𝐓𝐚𝐫𝐨𝐭 𝐛𝐲 𝐌𝐢𝐧 𝐂𝐡𝐢𝐭 𝐎𝐨

  • Home
  • Myanmar
  • Mandalay
  • 𝐓𝐚𝐫𝐨𝐭 𝐛𝐲 𝐌𝐢𝐧 𝐂𝐡𝐢𝐭 𝐎𝐨

𝐓𝐚𝐫𝐨𝐭 𝐛𝐲 𝐌𝐢𝐧 𝐂𝐡𝐢𝐭 𝐎𝐨 𝑮𝒐𝒐𝒅 𝐥𝐮𝐜𝐤 𝐢𝐬 𝐫𝐞𝐰𝐚𝐫𝐝✨🦋

19/08/2026

General reading don't be seriously
ပိုမိုတိကျတဲ့ အဖြေကို သိချင်ရင်တော့ personal မေးခွန်းမေးချင်သူတိုင်း page cb မှာ လာရောက် မေးမြန်းနိုင်ပါတယ်🔮✨

Pile 1 ✨🍀
- တကယ်တော့ pile 1 တွေက သူတို့ အပေါ်မှာ အရာရာကိုနားလည်ပြီး ချစ်ပေးနိုင်ပေမယ့် ၊ ကိုယ့်ဘက်ကတော့ အရာရာကို ပေးဆပ်ပြီး ချစ်ပေးပေမယ့် တစ်ဖက် လူရဲ့ အမြင်မှာတော့
“ ဒီ တစ်ယောက်က အရမ်း trauma များတယ် ၊အရမ်းcontrol တယ် ဒီပုံစံတိုင်းဆို ငါသူနဲ့ဆက်မဖြစ် ဘူးဆိုပြီး ” pile 1 တွေရဲ့ မေတ္တာ စေတနာကို သဲထဲ ရေသွန်လုပ်ပစ်လိုက်ကြတဲ့သူတွေဖြစ်ဖို့များပါတယ်..pile 1 တွေဟာ သူတို့ အပေါ်မှာ အရမ်းတွေ ပေးဆပ် ချစ်ပေးနေတော့ သူတို့ အမြင်မှာ သူက ငါ့ကို ချစ်နေတာ တကယ်တော့ ငါက အရာရာ ပြည့်စုံ နေလို့..ငါက တကယ်တော့ သူ့ထက် တောင် ပိုပြီး တန်ဖိုးရှိတဲ့ သူနဲ့ ထိုက်တန် တယ်ဆိုပြီး ကိုယ့်ကိုကိုယ် အထင်ကြီးလွန်ပြီး pile 1 တွေ ဘဝ ထဲက နေ ထွက်သွားကြတဲ့ သူတွေကိုမြင်ပါတယ်....

ဘာ့ကြောင်း သူဒီလို လုပ်ရတာလဲဆိုတာ တိတိကျကျ သိချင်ရင်တော့ personal မေးခွန်းသာ ယူလိုက်တော့နော် ✨

Pile 2 🍂
- pile 2 တွေဟာ တကယ်တော့ အချစ်နဲ့ ပက်သက်လာရင် အရမ်းမျှော်လင့်ချက်ထားပြီး ရေရှည် ထိ သွားချင်တဲ့ သူတွေပါ, အရမ်းလဲ ရင့်ကျတ်မှု ရှိသလို ဘာဘဲနေနေ မျှ မျှ တတ တွေးတက်တဲ့ သူလေးတွေပါ၊ ဒါပေမယ့် တစ်ဖက်လူရဲ့ အမြင်မှာ ကျတော့ ပြောင်းပြန်တွေဖြစ်ကုန်ပါတယ်...ကိုယ်ဟာ မာန ကြီးတဲ့ သူ ၊ အမြဲတမ်း ဆရာရီး လုပ်တယ်၊ သူသိသူတက် လုပ်တဲ့သူဆိုပြီး ကိုယ့်ရဲ့ control အောက်မှာ အရမ်းနေရခက်တယ်လို့ ခံစားရပြီးကိုယ့်ကိုစွန့်ပစ်ပြီး ဘဝထဲက ထွက်သွားတဲ့ သူတွေကိုမြင်ရပါတယ်...ကိုယ်ကတော့ စေတနာနဲ့ ရေရှည်အမြင်နဲ့ အရာရာကို ဦးဆောင်ပေမယ့်လဲသူ့အမြင်မှာတော့ “ ငါ ဟာ နင်လို လူမျိုးနဲ့ မထိုက်တန်ပါဘူးဟာ” ဆိုပြီး ဘဝ ထဲက ထွက်သွားမယ့်လူလေးတွေကို ပိုမြင်ရပါတယ်...

