Akari Pharma Distribution

Akari Pharma Distribution Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Akari Pharma Distribution, Medical and health, Mandalay.

ဆောင်းတွင်းဝင်လာတာနဲ့ နှာချေတယ် နှာရည်ယိုတယ် ချောင်းဆိုးတယ် လည်ပင်းနာတယ် စသဖြင့် အမျိုးစုံတဲ့ ပြဿနာတွေကိုရင်ဆိုင်လာရပါတယ...
24/12/2024

ဆောင်းတွင်းဝင်လာတာနဲ့ နှာချေတယ် နှာရည်ယိုတယ် ချောင်းဆိုးတယ် လည်ပင်းနာတယ် စသဖြင့် အမျိုးစုံတဲ့ ပြဿနာတွေကိုရင်ဆိုင်လာရပါတယ်🤧
ဒီအမျိုးစုံတဲ့ပြဿနာတွေက ဒီနားမှာတင်ပြီးမသွားဘဲ အအေးမိတာနဲ့ တုပ်ကွေးအဆင့်ထိကိုရောက်လာပါတော့တယ်။😣
တုပ်ကွေးဟာ အေးတဲ့ရာသီဥတုမှာ ပိုမိုကူးစက်လွယ်တဲ့အပြင် အသက်ရှုလမ်းကြောင်းများမှတဆင့် စတင်ကူးစက်ပါတယ် 👃👄
ဒါ့ကြောင့် ဒီလို အအေးပိုလာတဲ့အချိန်တွေမှာ တုပ်ကွေးကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို Akari Pharma Distribution မှ မျှဝေပေးလိုက်ပါတယ်😉

တုပ်ကွေးကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကတော့
💉 တုပ်ကွေးကာကွယ်ဆေးထိုးခြင်း
🧼လက်ကို သန့်စင်အောင် မကြာခဏဆေးပေးခြင်း
🍚😴 အစားအသောက်နဲ့ အိပ်စက်ချိန်တွေကို ဂရုစိုက်ခြင်း
🥗ကိုယ်ခံအားကောင်းစေမယ့် အစားစာများစားခြင်း တို့ပဲဖြစ်ပါတယ်

တုပ်ကွေးဟာ ပြင်းထန်ပြီး တစ်ကိုယ်လုံးကို နာကျင်အောင် ခံစားရနိုင်တာကြောင့် မဖြစ်ခင်ကကြိုတင်ကာကွယ်ကြဖို့ Akari Pharma Distribution မှ တိုက်တွန်းလိုက်ရပါတယ်❤️

ဦးနှောက်နဲ့အာရုံကြောရောဂါတွေကြောင့် စိတ်ညစ်နေပြီလား?🤔Neuro Care နဲ့ဆို အာရုံကြောအားနည်းတဲ့ရောဂါတွေကို စိတ်ပူစရာမလိုတော့ဘ...
13/12/2024

ဦးနှောက်နဲ့အာရုံကြောရောဂါတွေကြောင့် စိတ်ညစ်နေပြီလား?🤔

Neuro Care နဲ့ဆို အာရုံကြောအားနည်းတဲ့ရောဂါတွေကို စိတ်ပူစရာမလိုတော့ဘူးနော်😎

Neuro Care မှာ ဦးနှောက်နဲ့အာရုံကြောကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်စာတွေ ပါဝင်ပြီး အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေတဲ့အပြင် ခေါင်းတခြမ်းကိုက်တဲ့ဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ် 👀

အခုထိ ဦးနှောက်နဲ့အာရုံကြောရောဂါတွေကြောင့် စိတ်ညစ်နေတုန်းပဲလား?🙂‍↕️
မလိုလားအပ်ဘဲ ဖြစ်လာနိုင်တဲ့ ဦးနှောက်နဲ့အာရုံကြောရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အခုပဲ Neuro Care ကို Akari Pharma Distribution မှတဆင့် မှာယူလိုက်တော့နော်🥰❤️

(ဦးနှောက်နဲ့ အာရုံကြောကျန်းမာရေးဖြည့်စွက်ဆေးဝါးဖြစ်တဲ့ Neuro Care ကို Akari Pharma Distributionမှ အထက်မြန်မာပြည် ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိလျက်ရှိပါသည်။)


