Zay Yan Pharmacy ဇေယံဆေးဆိုင်

Zay Yan Pharmacy ဇေယံဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zay Yan Pharmacy ဇေယံဆေးဆိုင်, Medical and health, လမ်း ၆၀/၁၀ လမ်းနှင့် ၁၁ လမ်းကြား နန်းရှေ့ မန္တလေး, Mandalay.

27/07/2026

ဇေယံဆေးဆိုင်၏ စဖွင့်စကနေ ရက် ၂၀ အတွင်းပြောင်းလဲမှုလေး😍

16/07/2026
ဝန်ထမ်းအမြန်အလိုရှိသည်👩‍💻ဇေယံဆေးဆိုင် တွင် တာဝန်ထမ်းဆောင်ရန်အတွက် ရိုးသားကြိုးစားပြီး ရေရှည်လက်တွဲလုပ်ကိုင်နိုင်မည့် ဆေး...
25/06/2026

ဝန်ထမ်းအမြန်အလိုရှိသည်

👩‍💻ဇေယံဆေးဆိုင် တွင် တာဝန်ထမ်းဆောင်ရန်အတွက် ရိုးသားကြိုးစားပြီး ရေရှည်လက်တွဲလုပ်ကိုင်နိုင်မည့် ဆေးရောင်းအကူ ဝန်ထမ်း (မ) (၁) ဦး အမြန်အလိုရှိပါသည်

👩‍💻ဆေးဆိုင်လုပ်ငန်းအတွေ့အကြုံ ရှိသူများကို ဦးစားပေးမည်

👩‍💻အများသူငါနှင့် ဆက်ဆံရေး ပြေပြစ်ပြီး ဝန်ဆောင်မှုပေးလိုစိတ် (Service Mind) ရှိရပါမည်။

👩‍💻ရိုးသားအေးဆေးပြီး အကျင့်စာရိတ္တကောင်းမွန်သူ၊ ဆိုင်စည်းကမ်း လိုက်နာနိုင်သူ ဖြစ်ရပါမည်။

🏡တည်နေရာ
ဇေယံဆေးဆိုင်
လမ်း ၆၀၊ ၁၀ လမ်းနှင့် ၁၁ လမ်းကြား၊
နန်းရှေ့ ၊မန္တလေးမြို့။
0943015409,09975903902

ဒူးနာတာဟာ အသက်ကြီးမှ ဖြစ်တာတင်မဟုတ်ဘဲ အနေအထိုင်မမှန်တာ၊ ကိုယ်အလေးချိန်များတာနဲ့ အားကစားဒဏ်ရာတွေကြောင့် လူငယ်တွေမှာလည်း အ...
24/06/2026

ဒူးနာတာဟာ အသက်ကြီးမှ ဖြစ်တာတင်မဟုတ်ဘဲ အနေအထိုင်မမှန်တာ၊ ကိုယ်အလေးချိန်များတာနဲ့ အားကစားဒဏ်ရာတွေကြောင့် လူငယ်တွေမှာလည်း အဖြစ်များလာပါတယ်။ ဒါကြောင့် ဒူးနာဝေဒနာကို သက်သာစေဖို့နဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

🔍 သင့်ဒူး ဘာကြောင့် နာရတာလဲ?

၁။ အဆစ်အမြစ်ရောင်ရမ်းခြင်း (Arthritis): အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ သဘာဝအဆစ်ပွန်းခြင်း။

၂။ ကိုယ်အလေးချိန်များခြင်း: ခန္ဓာကိုယ်အလေးချိန် များလွန်းတဲ့အခါ ဒူးဆစ်တွေပေါ်မှာ ဖိအားဒဏ် ပိုသက်ရောက်စေပါတယ်။

၃။ နေထိုင်မှုပုံစံ မမှန်ခြင်း: ဆောင့်ကြောင့်ထိုင်တာ၊ ဒူးခွေထိုင်တာ ကြာရင် ဒူးဆစ်ကို ဒဏ်ဖြစ်စေပါတယ်။

၄။ ဒဏ်ရာရရှိခြင်း: အားကစားလုပ်ရင်း သို့မဟုတ် ချော်လဲရာကနေ ဒူးအရွတ်ပြဲတာ၊ ဒူးဆစ်လွဲတာတွေ ဖြစ်နိုင်ပါတယ်။