ဘာ့ကြောင်း သူဒီလို လုပ်ရတာလဲဆိုတာ တိတိကျကျ သိချင်ရင်တော့ personal မေးခွန်းသာ ယူလိုက်တော့နော် ✨

Pile 3 ✨🔮
- pile 3 တွေရဲ့ တစ်ဖက်လူဟာ တကယ်တော့ pile 3 တွေရဲ့ နွေးထွေးမှုတွေ ချစ်ခြင်း မေတ္တာ တွေကို မမြင်နိုင်ခဲ့တာပါ ...သူတို့ စိတ်ထဲမှာကျတော့ “ ဒီ လူဟာ ငါ့အပေါ် အလေးမထားဘူး၊ အချိန် မပေးဘူး ၊ ငါလိုချင်သလို ဆက်ဆံရေးလဲဖြစ်မပေးနိုင်ဘူး ၊ ငါ့အတွက် အရမ်း အထီးကျန်ဆန်တယ်ဆိုပြီး ” ကိုယ့်ရဲ့ စေတနာ မေတ္တာ တွေကိုမမြင်ဘဲ မာနတွေ ထားကာထွက်သွားတဲ့သူတွေကိုမြင်ရပါတယ်နော်....ကိုယ်ဟာ သူ့အပေါ်မှာ အရာရာသီးခံ ချစ်ပေးပေမယ့် သူ့အမြင်မှာကျတော့ နင်က ငါ့အပေါ် မှာအချိန် မပေးတဲ့အပြင် ပစ်ထားတယ် မာနထားတယ်လို့ထင်သွားတက်ပြီး ကိုယ့်အပေါ်မှာလဲ ပြန်ပြီး မာနထားကာ အတွေးတွေလွဲမှားပြီး မာနတွေ တင်းခံရာကနေ နောက်ဆုံး ဝေးသွားကြတဲ့ ပုံလေးကို ပိုမြင်ရပါတယ်။

ဘာ့ကြောင်း သူဒီလို လုပ်ရတာလဲဆိုတာ တိတိကျကျ သိချင်ရင်တော့ personal မေးခွန်းသာ ယူလိုက်တော့နော် ✨

18/08/2026

ဒီ video ကို မြင်တာ တိုက်ဆိုင်မှု မဟုတ်ဘူး ဒါဟာမင်း အတွက် ကံကြမ္မာရဲ့ လမ်းညွှန်မှုဘဲ ✨🔮

ခံစားချက်တွေကိုက်ညီ လို့ personal မေးခွန်းမေးချင်သူတိုင်း page cb ကိုလာရောက် မေးမြန်းနိုင်ပါတယ် ✨🔮

Pile 1 ✨💗
- pile 1 ကို ရွေးချယ်ထားတဲ့ သူ အတော်များများက ဒီရက်ပိုင်းအတွင်းမှာ ကိုယ်လုပ်စရာရှိတာတွေကို မလုပ်ဘဲ ၊ အပေါင်းအသင်းတွေနဲ့ဘဲ အချိန် ဖြုန်းမိနေတာတွေ၊ ဖြစ်သလို နေနေတာမျိုးတွေကြုံနေရတက်တယ်.. ဘဝ အောင်မြင် ရေးအတွက် ကြိုးစားအားထုတ် တာ လဲ အရမ်း နည်းနေတာ မြင်နေရတယ်...ကိုယ်ဟာ အခုချိန်မှာ လူကသာစိတ်ထဲကနေ နေရာ တစ်ခုကို ရောက်ချင်စိတ် ဖြစ်နေတာ တကယ့်လက်တွေ့မှာတော့ ဟိုလိုလို ဒီလိုလိုနဲ့ အချိန်တွေ ကုန်ဆုံးနေတက်တယ်၊ ကိုယ့်ကိုကိုယ်လဲ တခါတလေ ယုံကြည်မှု တွေ မရှိတာတွေဖြစ်နေတက်တယ် ၊အဓိက ပြောချင်တာ မင်း ပြောင်းလဲ ဖို့ ‌လို နေပြီဆိုတာဘဲ အခုလိုမျိုး အချိန်တွေဖြုန်းနေတာထက် အခုချိန်မှာ မင်းလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပြီး မင်းဘဝ အတွက် ပြန်လည် ရှာဖွေရမယ့် အချိန်ဖြစ်တယ်..မင်း ကိုယ်မင်း အခုလိုရီးဘဲ ပျောက်ဆုံး ခံတော့မှာလား...မင်းမှာ ကိုယ်ပိုင် အရည်အချင်းတွေ ရှိတယ်ဆိုတာ မမေ့ပါနဲ့ မင်းမှာရှိတဲ့ အရည်အချင်းတွေက ဘယ်သူ့မှာ မှ မရှိတဲ့အရည်အချင်းတွေပါ၊ မင်းကိုယ်မင်း အပျောက်ဆုံးမခံပါနဲ့၊ ‌မင်း ဒီအတောအတွင်းမှာ အခက်အခဲတွေ ကြုံနေရတယ်ဆိုပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့ ဒါ ကံကြမ္မာ က မင်းကို တမင်တကာ စမ်းသပ်နေတယ်ဆိုတာ သတိရလိုက်ပါ....မကြာခင်မှာ မင်းစီကို မထင်မှတ်ထားတဲ့ အခွင့်အရေးတွေ မမျှော်လင့်ထားတဲ့ အရာတွေရောက်ရှိလာဖို့ရှိတယ် ...အဲ့အရာကဘဲ မင်းရဲ့ အခု အပျင်းထူနေတာတွေ ၊ ဟိုရောင်ရောင် ဒီရောင်"ဖြစ်နေတဲ့စိတ်တွေကိုပြောင်းလဲသွားစေလိမ့်မယ်...ဒီ ထပ်ပိုပြီး universe ရဲ့ message ကိုသိချင်တယ်ဆိုရင်တော့ page cbမှာ personal မေးခွန်းသာ လာယူလိုက်ပါ ✨💗

