Shwe La Min Hospital - Mawlamyine

Shwe La Min Hospital - Mawlamyine Shwe La Min is a dedicated health care institution facilitating patients treatment with specialized medical and nursing staff and medical equipment.

It was established in March 2009 to provide unsurpassed health and wellness services.

💁‍♂️ လူကြီးမင်းတို့၏ကျန်းမာ​ရေးနှင့်ပတ်သက်၍​ဆွေး​နွေးတိုင်ပင်ရန် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ရှင်💖💖🏩 ရွှေလမင်းဆေးရုံ(​မ...
02/09/2026

💁‍♂️ လူကြီးမင်းတို့၏ကျန်းမာ​ရေးနှင့်ပတ်သက်၍​ဆွေး​နွေးတိုင်ပင်ရန် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ရှင်💖💖

🏩 ရွှေလမင်းဆေးရုံ(​မော်လမြိုင်)၏ ဝန်ဆောင်မှုများအကြောင်း စုံစမ်းချင်တာပဲဖြစ်​​စေ၊ ဆရာဝန်ကြီးများနှင့် ပြသရန် ရက်ချိန်းယူချင်တာပဲဖြစ်​စေ အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ၂၄ နာရီ ရက်သတ္တပတ်လုံး ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။🙏
📱 09 668 164 981
09 401 393 445
09 420 538 066
☎️ 057 – 2026855
057 – 2026387
057 - 2026987
057 - 2026709
🏨 Shwe La Min Hospital (Mawlamyine)
အမှတ်(၁) မြို့​​ရှောင်လမ်း၊ ရှမ်းစုရပ်၊ ကျိုက်ဖနဲရပ်ကွက်၊ဒိုင်းဝန်ကွင်း၊ ​မော်လမြိုင်မြို့။



🙏​ဝါ​ခေါင်လပြည့်​နေ့ ( ​မေတ္တာ အခါ​တော်​နေ့)🙏မေတ္တာတန်ခိုးဖြင့် ကမ္ဘာသူ ကမ္ဘာသားများအားလုံး ​အေးချမ်းကြပါ​စေ 🙏
28/08/2026

🙏​ဝါ​ခေါင်လပြည့်​နေ့ ( ​မေတ္တာ အခါ​တော်​နေ့)🙏
မေတ္တာတန်ခိုးဖြင့် ကမ္ဘာသူ ကမ္ဘာသားများအားလုံး ​အေးချမ်းကြပါ​စေ 🙏

19/08/2026

🎉🎂"Happy Birthday"
ကိုထူးမြတ်ကျာ် (Nicholas Su Aung Naing)🎂🎉

🎊 ယနေ့ကျရောက်သောမွေးနေ့မှစ၍ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာပြီးကျန်းမာချမ်းသာခြင်းအပေါင်း နှင့် ပြည်စုံပါစေကြောင်း ရွှေလမင်း ဆေးရုံ(​​မော်လမြိုင်) မိသားစု မှ မွေးနေ့မင်္ဂလာဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင်။ 🎊

#ရွှေလမင်းဆေးရုံ​မော်လမြိုင်


#မွေးနေ့ဆုတောင်း

✨️ ရွှေလမင်းဆေးရုံ(​မော်လမြိုင်)ဝါဆိုသင်္ကန်းအလှူ​တော် ✨️*****************************************************🙏  ယ​နေ့ မ...
18/08/2026

✨️ ရွှေလမင်းဆေးရုံ(​မော်လမြိုင်)ဝါဆိုသင်္ကန်းအလှူ​တော် ✨️
*****************************************************
🙏 ယ​နေ့ မင်္ဂလာရှိ​​သော ရက်မြတ် အခါသမယတွင်
ခုနှစ်ရက်သားသမီးများအားလုံး ကိုယ်စိတ်နှလုံးအေးချမ်း
စွာဖြင့် ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နိုင်ကာကောင်းကျိုးမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း
ရွှေလမင်း‌ဆေးရုံ(​မော်လမြိုင်)မိသားစု မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏
🙏 နတ် လူ သာဓု​ခေါ်​​စေ​သော် 🙏
#ရွှေလမင်းဆေးရုံ​ ​မော်လမြိုင်

#ဝါဆိုသင်္ကန်း

🙏🌕 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)🙏ဝါဆိုလပြည့် အခါသာမညတွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါ​စေ ...  #ရွှေလမင်းဆေးရုံ   -...
29/07/2026

🙏🌕 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)🙏

ဝါဆိုလပြည့် အခါသာမညတွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါ​စေ ...
#ရွှေလမင်းဆေးရုံ
- Mawlamyine
#ဝါဆိုလပြည့်