💡 ဒူးနာဝေဒနာ ချက်ချင်းသက်သာစေမယ့် "R.I.C.E" နည်းလမ်း
ဒူး ရုတ်တရက် နာလာရင် ဒါမှမဟုတ် ယောင်လာရင် အိမ်မှာတင် ဒီနည်းလမ်းလေးနဲ့ အရေးပေါ် ကုသနိုင်ပါတယ်။

R - Rest (အနားယူပါ): ဒူးကို အသုံးမပြုဘဲ အနားပေးပါ။ လမ်းအများကြီးလျှောက်တာ၊ အလေးအပင်မတာ ရှောင်ပါ။

I - Ice (ရေခဲကပ်ပါ): တစ်ခါကပ်ရင် မိနစ် ၂၀ ခန့်၊ တစ်နေ့ ၃ ကြိမ်ကနေ ၄ ကြိမ်အထိ ရေခဲဝတ် ကပ်ပေးပါ။ (ရောင်ရမ်းမှု ကျစေပါတယ်)

C - Compression (စည်းနှောင်ပါ): ဒူးစွပ် စွပ်ထားတာ ဒါမှမဟုတ် ပတ်တီးစကြိုးနဲ့ သင့်တော်သလို စည်းထားပေးပါ။ (အရမ်းတင်းကျပ်စွာ မစည်းရပါ)

E - Elevate (မြှင့်ထားပါ): အိပ်တဲ့၊ နားတဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးလေးခံပြီး နှလုံးထက်မြင့်တဲ့ အနေအထားမှာ ထားပေးပါ။

🏋️‍♂️ ဒူးကျန်းမာရေးအတွက် ရေရှည်ကာကွယ်နည်းများ

ကိုယ်အလေးချိန် ထိန်းညှိပါ: ဝိတ်နည်းနည်းကျသွားတာနဲ့တင် ဒူးပေါ်ကျတဲ့ ဖိအားက တော်တော်လေး လျော့သွားပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ: ပေါင်ကြွက်သားနဲ့ ခြေသလုံးကြွက်သား သန်မာစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပေးရင် ဒူးဆစ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ (လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းက ဒူးအတွက် ကောင်းမွန်ပါတယ်)

ထိုင်ခုံနဲ့ ထိုင်ပါ: ကြမ်းပြင်မှာ ဒူးခွေထိုင်တာ၊ ဆောင့်ကြောင့်ထိုင်တာတွေကို တတ်နိုင်သမျှ ရှောင်ပြီး ထိုင်ခုံနဲ့ ထိုင်တဲ့ အလေ့အထ လုပ်ပေးပါ။

⚠️ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသမလဲ?
ဒူးက အရမ်းရောင်ပြီး နီရဲပူနွေးနေရင်၊ ခြေထောက်ကို မြေကြီးပေါ် အားပြုပြီး လုံးဝမချနိုင်ရင်၊ ဒါမှမဟုတ် ဖျားတာနဲ့ တွဲဖြစ်လာရင်တော့ အိမ်တွင်းကုထုံးတွေနဲ့ မစောင့်ဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ဒူးတစ်စုံနဲ့ ဘဝကို စိတ်ကြိုက် လျှောက်လှမ်းနိုင်ကြပါစေ။ ❤️

✨ သင့်ရဲ့သူငယ်ချင်းတွေ၊ မိဘဘိုးဘွားတွေထဲမှာ ဒူးနာလို့ ညည်းနေတဲ့သူတွေရှိရင် သူတို့လေးတွေ သိသွားအောင် ဒီ Post လေးကို Share ပေးလိုက်ဦးနော်။

သတိပြုစရာခွေးရူးပြန်ရောဂါ (ကျန်းမာရေးပညာပေးဆောင်းပါး)ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၁၇ ရက်)မြ...
29/10/2024

သတိပြုစရာခွေးရူးပြန်ရောဂါ (ကျန်းမာရေးပညာပေးဆောင်းပါး)

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၁၇ ရက်)

မြန်မာလူမျိုးတွေဟာ တိရိစ္ဆာန်လေးတွေကို ချစ်တတ်ကြပါတယ်။ ခွေး‌လေးတွေ ကြောင်လေးတွေကို ခွေး‌လေး ကြောင်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မြတ်မြတ်နိုးနိုးနဲ့ ကြင်နာစွာ မွေးမြူကြပါတယ်။ လမ်းဘေးမှာလေလွင့်နေတဲ့ တိရစ္ဆာန် ခွေး၊ ကြောင်စတဲ့ ပိုင်ရှင်မဲ့ သတ္တဝါလေးတွေကိုပင်လျှင် မေတ္တာထားစောင့်ရှောက်ကြ ပါတယ်။

