Ayar Nadi

Ayar Nadi အထူးကုဆေးခန်း နှင့် 5D Ultrasound Center

သတိပြုစရာ ရင်သားကင်ဆာ‼️‼️🎗️ ရင်သားကင်ဆာဆိုတာ ဘာလဲ❓ရင်သားမှာရှိတဲ့ ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားပွားများလာပြီး အကျိတ်ဖ...
21/09/2026

သတိပြုစရာ ရင်သားကင်ဆာ‼️‼️

🎗️ ရင်သားကင်ဆာဆိုတာ ဘာလဲ❓

ရင်သားမှာရှိတဲ့ ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားပွားများလာပြီး အကျိတ်ဖြစ်ပေါ်ကာ ကင်ဆာအဖြစ် ပြောင်းလဲသွားသော ရောဂါဖြစ်ပါသည်။

⚠️ ရင်သားကင်ဆာလက္ခဏာကဘာတွေလဲ❓

✅ ရင်သားတွင် အကျိတ် သို့မဟုတ် အဖုတွေ့ရှိခြင်း

✅ရင်သားအရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန် ပြောင်းလဲခြင်း

✅ရင်သားအရေပြား ချိုင့်ဝင်ခြင်း၊ လိမ္မော်သီးအခွံကဲ့သို့ ဖြစ်လာခြင်း

✅နို့သီးခေါင်း အတွင်းသို့ ဝင်သွားခြင်း

✅နို့သီးခေါင်းမှ သွေး သို့မဟုတ် အရည်ထွက်ခြင်း

✅ချိုင်းကြားတွင် အကျိတ်ပေါ်လာခြင်း
စတာတွေ ဖြစ်ပါတယ်။

🎯 ဖြစ်ပွားနိုင်ခြေ မြင့်စေသော အကြောင်းအရင်းတွေကဘာတွေလဲ❓

📣အသက်အရွယ် တိုးလာခြင်း

📣မိသားစုတွင် ရင်သားကင်ဆာ ရာဇဝင်ရှိခြင်း

📣အဝလွန်ခြင်း

📣ဆေးလိပ်၊ အရက်သောက်ခြင်း

📣ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
စတာတို့ ဖြစ်ပါတယ်။

🩺 ဘယ်လိုကာကွယ်ရမလဲ❓

✅ ကျန်းမာသော အစားအသောက် စားသုံးပါ

✅ ပုံမှန် ကိုယ်လက်လှုပ်ရှားပါ

✅ ဆေးလိပ်နှင့် အရက် ရှောင်ကြဉ်ပါ

✅ မိမိရင်သားကို လစဉ် စစ်ဆေးပါ

✅ရင်သားတီဗွီဓာတ်မှန် (Breast Ultrasound)ရိုက်ကူးပါ

✅ ဆရာဝန်ညွှန်ကြားချက်အတိုင်း Mammogram စစ်ဆေးမှု ပြုလုပ်ပါ

💝 အရေးကြီးဆုံး

ရင်သားကင်ဆာကို စောစီးစွာ တွေ့ရှိပါက ကုသပျောက်ကင်းနိုင်ခြေ မြင့်မားပါသည်။ မိမိရင်သားကျန်းမာရေးကို ဂရုစိုက်ပြီး ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။

ယခုအခါ ဧရာနဒီအထူးကုဆေးခန်းတွင် ရင်သားတီဗွီဓာတ်မှန် (Breast Ultrasound) ရိုက်ကူးနိုင်ပြီဖြစ်တဲ့အပြင် ရင်သားအတွက် ပြသရန်လိုအပ်လာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပြီ ဖြစ်ကြောင်းကိုလည်း ထပ်မံ၍သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ
#ရင်သားကင်ဆာ

🏥 World Patient Safety Day 2026လူနာဘေးကင်းလုံခြုံရေးဟာ ကျန်းမာရေးစောင့်ရှောက်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျန...
17/09/2026

🏥 World Patient Safety Day 2026

လူနာဘေးကင်းလုံခြုံရေးဟာ ကျန်းမာရေးစောင့်ရှောက်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

