင်တယ်ဆိုရင်တော့ Urgent Package လေး ယူလိုက်ပါဗျ‼️

26/08/2026

Ta**us, Virgo, Capricorn, Sagittarius

ဒီရက်ပိုင်းမှာတော့ အပေးအယူ အမျှအတန်း မမျှမတ ဖြစ်နေတာမျိုးတွေ၊ ကိုယ်ကပဲ ပေးဆပ်နေရပြီး ထိုက်တန်တဲ့ တုံ့ပြန်မှု မရလို့ စိတ်ပျက်ရတာမျိုးတွေ ကြုံနေရတတ်ပါတယ်ဗျ။
ကိစ္စအတော်များများမှာ အလွန်အမင်း စိတ်လောပြီး တွန်းအားမပေးဘဲ အမျှအမြော်နဲ့ မျှမျှတတ ထိန်းညှိသွားဖို့ လိုပါလိမ့်မယ်ဗျ၊ စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းဆောင်ရွက်မှ အခြေအနေတွေ အေးချမ်းသွားပါလိမ့်မယ်။
စိတ်ခံစားချက်တွေကို အစွန်းမရောက်စေဘဲ ကိုယ့်ရဲ့ Intuition ကို ပိုပြီး ယုံကြည်ပေးဖို့ လိုပါလိမ့်မယ်ဗျ၊ အတိတ်က အဆင်မပြေခဲ့တာတွေနဲ့ စိတ်တိုင်းမကျတာတွေကိုပဲ စွဲကိုင်မထားဘဲ ခေတ္တ လွှတ်ချလိုက်တာက ပိုကောင်းတဲ့ energy တွေ ဝင်လာစေပါလိမ့်မယ်။
အခက်အခဲအချို့ ရှိနေရင်တောင်မှ မကြာမီမှာ အဆင်ပြေတဲ့ လမ်းစပေါ်လာပြီး၊ နှစ်ဦးကြားမှာရော ကိုယ့်ပတ်ဝန်းကျင်မှာပါ မျှတတဲ့ ဆက်ဆံရေးမျိုး ပြန်လည် တည်ဆောက်နိုင်ပါလိမ့်မယ်ဗျ။

25/08/2026

Daily Message 💫

-ဒီနေ့မှာတော့ ဘာပဲကြုံကြုံ ကိုယ့်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ သည်းခံနိုင်စွမ်းကို ရှေ့တန်းတင်ပြီး ထိန်းချုပ်သွားဖို့ လိုပါလိမ့်မယ်ဗျ
- ဒေါသနဲ့ မဟုတ်ဘဲ အေးအေးဆေးဆေးနဲ့ စိတ်ရှည်လက်ရှည် ရင်ဆိုင်လိုက်တာက ပိုပြီး အနိုင်ရစေပါလိမ့်မယ်
-ကိုယ့်ဘက်က အရမ်းတွေ စိတ်ပင်ပန်းနေတာတွေ အဖြေရှာမရဘဲ စိတ်ရှုပ်နေတာမျိုးရှိရင် အလောတကြီး မဆုံးဖြတ်ပါနဲ့
-ခေတ္တ ငြိမ်ငြိမ်လေး နားထားပေးဖို့ လိုပါလိမ့်မယ်ဗျ
-ခဏတာ ဦးနှောက်နဲ့ စိတ်ကို အနားပေးလိုက်တာက ပိုကောင်းတဲ့ အမြင်သစ်တွေ ရစေပါလိမ့်မယ်
-ပတ်ဝန်းကျင် ဒါမှမဟုတ် အနီးအနားက ဆက်ဆံရေးတွေမှာ သဘောထားကွဲလွဲတာ၊ စကားအပြောအဆို တင်းမာတာမျိုးလေးတွေ ပါလာတတ်တာမို့
- စိတ်လိုက်မာန်ပါ ပြန်မတုံ့ပြန်မိအောင် သတိထားပေးပါဦးဗျ။
-စိတ်ထဲမှာ ဇဝေဇဝါဖြစ်စရာတွေ၊ စိတ်တိုင်းမကျတာတွေကို
- အတိတ်က အမှတ်တရတွေ သို့မဟုတ် အစွဲအလမ်းတွေမှာ တင်းခံမထားဘဲ ခေတ္တ လွှတ်ချလိုက်နိုင်ရင်
- နှစ်ဦးကြား ဆက်ဆံရေးရော ကိုယ့်အတွင်းစိတ်ပါ အေးချမ်းသွားပါလိမ့်မယ်ဗျ။

