TAROT Reading By Loon

TAROT Reading By Loon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TAROT Reading By Loon, Astrologist & Psychic, Minbu.

🍀Tarotမေးတာထက်ရင်ဖွင့်ချင်တာမျိုးဆိုလဲ အကောင်းဆုံးနားထောင်ပြီးbffတစ်ယောက်လိုစိတ်ချလက်ချလာရောက်မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင့်💐🕊
ဝေခွဲရခတ်လမ်းပျောက်နေရင်လဲ..သေချာမေးမြန်းပြီးစိတ်သက်သာရာယူနိုင်ပါတယ်ရှင့်💐
Telegram acc@Loon27261(VPNမရရင်tgမှာလာမေးပါရှင့်

Virgo တွေက Rs မှာတကယ့် Red flag ဟုတ်လားမဟုတ်လားကိုသိချင်ရင်စာကိုအဆုံးထိဖတ်ကြည့်🍀♍Virgo တွေက Earth sign ဖြစ်တာမလို့ တခုခု...
20/06/2026

Virgo တွေက Rs မှာတကယ့် Red flag ဟုတ်လားမဟုတ်လားကိုသိချင်ရင်စာကိုအဆုံးထိဖတ်ကြည့်🍀

♍Virgo တွေက Earth sign ဖြစ်တာမလို့ တခုခုဆုံးဖြတ်တာလုပ်ကိုင်တဲ့အခါ စိတ်ခံစားချက် လက်တွေ့နဲ့ဖြစ်သင့်တာကိုပဲဦးစားပေး လုပ်ကိုင်တတ်ကြတာများသလို အချစ်ရေးမှာလဲအဲ့လိုပဲ စိတ်ခံစားချက်တွေထက် ​ဖြစ်နိုင်ချေရှိတာလက်တွေ့ကျတာကိုပိုဦးစားပေးတတ်ကြတယ် ( စိတ်ခံစားချက်ကိုဦးစားပေးတာလဲရှိပေမဲ့ 30%လောက်ပါပဲ) နောက်ပြီး Virgo တွေက rs တခုတည်ဆောက်ရင်ရေရှည်တွေးတယ် plan တွေထားတယ် သူတို့ချစ်သူက သူတို့လိုချင်တဲ့ပုံစံမျိူးမဟုတ်သေးရင်လဲ လိုချင်တဲ့ပုံစံမျိူးသူတို့ဖြစ်စေချင်တဲ့ပုံစံမျိုးကို ဖြစ်အောင် control လုပ်ချင်တယ် ပြောင်းလဲပေးချင်တယ် (အဲ့အချက်တွေက control လုပ်တာမကြိုက်တဲ့သူတွေနဲ့ကျ အရမ်းစိုးမိုးလွန်းတာချုပ်ချယ်တာတွေဖြစ်ပြီး Rs မှာအဆင်မပြေတာ နားလည်မှုတွေကွဲလွဲတာတွေဖြစ်သွားတတ်ကြတယ်)

နောက်ပြီး Virgo တွေက ကောင်းစေချင်လို့ control လုပ်ပေမဲ့ သူတို့ကဖြစ်စေချင်တာကိုပဲသိတယ် တဖက်လူနားလည်လာအောင်ရှင်းမပြတတ်ကြဘူး အဲ့လိုအခြေနေမျိုးတွေကြောင့်တခါတလေမှာ တဖက်လူအနေနဲ့သူတို့ကိုနှိမ်သလို အထင်သေးသလိုခံစားရတဲ့စိတ်မျိုးဝင်စေတယ်

Virgo တွေက Rs မှာဆိုရင်တဖက်လူကို သူအပေါင်းသင်းတွေရှေ့သူပတ်ဝန်းကျင်မှာထုတ်ပြရင် ပြီးပြည့်စုံနေတဲ့သူအဖြစ်ပဲထုတ်ပြချင်ကြတယ် သူတို့ချစ်သူက သူတို့ပတ်ဝန်းကျင် အပေါင်းသင်းကြားမှာ မျက်နှာငယ်ရတာသိမ်ငယ်ရတာမျိုးကိုမကြိုက်ကြမလိုချင်ကြဘူး

နောက်ပြီး Virgo တွေက အရမ်းကြူးအရမ်းချစ်ပြပြီးခနနဲ့ပြတ်မဲ့Rs ထက် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိပြီး အေးဆေးတည်ငြိမ်တဲ့Rsမျိုးကိုပဲပိုချင်တတ်ကြတယ် နောက်ပြီး အမြဲချစ်တယ်နော်လို့ ပြောနေတာထက် သူတို့နဲ့တိုင်ပင်တာ အသိပေးတာ တခုခုဆိုသူတို့ကိုအရင်ပြောပြတာအကြံဉာဏ်တောင်းတာ သူတို့ပြောပြတာကိုအလေးနက်ထားပြီးနားထောင်ပေးတာ လိုက်လုပ်ပေးတာ အသိမှတ်ပြုတာမျိုး လေး"နက်"ထားပြီးဆက်ဆံပေးတာကိုပိုသဘောကျတတ်ကြတယ်💜

နောက်ပြီး Virgo တွေတကယ်ချစ်ရင် control လဲလုပ်သလို support လဲပေးတယ် သူတို့ချစ်သူဘာလိုအပ်လဲ ဘယ်လိုလုပ်ပေးလိုက်ရင်ပိုပြီးမြင့်သွားမလဲ အဆင်ပြေမလဲကိုအမြဲတွေးတယ်
နောက်ပြီး ပြသနာသေးသေးလေးတွေကအစတန်းဖြေရှင်းချင်တယ် ဒီတိုင်းကျော်သွားပြီးRsမှာ အဖုထစ်မဖြစ်ချင်ဘူး ( တန်းမဖြေရှင်းပဲသူတို့ဘက်ကဒီတိုင်းထားလိုက်တာမျိုးဆိုရင်တော့ အဲ့ဒါပြေလည်လိုက်တာမဟုတ်ပဲ သူတို့စိတ်ထဲမှာမှတ်ထားလိုက်တော့တာပါ) သူတို့ချစ်သူရဲ့အကြိုက်တွေကိုလိုက်မှတ်ထားလေ့ရှိတယ် ပြီးရင်လက်တွေ့အခွင့်ရေးရရင်ရသလိုလုပ်ပေးတတ်ကြတယ်💜

