Fit Life Journey by Emily

Fit Life Journey by Emily Fitness • Nutrition • Motivation
တနေ့တခြား သင့်အတွက်ပိုကောင်းတဲ့ အလေ့အကျင့်တစ်ခု

ဝိတ်ကျချင်တဲ့သူတွေ Cardioပဲဆော့သင့်လား?အလေးမ လေ့ကျင့်ခန်းတွေလုပ်ရမှာလား?🍑ပုံလေးကိုကြည့်ပီး Cardio Only ဆော့ချင်လား??Weig...
25/10/2025

ဝိတ်ကျချင်တဲ့သူတွေ Cardioပဲဆော့သင့်လား?အလေးမ လေ့ကျင့်ခန်းတွေလုပ်ရမှာလား?

🍑ပုံလေးကိုကြည့်ပီး Cardio Only ဆော့ချင်လား??
Weight Training ပဲ သွားမလား??

အထူးသဖြင့် အမျိုးသမီးလေးတွေအတွက်ပါ..ခန္ဓာကိုယ်ဝနေလို့ အလေးမ လေ့ကျင့်ခန်းတွေလုပ်လိုက်ရင် ခန္ဓာကိုယ်ကပိုပြီးကြီးလာမှာလား? Cardioနဲ့ပဲ အရင်ဝိတ်ချရမလား?ဆိုတဲ့ မေးခွန်းတွေကို ဒီမှာရှင်းပြပေးမယ်နော်…

တကယ်တော့ Cardioရော Weight Trainingရောက ဝိတ်ချဖို့အတွက် အထောက်အကူဖြစ်စေပါတယ်..နှစ်ခုစလုံးရဲ့ အကျိုးပြုပုံကို အောက်မှာရှင်းပြပေးပါမယ်…

❤️ Cardioလုပ်ခြင်းဖြင့်…
1. သွေးလည်ပတ်မှုကောင်းမယ်
2. နှလုံးနှုန်း၊ အသက်ရှူစနစ်အတွက် အကျိုးရှိတယ်
3. အမြန် အဆီကိုBurn နိုင်တယ် (သို့သော် ရေရှည်မခံပါ)
4. Stressတွေ လျော့နည်းစေတယ်

💪Weight Trainingဆော့ခြင်းဖြင့်…
1. Muscle mass တိုးလာမယ် → metabolism မြင့်လာမယ်…
→ နားနေတဲ့အချိန်မှာတောင် ကယ်လိုရီBurnပါတယ်
2. Body shape တဖြေးဖြေးချင်းပြောင်းလာမယ် (ရေရှည်အတွက် သင့်တော်ပါတယ်)
3. Fat burn အတွက် အထောက်အကူဖြစ်စေပါတယ်..ခန္ဓာကိုယ်မှာ ကြွက်သားတည်ဆောက်မှုများလာလေ အဆီတွေလျော့ပါးသွားလေပါ…

⚖️ ဆိုတော့ Fat Lossအတွက် Weight Training နဲ့ Cardio ဘယ်ဟာကို အရင်လုပ်သင့်လဲ?
🏃 အရင်ဆုံး သွေးပူလေ့ကျင့်ခန်းကို ၅မိနစ်လောက်စပေးပါ…ပြီးရင် Weight Trainingကို နာရီဝက် (သို့) ၄၅မိနစ် ဆော့ပေးပါ..ဒါပြီးမှ Cardioကို မိနစ်၂၀-၃၀ကြား လုပ်ပေးရင် လုံလောက်ပါပြီ။

🏋️Weight Trainingကို ထည့်ဆော့ခြင်းအားဖြင့် …
• အဆီလောင်ကျွမ်းနှုန်း၂ဆ တက်လာမယ်
• ကိုယ်ခန္ဓာ သွေးလည်ပတ်မှုကောင်းလာမယ်
• Fat oxidation တက်လာမယ်
• Recovery ပိုမြန်လာမယ်

✅ တကယ်လို့ တစ်ရက်ကို တစ်နာရီပဲအချိန်ရမယ်
2ခုစလုံးအတွက် အချိန်မပေးနိုင်ဘူးဆိုရင် ..

