𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽

  • Home
  • Myanmar
  • Mandalay
  • 𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽

𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽, Weight Loss Center, Mandalay.

🔥M-Gold Center ရှိ Lao Lao Fat Loss Camp အတန်း (၅)ချိန်လုံး  သက်မှတ်လူဦးရေ ပြည့်သွားပါပြီ🔥𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 ကို ယုံက...
27/08/2026

🔥M-Gold Center ရှိ Lao Lao Fat Loss Camp အတန်း (၅)ချိန်လုံး သက်မှတ်လူဦးရေ ပြည့်သွားပါပြီ🔥

𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 ကို ယုံကြည်စွာနဲ့ လက်တွဲပေးကြတဲ့ သင်တန်းသား/သူ အဟောင်း၊ အသစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

သင်တန်းသူ/သားများအားလုံးကို အဆင်ပြေပြေနဲ့ ထိထိရောက်ရောက် လေ့ကျင့်ပေးနိုင်ဖို့အတွက် အခန်းအကျယ်အဝန်းနဲ့ Trainer အချိုးအစားအရ လက်ရှိ ဖွင့်လှစ်ထားသော အတန်းချိန် (၅) ချိန်လုံး လူဦးရေ ပြည့်မီသွားပြီ ဖြစ်တဲ့အတွက် ရှေ့တစ်ပတ်ကတည်းက လက်ခံမှု ပိတ်သိမ်းခဲ့ရပါတယ်ရှင့်။

ထပ်မံ မေးမြန်းစုံစမ်းနေကြသူများအားလုံးကိုလည်း အခု Batch မှာ ထပ်မံ လက်မခံပေးနိုင်တော့တဲ့အတွက် အမှန်တကယ် အားနာမိပါတယ်ရှင့်။

💪 အရည်အသွေးကို ဦးစားပေးတဲ့အတွက်ကြောင့်မို့လို့ နားလည်ပေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ယခုBatch မှာ မမှီလိုက်တဲ့သူများအတွက် လာမည့် Batch အတန်းသစ်ကို အမြန်ဆုံး ပြန်လည် ကြေညာပေးသွားမှာမို့ Page ကို See First လုပ်ထားပြီး စောင့်မျှော်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

ကျေးဇူးတင်ပါတယ်ရှင် ☺️

#ကျန်းမာရေးကုသိုလ်

🔥 Lao Lao Fat Loss Camp တွင် Fitness Career စတင်လိုသူ အမျိုးသမီး (၂) ဦး အလိုရှိသည်! 🔥Fitness နဲ့ လေ့ကျင့်ခန်းပိုင်းကို တ...
26/08/2026

🔥 Lao Lao Fat Loss Camp တွင် Fitness Career စတင်လိုသူ အမျိုးသမီး (၂) ဦး အလိုရှိသည်! 🔥

Fitness နဲ့ လေ့ကျင့်ခန်းပိုင်းကို တကယ် ရူးသွပ်ပြီး၊ ကိုယ်တိုင်လည်း သင်ယူရင်း သူတစ်ပါးရဲ့ ကျန်းမာရေးအတွက်ပါ ကူညီပေးချင်တဲ့ စိတ်အားထက်သန်သူများအတွက် 𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။

အတွေ့အကြုံမရှိသေးလို့ စိတ်ပူစရာ မလိုပါဘူး။ စိတ်ပါဝင်စားမှုနဲ့ ကြိုးစားလိုစိတ်သာရှိရင် လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှု (Training) များကို Camp မှ တာဝန်ယူ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🎯 ဘယ်လို အရည်အချင်းတွေ လိုအပ်မလဲ?
• မန္တလေးမြို့တွင် နေထိုင်သူဖြစ်ရမည်။
• အချိန်တိကျပြီး စည်းကမ်းကို လေးစားလိုက်နာသူ ဖြစ်ရမည်။
• အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ပြီး တာဝန်ယူမှုအပြည့်ရှိရမည်။
• Client များကို အပြုံးဖြင့် ယဉ်ကျေးဖော်ရွေစွာ ဝန်ဆောင်မှုပေးနိုင်ရမည်။
• Professional ဆန်ပြီး သပ်ရပ်သော အားကစားဝတ်စုံ (Sportswear) ကို အလုပ်ခွင်နှင့်အညီ စနစ်တကျ ဝတ်ဆင်နိုင်သူ ဖြစ်ရမည်။