လက်ရှိမှာလည်း ခွေး‌စောင့်ရှောက်ရေး၊ ကြောင်စောင့်ရှောက်ရေး ဂေဟာတွေ ခွေးကယ်တင်ကူညီရေးအဖွဲ့တွေ အများကြီး ရှိနေပါတယ်။ ဒီလိုချစ်ဖို့ကောင်းတဲ့ ဖော်ရွေ ပျူငှာကြင်နာတတ်တဲ့ တိရစ္ဆာန် ချစ်သူတွေဟာ ခွေးလေးတွေကို ရောဂါကုသပေးတာ ခွေးကောင်ရေထိန်းချုပ်ဖို့အတွက် သားကြောဖြတ်ပေးတာမျိုးတွေ အထိလုပ်ပေး ကြပါတယ်။

အဲ့ဒီလို နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ကြောက်စရာ ကောင်းတဲ့ ခွေးရူးပြန်ရောဂါ အကြောင်းကို သိထားဖို့ လိုကို လိုအပ်ပါတယ်။

#ခွေးရူးပြန်ရောဂါဆိုတာ

ခွေးရူးပြန်ရောဂါဆိုတာ ခွေးရူးပြန်ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်မှ တစ်ဆင့် လူကို ကူးစက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ ခွေးရူးပြန်ဆိုတဲ့ နာမည်အတိုင်း ခွေးကိုက်ခံရခြင်း ကနေ အဓိက ကူးစက်ပါတယ်။ ကြောင် ၊ ကြွက်၊ ရက်ကွန်းဝက်ဝံငယ် ၊ ပူး ၊ ရှဉ့် ၊ ယုန် ၊ လင်းနို့ ၊ မြင်း၊ မျောက် နဲ့ အခြားတိရစ္ဆာန်‌တွေလည်း ခွေးရူးပြန်ရောဂါကူးစက်နိုင် ပါတယ်။

လူကို ကူးစက်တဲ့အခါ ခွေးကိုက်ခံရမှသာ ကူးတာမဟုတ်ပါဘူး။ ခွေးအပါအ၀င် ရောဂါသယ်‌ဆောင်တဲ့ တိရစ္ဆာန်နဲ့ အဲ့ဒီတိရိစ္ဆာန်ရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ (တံတွေး သွားရည်) အရည်တွေနဲ့ ကိုယ့်ခန္ဓာမှာရှိတဲ့ ဒဏ်ရာကို ထိမိရင်လည်း ကူးစက်တတ် ပါတယ်။

#ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး(Rabies Virus)

ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးက ကျည်ဆံတောင့်လေးလို ပုံစံရှိပါတယ်။ သူက ခွေးရူးပြန်နေတဲ့ တိရစ္ဆာန်ရဲ့ တံတွေး၊ သွားရည်တို့မှာရှိနေပါတယ်။ တိရစ္ဆာန်က ကိုက်ခဲလိုက်တဲ့ အချိန်မှာ သွားရည်ထဲမှာရှိတဲ့ ပိုးကခန္ဓာကိုယ်ထဲ ဝင်သွားပြီး ကူးစက်ပါပြီ။ ပုံမှန်အကောင်း အတိုင်းရှိနေတဲ့ အ‌ရေပြားကို ပိုးကဖြတ်သန်းပြီးတော့ မကူးစက်နိုင်ပေမယ့် ထိခိုက်ရှနာ ဒဏ်ရာကို ခွေး၊ ကြောင်တွေရဲ့ သွားရည်တွေနဲ့ ထိမိရင်လည်း ကူးနိုင်ပါတယ်။

ရူးနေတဲ့ ခွေး ကိုက်မှသာ ကူးစက်ခံရတာလို့ ထင်နေကြပါတယ်။ တကယ်တမ်းတော့ ရောဂါပိုးသယ်ဆောင်ထားတဲ့ မရူးသေးတဲ့ခွေး‌၊ ကြောင် ကိုက်လျှင်လည်း ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

ရှားရှားပါးပါး လင်းနို့ခို‌အောင်းတဲ့ဂူရဲ့လေထုထဲမှာ ခွေးရူးပိုးတွေပျံ့နှံ့ကူးစက်တတ် ကြောင်းလည်း မှတ်သားဖူးပါတယ်။