ခန္ဓာကိုယ်မှာ အရိုးတွေဟာ အထိုင်အထ၊အသွားအလာနဲ့ မတ်မတ်ရပ်နိုင်ဖို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေတာကြောင့် အရိုးကျန်းမာရေးကိ...
11/12/2024

ခန္ဓာကိုယ်မှာ အရိုးတွေဟာ အထိုင်အထ၊အသွားအလာနဲ့ မတ်မတ်ရပ်နိုင်ဖို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေတာကြောင့် အရိုးကျန်းမာရေးကိုလည်းသေချာဂရုစိုက်ပေးသင့်ပါတယ်✅

နေ့စဉ်လှုပ်ရှားမှုတွေကို အဟန့်အတားဖြစ်စေတဲ့ ဒူးနာ၊ခါးနာတဲ့စတဲ့ ပြဿနာများကို ထိရောက်စွာဖြေရှင်းနိုင်ဖို့အတွက် Joint Support အရိုးအားဖြည့်ဆေးလေးကို နေ့စဉ်ပုံမှန်သောက်သုံးသင့်ပါတယ် 😊

Joint Support အရိုးအားဖြည့်ဆေးလေးကို သက်ကြီးရွယ်အိုများသာမက အရိုးတွေကို သန်မာစေဖို့ ဖြည့်စွက်ဆေးအနေနဲ့လည်းသောက်သုံးလို့ရပါတယ်နော်🤗

အသက်အရွယ်မရွေး လှုပ်ရှားမှုတိုင်းမှာ သန်မာနေစေဖို့ Joint Support အရိုးအားဆေးကို Akari Pharma Distribution မှာ အခုပဲဝယ်ယူလိုက်တော့နော် ❤️🥰

ကလေးက အစားရွေးတယ် အစားနည်းတယ် ခဏခဏဖျားတယ် စတာတွေဟာ မေမေတို့အမြဲတမ်းညည်းညူလေ့ရှိကြတဲ့ စကားတွေပါပဲ🥲တန်ဖိုးရှိတဲ့သားသားမီးမ...
10/12/2024

ကလေးက အစားရွေးတယ် အစားနည်းတယ် ခဏခဏဖျားတယ် စတာတွေဟာ မေမေတို့အမြဲတမ်းညည်းညူလေ့ရှိကြတဲ့ စကားတွေပါပဲ🥲

တန်ဖိုးရှိတဲ့သားသားမီးမီးလေးတွေ ကျန်းမာဖွံ့ဖြိုးပြီး ကိုယ်ခံအားကောင်းစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်တွေပါဝင်တဲ့ Juni Vit လေးနဲ့ဆို မေမေတို့ ခေါင်းခဲစရာမလိုတော့ဘူးနော်🤗

Juni Vit မှာ ကလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်အုပ်စုတွေပါဝင်လို့ အစားစားချင်စိတ်ကိုဖြစ်ပေါ်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်🤗

အစားရွေးတဲ့ သားသားမီးမီးတို့ ကျန်းမာဖွံ့ဖြိုး ဉာဏ်ရည်တိုးပြီး ကိုယ်ခံအားကောင်းမွန်စေဖို့
Juni Vit ကို ရွေးချယ်တိုက်ကျွေးလိုက်တော့နော်❤️

(ကျန်းမာရေးဖြည့်စွက်ဆေးဝါးဖြစ်တဲ့ Juni Vit ကို Akari Pharma Distributionမှ အထက်မြန်မာပြည် ကိုယ်စားလှယ်အဖြစ် တရားဝင်တင်သွင်းဖြန့်ချိလျက်ရှိပါသည်။)

ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ အသည်းဟာ စားသုံးလိုက်တဲ့အစားအစာတွေရဲ့ အာဟာရဓါတ်နဲ့ အရက်ရဲ့ အဆိပ်ဓာတ်ကို ပြောင်း...
04/12/2024

ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ အသည်းဟာ စားသုံးလိုက်တဲ့အစားအစာတွေရဲ့ အာဟာရဓါတ်နဲ့ အရက်ရဲ့ အဆိပ်ဓာတ်ကို ပြောင်းလဲ သန့်စင်ပေးပါတယ်🤗