✨ စိတ်ပါဝင်စားတဲ့ အမျိုးသမီးများအနေနဲ့ မိမိရဲ့ CV Form ကို Lao Lao Fat Loss Camp ရဲ့ Messenger ကနေတစ်ဆင့် အခုပဲ ပေးပို့ လျှောက်ထားနိုင်ပါပြီရှင့်။

(အသေးစိတ် သိရှိလိုသည်များကိုလည်း CB တွင် မေးမြန်းနိုင်ပါသည်။)

#ကျန်းမာရေးကုသိုလ်

မနေ့မနက်က Nomad Runners နဲ့ 𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 တို့ရဲ့ NGR Round 4 Coffee Run ပွဲမှာ Lao Lao အင်္ကျီဝတ်ပြီး အမြန်ဆုံး...
03/08/2026

မနေ့မနက်က Nomad Runners နဲ့ 𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 တို့ရဲ့ NGR Round 4 Coffee Run ပွဲမှာ Lao Lao အင်္ကျီဝတ်ပြီး အမြန်ဆုံး ပန်းဝင်သွားတဲ့ runner (၅) ဦးက ဘယ်သူတွေလဲ 🏃‍♂️💨🏃‍♀️

NGR Round 4 Coffee Run ပွဲမှာ ကျွန်မတို့ Lao Lao Fat Loss Camp ရဲ့ အထူးအစီအစဉ် (၁) ဖြစ်တဲ့ Speed Challenge ဟာ တကယ့်ကို အကြိတ်အနယ် ရှိခဲ့ပါတယ်ရှင့် 😄

မူလက အမြန်ဆုံး ပန်းဝင်သူ (၃) ဦးကိုပဲ ဆုချီးမြှင့်ဖို့ ကြေညာထားခဲ့ပေမယ့်... ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ တက်ကြွမှုတွေကို Sayarma Lao Lao က အသိအမှတ်ပြုတဲ့အနေနဲ့ ဆုအရေအတွက်ကို (၅) ဆုအထိ အထူး တိုးမြှင့်ပြီး ချီးမြှင့်လိုက်ပါတယ်နော့ 😊

အပြေးလမ်းပေါ်မှာ အမြန်ဆုံး ခြေလှမ်းတွေနဲ့အတူ ဆုတွေကို အပိုင်သိမ်းသွားတဲ့ ကံထူးရှင်တွေကတော့-

🥇 ပထမဆု (၄ ပတ်တာ သင်တန်းကြေး 100% Free) :
ကိုမြတ်သူ

🥈 ဒုတိယဆု (သင်တန်းကြေး ၅၀% Discount)
ကိုဝေယံ

🥉 တတိယဆု (သင်တန်းကြေး ၃၀% Discount)
ကိုငြိမ်းချမ်းကိုကို

🏅 စတုတ္ထဆု (သင်တန်းကြေး ၃၀% Discount)
မရွှေဂျူး

🏅 ပဉ္စမဆု (သင်တန်းကြေး ၃၀% Discount)
Daw C Gyi

ဒီ Speedy Runner (၅) ဦးအတွက် အားလုံးပဲ Comment မှာ ဂုဏ်ပြုစကားလေးတွေ ဝိုင်းပြောပေးကြပါဦးနော် 🎉

ပါဝင်ဆင်နွှဲပေးခဲ့ကြတဲ့ Lao Lao Member တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ထပ်လည်း ရင်ခုန်စရာ Challenge အများကြီး ရှိနေဦးမှာမို့ အကောင်းဆုံးကြိုးစားပြင်ဆင်ထားကြပါဦးနော် 😊😊

မနေ့မနက်က ကော်ဖီလေးသောက်၊ 6Km ပြေးပြီး ချွေးလေးထုတ်ရင်းနဲ့... ၁၀၀% Free သင်တန်းဆုကြီးကို အပိုင်သိမ်းသွားတဲ့ ကံထူးရှင်က ဘ...
03/08/2026

မနေ့မနက်က ကော်ဖီလေးသောက်၊ 6Km ပြေးပြီး ချွေးလေးထုတ်ရင်းနဲ့... ၁၀၀% Free သင်တန်းဆုကြီးကို အပိုင်သိမ်းသွားတဲ့ ကံထူးရှင်က ဘယ်သူဖြစ်မလဲ? 🎉🏃‍♀️

မနေ့က ကျင်းပခဲ့တဲ့ NGR Round 4 Coffee Run ပွဲကြီးမှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ Lao Lao Member တွေထဲကနေ... "၄ ပတ်တာ သင်တန်းကြေး လုံးဝ ကင်းလွတ်ခွင့် (100% Free)" ရရှိသွားတဲ့ Lucky Runner ကံထူးရှင်လေး ထွက်ပေါ်လို့ လာပါပြီနော် 😊

