01/08/2026
မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကျန်းမာသောမိသားစုဘဝကို တည်ဆောက်ကြပါစို့။
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် (World Breastfeeding Week) ကို နှစ်စဉ် ဩဂုတ်လ (၁) ရက်မှ (၇) ရက်အထိ ကျင်းပကြပြီး မိခင်နှင့်ကလေး ကျန်းမာရေးအတွက် မိခင်နို့တိုက်ကျွေးခြင်းရဲ့ အရေးပါမှုကို အသိပညာပေးမြှင့်တင်ရန် ရည်ရွယ်ပါတယ်။ မိခင်နို့ဟာ ကလေးငယ်အတွက် အကောင်းဆုံး အာဟာရဖြစ်ပြီး၊ မိခင်ရဲ့ ကျန်းမာရေးကိုလည်း ကာကွယ်ပေးနိုင်သော သဘာဝ လက်ဆောင်တစ်ခုဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက ကျန်းမာသော ကလေးများ၊ ကျန်းမာသော မိခင်များနှင့် ပိုမိုခိုင်မာသော လူမှုအသိုက်အဝန်းတစ်ရပ်ကို တည်ဆောက်တဲ့နေရာမှာ အရေးကြီးတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးများအနေနဲ့ ကလေးငယ်လေးအတွက်_
(၁) ကလေး၏ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း။
(၂) ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါများနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ခြင်း။
(၃) ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သင်ယူနိုင်စွမ်းကို အထောက်အကူပြုစေနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် မိခင်-ကလေး ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ပေးခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် မိခင်များအတွက်_
(၁) မီးဖွားပြီးနောက် သွေးသွန်ခြင်းဖြစ်စဥ်ကိုလျှော့ချပေးခြင်း။
(၂) ကိုယ်အလေးချိန် ပြန်လည်ထိန်းညှိရာတွင် ကူညီပေးခြင်း။
(၃) အမျိုးသမီးများရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်မှုကို လျှော့ချပေးခြင်း။
(၄) မိခင်၏ စိတ်ကျန်းမာရေးကို တိုးတက်စေနိုင်ခြင်း၊ မိသားစုအတွက် ငွေကြေးကုန်ကျမှု လျှော့နည်းနိုင်ခြင်း။
(၅) မိခင်၏သားဆက်ခြားခြင်း ဖြစ်စဥ်ကို ကူညီပေးခြင်း စသော အကျိုးများစွာကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် အမေများကို မိခင်နို့တိုက်ကျွေးမှုဆိုင်ရာ အကြံပြုချက်များအနေနဲ့ မွေးဖွားပြီး ပထမ (၁) နာရီအတွင်း မိခင်နို့ကိုစတင်တိုက်ကျွေးပါ၊ ပထမ (၆) လအတွင်း မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါ၊ ကလေးငယ်အသက် ၆ လနောက်ပိုင်းတွင် အာဟာရဖြည့်စွက်စာများ စတင်ကျွေးမွေးပြီး မိခင်နို့ကို (၂) နှစ်နှင့်အထက်အထိ ဆက်လက်တိုက်ကျွေးပေးပါ။
နို့တိုက်မိခင် ကိုယ်တိုင်အနေနဲ့လည်း အာဟာရပြည့်ဝသော အစားအစာများကိုစားသုံးခြင်း၊ နေ့စဉ် ရေဓာတ်လုံလောက်စွာ ဖြည့်စွက်ခြင်း၊ အိပ်ရေးဝဝ အနားယူခြင်း၊ စိတ်ဖိစီးမှုကိုလျှော့ချခြင်း၊ ဆေးလိပ်၊ အရက်နှင့် ကျန်းမာရေး ထိခိုက်စေနိုင်သော အလေ့အထများကို ရှောင်ကြဉ်ခြင်း၊ လိုအပ်သော ကျန်းမာရေးစစ်ဆေးချက်များကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်း အစရှိတဲ့ ကျန်းမာခြင်းဆိုင်ရာ အလေ့အထကောင်းများကို လိုက်နာလုပ်ဆောင်သင့်ပါတယ်။ ဒါကြောင့် မိသားစုတိုင်းအတွက် ကလေးငယ်အား မိခင်နို့တိုက်ကျွေးခြင်းရဲ့ကောင်းကျိုးအဖြာဖြာကို မျှဝေပေးရင်း မိခင်နို့တိုက်ကျွေးခြင်းရက်သတ္တပတ်ကို အသိပေးနှိုးဆော်လိုက်ပါတယ်နော်။
# ကျန်းမာသော မိခင်၊ ကျန်းမာသော မိသားစု။
နှလုံးသားနှင့်စာနာပြီး ကျွမ်းကျင်မှုဖြင့်ကုသသည်၊ ဆေးရုံကေဘီစီ။
35/4, Manhkring Quarter, Supra Bum Road, Myitkyina.
09458903390
[email protected]