ဆီးချိုရောဂါ၊ကင်ဆာရောဂါအတွက်သောက်ရတဲ့ဆေးတွေရဲ့ အကျိုးသက်ရောက်မှုဟာ အသည်းမှာ သွားစုတတ်ပါသေးတယ် 🫥

ဒီလိုလုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ပေးနေရတဲ့ အသည်းကို Heparsil နဲ့ ဂရုစိုက် ကာကွယ်လို့ရပြီနော်🥰😍

Heparsil က အရက်သောက်သူများသာမက ဒီလိုဆေးတွေစွဲသောက်နေရတဲ့သူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်✅

အသည်းရဲ့လုပ်ဆောင်မှုစွမ်းရည်ကိုမြှင့်တင်ပေးတဲ့ Heparsil ကို အစားစားပြီးတိုင်း တစ်ရက်တစ်လုံးပုံမှန်သုံးစွဲပေးနိုင်ပါတယ်💊

ဒါ့ကြောင့် စွဲသောက်နေရတဲ့ဆေးတွေ၊အပြင်စာတွေ၊အဆီအစိမ့်တွေနဲ့ အရက်တွေကြောင့် မကျန်းမမာဖြစ်လာရတဲ့ အသည်းကို Heparsil နဲ့ ကာကွယ် ဂရုစိုက်ပေးလိုက်ကြရအောင်နော်🥰❤️

Akari Pharma Distribution ဟာ လူတိုင်းရဲ့ ကျန်းမာရေးအတွက် အရည်အသွေးပြည့်မှီတဲ့ ဆေးဝါးများကို ဖြန့်ဖြူးပေးလျက်ရှိပါတယ်🤗ဒီတ...
28/11/2024

Akari Pharma Distribution ဟာ လူတိုင်းရဲ့ ကျန်းမာရေးအတွက် အရည်အသွေးပြည့်မှီတဲ့ ဆေးဝါးများကို ဖြန့်ဖြူးပေးလျက်ရှိပါတယ်🤗

ဒီတစ်ခါမှာတော့ Akari Pharma Distribution မှတင်သွင်းဖြန့်ချိပေးနေတဲ့ ဆေးဝါးလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်😍❤️

🧠ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးဖြည့်စွက်စာဖြစ်တဲ့
𝗡𝗲𝘂𝗿𝗼 𝗖𝗮𝗿𝗲

⚕️ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ Multi Vitamins ဖြည့်စွက်ဆေးဝါးဖြစ်တဲ့
𝗠𝘂𝗹𝘁𝗶 𝗩𝗶𝘁 နဲ့
𝗩𝗠 𝗣𝗹𝘂𝘀

👶သားသားမီးမီးတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့်
𝗝𝘂𝗻𝗶 𝗩𝗶𝘁

👴သက်ကြီးရွယ်အိုများရဲ့ အရိုးကျန်းမာရေးအတွက်
𝗝𝗼𝗶𝗻𝘁 𝗦𝘂𝗽𝗽𝗼𝗿𝘁

💊အသည်းရဲ့လုပ်ဆောင်မှုစွမ်းအင်ကို မြှင့်တင်ပေးတဲ့
𝗛𝗲𝗽𝗮𝗿𝘀𝗶𝗹
တို့ပဲဖြစ်ပါတယ်

Akari Pharma Distribution မှတင်သွင်းတဲ့ ဆေးဝါးတွေဟာ India နိုင်ငံမှ‌ အရည်အသွေးမြင့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံFDA အသိအမှတ်ပြုလက်မှတ်များရရှိထားတာဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူရရှိနိုင်ကြောင်း သတင်းကောင်းလေး ပါးလိုက်ရပါတယ်❤️🥰






သောက်သုံးနေတဲ့ဆေးဝါးတွေရဲ့ ဆေးညွှန်းတွေကိုဖတ်ဖူးကြရဲ့လား?🤔အနာသိရင်ဆေးရှိတယ်ဆိုသလို ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို တိတိကျကျ...
23/11/2024

