Be Here - Mental Wellbeing and Counselling Centre

Be Here - Mental Wellbeing and Counselling Centre 🌿Healing begins when you decide to be here.🌿

ခေါင်းစဉ် တစ်ခုတည်းမှာ အာရုံစိုက်မရဘဲ အလုပ်အများကြီးကို တစ်ပြိုင်နက် လုပ်နေမိပါသလား။ ​တစ်ချိန်တည်းမှာ အလုပ်တွေ အများကြီး...
19/08/2026

ခေါင်းစဉ် တစ်ခုတည်းမှာ အာရုံစိုက်မရဘဲ အလုပ်အများကြီးကို တစ်ပြိုင်နက် လုပ်နေမိပါသလား။
​တစ်ချိန်တည်းမှာ အလုပ်တွေ အများကြီးကိုအပြိုင်လုပ်ခြင်း (Multitasking) ဟာအလုပ်ပိုပြီးမြောက်စေတယ်လို့ အများစုက ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ "Multitasking လုပ်တာဟာ အလုပ်ပိုမပြီးတဲ့အပြင် စိတ်ကျန်းမာရေးကိုပါမသိမသာ ထိခိုက်လာစေနိုင်တယ်" ဆိုတာပါပဲ။

​🤹 ဦးနှောက်ကို အလွန်အမင်းပင်ပန်းစေတယ် (Brain Fatigue)
​ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ အလုပ်နှစ်ခု သို့မဟုတ် အများကြီးကို တစ်ပြိုင်နက်တည်း အပြည့်အဝ အာရုံမစိုက်နိုင်ပါဘူး။ Multitasking လုပ်တဲ့အခါ ဦးနှောက်က အလုပ်တစ်ခုနဲ့တစ်ခုကြား အမြန်နှုန်းနဲ့ ကူးပြောင်းနေရတာဖြစ်လို့ ခေါင်းထဲမှာ ဒေတာတွေ ပိုမို ရှုပ်ထွေးသွားပြီး ခေါင်းနောက်တာ၊ မောပန်းတာတွေကို မြန်မြန်ဆန်ဆန် ခံစားရစေပါတယ်။
​🤹 စိတ်ဖိစီးမှု (Stress) နဲ့ စိုးရိမ်ပူပန်မှု (Anxiety) မြင့်တက်စေတယ်။
​အလုပ်တွေကို တစ်ပြိုင်နက် စတင်လိုက်တဲ့အခါ "တစ်ခုမှ မပြီးသေးဘူး" ဆိုတဲ့ ဖိအားကြီးစိုးလာတတ်ပါတယ်။ ဒါဟာ စိတ်ဖိစီးမှု ဟော်မုန်း (Cortisol) တွေကို ထွက်ရှိစေပြီး ရေရှည်မှာ စိုးရိမ်ပူပန်မှုလွန်ကဲတာ၊ စိတ်ဓာတ်ကျလွယ်တာတွေကို ဖြစ်ပေါ်စေပါတယ်။
​🤹အာရုံစူးစိုက်နိုင်စွမ်း (Focus & Attention Span) လျော့နည်းလာတယ်။
​အလုပ်တစ်ခုတည်းကို အာရုံစိုက်ရတာ ခက်ခဲလာပြီး စိတ်က ခဏခဏ ပျံ့လွင့်သွားတတ်ပါတယ်။ စာအုပ်တစ်အုပ်ကို အဆုံးထိဖတ်ဖို့ သို့မဟုတ် အရေးကြီးတဲ့ အစည်းအဝေးတစ်ခုမှာ အပြည့်အဝ ပါဝင်နိုင်ဖို့တောင် ခက်ခဲလာတတ်ပါတယ်။
​🤹ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည် (Memory) ကို လျော့ကျစေတယ်။
​သတင်းအချက်အလက်တွေကို သေချာ မှတ်သားနိုင်စွမ်း နည်းပါးသွားတာကြောင့် အရေးကြီးတဲ့ ကိစ္စတွေကို မေ့လျော့တာ၊ အမှားအယွင်း များလာတာတွေ ကြုံတွေ့ရနိုင်ပါတယ်။

🤔​ဒါဆိုရင် Multitasking အစား ဘာလုပ်မလဲ?