Lao Lao ရဲ့ Live ကနေ ပွင့်လင်းမြင်သာစွာ မဲဖောက်ရွေးချယ်ပေးခဲ့တဲ့ အတိုင်း ကံထူးသွားသူကတော့...
🎊 Ma May Aye Mon ပဲ ဖြစ်ပါတယ်ရှင့် 🎉

𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 မှာ အဆီပိုတွေကို ဖယ်ရှားပြီး အမိုက်စား ခန္ဓာကိုယ်ကို အခမဲ့ ၄ပတ်တာရရှိခဲ့တဲ့ မမေအေးမွန်အတွက် အားလုံးပဲ ဝိုင်းပြီး ဂုဏ်ပြုပေးကြပါဦးနော့👏

ဒီတစ်ခေါက် ကံမစမ်းလိုက်ရတဲ့ သူတွေ၊ ဆုမရလိုက်တဲ့ သူတွေလည်း လုံးဝ စိတ်မမောနဲ့နော်... Lao Lao ကနေ နောက်ထပ် Challenge တွေ အများကြီး ထပ်လာဖို့ရှိသေးလို့ အကောင်းဆုံးပြင်ဆင်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် 😄

ဒီနေ့မနက်ခင်းရဲ့ အလှဆုံးမြင်ကွင်းကတော့... အပြေးလမ်းပေါ်က "ထွက်ထားခဲ့သမျှ Lao Lao Tee ရောင်စုံဝတ်ထားတဲ့ သင်တန်းသူ/သားတွေရ...
02/08/2026

ဒီနေ့မနက်ခင်းရဲ့ အလှဆုံးမြင်ကွင်းကတော့... အပြေးလမ်းပေါ်က "ထွက်ထားခဲ့သမျှ Lao Lao Tee ရောင်စုံဝတ်ထားတဲ့ သင်တန်းသူ/သားတွေရဲ့ ချွေးတွေနဲ့ အပြုံးတွေပါပဲနော် 🏃‍♂️🏃‍♀️✨

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့ရဲ့ မနက်ခင်းဟာ Nomad Runners နဲ့ 𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 တို့ရဲ့ NGR Round 4 ကြောင့် တကယ့်ကို အသက်ဝင် တက်ကြွခဲ့ရပါတယ်။ အတူတူ ပြေးခဲ့ကြတဲ့ ခြေလှမ်းတိုင်းမှာ ပါဝင်ပေးခဲ့ကြတဲ့ Lao Lao မန်ဘာဝင်တွေနဲ့ အပြေးချစ်သူ တစ်ယောက်ချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်ရှင် 😊

ဒီလို အရမ်းကို မိမိုက်လှတဲ့ မနက်ခင်းလေးကို အဘက်ဘက်ကနေ ပြည့်စုံသွားအောင် ပံ့ပိုးပေးခဲ့ကြတဲ့ မိတ်ဖက် In-kind Sponsor တွေကိုလည်း ချန်ထားခဲ့လို့ မရပါဘူးနော် 😊

ပြေးပြီး ပင်ပန်းသမျှကို ချက်ချင်း အမောပြေစေခဲ့တဲ့ Café BTC ရဲ့ Signature ကော်ဖီ မွှေးမွှေးလေးများ ☕

ခွန်အားတွေ ပြန်လည်ဖြည့်တင်းပေးခဲ့တဲ့ D-Mo Bakery - ဒီမို မုန့်တိုက် ရဲ့ အရသာရှိတဲ့ မုန့်များ 🥐

ချွေးထွက်များပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးခဲ့တဲ့ EMOTO သောက်ရေသန့်နဲ့

အားအင်တွေ အပြည့်ပြန်ဖြစ်စေတဲ့ Hikari Ion Supply Drink - ひかり 💧

ပြီးတော့ ချွေးတလုံးလုံးနဲ့ ပျော်ရွှင်နေတဲ့ အမိုက်ဆုံး အခိုက်အတန့်တွေကို အလှပဆုံး မှတ်တမ်းတင်ပေးခဲ့တဲ့ Professional Photographer ကိုမိုးမခနဲ့ ကိုကျော်သူဟန် တို့ကိုလည်း Lao Lao Fat Loss Camp မှ အထူး ကျေးဇူးတင်ရှိပါတယ်။

