Everyday Explorations with Ma Ma Hnin

Everyday Explorations with Ma Ma Hnin Strategic Growth Facilitator
Professional Master Business Coach

ရလဒ်ဆိုတာ အိပ်မက်တွေ သိပ်မက်နေလို့ ရလာတာမဟုတ်သလို၊ စာရွက်ပေါ်က Plan တွေကြောင့်လည်း ဖြစ်မလာပါဘူး..တကယ့်ရလဒ်ဆိုတာ နေ့စဉ် က...
31/03/2026

ရလဒ်ဆိုတာ
အိပ်မက်တွေ သိပ်မက်နေလို့
ရလာတာမဟုတ်သလို၊
စာရွက်ပေါ်က Plan တွေကြောင့်လည်း
ဖြစ်မလာပါဘူး..

တကယ့်ရလဒ်ဆိုတာ
နေ့စဉ် ကိုယ့်ကိုယ်ကိုယ်
ဘယ်လောက် စည်းကမ်းရှိရှိနဲ့ အကောင်အထည်ဖော်သလဲ (Daily Actions) ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်..

အောင်မြင်မှုကို လိုချင်ရင်
စိတ်ကူးယဉ်နေမယ့်အစား
စည်းကမ်း (Discipline) ကို အရင်ရင်းနှီးမြှုပ်နှံပါ..

ကိုယ့်ရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကပဲ
ကိုယ်ဘယ်သူလဲဆိုတာကို သက်သေပြပါလိမ့်မယ်..

✅လူတွေမအောင်မြင်ရခြင်းအကြောင်းရင်း (၄) ချက် ‼တချို့လူတွေအောင်မြင်ကြတယ်..သူတို့ကျအောင်မြင်ပြီး ကိုယ်ဘာလို့မအောင်မြင်နိုင်...
27/08/2025

✅လူတွေမအောင်မြင်ရခြင်း
အကြောင်းရင်း (၄) ချက် ‼

တချို့လူတွေအောင်မြင်ကြတယ်..
သူတို့ကျအောင်မြင်ပြီး ကိုယ်ဘာလို့မအောင်မြင်နိုင်ရတာလဲလို့ တွေးမိကြမယ်ထင်တယ်
အောင်မြင်တဲ့သူတွေကလည်း ကိုယ့်လိုအခြေအနေကနေပဲ စတင်ခဲ့ကြတဲ့သူတွေပါပဲ..

အောင်မြင်ချင်တယ်ဆိုရင် အရင်တိုင်းဆက်နေလို့တော့မရပါဘူး

ဒါကြောင့် အခုပြောပြပေးမယ့်အချက်တွေကို
ဖတ်ပြီး သေချာလေးပြန်ဆန်းစစ်ကြည့်ဖို့ အကြံပြုပါရစေ

✅ မစွန့်စားရဲတာ
လူတွေက စတောင်မစရသေးဘူး
ဖြစ်လာနိုင်တဲ့ အကျိုးဆက်၊ အရှုံးတွေနဲ့
နစ်နာမယ့်ဟာတွေကိုကြိုတွေးပြီး
စိုးရိမ်စိတ်တွေနဲ့ စွန့်စားရမှာကို မရဲကြတာပါ..

စွန့်စားမှုတစ်ခုမှာ အောင်မြင်နိုင်သလို
ကျရှုံးသွားနိုင်ပါတယ်..

လူတိုင်းမှာ ရှုံးမှာကြောက်တဲ့စိတ်ရှိပါတယ်။
ဒီအကြောက်တရားကိုလက်ခံပြီး ထိပ်တိုက်ရင်ဆိုင်
ဖို့လိုအပ်ပါတယ်.

ဒီနေရာမှာ ရဲရင့်ခြင်းသတ္တိနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု အရမ်းလိုအပ်ပါတယ်..

ရဲရင့်ခြင်းသတ္တိဆိုတာ အကြောက်တရားကင်းမဲ့တာကိုပြောတာမဟုတ်ပါဘူး..
စိုးရိမ်ထိတ်လန့်မှုတွေရှိနေရင်တောင် မသေချာမတဲ့အခြေအနေ၊ အချိန်အခါ၊ အခိုက်အတန့်တွေကို မိမိကိုယ်ကိုယ်ယုံကြည်မှုတစ်ခုတည်းနဲ့ ကျော်ဖြတ်နိုင်ခြင်းပဲဖြစ်ပါတယ်..