ကျန်းမာရေးစောင့်ရှောက်မှုခံယူတဲ့အခါ “ရောဂါပျောက်ကင်းဖို့” တစ်ခုတည်းသာမက “ဘေးကင်းလုံခြုံစွာ ကုသမှုခံယူနိုင်ဖို့” လည်း အရေးကြီးပါတယ်။

နှစ်စဉ် စက်တင်ဘာလ ၁၇ ရက်နေ့ကို World Patient Safety Day (ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့) အဖြစ် သတ်မှတ်ကျင်းပပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွင်း ကြိုတင်ကာကွယ်နိုင်တဲ့ ထိခိုက်နစ်နာမှုတွေကို လျှော့ချနိုင်ရေးနဲ့ လူနာဘေးကင်းလုံခြုံရေး မြှင့်တင်ရေးအတွက် ကမ္ဘာတစ်ဝန်း အသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်ကြပါတယ်။

၂၀၂၆ ခုနှစ် World Patient Safety Day ရဲ့ အဓိကအကြောင်းအရာကတော့ —

“Safe care for noncommunicable diseases”

“မကူးစက်နိုင်သော နာတာရှည်ရောဂါများအတွက် ဘေးကင်းလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှု” ဖြစ်ပါတယ်။

ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် သွေးကြောရောဂါများကဲ့သို့ NCDs များဟာ ရေရှည်စောင့်ရှောက်ကုသမှု လိုအပ်တတ်တာကြောင့် ရောဂါရှာဖွေခြင်းမှ စတင်ပြီး ကုသမှု၊ ရေရှည်စောင့်ရှောက်မှုအထိ လူနာဘေးကင်းရေးကို အစဉ်အမြဲ ဂရုစိုက်ပေးရန် အရေးကြီးပါတယ်။

လူနာတိုင်းအတွက် ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးဟာ ကျန်းမာရေးဝန်ဆောင်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

Safe care we provide, patient safety as our guide! လူနာဘေးကင်းလုံခြုံရေးကို အစဉ်အမြဲ ဦးစားပေးကြဖို့ တိုက်တွန်းနှိုးဆော်ရင်း ယနေ့ စက်တင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်သော World Patient Safety Day 2026 ကို ဧရာနဒီ အထူးကုဆေးခန်းမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင်။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ


ဧရာနဒီအထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများ အတွက် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။ 📣Medical Officer - ...
15/09/2026

ဧရာနဒီအထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများ အတွက် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။

📣Medical Officer - 2 Posts (M/F)

✅MBBS

✅ Minimum 2 years’ clinical experience preferred for Medical Officer.

✅Strong knowledge of inpatient care, medical procedures, and hospital operations.

Pharmacist- 2Posts (M/F)

Receptionist- 2 Posts (F)

Casher - 2 Posts (F)

Requirements:

✅အသက် ၂၀ မှ ၃၅နှစ်အတွင်း ရှိသူဖြစ်ရမည်။

✅Any Graduate သို့ အထက်တန်းအောင်မြင်ပြီးကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။

✅Computerအသုံးပြုနိုင်သူဖြစ်ရမည်။

✅သက်ဆိုင်ရာလုပ်ငန်း အတွေ့အကြုံရှိသူဖြစ်ရမည်။

✅Marketing ရာထူးအတွက် မြို့တွင်းကျွမ်းကျင်စွာ သွားလာနိုင်ပြီး ယာဉ်မောင်းလိုင်စင် ရှိသူဖြစ်ရမည်။

Benefits 🔔🔔

- Attractive salary
- career growth and opportunities
- Medical benefits per hospital policy
- Healthy and happy working environment

စိတ်ပါဝင်စားပါက…
CV Formကို လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ၊
[email protected]
(သို့မဟုတ်)
Viber : 09 697 099 884 မှတဆင့် လျှောက်ထားနိုင်ပါပြီရှင်။