ပွဲအတွင်း လိုအပ်ချက်များ ရှိခဲ့ပါက နားလည်ပေးခဲ့ကြတဲ့ မိတ်ဆွေအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ သင်တို့ရဲ့ အားဖြည့်မှုတွေ၊ ပူးပေါင်းပါဝင်မှုတွေကြောင့်သာ NGR Round 4 ဟာ အမှတ်တရ အကောင်းဆုံး မနက်ခင်းတစ်ခု ဖြစ်ခဲ့ရတာပါ။

နောက်ထပ်လည်း ဒီလို အမိုက်စား Event တွေမှာ Lao Lao members တွေ ပါဝင်ဦးမှာဖြစ်လို့ အားလုံးပဲ Stay Tuned ပါရှင့်! 🤩

ပိန်သွားတိုင်း ကျန်းမာသွားတာမှ မဟုတ်တာ၊ သိတယ်ဟုတ် ❓ဝိတ်ချတဲ့သူ အများစု မှားတတ်တဲ့ အကြီးမားဆုံး အမှားက အစားအသောက်ကို အပြတ...
01/08/2026

ပိန်သွားတိုင်း ကျန်းမာသွားတာမှ မဟုတ်တာ၊ သိတယ်ဟုတ် ❓

ဝိတ်ချတဲ့သူ အများစု မှားတတ်တဲ့ အကြီးမားဆုံး အမှားက အစားအသောက်ကို အပြတ်ဖြတ်ပြီး "ဝိတ်ချိန်စက် (Weighing Scale)" ပေါ်က ဂဏန်းကျသွားဖို့ကိုပဲ အာရုံစိုက်နေကြတာပါပဲ။

တကယ်တော့ ဝိတ်ကျတာ (Weight Loss) နဲ့ အဆီကျတာ (Fat Loss) ဆိုတာ လုံးဝ မတူပါဘူးနော်။

❌ ဝိတ်ကျခြင်း (Weight Loss)ဆိုတာ...
ခန္ဓာကိုယ်ထဲက
💦ရေဓာတ်၊
💪ကြွက်သားနဲ့
🫩 အဆီတွေ အကုန်လုံး ရောနှောပြီး ကျသွားတာပါ။

အစားဖြတ်လိုက်ရင် မြန်မြန်ကျပေမယ့်
ကြွက်သားတွေပါ ဆုံးရှုံးသွားလို့ ခန္ဓာကိုယ်က တွဲကျလာပြီး
မကြာခင်မှာပဲ ယခင်ထက် ဝိတ်ပိုတက်လာတတ်ပါတယ်၊ (Yo-Yo Effect)လို ခေါ်ကြတယ်၊ မြန်မြန်အောက်ပြုတ်ကျပြီး အပေါ်အမြန်ပြန်တက်လာတဲ့ ယိုယိုလေးလိုပေါ့ 😄

✅ အဆီကျခြင်း (Fat Loss)ကတော့...
ကြွက်သားတွေကို ထိန်းသိမ်းတည်ဆောက်ရင်း၊ မလိုအပ်တဲ့ အဆီပိုတွေကိုသာ သီးသန့် လောင်ကျွမ်းပစ်တာပါ။ ခန္ဓာကိုယ်က ပိုမို ကျစ်လျစ်လှပလာပြီး ရေရှည် ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်ရှင်။

ဒါကြောင့် 𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 မှာ ကစားသမားတွေကို အစာငတ်ခံပြီး ဝိတ်ချခိုင်းတဲ့ စနစ်ကို လုံးဝ (လုံးဝ) အသုံးမပြုပါဘူး။ (Scienc-based) စနစ်ကျတဲ့ လေ့ကျင့်ခန်းတွေ၊ မှန်ကန်တဲ့ အာဟာရ တွက်ချက်စားသုံးစေမှုတွေနဲ့သာ အဆီပို (Fat) တွေကို ဖယ်ရှားပြီး ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် တည်ဆောက်ပေးဖို့ကိုပဲ အဓိကထား လေ့ကျင့်ပေးနေတာပါရှင်။

အဲတော့ မေးကြည့်ချင်တာတခုက ဝိတ်ချိန်စက်ပေါ်က ဂဏန်းကို လျှော့ချင်တာလား? ဒါမှမဟုတ် မှန်ထဲကြည့်လိုက်တိုင်း ယုံကြည်မှုရှိစေမယ့် ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို လိုချင်တာလား? ပေါ့ 😊

ခန္ဓာကိုယ်အပြောင်းအလဲကို စနစ်တကျအထိရောက်ဆုံး ဖန်တီးချင်ရင် Asian Model Physique တွင် မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးရွှေတံဆိပ်ဆုရှင် ဆရာမ Nang Lao Kham ဦးစီးလေ့ကျင့်ပေးနေတဲ့ 𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 က အမြဲကြိုဆိုနေပါတယ်ရှင် 😊😊😊

