Online Volunteers of Disasters Recovery for Myanmar (OVDR4MM)

Online Volunteers of Disasters Recovery for Myanmar (OVDR4MM) သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး အွန်လိုင်းမှ အခမဲ့စေတနာ့၀န်ထမ်းများအဖွဲ့

မည်သည့် နိုင်ငံရေး ပယောဂမှ မပါသကဲ့သို့ မည်သူ့သြဇာ လွှမ်းမိုးမှုမရှိပဲ စေတနာ သက်သက်ဖြင့် မြန်မာပြည်တွင်းမှ သဘာဝဘေးအန္တရာယ် ကြုံတွေ့တိုင်း ဒုက္ခရောက်ရသည့် ပြည်သူများသို့ လူမျိုးဘာသာမရွေးပဲ တတ်စွမ်းသည့်ဘက်မှ အကူအညီပေးနိုင်ရန် ရည်ရွယ်ပါသည်။

နိုင်ငံရေး အရောင်ဆိုးခြင်းများကို လက်ခံမည်
မဟုတ်ပါ။

  အဖွဲ့သည် ၂၀၁၇ ခုနှစ် မေလ ၃၀ ရက်နေ့က လေပြင်း (လေဆင်နှာမောင်း) ဒဏ် ခံခဲ့ရသော မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦ...
04/06/2017

အဖွဲ့သည်
၂၀၁၇ ခုနှစ် မေလ ၃၀ ရက်နေ့က လေပြင်း (လေဆင်နှာမောင်း) ဒဏ် ခံခဲ့ရသော မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ နယ် ကြအိုရွာ အတွင်း သို့ OVDR4MM အဖွဲ့ဝင် (၂) ဦးမှ သွားရောက်ကာ ကွင်းဆင်းလေ့လာခဲ့ပြီး လိုအပ်သော အချက်အလက်များ ကောက်ခံကာ ထိရောက်သော အကူအညီများ ပေးနိုင်ရန် အမြန်ဆုံး ကြိုးစားခဲ့ပါသည်။
လေပြင်း တိုက်ခိုက်မှုကြောင့် မြေသန့် တောင်ရွာတွင် လူနေအိမ် (၁၅) လုံးခန့်၊ ကြအိုရွာတွင် လူနေအိမ် (၈၇)လုံး၊ အ.ထ.က (ခွဲ) စာသင်ဆောင် (၄) ဆောင်တို့ ပျက်စီးကြောင်း ကနဦးသတင်း များအရ သိရှိရပါသည်။
OVDR4MM အဖွဲ့၏ သွားရောက် ကွင်းဆင်းပြီး ကောက်ယူခဲ့သော အချက်အလက်များ အရ ကြအိုရွာရှိ စာသင်ဆောင် (၂) ဆောင်မှာ ပြိုကျ ပျက်စီးခဲ့ ပါသည်။ အခြား ကျောင်းဆောင်များ မှာ ပြိုကျ ခြင်းမရှိ သော်လည်း သွပ်ပြား များ ပျက်စီးသွားပြီး စာသင်ခုံများ ပျက်စီးခဲ့ ကြောင်းတွေ့ရှိရပါသည်။
OVDR4MM အဖွဲ့ဝင်များ ရောက်ရှိ သွားချိန်တွင် သွပ်များ နှင့် ပြိုကျ ပျက်စီးသွားသောစာသင်ဆောင် များအား မန္တလေးတိုင်း တိုင်းမှူး မှ အဆင်ပြေအောင် ပြုလုပ်ပေး မည်ဟု ပြောကြားသွား ခဲ့ကြောင်း နှင့် ယခုလက်ရှိ လိုအပ် နေသည်များ မှာ မူလတန်း စာသင်ခုံ များနှင့် အလယ်တန်း ၊ အထက် တန်း စာသင် ခုံများ ဖြစ် ကြောင်း ဆရာဆရာမများမှ ပြောကြားပါသည်။
ထိုကျောင်းဆောင်များတွင် ကျောင်းသား/သူ (၅၂၇) ဦးရှိပြီး အဆိုပါ ကျောင်းသား/သူ များအား ဆရာ/မ (၂၇) ဦး မှ လက်ရှိ အချိန်တွင် ဘုန်းတော် ကြီး ကျောင်း ဝန်းထဲ တွင် ပညာသင်ကြား ပေးလျက် ရှိပါသည်။
လက်ရှိ ကျောင်းသားဦးရေ နှင့် ထပ်တိုးလာမည့် ကျောင်းသား ဦးရေ များအတွက် တွက်ချက်မှုအရ အလယ် တန်း နှင့်အထက်တန်း ကျောင်း သားများအတွက် စာသင်ခုံအကြီး (ထိုင်ခုံနှင့် စာရေးခုံ တွဲလျက်) အစုံ (၃၀) နှင့် မူလတန်း ကလေးငယ် များအတွက် စာရေးခုံသေး (၁၀) စုံ မျှ လိုအပ်နေကြောင်း သိရှိရပါသည်။
စာသင်ခုံ အကြီး (၁) စုံ ကို (၆၂၀၀၀) ကျပ် နှုန်းဖြင့် အစုံ (၃၀) အတွက် (၁၈၆၀၀၀၀) ကျပ် နှင့် စာသင်ခုံ အသေး (၁) စုံ ကို (၃၃၅၀၀) ကျပ် နှုန်းဖြင့် အစုံ (၁၀) အတွက် (၃၃၅၀၀၀) ကျပ် စုစုပေါင်း (၂၁၉၅၀၀၀) ကျပ်ခန့် ကျသင့်မည်ဟု ကနဦး တွက်ချက်မှု အရ သိရှိရပါသည်။
အဖွဲ့သည် စာသင်ခုံများ အတွက် လိုအပ်ငွေ (၂၁၉၅၀၀၀) ကျပ် နှင့် အထွေထွေ ကုန်ကျငွေ တို့အတွက် (၁၀၅၀၀၀) ကျပ် စုစုပေါင်း (၂၃၀၀၀၀၀) ကျပ် ၊ (နှစ်ဆယ့်သုံးသိန်းကျပ်တိတိ) အား (၂.၆.၂၀၁၇) ရက်နေ့တွင် ကြအို အခြေခံပညာအထက်တန်းကျောင်းခွဲ မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းမြင့်ထံသို့ ပေးအပ် လှူဒါန်းခဲ့ပါသည်။
လေပြင်းတိုက်ခိုက်မှု မူလ ကနဦး သတင်းရင်းမြစ်များအား အောက်ပါလင့်များမှ တဆင့် ကြည့်ရှုနိုင်ပါသည်။
>>>> https://web.facebook.com/kolatt.kolatt.374/posts/1930468717242362?_rdc=1&_rdr > https://web.facebook.com/kyaw.s.myint.9/posts/10207657337271628?hc_location=ufi