Virgo တွေနဲ့တွဲရင်သတိထားစရာကတော့ သူတို့ကိုအရေးမပါသလိုဆက်ဆံတာမျိုး ရန်ဖြစ်စကားများတဲ့အခါသူတို့ဘက်ကဖြေရှင်းမယ်လုပ်ရင်တောင်ကိုယ်ဘက်ကမဖြေရှင်းချင်သလိုလုပ်မိတာမျိုး သူတို့နဲ့ပက်သတ်ပြီးအမှတ်တရလေးတွေကိုသေချာမှတ်ပေးမထားတာမျိုး control လုပ်တာကိုမကြိုက်သလိုပြုမူတာမျိုးတွေကိုသတိထားသင့်ပါတယ် ဘာလို့ဆိုအဲ့အချက်တွေကသူတို့မကြိုက်တဲ့အချက်တွေဖြစ်နေလို့ပါ

ဒါပေမဲ့ကိုယ်ကအဲ့အချက်တွေထဲကတခုခုကိုလုပ်မိရင် ပထမတခါတော့သူတို့မကြိုက်ကြောင်းကိူထုတ်ပြောမယ် ဒါပေမဲ့သတိမထားမှတ်မထားပဲထပ်လုပ်ရင်တော့ Virgoတွေကမကြိုက်တာ မကျေနပ်တာကိုထုတ်မပြောတော့ပဲ စိတ်ထဲမှာပဲမှတ်ထားလိုက်တတ်ကြတယ် (တွဲရင်းမုအွန်နေတာမျိုးပေါ့) နောက်ဆုံးသူတို့သည်းမခံနိုင်တော့တဲ့အကြိမ်အရေတွက်ဖြစ်သွားရင်တော့ rsကိုအဆုံးသတ်လိုက်ကြတော့တယ် 🍀 အဆုံးမသတ်ရင်တောင် ဇာတ်မျောပုံစံတိတ်ဆိတ်သွားတတ်ကြတယ်ဆက်ဆံရေးမှာ 💜 နောက်ပြီး Virgo တွေက ခံစားချက်တွေကိုတစ်ယောက်ထဲခံစားတာ သုံးသပ်တာ ကြိတ်ဖြေရှင်းတတ်တာမျိုးရှိတတ်ကြတယ် ဒါပေမဲ့ တဖက်လူကို သူတို့ယုံကြည်ရင်တော့ သူငယ်ချင်းလိုရောချစ်သူလိုရောသဘောထားပြီး သူတို့ခံစားချက်ဝမ်းနည်းစရာတွေကိုထုတ်ပြတတ်ကြတယ် (အများစုကိုတော့ထုတ်မပြတတ်ကြဘူး)

နောက်ပြီး Virgo တွေကတွေ့ရာလူကိုမချစ်တတ်ကြပါဘူး တဖက်လူရဲ့ စိတ်နေသဘောထား သူတို့ပေါ်ကိုရောနားလည်ပေးလား သူတို့လိုချင်တဲ့ type မျိုးလား တဖက်လူရဲ့အကျင့်စရိုက် စကားပေါ်ပုံ နောက်ပြီးစိတ်နေသဘောထားတွေကိုသေချာလေ့လာပြီးသုံးသပ်ပြီးမှရွေးချယ်တတ်ကြတယ် 🍀

🍀Zodiac ချင်းတူတယ်ဆိုပေမဲ့ အကုန်လုံးနဲ့ကိုက်ညီချင်မှလဲညီမယ်ရှင့် Sun တွေ Moon တွေနဲ့အပြင် bcမှာပါတဲ့တခြား Zodia တွေပေါ်လဲမူတည်ပြီးမတူရင်လဲမတူနိုင်သလို တူရင်လဲတူမယ်ရှင့်🍀

🍀အတိကျသိချင်ရင်တော့ personal tarot Reading လာမေးကြည့်လို့ရပါတယ်ရှင့်💜


ေဒင်
#အဆောင်အစီရင်
#ဇာတာစစ်မဟာဘုတ်

19/06/2026

ဝိတ်ကျချင်ရင်

♊Gemini
♈Aries

နဲ့တွဲ

စိတ်ဓာတ်ကျချင်ရင်

♍Virgo
♌Leo

နဲ့တွဲ

ဝိတ်ရောစိတ်ဓာတ်ရော ကျချင်ရင်

♒Aquarius
♏Scorpio
♑Capricorn
♉Taurus

တွေနဲ့တွဲ

(သူတို့မချစ်ရင်ပြောပါတယ်)


ေဒင်
#ဇာတာစစ်

tg@Loon27261

Capricorn ♑ရာသီခွင်များအနေဖြင့် June လထဲမှာအချစ်ရေးနဲ့ပက်သက်ပြီးတော့အတိတ်က နာကျင်စရာတွေ၊ သံသယတွေ ဒါမှမဟုတ် မပြတ်သားနိုင်...
18/06/2026