• တစ်ပတ်ကို weight training ၄ရက်လုပ်ပေးပါ…

• cardioကို ၂ရက်လုပ်ပေးပါ…

💕အမောမခံနိုင်သေးဘူး၊cardio မကြိုက်တဲ့သူတွေဆိုရင်တော့ တစ်ပတ် ၁ရက်သာဆော့ပေးပါ…

🏋️ဒီအတိုင်းသာ ပုံမှန်လုပ်သွားရင် ရေရှည်မှာ Fat Lossလဲသိသိသာသာကျတဲ့အပြင် Body Shapeလဲ ပိုပြီးထင်ပေါ်လာပါလိမ့်မယ်။

💪မင်္ဂလာပါ…ဆရာမက Fit Republic GYM က Trainer “Emily May”ပါ 🍑

🏋️‍♀️အမျိုးသမီးလေးတွေ အဆီချဖို့ဖြစ်ဖြစ်၊ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် လှပတဲ့ခန္ဓာကိုယ်ကိုရချင်တယ်ဆို ဆရာမနဲ့ Fit Republic Gym မှာ လာရောက်ကစားဖို့ ဖိတ်ခေါ်ပါတယ်ရှင်🥰






Photo Crd

🔄အလွန်အမင်း Exerciseလုပ်ရုံနဲ့ အဆီကျပြီလား❓❓❌ No…အဆီချဖို့ဆိုရင် အရေးအကြီးဆုံးက Calories Deficitဖြစ်ဖို့လိုပါတယ်..❗️Calo...
15/10/2025

🔄အလွန်အမင်း Exerciseလုပ်ရုံနဲ့ အဆီကျပြီလား❓❓

❌ No…အဆီချဖို့ဆိုရင် အရေးအကြီးဆုံးက Calories Deficitဖြစ်ဖို့လိုပါတယ်..
❗️Calories Deficit အကြောင်းကို ပြီးခဲ့တဲ့Postမှာ အသေးစိတ် ရှင်းပြထားပြီးသားပါ❗️

🔄ပြီးရင်တော့ လေ့ကျင့်ခန်းပါ…ဘယ်လိုလေ့ကျင့်ခန်းအမျိုးအစားတွေက အဆီကျဖို့အထောက်အကူဖြစ်လဲ❓❓❓


💨 1️⃣ Cardio Workouts တွေဟာ ကယ်လိုရီBurnတာမြန်တဲ့အတွက် အဆီကျချင်တဲ့သူတွေ တစ်ပတ်ကို 3ကြိမ်၊4ကြိမ် ထည့်ဆော့သင့်ပါတယ်။

💪 2️⃣ Strength / Resistance Trainingတွေကိုလဲ လုပ်ပေးဖို့လိုပါတယ်…musclesတွေ ခန္ဓာကိုယ်ထဲမှာဖွဲ့စည်းလာတာနဲ့အမျှ အဆီတွေလျော့နည်းသွားပါတယ်…

🍎 3️⃣ Diet အပိုင်း အလွန်အရေးကြီးပါတယ်…Workout ဘယ်လောက်လုပ်လုပ်စားသုံးပုံ မပြင်ရင် အဆီမကျပါဘူး။ဒီအခြေခံအချက်လေးတွေကို နေ့စဉ်ကျင့်သုံးကြည့်ရအောင်…

• Sugar & Processed Food နည်းနိုင်သမျှနည်းအောင်လုပ်ရမယ်…
• Protein များအောင်စား (ဥပမာ – ငါး၊ ကြက်သား၊ ကြက်ဥနှင့်ပဲအမျိုးမျိုး)
• ရေများများသောက်ပေးပါ

‼️နောက်ဆုံးတချက်က‼️
💤အိပ်ချိန်အလုံအလောက်ရှိရပါမယ်

✅Calories Deficitလဲလုပ်တယ်/Trainingလဲမှန်တယ်/အိပ်ချိန်လဲမှန်တယ်ဆိုရင် အဆီက ကျကို ကျပါတယ်✅



“သီတင်းကျွတ်လပြည့်‌နေ့” (အဘိဓမ္မအခါတော်နေ့)မှာ သတ္တဝါအားလုံး ဘေးရန်ခပ်သိမ်းမှကင်းငြိမ်းကြပါစေ…နှလုံးစိတ်ဝမ်း အေးချမ်းကြပ...
06/10/2025

“သီတင်းကျွတ်လပြည့်‌နေ့” (အဘိဓမ္မအခါတော်နေ့)မှာ သတ္တဝါအားလုံး ဘေးရန်ခပ်သိမ်းမှကင်းငြိမ်းကြပါစေ…နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”

ပျော်ရွှင်စရာ သီတင်းကျွတ်လေးဖြစ်ပါစေရှင်🙏🙏



Address

Mandalay
Mandalay

Website

Alerts

Be the first to know and let us send you an email when Fit Life Journey by Emily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share