ခွေးနဲ့ရောဂါပိုးကူးစက်နိုင်တဲ့ တိရစ္ဆာန်တွေဟာ ရောဂါရပြီး ၁၀ရက်မှ ၁၄ရက်အတွင်းမှာ အရင်လို မဟုတ်တော့ဘဲ အမူအကျင့်‌တွေပြောင်းလဲပြီး ခွေးရူးရောဂါ လက္ခဏာတွေ ပေါ်ပါတယ်။

ခွေးရူးပြန်ဗိုင်းရပ်စ်ပိုးတွေက အကိုက်ခံရတဲ့နေရာကြွက်သားတွေဆီမှ အာရုံကြောကို ပြန့်နှံ့ပြီး ဦးနှောက်ထဲကို ရောက်သွားပါမယ်။ ဦးနှောက်ရောင်ရမ်းပြီး ပွားများလာတဲ့ ရောဂါပိုး‌တွေက တံတွေးဂလင်းဆီ ရောက်သွားပါတယ်။ တံတွေးသွားရည်တွေကနေ ရောဂါကို နောက်ထပ်ဖြန့်ဝေ ကူးစက်စေတော့မှာပါ။ နောက်ဆုံးမှာခွေးရူးဖြစ်ပြီး သေပါတယ်။

#ခွေးရူးပြန်ခြင်းလက္ခဏာများ

ရူးပြန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်ရဲ့ အမူအယာဟာ ပုံမှန်မဟုတ်တော့ဘဲ ထူးခြားလာပါတယ်။ သွားရည်တများများ ထွက်လာမယ်။ ရန်လိုတတ်လာမယ်၊ ဒေါသထွက်ပြီး သခင်အပါအဝင် လူတွေကို မန်ဖီမယ်။ ကိုက်လာမယ်။ အချို့ကတော့ ဒီလိုကြမ်းတမ်းရန်လိုတဲ့ လက္ခဏာတွေမပြဘဲ တစ်သီးတစ်ခြား ငြိမ်နေတဲ့ ခွေးရူးပြန်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

ကိုက်တဲ့ခွေးကို ရိုက်သတ်လိုက်ရင် အကိုက်ခံရသူဟာ ရောဂါမကူးတော့ဘူး ဆိုပြီး မှားသိ‌နေကြ တာရှိပါတယ်။ ခွေးကို ရက်သတ္တပတ် နှစ်ပတ်တိတိ စောင့်ကြည့်ရပါမယ်။ ကိုက်တဲ့ခွေးက ကိုက်ပြီး ၁၄ရက်ကျော်တဲ့အထိ မသေလျှင် ခွေးရူးပြန်လက္ခဏာတွေ မပြတော့လျှင် ခွေးကောင်းလို့ ဆုံးဖြတ်နိုင်ပါတယ်။

ခွေးရူးအကိုက်ခံရပြီး သုံးလအတွင်းမှာ ခွေးရူးပြန်ရောဂါဖြစ်တတ်ပါတယ်။ တစ်ခါ တလေမှာ ရောဂါက ခိုအောင်းနေကာ ခွေးကိုက်ခံရပြီး ဆယ်စုနှစ် တစ်ခုကြာမှ ခွေးရူး ပြန်ရောဂါလက္ခဏာဖြင့် အသက်သေဆုံးခဲ့တာတွေလည်း တွေ့မြင်ကြုံဆုံခဲ့ဖူးပါတယ်။

ခွေးရူးပြန်ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်ပါဘူး။ ရောဂါအဆင့် ဖြစ်ပြီးမှ အသက်ရှင် ကျန်တဲ့လူနာဦးရေ ကမ္ဘာပေါ်မှာ မရှိသလောက်ကို နည်းပါးပါတယ်။ ရာနှုန်းပြည့် သေတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ကြောက်မက်ဖွယ်ခွေးရူးပြန်ရောဂါ၏အ‌ဆုံးသတ် နှစ်မျိုးအကြောင်း

#ရန်လိုသောပုံစံခွေးရူးပြန်ရောဂါ(Furious rabies)