Pile 2 ✨🔮
- pile 2 ကိုရွေးချယ်ထားတဲ့သူတော်"များများက ဒီအချိန်မှာ မိမိ အလုပ်သည် ဖြစ်စေ၊ ဘဝ လမ်းကြောင်းနဲ့ ပက်သက် လို့သည် ဖြစ်စေ အခက်အခဲ ပေါင်းစုံ ကိုရင်ဆိုင်ပြီး မျှော်လင့်ချက် မှိန်မှိန် လေးနောက်ကို မသေချာ မရေရာ မှုတွေနဲ့ လိုက်နေရတယ်..ဒီလမ်းကြောင်းက ၊ ငါရည်ရွယ်ထားတဲ့ အရာက အောင်ရော အောင်မြင်ပါ့မလား၊ အနာဂတ်မှာရော ငါ မျှော်လင့်ထားသလို ဖြစ်ပါ့မလား၊ ငါကြိုးစားထားတာတွေ အရာမထင်များဖြစ်သွားမလားဆိုပြီး စိုးရိမ်စိတ်ဝင်နေတက်တယ်..ဒီအချိန်မှာ အခုလို ထိုင်တွေးနေရမယ့်အချိန် မဟုတ်ပါဘူး... မင်းကိုယ်တိုင်လဲ အတွေးတွေဘဲ များခဲ့တာကြောင့်ရှေ့‌မှာလဲ မင်း မျှော်လင့်ချက်ထားသလိုမျိုး မအောင်မြင်ခဲ့တာတွေလဲ ကြုံခဲ့ရပြီးပြီ... ဘဝဆိုတာတော့ အခက်အခဲ ပေါင်းဆုံ ကြုံရမှာပါဘဲ...ဒါပေမယ့် မင်းလက်လျှော့ လိုက်လို့တော့ မဖြစ်ဘူး..ကိုယ့်လုပ်ငန်းက အဆင်မပြေလို့ဘဲဖြစ်စေ၊ အတန်းထဲမှာ အမှတ်နည်းလို့ဘဲ ဖြစ်စေ...မင်းရဲ့ မျှော်လင့်ချက်တွေကိုတော့ မမှေး မိန်သွားပါ‌စေနဲ့ ၊ အခု မင်းက မင်းကိုယ်မင်းပြန်ကြည့်ရမယ့်အချိန်ဘဲ ၊ မင်းရဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ကြည့်ရတော့မယ့်အချိန်ဘဲ ၊ ဒီအချိန်မှာ သံသယ ပေါင်းစုံ ဝင်နေမယ့် အစား ငါ့ရဲ့ ရည်ရွယ်ချက် နဲ့ ပန်းတိုင်က ဘာလဲဆိုတာ အဖြေရှာပြီး အတွေးတွေ၊ သံသယတွေကို ဘေးဖယ်ထားကာ ကြိုးစားလိုက်ပါတော့....ဘာလုပ်ရမလဲဆိုတာ မင်းကိုယ်တိုင်သိပါတယ်.....ဒီထပ်ပိုပြီး universe ရဲ့ message ကို သိချင်တယ်ဆိုရင်တော့ page cb မှာ personal မေးခွန်းသာ လာမေးလိုက်ပါ။✨💗