🎉🎊​ရွှေလမင်း​ဆေးရုံတွင် မွေးဖွားခဲ့​သော ​ဖေ​ဖေ ဦး​လှိုင်ပြည့်ဖြိုးသူနှင့်​မေ​မေ ​ဒေါ်​​စန္ဒာလှိုင် တို့၏သားလှရတနာ​လေးအာ...
17/06/2026

🎉🎊​ရွှေလမင်း​ဆေးရုံတွင် မွေးဖွားခဲ့​သော ​ဖေ​ဖေ ဦး​လှိုင်ပြည့်ဖြိုးသူနှင့်​မေ​မေ ​ဒေါ်​​စန္ဒာလှိုင် တို့၏သားလှရတနာ​လေးအား ဂုဏ်ပြု​သောအားဖြင့် အမှတ်တရလက်​​​ဆောင်​ပေးအပ်ခဲ့ပါသည်ရှင်။🎉🎊

ကိုယ်ဝန်ဆောင်ရက်စွဲတွေ ဖြတ်သန်းရတဲ့အခါ မေမေတို့မှာ ခန္ဓာကိုယ်ပြောင်းလဲမှုတွေအပြင် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားလ...
04/06/2026

ကိုယ်ဝန်ဆောင်ရက်စွဲတွေ ဖြတ်သန်းရတဲ့အခါ မေမေတို့မှာ ခန္ဓာကိုယ်ပြောင်းလဲမှုတွေအပြင် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားလွယ်တာ၊ စိုးရိမ်ပူပန်တာနဲ့ စိတ်ဖိစီးတာတွေကို သဘာဝအတိုင်း ကြုံတွေ့ရတတ်ပါတယ်။😥

ဒါပေမဲ့ မေမေတို့ ကြုံရတဲ့ ရေရှည်ပြင်းထန်တဲ့ စိတ်ဖိစီးမှုက ဗိုက်ထဲက သားသားမီးမီးတို့အပေါ်မှာ ဘယ်လို သက်ရောက်မှုရှိနိုင်လဲဆိုတာ သိပ္ပံနည်းကျ လေ့လာချက်တွေအရ ဒေါက်တာလမင်းက မျှဝေပေးချင်ပါတယ်ရှင်။☺️💁‍♀️

ကျွန်မတို့ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်ကနေ ကော်တီစော (Cortisol) လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက အချင်း မှတစ်ဆင့် ဗိုက်ထဲက ကလေးဆီကို ရောက်ရှိသွားနိုင်လို့ လမစေ့ဘဲစောမွေးခြင်း၊ပေါင်မပြည့်ခြင်းနှင့် ကလေးရဲ့ အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။😪

ဒါ့အပြင် မိခင်ရဲ့ စိတ်ဖိစီးမှုဟော်မုန်း မြင့်မားနေရင် ကလေးရဲ့ အာရုံကြောစနစ်အပေါ် သက်ရောက်မှုရှိနိုင်လို့ ကြီးပြင်းလာတဲ့အခါမှာ စိုးရိမ်ပူပန်မှုလွန်ကဲတာ၊ စိတ်တိုလွယ်တာနဲ့ ပတ်ဝန်းကျင်ကို အသားကျဖို့ ခက်ခဲတာမျိုးတွေ ကြုံရနိုင်ပါတယ်။😰

နောက်ဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်စဉ် မိခင်ရဲ့ စိတ်ဖိစီးမှုက ကလေးရဲ့ ကိုယ်ခံအားစနစ်အပေါ် လွှမ်းမိုးမှုရှိတာကြောင့် အရွယ်ရောက်လာတဲ့အခါ ဓာတ်မတည့်ခြင်း (Allergies) နဲ့ ပန်းနာရင်ကြပ် (Asthma) လိုမျိုး ဝေဒနာတွေ ဖြစ်နိုင်ခြေ အနည်းငယ် ပိုများတတ်ပါတယ်။🫁😤

မေမေတို့အနေနဲ့ စိတ်ဖိစီးမှုကို လုံးဝမရှိအောင် တားဆီးဖို့ မဖြစ်နိုင်ပေမယ့် မိတ်ဆွေတွေကို ရင်ဖွင့်တာ၊ တရားထိုင်တာ၊လမ်းလျှောက်တာ စသဖြင့် နည်းလမ်းကောင်းလေးတွေကို လုပ်ကြည့်လို့ရပါတယ်။🧘🚶

🙅‍♂️နေ့စဉ်ကြုံတွေ့ရတဲ့ သာမန်စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေ (ဥပမာ - ရုံးလုပ်ငန်းခွင် စိတ်ညစ်ရတာ၊ စာမေးပွဲဖြေရတာ) လောက်က ကလေးကို ထိခိုက်မှု မရှိစေနိုင်ပါဘူး။ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ၊ စိတ်ကျရောဂါအတွက်သာ သတိထားဖို့ လိုအပ်တာပါ။✅