သောက်သုံးနေတဲ့ဆေးဝါးတွေရဲ့ ဆေးညွှန်းတွေကိုဖတ်ဖူးကြရဲ့လား?🤔

အနာသိရင်ဆေးရှိတယ်ဆိုသလို ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို တိတိကျကျသိမှ ဘာဆေးသောက်ရမယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။✅

ဆေးသောက်တယ်ဆိုတဲ့ နေရာမှာ ဆေးဆိုင်တွေမှာ ဆေးစာမပါဘဲဝယ်လို့ရတဲ့ OTC(Over the counter) နဲ့ ဆရာဝန်ထောက်ခံချက်ပါမှသောက်လို့ရတဲ့ prescription ဆိုပြီး (၂)မျိုးရှိပါတယ်။☺

ဆေးသောက်တယ်ဆိုတာကလွယ်ကူပါတယ် ရေနဲ့ဆေးကို အလွယ်တကူ သောက်ချလိုက်ရုံပါပဲ။ဒီနေရာမှာ အရေးကြီးတာက ဆရာဝန်ထောက်ခံချက်နဲ့ ဝယ်ယူရတဲ့ဆေးတွေဟာ ပြဿနာသိပ်မရှိပေမယ့် OTC ဆေးတွေကတော့ ခံစားနေရတဲ့ ရောဂါအတွက် ထုတ်လုပ်ထားတဲ့ ဆေးကို စနစ်တကျသောက်မှသာ အကျိုးရှိမှာဖြစ်ပါတယ်။🤗

ဆေးတွေထဲမှာ အစာအိမ်ဆေးအချို့ကတော့ ထမင်းမစားခင်သောက်ရတာ၊ဝါးစားရတာတွေရှိတတ်ပါတယ်။အကိုက်အခဲပျောက်ဆေးတွေကတော့ အစာခံပြီးမှသောက်ရတာမျိုးတွေရှိပါတယ်✔

ဆေးတွေကို လိုတာထက်ပိုသောက်မိတာ၊စနစ်တကျ မသောက်သုံးတာက မလိုလားအပ်တဲ့ ရောဂါတွေကို ခံစားရနိုင်တဲ့အပြင် ဆေးမတိုးခြင်းတွေနဲ့ လက်ရှိခံစားနေရတဲ့ ရောဂါတွေကိုလည်း သက်သာစေမှာမဟုတ်ပါဘူး😌

ဘေးထွက်ဆိုးကျိုးတွေမရှိဘဲ နာတာရှည်ရောဂါတွေဖြစ်ခြင်းမှ ကာကွယ်ဖို့ ဆေးသောက်ချိန်ကို Alarm ပေးထားတာ၊ဆေးညွှန်းကိုသေချာဖတ်ပြီး အညွှန်းအတိုင်းသေချာသောက်တာအပြင် ကိုယ့်ရောဂါနဲ့ ကိုက်ညီတဲ့ ဆေးကိုသေချာရွေးဝယ်ပြီးသောက်ဖို့ Akari Pharma Distribution မှ တိုက်တွန်းလိုက်ပါတယ်😀❤


"ဆီးချိုရောဂါဟာ အဖြစ်များဆုံးနာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်"ဒီနေ့မှာတော့ အဖြစ်များတဲ့ ဆီးချိုရောဂါအကြောင်း နဲ့ ဘယ်လိုကာက...
17/11/2024

"ဆီးချိုရောဂါဟာ အဖြစ်များဆုံးနာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်"

ဒီနေ့မှာတော့ အဖြစ်များတဲ့ ဆီးချိုရောဂါအကြောင်း နဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတာကို Akari Pharma Distribution မှ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်🤗

ဆီးချိုရောဂါဟာ သွေးတွင်းမှာ သကြားဓာတ်တွေလွန်စွာမြင့်တက်ပြီး အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့ ကိုယ်ခန္ဓာရဲ့ အရေးကြီးအစိတ်အပိုင်းများဖြစ်ကြတဲ့ ကျောက်ကပ်၊ ဦးနှောက်နှင့် နှလုံးတို့ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေကာ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။‼️😥

ဒါပေမယ့် ဆီးချိုရောဂါကို သေချာဆေးကုသမှုခံယူပြီး ကိုယ့်ရဲ့နေထိုင်မှု ပုံစံကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ လူကောင်းအတိုင်း ကျန်းကျန်းမာမာနဲ့နေထိုင်နိုင်မှာပါ😉

ဆီးချိုရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ လိုအပ်တဲ့ အင်ဆူလင်ကို ပန်ကရိယလို့ခေါ်တဲ့ မုန့်ချိုအိတ်က မထုတ်ပေးနိုင်တော့တာကြောင့် ကိုယ်တွင်းမှာ သကြားဓာတ်တွေများလာပြီး ဆီးချိုရောဂါကို စတင်ခံစားရစေတာပဲဖြစ်ပါတယ်✔️

ဆီးချိုရောဂါခံစားနေရပြီဆိုတဲ့ လက္ခဏာတွေကတော့
⛔ဆီးခဏခဏသွားခြင်း
⛔ပုံမှန်ထက်ရေပိုဆာခြင်း
⛔မျက်စိမှုန်ခြင်း
⛔ကိုယ်အလေးချိန်ကျဆင်းခြင်း
⛔အနာကျက်နှေးခြင်း
⛔မအီမသာဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်

ဆီးချိုရောဂါကိုမကုသဘဲ အချိန်ကြာမြင့်စွာပစ်ထားပါက ခြေထောက်တွေမှာ အနာကျက်‌နှေးခြင်းကြောင့် အသားများပုပ်ပြီး ဖြတ်ပစ်ရသည်အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသက်ကိုခြိမ်းခြောက်နိုင်တဲ့ ဆီးချိုရောဂါကို သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်ကြီးများနှင့်တိုင်ပင်ကာ ကုသဖို့ Akari Pharma Distribution မှ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်🤗❤️

အသည်းအဆီဖုံးခြင်းကို ဘယ်လိုကာကွယ်ကြမလဲ?အသည်းအဆီဖုံးတယ်ဆိုတာကတော့ သွေးတွင်းအချိုဓာတ်တွေများနေခြင်းကြောင့် အသည်းအတွင်းမှာ ...
13/11/2024

အသည်းအဆီဖုံးခြင်းကို ဘယ်လိုကာကွယ်ကြမလဲ?

အသည်းအဆီဖုံးတယ်ဆိုတာကတော့ သွေးတွင်းအချိုဓာတ်တွေများနေခြင်းကြောင့် အသည်းအတွင်းမှာ အဆီများစုပုံလာခြင်းပဲဖြစ်ပါတယ်။😫
အသည်းအဆီဖုံးခြင်းဟာ အလွန်အဖြစ်များတဲ့ရောဂါဖြစ်ပြီး ဆီးချိုရှိတဲ့သူတွေမှာလည်း အများဆုံးဖြစ်လေ့ရှိပါတယ်🙂

အသည်းအဆီဖုံးတဲ့အခါ ဘာရောဂါမှထူးထူးခြားခြား ခံစားရလေ့တော့မရှိပါဘူး။ဒါပေမယ့် ဗိုက်ထဲ အီလည်လည်ကြီးဖြစ်တာမျိုးတော့ ခံစားရတတ်ပါတယ်။အသည်းအဆီဖုံးရောဂါကိုတော့ အာထရာစောင်းရိုက်ပြီး စစ်ဆေးနိုင်ပါတယ်✔️

အရက်သောက်တာ၊အဝလွန်တာ၊ဆီးချိုရောဂါရှိတာတွေက အသည်းအဆီဖုံးခြင်းကိုဖြစ်ပေါ်စေနိုင်တဲ့ အဓိကတရားခံတွေပါပဲ‼️

အသည်းအဆီဖုံးခြင်းကနေ အခြေအနေဆိုးဝါးသွားရင်တော့ အသည်းခြောက်တဲ့အထိ ရောဂါကြီးသွားနိုင်ပါတယ်။😌
ဒါကြောင့် Akari Pharma Distribution မှ အသည်းအဆီဖုံးခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုမျှဝေပေးလိုက်ပါတယ်💁‍♂️

အသည်းအဆီဖုံးခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့
✅အရက်သောက်ခြင်းကို ရှောင်ကျဉ်ခြင်း
✅အဆီအစိမ့်များလျှော့စားခြင်း
✅အချိုလျှော့စားခြင်း
✅ဝိတ်ချခြင်း တို့ပဲဖြစ်ပါတယ်