"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ
#အလုပ်ခေါ်စာ



အသည်းအဆီဖုံးနေပြီလား ❓ယနေ့ခေတ် လူနေမှူ ပုံစံအရ အသည်းအဆီဖုံးတဲ့ ရောဂါဟာ အဖြစ်များလာတာကို တွေ့ရပါတယ်။‎‎ဘယ်လိုဖြစ်တာလဲ❓အဆီဓ...
13/09/2026

အသည်းအဆီဖုံးနေပြီလား ❓

ယနေ့ခေတ် လူနေမှူ ပုံစံအရ အသည်းအဆီဖုံးတဲ့ ရောဂါဟာ အဖြစ်များလာတာကို တွေ့ရပါတယ်။
‎
‎ဘယ်လိုဖြစ်တာလဲ❓

အဆီဓါတ်တွေဟာ အသည်းပေါ်မှာ စုပုံလာပြီး အချိန်ကြာလာတဲ့ အခါ အသည်းတစ်ခုလုံးဟာ အဆီတွေနဲ့ ဖုံးလွှမ်းသွားတာ ဖြစ်ပါတယ်။

ဘာတွေခံစားရမလဲ❓

အသည်းအဆီဖုံးရင်စတင်ခံစားလာရမှာကတော့..

✅လူကလေးကန်လာခြင်း

✅မောလာခြင်း

✅အပန်းမခံနိုင်ခြင်း

✅ဗိုက်ညာဘက်အပေါ်ခြမ်းကတင်းသလိုခံစားမှုမျိုးဖြစ်လာခြင်း

စတာတွေ ခံစားလာရမှာ ဖြစ်ပါတယ်။

အသည်းအဆီဖုံးခြင်းကို လူတော်တော်များများမှာတွေ့ရပေမယ်သေစေနိုင်တဲ့ရောဂါတစ်ခုမဟုတ်လို့လူတွေကအရေးတယူမရှိတတ်ကြပါဘူး။

ဘာတွေဆက်ဖြစ်နိုင်လဲ❓

‎နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ …

‎✅အသည်းရောင်/အသည်းဝါ

‎✅အသည်းခြောက်ခြင်းစတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

အသည်းအဆီဖုံးတာကို သတိမထားမိပါက သွေးတွင်းအဆီဓာတ်မျာပြီး ခန္ဓာကိုယ်တွင်းမှာ သွေးလည်ပတ်မှုစနစ်ပုံမှန်မဟုတ်တော့ပဲ နှလုံးသွေးကြောကျဉ်းရောဂါပါခံစားရနိုင်တဲ့အပြင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။

‎ဘာ့ကြောင့် ဖြစ်တာလဲ❓

‎”အဝလွန်ခြင်း” ဟာ အသည်းအဆီဖုံးခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။

ကိုလတ်စထရော (၂) မျိုး ရှိတဲ့အထဲက “LDL ကိုလက်စထရာ”ဟာ အသည်းအဆီဖုံးစေပါတယ်။

ဆီးချို” ရှိတဲ့သူများမှာ အသည်းအဆီဖုံးတာ တော်တော်အဖြစ်များပါတယ်။ ကာဗိုဟိုက်ဒရိတ်ဓါတ်အမြောက်အများပါတဲ့ အစားအစာတွေနဲ့ အရက် အလွန်အကျွံသောက်ခြင်းဟာ အသည်းအဆီဖုံးတာကို ပိုမိုဆိုးရွားစေပါတယ်။
‎‎
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်တာမို့...
‎
အသည်းအဆီဖုံးတယ်လို့ သံသယရှိပါက ဆိုးရွားလှတဲ့ အဆင့်တွေထိ မရောက်ခင် ကြိုတင်စစ်ဆေးပြီး ဆောင်ရန်၊ ရှောင်ရန်များကို ပြုလုပ်သင့်ပါတယ်။
‎
ဒါ့ကြောင့် အသည်းအဆီဖုံးခြင်းအတွက် အသေးစိတ်သိရှိလိုပါက ဧရာနဒီ အထူးကုဆေးခန်းတွင် အသည်းအတွက် Ultrasound ရိုက်ကူးခြင်းများ အပြင် ❝အသည်းဓာတ်စစ်ဆေးခြင်းLFT❞ နှင့် သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်းများကို စစ်ဆေးပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပြီ ဖြစ်ပါတယ်ရှင်။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ


#အသည်းအဆီဖုံး

"ကိုယ်ဝန်ဆောင်များ နှင့် ကိုယ်ဝန်အပ်ခြင်း"ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားသည့်အခါ အဆင်ပြေချောမွေ့စေရန်၊ မိခင်နှင့် ရင်သွေး...
08/09/2026

"ကိုယ်ဝန်ဆောင်များ နှင့် ကိုယ်ဝန်အပ်ခြင်း"

ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားသည့်အခါ အဆင်ပြေချောမွေ့စေရန်၊ မိခင်နှင့် ရင်သွေး၏ ကျန်းမာကြံ့ခိုင်ရေး အတွက် စနစ်တကျ ကိုယ်ဝန်အပ်ခြင်းဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

"ယောင်္ကျားဖောင်စီး မိန်းမမီးနေ" ဆိုတဲ့ အတိုင်း ကိုယ်ဝန်ဆောင်မိခင်များ အန္တရာယ်ကင်းစွာ မီးဖွားနိုငဖို့အတွက် ကိုယ်ဝန်အပ်ခြင်းကို ဂရုတစိုက် ပြုလုပ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်နေစဥ် ဖြစ်လေ့ရှိသော …

‼️ကိုယ်ဝန်ဆိပ်တက်ခြင်း၊

‼️ကိုယ်ဝန်ဆောင်ဆီးချို၊

‼️သွေးအားနည်းခြင်း၊

‼️ ကလေး အနေအထားမမှန်ခြင်း နှင့်

‼️လမစေ့မီ မွေးဖွားခြင်း

စတာတွေကို ကာကွယ်ဖို့ဆိုရင် သားဖွားမီးယပ် အထူးကုဆရာဝန် နဲ့ ကိုယ်ဝန်အပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်ရှင်။

📌 ကိုယ်ဝန် ဘယ်လိုအပ်ရမလဲ ?

မိခင်လောင်းများအနေနဲ့ ကိုယ်ဝန် ရှိနေတယ်လို့ သိရှိတာနဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်ရှင်။

✨ ကိုယ်ဝန်စရှိချိန် မှ ၃လအတွင်း ၁ ပတ် ၁ခါ၊

✨ ကိုယ်ဝန် ၃လ မှ ၇လ အတွင်း ၁ လ ၁ခါ

✨ ကိုယ်ဝန် ၇လမှ ၉လအတွင်း ၂ပတ် ၁ခါ

✨ ကိုယ်ဝန် ၉လမှ မွေးဖွားသည်အထိ ၁ ပတ် ၁ခါ ကိုယ်ဝန်ကို ပြသနိုင်ပါတယ်။

ယခုအခါ ဧရာနဒီ အထူးကုဆေးခန်း တွင် ကိုယ်ဝန်အပ်လိုတဲ့ မိခင်လောင်းများအတွက် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနှင့် ပြသတိုင်ပင် နိုင်ပြီဖြစ်ကြောင်းကို ထပ်မံ၍ သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️-09686010310,09650808064,09759262686, 09897730084.

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ

07/09/2026

ဆေးခန်းပြသရန် လိုအပ်လာပါက ဧရာနဒီအထူးကုဆေးခန်းကို သတိရလိုက်ပါရှင်🥰

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ



03/09/2026

ကံကောင်းသွားတယ်ညမလေး🥹🥹

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

ဧရာနဒီအထူးကုဆေးခန်းတွင် ဘာရောဂါတွေပြသနိုင်ပါသလဲ❓ဧရာနဒီအထူးကုဆေးခန်းတွင်…✔️ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများ✔️ ဓါတ်မှန် ...
02/09/2026