ကိုယ်ဝန်ဆောင်ချိန်မှစပြီး ကလေးမွေးဖွားပြီးတဲ့အထိ ပျော်ရွှင်ကျန်းမာတဲ့ မိခင်ခရီးစဉ်ဘဝကို ရရှိနိုင်ဖို့ စိတ်ဖိစီးမှုတွေကို လျှော့ချကြဖို့ ရွှေလမင်းဆေးရုံ(​မော်လမြိုင်)ရဲ့ ဒေါက်တာလမင်းမှ တိုက်တွန်းလိုက်ရပါတယ်ရှင်။💛💚

#ရွှေလမင်း
#​မော်လမြိုင်
#ဒေါက်တာလမင်း
#ကိုယ်ဝန်ဆောင် #စိတ်ဖိစီးမှု

ကလေးငယ်လေးတွေရဲ့ ဖြူစင်တဲ့ အပြုံးတစ်ခုဟာ ကမ္ဘာကြီးကို ပိုမိုတောက်ပ စိုပြေစေနိုင်သလို၊ သူတို့လေးတွေရဲ့ ကျန်းမာရွှင်လန်းမှ...
01/06/2026

ကလေးငယ်လေးတွေရဲ့ ဖြူစင်တဲ့ အပြုံးတစ်ခုဟာ ကမ္ဘာကြီးကို ပိုမိုတောက်ပ စိုပြေစေနိုင်သလို၊ သူတို့လေးတွေရဲ့ ကျန်းမာရွှင်လန်းမှုဟာလည်း မိသားစုတိုင်းရဲ့ စိတ်အအေးရဆုံး ကံကောင်းခြင်းတစ်ခုပဲ ဖြစ်ပါတယ်။ 💖👶🏻

အပြည်ပြည်ဆိုင်ရာကလေးများနေ့မှာ ဖေဖေ၊မေမေတို့ရဲ့ အဖိုးတန်ရတနာလေးများအဖြစ် ပျော်ရွှင်စရာ ကလေးဘဝနေ့ရက်များကို အပြည့်အဝ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ရွှေလမင်းဆေးရုံ(​မော်လမြိုင်)မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ တောက်ပတဲ့ အနာဂတ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 💚💛
#ရွှေလမင်း
- mawlamyine
#ရွှေလမင်းဆေးရုံ​​ ​မော်လမြိုင်
'sday
#အပြည်ပြည်ဆိုင်ရာကလေးများနေ့

ကျွန်တော်တို့ ခန္ဓာကိုယ်ကြီး ကျန်းမာလန်းဆန်းပြီး ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်ဖို့အတွက် နောက်ကွယ်ကနေ နေ့မနား ညမနား အလ...
25/05/2026

ကျွန်တော်တို့ ခန္ဓာကိုယ်ကြီး ကျန်းမာလန်းဆန်းပြီး ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်ဖို့အတွက် နောက်ကွယ်ကနေ နေ့မနား ညမနား အလုပ်လုပ်ပေးနေတဲ့ အစိတ်အပိုင်းလေးတွေ ရှိပါတယ်။ 🧬
အဲဒီထဲမှာမှ လည်ပင်းအရှေ့ဘက်၊ စကားပြောရင် နိမ့်တုံ့မြင့်တုံ့ဖြစ်တတ်တဲ့ အများအခေါ်(လည်စေ့)ရဲ့ အောက်နားလေးမှာ လိပ်ပြာပုံသဏ္ဌာန် ရှိတဲ့ “Thyroid (သိုင်းရွိုက်) ဂလင်း” ဆိုတာ ရှိပါတယ်။🦋

သူ့ရဲ့ အရွယ်အစားက သေးသေးလေးဆိုပေမယ့် သူကနေ ထုတ်ပေးတဲ့ “Thyroid ဟော်မုန်း” ကတော့ ကျွန်တော်တို့ တစ်ကိုယ်လုံးအတွက် အရေးကြီးတဲ့ ဟော်မုန်းဖြစ်ပါတယ်။😇

စားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်က အသုံးပြုလို့ရမယ့် စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့နေရာမှာ သိုင်းရွိုက်ဟော်မုန်းက အဓိက ကြိုးကိုင်သူပါ။သိုင်းရွိုက်ဟော်မုန်း ပုံမှန်ရှိနေမှသာ ခန္ဓာကိုယ်က လန်းဆန်းတက်ကြွပြီး အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။☑️

နောက်ပြီးတော့ နှလုံးက တစ်မိနစ်ကို ဘယ်နှစ်ကြိမ် ခုန်ရမလဲ၊ သွေးဖိအား ဘယ်လောက်ရှိရမလဲဆိုတာတွေကို သိုင်းရွိုက်ဟော်မုန်းက မျှတအောင် ထိန်းညှိပေးပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဟော်မုန်း မမျှတတဲ့အခါ နှလုံးတုန်တာ၊ ရင်တုန်တာ ဒါမှမဟုတ် နှလုံးခုန်နှုန်း အရမ်းနှေးသွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။🫀

