18/09/2026
“သွေးမစစ်ရသေးသရွေ့ သင့်မှာ ဘီပိုး၊ စီပိုး မရှိဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး …”
👉 အကြောင်းကတော့ ဒီဗိုင်းရပ်စ်နှစ်မျိုးဟာ ခန္ဓာကိုယ်ထဲ ရောက်နေရင်တောင် ဘာလက္ခဏာမှ မပြဘဲ ၁၀ နှစ်မှ နှစ် ၂၀ အထိ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ခိုအောင်းနေတတ်လို့ ဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ အသားဝါတာ၊ ဗိုက်နာတာ၊ မောပန်းတာတွေ ပြလာတဲ့အခါ အသည်းဟာ တော်တော်လေး ပျက်စီးနေတဲ့ အဆင့်ကို ရောက်ရှိပြီး ဖြစ်နေပါပြီ။
🙅♀️ ဆိုးရွားတဲ့ အချက်ကတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝ သာမန်အပြုအမူအနေအထိုင်တွေကနေပဲ ကူးစက်သွားနိုင်တာ ဖြစ်ပါတယ်။
ဘီပိုး၊ စီပိုးနဲ့ ပတ်သက်ပြီး မဖြစ်မနေ သိထားရမယ့် အဓိကအချက်တွေကတော့
ခြေသည်း၊ လက်သည်းညှပ် သို့မဟုတ် မုတ်ဆိတ်ရိတ်ဓား အတူသုံးမိခြင်း
တက်တူးထိုးခြင်း၊ နားဖောက်ခြင်းများတွင် အပ်နှင့် ကိရိယာများကို သေချာ ပိုးမသတ်ထားခြင်း
မသန့်ရှင်းသော ဆေးထိုးအပ် သို့မဟုတ် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
⚠️ ကူးစက်ခံရတာကို မသိဘဲ မကုသဘဲ ထားမိပါက နာတာရှည် အသည်းရောင်ခြင်းမှတစ်ဆင့် အသည်းခြောက်ခြင်း (Cirrhosis) နှင့် အသည်းကင်ဆာ (Liver Cancer) တို့ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ပါဖြစ်န်ိုင်ပါတယ်။
👩⚕️ မိမိကိုယ်ကိုရော မိသားစုကိုပါ ကာကွယ်ဖို့အတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ ဒီနေ့ပဲ နီးစပ်ရာ ဆေးခန်း သို့မဟုတ် သွေးစစ်ဓာတ်ခွဲခန်းမှာ ဘီပိုး၊ စီပိုး သွေးစစ်ဆေးမှု ပြုလုပ်ပြီး ကြိုတင်သိရှိကာကွယ်နိုင်ရန် ဖြစ်ပါတယ်။
ကျန်းမာစေလို့ စိတ်ကြည်နူး ရွေးချယ်ရမယ့် ဝသန်ဦး
‘’ဝသန်ဦး အထူးကုဆေးခန်း”
📍၇၃ လမ်းနှင့် ၃၂ လမ်းထောင့်၊ ချမ်းအေးသားစံမြို့နယ်၊ မန္တလေးမြို့။