𝙽𝚘𝚝𝚑𝚒𝚗𝚐 𝚖𝚞𝚌𝚑, 𝚓𝚞𝚜𝚝 𝚜𝚒𝚖𝚙𝚕𝚎 𝚕𝚒𝚏𝚎𝚜𝚝𝚢𝚕𝚎. 🎱🚬Wai Moe-Tarot Wai Moe
25/08/2026

𝙽𝚘𝚝𝚑𝚒𝚗𝚐 𝚖𝚞𝚌𝚑, 𝚓𝚞𝚜𝚝 𝚜𝚒𝚖𝚙𝚕𝚎 𝚕𝚒𝚏𝚎𝚜𝚝𝚢𝚕𝚎. 🎱🚬
Wai Moe-Tarot
Wai Moe

25/08/2026

ဒီကနေ့ည 9:30🕤 ကြရင် Free Reading Live❗ လေးရှိမယ်နော်

ကိုယ့်ကို သဘောကျနေတဲ့သူ ရှိလား၊ ဘယ်လိုပုံစံမျိုးလဲ✨(အဖြေလေးတွေ တစ်ခါတည်း ပါပါတယ်ဗျ)Pile 1 ကို ရွေးတဲ့သူလေးတွေအတွက် ကိုယ့...
25/08/2026