ဒါ့အပြင် ရာသီဥတုက အေးနေရင်တောင် ခန္ဓာကိုယ်ထဲမှာ နွေးထွေးနေအောင် အပူချိန်ကို မျှတအောင် လုပ်ပေးတာ သိုင်းရွိုက်ဟော်မုန်းကြောင့်ပါ။ ဒီဟော်မုန်း ချို့တဲ့တဲ့သူတွေဟာ သူများထက် ပိုပြီး ချမ်းတတ်ကြပါတယ်။🥶

နောက်ဆုံးအချက်အနေနဲ့ အာရုံစူးစိုက်ရလွယ်ကူဖို့၊ ဖျတ်လတ်တက်ကြွဖို့နဲ့ စိတ်ခံစားမှု မှန်ကန်ဖို့အတွက် သိုင်းရွိုက်ဟော်မုန်းက လိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း ကမောက်ကမဖြစ်ရင် အကြောင်းရင်းမရှိဘဲ စိတ်တိုလွယ်တာ၊ စိတ်ဓာတ်ကျတာနဲ့ မေ့လျော့လွယ်တာမျိုးတွေ ခံစားရတတ်ပါတယ်။😊

⚠️ သိုင်းရွိုက်ဟော်မုန်း မမျှတတဲ့အခါ အစားတွေ အများကြီးစားပေမယ့် ပိန်ကျသွားတာ၊ ရင်တုန်တာ၊ လက်တုန်တာ၊ အစားနည်းပေမယ့် ဝလာတာ၊ နုံးခွေနေတာ၊ အမြဲအိပ်ငိုက်တာ၊ အေးတာမခံနိုင်တာမျိုး ခံစားရတတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းပြဿနာဟာ ကနဦးမှာ သာမန် မောပန်းနွမ်းနယ်တာမျိုးပဲမို့ သတိမထားမိဘဲ ကျော်သွားတတ်ကြပါတယ်။ 🙅🏼‍♀️
ဒါကြောင့် အထက်ပါ လက္ခဏာရပ်တွေကို ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တွေမှာဖြစ်စေ သံသယရှိတယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ Thyroid Function Test (သွေးစစ်ခြင်း) ပြုလုပ်ပြီး သေချာ တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုပါတယ်။🥰

မိမိတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါကလည်း ရွှေလမင်းဆေးရုံ(​မော်လမြိုင်)ရဲ့ အထူးကုဆရာဝန်ကြီးများနဲ့ လာရောက်ပြသကာ စောစီးစွာ တိုင်ပင်ဆွေးနွေး ကုသနိုင်ပါကြောင်း လမ်းညွှန်ပေးပါရစေ။🤗💚💛

🏨Shwe La Min Hospital (Mawlamyine)
အမှတ်(၁) မြို့​​ရှောင်လမ်း၊ ရှမ်းစုရပ်၊ ကျိုက်ဖနဲရပ်ကွက်၊ဒိုင်းဝန်ကွင်း၊ ​မော်လမြိုင်မြို့။

☎️ 057 2026 855 , 057 2026 202, 057 2026 387
📞 09 401393445, 09 668164981

#ရွှေလမင်း
#​​မော်လမြိုင်
#သိုင်းရွက်

22/05/2026

Position Title: HR Supervisor
CompanyName:Shwe La Min Hospital (Mawlamyine)
Location: No,(1).Myo Shaung Street,Shan Su Ward,Di Won Kwan,Mawlamyine.
Employment Type: Full-time

Job Description:

¡ Develop and implement HR policies and procedures
¡ Lead recruitment and selection processes
¡ Manage employee relations and workplace issues
¡ Oversee performance management systems
¡ Plan and coordinate training and development programs


Requirements:
· Bachelor’s degree in Human Resources, Business Administration, or related field
¡ Minimum (2) years of experience in HR field
¡ Strong leadership and communication skills
¡ Good knowledge of labor laws and regulations
¡ Proficient in Microsoft Office (Word, Excel, PowerPoint)
Benefits:
¡ Competitive salary package
¡ Performance-based bonuses and incentives
¡ Training and development opportunities
¡ Career growth prospects

How To Apply
Interested candidates are invited to submit their CV and Cover Letter to
+959945952299(viber)

Address

No(1), Shan Su Street, Daing Wun Kun
Mawlamyaing

Alerts

Be the first to know and let us send you an email when Shwe La Min Hospital - Mawlamyine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe La Min Hospital - Mawlamyine:

Shortcuts

Share

Category