Capricorn ♑ရာသီခွင်များအနေဖြင့် June လထဲမှာအချစ်ရေးနဲ့ပက်သက်ပြီးတော့အတိတ်က နာကျင်စရာတွေ၊ သံသယတွေ ဒါမှမဟုတ် မပြတ်သားနိုင်ဘဲဖြစ်နေတဲ့ Toxic ဖြစ်တဲ့ ဆက်ဆံရေးဟောင်းတွေကို အပြတ်ဖြတ်ပြီး စာမျက်နှာအသစ် ဖွင့်ရမယ့် အချိန်ဖြစ်ပါတယ်။
Relationship သမားများဖို့ June လထဲမှာအချစ်ရေးနဲ့ပက်သက်ပြီးတော့စေ့စပ်ညှိ့နှိုင်းမှုကြီးကြီးမားမားအခြေအတင်အချို့ရှိနေပါလိမ့်မယ်။ဒီကာလမှာကိုယ်နဲ့ကိုယ်ပါတနာကြားမှာမရှင်းမရှင်းဖြစ်နေတဲ့အရာတွေကိုအပြတ်ရှင်းမည့်ကာလတစ်ခုလဲဖြစ်ပါတယ်ခဗျ။အရင်အချိန်ကကိုယ်အနေနဲ့မယုံကြည်မှုတွေသံသရတွေကိုယ်စီမှာရှိ့နေခဲ့ပေမဲ့ယခုအချိန်တွေမှာသံသရတွေအကုန်ရှင်းသွားပြီးတော့သာယာပျော်ရွှင်မဲ့ Relationship တစ်ခုဖန်တီးနိုင်မည့်ကာလအပိုင်းအခြားတစ်ခုလဲဖြစ်ပါတယ်။
Single များအတွက်အတိတ်က ကိစ္စတွေကို စိတ်ထဲကနေ လွှတ်ချနိုင်မှသာ လူသစ်၊ စိတ်သစ်၊ စွမ်းအင်သစ်တွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ကိုယ်အနေနဲ့အသစ်သစ်ဖြစ်စရာလေးတွေနဲ့ကြည်နူးမှုလေးတွေကိုခံစားနေရမည့်ကာလဖြစ်ပါတယ်။
Ex lover လေးများအတွက်ကတော့ Ex ကို move on ပြီးတော့အသစ်ကိုmove in တော့မည့်ကာလအပိုင်းအခြားတစ်ခုလဲဖြစ်ပါတယ်ရှင့်။

Capricorn ♑ လေးများအတွက်juneလထဲမှာ အလုပ်အကိုင်နဲ့ စီးပွားရေးမှာ ရလဒ်တွေကို ချက်ချင်းလက်ငင်း မမြင်ရသေးရင်တောင် ကိုယ် အခုလုပ်နေတဲ့ ကြိုးစားမှုတွေဟာ ရေရှည်အတွက် ခိုင်မာတဲ့ အုတ်မြစ်တွေ ဖြစ်လာပါလိမ့်မယ်။ စိတ်မလောဘဲ ဖြေးဖြေးချင်းဆက်ပြီးတော့ကိုယ်လုပ်စရာရှိ့တာလုပ်သင့်တာကို
အုတ်တစ်ချပ် သဲတစ်ပွင့် ချသလိုမျိုး စနစ်တကျ တည်ဆောက်သွားရမယ့် အချိန်ပါ။အကယ်၍သာကိုယ်အနေနဲ့ဖြေးဖြေးမှန်မှန်လေးလုပ်မယ်ဆိုရင်ကိုယ် လုံးဝမထင်မှတ်ထားတဲ့ နေရာမျိုး၊ သတိမထားမိတဲ့ လမ်းကြောင်းမျိုးကနေ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်လာတတ်ပါတယ်။
ငွေကြေးနဲ့ပက်သက်ပြီးတော့ကိုယ်အနေနဲ့အမွေရသလိုထီပေါက်သလိုမျိုးငွေအလုံးအရင်းနဲ့ရရှိမည့်နမိတ်လက္ခဏာလေးတွေစိုးမိုးနေပါတယ်ရှင့်။ကိုယ်အနေနဲ့ရစရာရှိ့တဲ့‌ငွေကြေးလေးတွေဆုံးပြီလို့ထင်ထားတဲ့အကြွေးလေးတွေအကုန်လုံးပြန်ရနိုင်မည့်ကာလလဲဖြစ်ပါတယ်ရှင့်🍀

ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ Capricorn ♑ရာသီဖွားများအနေနဲ့သွားနှင့်ခံတွင်းနဲ့ပက်သက်ပြီးဝေဒနာအချို့ကြုံတွေ့ရတတ်ပါတယ်ရှင့်။တအားကြီးဆိုးဆိုးဝါးဝါးကြီးရယ်တော့မဟုတ်ပါဘူးရှင့်🍀

🍀Zodiac ချင်းတူတယ်ဆိုပေမဲ့ အကုန်လုံးနဲ့ကိုက်ညီချင်မှလဲညီမယ်ရှင့် Sun တွေ Moon တွေနဲ့အပြင် bcမှာပါတဲ့တခြား Zodia တွေပေါ်လဲမူတည်ပြီးမတူရင်လဲမတူနိုင်သလို တူရင်လဲတူမယ်ရှင့်🍀

🍀အတိကျသိချင်ရင်တော့ personal tarot Reading လာမေးကြည့်လို့ရပါတယ်ရှင့်💜


ေဒင်
#အဆောင်အစီရင်

18/06/2026

တခုခုဆို အမိန့်ပေးသလိုပြောရင်လုပ်ရင် မနာခံတတ်ပေမဲ့ အားအခံဆုံး နဲ့ ရွဲ့လုပ်တတ်ဆုံး Zodiac များအစဥ်လိုက်