​📍Singletasking (အလုပ်တစ်ခုကို တစ်ကြိမ်ပဲ လုပ်ပါ)။
တစ်ချိန်မှာ အလုပ်တစ်ခုတည်းကိုပဲ အပြည့်အဝ အာရုံစိုက်ပါ။ ဒါဟာ အလုပ်ပြီးမြောက်မှုကို မြှင့်တင်ပေးရုံတင်သာမက ဦးနှောက်ကိုလည်း အနားရစေပါတယ်။
📍Pomodoro နည်းလမ်း သုံးပါ။
၂၅ မိနစ်အလုပ်လုပ်၊ ၅ မိနစ် အနားယူတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်ကြည့်ပါ။
​📍Notification များ ပိတ်ထားပါ။
အလုပ်လုပ်နေချိန်မှာ ဖုန်းNotificationတွေကို ပိတ်ထားခြင်းဖြင့် စိတ်ပျံ့လွင့်တာကို တားဆီးနိုင်ပါတယ်။
​📍To-Do List ဖြင့် အစဉ်လိုက်လုပ်ပါ။
လုပ်စရာတွေကို မှတ်ဉာဏ်ထဲမှာပဲ ထားတာထက်စာရွက်ပေါ် ချရေးပြီး ဦးစားပေးအစဥ်အလိုက် တစ်ခုပြီးမှ တစ်ခု လုပ်ပါ။

​💚 မိမိရဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်၏အေးချမ်းမှုဟာ ဘာနဲ့မှ လဲလို့မရတဲ့ အရာဖြစ်ပါတယ်။ ဒီနေ့ကစပြီး အလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ တစ်ခုစီ အာရုံစိုက် လုပ်ဆောင်ကြည့်ရအောင်ပါနော်။

🌿ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပါစေ🌿


🌿 စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းသည် မိမိကိုယ်ကို ဂရုစိုက်ဖို့ ရွေးချယ်ခြင်းဖြစ်ပါတယ်။Be Here Mental Wellbeing & Counsel...
12/08/2026

🌿 စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းသည် မိမိကိုယ်ကို ဂရုစိုက်ဖို့ ရွေးချယ်ခြင်းဖြစ်ပါတယ်။

Be Here Mental Wellbeing & Counselling Centre မှ ပြင်ဆင်ထားသော ဤစာစောင်လေးတွင်

✨ စိတ်ကျန်းမာရေးဆိုတာ ဘာလဲ?
✨ Counselling ဆိုတာ ဘာလဲ?
✨ စိတ်ကျန်းမာရေးက ဘာကြောင့် အရေးကြီးသလဲ?
✨ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Self-care အလေ့အကျင့်လေးများ
✨ Be Here မှ ပေးအပ်နေသော ဝန်ဆောင်မှုများ...

စသည့်အကြောင်းအရာများကို ရိုးရှင်းလွယ်ကူစွာ ဖတ်ရှုနိုင်အောင် စုစည်းဖော်ပြထားပါတယ်။

သင်ကိုယ်တိုင်ဖြစ်စေ၊ သင့်မိသားစု၊ သူငယ်ချင်းများအတွက်ဖြစ်စေ အသုံးဝင်နိုင်ပါတယ်။ ဖတ်ရှုပြီးပါကအခြားသူတွေအတွက်လည်း မျှဝေပေးနိုင်ပါတယ်ရှင်။ 💚

"Healing begins when you decide to Be Here."