UPDATE-18 for CYCLONE MAARUTHA (01B) - ဧပြီလ (၁၆) ရက် မြန်မာစံတော်ချိန် ၁၁းဝဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ မုန်တိုင...
16/04/2017

UPDATE-18 for CYCLONE MAARUTHA (01B) - ဧပြီလ (၁၆) ရက် မြန်မာစံတော်ချိန် ၁၁းဝဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ မုန်တိုင်းဗဟို၏ အချင်း (၁၂၃) မိုင်ခန့် ရှိပြီး သံတွဲမြို့၊ မဇင်လေဆိပ်အနီးမှ ကုန်းတွင်းသို့ ယနေ့ည သန်းခေါင်ကျော်တွင် ဖြတ်ကျော် ဝင်ရောက်မည်ဖြစ်ကြောင်း တွေ့ရပါသည်။ (ပုံတွင်ကြည့်ပါ)

မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်လျှက်ရှိသော အဖွဲ့အစည်းများအတွက် သိရှိနိုင်ပါရန် အသိပေး တင်ပြပါသည်။MMweather Page

ဧရာဝတီ မြစ်ဝကျွန်းပေါ် နှင့် ရခိုင် ကမ်းရိုးတန်း တောင်ပိုင်း ဒေသများတွင် နေထိုင်သူများ သတိပြုကြပါရန် ~~~
22/10/2016

ဧရာဝတီ မြစ်ဝကျွန်းပေါ် နှင့် ရခိုင် ကမ်းရိုးတန်း တောင်ပိုင်း ဒေသများတွင် နေထိုင်သူများ သတိပြုကြပါရန် ~~~

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဇူလိုင်လဆန်းမှ စတင်၍ ကူးစက်မြန်ပြင်းထန် ၀မ်း ပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိရာ ပြည်ခ...
27/07/2016

