Arammana Dental Clinic

Arammana Dental Clinic Your Teeth, but Our Art.

သွားတိုက်တံ အဟောင်းကြီးကို ဆက်သုံးနေတုန်းပဲလား? 🪥❌သွားတိုက်တံဆိုတာ " ၃ "လတစ်ကြိမ် (သို့) အမွှေးတွေ ဖွာသွားပြီဆိုရင် မဖြစ...
10/10/2026

သွားတိုက်တံ အဟောင်းကြီးကို ဆက်သုံးနေတုန်းပဲလား? 🪥❌

သွားတိုက်တံဆိုတာ " ၃ "လတစ်ကြိမ် (သို့) အမွှေးတွေ ဖွာသွားပြီဆိုရင် မဖြစ်မနေ လဲလှယ်ပေးသင့်ပါတယ်☺️

သွားတိုက်တံဟောင်းကြီးကို ဆက်သုံးနေရင်
ဘက်တီးရီးယားတွေ စုပုံလာနိုင်ပြီး သွားနဲ့သွားဖုံးကို ကောင်းကောင်း မသန့်စင်ပေးနိုင်တော့ပါဘူး😟 အမွှေးတွေက ကြာလာရင်မာလာပြီး ပွန်းပဲ့တတ်တဲ့အတွက် သွားဖုံးတွေကိုပါ ထိခိုက်နာကျင်စေနိုင်ပါတယ်နော်😌

ကိုယ့်သွားတိုက်တံလေးကို အခုပဲ စစ်ဆေးကြည့်လိုက်ကြရအောင်နော် ✨

🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 - 444 000 371

#သွားကျန်းမာရေး #အာရမ္မဏသွားဆေးခန်း #သွားတိုက်တံ

ခံတွင်းနံ့ဆိုးလို့ စိတ်ညစ်နေပြီလား😔ခံတွင်းနံ့ဆိုးတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ကျဆင်းစေနိုင်တဲ့အပြင် ခံတွင်းကျန်းမာ...
04/10/2026

ခံတွင်းနံ့ဆိုးလို့ စိတ်ညစ်နေပြီလား😔

ခံတွင်းနံ့ဆိုးတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ကျဆင်းစေနိုင်တဲ့အပြင် ခံတွင်းကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်😥

အဲ့ဒါကြောင့် ခံတွင်းနံ့ဆိုးခြင်းနဲ့ သွားဖုံးရောဂါတွေရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ သွားကျောက်/သွားချေးတွေကို မေ့ထားလို့ မဖြစ်ပါဘူးနော်

သွားကျောက်တွေက ဘက်တီးရီးယားတွေ ခိုအောင်းရာ နေရာဖြစ်ပြီး၊ အဲဒီကနေ ပါးစပ်နံ့ဆိုးခြင်းနဲ့ သွားဖုံးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

သွားကျောက်တွေရှိနေပြီဆိုရင်တော့ သွားသန့်ရှင်းရေး (Scaling) လုပ်ပေးဖို့ လိုအပ်နေပါပြီနော်။ သွားသန့်ရှင်းရေးလုပ်တာက သွားတွေကို မထိခိုက်စေဘဲသွားဖုံးကျန်းမာရေးအတွက်လဲ အထောက်အကူပြုတာမို့ လုပ်ကို လုပ်သင့်တဲ့ ကုသမှုတစ်ခုပါပဲနော်🦷💖

ဖြူစင်တောက်ပတဲ့ အပြုံးလေးတွေနဲ့ ကျန်းမာတဲ့သွား​ဖုံးလေးကို ပိုင်ဆိုင်နိုင်ဖို့ "အာရမ္မဏ သွားနဲ့ခံတွင်းဆေးခန်း" လေးကို သတိရလိုက်ပါနော် 🏥🤗

ဒီ October လ အတွင်းဆိုရင် သီတင်းကျွတ် promotion လေးလဲ ရှိတာမို့ "10%OFF" discount လေးနဲ့ သွားကျောက်လေးတွေကို ဖယ်ထုတ်ကြရအောင်နော်💖

🏥 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍109st 64A×64B
📞 09 444 000 371