Pile 3 ✨🔮
- pile 3 တွေကို ရွေးချယ်ထားတဲ့တူ တော်တော်များများက အနေအထားတစ်ခုထိ ရောက်ဖို့ကို အလှူး အလဲ ကို ကြိုးစားနေတဲ့ ပုံစံ တွေကို မြင်နေရတယ်၊ ကိုယ့်ကို့ ချစ်တဲ့သူတွေ၊ ကိုယ့်ရဲ့ ပတ်ဝန်းကို တောင် အာရုံ မစိုက်နိုင်တော့တဲ့ ထိဘဲ အလွန်အမင်း ကြိုးစားအားထုတ်နေတာကိုတွေ့နေရတယ်..အရမ်းလဲ မျှော်လင့်ချက်တွေလဲ ပြင်းပြနေတယ်...မင်း ကြိုးစားတာတွေအတွက် ထိုက်တန် တဲ့ ရလာဒ်တွေနဲ့ အခွင့်အရေးတွေကိုပြန်ရရှိပါလိမ့်မယ်...ဒါပေမယ့် တစ်ခု သတိပေးချင်တာက မင်းရဲ့ ပတ်ဝန်းကျင်နဲ့ မင်းကို ချစ်တဲ့သူတွေကို တချက်ပြန်ကြည့်ပါအုံး အခုချိန်မှာ မင်းအနေနဲ့ ကြိုးစားတာကကြိုးစားပါ သို့ပေမယ့် ကိုယ့်ရဲ့ မိတ်ဆွေကောင်းတွေ၊ ကိုယ့်ချစ်သူတွေကိုလဲ တချက်ကြည့်ပါ... ဘာလို့လဲ ဆိုတော့ ကြာလာရင် မင်းကို အများက တကိုယ်ကောင်းဆန် တဲ့ သူအဖြစ်နဲ့မြင်လာတက်ပြီး ငါတို့က သူလိုအပ်ချိန်ကျတော့ ရှိပေးတယ်၊ ငါတို့လိုအပ်နေချိန်ကျ မရှိဘူးဆိုပြီး မင်းကို နေရာ‌တစ်နေရာရောက်နေလို့ မာန ကြီးတာလားဆိုပြီး ထင်မြင်သွားတက်ပါတယ်...ဒါ့ကြောင်း ကြိုးစားတာတော့ ကြိုးစားပါ အစွန်းမရောက်ပါစေနဲ့ တချို့သော အရာတွေ မေတ္တာ အမှန်တွေက ဆုံးရှုံးသွားရင်တောင် ပြန်ရှာ မရတာကိုသတိရပေးပါ....ဒီထပ်ပိုပြီး universe ရဲ့message ကိုသိချင် တယ်ဆိုရင်တော့ page cb မှာ လာရောက်မေးမြန်းနိုင်ပါတယ် 💗✨

17/08/2026

"လောကကြီးမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး။ မင်း ဒီ Video ကို မြင်နေရတာဟာ ကံကြမ္မာရဲ့ လမ်းညွှန်ချက်တစ်ခုပဲ။ မင်းရဲ့ ဝိညာဉ်က မင်းကို ဘာတွေ ပြောပြချင်နေတာလဲ? Pile တစ်ခုကို ရွေးပြီး အဖြေရှာကြည့်လိုက်ပါ ✨🌑”

general reading don't be seriously ပိုမိုတိကျတဲ့ personal မေးခွန်းမေးချင်သူတိုင်း page cbကိုလာရောက်မေးမြန်းနိုင်ပါတယ်✨🔮

Pile 1 ✨🔮
- မင်းရဲ့ အောင်မြင်မှု လမ်းကြောင်းမှာရှိတဲ့ အတားအစီးကို အဓိက မကျော်ဖြတ်နိုင်ဘဲ နှောင့်နှေးကြန့်ကြာနေတာဟာ မင်းရဲ့ တစ်ခုခုဆိုရင် ဆုံးဖြတ်ချက် မပြတ်သားတက်တာနဲ့ အရမ်း အရွေးလွန်တက်တာဘဲ မင်းဟာ တစ်ခုခုဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတက်ဘဲ ဟိုလမ်းကို ရွေးရမလိုလို ဒီလမ်းကို ရွေးရမလိုလိုနဲ့ အမြဲတမ်းလိုလို ခနခန လမ်းပျောက်နေတက်တယ် ..ကံတရားက ကိုယ့်ရှေ့မှာ ကောင်းတဲ့ အခွင့်အရေး တွေလာချပေ‌းနေရင်တောင် မင်းက မယုံကြည်ရဲ ဘဲ သံသယ စိတ်တွေနဲ့ “ငါလုပ်နိုင်ပါ့မလား၊ ဖြစ်ကောဖြစ်ပါ့မလား” ဆိုတဲ့ “လား”မေးခွန်းတွေနဲ့ဘဲ အဆုံးသက်ပြီး မင်းရဲ့‌ေ အာင်မြင် မှုလမ်းကြောင်းတွေကို ရှာမတွေ့ဖြစ်နေတက်တယ်...

ဆိုတော့ မင်းရဲ့ အောင်မြင် မှု လမ်းကြောင်းကို ဖြောင့်"တန်း"သွားချင်ရင် အရင်ဆုံး မင်ရဲ့ အတွေးများတက်တဲ့ စိတ်ကိုအရင် ပြင်ပါ...မင်းရဲ့ ပင်ကိုယ် စွမ်းရည်ကို ယုံကြည်ပါ အားကိုးပါဘယ်အရာကိုမှလဲ တစ်ဖက် သက် မတွေးမိပါစေနဲ့ အရာရာတိုင်းကို မျှ မျှ တတလေးဘဲ တွေးပြီး ဆုံးဖြတ်ချက်ကိုလဲ မျှ"တ" ဆုံးဖြတ်ချက်ချပါ....မင်းမှာ လူတိုင်းနဲ့ ပြောဆိုဆက်ဆံရာမှာ အထောက်အကူပြုတဲ့ စကားပြောစွမ်းရည်တွေလဲ ပါတာမလို့ ဘာတွေဘဲ ဖြစ်လာဖြစ်လာ တစ်ခုခုဆိုရင် မိတ်ဆွေကောင်းတွေနဲ့ တိုင်ပင်ပါလို့ ငါတို့ပြောပါရစေ....