#ကျန်းမာရေးကုသိုလ်

🏆🥇🥈🥉🏅 ပြေးရင်းနဲ့ အဆီလည်းချမယ်... ဆုလက်ဆောင်တွေလည်း အပိုင်သိမ်းကြမယ်! 🏃‍♂️🏃‍♀️🎁ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ လုပ်မယ့် Nomad G...
31/07/2026

🏆🥇🥈🥉🏅 ပြေးရင်းနဲ့ အဆီလည်းချမယ်... ဆုလက်ဆောင်တွေလည်း အပိုင်သိမ်းကြမယ်! 🏃‍♂️🏃‍♀️🎁

ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ လုပ်မယ့် Nomad Gathering Run (NGR) - Round 3 (Coffee Run) ပွဲလေးမှာ ပါဝင်ဆင်နွှဲကြမယ့် Lao Lao မိသားစုဝင်တွေအတွက် ရင်ခုန်စရာ အထူးအစီအစဉ် (၂) ခုကို ပြင်ဆင်ထားပါတယ်ရှင့် 😃

🏆 အထူးအစီအစဉ် (၁) - Speed Challenge

Lao Lao Camp ရဲ့ လက်ရှိ သင်တန်းသူ/သားတွေ၊ ခေတ္တနားထားတဲ့ သင်တန်းသူ/သားတွေအပြင်...

Lao Lao Fat Loss Camp ရဲ့ မည်သည့် အင်္ကျီကိုမဆို ဝတ်ဆင်ပြီး ဝင်ပြေးတဲ့သူတွေထဲက အမြန်ဆုံး ပန်းဝင်သူ (၃) ဦးကို အောက်ပါအတိုင်း ဆုချီးမြှင့်သွားမှာပါနော် 👍

🥇 ပထမဆုံး ပန်းဝင်သူကို ၄ ပတ်တာ သင်တန်းကာလ (100% Free)၊
🥈 ဒုတိယ ပန်းဝင်သူကို ၅၀% Discount ခံစားခွင့်
🥉 တတိယ ပန်းဝင်သူကို ၃၀% Discount ခံစားခွင့်တွေ ဆုလက်ဆောင်ပေးသွားမှာပါ။

ဒါ့အပြင်

🎟️ အထူးအစီအစဉ် (၂) - Lucky Runner

"ငါက အပြေးမမြန်လို့ ဆုမရလောက်ဘူး" ဆိုပြီး စိတ်မပူပါနဲ့။ လက်ရှိ Lao Lao Camp မှာ စာရင်းသွင်း လေ့ကျင့်နေသူတွေထဲကနေ...

ဒီပွဲကို ပြေးမယ်လို့ စာရင်းပေးပြီး တကယ်လာပြေးသူတွေထဲက (၁) ဦး ကို "၄ ပတ်တာ သင်တန်းကြေး ကင်းလွတ်ခွင့် (100% Free)" မဲဖောက်ပေးသွားဦးမှာပါနော်။

ကဲ... ကိုယ့်ရဲ့ ကျန်းမာရေးအတွက်လည်း ပြေးမယ်၊ သူငယ်ချင်းတွေနဲ့လည်း ကော်ဖီအတူတူ သောက်မယ်၊ Lao Lao ကပေးတဲ့ အခမဲ့ သင်တန်းဆုတွေကိုလည်း ယူကြမယ်။

ပြေးကြမယ်ဟုတ် ??? 🤩

Lao Lao အင်္ကျီလေးတွေ အဆင်သင့် ပြင်ထားပြီး တနင်္ဂနွေနေ့ မနက်ခင်းမှာ အားလုံးပဲ ဆုံကြမယ်နော် 😄😄

တနင်္ဂနွေ မနက်ခင်းကို အိပ်ရာထဲမှာ အလကား အချိန်မကုန်စေဘဲ... ချွေးထွက်ပြီး ကော်ဖီမွှေးမွှေးလေးနဲ့ စတင်လိုက်ရအောင်! ☕️🏃‍♂️🏃...
30/07/2026

တနင်္ဂနွေ မနက်ခင်းကို အိပ်ရာထဲမှာ အလကား အချိန်မကုန်စေဘဲ... ချွေးထွက်ပြီး ကော်ဖီမွှေးမွှေးလေးနဲ့ စတင်လိုက်ရအောင်! ☕️🏃‍♂️🏃‍♀️

𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 ရဲ့ အစ်ကို၊ အစ်မတို့အတွက် ဒီတစ်ပတ်မှာ ခန္ဓာကိုယ်က အဆီပိုတွေကို ပိုမိုလောင်ကျွမ်းပစ်ရင်း မိတ်ဆွေသစ်တွေနဲ့ ဆုံတွေ့နိုင်ဖို့အတွက်

Nomad Gathering Run (NGR) - Round 3 (Coffee Run) ပွဲလေးမှာ 𝗟𝗮𝗼 𝗟𝗮𝗼 𝗖𝗮𝗺𝗽 က ပါဝင်ထားပါတယ်။

ဒီတစ်ခေါက်မှာတော့ Nomad Runners တွေနဲ့အတူ လေကောင်းလေသန့်ရှူ၊ (6 KM) အေးဆေး ပြေး/လမ်းလျှောက်ကြပြီး ပန်းဝင်တာနဲ့ ကော်ဖီပူပူလေး သောက်ကြမယ့် အစီအစဉ်လေးမို့ မဖြစ်မနေ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

🏃‍➡️🏃‍♀️‍➡️ ပွဲအသေးစိတ် အစီအစဉ်

📅ရက်စွဲ
၂၆.၇.၂၀၂၆ (တနင်္ဂနွေနေ့)

📍စုရပ်
Café BTC (၃၈ လမ်း၊ ၇၂ x ၇၃ ကြား)

⏰အချိန်
နံနက် ၅:၁၅ နာရီ (Running Coach မှ သွေးပူလေ့ကျင့်ခန်းများ စနစ်တကျ အရင် ဦးဆောင်ပြုလုပ်ပေးပါမည်။ ၅:၃၀ နာရီ တိတိတွင် စတင် တာထွက်ပါမည်။)

🛣️ပြေးမည့် လမ်းကြောင်း
(6KM): Cafe’ BTC ဆိုင်ရှေ့ ➡️ ၇၃ လမ်း ➡️ ၂၆ လမ်း ➡️ ၇၈ လမ်း ➡️ ၃၈ လမ်း ➡️ Cafe’ BTC ဆိုင်ရှေ့သို့ ပြန်လည် ပန်းဝင်ပါမည်။
(ပြေးလမ်းကြောင်းမြေပုံကို First Comment မှာ ကြည့်နိုင်ပါတယ်ရှင်)

🎁 ပြေးသူများအတွက်
Water Station ကို ၇၈ x ၂၇ လမ်းထောင့်မှာ EMOTO သောက်ရေသန့်မှ Hydration Vehicle လေးနဲ့ ရေဆာပြေဖို့ အပြည့်အဝ ပံ့ပိုးပေးထားပါတယ်။

Finish Line Treats အနေနဲ့ ပန်းဝင်တာနဲ့ တစ်ပြိုင်နက် Cafe’ BTC မှ နှပ်ကော်ဖီ မွှေးမွှေးလေးများ၊ DMO မုန့်တိုက်မှ လူ (၃၀၀) စာအတွက် မနက်စာ အစာပြေမုန့်များနဲ့ Hikari Ion Supply Drink (လူ ၂၀၀ စာ) တို့ကို သီးသန့် ပြင်ဆင်ပေးထားပါတယ်။

🏍️🚙ဆိုင်ကယ်နဲ့ကားပါကင်
မိမိတို့ရဲ့ ကား၊ ဆိုင်ကယ်များကို စိတ်ချလက်ချ ရပ်နားနိုင်ဖို့လည်း စီစဉ်ပေးထားပါတယ်ရှင့်။

ကော်ဖီသောက်ရင်း မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံစည်းဖို့၊ ကျန်းမာရေး အသိပညာလေးတွေ မျှဝေဖို့ ဒီတနင်္ဂနွေ မနက်ခင်း Coffee Run ပွဲလေးကို အရောက်လှမ်းခဲ့ဖို့ Lao Lao မိသားစုကို ဖိတ်ခေါ်လိုက်ပါတယ်! အားလုံးပဲ ပွဲမှာ ဆုံကြမယ်နော်... 🤩

တစ်ပတ်မှာ ၄ ရက်လုံး အပြင်းအထန် ရုန်းကန်ပြီးရင်... ကျန်တဲ့ ၁ ရက်မှာ 'ယောဂ' ဘာကြောင့် မဖြစ်မနေ လိုအပ်တာလဲ ? 🧘‍♀️🔥𝗟𝗮𝗼 𝗟𝗮𝗼 𝗙...
24/07/2026

တစ်ပတ်မှာ ၄ ရက်လုံး အပြင်းအထန် ရုန်းကန်ပြီးရင်... ကျန်တဲ့ ၁ ရက်မှာ 'ယောဂ' ဘာကြောင့် မဖြစ်မနေ လိုအပ်တာလဲ ? 🧘‍♀️🔥

𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 ကို တက်ရောက်နေကြတဲ့ သင်တန်းသူ/သား အကိုအမတို့ရေ...