#ခံတွင်းနံ့ဆိုးခြင်း
#သွားကျောက်ခြစ်ခြင်း
#သွားဆေးခန်း

26/09/2026
သီတင်းကျွတ်ကာလမှာ အလှပဆုံးနဲ့ အတောက်ပဆုံး အပြုံးတွေကို ပိုင်ဆိုင်နိုင်ဖို့ "အာရမ္မဏ" ရဲ့ သီတင်းကျွတ် အထူးလက်ဆောင်... 🎁✨✨...
26/09/2026

သီတင်းကျွတ်ကာလမှာ အလှပဆုံးနဲ့ အတောက်ပဆုံး အပြုံးတွေကို ပိုင်ဆိုင်နိုင်ဖို့ "အာရမ္မဏ" ရဲ့ သီတင်းကျွတ် အထူးလက်ဆောင်... 🎁✨

✨ Thadingyut Special Promotions ✨

✅ All Treatments - 10% OFF!!
(သွားနှင့် ခံတွင်း ကုသမှုမှန်သမျှ ၁၀% တိတိ လျှော့စျေး)

✅ Zirconia (ကြွေသီးသန့်) သွားစိုက်သူတိုင်း Scaling FREE!!
(Zirconia သွားလာစိုက်တာနဲ့ သွားကျောက်ခြစ်ခြင်း ၁ ကြိမ် အခမဲ့)

📅 ကာလ - အောက်တိုဘာလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ

ဒီလိုတန်လွန်းတဲ့ Promotion လေးကို လက်လွှတ်မခံဘဲ ယုံကြည်မှုရှိတဲ့ အပြုံးလှလှလေးတွေ ပိုင်ဆိုင်ဖို့ အခုပဲ Appointment ယူထားလိုက်တော့နော် ✨

🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 - 444 000 371

💎 တံတားထိုးသွားစိုက်နည်း  (Dental Bridge) စိုက်တော့မယ်ဆိုရင် Zirconia Crown(ကြွေသီးသန့်သွား) ကို ရွေးချယ်လိုက်ပါ!တံတားထိ...
31/08/2026

💎 တံတားထိုးသွားစိုက်နည်း (Dental Bridge) စိုက်တော့မယ်ဆိုရင် Zirconia Crown(ကြွေသီးသန့်သွား) ကို ရွေးချယ်လိုက်ပါ!

တံတားထိုးသွားစိုက်နည်း စိုက်ထားပေမယ့် သဘာဝသွားနဲ့ အရောင်မညီလို့ ဒါမှမဟုတ် အစားဝါးရင် အက်ကွဲသွားမှာ စိုးရိမ်နေရပါသလား? 🤔

သတ္တုပါတဲ့ ကြွေသွားတွေလို ကြာရင် မည်းသွားတာမျိုး၊ ကော်သွားတွေလို ရေရှည်မခံတာမျိုး မဖြစ်ချင်ရင်တော့ အလှအပရော ခိုင်ခံ့မှုကိုပါ သေချာပေါက် အာမခံနိုင်တဲ့ Zirconia Crown(ကြွေသီးသန့်သွား)ကို ရွေးချယ်လိုက်ပါ!

✨ Zirconia Crown(ကြွေသီးသန့်သွား) ရဲ့ အားသာချက်များ

✨ သဘာဝအတိုင်း လှပတယ်
သဘာဝသွား အရောင်အတိုင်း ကွက်တိတူတာကြောင့် စိုက်ထားမှန်း လုံးဝမသိသာပါဘူး။

✨ အလွန်ခိုင်မာတယ်
အရမ်းမာကျောပြီး တောင့်တင်းတာကြောင့် အစားအစာ ဘာပဲဝါးဝါး ပျက်စီး၊ကွဲအက်မှာ စိတ်ပူစရာမလိုပါဘူး။

✨ ပေါ့ပါးပြီး ခံနိုင်ရည်ရှိတယ်
သတ္တုသွားတွေထက် ပိုပေါ့ပြီး အကြမ်းခံတာကြောင့် သွားတံတားထိုးဖို့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။

လှပပြီး ခိုင်မာတဲ့ အပြုံးကို ရေရှည်ပိုင်ဆိုင်ဖို့
"အာရမ္မဏ"မှာ လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါနော်☺️

🦷အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍109/64A×64B mdy
☎️09- 444 000 371

အံဆုံးတွေက နှုတ်ဖို့လိုအပ်လား?အသက် ၁၇-၂၅ နှစ်ဝန်းကျင်မှာ ခံတွင်းအနောက်ဆုံးနေရာက သွားအသစ်တစ်ချောင်း ထွက်လာတတ်ပါတယ်။ အဲဒါက...
26/06/2026

အံဆုံးတွေက နှုတ်ဖို့လိုအပ်လား?