🌿 Be Here Moment  #004ဒီနေ့အတွက် လက်ရှိ အခိုက်အတန့်လေးမှာ ရှိနေဖို့ဆိုရင်...လမ်းလျှောက်တဲ့အခါဘယ်ကိုရောက်ရမလဲဆိုတဲ့ အတွေး...
10/08/2026

🌿 Be Here Moment #004

ဒီနေ့အတွက် လက်ရှိ အခိုက်အတန့်လေးမှာ ရှိနေဖို့ဆိုရင်...
လမ်းလျှောက်တဲ့အခါ
ဘယ်ကိုရောက်ရမလဲဆိုတဲ့ အတွေးထက်
အခု လျှောက်နေတဲ့ ခြေလှမ်းတွေကို သတိပြုကြည့်ပါ။

ခြေထောက်က မြေပြင်ကို ထိတွေ့နေတဲ့ ခံစားချက်…

ခြေတစ်လှမ်းချင်း ရွေ့လျားနေတဲ့ လှုပ်ရှားမှု…

ပတ်ဝန်းကျင်က အသံတွေ…

လေထုရဲ့ ထိတွေ့မှု…

အဲဒီအရာလေးတွေကို ပြောင်းလဲဖို့၊ အကဲဖြတ်ဖို့ မလိုဘဲ
ဖြစ်နေသမျှအတိုင်း သတိပြုကြည့်ပါ။

အသက်ရှူသွင်းလိုက်ပါ…
အသက်ရှူထုတ်လိုက်ပါ…

စိတ်က မနေ့ကဆီ ပြန်ရောက်သွားရင်လည်း
အဲဒီအတွေးကို တားဆီးဖို့ မလိုပါဘူး။

“အတွေးတစ်ခု ရှိနေတယ်” လို့ သတိပြုမိပြီး
အခု လျှောက်နေတဲ့ ခြေလှမ်းဆီကို အာရုံပြုကြည့်လိုက်ပါ။

မနက်ဖြန်အတွက် စိုးရိမ်နေမိရင်လည်း
အခုအချိန်မှာ ရှိနေတဲ့ ဒီခြေလှမ်းတစ်လှမ်းကိုပဲ
ပြန်သတိပြုကြည့်ပါ။

တခါတရံ
စိတ်အေးချမ်းမှုကို အဝေးမှာ သွားရှာဖို့ မလိုပါဘူး။

အခုလက်ရှိအခိုက်အတန့်ကို သတိပြုမိပြီး
ခြေလှမ်းတစ်လှမ်းချင်းစီနဲ့ ပြန်လည်ရောက်ရှိနေခြင်းကပဲ
စိတ်ကို ခဏအနားပေးနိုင်ပါတယ်။

🍃 ဒီနေ့ လမ်းလျှောက်တဲ့အခါ
မိနစ်အနည်းငယ်လောက် အရှိန်လျှော့ပြီး
ကိုယ့်ခြေလှမ်းတွေနဲ့အတူ ကိုယ့်ဆီကို ပြန်လာကြည့်လို့ ရပါတယ်။

🌿 Pause. Breathe. Be Here.

Be Here Moment – A gentle pause for your mind.

🌿 Be Here Book Corner  #001Be Here ကနေ Counselling နဲ့ ကုစားမှုခရီးစဉ်အကြောင်းကို နားလည်စေဖို့ ရေးသားထားတဲ့ စာအုပ်လေးတစ်...
09/08/2026

🌿 Be Here Book Corner #001

Be Here ကနေ Counselling နဲ့ ကုစားမှုခရီးစဉ်အကြောင်းကို နားလည်စေဖို့ ရေးသားထားတဲ့ စာအုပ်လေးတစ်အုပ် အကြောင်း မျှဝေပေးချင်ပါတယ်။

