City Hospital

City Hospital The official City Hospital, Mandalay page - Promising Excellence in Healthcare Services. High quality healthcare & 24hr services

🌕 သာသနာနှစ်-၂၅၇၀-နှစ် ၊ကောဇာသက္ကရာဇ်-၁၃၈၈ခုနှစ်‌ဝါဆိုလပြည့်နေ့၊ (၂၉.၇.၂၀၂၆) ဗုဒ္ဓဟူးနေ့တွင် ပြင်ဦးလွင်မြို့နယ်၊ မြေပုံကျ...
31/07/2026

🌕 သာသနာနှစ်-၂၅၇၀-နှစ် ၊ကောဇာသက္ကရာဇ်-၁၃၈၈ခုနှစ်
‌ဝါဆိုလပြည့်နေ့၊ (၂၉.၇.၂၀၂၆) ဗုဒ္ဓဟူးနေ့တွင်
ပြင်ဦးလွင်မြို့နယ်၊ မြေပုံကျေးရွာအုပ်စု၊ ငြိမ်းချမ်းပြည့်၀ဆုတောင်းရ ဘုရားကြီး၌ ဖိုက်အိုးရှင်း ဆားဗစ်စ် လီမိတက် (ညိမ်းဆေးရုံ နှင့် မြို့တော်ဆေးရုံ)မိသားစုတို့မှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ ဆွမ်း၊ ခဲဖွယ်၊ လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့ကို ကြည်ညိုသဒ္ဓါတရားအပြည့်ဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြပါသည်။

ဤသို့ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစုသည် ပါဝင်လှူဒါန်းသူအားလုံးနှင့် မိဘပြည်သူအပေါင်းတို့အတွက် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အလှူတော်၏ ကြည်နူးဖွယ်ရာ အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။ 🙏💛

🏥 မြို့တော်ဆေးရုံ
📍သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။
📞 ၀၉ ၈၈၀ ၄၄၁ ၂၈၈ (လိုင်းခွဲနံပါတ် - ၀)

#ဗုဒ္ဓနေ့
#ဝါဆိုလပြည့်
#မြို့တော်ဆေးရုံ
#မန္တလေး
#ကျန်းမာရေး

🪷 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့ ) 🙏🌕 ယနေ့ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မ...
29/07/2026

🪷 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့ ) 🙏

🌕 ယနေ့ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မိဘပြည်သူများအားလုံး ဘေးရန်ကင်းကွာ၍ ကောင်းကျိုးလိုရာမှန်သမျှပြည့်ဝကြပါစေကြောင်း “မြို့တော်ဆေးရုံ” မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 🙏

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတိုးတက်မြင့်မား‌ရေးအတွက်ရည်ရွယ်၍ အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ် အ...
25/07/2026

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတိုးတက်မြင့်မား‌ရေးအတွက်ရည်ရွယ်၍ အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးသင်တန်းကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းတို့ပူးပေါင်း၍ ကျွန်တော်တို့ “မြို့တော်ဆေးရုံ”တွင် ၁၆.၇.၂၀၂၆ ရက်မှစတင်၍ ၁၈.၇.၂၀၂၆ ရက်နေ့အထိ သုံးရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးများအား မျှဝေပေးလိုက်ပါတယ်ခင်ဗျ။

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

🚨အရေးပေါ်ကျန်းမာရေးအခြေအနေများနှင့် ကြုံတွေ့ရချိန်တွင် စနစ်တကျ တုံ့ပြန်အသက်ကယ်ဆယ်နိုင်စေရန်ရည်ရွယ်၍ City Hospital - မြို...
13/07/2026

🚨အရေးပေါ်ကျန်းမာရေးအခြေအနေများနှင့် ကြုံတွေ့ရချိန်တွင် စနစ်တကျ တုံ့ပြန်အသက်
ကယ်ဆယ်နိုင်စေရန်ရည်ရွယ်၍ City Hospital - မြို့တော်ဆေးရုံ မှ Arr Thit Man Career ရှိ ဝန်ထမ်းများအတွက် BLS (Basic Life Support) Training ကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ Training တွင် အရေးပေါ်ရှေးဦးသူနာပြုစုနည်း၊ 𝐂𝐏𝐑 အသက်ကယ်နည်းစနစ်များနှင့် လေပြွန်ပိတ်ဆို့ခြင်းဆိုင်ရာ ဖြေရှင်းနည်းများကို City Hospital - မြို့တော်ဆေးရုံမှ အထူးကုခွဲစိတ်ဆရာဝန်ကြီး Dr. Kyaw Win Maw မှ အသေးစိတ်သင်ကြားပြသပေးခဲ့တဲ့ အမှတ်တရပုံရိပ်လေးများကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ…