♌Leo = 10000%

♒Aquarius = 99%

♈Aries = 95%

♍Virgo = 90%

♋Cancer = 80%

♑Capricorn = 75%

♉Taurus = 65%

♏Scorpio = 60%

♎Libra = 50%

♊Gemini = 45%

♐Sagittarius = 40%

♓Pisces = 30%


ေဒင်
#အဆောင်အစီရင်
#ဇာတာစစ်အတိုက်စစ်

tg@TarotbyLoon 27261

17/06/2026

♒Aquarius
♍Virgo
♌Leo
♑Capricorn
♈Aries
♏Scorpio

ပြတ်ပြီဆို အဟောင်းထက်ပိုကောင်းတဲ့အသစ်ကိုပဲရှာမယ် ရှာချင် ဆိုတဲ့ team

♓Pisces
♋Cancer
♊Gemini
♐Sagittarius
♎Libra
♉Taurus

အသစ်ကိုလဲလိုချင်ပေမဲ့ သူပြန်လာရင်တော့အကောင်းဆုံးပေါ့ဆိုတဲ့ team🙂


ေဒင်
#ဇာတာစစ်အတိုက်စစ်
#အဆောင်အစီရင်

tg

♑Capricorn♌Leo♒Aquarius♉Taurus♍Virgo♏Scorpioတို့ရဲ့အချစ်လိုပဲ🙂   tg@TarotbyLoon 27261
16/06/2026

♑Capricorn
♌Leo
♒Aquarius
♉Taurus
♍Virgo
♏Scorpio

တို့ရဲ့အချစ်လိုပဲ🙂



tg@TarotbyLoon 27261

♒Aquarius တွေက အချစ်ရေးမှာကောင်းတာလားမကောင်းတာလားဆိုရင် မိဘမေတ္တာကိုနားလည်နိုင်တဲ့သူတွေဆိုသိလိမ့်မယ် ဘာလို့ဆို သူတို့ချစ...
16/06/2026

♒Aquarius တွေက အချစ်ရေးမှာကောင်းတာလားမကောင်းတာလားဆိုရင် မိဘမေတ္တာကိုနားလည်နိုင်တဲ့သူတွေဆိုသိလိမ့်မယ် ဘာလို့ဆို သူတို့ချစ်ပုံချစ်နည်းနဲ့စိတ်က ချစ်တာကိုထုတ်မပြတတ်တာမျိုး ကောင်းစေချင်လို့လုပ်တာပြောတာတွေကတဖတ်လူအမြင်မှာကြ အထက်စီးဆန်တာမျိုး သူတို့ခံစားချက်ကိုနားလည်မပေးနိုင်ဘူးလို့ထင်တတ်ကြတယ် 🍀

နောက်ပြီး ♒ တွေကတကယ့်ရေခဲတုံးလားခံစားချက်မရှိဘူးမပြင်းထန်ဘူးဆိုတာက ဒါတဖက်လူအမြင်သက်"ပဲနော် တကယ်တော့ချစ်ရတဲ့သူ သူတို့တန်းဖိုးထားတဲ့အရာတွေနဲ့ပက်သတ်တာဆိုရင် ထုတ်ပြီးမခံစားပြပေမဲ့ ရင်ထဲမှာတနုံ့နုံ့တွေးပြီးကိုခံစားတတ်တာ ဒါပေမဲ့အဲ့ဒါကိုဘယ်သူမှမသိနိုင်ဘူးအနီးကပ်ဆုံးလူဖြစ်နေရင်တောင်မသိနိုင်ဘူး ဘာလို့ဆို♒ တွေက ခံစားချက်အစစ်အမှန်တွေ ကိုဘယ်တော့မှထုတ်မပြတတ်ဘူး သူတို့အဆင်ပြေနေတယ် ပျော်နေတယ် ပတ်ဝန်းကျင်ကအရေးမပါသလို တခြားအရာတွေကြောင့်မခံစားရသလိုပဲနေပြတတ်တယ် ဘာလို့ဆို သူတို့ကိုလူအထင်သေးတာ သနားတာမျိုးကိုလုံးဝမလိုချင်တာရယ် နောက်ပြီးရင်မဖွင့်ချင်တာရယ်ကြောင့်ပဲ ဘာလို့ရင်မဖွင့်ချင်ရတာလဲဆိုရင် ♒ တွေကလူတိုင်းကိုလဲမယုံကြည်နိုင်သလို ခင်မင်တဲ့သူတွေကိုလဲသူတို့အပူတွေကိုဝေမျှမပေးချင်တာရယ် နောက်ပြီးသူတို့စိတ်အဆင်မပြေရင် စကားလုံးတွေနဲ့ဖော်ထုတ်ပြောရမဲ့အစား တိတ်"လေးနေပြီးပဲသူတို့ခံစားချက်တွေကိုလျော့သွားအောင် လုပ်တတ်ကြတယ် 🍀

♒ တွေကအရမ်းဖောက်ပြန်တတ်ကြလားဆိုရင် လုံးဝမဖောက်ပြန်တာမျိုးတော့မရှိပါဘူး ဒါပေမဲ့ဖောက်ပြန်မှု % တော့နည်းကြပါတယ် အစကတည်းကသူတို့မချစ်တဲ့သူ သူတို့ယုံကြည်မှုကိူအလွဲသုံးစားလုပ်တာ သူတို့မကြိုက်တာကိုခနခနလုပ်နေတာမျိုးဆိုရင်တော့ သူတို့ဘက်ကလဲတဖက်လူခံစားရအောင် ဆိုပြီးနောက်အသစ်ကိုမချစ်ရင်တောင် တမင်ထားပြတတ်ကြပါတယ် 🍀