📖 “စိတ်ဒဏ်ရာရဲ့ အခြားတစ်ဖက်”
✍️ အောင်မင်းသိန်း

စာရေးသူရဲ့ အမှာစာကို စဖတ်မိတဲ့အချိန်ကတည်းက “ကန့်ထားတဲ့ အခန်းလေးတွေ”၊ “မမြင်နိုင်တဲ့ လက်များ” စတဲ့ တင်စားချက်တွေက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

လူတိုင်းရဲ့ဘဝမှာ မမြင်ရတဲ့၊ ကိုယ်တိုင်တောင် မထိချင်တော့လို့ ပိတ်ထားခဲ့တဲ့ အခန်းလေးတွေ ရှိနေနိုင်ပါတယ်။

တချို့အခန်းတွေကို အချိန်တွေကြာလာတာနဲ့အမျှ မေ့လျော့သွားပြီး ကိုယ့်မှာ အဲဒီအခန်းရှိနေမှန်းတောင် မသိတော့နိုင်ပါဘူး။

တချို့အခန်းတွေကတော့ ကိုယ်မသိလိုက်ဘဲ ကိုယ့်ရဲ့ တုံ့ပြန်ပုံ၊ ဆက်ဆံရေးတွေ၊ ခံစားချက်တွေနဲ့ ကိုယ့်ကိုယ်ကို မြင်ပုံတွေထဲမှာ ပြန်လည်ပေါ်လာတတ်ပါတယ်။

ဒါကြောင့် တခါတလေ—

“သူဘာလို့ ဒီလိုဖြစ်နေတာလဲ”

ဆိုတာထက်

“ဘာတွေဖြစ်ခဲ့လို့ ဒီလိုဖြစ်လာတာလဲ”

လို့ ပြန်မေးကြည့်ဖို့ လိုအပ်ပါတယ်။

စာအုပ်ထဲက ဇာတ်ကောင်ရဲ့ နားလည်လာမှုထဲမှာလည်း—

«“နာကျင်မှုကို ရင်ဆိုင်တာဟာ ကုသခြင်းဆီကို သွားတဲ့ ခြေလှမ်းတွေ ဖြစ်တယ်။”»

ဆိုတဲ့ အတွေးလေးတစ်ခုကို တွေ့ရပါတယ်။

နာကျင်မှုကို ရင်ဆိုင်တယ်ဆိုတာ အတိတ်ကအဖြစ်အပျက်တွေကို အတင်းပြန်ဖော်ထုတ်ပြီး နာကျင်ခံစားရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

တခါတလေ ကိုယ့်အတွင်းမှာ နာကျင်မှုတစ်ခု ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုနိုင်လာခြင်း၊ အဲဒီခံစားချက်တွေကို နားလည်ဖို့ ကြိုးစားလာခြင်း၊ လိုအပ်တဲ့အခါ အကူအညီတောင်းနိုင်လာခြင်း က ကုစားမှုခရီးရဲ့ အစဖြစ်နိုင်ပါတယ်။

🌱 Counselling ဆိုတာ ဘာလဲ။

ဒီနေရာမှာ Counselling ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလာပါတယ်။

Counselling ဆိုတာ လူတစ်ယောက်ရဲ့ လက်ရှိအပြုအမူကိုသာ ကြည့်ပြီး အမြန်ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး။

Counsellor ဘက်က—
Client ရဲ့ အတွေ့အကြုံနဲ့ ခံစားချက်တွေကို မဆုံးဖြတ်ဘဲ နားထောင်ပေးခြင်း၊ လုံခြုံတဲ့နေရာတစ်ခု ဖန်တီးပေးခြင်းနဲ့ သူ့အတွင်းက အတွေ့အကြုံတွေကို သူကိုယ်တိုင် နားလည်လာနိုင်အောင် ကူညီပေးခြင်း ဖြစ်ပါတယ်။