“မကြာခင်မှာ ကံကြမ္မာ ရဲ့ အလှည့် အပြောင်း တချို့ မင်းဘဝရဲ့ ဝင်ရောက်လာလိမ့်မယ်..သို့ပေမယ့် မင်းဘက်က ရောက်လာမယ့် အလှည့် အပြောင်းအတွက် readyဖြစ်အောင်ပြင်ဆင်ထားပါ...မင်းကိုယ်မင်း ယုံကြည်ထားပါလို့ပြောချင်ပါတယ်”

“မင်းကိုယ်မင်းယုံကြည်နေသရွေ့ မင်းဘဝရဲ့ အောင်မြင်မှု လမ်းကြောင်းဟာလဲ အမြဲတမ်း ဆက်ရှိနေပါလိမ့်မယ် ”

Pile 2 ✨🔮
- မင်းရဲ့ အဓိက အောင်မြင်မှု လမ်းကြောင်းမှာ ဖြစ်ပေါ်စေတဲ့ အတားအစီးတွေက မင်းက တစ်ခုခုဆိုရင် လူယုံအရမ်းလွယ်တက်တာဘဲ ...လူယုံလွယ်သလောက်လဲ မင်းအပေါ် ကောင်းပေးမယ့် သူရှိလားဆိုရင် အမြဲတမ်း နောက်ကျောဓားနဲ့ထိုးခံရတာကြည့်ပါဘဲ..ပြီးတော့ မင်းက တစ်ခုခုဆိုရင် တဇွတ်ထိုးလုပ်တက်တယ် ဘာမှ မစဉ်းစားမစဉ်ကျင်ဘဲ တဇွတ်ထိုးလုပ်လိုက်ပြီးမှ နောင်တ ရပြီး တွေးဝေနေတက်တယ်..ဒါပေမယ့် မင်းက အရမ်းကိုဇွဲကောင်းပြီး အလုပ်အရမ်းကြိုးစားတဲ့သူပါ တစ်ခုခုဆိုရင် အရမ်းဇွဲကြီးပြီး အလုပ်ကိုလဲ တာဝန်ကြေအောင်လုပ်တက်တဲ့အပြင် ရေရှည် အမြင်ရှိတဲ့ လူတစ်ယောက်ဆိုလဲမမှားပါဘူး...မင်းရဲ့ အောင်မြင်မှု လမ်းကြောင်းမှာ စစ်"ပေါက်"အောင်မြင်ချင်ရင်တော့ လူတွေကိုအလွယ်တကူမယုံပါနဲ့ ... မင်းလူတွေကို ယုံကြည်မိတာကနေ စေတနာတွေကောင်းပြရာကနေ နောက်ဆုံး အဲ့လူတွေစီကနေဘဲ မင်းအတွက် နာကျင်စရာတွေနဲ့ လှည့်စားမှုတွေပြန်ရစေတယ်...အာ့ကြောင်း ငါတို့ အဓိက မှာချင်တာက ဘယ်သူ့ကိုမှ မယုံပါနဲ့ ကိုယ့်အားကိုယ်ဘဲ ကိုးပါ မင်းမှာ အကောင်းဆုံးစွမ်းရည်တွေ ဇွဲလုံ့လ ဝီရိယတွေရှိတာကိုသတိရပါ...

“မကြာခင်မှာ ကံတရားက မင်း မမျှော်လင့်တဲ့ အရာတွေ မင်းဘဝထဲကို ပေးဆောင်လာဖို့ရှိတယ် မင်းအပေါ် မှာ မစစ်မှန်တဲ့ ဘော်ဒါတွေ အပေါင်းအသင်းတွေ ကို မင်းကွက်"ကွင်း" မြင်လာလိမ့်မယ်..မင်းအပေါ် ဖုံးကွယ်ထားတဲ့ သူတွေရဲ့ အမှန်တရားတွေပေါ်လာလိမ့်မယ် ”

