23/09/2026
TKR (Total Knee Replacement) ပြီးနောက် AD = Assistive Device (walker/crutches/cane) မသုံးဘဲ လမ်းလျှောက်နိုင်တဲ့အချိန်က လူနာတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ သတ်မှတ်ထားတဲ့ “ဘယ်နှစ်ရက်/ဘယ်နှစ်ပတ်” ဆိုတာထက် gait နဲ့ muscle control ပေါ်မူတည်ပြီး ဖြုတ်သင့်ပါတယ်။ Ortho surgeonကလည်း ခွင့်ပြုပြီဆိုရင် AD ဖြုတ်ပါတယ်။
Physiotherapyရဲ့ အခန်းကဏ္ဍအနေနဲ့က
* အခက်ခဲမရှိဘဲ လမ်းလျှောက်နိုင်ခြင်း
* Operated leg ပေါ် weight-bearing ယုံကြည်မှုရှိခြင်း
* Quadriceps/hip muscles က လုံလောက်အောင် control ရှိခြင်း
* Balance ကောင်းခြင်း
* Pain/swelling က လမ်းလျှောက်ပြီးနောက် အလွန်မတိုးခြင်း
* Sit-to-stand ကို အကူအညီမလိုဘဲ လုပ်နိုင်ခြင်း စတဲ့ အခြေနေထိရောက်အောင် လေ့ကျင့်သင်ကြားပေးထားဖို့ အရေးကြီးပါတယ်✅