ဒါပေမဲ့အများစုကတကယ့်ချစ်တဲ့သူနဲ့ဆိုမဖောက်ပြန်ကြတာများပါတယ် တဖက်ကအကြိမ်"နာကျင်စေရင်တောင် ဆက်ပြီးချစ်ပေးနိုင်တာမျိူးပါ ဒါပေမဲ့သူတို့နားလည်ပေးသလောက် တဖက်ကရောင့်တတ်နေရင်တော့ တဖြေးဖြေးလွှတ်ချဖို့လမ်းကိုရွေးပါတယ်အဲ့ကျရင်ဘယ်သံယောဇဥ်မှမကယ်နိုင်တော့သလို ဘယ်တော့မှလဲသူတို့အချစ်ကိုအပြည့်ဝပြန်မရနိုင်တော့ပါဘူး🍀 ရှိနေတုန်းမှာတန်ဖိုးထားရင် 2 ခါပြန်ရဖို့အခွင့်ရေးမရှိတဲ့အထဲ ♒ တွေရဲ့ချစ်ခြင်း မေတ္တာ တွေလဲပါပါတယ်

♒ တွေတကယ်ချစ်မချစ်ဘယ်လိုသိနိုင်လဲဆိုရင်?

နှစ်ယောက်ထဲရှိချိန်မှာအရမ်းဂရုစိုက်ပြသလို တခြားသူတွေရှေ့ဆိုရင်လဲ ဂရုစိုက်ပေးတာမျိုး အကုန်အသေးစိတ်မဟုတ်ပေမဲ့ ကိုယ့်ကိုပစ်မထားတာမျိုး နောက်ပြီးသူတို့အကြောင်းတွေကိုအကုန်ပေးသိတာမျိူး နောက်ပြီးကိုယ်နေမကောင်းချိန်ဆို ဂရုစိုက်နော်သက်သာလာလိမ့်မယ်ဘာမဖြစ်ဘူးနော်လို့မပြောပဲ ဆေးဝယ်လာပေးလိမ့်မယ် အနေဝေးရင်ကိုယ်ဆေးသောက်မသောက်ကိုအချိန်ကြည့်ပြီး ပြန်"သတိပေးတတ်တယ် နောက်ပြီးသူတို့အချိန်တွေကို ကိုယ့်ကိုပေးလာတတ်တယ် အရမ်းမအားရင်တောင်ဘာလို့မအားတာ လုပ်စရာရှိတယ်သိပ်အားမှာမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုစိတ်မပူစေပဲကြိုတင်ပြောပြထားတာမျိူး နောက်ပြီးအနာဂတ်မှာကိုယ့်ကိုထည့်သွင်းပြောဆိုတာမျိုး နောက်ကျတူတူဘာလုပ်မယ်ဘယ်လိုကျော်ဖြတ်မယ်ဆိုပြီး ပြောပြတတ်တာမျိုး နောက်ပြီးကိုယ့်အကြိုက်လေးတွေကိုမှတ်ထားတတ်တာမျိုး support ပေးတာမျိုး နောက်ပြီးနှစ်ယောက်ထဲဆိုအရမ်းကြူးသလို သူများတွေရှေ့ကသူတို့ပုံစံနဲ့မတူပဲ သူတို့ချစ်တဲ့သူနဲ့ဆိုလွတ်"လပ်"နေတာကလေးဆန်တာမျိုး နောက်ပြီးတခုခုဆိုသူတို့ကိုယ်သူတို့ထက် ကိုယ်တွက်ပိုတွေးပေးတယ် ကာကွယ်ပေးတယ် ကိုယ်မှားနေရင်တောင် ဆက်ကာကွယ်ပေးနေတုန်း ဆိုရင်သူတို့ရင်ထဲတကယ်ကိုနေရာယူထားနေလို့ပါပဲ 💜

တော်တော်များများ မေးနေကြတဲ့♒ကချစ်ရောချစ်တတ်လားဆိုရင်ချစ်တတ်တာပေါ့ ဒါပေမဲ့တွေ့ရာလူမချစ်တတ်တာရယ် စကားလုံးတွေနဲ့လေကုန်ခံပြီးချစ်မပြတတ်တာရယ်ပဲရှိတယ်
သူတို့ချစ်မိရင် ကိုယ့်ကိုယ်ကိုထက်တဖက်လူကိုတောင်ပိုချစ်တတ်ကြသေးတယ် အဲ့လောက်ချစ်တတ်တာတောင်ဘာလို့မချစ်တတ်သလိုပဲထင်ကြရတာလဲဆိုရင် ♒ တွေက "ချစ်တယ်နော် " ဆိုတာထက် "ငါရှိတယ်နော်" ဆိုတဲ့သူမျိုးတွေ လုပ်ရက်တွေနဲ့ပဲသက်သေပြချင်တယ် သူတို့အချစ်ကိုလဲလုပ်ရက်တွေနဲ့ပဲဖော်ပြသလို တဖက်လူရဲ့ချစ်မချစ်ကိုလဲ လုပ်ရက်တွေနဲ့ပဲသုံးသပ်တယ်💜 နောက်ပြီးသူတို့တကယ်ချစ်ရင် စည်းတွေဘောင်တွေနဲ့သူတို့ကိုချုပ်တာမကြိုက်ပေမဲ့ 50%လောက်ကတော့လိုက်လျောပေးတယ်

နောက်ပြီး♒ တွေချစ်တာခံချင်ရင် လုပ်ယူလို့တော့မရပေမဲ့ သူတို့ချစ်ပြီးသားကိုဆက်ပြီးချစ်နေအောင်လို့တော့လုပ်လို့ရတယ် ဘယ်လိုလဲဆိုရင် သူတို့ကိုချစ်သူထက် သူငယ်ချင်းလိုလွတ်မှုပေးတာ အရမ်းမချုပ်ချယ်တာ သူတို့ဘက်ကမအားနေတာမျိုး စိတ်အခြေနေမကောင်းလို့ခနလောက်လွှတ်ထားပေးပါလားလို့ပြောရင် နားလည်မှုရှိ"" လွှတ်ထားပေးတာမျိုး တခုခုတိုင်ပင်ရင်အလေးနက်ထားပြီးကူစဥ်းစားပေးတာ သူတို့ခံစားချက်ကိုအလေးထားပေးတာ တခုခုကိုဇွတ်မတောင်းဆိုပဲနေတာမျိုးဆို အဆင်ပြေနိုင်ပါတယ် 🍀