“ စစ်မှန်သော သူတွေသာကျန်ခဲ့ပြီး မစစ်မှန်သူတွေ အနားကထွက်သွားလိမ့်မယ်

Pile 3 ✨🔮
- မင်းရဲ့ အောင်မြင်မှုလမ်းကြောင်းမှာ အဓိက ဖြစ်ပေါ်စေတဲ့ အတားစီးတွေက တခြားအရာတွေ မဟုတ်ပါဘူး...မင်းရဲ့ သံယောဇင် ကြီးမားတက်တဲ့ စိတ်ထားနဲ့ တစ်ခုခု ဆိုရင် အတွေးလွန်ပြီး Overthinking အရမ်းဖြစ်တဲ့မင်းစိတ်ပါဘဲ...မင်းက မင်းအပေါ် ကောင်းနေတဲ့သူတွေကျရင် မမြင်တက်ဘူး မကောင်းတဲ့သူတွေကိုမှ သံဃောဇင် အရမ်းတွယ်တာတက်တယ် တစ်ခုခုဆိုရင် ရေရှည်ထိ အရမ်းတွေးတက်ပြီး...အနာဂတ်ထိပါ မိသားစုတစ်ခု တည်ထောင်ဖို့ထိပါအမြဲတွေးတက်တဲ့သူ...ဒါပေမယ့် ဒီ pile ကို ရွေးချယ်ထားတဲ့ တချို့ 50% သော လူလေးတွေကတော့ ငယ်ကတဲ့က နွေးထွေးတဲ့မိသားစုဘဝကိုမရဘဲ မိသားစုကွဲတာ မဟုတ်ရင် တစ်ယောက်ထဲဘဲ အထီးကျန်ကျန်နဲ့ ရှင်သန်ခဲ့ရတဲ့ သူလေးတွေပါတက်တယ်....
အဓိကကတော့ မင်းက တစ်ခုခုဆိုရင် သံယောဇင်ရမ်း ကြီးတက်တာပါဘဲ ကံတရားက ချပေးတက်တဲ့အရာတွေကို လွယ်လွယ်နဲ့လက်မခံတက်ဘဲ အမြဲတမ်းငြင်းပယ်နေတက်တယ်... အဆင်မပြေပါဘူးဆိုတဲ့အရာတွေကိုအရမ်းညှိယူတက်တယ်..အထူးသဖြင့် အချစ်ရေးမှာပေါ့.... friendship မှာလဲ ထိုနည်းပါဘဲ...ဒါပေမယ့် အရမ်းစိတ်မညစ်ပါနဲ့ မင်းသာ အဲ့အချက်တွေကို သေချာ ပြုပြင်မယ်ဆိုရင် မင်းဘဝရဲ့ အောင်မြင်မှု လမ်းကြောင်းကိုသေချာ သွားနိုင်ပါလိမ့်မယ် overthinking အရမ်းမဖြစ်ပါနဲ့ သံသယ စိတ် မများပါနဲ့ ဖြစ်လာသမျှ အရှိတရားတွေကို လက်ခံပြီး ရှေ့ဆက်ပါ သေချာပေါက် စစ်မှန်သောလမ်းကိုရှာတွေ့ပါလိမ့်မယ်....
“မကြာခင်မှာ ကံတရားက မင်းအတွက် အဖြေတစ်ခုပေးလာလိမ့်မယ်..မင်းစိတ်ထဲမှာ သိချင်နေတဲ့အရာတွေ မင်းစိတ် မရှင်းတဲ့အရာတွေဖြစ်လိမ့်မယ်..မင်းအတွက် မစစ်မှန်သော သူတွေပေါ်ထွက်လာလိမ့်မယ်.... မင်းအနေနဲ့လဲ မင်းကိုယ်မင်း ပိုမိုတန်ဖိုးထားပြီးချစ်တက်လာလိမ့်မယ် ...ယခင်ကထက် ပိုမို လှပ လာလိမ့်မယ် ”

15/08/2026

အခုလာမယ့် အပတ်မှာ ကံအကောင်းဆုံး zodiac sign များ💗🍀

- Aries ♈

(အလုပ်အကိုင် အခွင့်အလန်းတွေ များများရမယ့် အချိန်)

- Leo ♌
(ပညာရေးနဲ့ ပက်သက်ပြီး အထူးအောင်မြင်မှုရမယ့်အချိန် )

- Libra ♎

(အချစ်ရေးနှင့် ငွေကြေးကံ အကောင်းဆုံး ရှိနေမယ့် အချိန်)

အထူးသဖြင့် ကံကောင်းခြင်းတွေ အောင်မြင်မှုတွေကို အထူးရရှိတက်ပြီး၊ ငွေကြေးနဲ့ အချစ်ရေးမှာ အဖက်ဖက်ကနေ မျှမျှ တတ ကံကောင်းမွန်လာခြင်းကို ရရှိပါလိမ့်မယ်နော် ၊ အလုပ် အကိုင် အခွင့်အလန်းသစ်တွေများများရမယ့် sign လေးတွေဖြစ်ပါတယ်🍀💗

ပိုမိုပြီး အသေးစိပ် တိကျတဲ့ personal မေးခွန်းမေးချင်သူတိုင်း page cb 🍀✨

15/08/2026

စနေ၊ အင်္ဂါ၊ ကြာသပတေး🍀🌷

-ဒီနေ့15ရက်‌ နေ့မှာ စိတ်ရှုပ်စရာ၊ အဆင်မပြေမှုလေးတွေ ပိုကြုံရတတ်ပါတယ်။

-အထူးသဖြင့် စနေသားသမီးတွေ နေ့ပိုင်ရှင်ဖြစ်လို့ ပိုပြီး သတိထားပါ။

-စကားများတာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတာ၊ ငွေအများကြီး ထုတ်ချေးတာမျိုးတွေကို ဒီနေ့မှာ ရှောင်ကိုရှောင်ရပါမယ်။

အကြံပြုချက်အနေနဲ့

အားလုံးပဲ မနက်ခင်းမှာ ဘုရားမှာ ရေသပ္ပါယ်တာ၊ ပန်း၊ ရေချမ်း ကပ်လှူတာမျိုးလေး ပြုလုပ်ပေးပါ။