ကိုယ့်ကို သဘောကျနေတဲ့သူ ရှိလား၊ ဘယ်လိုပုံစံမျိုးလဲ✨
(အဖြေလေးတွေ တစ်ခါတည်း ပါပါတယ်ဗျ)
Pile 1 ကို ရွေးတဲ့သူလေးတွေအတွက် ကိုယ့်ကို ကြိတ်ပြီး သဘောကျနေတဲ့သူ ရှိနေပါတယ်ဗျ။ အဓိက အချက်က ဘာလဲဆိုရင် သူက ကိုယ်နဲ့ အနီးအနား ပတ်ဝန်းကျင်မှာတင် ရှိနေတဲ့သူလို့ ကတ်က ပြပါတယ်ဗျ။ အသက်အရွယ် အားဖြင့်ဆိုရင် ကိုယ်နဲ့ မတိမ်းမယိမ်း ဒါမှမဟုတ် ကိုယ့်ထက် ၁ နှစ်၊ ၂ နှစ်လောက် ပိုကြီးတဲ့သူ ဖြစ်လိမ့်မယ်။ မိန်းကလေးတွေဆိုရင် ကိုယ့်ထက် အသက် ပိုကြီးပြီး ရင့်ကျက်တဲ့ ကောင်လေးမျိုး ဖြစ်ပြီး၊ ကောင်လေးတွေဆိုရင်တော့ ကိုယ့်ထက် အသက် နည်းနည်းငယ်တဲ့ ကောင်မလေးနဲ့ energy ကိုက်ပါတယ်ဗျ။ ဘယ်လိုနေရာမျိုးမှာ ဆုံနိုင်လဲဆိုရင် သင်တန်းတစ်ခုခုမှာ၊ အလုပ်ခွင်ထဲမှာ သို့မဟုတ် သူငယ်ချင်းအပေါင်းအသင်း Group တစ်ခုခုထဲကနေ ဆုံရတာမျိုး ဖြစ်လိမ့်မယ်လို့ ကတ်က ပြထားပါတယ်။ Zodiac Signs အားဖြင့်ဆိုရင် Air Signs (Gemini, Libra, Aquarius) ရယ်၊ Earth Signs (Ta**us, Virgo, Capricorn) ရယ် energy ပိုပြပါတယ်ဗျ။ ကိုယ့်ရဲ့ မွေးရက် သို့မဟုတ် မွေးလမှာ ဂဏန်း 1, 5, 8 ပါတယ်ဆိုရင် ဒီ Pile နဲ့ energy အပြည့်အဝ ကိုက်ပါတယ်ဗျ။ နောက် ၅ လကနေ ၁ နှစ်အတွင်းမှာ သူ့ဘက်က ကိုယ့်ကို ပွင့်ပွင့်လင်းလင်း စပြီး စကားလာပြောတာမျိုး သို့မဟုတ် သတိထားမိအောင် လုပ်လာတာမျိုးတွေ ကြုံရပါလိမ့်မယ်ဗျ။
Pile 2 လေးကို ရွေးတဲ့သူတွေကတော့ ကိုယ့်ကို သဘောကျနေတဲ့သူက အဝေးမှာ ရှိနေတာ သို့မဟုတ် Social Media ပေါ်ကနေ ကိုယ့်ကို ကြိတ်ကြည့်ပြီး သဘောကျနေတဲ့သူ ဖြစ်ဖို့ များပါတယ်ဗျ။ ဆိုလိုချင်တာက ကိုယ်နဲ့ လူချင်း မတွေ့ဖူးသေးဘူး၊ လိုင်းပေါ်မှာပဲ တစ်ယောက်နဲ့တစ်ယောက် သတိထားမိနေတာမျိုး သို့မဟုတ် အတိတ်က ခဏတာ အဆက်အသွယ် ရှိခဲ့ဖူးတဲ့ လူဟောင်း (Ex/Crush) မျိုးလည်း ဖြစ်နိုင်ပါတယ်ဗျ။ သူက လူကောင် ခပ်သေးသေးနဲ့ စကားပြောရင် အေးအေးဆေးဆေး ရှိတတ်တဲ့ ပုံစံမျိုး ပါပဲ Zodiac Signs အားဖြင့်ဆိုရင် Water Signs (Cancer, Scorpio, Pisces) နဲ့ Fire Signs (Aries, Leo, Sagittarius) energy အများကြီး ရပါတယ်ဗျ။ ဒီ Pile ကို ရွေးတဲ့သူတွေက ကိုယ့်အသက်မှာ 3 သို့မဟုတ် 7 နဲ့ ဆုံးတဲ့ အချိန်ကာလမျိုးတွေ (ဥပမာ - အသက် 23, 27) သို့မဟုတ် နောက် ၇ လအတွင်းမှာ ဒီဆက်ဆံရေးက ပိုပြီး တိုးတက်လာဖို့ ရှိတယ်လို့ ကတ်က ပြထားပါတယ်ဗျ။ ထူးခြားတဲ့ အချက်အနေနဲ့ ဒီ Pile ရွေးတဲ့သူတွေဟာ အရင်တုန်းက အချစ်ရေးမှာ စိတ်ဒဏ်ရာ ရခဲ့ဖူးလို့ ဘာဆက်လုပ်ရမလဲ ဒွိဟဖြစ်နေတဲ့အချိန်မှာပဲ ဒီလူက ကိုယ့်ဘဝထဲ ပြန်ဝင်လာတတ်ပါတယ်ဗျ။
Pile 3 ကို ရွေးတဲ့သူလေးတွေရဲ့ ကိုယ့်ကို သဘောကျနေတဲ့သူက နည်းနည်းတော့ Romance ဖြစ်လိမ့်မယ်ဆိုပြီး ကတ်က ပြပါတယ်ဗျ။ မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ ဘဝထဲ ဝင်လာမှာ ပါ၊ ကိုယ်က "ဟာ... ဒီလိုလူမျိုးနဲ့မှ ဆုံချင်တာ" ဆိုပြီး စိတ်ကူးယဉ်ဖူးတဲ့ ပုံစံမျိုး၊ အရပ်ရှည်ရှည်၊ ကြည့်ကောင်းကောင်းနဲ့ စတိုင်လ်ကျကျ နေတတ်တဲ့သူ ဖြစ်လိမ့်မယ်ဗျ။ စိတ်ကူးယဉ်ဆန်ပေမဲ့ အဲ့ဒီ စိတ်ကူးတွေက လက်တွေ့ကျလာမယ့် ပုံစံမျိုးကို ပြထားတာပါ။ ဘယ်လို အခြေအနေမျိုးမှာ ဆုံမလဲဆိုရင် ခရီးထွက်ရင်း ဖြစ်ဖြစ်၊ ပွဲတစ်ခုခု သို့မဟုတ် မိတ်ဆွေတွေရဲ့ မွေးနေ့ပွဲလိုမျိုး လူအများနဲ့ ဆုံတဲ့နေရာမှာ မတော်တဆ တွေ့ဆုံရဖို့ ရှိပါတယ်ဗျ။ Zodiac Signs အားဖြင့် Earth Signs နဲ့ Water Signs ဖြစ်ဖို့ ရာခိုင်နှုန်း အရမ်းများပါတယ်ဗျ။ အသက် 2, 4, 6 နဲ့ ဆုံးတဲ့ ကာလမျိုးတွေမှာ ဒီလူနဲ့ တကယ် ဆုံဆည်းရဖို့ ရှိပြီး၊ ထူးခြားချက်အနေနဲ့ သူက ကိုယ့်ထက် ရာထူး သို့မဟုတ် အဆင့်အကန်း ပိုမြင့်တဲ့သူ၊ ကိုယ်တိုင်လည်း လေးစားရတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်နေတတ်ပါတယ်ဗျ။
‼️Single/Crush/Relationship/Ex ဘာပဲဖြစ်ဖြစ်ပေါ့နော် ကိုယ့်ရဲ့ စီးပွားရေး၊ ပညာရေး သို့မဟုတ် အချစ်ရေးနဲ့ ပတ်သက်ပြီး သီးသန့် အသေးစိတ် သိချင်တယ်ဆိုရင် ကျွန်တော့်ဆီမှာ Tarot Package လေးတွေ လာယူလို့ ရပါတယ်ဗျ။ အေးအေးဆေးဆေး လူချင်းတွေ့ပြီး မေးချင်တယ်ဆိုရင် မန္တလေးက လူတွေအတွက် စနေ၊ တနင်္ဂနွေ နှစ်ရက် အပြင်မှာ Outdoor Booking လာတင်ထားလို့ ရပါတယ်ဗျ။ Outdoor မေးတာက ဘာကောင်းလဲဆိုရင် ကိုယ်တိုင် ကတ်ဆွဲရတာ ဖြစ်တဲ့အတွက် Online ကနေ မေးတာ Energy 80% လောက် ကိုက်တယ်ဆိုရင် Outdoor မေးတဲ့အခါ ကိုယ်တိုင် ကတ်လေးတွေကို အာရုံပြုပြီး ထိတွေ့ရတာမို့ 90% ကနေ 100% အထိ Energy ကွက်တိ ကိုက်ပါလိမ့်မယ်နော်။ ကိုယ်က အဲ့လိုမှ မဟုတ်ဘူး၊ လိုင်းပေါ်ကပဲ မေးချင်တယ်၊ မိနစ်ပိုင်းအတွင်းပဲ တန်းသိချင်တယ်ဆိုရင် Urgent Reading လေး လာယူလို့ ရပါတယ်ဗျ။ Urgent Fee လေးက ပုံမှန် Booking ထက် ၅ သောင်း၊ ၁ သောင်းပဲ ကွာတာမို့ အချိန်မပေးချင်ဘူး၊ မြန်မြန်ဆန်ဆန် သိချင်တယ်ဆိုရင်တော့ Urgent Package လေး ယူလိုက်ပါဗျ‼️