နောက်ပြီး♒ တွေကဘယ်လောက်ချစ်" သူတို့ကို ကိုယ်ပိုင်ချိန်ပေးဖို့လိုအပ်ပါတယ်တခါတလေဆိုဘာလို့မှန်းမသိပဲ သူတို့ခံစားချက်တွေကတစ်ယောက်ထဲနေချင်တာဘယ်သူကိုမှစကားမပြောချင်နေတတ်တဲ့ အချိန်မျိုးရှိပါတယ် အဲ့ချိန်မှာသူတို့ကိုအကြောင်းပြချက်တွေပေးခိုင်းတာ ရှင်းပြခိုင်းတာမျိုးတွေသွားလုပ်ရင် ဆက်ဆံရေးမှာအဖုအထစ်တွေပဲရှိလာလိမ့်မယ် ဘာလို့ခုလိုဖြစ်နေရလဲဆိုတဲ့အကြောင်းပြချက်ကိုမသိရနိုင်ဘူး ဘာလို့အဲ့လိုစိတ်အခြေနေဖြစ်နေလဲကိုလဲ သူတို့ကတမင်ပြောမပြတာမဟုတ်ပဲ သူတို့ကိုယ်တိုင်လဲဘာဖြစ်ချင်နေမှန်းမသိနေလို့ပဲ 🥲 အဲ့ကြောင့် တခါတလေ ghost လုပ်တာက ♒သဘာဝပဲမလို့ကိုယ်ကလိုက်တွေးမနေပါနဲ့ 🥹

♒ကကောင်းလားဆို ရက်စက်ပါတယ်သွေးအေးပါတယ် သူတို့မချစ်တဲ့သူတွေဆိုရင်ဘယ်လိုလုပ်"မချစ်ပါဘူး ex ကိုပြန်လိုချင်တဲ့ထဲ ဆို ♒တေွကမရှိသလောက်ပါပဲ (နည်း"တော့ရှိပေမဲ့လေ) ဘာလို့ဆို ♒တေွကပြတ်ပြီးပြန်တွဲတာရှားပါတယ် မမေ့နိုင်ရင်တောင်ရှေ့ပဲဆက်လျှောက်ကြပါတယ် နောက်ပြန်လှည့်တာကမရှိသလောက်ရှားပါတယ် နောက်ပြီးတဖက်ကနေနိုင်ကြောင်းပြရင်ပိုဆိုးပါတယ် 🍀
exကိုပြန်မတွဲဘူးဆိုပေမဲ့ သူတို့တကယ်ချစ်ခဲ့သူ ဆိုရင် သူတို့ရင်ထဲမှာသိမ်းထားတတ်ပါတယ်ဘယ်သူမှမသိနိုင်ပေမဲ့ သူတို့မြတ်"နိုး"ချစ်ခဲ့သူဆိုရင်အချိန်တခုထိရင်ဘတ်ထဲမှာသိမ်းထားတတ်ပါတယ် ပြန်လိုချင်တာပြန်သွားချင်တာမျိုးမဟုတ်ပဲ ဒီတိုင်းမမေ့လိုက်ချင်တာမျိုးပါပဲ🍀

သူတို့ချစ်တဲ့သူပေါ်ဆိုရင်တော့အရမ်းကိုကောင်းတယ်လို့ပြောလို့ရပါတယ် မချစ်ရင်တော့ဘယ်လိုမှကိုတဖက်လူဘက်ကိုတွေးမပေးနိုင်ကြပါဘူး 🍀

🍀Zodiac ချင်းတူတယ်ဆိုပေမဲ့ အကုန်လုံးနဲ့ကိုက်ညီချင်မှလဲညီမယ်ရှင့် Sun တွေ Moon တွေနဲ့အပြင် bcမှာပါတဲ့တခြား Zodia တွေပေါ်လဲမူတည်ပြီးမတူရင်လဲမတူနိုင်သလို တူရင်လဲတူမယ်ရှင့်🍀

🍀♒Aquarius တွေအကြောင်း အတိကျသိချင်ရင်တော့ personal tarot Reading လာမေးကြည့်လို့ရပါတယ်ရှင့်💜


ေဒင်
#အဆောင်အစီရင်
#မဟာဘုတ်ဇာတာစစ်


tg@TarotbyLoon27261

June လထဲမှာ အချစ်ရေးနဲ့ပက်သက်ပြီးတော့ Sagittarius ♐ရာသီဖွားများအနေနဲ့အချစ်ရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်း  တွေ ကြုံရတတ်...
15/06/2026