စိတ်မတိုဖို့နဲ့ သည်းခံခြင်းက ဒီနေ့အတွက် အကောင်းဆုံး ယတြာပါပဲ။

​(အနက်ရောင်၊ အပြာရင့်ရောင် လို အရောင်ရင့်တွေကို ရှောင်ပြီး အဖြူ၊ ပန်းရောင် လို အရောင်နုနုလေးတွေ ဝတ်ဆင်ပေးပါနော် 🍀🌷)

13/08/2026

မနက်ဖျန် ရက်ရာဇာ၊ အမြိတ္တစုတ် ဆုံတဲ့ ထူးမြတ်တဲ့ သောကြာနေ့ (၁၄.၈.၂၀၂၆)
မှာ ကံအကောင်းဆုံး နေ့နံနဲ့ ရှောင်ရန် ဆောင်ရန် များ...💗🍀

သောကြာ၊ ကြာသပတေး၊ ဗုဒ္ဓဟူး
(ငွေဝင်တာမျိုးတွေ ၊မိမိ ရည်ရွယ်ထားသော အလုပ်ကိစ္စတွေ ရည်ရွယ်ချက်တွေ အောင်မြင်တာမျိုးကြံုရတက်ပါတယ် ၊ လူချစ်လူခင်ပေါများမယ့် နေ့တနေ့ ဖြစ်ပါတယ်နော် အချစ်ရေးနဲ့ပက်သက်ပြီးတော့လဲ အရင်ရက်တွေကထက် နွေးထွေးမှုရတက်ပါတယ်။(ဖြစ်နိုင် ဒီနေ့လေးမှာ မိမိကြိုက်နှစ်သက်ရာ ဂုဏ်တော်ဖြင့် အဓိဋ္ဌာန်ပြုဆုတောင်းပါ။)

ပုံမှန်ဖြတ်သန်းရမည့်နေ့နံတွေကတော့

အင်္ဂါ၊ စနေ

(အစစအရာရာ ပုံမှန်ပဲလည်ပတ်နေတက်ပါမယ်။ကိစ္စတိုင်းကို စိတ်အေးအေးထားပြီး လုပ်ဆောင်ပါ၊ အရေးကြီး ကိစ္စတွေကို တက်နိုင်သမျှ ဒီနေ့လေးမှာ ရှောင်ပေးပါ)

နည်းနည်း သတိထားရမည့်နေ့နံများ

တနင်္လာ၊ တနင်္ဂနွေသားသမီးများ

(စကားအ‌ေပြာဆို မမှားပါစေနဲ့၊ စိတ်လိုက်မာန်ပါ မလုပ်မိ‌ေအာင် အတက်နိုင်ဆုံးထိန်းညှိ ပေးပါ ။ စိတ်ရှည်ရင် အန္တရာယ်ကင်းပါလိမ့်မယ်။)

အားလုံးပဲ ကံကောင်းကြပါစေနော် ✨🍀

12/08/2026

နေကြတ်တဲ့ရက် 12ရက်13ရက်နေ့ကနေ 28ရက်နေ့ လကြတ်တဲ့ နေ့ထိ

တက်နိုင်သမျှ ကာမ နဲ့ပက်သက်တာလေးတွေကို ရှောင်ကျင် ပေးပါနော် ဖြစ်နိုင်ရင် ဂုဏ်တော်လေးပွားတာ
ဘုရားပန်း လှဲတာ၊ အရှင်ဘုရားအား ဖယောင်းတိုင် အမွေးတိုင် နေ့တိုင်းကပ်လှူပြီး ဂုဏ်တော်9ပါးကို မနက် 9ခေါက်ည9ခေါက်ရွတ်တာလေးတွေ လုပ်ပေးပါ သေချာပေါက် အောင်မြင်ပြီး အညံ့တွေကင်းပါလိမ့်မယ်နော်၊ ဖြစ်နိုင်ရင် ဒီကာလမှာ ဒေါသ ထွက်ရမယ့် ကိစ္စတွေနဲ့ စိတ်ကိုတက်နိုင်သမျှ ဒေါသ မထွက်အောင် ထိန်းညှိပေးပါနော်။

အတွဲတွေကြားလဲ အထင်မှားအမြင်မှားတွေဖြစ်တက်တာကြောင်း ဂရုစိုက်ပေးစေချင်ပါတယ်နော် 🍀🌷

11/08/2026

ဆရာ့ရဲ့ pageထဲက အမျိုးသမီးကောင်းလေးတွေကို ပြောချင်တာပါ။

ဒီလို ခေတ်ကြီးမှာ အချစ်စစ် ဆိုတာ တော်ဝောာ်ရှားပါတယ် ၊ တော်ရုံ ‌တန်ရုံနဲ့ ကိုယ့်အပေါ်အမှန်တကယ် အနစ်နာခံပြီး ချစ်ပေးမယ့် ယောင်္ကျားကောင်းတစ်ယောက်ဆိုတာ 100မှာ 10ယောက်ဆိုတာတောင် အတော်ကိုရှားတာပါ။