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဇူလိုင်လဆန်းမှ စတင်၍ ကူးစက်မြန်ပြင်းထန် ၀မ်း ပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိရာ ပြည်ခရိုင် ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနအနေဖြင့် ဒေသတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
အဖွဲ့သည် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရန်
ကလိုရင်း ရေသန့်ဆေးရည် (၂၀) လီတာပါ (၁၄) ပုံးနှင့် ကလိုရင်းအမှုန့် (၂) ပုံးအား ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သို့ အဖွဲ့ဝင် တစ်ဦးမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါသည်။
.
သည် မြန်မာနိုင်ငံ တဝှမ်းရှိ သဘာဝ ဘေးအန္တရာယ်သင့် နေရာဒေသ များတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းများ ဒေသခံများ နှင့် ချိတ်ဆက်ပြီး အကူအညီ ပေးလျက် ရှိပါသည်။

OVDR4MM အဖွဲ့သည် ရေဘေးကယ်ဆယ်ရေး အတွက် စေတနာရှင်များ လှူဒါန်းထားသော Life Jacket များနှင့် ရေသန့်ဆေးများကို ၂၀၁၆ ခုနှစ် မတ...
26/05/2016

OVDR4MM အဖွဲ့သည် ရေဘေးကယ်ဆယ်ရေး အတွက် စေတနာရှင်များ လှူဒါန်းထားသော Life Jacket များနှင့် ရေသန့်ဆေးများကို ၂၀၁၆ ခုနှစ် မတ်လ၊ ဧပြီလ နှင့် မေလ များအတွင်း မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့များသို့ ပေးပို့ လှူဒါန်းခဲ့ပါသည်။
ထိုသို့ လှူဒါန်းရာတွင် -
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကို အထည် (၁၀၀)
ရှမ်းပြည်နယ် (တောင်ပိုင်း) ကို အထည် (၂၀)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကို အထည် (၄၀)
မကွေးတိုင်း ကို အထည် (၂၀) စုစုပေါင်း Life Jacket အထည် (၁၈၀) နှင့် ရေသန့်ဆေး (၆) ပုံးအား အသီးသီး ခွဲဝေ လှူဒါန်း ခဲ့ပါသည်။

Still going on ... 💪💪💪
07/05/2016

Still going on ... 💪💪💪

OVDR4MM အဖွဲ့သည်၂၀၁၆ ခုနှစ် ဧပြီလ အတွင်း လေပြင်းနှင့် မိုးသီး မုန်တိုင်းဒဏ် ခံခဲ့ရသော မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိ...
07/05/2016

OVDR4MM အဖွဲ့သည်

၂၀၁၆ ခုနှစ် ဧပြီလ အတွင်း လေပြင်းနှင့် မိုးသီး မုန်တိုင်းဒဏ် ခံခဲ့ရသော မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင် အတွင်း ရှိ သဘာဝ ဘေးအန္တရာယ်သင့် ဒေသများဖြစ်သော ရေသရောက်၊ ကလေး၊ မှိုင်းပန်၊ သင်္ဂတုန်၊ ချောင်းဆုံ၊ တောင်တော်၊ ကင်းရွာ၊ ရွာသစ် စသည့် ကျေးရွာများ အတွက် ဆန်အိတ် (၂၀၀) အိတ်အား ရေသရောက် ကျေးရွာရှိ ယာယီ ထောက်ပံ့ရေး စခန်းသို့ (၂၇.၄.၂၀၁၆) ရက်နေ့တွင် OVDR4MM အဖွဲ့ဝင်များ ကိုယ်တိုင် သွားရောက် ပေးအပ် လှူဒါန်းခဲ့ ပါသည်။
ဤသို့ သွားရောက်လှူဒါန်းရာတွင် ကံကြီးရွာ ရှိ နေအိမ် ပြိုကျ ပျက်စီးသွားသော မိသားစု အတွက် ငွေသား ကျပ်နှစ်သိန်း (၂၀၀,၀၀၀) နှင့် ရေသရောက် ကျေးရွာရှိ မိသားစု (၃) ဦး ဆုံးရှုံးပြီး နေအိမ် ပျက်စီး ခဲ့သော မိသားစု အတွက် ငွေသား ကျပ်တစ်သိန်း (၁၀၀,၀၀၀) အား အဖွဲ့မှ သီးခြား ပေးအပ် လှူဒါန်း ခဲ့ပါသည်။
သည် မြန်မာနိုင်ငံ တဝှမ်းရှိ သဘာဝ ဘေးအန္တရာယ်သင့် နေရာဒေသ များတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းများ ဒေသခံများ နှင့် ချိတ်ဆက်ပြီး အကူအညီ ပေးလျက် ရှိပါသည်။