Client ဘက်က—
ကိုယ့်အတွင်းမှာ ဘာတွေဖြစ်နေတယ်၊ ဘယ်အတွေ့အကြုံတွေက ယနေ့ဘဝအပေါ် သက်ရောက်နေတယ်ဆိုတာကို တဖြည်းဖြည်း သိလာပြီး ကိုယ့်ခံစားချက်နဲ့ လိုအပ်ချက်တွေကို ပိုမိုနားလည်လာနိုင်ပါတယ်။

မိသားစုနဲ့ နီးစပ်သူတွေရဲ့ ပံ့ပိုးမှုကလည်း—
“မစဉ်းစားနဲ့တော့”၊ “မေ့လိုက်ပါ” လို့ ပြောခြင်းထက် နားထောင်ပေးခြင်း၊ အပြစ်မတင်ခြင်း၊ နားလည်ဖို့ ကြိုးစားခြင်းနဲ့ လိုအပ်တဲ့အခါ ကျွမ်းကျင်သူထံ အကူအညီရယူဖို့ အားပေးခြင်းတို့က ကုစားမှုခရီးမှာ အရေးကြီးတဲ့ ပံ့ပိုးမှုတွေ ဖြစ်နိုင်ပါတယ်။

ဒီစာအုပ်က စိတ်ဒဏ်ရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုသာမက—

🌱 Client တစ်ယောက်ရဲ့ အတွင်းကမ္ဘာ
🌱 Counsellor တစ်ယောက်ရဲ့ အခန်းကဏ္ဍ
🌱 မိသားစုနဲ့ နီးစပ်သူတွေရဲ့ ပံ့ပိုးမှု
🌱 Counselling နဲ့ ကုစားမှုခရီးစဉ်

တို့ကို ပိုမိုနားလည်လာစေဖို့ စဉ်းစားစရာတွေ ပေးနိုင်တဲ့ စာအုပ်တစ်အုပ်လို့ မြင်မိပါတယ်။

တစ်ယောက်ယောက်ရဲ့ အပြုအမူကို နားလည်ဖို့ဆိုတာ
သူ့ရဲ့ အပြုအမူကိုသာ ကြည့်ရုံနဲ့ မလုံလောက်နိုင်ပါဘူး။

တခါတလေ အပြုအမူရဲ့နောက်ကွယ်က အခန်းလေးတစ်ခန်းကို နားလည်ပေးဖို့ လိုအပ်ပါတယ်။

ပြီးတော့ အဲဒီအခန်းကို ဖွင့်ဖို့ဆိုတာလည်း အတင်းအကျပ် တံခါးဖွင့်တာမျိုးမဟုတ်ဘဲ—

လုံခြုံမှု၊ နားလည်မှုနဲ့ အချိန်ပေးမှုကနေ စတင်ရတာ ဖြစ်နိုင်ပါတယ်။ 🌿

📖 “စိတ်ဒဏ်ရာရဲ့ အခြားတစ်ဖက်”
✍️ အောင်မင်းသိန်း

ကိုယ့်ကိုယ်ကိုသာမက ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ ပိုမိုနားလည်နိုင်ဖို့ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် Be Here Book Corner ကနေ မျှဝေလိုက်ပါတယ်။

🌿 Be Here Mental Wellbeing and Counselling Centre

Sometimes, understanding the story behind the behavior is the beginning of compassion.

#စိတ်ဒဏ်ရာရဲ့အခြားတစ်ဖက်

🌿 Be Here Moment  #003အတွေးတိုင်းက... အမှန်တရားဖြစ်ပါသလား။တခါတရံ...ကျွန်ုပ်တို့ရဲ့ စိတ်ဟာ အမှန်တရားထက် အတွေးတွေရဲ့ အသံကိ...
03/08/2026

🌿 Be Here Moment #003

အတွေးတိုင်းက... အမှန်တရားဖြစ်ပါသလား။

တခါတရံ...

