အညာတောအိမ်-Anyar Taw Eain

အညာတောအိမ်-Anyar Taw Eain Place for Anyar IDP for access to health care and emergency support.

အာဇာနည် ​နေ့မှာ ​မွေးဖွားသူက အာဇာနည်​တွေကို ဦးညွှတ်ရင်း စစ်​ရှောင်ပြည်သူ​တွေအတွက် ထမင်းတနပ်...​တော်လှန်​သော​မွေး​နေ့ပါ ...
19/07/2026

အာဇာနည် ​နေ့မှာ ​မွေးဖွားသူက အာဇာနည်​တွေကို ဦးညွှတ်ရင်း စစ်​ရှောင်ပြည်သူ​တွေအတွက် ထမင်းတနပ်...
​တော်လှန်​သော​မွေး​နေ့ပါ မသီနာ...
အလုပ်​တွေ အများကြီး၊တာဝန်​တွေအများကြီးထမ်း​ဆောင်နိုင်ပါ​စေလို့ အညာ​တောအိမ်က ဆု​တောင်း​ပေးလိုက်ပါတယ်။

ဒီ​နေ​ရာ​တွေက အကြမ်းဖက် စစ်တပ်​တွေ တပ်စွဲထားတဲ့ ​နေရာ​တွေကြားက​နေ ရ​အောင် ပို့​ပေးခဲ့တာပါပဲ။ အဖွဲ့က လူ​တွေက သိပ်​ခေါင်းမ...
08/07/2026

ဒီ​နေ​ရာ​တွေက အကြမ်းဖက် စစ်တပ်​တွေ တပ်စွဲထားတဲ့ ​နေရာ​တွေကြားက​နေ ရ​အောင် ပို့​ပေးခဲ့တာပါပဲ။
အဖွဲ့က လူ​တွေက သိပ်​ခေါင်းမာတာ... တစ်​နေရာမှာ စု​ပေးပြီး သယ်ဖို့ လုပ်ခိုင်း​ပေမယ့် အ​ခြေအ​နေသိချင်တယ်ဆိုပြီး တားတဲ့ကြားက ရ​အောင် သွားကြတဲ့ သူ​တွေ။
​လေယာဥ်ကို ကွင်းပြင်ထဲ ပုန်းလိုက်၊ စစ်​ကြောင်းကို ​ထောက်လိုက်နဲ့ ​ရောက်​တော့ ​ရောက်ခဲ့ကြတယ်။
လူထုကိုယ်စား ပို့​ပေးချိန်မှာ အ​ကောင်းဆုံးနဲ့ အထိ​ရောက်ဆုံး လုပ်​ပေးကြတာပါပဲ။

မြိုင်က စစ်​ရှောင်​တွေအတွက် အတူရှိခဲ့မှု.....Clean Yangon က ပို့​ပေးတဲ့ ဆန်အိတ် ၁၀၀ ထဲက ကျန်ရှိတဲ့ ဆန်အိတ်​တွေကို ညီအစ်မ...
07/07/2026

မြိုင်က စစ်​ရှောင်​တွေအတွက် အတူရှိခဲ့မှု.....
Clean Yangon က ပို့​ပေးတဲ့ ဆန်အိတ် ၁၀၀ ထဲက ကျန်ရှိတဲ့ ဆန်အိတ်​တွေကို ညီအစ်မ အဖွဲ့အစည်းဖြစ်တဲ့ Pakokku Youth Development Council နဲ့ အညာတောအိမ်-Anyar Taw Eain တို့ အတူ ​ပေး​ဝေခဲ့တာပါ။
ကြားကာလ မ​ကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ နယ်​မြေခံ လူစာနာမြို့နယ်တာဝန်ခံ နှင့် အတူ မြေပြင်မှာ ပူး​ပေါင်း​​ဆောင်ရွက်ခဲ့ပါတယ်။
​​ပျော်ရွှင်မှုကို မျှ​ဝေသလို၊ ​ပြေးရချိန်မှာလည်း အတူကူထမ်းပါ့မယ်။

ကျေးဇူးရှင် ဆရာတော်ဘုရားအားအမှူးထား၍ ကမ္မမြို့ လက်ပြရပ်‌နေ ကွယ်လွန်သူ အဘွားဒေါ်သိန်းရှင်အား ရည်စူးအလှူကို အလှူရှင်ကိုယ်စ...
04/07/2026

ကျေးဇူးရှင် ဆရာတော်ဘုရားအားအမှူးထား၍ ကမ္မမြို့ လက်ပြရပ်‌နေ ကွယ်လွန်သူ အဘွားဒေါ်သိန်းရှင်အား ရည်စူးအလှူကို အလှူရှင်ကိုယ်စား ​ကောင်းမှူပြု​ပေးခဲ့တာပါ။
​ကောင်းမှူအစုစုကို ​ရောက်​လေရာ ဘုံဘဝ က​နေ သာဓု​ခေါ်နိုင်ပါ​စေ​။

"မိုး​လေးဖွဲတုန်း သတိရတယ်...ဆိုတဲ့ သီချင်းကို ဒီအချိန်က သိပ်ရွတ်လို့​ကောင်းတယ်။ အညာမှာ​လေ မိုးကမရွာ​သေး​တော့ စစ်​ရှောင်ရ...
04/07/2026

