HtooWai Clinic

HtooWai Clinic ထူးဝေ
မိသားစု အထွေထွေကျန်းမာရေး စောင့်ရှောက်မှု
ဆေးကုသခန်း

ထူးဝေ အထွေထွေရောဂါကု ဆေးခန်း၏ လူနာ အသစ်/အဟောင်း အပေါင်းတို့ခင်ဗျား..7/5/2026 ကြာသပတေးနေ့ တစ်ရက် ဆေးခန်းပိတ်ပါသည် 8/5/202...
05/05/2026

ထူးဝေ အထွေထွေရောဂါကု ဆေးခန်း၏ လူနာ အသစ်/အဟောင်း အပေါင်းတို့ခင်ဗျား..

7/5/2026 ကြာသပတေးနေ့ တစ်ရက် ဆေးခန်းပိတ်ပါသည်

8/5/2026 သောကြာ နေ့ ပုံမှန်အတိုင်းပြန်ဖွင့်ပါမည်
ခင်ဗျား။

ထူးဝေဆေးခန်း မိသားစု

ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ စံ ကာလသုံးတန် တိုက်ဆိုင်သော ဤနေ့ထူးနေ့မြတ် ကဆုန်လပြည့် အခါသမယ တွင် ...ကမ္ဘာသူ/သားအားလုံး...
30/04/2026

ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ စံ ကာလသုံးတန် တိုက်ဆိုင်သော ဤနေ့ထူးနေ့မြတ် ကဆုန်လပြည့် အခါသမယ တွင် ...
ကမ္ဘာသူ/သားအားလုံးနှင့် မြန်မာပြည်သူ/သားအားလုံး ဘေးဘယဝေးကွာ၍၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
ဆေးခန်းသို့ လာရောက်ကုသခဲ့/ကုသဆဲ/ကုသလတ္တံ့‌ သူများနှင့် မိသားစုဝင်များအားလုံးလည်း အနာရောဂါ ကင်းငြိမ်းကြပါစေကြောင်း ထူးဝေအထွေထွေရောဂါကုဆေးခန်း မိသားစု မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျား။

​ထူးဝေအထွေထွေရောဂါကုဆေးခန်းမိသားစု

အပူဒဏ်ကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေဟာ အချိန်မီ မကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ အပူဒဏ်...
10/04/2026

အပူဒဏ်ကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေဟာ အချိန်မီ မကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ အပူဒဏ်ကြောင့် နုံးချိခြင်း (Heat Exhaustion) နဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ရဲ့ ကွာခြားချက်တွေကို သေချာသိရှိနားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။
အပူဒဏ်ကြောင့် နုံးချိခြင်း (Heat Exhaustion)
ဒါဟာ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) မဖြစ်ခင် ကြိုတင်ဖြစ်ပေါ်လာတတ်တဲ့ အခြေအနေဖြစ်ပါတယ်။

သိနိုင်မယ့် လက္ခဏာများ
~~~~~~~~~~~~~~

-အသားအရေ အေးစက်စိုစွတ်နေပြီး ချွေးအလွန်အမင်း ထွက်ခြင်း။
-မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ခြင်း။
-ကြွက်တက်ခြင်းနှင့် အားအင်ကုန်ခမ်း နုံးချိခြင်း။
-နှလုံးခုန်မြန်သော်လည်း သွေးခုန်နှုန်း အားနည်းခြင်း။

လုပ်ဆောင်ရမည့်အချက်များ
~~~~~~~~~~~~~~~~~

လူနာကို အေးမြပြီး အရိပ်ရသည့်နေရာသို့ ချက်ချင်းရွှေ့ပါ။
အဝတ်အစားများကို ချောင်ချောင်ချိချိဖြစ်အောင် ပြုလုပ်ပေးပြီး ရေအေးဖြင့် ရေပတ်တိုက်ပေးပါ။
လူနာသည် သတိရှိနေပါက ရေအေး (သို့မဟုတ်) ဓာတ်ဆားရည်ကို တစိမ့်စိမ့် တိုက်ပေးပါ။
နားနေပြီးနောက် မိနစ် ၃၀ အတွင်း အခြေအနေ မထူးခြားပါက ဆေးရုံသို့ ပို့ဆောင်ပါ။

အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke)
~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါဟာ အလွန်စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အပူချိန် ထိန်းညှိစနစ် ပျက်စီးသွားတာ ဖြစ်ပါတယ်။

သိနိုင်မယ့် လက္ခဏာများ
~~~~~~~~~~~~~~~

-ခန္ဓာကိုယ်အပူချိန် ၁၀၄°F (၄၀°C) ထက် ပိုတက်လာခြင်း။
-ချွေး လုံးဝ မထွက်တော့ခြင်း နှင့် အသားအရေ ပူပြီး ခြောက်သွေ့နေခြင်း။
-စိတ်ရှုပ်ထွေးခြင်း၊ စကားများ ဗလုံးဗထွေးဖြစ်ခြင်း သို့မဟုတ် သတိလစ်သွားခြင်း။
-တက်ခြင်း နှင့် သွေးခုန်နှုန်း အလွန်မြန်ခြင်း။

လုပ်ဆောင်ရမည့်အချက်များ
~~~~~~~~~~~~~~~~~~

-အရေးပေါ်လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ပါ။
-ဆေးရုံမရောက်မီ အချိန်အတွင်း လူနာကို အမြန်ဆုံး အေးမြအောင် လုပ်ဆောင်ပေးရပါမည်။ လူနာကို ရေအေးလောင်းခြင်း၊ ပန်ကာ/ယပ်တောင်ဖြင့် အဆက်မပြတ် ယပ်ခတ်ပေးခြင်းများ ပြုလုပ်ပါ။
-လူနာ သတိမရှိပါက ရေ သို့မဟုတ် ဆေးများ ပါးစပ်မှ အတင်းတိုက်ခြင်း လုံးဝ မပြုလုပ်ရပါ။

အပူဒဏ်အန္တရာယ်မှ ဘယ်လိုကာကွယ်မလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~~

၁။ ရေပုံမှန်သောက်ပါ

ရေငတ်သည်အထိ မစောင့်ပါနှင့်။ တစ်နေ့လျှင် အနည်းဆုံး ရေ (၃) လီတာခန့် သောက်သုံးရန် လိုအပ်ပါတယ်။

၂။ အပြင်ထွက်ချိန် ဆင်ခြင်ပါ

နေ့လယ် (၁၀) နာရီမှ ညနေ (၅) နာရီအတွင်း အပြင်ထွက်ခြင်းနှင့် ပင်ပန်းသော အလုပ်များကို ရှောင်ကြဉ်ပါ။

၃။ နေကာပစ္စည်းများ အသုံးပြုပါ

အပြင်ထွက်ရပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်များ အသုံးပြုပါ။

၄။ အစားအသောက် ဆင်ခြင်ပါ

အပူတက်စေမည့် အရက်သေစာနှင့် ကဖင်းဓာတ် (ကော်ဖီ) များပြင်းထန်စွာ သောက်သုံးခြင်းကို လျှော့ချပါ။

၅။ ကလေးနှင့် လူကြီးများကို ဂရုစိုက်ပါ

မိမိအိမ်ရှိ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို လေဝင်လေထွက်ကောင်းသော နေရာတွင် ထားရှိပေးပါ။

နွေရာသီ အပူဒဏ်ဟာ သတိမမူရင် အသက်အန္တရာယ် ပေးနိုင်တာကြောင့် မိမိကိုယ်ကိုရော မိသားစုကိုပါ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

ထူးဝေ ဆေးခန်း မိသားစု

ချစ်ခင်လေးစားအပ်ပါသော လူနာ အသစ်/အဟောင်း အပေါင်းတို့ခင်ဗျား"ထူးဝေ အထွေထွေရောဂါကုဆေးခန်း" အား ၁၂/၄/၂၀၂၆ တနင်္ဂနွေပုံမှန် ပ...
08/04/2026