ကျွန်ုပ်တို့ရဲ့ စိတ်ဟာ အမှန်တရားထက် အတွေးတွေရဲ့ အသံကို ပိုယုံကြည်မိတတ်ပါတယ်။

တစ်နေ့တာအတွင်း အတွေးပေါင်း ထောင်ချီ ပေါ်လာပြီး ပျောက်သွားတတ်ပါတယ်။
တချို့အတွေးတွေက မျှော်လင့်ချက်ကို ယူဆောင်လာတတ်ပြီး... တချို့ကတော့ စိုးရိမ်မှု၊ ကြောက်ရွံ့မှုနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့အသံတွေ ဖြစ်လာတတ်ပါတယ်။

ဒီအတွေးတွေ ပေါ်လာတိုင်း...
"ဒါဟာ အမှန်ပဲ" လို့ ယုံကြည်မိတာဟာ လူသားတစ်ယောက်အတွက် သဘာဝကျတဲ့ တုံ့ပြန်မှုတစ်ခုပဲဖြစ်ပါတယ်။
ဒါပေမယ့်...
အတွေးဟာ အတွေးသာ ဖြစ်ပါတယ်။

အဲဒီအတွေးဟာ...
အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နေတာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ပေးနိုင်တဲ့ အမှန်တရားလည်း မဟုတ်ပါဘူး။

ဒီနေ့...
အတွေးတွေ များနေတယ်လို့ သတိထားမိရင်...

ခဏလေး ရပ်လိုက်ပါ။

🌬️ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းပါ။

🌬️ ဖြည်းဖြည်းချင်း ရှူထုတ်ပါ။

ပြီးရင် ကိုယ့်ကိုယ်ကို နူးညံ့စွာ ပြောကြည့်ပါ—

"ဒါဟာ အတွေးတစ်ခုသာ ဖြစ်တယ်။"

"အတွေးတွေ ရှိနေလို့လည်း ရပါတယ်။ အဲဒီအတွေးတိုင်းကို လိုက်နာဖို့တော့ မလိုပါဘူး။"

ဒီလို သတိရှိရှိ ရပ်တန့်နိုင်တဲ့ အခိုက်အတန့်တိုင်းဟာ...

အတွေးတွေနဲ့ ကိုယ့်အကြား နေရာလွတ်လေးတစ်ခုကို ဖန်တီးပေးပါတယ်။

အဲဒီနေရာလွတ်ထဲမှာ...

🌿 အသက်ရှူသံကို ကြားနိုင်ပါတယ်။
🌿 ကိုယ်ခန္ဓာရဲ့ ခံစားချက်ကို သတိထားမိနိုင်ပါတယ်။
🌿 အခုလက်ရှိ ပစ္စုပ္ပန်အခိုက်အတန့်ကို ပြန်လည်ထိတွေ့နိုင်ပါတယ်။

တည်ငြိမ်မှုဆိုတာ...

အတွေးတွေ လုံးဝပျောက်သွားခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။

အတွေးတွေ ရှိနေရင်းလည်း...

ကိုယ့်အသက်ရှူသံ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ့်ရဲ့ ပစ္စုပ္ပန်အခိုက်အတန့်ကို ပြန်လည်ချိတ်ဆက်နိုင်ခြင်းကပဲ တည်ငြိမ်မှုရဲ့ အစ ဖြစ်ပါတယ်။

---

🌿 Pause. Breathe. Be Here.

တခါတရံ... ကိုယ့်စိတ်ကို ပြန်လည်တွေ့ဆုံဖို့ လိုအပ်တာက အဖြေအသစ်တွေ ရှာဖွေတာ မဟုတ်ပါဘူး။ ခဏလေး ရပ်တန့်ပြီး ပစ္စုပ္ပန်အခိုက်အတန့်ဆီ နူးညံ့စွာ ပြန်လာနိုင်ဖို့ပဲ ဖြစ်ပါတယ်။

💭 ဒီစာက သင့်အတွက် အထောက်အကူဖြစ်ခဲ့ရင်...