အရင်နဲ့မတူတဲ့ပြောင်းလဲမှုတွေမြင်ချင်တယ်ဆိုရင် သေချာတာကတော့စွန့်စားမှုတွေလုပ်ရပါမယ်..
မစွန့်စားရဲဘူးဆိုရင်တော့ အရင်ကလုပ်နေတဲ့အရာတွေနဲ့ အရင်လိုဘ၀မှာပဲကျန်နေခဲ့မှာသေချာပါတယ်.

✅ မိမိကိုယ်ကိုယ်မယုံကြည်တာ

အောင်မြင်တဲ့သူတွေဆိုတာ ဘေးကပြောစကားတွေနဲ့ မဖြစ်နိုင်မှုတွေကို အံတုပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုတစ်ခုတည်းနဲ့ပန်းတိုင်ကိုရောက်လာခဲ့ကြတာပါ..

မိမိကိုယ်ကိုယ်ယုံကြည်ရင် မစခင်ကတည်းကလမ်းခရီးတဝက်ကိုရောက်နေပြီးသားပါ။

ဒီနေရာမှာသတိထားရမှာက မိမိကိုယ်ကိုယ်
ယုံကြည်မှုဟာ အင်မတန်ကို ပြိုလဲလွယ်ပါတယ်..

ဥပမာ တစ်စုံတစ်ယောက်ဆီကဝေဖန်သံမျိုးတွေနဲ့
ကျရှုံးမှုတွေကြုံတွေ့နေရတဲ့အခါ မိမိကိုယ်ကိုယ်
မယုံကြည်နိုင်တော့ပဲ အရှုံးပေးသွားတတ်ကြပါတယ်..

ဒါကြောင့်မိမိကိုယ်ကိုယ်ယုံကြည်မှုကို
အမြဲမြှင့်တင်နေဖို့လိုအပ်ပါတယ်။

✅ ဆင်ခြေပေးတာ

လူတွေက ဆင်ခြေတွေပေးရတာကိုအရမ်းကြိုက်တယ်..
သူတို့ကိုအပြစ်တင်မှာကိုလည်းအရမ်းကြောက်ကြတယ်.
သူတို့ဘာသာကြိုးစားမှုမရှိပဲ ပျင်းရိတာတွေ
ကြောင့် မအောင်မြင်တာကိုအကြောင်းပြချက်
အမျိုးမျိုးနဲ့ဆင်ခြေပေးတတ်ကြတယ်.

ဥပမာ ငွေမရှိလို့မလုပ်နိုင်တာတို့၊ အချိန်မပေးနိုင်လို့တို့ ၊ ပင်ပန်းလို့တို့ ၊ ခက်ခဲလို့တို့ ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးပေးကြတယ်..

အောင်မြင်တဲ့သူတွေက ဘယ်တော့မှဒီလိုဆင်ခြေ
တွေမပေးပါဘူး..
သူတို့အာရုံစိုက်တာက တစ်ခုတည်းပါ..
မအောင်မြင်မချင်းကြိုးစားဖို့ပဲ သူတို့ခေါင်းထဲရှိတာပါ..

✅ သူများကိုနှိုင်းယှဉ်တုပတာ

လူတိုင်းမှာ သူ့ပင်ကိုယ်စွမ်းရည်၊ အရည်အချင်းရှိပြီးသားပါ. ဒါမယ့် ကိုယ်ဘယ်အရာမှာတော်လဲ၊ ဘာကို
ဝါသနာပါလဲဆိုတာကို လူတော်တော်များများက သူတို့ကိုယ်တိုင်မသိကြဘူး။

သူတို့ရှေ့ မှာအောင်မြင်နေတဲ့လူတွေကိုကြည့်ပြီး
သူတို့ဘာလုပ်တယ်ဆိုတာကိုပဲမြင်ပြီး လိုက်လုပ်
ချင်ကြတယ်..
သူတို့ဘယ်လိုကြိုးစားခဲ့ပြီး တဆင့်ပြီးတဆင့်ဘယ်လိုစိတ်ဓာတ်နဲ့ကျော်ဖြတ်ခဲ့တယ်ဆိုတာကိုမမြင်ကြဘူး..
သူတို့အောင်မြင်တယ်ဆိုတာ သူတို့ ဒီနေရာမှာအရည်အချင်းရှိတယ်ဆိုတာကို သူတို့ကိုယ်တိုင်ကသိပြီး ကြိုးစားမှုနဲ့မလျှော့သောဇွဲတွေကြောင့် ဒီနေရာကိုရောက်လာခဲ့ကြတာပါ..

