21/03/2026
စာလေးတွေ ရေးမတင်ဖစ်တာကြာပီမို့ ဒီနေ့မှာဝောာ့ တင်ပါးခွက်နာအကြောင်း Medical term လို (Piriformis syndrome)အကြောင်းလေး ရေးတင်ပေးပါမယ်ရှင်
Piriformis syndrome ဆိုတာဘာလဲ မပြောခင် piriformis muscle ဆိုတာ ဘယ်နေရာမှာရှိလဲ (Anatomy)ဆိုတာလေးရှင်းပြပေးပါမယ်
👉Piriformis muscle က တင်ပါးနေရာမှာရှိပီးတော့ မြှီးညှောင့်ရိုးကနေ ပေါင်ထိပ်လေးထိတွယ်ဆက်ထားပါတယ် ၊ဒီ piriformis muscle အောက်မှာတော့ sciatic nerve ကရှိနေတာမို့ အကြာကြီးသွားဖိမိရင်၊အချိန်ကြာလာတဲ့အခါမျိုးမှာတော့ piriformis syndrome လို့ခေါ်တဲ့ တင်ပါးခွက်နာတာကို ခံစားရမှာဘဲဖစ်ပါတယ်
ကြွက်သားရဲ့ Anatomy (တည်ဆောက်ဖွဲ့စည်းပုံ)ကိုသိပီဆိုရင်တော့ ဘယ်လိုလက္ခဏာ(Symptoms)ခံစားရမလဲ၊ သူ့ကိုပိုဆိုးစေတဲ့အချက် (Risk factors) လေး တွေကိုရှင်းပြပေးပါမယ်
Symptoms of piriformis syndrome
*တင်ပါးခွက်ထဲနာလာမယ်
*ခြေထောက်တချောင်းလုံးကျင်လာမယ်
*တင်ပါးခွက်ထုံမယ်၊ကျင်မယ်
*အရမ်းဆ်ုးတဲ့အခါ limping gaitလို့ခေါ်တဲ့ လမ်းလျှောက်တဲ့အခါမျိုးမှာ ထော့နဲ့ထော့နဲ့ဖစ်မယ်
*တင်ပါးကြွက်သားအားနည်းမယ်
*တင်ပါးကြွက်သားတောင့်တင်းနေမယ်
Risk factors for Piriformis syndrome
*အကြာကြီးထိုင်နေမိလျှင် (eg.office work, driver,runner, cycling,rowing)
* တင်ပါးခွက်နဲ့ဖင်ထိုက်လျက်လဲကျသူတွေ/ car accident ဖစ်ပီး ရုတ်တရက်ပေါင်ရိုး twist ဖစ်သွားသူတွေမှာ injury, traumaရမိလျှင်
*Training သွားတဲ့အခါ warming up သေချာမလုပ်သွားသူတွေ , stretching အကြောသေချာမလျှော့သွားသူတွေနဲ့ training intensityလို့ခေါ်တဲ့ ခပ်ပြင်းပြင်းကစားမိသူတွေ
*ခြေထောက်အတိုအရှည်မညီသူတွေ(leg length discrepancy), ခါးစောင်းသူတွေ (scoliosis)စတဲ့ Anatomical variation ရှိလျှင်
*လှေကားအတက်အဆင်းများသူတွေ၊တောင်တက်သူတွေမှာ သေချာ stretching မလုပ်လျှင်
ဒီလိုအချက်လေးတွေက piriformis muscle တောင့်တင်း စေပီး ၊သူ့အောက်က sciatic nerve ကို အကြာကြီးဖိမိလျှင် ထုံတာ၊ကျင်တာပိုဖစ်စေပါတယ်
အဲ့လိုမဖစ်အောင် ဘယ်လိုကာကွယ်မလဲ( Prevention)
*နာရီ၀က်ထက်ပိုမထိုင်မိစေနဲ့
*Activity မလုပ်ခင် warm-up and stretching သေချာလုပ်ပါ
*ပေါင်ဘေးကားတဲ့ကြွက်သားတွေသန်စေတဲ့လေ့ကျင့်ခန်းမျိုးလုပ်ပါ
*ထိုင်တဲ့အခါမျိုး၊မတ်တပ်ရပ်တဲ့အခါမျိုးမှာ Good postureနဲ့ထိုင်ပါ
*အရမ်းမာကြောတဲ့ ထိုင်ခုံမျိုးဆိုရှောင်ပါ
*မညီညာတဲ့မျက်နှာပြင်ပေါ် ပြေးတာမျိုး၊လမ်းလျှောက်တာမျိုးရှောင်ပါ
*တင်ပါးဆုံကြွက်သား ပုံမှန်လေးအကြောလျှော့ပေးပါ
Piriformis syndrome ဖစ်လာလျှင် ဘယ်လိုကုသမလဲ
*အနားယူပါ
*NSAIDလို့ခေါ်တဲ့အကိုက်ခဲပျောက်ဆေးကိုဆရာ၀န်နဲ့တိုင်ပင်ပိးဆေးသောက်ပါ
*Physiotherapy နည်းဖြင့်ကုသပါ( Physiotherapist ကျွမ်းကျင်ပညာရှင်)တွေနဲ့သေချာကုသပါ
*ဖစ်ဖစ်ချင်း 72hrအတွင်း ရေခဲကပ်ပါ
*Stretching လုပ်ပါ(ပုံလေးထည့်ထားပေးပါတယ်)
Piriformis syndrome ကို အိမ်မှာကုကြည့်လို့တပတ်နှပတ်အတွင်းမသက်သာသေးရင်တော့ physiotherapy ကုသသင့်ပီမို့ အကြံပေးချင်ပါတယ်ရှင်
Physiotherapy Home Service ရယူလိုပါက တရက်ကြိုတင်ပြောပေးပါရှင်💙💙💙
09970053584
09895098961သို့လည်းတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်