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

💯 မှန်ကန်တဲ့ ကုသမှုဟာ တိကျတဲ့ ရောဂါရှာဖွေခြင်းကနေ စတင်ပါတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို အသေးစိတ် ပုံဖော်ပေ...
08/07/2026

💯 မှန်ကန်တဲ့ ကုသမှုဟာ တိကျတဲ့ ရောဂါရှာဖွေခြင်းကနေ စတင်ပါတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို အသေးစိတ် ပုံဖော်ပေးမယ့် MRI (Magnetic Resonance Imaging) သံလိုက်ဓါတ်မှန်ရိုက်ခြင်းဖြင့် တိကျပြတ်သားစွာ စစ်ဆေးနိုင်ပါပြီ။

MRI (သံလိုက်ဓါတ်မှန်) ရိုက်ကူးခြင်းဖြင့်

✅ ဓာတ်ရောင်ခြည်သင့်မှု၊ နာကျင်မှု လုံးဝမရှိတဲ့အပြင်

✅ ဦးနှောက်၊ အာရုံကြော၊ အတွင်းအကျိတ်၊ အရိုးအကြောနှင့် ကြွက်သား အစရှိတဲ့ ခန္ဓာကိုယ်အတွင်းပိုင်းစနစ်တွေကို ရှုထောင့်အမျိုးမျိုးမှ အသေးစိတ် ပုံဖော်ပေးနိုင်ခြင်း

✅ရောဂါလက္ခဏာများကို တိကျ၊ မှန်ကန်၊ မြန်ဆန်စွာ ရှာဖွေပေးနိုင်လို့ ထိရောက်တဲ့ ကုသမှုကို အချိန်မီ ရရှိစေခြင်း စတဲ့ အားသာချက်တွေ များစွာရှိပါတယ်။

💁‍♀️ တန်ဖိုးရှိတဲ့ ကျန်းမာရေးအတွက် တိကျမြန်ဆန် မှန်ကန်တဲ့ ရောဂါရှာဖွေ စစ်ဆေးမှုများကို City Hospital (မြို့တော်ဆေးရုံ) တွင် ဝါရင့်အတွေ့အကြုံရှိ ကျွမ်းကျင်ဆရာဝန်ကြီးများက နိုင်ငံတကာအဆင့်မီ 1.5 Tesla စက်ကြီးဖြင့် နေ့စဉ် ပုံဖော်ရိုက်ကူး စစ်ဆေးပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

💼 Job Vacancy Announcement 📣🏥 မန္တလေးမြို့“မြို့တော်ဆေးရုံ”နှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်...
06/07/2026

💼 Job Vacancy Announcement 📣

🏥 မန္တလေးမြို့“မြို့တော်ဆေးရုံ”နှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိနေပါတယ်။

ဆက်သွယ်ရန်

“City Hospital HR Department”

☎️ Ph (Viber) - 09 797 575 599
📧 Email - [email protected]

📍 သိပ္ပံလမ်း (၁၀၁)လမ်း၊ ၆၅လမ်းနှင့် ၆၆လမ်းကြား၊ မြို့တော်ဆေးရုံ၊ မန္တလေးမြို့။

🏥 “မြို့တော်ဆေးရုံ” တွင် ပြသနိုင်သော နှလုံးနဲ့ သွေးကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးများ 🩺🫀နှလုံးနဲ့ သွေးကြောဆိုင်ရာ ကျန်းမာရ...
02/07/2026

🏥 “မြို့တော်ဆေးရုံ” တွင် ပြသနိုင်သော နှလုံးနဲ့ သွေးကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးများ 🩺

🫀နှလုံးနဲ့ သွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာများအတွက် စိတ်ချယုံကြည်ရတဲ့ “မြို့တော်ဆေးရုံ”မှာ အချိန်မရွေး လာရောက်
ပြသနိုင်ပါပြီ။

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

💁‍♀️ စားသောက်မှုပုံစံကို အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သွေးတိုးရောဂါ ဖြစ်နိုင်ခြေတွေကို သိ...
23/06/2026

💁‍♀️ စားသောက်မှုပုံစံကို အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သွေးတိုးရောဂါ ဖြစ်နိုင်ခြေတွေကို သိသိသာသာ လျှော့ချနိုင်တယ်ဆိုတာ သင်သိပါသလား?