အသက် ၁၇-၂၅ နှစ်ဝန်းကျင်မှာ ခံတွင်းအနောက်ဆုံးနေရာက သွားအသစ်တစ်ချောင်း ထွက်လာတတ်ပါတယ်။ အဲဒါကတော့ Wisdom Tooth ပါ။ အံဆုံးလို့ခေါ်ကြပါတယ်။
တချို့အတွက် ဘာမှမဖြစ်ပေမယ့် တချို့မှာတော့ Impacted Wisdom Tooth ဆိုတဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။
Impacted Wisdom Tooth ဆိုတာ
နောက်ဆုံးထွက်လာတဲ့သွားအသစ်လေးက သွားဖုံးအောက်မှာ အပြည့်မထွက်နိုင်ဘဲ စောင်းနေ၊ လှန်နေ၊ ဒါမှမဟုတ် အခြားသွားတွေကို ဖိပြီး ရှိနေတဲ့ အခြေအနေပါ။

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။
သွားဖုံးနောက်ပိုင်း ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ပါးစပ်ပွင့်ရခက်ခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ အရသာမကောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းနာခြင်း၊ တခါတရံ အဖျားပါတတ်ပါသေးတယ်

ဘာကြောင့် အံဆုံး ထွက်တာလဲ။
မေးရိုးနေရာကျဉ်းလွန်းခြင်း၊
ဒီသွားကြီးထွားရာလမ်းကြောင်း မှားယွင်းခြင်း နှင့်
မျိုးရိုးလိုက်ခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။

ကုသမှုကရော ဘယ်လိုလဲ။
နာကျင်မှုသက်သာအောင် အကိုက်အခဲပျောက်ဆေးနဲ့ ရောင်ရမ်းပျောက်ဆေး သောက်တာ
သွားဖုံးအောက်မှာ ပိုးဝင်နေရင် ပဋိဇီဝဆေး ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးတာ နဲ့
လိုအပ်ရင် ခွဲထုတ်ခြင်း တွေ ပြုလုပ်လို့ရပါတယ်။
ဒီထဲမှာမှ မူမမှန်ဘဲပေါက်နေတဲ့ အံဆုံးကို ခွဲထုတ်ခြင်း (Wisdom Tooth Extraction) က အကောင်းဆုံး ဖြေရှင်းနည်းပါ။

⚠️ သတိပြုရန်
မကုသဘဲထားရင် အနီးအနားသွားတွေ ပုပ်သွားနိုင်တယ်၊ သွားဖုံးပိုးဝင်တာ ထပ်တလဲလဲ ဖြစ်နိုင်တယ်၊ ရှားရှားပါးပါး ဆိုရင် မေးရိုးအိမ်ကိုတောင် ပျက်စီးစေနိုင်ပါတယ်။
✅ နောက်ဆုံးသွား နောက်နေရာမှာ နာကျင်ရင်၊ ရောင်ရမ်းရင် သွားဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

ခင်ဗျားတို့အနေနဲ့ရော အံဆုံးထွက်လို့ နာကျင်မှုကို ခံစားခဲ့ဖူးလား။ ဘယ်လိုကုသခဲ့ရလဲ ဆိုတဲ့ ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကို မျှဝေပေးခဲ့လို့ရပါတယ်။


#အာရမ္မဏသွားနှင့်ခံတွင်းဆေးခန်း

ပြုံးလိုက်တိုင်း သွားကျဲလေးကြောင့် စိတ်မလုံမလဲ ဖြစ်နေရတုန်းလား? 🦷✨​လူကြားထဲ စကားပြောတဲ့အခါ ဒါမှမဟုတ် ဓာတ်ပုံရိုက်တဲ့အခါ ...
08/05/2026