ချစ်ခင်လေးစားအပ်ပါသော လူနာ အသစ်/အဟောင်း အပေါင်းတို့ခင်ဗျား

"ထူးဝေ အထွေထွေရောဂါကုဆေးခန်း" အား ၁၂/၄/၂၀၂၆
တနင်္ဂနွေပုံမှန် ပိတ်ရက်အပါ ၁၃/၄/၂၀၂၆ သင်္ကြန်အကြို နေ့ တနင်္လာနေ့ မှ-
၁၇/၄/၂၀၂၆ နှစ်ဆန်းတစ်ရက်နေ့ သောကြာနေ့ အထိ
စုစုပေါင်း (၆)ရက် ပိတ်ပါသည်။

၁၈/၄/၂၀၂၆ နှစ်ဆန်းနှစ်ရက်နေ့ စနေနေ့မှ စ၍ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည် ခင်ဗျား။ ။

ထူးဝေဆေးခန်းမိသားစု

  ကမ္ဘာ့ TB နေ့ ဟာ မတ် လ ၂၄ ရက်နေ့ ဖြစ်ပါတယ်၊ထူးဝေ အထွေထွေရောဂါကုဆေးခန်း ဟာ The Sun နဲ့ PSI အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ...
24/03/2026




ကမ္ဘာ့ TB နေ့ ဟာ မတ် လ ၂၄ ရက်နေ့ ဖြစ်ပါတယ်၊
ထူးဝေ အထွေထွေရောဂါကုဆေးခန်း ဟာ The Sun နဲ့ PSI အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး လူသားထု ကို အန္တရယ် ဒုက္ခပေး‌နေဆဲဖြစ်တဲ့ ဒီ TB ရောဂါဆိုးကြီးကို တိုက်ဖျက်ပေးခဲ့တာ လူနာ အယောက် ရာဂဏန်း အထိ ရှိပြီဖြစ်ပါတယ်၊
ဆက်လက်ပြီး ဒီ ရောဂါဆိုးကြီးကို ဆက်လက်တိုက်ပွဲ ဝင်သွားနေမှာဖြစ်ပါတယ်

Uniting In the fight against TB
💪

Htoo Wai Clinic Family

ချစ်ခင်‌ရပါသော မိတ်ဆွေအပေါင်း တို့ ခင်ဗျား2026-27 အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး (Seasonal Flu vaccine) ကို မကြာခင် အချိန်အ...
13/03/2026

ချစ်ခင်‌ရပါသော မိတ်ဆွေအပေါင်း တို့ ခင်ဗျား
2026-27 အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး (Seasonal Flu vaccine) ကို မကြာခင် အချိန်အတွင်း
"ထူးဝေ" အထွေထွေရောဂါကုဆေးခန်း မှာ ထိုးနှံနိုင်တော့မှာ ဖြစ်ပါတယ်။
ဆေးအရေအတွက် အကန့်အသတ် ရှိနိုင်ပါသဖြင့် ကြိုတင်စာရင်းပေးသွင်း လိုပါက
ဖုန်း 09-753316626 သို့ လည်းကောင်း
ဆေးခန်း သို့ ဆေးခန်းချိန် အတွင်း လူကိုယ်တိုင်သော် လည်းကောင်း
လာရောက် စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ထူးဝေဆေးခန်း မိသားစု

05/03/2026

သောက်နေကျဆေးက ဝယ်မရ
ဆေးဆိုင်က အလားတူဆိုပြီး ပေးလိုက်တဲ့ဆေးကိုလဲ မသောက်ရဲကြတဲ့ သူတွေ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်

Dr WaiYanOo
Htoowai Clinic Family

ကိုင်း...ဒီ တခါတော့ ရာသီစာလေးတွေ ဖြစ်တဲ့ ဓါတ်မတည့်ခြင်း(Allergies) နဲ့ အင်ပျဉ်ထခြင်း (hives) အကြောင်းကို ရှင်းလင်းပြောပြ...
04/01/2026

ကိုင်း...ဒီ တခါတော့ ရာသီစာလေးတွေ ဖြစ်တဲ့ ဓါတ်မတည့်ခြင်း(Allergies) နဲ့ အင်ပျဉ်ထခြင်း (hives) အကြောင်းကို ရှင်းလင်းပြောပြပေးသွားပါ့မယ်။

၁။ ရာသီအလိုက် ဓာတ်မတည့်ခြင်း (Seasonal Allergies)