အသည်းအဆီဖုံးရာကနေ အသည်းခြောက်တဲ့ အဆင့်ထိရောက်ရှိသွားရင်တော့ ကုသဖို့ခက်ခဲသွားပြီး အချိန်ကုန် ငွေကုန် လူပင်ပန်းတာတွေအပြင် အခြားမလိုလားအပ်တဲ့ရောဂါတွေပါ ဝင်ရောက်လာနိုင်ပါတယ်။😥
ဒါကြောင့် ကိုယ့်ကိုကိုယ် အသည်းအဆီဖုံးတယ်လို့ သံသယရှိနေရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းတွေကိုသွားပြီး ဆေးကုသမှုခံယူကြဖို့ Akari Pharma Distribution မှ တိုက်တွန်းလိုက်ပါတယ်📢❤️


#

ရာသီအကူးအပြောင်းကြောင့် သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကို စိတ်ပူနေရပြီလား?အခုလို ရာသီအကူးအပြောင်းမှာ ဖျားနာတာ အအေးမိတာတွ...
08/11/2024

ရာသီအကူးအပြောင်းကြောင့် သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကို စိတ်ပူနေရပြီလား?

အခုလို ရာသီအကူးအပြောင်းမှာ ဖျားနာတာ အအေးမိတာတွေအဖြစ်များတာကြောင့် ကလေးတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပေးသင့်ပါတယ်😊

ကလေးငယ်လေးတွေဟာ လူကြီးတွေထက်ကိုယ်ခံအားပိုနည်းပြီး ဖျားနာလွယ်ကြပါသေးတယ်👶

ဒီလိုအခြေအနေမှာ ကိုယ့်ရဲ့ သားသားမီးမီးတို့ ဖျားနာတာတွေမဖြစ်ဖို့အတွက် ကိုယ်ခံအားကောင်းနေဖို့က အဓိကကျပါတယ်🛡️

ကိုယ်ခံအားကောင်းနေဖို့အတွက် ယေဘုယျအားဖြင့်တော့ စားသုံးလိုက်တဲ့ အစားစာတိုင်းမှာ
အစာအုပ်စု(၃)ခုလုံးပါဝင်ပြီး ညီညွတ်မျှတတဲ့ အစားအစာဖြစ်ဖို့က အရေးကြီးပါတယ်။✔️

ကလေးငယ်လေးတွေ ကိုယ်ခံအားကောင်းစေဖို့အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကို Akari Pharma Distribution မှ မျှဝေပေးလိုက်ပါတယ်💁‍♂️

လိုအပ်တဲ့ အာဟာရဓာတ်တွေကတော့
✅ဗီတာမင် (A,C,D,E)
✅ဗီတာမင်ဘီအုပ်စု (B6, B12, Folate)
✅ဇင့်ဓာတ် နှင့် သံဓာတ် (အသားနှင့်ပဲ)
✅အိုမီဂါသရီး (ငါးကြီးဆီ)
✅ပရိုဘိုင်အိုးတစ် တို့ပဲဖြစ်ပါတယ်

ဒါ့အပြင် ကလေးနဲ့ သင့်တော်တဲ့ အားဆေးတွေတိုက်တာ၊ အိပ်ရေးဝဝအိပ်ခိုင်းတာ၊ကာကွယ်ဆေးထိုးတာ၊ Medical Checkup လုပ်ပေးတာ စသဖြင့် လိုအပ်သလို ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ပြုလုပ်ပေးဖို့လိုအပ်ပါသေးတယ်။🤔

ကလေးငယ်တွေဖျားကြရင် မေမေတို့ဖေဖေတို့က‌ ခေါင်းခြောက်ရတာမလို့ သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားကို ကောင်းစေပြီး ရောဂါတွေကင်းဝေးဖို့ ရာသီအကူးအပြောင်းမှာ အရင်ကထက်ပိုပြီး ဂရုစိုက်လိုက်ကြစို့နော်❤️

Address

Mandalay
05033

Website

Alerts

Be the first to know and let us send you an email when Akari Pharma Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share