ကိုယ်ချစ်တဲ့သူတစ်ယောက်ကိုလည်း မျှဝေပေးနိုင်ပါတယ်။

Be Here Moment – A gentle pause for your mind.

Be Here Moment 002
https://www.facebook.com/share/p/1Hg37wN9cE/

Be Here Moment 001
https://www.facebook.com/share/p/19LVF6gGC3/

🍀Be Here Mental Wellbeing and Counselling Centre သည် လူတစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးနှင့် စိတ်ချမ်းသာမှုကို အလေးထားကာ၊ ဘဝ...
01/08/2026

🍀Be Here Mental Wellbeing and Counselling Centre သည် လူတစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးနှင့် စိတ်ချမ်းသာမှုကို အလေးထားကာ၊ ဘဝ၏ စိန်ခေါ်မှုများ၊ စိတ်ဖိစီးမှုများ၊ စိတ်ခံစားမှုဆိုင်ရာ အခက်အခဲများနှင့် ဆက်ဆံရေးပြဿနာများကို ရင်ဆိုင်ဖြတ်သန်းနေသူများအတွက် လုံခြုံနွေးထွေးပြီး ယုံကြည်စိတ်ချရသော Counselling ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိသော စိတ်ကျန်းမာရေးစင်တာတစ်ခု ဖြစ်ပါသည်။

🍀ကျွန်ုပ်တို့၏ Counsellor များသည် စနစ်တကျ လေ့လာသင်ယူလေ့ကျင့်ထားသော Professional Counsellor များဖြစ်ကြပြီး Professional Counsellor Pathway Myanmar ၏ Member များလည်း ဖြစ်ကြပါသည်။ Counselling Practice များကို Australian Counselling Association (ACA) ၏ Code of Ethics နှင့် Professional Practice Standards များကို လေးစားလိုက်နာ၍ ဆောင်ရွက်လျက်ရှိသည့်အပြင် ကျွမ်းကျင်သော Clinical Supervisors များထံမှ ပုံမှန် Supervision ခံယူကာ ဝန်ဆောင်မှုအရည်အသွေးကို အစဉ်မြှင့်တင်လျက်ရှိပါသည်။

🍀ထို့အပြင် Ongoing Professional Development (OPD) အဖြစ် စိတ်ပညာ၊ Counselling နှင့် Mental Wellbeing ဆိုင်ရာ အသိပညာများ၊ သုတေသနအခြေပြု လက်တွေ့နည်းလမ်းများနှင့် ကျွမ်းကျင်မှုများကို အမြဲမပြတ် လေ့လာသင်ယူကာ ခေတ်နှင့်အညီ အရည်အသွေးမြင့်၊ ကျင့်ဝတ်နှင့်ညီညွတ်သော Counselling ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

🍀တစ်ဦးချင်း Counselling ဝန်ဆောင်မှုများအပြင် စိတ်ကျန်းမာရေးအသိပညာ မြှင့်တင်ရေး၊ စိတ်ခွန်အားတည်ဆောက်ရေး၊ Self-awareness နှင့် Personal Development ကို အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်သည့် Workshops၊ Psychoeducation Programmes နှင့် Community Mental Wellbeing Activities များကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

🍀Be Here တွင် Counselling ကို Person-Centered Approach အပေါ် အခြေခံ၍ ဆောင်ရွက်ပါသည်။ လူတိုင်းတွင် မိမိဘဝကို နားလည်ပြောင်းလဲနိုင်သည့် အရင်းအမြစ်များနှင့် ကြီးထွားဖွံ့ဖြိုးနိုင်သည့် စွမ်းရည်များ ရှိကြသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