"မိုး​လေးဖွဲတုန်း သတိရတယ်...ဆိုတဲ့ သီချင်းကို ဒီအချိန်က သိပ်ရွတ်လို့​ကောင်းတယ်။
အညာမှာ​လေ မိုးကမရွာ​သေး​တော့ စစ်​ရှောင်ရင်း ​ရေရှားတဲ့ စိန်​ခေါ်မှုပါ​တွေ့​နေရတာ​ပေါ့။
အညာမိုးတွင်းမှာ ​ရေလှူတာအပိုအလုပ်မဟုတ်ဘူးဆိုတာ တင်ပြ​ရင်း ​ရေအလှူကို မျှ​ဝေ​ပေးလိုက်ပါတယ်။

အတူတူပူး​ပေါင်း လုပ်​ဆောင်ကြမှု​​တွေ....
04/07/2026

အတူတူပူး​ပေါင်း လုပ်​ဆောင်ကြမှု​​တွေ....

ဒါ​လေးက ​ပေ့က​နေ တဆင့်ရလာတာ​တွေကို အဖွဲ့က ကိုယ်စား သွား​ရောက်ပို့​ဆောင်​ပေးခဲ့တာပါ။ စု​ပေါင်း၊စပ်​ပေါင်း ပါဝင်မှု​တွေကို...
30/06/2026

ဒါ​လေးက ​ပေ့က​နေ တဆင့်ရလာတာ​တွေကို အဖွဲ့က ကိုယ်စား သွား​ရောက်ပို့​ဆောင်​ပေးခဲ့တာပါ။
စု​ပေါင်း၊စပ်​ပေါင်း ပါဝင်မှု​တွေကိုလည်း စု​ပေါင်း​ပေး​ဝေ ဖြစ်ပါတယ်​​နော်။
ဘယ်ကလဲဆို​တော့ မြစ်​ခြေတစ်ဝိုက်က စစ်​ရှောင်​တွေ​ပေါ့။

MI17/ဟက်စကီးကို တီးလိုက်တာကို ဒို့များ ​ပျော်ရွှင်ရ​ပေမယ့်..အနားကရွာ​တွေက အ​ရေး​ပေါ် ​ပြောင်း​ရွှေ့ ​တဲထိုး စစ်​ရှောင်ကြ...
30/06/2026

MI17/ဟက်စကီးကို တီးလိုက်တာကို ဒို့များ ​ပျော်ရွှင်ရ​ပေမယ့်..အနားကရွာ​တွေက အ​ရေး​ပေါ် ​ပြောင်း​ရွှေ့ ​တဲထိုး စစ်​ရှောင်ကြရတယ်။
အိမ်​ခြေအားဖြင့် ၁၀၀၀နီးပါး ​တောင်ရှိတာ​ပေါ့။ အညာ​တောအိမ်က မြိိုင်၊ပခုက္ကူ အစပ်က ရွာ​တွေက စစ်​ရှောင်ပြည်သူ​တွေ စ​ထောက်ပံ့​နေပါပြီ။
​ပျော်ရွှင်တာ​ကို မျှ​ဝေရသလို၊ ခက်ခဲ​နေချိန်မှာလည်း မျှ​ဝေကြရ​အောင်။
ကူလိုတာ​တွေကိုလည်း ​ပေ့မှာ လာဆက်သွယ်​ပေးပါအုံး​နော်။

"စစ်အုပ်စုသာ ပြည်သူ့ရန်သူ၊ ဘုံရန်သူကို တိုက်ခိုက်ကြ"
28/06/2026

"စစ်အုပ်စုသာ ပြည်သူ့ရန်သူ၊ ဘုံရန်သူကို တိုက်ခိုက်ကြ"

သူငယ်ချင်း​တွေ စုပြီး ခရီး​တွေထွက်တာ၊ nightout ထွက်တာ၊ အလှူ​တွေ လုပ်တာ၊ ဖဲရိုက်တာ​တွေ လုပ်ဖူးကြလား....ဆိုးအတူ၊​ကောင်းအတူ...
28/06/2026

သူငယ်ချင်း​တွေ စုပြီး ခရီး​တွေထွက်တာ၊ nightout ထွက်တာ၊ အလှူ​တွေ လုပ်တာ၊ ဖဲရိုက်တာ​တွေ လုပ်ဖူးကြလား....
ဆိုးအတူ၊​ကောင်းအတူ ရှိခဲ့ကြတဲ့ သူငယ်ချင်း​တွေ ရှိတာ Blessing တစ်ခုပဲ​လေ​နော်။
လူ ၈၀၀ ​ကျော်စခန်းကို သူငယ်ချင်း ၃ ​ယောက်​ပေါင်းပြီး ဝက်သားနဲ့ ခရီးချက်နှပ် (အညာဟင်း) ၁၀သိန်းဖိုး လှူ​ပေးကြတယ်။
စားလို့ မြိန်သလို၊ လှူ​ပေးသူ​တွေလည်း ဝမ်း​မြောက်နိုင်ပါ​စေ။

Address

Sulipan Street
Myaing

Telephone

+959401512506

Website

Alerts

Be the first to know and let us send you an email when အညာတောအိမ်-Anyar Taw Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အညာတောအိမ်-Anyar Taw Eain:

Shortcuts

Share