အမောဆို့အောင် ကစားနေကြတဲ့ကြားထဲကမှ တစ်ပတ်မှာ တစ်ရက်ကို Professional Yoga Class အဖြစ် သီးသန့် သတ်မှတ်ပေးထားတာကို သတိထားမိကြမှာပါ။

အချို့ကလည်း မေးကြတယ်... "ဝိတ်ကျချင်လို့ လာတာကို ဘာလို့ ပျော့ပျော့ပြောင်းပြောင်း ယောဂကို အချိန်ပေးထားတာလဲ" ပေါ့။

တကယ်တော့ ဒီ ၁ ရက်ဟာ 𝗟𝗮𝗼 𝗟𝗮𝗼 𝗖𝗮𝗺𝗽 ဘက်က အစ်ကို၊ အစ်မတို့ရဲ့ ခန္ဓာကိုယ် လှပကျန်းမာရေးအတွက် အထူးပြု ပညာရှင်ဆရာမ ကိုယ်တိုင်နဲ့ စနစ်တကျ ထပ်ဆောင်းရင်းနှီးမြှုပ်နှံပေးထားတဲ့ "အဖိုးတန်ဆုံး အနားယူချိန် (Active Recovery)" နေ့ပဲ ဖြစ်ပါတယ်။

🎯 အားကစားသမားတိုင်းအတွက် ယောဂ (Yoga) ရဲ့ မရှိမဖြစ် အကျိုးကျေးဇူး (၄) ချက်ရှိပါတယ်နော်။

၁။ ကြွက်သားများကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးခြင်း (Faster Muscle Recovery)
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့် ကြွက်သားမျှင်လေးတွေမှာ ဖြစ်ပေါ်သွားတဲ့ သေးငယ်တဲ့ ဆုတ်ပြဲမှု (Micro-tears) တွေကို ယောဂက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆဲလ်သစ်တွေနဲ့ မြန်မြန်ဆန်ဆန် ပြန်လည် ဆက်စပ်ပေးပါတယ်ရှင့်။

၂။ ဒဏ်ရာရရှိနိုင်ခြေကို ကာကွယ်ပေးခြင်း (Injury Prevention)
တင်းကျပ်နေတဲ့ ပေါင်နောက်ကြော (Hamstrings) နဲ့ တင်ပါးဆုံကြွက်သားတွေကို ပျော့ပျောင်းစေပြီး ဒူးနာ၊ ခါးနာခြင်း ဒဏ်ရာတွေ မဖြစ်အောင် ကြိုတင် ကာကွယ်ပေးပါတယ်နော်။

၃။ အာရုံကြောနှင့် စိတ်ဖိစီးမှုကို ပြေပျောက်စေခြင်း (Mind & Body Balance)
စနစ်ကျတဲ့ အသက်ရှူနည်းများကြောင့် ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ကို အေးချမ်းစေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချကာ အိပ်စက်မှုကို ပိုမိုကောင်းမွန်စေပါတယ်ရှင်။

၄။ ခန္ဓာကိုယ် ကိုယ်နေဟန်ထား ညီမျှစေခြင်း (Posture Alignment)
နေ့စဉ် လူနေမှုဘဝမှာ ဘက်လိုက်သုံးစွဲမိလို့ ယိုင်နဲ့နေတဲ့ ကိုယ်နေဟန်ထား (Posture) တွေကို ပုံမှန် ပြန်လည်တည့်မတ်ပေးပါတယ်ရှင့်။

အားကစားသိပ္ပံအရ လေ့ကျင့်ခန်းလုပ်တာ တစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ စနစ်ကျတဲ့ အနားယူခြင်း ပါဝင်မှသာ ခန္ဓာကိုယ်က ရေရှည်မှာ ဒဏ်ရာကင်းပြီး လှပကြံ့ခိုင်နေမှာပါ။

𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 မှာ ယောဂရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားပြီး ရုပ်ရော စိတ်ပါ အသစ်တဖန် ပြန်လန်းဆန်းလိုက်ကြရအောင်နော် 🥰✨

#ကျန်းမာရေးကုသိုလ်

ခန္ဓာကိုယ်အပြောင်းအလဲကို ဒဏ်ရာကင်းကင်းနဲ့ အထိရောက်ဆုံး ဖန်တီးချင်ပါသလား?ကမ္ဘာ့အဆင့်မီ Coach ကိုယ်တိုင် သေချာစနစ်တကျ လမ်း...
18/07/2026

ခန္ဓာကိုယ်အပြောင်းအလဲကို ဒဏ်ရာကင်းကင်းနဲ့ အထိရောက်ဆုံး ဖန်တီးချင်ပါသလား?