❤️ နှလုံးကျန်းမာရေးအတွက် ရွေးချယ်စားသောက်ခြင်းဟာ သင့်ခန္ဓာကိုယ်တစ်ခုလုံးကိုပါ တက်ကြွလန်းဆန်းလာစေမှာ အသေအချာပါပဲ။
အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့ (AHA) ရဲ့ လမ်းညွှန်ချက်တွေအရ လိုက်နာရမယ့် အခြေခံအချက် (၇) ချက် ရှိပါတယ်။

📌 လိုက်နာရမယ့်အချက်များ

✅ မျှတသော ကယ်လိုရီနှင့် ကိုယ်လက်လှုပ်ရှားမှု: မိမိခန္ဓာကိုယ်အတွက် လိုအပ်တာထက် ပိုမစားဘဲ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။ 🏃‍♂️

✅ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ: နေ့စဉ်စားသုံးမှုမှာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုထည့်သွင်းစားသုံးပါ။ 🥬🥦

✅ အာဟာရဖြစ်စေမယ့် ပရိုတင်း: အဆီနည်းတဲ့အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆံတွေကို ရွေးချယ်စားသုံးပါ။ 🫘

✅ အဆီ လျှော့စားပါ။ ချက်ပြုတ်ရာမှာ ဆီသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချပါ။

✅ ပြုပြင်ထားသော အစားအစာများ (Processed Food) တွေကို တတ်နိုင်သမျှ လျှော့စားပါ။

✅ အချိုနှင့် အငန် လွန်ကဲသော အစားအစာများ လျှော့စားပါ။

✅ အရက်၊ ဘီယာသောက်သုံးခြင်း ရှောင်ကြဉ်ပါ။

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

🚨အရေးပေါ်ကျန်းမာရေးအခြေအနေများနှင့် ကြုံတွေ့ရချိန်တွင် စနစ်တကျ တုံ့ပြန်အသက်ကယ်ဆယ်နိုင်စေရန်ရည်ရွယ်၍ City Hospital - မြို...
20/06/2026

🚨အရေးပေါ်ကျန်းမာရေးအခြေအနေများနှင့် ကြုံတွေ့ရချိန်တွင် စနစ်တကျ တုံ့ပြန်အသက်
ကယ်ဆယ်နိုင်စေရန်ရည်ရွယ်၍ City Hospital - မြို့တော်ဆေးရုံ မှ MIBA College ရှိ ကျောင်းသူကျောင်းသားများအတွက် BLS (Basic Life Support) Training ကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ Training တွင် အရေးပေါ်ရှေးဦးသူနာပြုစုနည်း၊ 𝐂𝐏𝐑 အသက်ကယ်နည်းစနစ်များနှင့် လေပြွန်ပိတ်ဆို့ခြင်းဆိုင်ရာ ဖြေရှင်းနည်းများကို City Hospital - မြို့တော်ဆေးရုံမှ အထူးကုခွဲစိတ်ဆရာဝန်ကြီး Dr. Kyaw Win Maw မှ အသေးစိတ်သင်ကြားပြသပေးခဲ့တဲ့ အမှတ်တရပုံရိပ်လေးများကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ…

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

😣ရင်ဘတ်အောင့်တာ၊ မောတာတင်မကဘဲ... မေးရိုးအောင့်တာ၊ လက်မောင်းအောင့်တာ၊ အသက်ရှူရ မွန်းကြပ်တာတွေဟာလည်း နှလုံးက သင့်ကို အန္တရ...
16/06/2026