- ဒီ လို ခေတ်ကြီးထဲမှာ တချို့ သူတွေဆိုရင် အမျိုးသမီးတွေကို တန်ဖိုးမထားကြတော့ပါဘူး၊ ခဏလေး တွေ့တာ ရှိသေး Hotel သွားရတာနဲ့ အသက်ငယ်ငယ်လေးတွေနဲ့ ဘဝ ပေးရတာနဲ့ ၊ အဓိက ပြောချင်တာက အယုံမလွယ်ပါနဲ့ တစ်ဖက်က ဘယ်လိုဘဲ တောင်းဆိုနေပါ‌ေစ အရမ်းအယုံလွယ်ပြီး brain wash ခံပြီးတော့ ကိုယ့်ဘဝကို မပေးပါနဲ့၊ တစ်ကယ် ချစ်တဲ့ သူ၊ တန်ဖိုးထားတဲ့သူက ကိုယ့်ကိုနားလည်ပေးပါလိမ့်မယ်၊ ကိုယ့်ရဲ့ဖြစ်တည်မှုကိုလဲ လက်ခံပေးပြီး စောင့်ပေးပါလိမ့်မယ်၊ ‌ဒါ့ကြောင်း အမျိုးသမီးငယ်လေးတွေကို ပြောချင်တာက ကိုယ့်ကိုကိုယ်တန်ဖိုးထားပေးပါနော်။

- “‌ေရလမ်းခရီးမှာလှေတစ်ခုက ဝမ်း‌ဗိုက်မှာ အပေါက်ဖြစ်သွားရင် တလက်ဆက် စီးဝင်လာတဲ့ ရေတွေကိုပိတ်ဆို့ရတာ အင်မတန် ခက်ခဲ့သလိုဘဲ ”

အမျိုးသမီးလေးတို့ရဲ့ဘဝကလဲ ထိုကဲ့ သို့ လိုက်လျှောလိုက်မိပါက အခုလိုဘဲ ကိုယ်ဟာ အခွင့်အရေးသမားတွေနဲ့ဘဲ တွေ့ပြီး ခနခန အခွင့်‌အရေးယူခံရတက်ပါတယ်။
ဒါ‌ေ့ကြာင်း လူရွေးမမှားပါစေနဲ့နော် 🍀✨

10/08/2026

အခုလာမယ့် 13ရက်နေ့မှာ လကြတ်/ နေကြတ်ခြင်းကနေ အကျိုးသက်ရောက်မယ့် sign များ 💗✨

- Leo ♌
- Aquarius ♒
- Ta**us ♉
- Scorpio ♏

ဒီ sign လေးတွေအနေနဲ့လကြတ်ပြီး 1လ အတွင်းထဲမှာကြီးမားတဲ့ အပြောင်းအလဲ သစ်တွေ တွေ့ကြုံရတက်ပါတယ်၊ အဆင်မပြေတော့တဲ့ လုပ်ငန်း အဟောင်းတွေ ၊စွန့်လွတ်ရမယ့် အရာတွေ ပြောင်းလဲရမယ့် အရာတွေ ကြုံတွေ့ရဖို့ရှိပါတယ်။ ကိုယ်နဲ့အဆင်မပြေမယ့် ​လက်ရှိအခြေအနေကနေ မဖြစ်မနေ ရုန်းထွက်ရမယ်အချိန်ဖြစ်ပါတယ်။

​အစပိုင်းမှာ အနည်းငယ် ခက်ခဲရှုပ်ထွေးတတ်ပေမယ့် ရေရှည်မှာ ဘဝကို ပိုကောင်းတဲ့လမ်းကြောင်းပေါ် ရောက်သွားစေဖို့ အဟောင်းတွေကို ရှင်းထုတ်ပေးမယ့် အချိန်ပါပဲနော် ဒါ့ကြောင်း ဒီ sign လေးတွေအနေနဲ့ နေကြတ် ၊ လကြတ်ခြင်းဟာ ကောင်းသော အခြင်းအရာတွေ ဘဝထဲရောက်ရှိလာပြီး မကောင်းသော အရာတွေ ပြောင်းလဲသွားမယ့် အချိန်ဘဲ ဖြစ်ပါတယ်နော် 🍀✨

7ရက်သားသမီးတို့ အတွက် 10ရက်ကနေ 16ရက်နေ့အထိ တစ်ပတ်စာ ဟောစာတန်း✨🍀Personal မေးခွန်းမေးချင်သူတိုင်း page cb ကိုလာရောက်မေးမြန...
09/08/2026

7ရက်သားသမီးတို့ အတွက် 10ရက်ကနေ 16ရက်နေ့အထိ တစ်ပတ်စာ ဟောစာတန်း✨🍀

Personal မေးခွန်းမေးချင်သူတိုင်း page cb ကိုလာရောက်မေးမြန်းနိုင်ပါတယ်✨🍀

Address

Mandalay

Alerts

Be the first to know and let us send you an email when 𝐓𝐚𝐫𝐨𝐭 𝐛𝐲 𝐌𝐢𝐧 𝐂𝐡𝐢𝐭 𝐎𝐨 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share