17/09/2026
ကိုယ်ဝန်ဆောင်ချိန်မှာ သွားသန့်ရှင်းရေးကိုလုပ်သင့်လား❓❓
ကိုယ်ဝန်ဆောင်ချိန်မှာ သွားသန့်ရှင်းရေးအတွက် သွားကျောက်ခြစ်တာ၊သွားနှုတ်တာမျိုးလုပ်တဲ့အခါ ရင်သွေးကိုပါ ထိခိုက်သွားမှာကိုစိုးရိမ်တတ်ကြပါတယ်။အမှန်တကယ်ကတော့ သွားနဲ့ခံတွင်း သန့်ရှင်းရေးလုပ်တာဟာဘေးကင်းရုံတင် မကဘဲ မဖြစ်မနေ လုပ်ပေးဖို့တောင် လိုအပ်ပါတယ်ရှင်။
ဘာကြောင့် သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ပိုဂရုစိုက်ဖို့လိုအပ်တာလဲ❓
🤰🏻ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာ
ကြောင့် သွားဖုံးတွေရောင်ရမ်းလွယ်တာ၊ သွေးထွက်လွယ်တာ တွေကနေ Pregnancy Gingivitis လို့ခေါ်တဲ့ (ကိုယ်ဝန်ဆောင် သွားဖုံးရောင်ရောဂါ)ကိုဖြစ်စေနိုင်ပါတယ်။
🤰🏻 နောက်တစ်ချက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတဲ့ Morning Sickness လို့ခေါ်တဲ့ (မနက်ခင်း အော့အန်ခြင်း) အခြေအနေမှာ အန်ထွက်လာတဲ့ အက်ဆစ်ဓာတ်တွေက သွားကြွေလွှာကို ပျက်စီးစေပြီး သွားပိုးစားလွယ်စေပါတယ်။
🤰🏻 ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ်ဝန်နုတဲ့ကာလ ပထမ (၃) လပတ်နဲ့ ကိုယ်ဝန်ရင့်တဲ့ကာလ တတိယ (၃) လပတ် ကိုရှောင်ပြီး ဒုတိယ (၃) ပတ်အတွင်းမှာ သွားကျောက်ခြစ်တာ၊ မဖြစ်မနေအခြေအနေကြောင့် သွားနှုတ်တာမျိုးကို အန္တရာယ်ကင်းကင်းနဲ့ လုပ်နိုင်ပါတယ်ရှင်။
⚠️ သွားသန့်ရှင်းရေးနဲ့ သွားဖုံးကျန်းမာရေးကို ဂရုမစိုက်မိတာကြောင့် သွားဖုံးရောင်ရောဂါ ပြင်းထန်လာတယ်ဆိုရင်တော့ ကလေးကို လမစေ့ဘဲ မွေးတာ၊ ပေါင်မပြည့်ဘဲ မွေးတာမျိုးတွေကို ဖြစ်စေနိုင်တာမို့ သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို ပို ဂရုစိုက်ပေးဖို့ သတိပေးပါရစေနော်။
မိခင်ရော ရင်သွေးပါ ကျန်းမာစေဖို့ ဂရုတစိုက်နဲ့
သွားနဲ့ခံတွင်းဆိုင်ရာ ကုသမှု ခံယူချင်သူများအတွက် “မန္တလာ သွားဆေးခန်း” မှာ ကျွမ်းကျင်သောဆရာဝန်ကြီးများနဲ့အသေးစိတ်လာရောက်ဆွေးနွေးနိုင်ကြောင်းသတင်းကောင်းပါးလိုက်ပါရစေရှင်။🥰
“သွားနှင့်ခံတွင်းကျန်းမာ မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“
“မန္တလာသွားဆေးခန်း”
☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