June လထဲမှာ အချစ်ရေးနဲ့ပက်သက်ပြီးတော့ Sagittarius ♐ရာသီဖွားများအနေနဲ့အချစ်ရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်း တွေ ကြုံရတတ်ပါတယ်။ အထူးသဖြင့် Relationship သမားများအနေနဲ့အဆင်မပြေမှုတွေတစ်ယောက်ကိုယ်‌တစ်ယောက်သံသရစိတ်တွေအဆုံးသက်သွားပြီးတော့ပွင့်ပွင့်လင်းလင်းဖြစ်လာမည့်ကလအပိုင်းအခြားတစ်ခုလဲဖြစ်ပါတယ်။တစ်ဦးနဲ့တစ်ဦး ကြားက နားလည်မှုလွဲတာတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး အဆင်ပြေအောင် ညှိနှိုင်းနိုင်မယ့် အချိန်ဖြစ်ပါတယ်။ညှိနှိုင်မှုတွေရဲ့အဆုံးမှာ ရှေ့ဆက်သွားမယ်မသွားဘူးဆိုတဲ့ဆုံးဖြတ်ချက်တွေပါပါနေတာမလို့ကိုယ်အနေနဲ့ပေါ့ပျက်ပျက်မလုပ်သင့်ပါဘူးနော်။
Singles လေးတွေအတွက်တော့လူသစ်တွေနဲ့ ဆုံတွေ့ဖို့ လမ်းပွင့်နေပြီး သင့်ကို စိတ်လှုပ်ရှားစေမယ့် အတွေ့အကြုံသစ်တွေ ရလာနိုင်ပါတယ်။လက်ရှိ့ကိုယ်အတွက်ဝမ်းနည်းမှုတွေပျော်ရွှင်မှုတွေအတူမျှဝေခံစားပေးမည့်သူနဲ့အ​ေခြတကျဖြစ်စေမည့်ကာလအပိုင်းအခြားတစ်ခုလဲဖြစ်ပါတယ်🍀

Ex lover များအတွက်ကတော့ကိုယ့်ex ကကိုယ် စီကိုပြန်လည်လာစေမည့်ကာလအပိုင်းအခြားတစ်ခုဖြစ်ပါတယ်🍀

Sagittarius ♐ ရာသီဖွားများအနေနဲ့
အလုပ်အကိုင်ပိုင်းမှာ ရုတ်တရက် အခွင့်အလမ်းကောင်းတွေ၊ ကိုယ်တိုင်တောင် "ဒါကြီးက တကယ်ပဲလား" လို့ မယုံနိုင်လောက်စရာ ကမ်းလှမ်းမှုတွေ ရလာတတ်ပါတယ်။ သင့်ရဲ့ လုပ်နိုင်စွမ်းကို လူတွေ ပိုမြင်လာပြီး ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်းအစစ်အမှန်ကို ထုတ်ပြခွင့်ရမယ့်လပါ။
ငွေကြေးပိုင်းဆိုင်ရာကိစ္စတွေမှာဆိုရင်တော့ ဝင်ငွေလမ်းကြောင်းသစ်တွေ ပေါ်လာနိုင်ပေမယ့် ရုတ်တရက်ဝင်လာတဲ့ အခွင့်အလမ်းတွေကို သေချာစီစစ်ပြီးမှ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ June လထဲမှာ Sagittarius ♐ရာသီဖွားများအဖို့အစားအသောက်နဲ့ပက်သက်ပြီးတော့ရောဂါဖြစ်တတ်ပါတယ်။အစားမှားစားမိလို့ဝမ်းလျှော်တာတို့/သွေးတိုးတာလေးတွေတို့ဖြစ်တတ်ပါတယ်🍀

🍀Zodiac ချင်းတူတယ်ဆိုပေမဲ့ အကုန်လုံးနဲ့ကိုက်ညီချင်မှလဲညီမယ်ရှင့် Sun တွေ Moon တွေနဲ့အပြင် bcမှာပါတဲ့တခြား Zodia တွေပေါ်လဲမူတည်ပြီးမတူရင်လဲမတူနိုင်သလို တူရင်လဲတူမယ်ရှင့်🍀

🍀အတိကျသိချင်ရင်တော့ personal tarot Reading လာမေးကြည့်လို့ရပါတယ်ရှင့်💜


ေဒင်
#အဆောင်အစီရင်

15/06/2026

အားလုံးတွက် ရွှေရင်အေး အဖြစ်ချင်ဆုံး Zodiac များ

♌Leo (top 1 )

♐Sagittarius ( 2 )

♒Aquaius ( 3 )

♍Virgo

♑Capricorn

♏Scorpio

♋Cancer

♈Aries

♉Taurus

♓Pisces

♊Gemini

♎Libar

ဒါပေမဲ့ ဖြစ်သွားတာက အာပူလျှာပူနဲ့ hop pot လေးတွေ🥹


ေဒင်
#အဆောင်အစီရင်
#ဇာတာစစ်အတိုက်စစ်
#မဟာဘုတ်

tg@TarotbyLoon

June လထဲမှာအချစ်ရေးနှင့်ပက်သက်ပြီးတော့ Scorpio ♏ရာသီဖွားများအနေနဲ့အချင်းချင်းကြား နားလည်မှုလွဲတာလေးတွေ ရှိရင် မာနတွေကို ...
14/06/2026