25/08/2026

Aries, Leo, Sagittarius, Gemini, Libra, Aquarius

-​Relationship တွေမှာ အစပိုင်းတုန်းက အရမ်းအဆင်ပြေခဲ့ပေမဲ့ အခုမှ ဆက်ဆံရေး အေးတိအေးစက် ဖြစ်လာတာမျိုး၊ စိတ်ပင်ပန်းရတာမျိုးတွေ ကြုံနေရတတ်ပါတယ်ဗျ။
-​တစ်ဖက်သူရဲ့ မာနနဲ့ စိတ်လိုက်မာန်ပါ ပြုမူတာတွေကြောင့် ဘာဆက်လုပ်ရမလဲ ဝေခွဲမရဖြစ်ပြီး စိတ်ညစ်နေရတဲ့ အခြေအနေမျိုးလေးတွေ ကြုံရတတ်ပါတယ်ဗျ။
-​စိတ်ဆိုးဒေါသထွက်ပြီး စိတ်လိုက်မာန်ပါ ပြန်မတုံ့ပြန်မိဖို့တော့ လိုပါလိမ့်မယ်ဗျ။
-​အေးအေးဆေးဆေးနဲ့ ပြတ်ပြတ်သားသား ပြန်စဉ်းစားပေးဖို့ လိုအပ်သလို အတိတ်က စိတ်တိုင်းမကျခဲ့တာတွေ၊ မကောင်းတဲ့ အမှတ်တရတွေကိုပဲ စွဲလမ်းပြီး တွေးပူမနေဘဲ ခေတ္တ လွှတ်ချထားနိုင်ရင် နှစ်ဦးကြားမှာ ပြန်အဆင်ပြေ အေးချမ်းသွားပါလိမ့်မယ်ဗျ။
Wai Moe-Tarot

Address

Mandalay

Telephone

+959771080191

Website

Alerts

Be the first to know and let us send you an email when Wai Moe-Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share