03/10/2026
🪷 WHOLENESS IN ADVANCE YOGA CLASS
October Special Class | October တစ်လတည်းသာ
Yoga ကို လေ့ကျင့်လာတဲ့အခါ ခန္ဓာကိုယ်က ပိုသန်မာလာတယ်၊ ပိုပျော့ပြောင်းလာတယ်။ အရင်က မလုပ်နိုင်ခဲ့တဲ့ Asana တွေကိုလည်း တဖြည်းဖြည်း လုပ်နိုင်လာတယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို နားလည်လာဖို့အတွက်တော့ Pose တွေ ပိုလုပ်နိုင်လာရုံနဲ့ မလုံလောက်ပါဘူး။
တစ်ခါတလေ ကိုယ့်ခန္ဓာကိုယ်က ပင်ပန်းနေပြီဆိုတာကို သတိမထားမိတတ်ကြဘူး။ အသက်ရှူနေတာကိုတောင် မေ့ပြီး အတွေးတွေနောက်ကို လိုက်နေမိတတ်ကြတယ်။ ကိုယ်ဘာခံစားနေရလဲဆိုတာကိုလည်း သေချာမကြည့်ဖြစ်ကြဘူး။
Wholeness ဆိုတာ ကိုယ့်ခန္ဓာကိုယ်၊ အသက်ရှူခြင်းနဲ့ စိတ်ရဲ့အခြေအနေတွေကို သတိရှိရှိ သိမြင်နားလည်လာခြင်းပါ။
🧘🏻♀️ Tr. Po ရဲ့ Wholeness in Advance Yoga Class မှာ Asana တွေကို လေ့ကျင့်ရင်း ကိုယ့်ခန္ဓာကိုယ်ရဲ့ အခြေအနေကို နားထောင်ဖို့၊ အသက်ရှူခြင်းနဲ့ စိတ်ရဲ့ဆက်နွယ်မှုကို သတိထားဖို့၊ ကိုယ့်ရဲ့ အားထုတ်မှုနဲ့ အနားယူမှုကြားက မျှတမှုကို ရှာဖွေဖို့ လေ့ကျင့်သွားမှာပါ။
Strength ရှိဖို့လိုသလို လွှတ်ချတတ်ဖို့လည်း လိုပါတယ်။
ကြိုးစားအားထုတ်ဖို့လိုသလို ကိုယ့်ကိုယ်ကို အလွန်အကျွံ ဖိအားမပေးဖို့လည်း လိုပါတယ်။
Yoga Mat ပေါ်မှာ ကိုယ်သင်ယူလိုက်ရတဲ့အရာတွေကို နေ့စဉ်ဘဝမှာပါ အသုံးချနိုင်လာတဲ့အခါ Yoga ရဲ့ အဓိပ္ပာယ်က ပိုပြီး နက်ရှိုင်းလာပါတယ်။
ဒီအတန်းလေးက Yoga အခြေခံကို လေ့ကျင့်ပြီးသူတွေ၊ Asana တွေကို ပိုပြီး နားလည်ချင်သူတွေ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ရဲ့ အခြေအနေတွေကို ပိုသတိထားလေ့လာချင်သူတွေအတွက် ရည်ရွယ်ထားပါတယ်။
October တစ်လအတွင်း Tr. Po နဲ့အတူ ကိုယ့်ရဲ့ Yoga Journey ကို ပိုနက်ရှိုင်းစွာ ဆက်လက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ 🪷
“You are not here to become someone else.
You are here to come home to yourself.”
📅 October Class Schedule
🕒 11:00 AM – 12:30 PM
📍 Monday / Tuesday / Wednesday
5, 6, 7 October
12, 13, 14 October
19, 20, 21 October
26, 27, 28 October
📩 Class Schedule အသေးစိတ်နဲ့ Registration အတွက် Aura Wellness Center ကို Message ပို့ပြီး စုံစမ်းစာရင်းပေးနိုင်ပါတယ်ရှင့်။
🪷 Aura Wellness Center
📲 09 762 333 319
📍 40A Street, Between 54th & 55th Streets, Ye Mon Taung, Mandalay
📧 [email protected]