😣ရင်ဘတ်အောင့်တာ၊ မောတာတင်မကဘဲ... မေးရိုးအောင့်တာ၊ လက်မောင်းအောင့်တာ၊ အသက်ရှူရ မွန်းကြပ်တာတွေဟာလည်း နှလုံးက သင့်ကို အန္တရာယ်ရှိနေပြီလို့ အချက်ပေးနေတဲ့ ‘တိတ်တဆိတ် သတိပေးချက်တွေ’ ဖြစ်နေနိုင်ပါတယ်။

🫀ကျွန်တော်တို့အများစုက နှလုံးသွေးကြောကျဉ်းတယ်၊ နှလုံးရောဂါထဖောက်တယ်ဆိုရင် ရင်ဘတ်ကြီးကို ဖိပြီး လဲကျသွားတာမျိုးပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ နှလုံးက သူ့ဆီကို သွေးနဲ့ အောက်ဆီဂျင် လုံလောက်အောင်မရတော့တဲ့အခါ ကျွန်တော်တို့ သတိမထားမိတဲ့ တခြားနေရာတွေကနေ လက္ခဏာပြပြီး သတိပေးတတ်ပါတယ်။

👉 မေးရိုးနဲ့ လည်ပင်းအောင့်ခြင်း
- နှလုံးကနာကျင်မှု အချက်ပြလှိုင်းတွေဟာ အာရုံကြောတွေကတစ်ဆင့် မေးရိုး၊ လည်ပင်းနဲ့ ပခုံးတွေဆီ ပျံ့နှံ့သွားတတ်ပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ဒီလက္ခဏာ ပိုပြတတ်ပါတယ်။

👉 ခြေသလုံးကြွက်သား နာကျင်ခြင်း
- လမ်းလျှောက်ရင် ခြေသလုံးက တင်းခဲပြီး နာလာတယ်၊ နားလိုက်ရင် ပျောက်သွားတယ်ဆိုရင် ဒါဟာ ခြေထောက်သွေးကြောတွေ ကျဉ်းနေတဲ့ လက္ခဏာတစ်ခုပါ။

👉 အစာမကြေသလိုဖြစ်ခြင်း/ ရင်ပြည့်ခြင်း
- ရင်ညွန့်နားကအောင့်ပြီး အစာမကြေ လေပွသလို ခံစားရတတ်ပါတယ်။

💁‍♀️ဘယ်လိုလူတွေ ပိုသတိထားရမလဲ ?

အထူးသဖြင့် သင့်မှာ ဒီအချက်တွေရှိနေရင် ပိုပြီး လုံးဝ (လုံးဝ) ပေါ့ဆလို့ မရပါဘူး။
- သွေးတိုး သို့မဟုတ် ဆီးချိုရောဂါ အခံရှိသူများ
- သွေးတွင်း အဆီဓာတ် (Cholesterol) မြင့်မားသူများ
- ဆေးလိပ် သို့မဟုတ် အီလက်ထရောနစ်ဆေးလိပ် (V**e) သောက်သူများ
- မိသားစုထဲမှာ နှလုံးရောဂါအမျိုးအနွယ် ရှိဖူးသူများ

ဒါကြောင့် အားကစားလုပ်ရင်ဖြစ်ဖြစ်၊ လမ်းလျှောက်ရင်ဖြစ်ဖြစ် မေးရိုးအောင့်တာ၊ ခြေသလုံးနာတာ၊ အသက်ရှူမဝဘဲ မောလာတာမျိုးတွေ ခဏခဏ ဖြစ်နေပြီဆိုရင် သက်ဆိုင်ရာနှလုံးနှင့် သွေးကြောဆိုင်ရာအထူးကုဆရာဝန်ကြီးတွေနဲ့ ပြသသင့်ပါတယ်။

တကယ်လို့ သင့်ပတ်ဝန်းကျင်မှာ နှလုံး၊ သွေးကြောဆိုင်ရာရောဂါနဲ့ ပတ်သက်ပြီး သံသယလက္ခဏာတွေရှိနေပါက “မြို့တော်ဆေးရုံ” တွင် ဝါရင့်ကျွမ်းကျင် နှလုံးနှင့်သွေးကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် နေ့စဉ်လာရောက်ပြသနိုင်ပါပြီ။

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

Address

Theikpan (101) Road, Between 65th & 66th Streets
Mandalay
05032

Alerts

Be the first to know and let us send you an email when City Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to City Hospital:

Shortcuts

Share