June လထဲမှာအချစ်ရေးနှင့်ပက်သက်ပြီးတော့ Scorpio ♏ရာသီဖွားများအနေနဲ့အချင်းချင်းကြား နားလည်မှုလွဲတာလေးတွေ ရှိရင် မာနတွေကို ဘေးဖယ်ပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။အထူးသဖြင့် Relationship သမားများအနေနဲ့ကိုယ်မှာအဆင်မပြေနေတဲ့အချက်လေးအချို့ရှိ့ရင်ပွင့်ပွင့်လင်းလင်းပြောပြပြီးတော့ညှိ့နှိုင်းတိုင်ပင်သင့်ပါတယ်နော်။အကယ်၍ကိုယ်ဖက်ကမြုံစိ့စိ့နေနေခဲ့မယ်ဆိုရင်တော့အခုလက်ရှိ့ဆက်ဆံရေးမှာအထစ်အငေါ့လေးအချို့ဖြစ်လာနိုင်ပါတယ်။
Single လေးများအနေနဲ့ကတော့အတိတ်က လူဟောင်းကို စိတ်ထဲက ရှင်းထုတ်ပြီးတာနဲ့ သင့်ဆီကို စိတ်သဘောထားချင်း တိုက်ဆိုင်ပြီး ရေရှည်လက်တွဲနိုင်မယ့် သူ(ဒါမှမဟုတ်) ဆွဲဆောင်မှုရှိပြီးတော့ကိုယ်အတွက်စိတ်လုံခြုံမှုအပြည့်အဝပေးနိုင်မည့်သူနှင့် ဆက်ဆံရေးအသစ်တစ်ခု ဝင်ရောက်လာဖို့ လမ်းပွင့်သွားပါလိမ့်မယ်။
အသည်းကွဲ/အဆင်မပြေဖြစ်နေသူများအ‌ေနနဲ့ အတိတ်က အချစ်ဟောင်း၊ သံယောဇဉ်ဟောင်းတွေကို ပြတ်ပြတ်သားသား ဖြတ်တောက်နိုင်မယ့် အချိန်ဖြစ်ပါတယ်။ တစ်စုံတစ်ခုက "It served its purpose" (သူ့ရဲ့ တာဝန်ပြီးဆုံးသွားပြီ) မို့လို့ လက်လွှတ်လိုက်ရတာမျိုး ကြုံရနိုင်ပါတယ်။

အလုပ်အကိုင် နှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်လေးတွေမှာမိတ်ဆွေအနေနဲ့ကိုယ်ပိုင်အရည်အချင်းကို အသုံးချပြီး အလုပ်ထဲမှာ ပိုမိုအာရုံစိုက် ကြိုးစားရမယ့် လဖြစ်ပါတယ်။ ကိုယ့်ရဲ့ Skills တွေကို မြှင့်တင်ဖို့ အခွင့်အရေးရလာပါလိမ့်မယ်။ အထူးသဖြင့် Digital Content Creation လမ်းကြောင်း၊ အွန်လိုင်းအလုပ် သို့မဟုတ် ကိုယ်ပိုင် Brand အသစ်တစ်ခု ထောင်ဖို့ စိတ်ကူးရှိရင် အခုဘဲစတင်လိုက်ဖို့အကြံပြုလိုပါတယ်။ယခုကာလတွေမှာအလုပ်နဲ့ပက်သက်လို့ Universes ကြီးကသင့်ကို စွမ်းအင်အသစ်တွေ၊ စိတ်ကူးသစ်တွေ ပေးစွမ်းမှာဖြစ်ပြီး အစပြုဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
သင်ဟာ နေရာဒေသ ပြောင်းရွှေ့ဖို့၊ အထူးသဖြင့် နိုင်ငံရပ်ခြားသို့ သွားရောက်ဖို့ သို့မဟုတ် လက်ရှိပတ်ဝန်းကျင်ကနေ ပိုကောင်းတဲ့ ပတ်ဝန်းကျင်အသစ်တစ်ခုဆီ ကူးပြောင်းဖို့ ကြိုးစားနေတယ်ဆိုရင်တော့ သင့်ကို အေးချမ်းတဲ့ ရေပြင်အသစ်ဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အခက်အခဲတွေကို နောက်ကွယ်မှာ ထားခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ ခရီးစဉ်တစ်ခုဆီ စတင်ရွှေ့လျားရပါလိမ့်မယ်

ငွေကြေးရေးရာကိစ္စတွေနဲ့ပက်သက်ပြီးတော့ရှေ့ပိုင်းမှာ ငွေကြေးအနည်းငယ် ကျပ်တည်းမှု သို့မဟုတ် စိုးရိမ်ပူပန်မှု ရှိခဲ့ရင်တောင် ဒီလထဲမှာ အခွင့်အရေးအသစ် တွေကြောင့် ငွေဝင်လမ်းတွေ ပြန်ပွင့်လာဖို့ ရှိပါတယ်။ မိမိရဲ့ ကြိုးစားအားထုတ်မှုအပေါ် မူတည်ပြီး ထိုက်ထိုက်တန်တန် ရလဒ်ထွက်ပါလိမ့်မယ်။

June လထဲမှာတော့ Scorpio ♏ ရာသီဖွားများအတွက်🧑🏻‍⚕️ကျန်းမာရေးကိစ္စလေးတွေမှာဆိုရင်တော့ ထွေထွေထူးထူးဆိုးဆိုးဝါးဝါးရယ်တော့မရှိ့ပေမဲ့အာရုံကြောနဲ့သက်ဆိုင်တဲ့ဝေဒနာမျိုးဖြစ်တတ်ပါတယ်။အကြံပြုချင်တာလေးကတော့ Screen time တွေကိုတတ်နိုင်သမျှရှော့စေချင်ပါတယ်ရှင့်။မဟုတ်ရင်မျက်ရိုးကိုက်တာ ၊ဇာတ်ကြောတတ်တာမျိုးအဖြစ်များတတ်လို့ပါ🧑‍⚕️။.

🍀Zodiac ချင်းတူတယ်ဆိုပေမဲ့ အကုန်လုံးနဲ့ကိုက်ညီချင်မှလဲညီမယ်ရှင့် Sun တွေ Moon တွေနဲ့အပြင် bcမှာပါတဲ့တခြား Zodia တွေပေါ်လဲမူတည်ပြီးမတူရင်လဲမတူနိုင်သလို တူရင်လဲတူမယ်ရှင့်🍀

🍀အတိကျသိချင်ရင်တော့ personal tarot Reading လာမေးကြည့်လို့ရပါတယ်ရှင့်💜


ေဒင်
#အဆောင်အစီရင်
#ဇာတာစစ်

Address

Minbu

Telephone

+959682530119

Website

Alerts

Be the first to know and let us send you an email when TAROT Reading By Loon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to TAROT Reading By Loon:

Share