ပြုံးလိုက်တိုင်း သွားကျဲလေးကြောင့် စိတ်မလုံမလဲ ဖြစ်နေရတုန်းလား? 🦷✨

​လူကြားထဲ စကားပြောတဲ့အခါ ဒါမှမဟုတ် ဓာတ်ပုံရိုက်တဲ့အခါ သွားကျဲနေတာကို သတိထားမိပြီး လက်နဲ့အုပ်မိနေတာမျိုး ဖြစ်ဖူးမှာပေါ့။ သွားတန်းလေးက ကျန်တာ ညီနေပေမဲ့ ဒီ "ဟ" နေတဲ့ နေရာလေးကပဲ ကိုယ့်အပြုံးကို အားမရဖြစ်စေတာပါ😞

​ဒီပြဿနာအတွက် လနဲ့ချီ စောင့်စရာမလိုတဲ့ "Composite Filling (လေဆာနဲ့ သွားဖာခြင်း)" ရှိတယ်လေ😍

✨ ​ချက်ချင်းသိသာတဲ့ ရလဒ်
ဆေးခန်းလာခဲ့ရုံနဲ့ မိနစ်ပိုင်းအတွင်း အပြုံးသစ်ကို ပိုင်ဆိုင်ရမှာပါ။

✨ ​နာကျင်မှုမရှိ​ခြင်း
သွားကို စားစရာမလိုဘဲ သဘာဝသွားပေါ်မှာတင် ပုံဖော်ပေးတာမို့ လုံးဝမနာပါဘူး။

✨ ​သဘာဝအတိုင်းလှနေခြင်း
ကိုယ့်သွားအရောင်နဲ့ အတူညီဆုံးကြွေလွှာကို အသုံးပြုပေးလို့ ဖာထားမှန်းတောင် သိမှာမဟုတ်ဘူးနော်။

​သွားကျဲတာကို နှုတ်ဆက်ပြီး ယုံကြည်မှုအပြည့်နဲ့ ပြုံးချင်တယ်ဆိုရင်တော့ "အာရမ္မဏ" က စောင့်ကြိုနေပါတယ်နော်🧡

​🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

သင့်အပြုံးမှာ စိန်ပွင့်လေးတွေနဲ့ Glow လိုက်ပါ! ✨💎​ဒီဘက်ခေတ်မှာ Fashion ဆိုတာ အဝတ်အစားတင်မကဘဲ သင့်ရဲ့ "အပြုံး" ကပါ Trend ...
01/05/2026

သင့်အပြုံးမှာ စိန်ပွင့်လေးတွေနဲ့ Glow လိုက်ပါ! ✨💎

​ဒီဘက်ခေတ်မှာ Fashion ဆိုတာ အဝတ်အစားတင်မကဘဲ သင့်ရဲ့ "အပြုံး" ကပါ Trend ဖြစ်နေဖို့ လိုတယ်နော်။ ကိုယ့်ရဲ့ Personality ကို ပိုမိုထင်ပေါ်စေပြီး ပြုံးလိုက်တိုင်း လင်းလက်နေမယ့် Tooth Gem (သွားအလှဆင်စိန်ပွင့်) လေးတွေကို
"အာရမ္မဏ" မှာ အခုပဲ တပ်ဆင်လိုက်ပါ 😉

​ဘာကြောင့် "အာရမ္မဏ" မှာ စိန်ကပ်သင့်တာလဲ?

✅ သွားကြွေလွှာကို လုံးဝမထိခိုက်စေဘဲ စနစ်တကျ ကပ်ပေးခြင်း။

✅ အရည်အသွေးမြင့် စိန်ပွင့်လေးများဖြစ်လို့ ရေရှည်မှာ အရောင်မမှိန်ဘဲ တောက်ပြောင်နေခြင်း။

✅ ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင် သေသပ်လှပအောင် ဖန်တီးပေးခြင်း။

​တပ်ဆင်ပြီးရင် ဘာတွေထူးခြားသွားမလဲ?