မြန်မာနိုင်ငံတွင် ရာသီအကူးအပြောင်းကာလများ (အထူးသဖြင့် ဆောင်းအကုန် နွေအကူး သို့မဟုတ် မိုးရာသီ) တွင် လေထဲ၌ ပန်းဝတ်မှုန်များ၊ ဖုန်မှုန့်များနှင့် မှိုစပိုးများ ပိုမိုများပြားတတ်သဖြင့် ဓာတ်မတည့်မှုများ အဖြစ်များလေ့ရှိပါသည်။

ခံစားရနိုင်သော လက္ခဏာများ မှာ-

-မကြာခဏ နှာချေခြင်း၊ နှာရည်ယိုခြင်း သို့မဟုတ် နှာပိတ်ခြင်း။

-မျက်လုံးများ ယားယံခြင်း၊ နီမြန်းခြင်းနှင့် မျက်ရည်ပူများထွက်ခြင်း။

-လည်ချောင်း၊ နား သို့မဟုတ် အာခေါင်များ ယားယံခြင်း။

-ချောင်းဆိုးခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း။

၂။ အင်ပျဉ်ထခြင်း (Hives/Urticaria)

အင်ပျဉ်ဆိုသည်မှာ အရေပြားပေါ်တွင် အနီရောင်အပိမ့်များ၊ အကွက်များ အစုလိုက်အပြုံလိုက် ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့သည် အလွန်ယားယံပြီး နာရီပိုင်းအတွင်း ပျောက်သွားလိုက်၊ တခြားတစ်နေရာတွင် ပြန်ပေါ်လာလိုက် ဖြစ်တတ်ပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းအများစုမှာ-

အစားအသောက်: ပင်လယ်စာ၊ ဥအမျိုးမျိုး၊ မြေပဲ သို့မဟုတ် အစားအသောက်ဆိုးဆေးများ။
ပတ်ဝန်းကျင်: အပူ၊ အအေး၊ နေရောင်ခြည် သို့မဟုတ် အင်းဆက်ကိုက်ခြင်း။
ဆေးဝါး: အချို့သော ပဋိဇီဝဆေးများ သို့မဟုတ် အကိုက်အခဲပျောက်ဆေးများ။
စိတ်ဖိစီးမှု: စိတ်ပူပန်မှုလွန်ကဲခြင်းကလည်း အင်ပျဉ်ကို ပိုဆိုးစေနိုင်ပါသည်။

၃။ ပြုစုကုသနည်းနှင့် ကာကွယ်နည်းများ

မိမိဘာသာ ဂရုစိုက်ရန် များမှာ--

-ဓာတ်မတည့်သည့်အရာကို ရှောင်ပါ။
ဖုန်ထူသောနေရာများ၊ ပန်းဝတ်မှုန်များရှိသော နေရာများကို ရှောင်ပါ။ အပြင်ထွက်လျှင် Mask (နှာခေါင်းစည်း) တပ်ပါ။

-အပြင်မှပြန်လာလျှင် ချက်ချင်း ရေချိုးပြီး အဝတ်အစားလဲပါ။ အဝတ်များကို အပြင်ဘက်တွင် မလှန်းပါနှင့် (ဝတ်မှုန်များ ကပ်ပါလာနိုင်သောကြောင့်ဖြစ်သည်)။

-အင်ပျဉ်ထပါက ယားယံသည့်နေရာကို ရေအေးဝတ်ဖြင့် ဖိပေးခြင်း သို့မဟုတ် Calamine lotion (ကာလာမင်း) လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။

ဆေးဝါးဖြင့် ကုသခြင်း

Antihistamines (ဓာတ်မတည့်ဖြေဆေး): ယားယံခြင်းနှင့် နှာစေးခြင်းအတွက် Cetirizine သို့မဟုတ် Loratadine ကဲ့သို့သော ဆေးများကို သောက်သုံးနိုင်ပါသည်။
နှာခေါင်းဖျန်းဆေး: နှာပိတ်ခြင်းအတွက် ဆရာဝန်ညွှန်ကြားချက်ဖြင့် Steroid နှာခေါင်းဖျန်းဆေးများ သုံးနိုင်ပါသည်။