ကမ္ဘာ့အဆင့်မီ Coach ကိုယ်တိုင် သေချာစနစ်တကျ လမ်းညွှန်ပေးမယ့် Lao Lao Fat Loss Camp (Batch-62) အတွက် စာရင်းသွင်း အပ်နှံနိုင်ပါပြီ! 🏋️‍♀️🔥

ဒီ Camp ကို
🏆 World Model Physique တွင် ကမ္ဘာ့အဆင့် ၆
🏆 Asian Model Physique တွင် မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးရွှေတံဆိပ်ဆုရှင်
🏆 ထပ်ဆင့် ပြည်ထောင်စုမယ်၊ အိုလံပစ်မယ်၊ ရွှေမန်းမယ် နှင့် ပြည်တွင်း/ပြည်ပ တံဆိပ်ဆုပေါင်းများစွာ ပိုင်ဆိုင်ထားပြီး

International Fitness Certification များစွာဖြင့် လူပေါင်းများစွာကို Injury (ဒဏ်ရာ) ကင်းကင်းနှင့် စနစ်တကျ ပြောင်းလဲပေးထားသည့် Coach Nang Lao Kham ကိုယ်တိုင် တာဝန်ယူ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📅 အတန်းချိန် (၆) ချိန်နှင့် လိပ်စာအသေးစိတ်

Location (1) - M Gold Gym Center (1)
📍 ၃၅ လမ်း၊ ၈၆ လမ်းထောင့်၊ မန္တလေးမြို့
📅Morning Class: 6:00 AM - 7:00 AM (စတင်မည့်ရက် - 20.7.2026 တနင်္လာနေ့)
📅 Evening Class: 6:15 PM - 7:15 PM (စတင်မည့်ရက် - 20.7.2026 တနင်္လာနေ့)

Location (2) - M Gold Gym Center (2)
📍 ၂၅ လမ်း၊ ၆၃ x ၆၄ လမ်းကြား]
📅Evening Class (A): 4:00 PM - 5:00 PM (စတင်မည့်ရက် - 20.7.2026 တနင်္လာနေ့)
📅Evening Class (B): 5:00 PM - 6:00 PM (စတင်မည့်ရက် - 20.7.2026 တနင်္လာနေ့)

Location (3) - IFit Fitness Center
📍 ၃၇ လမ်း (B)၊ ၅၃ x ၅၄ လမ်းကြား]
(အတန်းများ ရှေ့တပတ်က ဖွင့်ထားပါတယ်)
📅Morning Class: 6:15 AM - 7:15 AM
📅Evening Class: 5:15 PM - 6:15 PM

💰 သင်တန်းကြေးနှင့် အထူးခံစားခွင့်များ (4 Weeks)

M-Gold Gym Center တန်းခွဲများ: 150,000 Ks
iFit Fitness Center တန်းခွဲများ: 290,000 Ks

(အထူးခံစားခွင့်အနေဖြင့် Camp တက်ရောက်နေစဉ်အတွင်း Camp အပ်နှံရာ Gym တွင် Free ဝင်ရောက်ကစားခွင့် ပါဝင်ပါသည်)

🎯 သင်ကြားပေးမည့် Program များနှင့် Service

Fitness Programs များဖြစ်တဲ့
🏋️Bodyweight Training,
💪Strength and Conditioning,
👍Core Exercise,
👍Step Training,
👍Functional Training,
👍Yoga,
👍Zumba,
👍Body Balance များအပြင်

တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်အလိုက်
နေ့စဉ်စားသောက်ရမည့်
🍛Nutrition Plan ကို အသေးစိတ် တွက်ချက်ပေးခြင်း။

⚠️ လူဦးရေ အကန့်အသတ်ရှိပါသဖြင့် စိတ်ပါဝင်စားသူများအနေဖြင့် နာမည်စာရင်းကို ယခုပဲ ကြိုတင်ပေးသွင်းထားရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

📞 ဆက်သွယ်ရန်
09 953968888
09 960015916

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝗟𝗮𝗼 𝗟𝗮𝗼 𝗙𝗮𝘁 𝗟𝗼𝘀𝘀 𝗖𝗮𝗺𝗽 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share