📸 ဓာတ်ပုံရိုက်ရင် အပြုံးက ပိုပေါ်လွင်မယ်။
🤝 လူမှုဆက်ဆံရေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာမယ်။
🌟 ခေတ်မီပြီး ဆွဲဆောင်မှုရှိတဲ့ Look ကို ရရှိစေမယ်။

​အပြုံးလှလှလေးတစ်ခုက သင့်ရဲ့ Confidence ကို မြှင့်တင်ပေးနိုင်လို့ အခုပဲ Booking လုပ်ပြီး သင့်အပြုံးကို Upgrade လုပ်လိုက်ရအောင်! 😍

​🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 - 797 997 904

🦷 သွားပိုးပေါက်ဆိုတာနဲ့ နှုတ်ပစ်ရမယ်လို့ ထင်နေသလား?အမှန်တော့ သဘာဝသွားကို မဆုံးရှုံးစေဘဲ ပြန်ပြုပြင်နိုင်တဲ့ Dental Filli...
29/04/2026

🦷 သွားပိုးပေါက်ဆိုတာနဲ့ နှုတ်ပစ်ရမယ်လို့ ထင်နေသလား?

အမှန်တော့ သဘာဝသွားကို မဆုံးရှုံးစေဘဲ ပြန်ပြုပြင်နိုင်တဲ့ Dental Filling (သွားဖာခြင်း) ရှိပါတယ်နော် 😊

ဘာကြောင့် အချိန်မီ ဖာသင့်လဲ❓

✅ နာကျင်မှု၊ ကျဉ်တာတွေ သက်သာစေတယ်
✅ သွားကို ကယ်တင်ပြီး ဆက်လက်အသုံးပြုနိုင်တယ်
✅ ငွေကုန်သက်သာတယ်

💡 သွားကို နှုတ်ပစ်တာထက် ကယ်တင်တာက ပိုကောင်းတဲ့ရွေးချယ်မှုပါနော်

သင့်သွားမှာ အပေါက်လေးတွေ၊ အမည်းစက်တွေရှိနေပြီဆိုရင် အချိန်မဆွဲဘဲ “အာရမ္မဏ” ကို လာရောက်စစ်ဆေးလိုက်ပါနော် 🤗

🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

"စားချင်တာ ဝါးမရတဲ့ ဒုက္ခ... ကြုံဖူးသူတိုင်း သိပါတယ်" 🍖❌​သွားတစ်ချောင်း မရှိရုံတင်ပဲဆိုပြီး ပစ်ထားလိုက်တဲ့အခါ...✨ ​ဘေးကသ...
25/04/2026

"စားချင်တာ ဝါးမရတဲ့ ဒုက္ခ... ကြုံဖူးသူတိုင်း သိပါတယ်" 🍖❌

​သွားတစ်ချောင်း မရှိရုံတင်ပဲဆိုပြီး ပစ်ထားလိုက်တဲ့အခါ...

✨ ​ဘေးကသွားတွေ ယိုင်လာမယ်။
✨ ​မေးရိုးနိမ့်ဆင်းပြီး မျက်နှာပုံစံပါ ပြောင်းလဲသွားနိုင်ပါတယ်။

​ဒီပြဿနာတွေကို Dental Bridge (သွားတံတားထိုးကုသခြင်း) နဲ့ အမြန်ဆုံး ဖြေရှင်းလိုက်ပါနော်🤗

​✅ Dental Bridge ကို ဘာကြောင့် ရွေးချယ်သင့်လဲ?

✨ ပိုမိုခိုင်ခံ့ခြင်း
ဘေးသွားတွေကို အမှီပြုပြီး အသေတပ်ထားတာမို့ အစားအသောက်ကို စိတ်ကြိုက် ဝါးစားနိုင်ပါတယ်။

✨ ဈေးနှုန်းသက်သာခြင်း
Implant နဲ့ယှဉ်ရင် ကုန်ကျစရိတ် သက်သာပြီး ရေရှည်ခိုင်ခံ့တဲ့ ရလဒ်ကို ရရှိစေပါတယ်။

✨ ယုံကြည်မှုရှိခြင်း
သဘာဝသွားနဲ့ တစ်ထပ်တည်းကျလို့ ပြုံးလိုက်တိုင်း စိတ်တိုင်းကျစေမှာပါ။

​လှပတဲ့ အပြုံးနဲ့ စိတ်ကြိုက်စားနိုင်ဖို့ "အာရမ္မဏ" သွားနှင့်ခံတွင်းဆေးခန်းကို အခုပဲ လာရောက်တိုင်ပင်လိုက်ပါနော်🥰

​🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

Address

109 Street, 64A×64B St
Mandalay
05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Arammana Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share