ဧရာနဒီအထူးကုဆေးခန်းတွင် ဘာရောဂါတွေပြသနိုင်ပါသလဲ❓

ဧရာနဒီအထူးကုဆေးခန်းတွင်…

✔️ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများ

✔️ ဓါတ်မှန် ဆရာဝန်ကြီးများ

✔️ခွဲစိပ်အထူးကုဆရာဝန်ကြီးများ

✔️ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ

✔️ ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ

✔️ ဆီးနှင့်ကျောက်ကပ် ခွဲစိပ်အထူးကုဆရာဝန်ကြီးများ

✔️ အရိုး အထူးကုဆရာဝန်ကြီးများ

✔️ အဆုတ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီးများ

✔️ နား၊ နှာခေါင်းနှင့် လည်ချောင်း အထူးကုဆရာဝန်ကြီးများ

✔️ အရေပြားရောဂါ အထူးကုဆရာဝန်ကြီးများ

✔️ ကလေး အထူးကုဆရာဝန်ကြီးများ ဖြင့်

နေ့စဉ် ပိတ်ရက်မရှိ နံနက်၈နာရီမှ ည၈နာရီထိ ပြသနိုင်နေပြီ ဖြစ်ကြောင်း ထပ်မံ၍ သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

ဒါ့ကြောင့် ဆေးခန်းပြသရန် လိုအပ်လာပါက ဧရာနဒီအထူးကုဆေးခန်းကို သတိရလိုက်ပါရှင်🥰

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ



ဧရာနဒီအထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများ အတွက် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။ 📣General Manager - ...
31/08/2026

ဧရာနဒီအထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများ အတွက် ဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။

📣General Manager - 1 Posts (M/F)

📣Medical Officer - 2 Posts (M/F)

✅MBBS

✅ Minimum 2 years’ clinical experience preferred for Medical Officer.

✅Strong knowledge of inpatient care, medical procedures, and hospital operations.

📣 HR – 1 Posts (M/F)

📣 Marketing– 1Post (M/F)

Requirements:

✅အသက် ၂၀ မှ ၃၅နှစ်အတွင်း ရှိသူဖြစ်ရမည်။

✅Any Graduate သို့ အထက်တန်းအောင်မြင်ပြီးကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။

✅Computerအသုံးပြုနိုင်သူဖြစ်ရမည်။

✅သက်ဆိုင်ရာလုပ်ငန်း အတွေ့အကြုံရှိသူဖြစ်ရမည်။

✅Marketing ရာထူးအတွက် မြို့တွင်းကျွမ်းကျင်စွာ သွားလာနိုင်ပြီး ယာဉ်မောင်းလိုင်စင် ရှိသူဖြစ်ရမည်။

Benefits 🔔🔔

- Attractive salary
- career growth and opportunities
- Medical benefits per hospital policy
- Healthy and happy working environment

စိတ်ပါဝင်စားပါက…
CV Formကို လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ၊
[email protected]
(သို့မဟုတ်)
Viber : 09 697 099 884 မှတဆင့် လျှောက်ထားနိုင်ပါပြီရှင်။


"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ
#အလုပ်ခေါ်စာ



27/08/2026

ပွယောင်းတဲ့ မျက်နှာကနေ တင်းရင်းချပ်ကပ်တဲ့ မျက်နှာအလှကို ပေါ်လွင်ချင်ပါသလား❓

ခွဲစိတ်စရာမလို၊ ဆေးထိုးစရာမလိုပဲ နာကျင်မှုလုံးဝမရှိတဲ့ HIFU Treatment လေး ကို သတိရပါနော်🌝

ယခုအခါ မိုးရာသီအထူးအစီအစဉ်အနေနဲ့ ဧရာနဒီ အထူးကုဆေးခန်းတွင် HIFU Treatment ကို 20% Discount ပေးထားပြီ ဖြစ်လို့ အမြန်သာလာခဲ့တော့နော်😍

Discount ကာလလေးက August 31ရက်နေ့ထိ ဖြစ်ပါတယ်ရှင်။
(တစ်ရက်လျှင် ၅ဦးသာ)

20% OFF ရှိတုန်း HIFU လာပစ်ရအောင်နော်🥰

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ


Address

Pulaing Street, Between 26th St & 27th St, Chanmyatharsi
Mandalay
05023

Website

Alerts

Be the first to know and let us send you an email when Ayar Nadi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category