OVDR4MM အဖွဲ့သည်၂၀၁၆ ခုနှစ် ဧပြီလ အတွင်း လေပြင်းနှင့် မိုးသီးမုန်တိုင်းဒဏ် ခံခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့န...
26/04/2016

OVDR4MM အဖွဲ့သည်

၂၀၁၆ ခုနှစ် ဧပြီလ အတွင်း လေပြင်းနှင့် မိုးသီးမုန်တိုင်းဒဏ် ခံခဲ့ရသော စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အတွင်းရှိ သဘာဝ ဘေးအန္တရာယ်သင့် ဒေသများသို့ ဆန်အိတ်များ လှူဒါန်းခဲ့ရာ -

မကျီးအုပ် အုပ်စုဖြစ်သော - (မကျီးအုပ်၊ ယာတော်၊ ကျွန်းတောကြီး၊ မြင်းကျ) ကျေးရွာများ အတွက် - (၁၀၄) အိတ်
ဥယျာဉ် (ကျွန်းတောလေး) ကျေးရွာ အတွက် - (၇) အိတ်
ဂျပို့်၊ ပေါက်သင့်တုံ၊ စည်ပုတ္တရာ၊ သရက်ကန်ကျေးရွာ များအတွက် - (၆၉) အိတ်
ပင်တင်းကျေးရွာအတွက် - (၂၀) အိတ်
စုစုပေါင်း ဆန်အိတ် (၂၀၀) အိတ် တို့ကို (၂၆.၄.၂၀၁၆) ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများ ထံသို့ ဆက်သွယ်၍ အဖွဲ့ဝင်များ ကိုယ်တိုင် သွားရောက် လှူဒါန်း ခဲ့ပါသည်။

OVDR4MM အဖွဲ့သည်၂၀၁၆ ဧပရယ်လ အတွင်းဖြစ်ပွားခဲ့တဲ့ မိုးသီးမုန်တိုင်းဒဏ်ခံရသော ကျောက်ဆည်မြို့ ပတ်ဝန်းကျင်ရှိ ရွာများသို့ အဖ...
25/04/2016

OVDR4MM အဖွဲ့သည်

၂၀၁၆ ဧပရယ်လ အတွင်းဖြစ်ပွားခဲ့တဲ့ မိုးသီးမုန်တိုင်းဒဏ်ခံရသော ကျောက်ဆည်မြို့ ပတ်ဝန်းကျင်ရှိ ရွာများသို့ အဖွဲ့ဝင်တစ်ဦး သွားရောက်ကာ ကွင်းဆင်းလေ့လာနေပါသည်

လိုအပ်သော အချက်အလက်များ ကောက်ခံကာ ထိရောက်သော အကူအညီများ ပေးနိုင်ရန် အမြန်ဆုံး ကြိုးစားနေပါသည်

သဘာဝ ဘေးအန္တရယ်ကျသော ဒေသများရှိ
လိုအပ်သော နေရာများရှိပါက သတင်းပေးကြပါရန် မေတ္တာရပ်ခံပါသည်

OVDR4MM ၏ Admin တစ်ဦးဖြစ်သောကွယ်လွန်သွားသော ကိုသာပို (၇) လပြည့်ကို ရည်စူး၍ ဖခင် ဦးဝင်းမြင့် မိခင် ဒေါ်ခင်မြင့် မိသားစုတ...
16/03/2016

OVDR4MM ၏ Admin တစ်ဦးဖြစ်သော

ကွယ်လွန်သွားသော ကိုသာပို (၇) လပြည့်ကို ရည်စူး၍

ဖခင် ဦးဝင်းမြင့် မိခင် ဒေါ်ခင်မြင့် မိသားစုတို့မှ

၁၆.၃.၂၀၁၆ တွင် အလှူငွေ (၅)သိန်းကျပ် လှူဒါန်းသွားပါသည် . . .

Address

Nyaung-u

Website

Alerts

Be the first to know and let us send you an email when Online Volunteers of Disasters Recovery for Myanmar (OVDR4MM) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share