(သတိပြုရန်: ဆေးဝါးများကို မသုံးစွဲမီ နီးစပ်ရာ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် အမြဲတိုင်ပင်ပါ။)

၄။ မည်သည့်အချိန်တွင် ဆရာဝန်ပြသင့်သနည်း (အရေးကြီး)
အောက်ပါလက္ခဏာများ ပြင်းထန်စွာ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်သင့်သည် -
အသက်ရှူရခက်ခဲခြင်း သို့မဟုတ် အသက်ရှူလျှင် တရွှီးရွှီးမြည်ခြင်း။
မျက်နှာ၊ နှုတ်ခမ်း သို့မဟုတ် လျှာများ သိသိသာသာ ရောင်ရမ်းလာခြင်း။
မူးဝေခြင်း သို့မဟုတ် သတိလစ်ချင်သလိုဖြစ်ခြင်း။
ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း။

အားလုံးပဲနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ နိုင်ကြပါစေ။

ဒေါက်တာဝေယံဦး

ထူးဝေအထွေထွေ ရောဂါကု ဆေးခန်း

🎙️🎙️🎙️🎙️🎙️ချစ်ခင်ရပါသော လူနာ အသစ်အဟောင်း အပေါင်းတို့ ခင်ဗျားထူးဝေ အထွေထွေရောဂါကုဆေးခန်းအား 31/12/2025 ဗုဒ္ဓဟူးနေ့ ကို ညန...
30/12/2025

🎙️🎙️🎙️🎙️🎙️

ချစ်ခင်ရပါသော လူနာ အသစ်အဟောင်း အပေါင်းတို့ ခင်ဗျား

ထူးဝေ အထွေထွေရောဂါကုဆေးခန်းအား
31/12/2025 ဗုဒ္ဓဟူးနေ့ ကို ညနေ ပိုင်း 6နာရီ ထိသာ ဖွင့်လှစ်မည် ဖြစ်ပြီး

1/1/2026 ကြာသပတေးနေ့ ကို မနက်တပိုင်း ဆေးခန်းပိတ်၍ ညနေပိုင်းမှသာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျား။

စိတ်ကြည်ရွှင်လန်းဆန်းစရာ နှစ်သစ်ဖြစ်ကြပါစေ

ထူးဝေဆေးခန်းမိသားစု

📢📢📢📢📢📢📢📢📢ထူးဝေ အထွေထွေရောဂါကုဆေးခန်း အား၁၉/၁၂/၂၀၂၅ သောကြာနေ့ မှ  ၂၅/၁၂/၂၀၂၅  ကြာသပတေး နေ့အထိ-(၇)ရက် ပိတ်ပါသည်။၂၆/၁၂/၂၀၂၅...
18/12/2025

📢📢📢📢📢📢📢📢📢

ထူးဝေ အထွေထွေရောဂါကုဆေးခန်း အား

၁၉/၁၂/၂၀၂၅ သောကြာနေ့ မှ
၂၅/၁၂/၂၀၂၅ ကြာသပတေး နေ့အထိ-(၇)ရက် ပိတ်ပါသည်။

၂၆/၁၂/၂၀၂၅ သောကြာနေ့ မှ စတင်၍ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျား။

ထူးဝေဆေးခန်းမိသားစု

  အလွှာတစ်ခုခြားတိုင်းကမ္ဘာတစ်ခုဝေးတာမဟုတ်ပါဘူးနောက်ဘဝမကူးဖို့ ကာကွယ်ပါ😊
30/11/2025



အလွှာတစ်ခုခြားတိုင်းကမ္ဘာတစ်ခုဝေးတာမဟုတ်ပါဘူး
နောက်ဘဝမကူးဖို့ ကာကွယ်ပါ
😊

Address

Maubin
Maubin

Opening Hours

Monday 08:00 - 11:00
16:00 - 18:30
Tuesday 08:00 - 11:00
16:00 - 18:30
Wednesday 08:00 - 11:00
16:00 - 18:30
Thursday 08:00 - 11:00
16:00 - 18:30
Friday 08:00 - 11:00
16:00 - 18:30
Saturday 08:00 - 11:00
16:00 - 18:30

Telephone

+959963098000

Website

Alerts

Be the first to know and let us send you an email when HtooWai Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category