ဒီလိုအရာမျိုးကို အတွေ့ရများပါတယ်။ ဂနာမငြိမ်ဆောက်တည်ရာမရ လှုပ်လှုပ်ရှားရှား ခံစားနေရပါမယ်။ ကယောင်ချောက်ခြားဖြစ်ပြီး ပြောမရ ဆိုမရ ‌သောင်းကြမ်းအော်ဟစ် နေပါမယ်။ ရေဆာပေမယ့် လည်ပင်းကြွက်သားတွေ တောင့်တင်းနေတာကြောင့် ရေသောက်လို့မရဘဲ ရေကြောက်နေပါမယ်။ ရေငတ်ပြီး ဒေါသအလွန် ထွက်နေပါမယ်။ လေတိုက်တာကိုပင်လျှင် ကြောက်ရွံနေတတ်ပါတယ်။ အဲ့ဒီလို လက္ခဏာတွေ ပေါ်လာပြီးနောက် နှလုံးနဲ့ အသက်ရှုအင်္ဂါများ အလုပ်မလုပ်‌မလုပ်တော့ဘဲ ထိခိုက် ပျက်စီးပြီး ရက်အနည်းငယ်အတွင်း အသက်ဆုံးရှုံးမှာ ဖြစ်ပါတယ်။

#အကြောသေခွေးရူးပြန်ရောဂါ(Paralytic Rabies)

အတွေ့ရနည်းပါတယ်။ ကြွက်သားများသည်တဖြည်းဖြည်း အကြောသေ အင်အားချည့်နဲ့ လာပြီး သတိလစ်မေ့မျောခြင်း နဲ့ အဆုံးသတ်ပါတယ်။ အသက်ရှုကြွက်သားများ အလုပ် မလုပ်တော့တဲ့အခါမှာ အသက်ရှူရပ်ပြီး အသက်သေဆုံးပါတယ်။

#ခွေးရူးရောဂါကာကွယ်ရန်
ခွေးရူးရောဂါကာကွယ်ဖို့အတွက် အိမ်မွေးတိရိစ္ဆာန်တွေကို ကြိုတင်ပြီး ခွေးရူးပြန် ကာကွယ်ဆေးထိုးရပါမယ်။ ခွေးကိုက်မခံရအောင် ကြောင်ကိုက်မခံရအောင် ဆင်ခြင် ကာကွယ်ရပါမယ်။

တိရစ္ဆာန်ရောဂါကုဆရာဝန်များ၊ တိရစ္ဆာန်များနှင့် ထိတွေ့ကိုင်တွယ်အလုပ်လုပ်‌ နေရ သူများကတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားသင့်ပါတယ်။

တောရိုင်းတိရိစ္ဆာန်အကိုက်ခံရခြင်း၊ ခွေးကိုက်ခံရခြင်း တို့လိုမျိုး ခွေးရူးပြန်ရောဂါ ဖြစ်နိုင်ခြေနဲ့ကြုံတွေ့ပြီဆိုရင် (Post-exposure prophylaxis - PEP) ရောဂါပိုးကို ထိတွေ့ အပြီးကာကွယ်ခြင်း နည်းနဲ့ သေချာကုသရပါမယ်။

အနာကို ငါးမိနစ် ဆယ်မိနစ်ခန့် ရေဖြင့်ဆေးကြောပါ။ ဆပ်ပြာအသုံးပြု နိုင်ပါတယ်။ ဒဏ်ရာကိုသန့်ရှင်း‌ရေးလုပ်ခြင်း ဆေးထည့်ခြင်းများလုပ်ပြီး ပြုစုကုသရပါမယ်။ ဒဏ်ရာကို ချုပ်ကြိုးသုံးပြီး ပိတ်ချုပ်ခြင်းများ မလုပ်ဆောင်သင့်ပါဘူး။

ဒဏ်ရာရတဲ့ နေရာနဲ့ ပြင်းထန်မှုကို မူတည်ပြီး အဆင့်ခွဲရပါမယ်။ အဆင့်အလိုက်လို အပ်သလိုကုသရပါမယ်။ ခွေးရူးပြန်ကာကွယ်ဆေး RVA အကြိမ်ရေ အပြည့်ထိုးနှံ ရပါမယ်။ ဒဏ်ရာကြီးပြီး အဆင့်သတ်မှတ်ချက်များပါက Rabies Immunoglobulin ခွေးရူးအဆိပ်ဖြေဆေးကိုပါ ခန္ဓာကိုယ်အလေးချိန်နဲ့ တွက်ချက်ပြီး စနစ်တကျထိုးနှံ ပေးရပါမယ်။

Address

လမ်း ၆၀/၁၀ လမ်းနှင့် ၁၁ လမ်းကြား နန်းရှေ့ မန္တလေး
Mandalay

Telephone

+959975903902

Website

Alerts

Be the first to know and let us send you an email when Zay Yan Pharmacy ဇေယံဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share