ဒါကြောင့်သူများကို လိုက်တုပပြီး
လုပ်ဆောင်တာတွေကိုမလုပ်သင့်ပါဘူး..

ကိုယ်နဲ့မကိုက်ညီတဲ့အလုပ်ကို ဘယ်လောက်
ကြိုးစားပြီးလုပ်ပါစေ အောင်မြင်သင့်သလောက်
အောင်မြင်လာမှာမဟုတ်ပါဘူး..
ကိုယ်ဘယ်လောက်ကြိုးစားနေပါစေ မျှော်လင့်ထားသလိုဖြစ်မလာဘူးဆိုရင် လူ့သဘာ၀အရ စိတ်ဓာတ်
ကျလာတတ်ပါတယ်..

ဒါကြောင့်သင့်ရဲ့အရည်အချင်းနဲ့ကိုက်ညီတဲ့နယ်ပယ်
ကိုသိအောင်လုပ်ပြီး တစိုက်မတ်မတ်ကြိုးစားကြည့်ဖို့အကြံ‌ပေးပါရစေ..

ကောင်းတဲ့အရာတစ်ခုခုလုပ်တော့မယ်ကြံတိုင်းမှာ အခက်ခဲကြုံလာရင် ဘယ်တော့မှ မရပ်တန့်ပါနဲ့ အနောက်ကိုခြေတစ်လှမ်းဆုတ်ပြီး အခြားသူတ...
12/03/2025

ကောင်းတဲ့အရာတစ်ခုခုလုပ်တော့မယ်ကြံတိုင်းမှာ
အခက်ခဲကြုံလာရင် ဘယ်တော့မှ မရပ်တန့်ပါနဲ့
အနောက်ကိုခြေတစ်လှမ်းဆုတ်ပြီး
အခြားသူတစ်ယောက်လို
ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ကြည့်ပါ မေးပါ

🫣ငါဘာကြောင့်ပူ‌လောင်နေတာလဲ ?

😞ငါဘာကြောင့်စိတ်အလိုမကျဖြစ်နေတာလဲ ?

🤔ဒီအရာလုပ်တော့မှ ဘာကြောင့်ဒါတွေဖြစ်လာရတာလဲ ?

ဆိုတာမျိုး
အဲဒါတွေဘာကြောင့် ဖြစ်နေလဲဆိုတာကိုတွေ့ပြီဆိုရင်
ကိုယ်ဘာလုပ်ရမလဲဆိုတာ တွေ့လာပါလိမ့်မယ်

😚စိတ်မပူလောင်ပါနဲ့
🤩စိတ်ကိုအေးချမ်းအောင်ထားပါ
🤥ဘာပဲဖြစ်လာဖြစ်လာ Negative မတွေးပါနဲ့
🙂Positive ဘက်ကများများတွေးပေးပါ
🫡ဖြစ်လာတဲ့အရာပေါ်မှာသင်ခန်းစာယူပြီး
ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ပါ

ဒါတွေက ကိုယ့်ဆီ ဒီထက်ပိုကောင်းတဲ့အရာတွေရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက်
လောကကြီးက ကိုယ့်ကိုယ်ဒီကောင်းတဲ့အရာတွေနဲ့ထိုက်တန်ရဲ့လားဆိုတာ စမ်းသပ်တဲ့သဘောမျိုးပါ

အဲ့တော့....
✅အရမ်းစိတ်ညစ်နေရပြီ...
✅အရမ်းပျော်ရွှင်နေရပြီ...
✅အရမ်းဝမ်းနည်းနေရပြီ...
✅အရမ်းစိတ်ပူပန်နေရပြီ...

ငွေကြေးအတွက်ဖြစ်စေ...
မိသားစုအတွက်‌ဖြစ်စေ...
အလုပ်ကြောင့်ဖြစ်စေ...
ဘယ်အရာကြောင့်ပဲဖြစ်စေ...

ကိုယ်ကသတိကပ်ဖို့လိုပါတယ်
နောက်ထပ်အမှားမလုပ်မိဖို့
Negative ဘက်ကနေမတွေးမိဖို့ အရမ်းအရေးကြီးပါတယ်

Address

Yangon

Telephone

+959426060628

Website

Alerts

Be the first to know and let us send you an email when Everyday Explorations with Ma Ma Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Everyday Explorations with Ma Ma Hnin:

Share