🍀ထို့ကြောင့် ဝေဖန်အကဲဖြတ်ခြင်းမရှိသော (Non-judgmental)၊ နွေးထွေးလုံခြုံပြီး ယုံကြည်စိတ်ချရသော Safe Space တစ်ခုကို ဖန်တီးပေးကာ စစ်မှန်သော စာနာနားလည်မှု (Empathy)၊ လက်ခံမှု (Acceptance) နှင့် လေးစားမှု (Respect) တို့ကို အခြေခံ၍ သင့်၏ အတွေးများ၊ ခံစားချက်များနှင့် ဘဝအတွေ့အကြုံများကို အတူနားထောင်၊ အတူစူးစမ်းလေ့လာသွားမည်ဖြစ်ပါသည်။

🍀Be Here သည် အဖြေများကို တိုက်ရိုက်ပေးအပ်သည့်နေရာမဟုတ်ဘဲ သင်၏ ကိုယ်ပိုင် အားသာချက်များ၊ အရင်းအမြစ်များနှင့် ရှေ့ဆက်နိုင်မည့် အင်အားများကို ကိုယ်တိုင်ရှာဖွေတွေ့ရှိနိုင်ရန် နွေးထွေးစွာ လက်တွဲပံ့ပိုးပေးသော နေရာတစ်ခု ဖြစ်ပါသည်။


🌿 Something Meaningful is Coming...Sometimes, healing begins with being truly heard.Meet Our Counsellor Tomorrow ---1 Au...
31/07/2026

🌿 Something Meaningful is Coming...

Sometimes, healing begins with being truly heard.

Meet Our Counsellor Tomorrow ---1 August

တခါတရံမှာ ကုသပျောက်ကင်းခြင်းရဲ့ အစဟာ ကိုယ့်ကိုတကယ်နားထောင်ပေးမယ့်သူတစ်ယောက် ရှိတယ်ဆိုတာကို သိလိုက်ရခြင်းကနေ စတင်တတ်ပါတယ်။

Be Here Mental Wellbeing and Counselling Centre မှာ လုံခြုံမှု၊ လေးစားမှုနှင့် စာနာနားလည်မှုကို အခြေခံထားတဲ့ counselling service ကို ပေးအပ်နိုင်ဖို့ အမြဲကြိုးစားလျက် ရှိပါတယ်။

မနက်ဖြန် (ဩဂုတ်လ ၁ ရက်) မှာ ကျွန်မတို့ရဲ့ Counsellor များကို တရားဝင် မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

🌿 Stay with us.
တခါတရံ... ဘဝကို ပြောင်းလဲစေနိုင်တဲ့ အစ‌ေခြလှမ်းဟာ လုံခြုံတဲ့နေရာတစ်ခုကို ရှာတွေ့ခြင်းကနေ စတင်နိုင်ပါတယ်။

တခါတရံမှာ စိတ်ပင်ပန်းနေတယ်ဆိုတာကို ကိုယ်တိုင်တောင် သတိမထားမိဘဲ ဖြစ်နေတတ်ပါတယ်။စိတ်ဖိစီးမှု  သို့မဟုတ် စိတ်ပင်ပန်းမှု ကနေ...
30/07/2026

တခါတရံမှာ စိတ်ပင်ပန်းနေတယ်ဆိုတာကို ကိုယ်တိုင်တောင် သတိမထားမိဘဲ ဖြစ်နေတတ်ပါတယ်။

စိတ်ဖိစီးမှု သို့မဟုတ် စိတ်ပင်ပန်းမှု ကနေ

• ဘာလုပ်လုပ် စိတ်မပါသလို ဖြစ်နေခြင်း
• လူတွေနဲ့ မတွေ့ချင်တော့ခြင်း
• အိပ်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်မပျော်ခြင်း၊ အနားယူပေမယ့် မသက်သာခြင်း
• အာရုံစူးစိုက်ဖို့ ခက်ခဲလာခြင်း
• အကြောင်းမရှိဘဲ စိတ်တိုလွယ်လာခြင်း
• "ငါ အဆင်ပြေပါတယ်" လို့ ပြောနေပေမယ့် အတွင်းမှာ ပင်ပန်းနေခြင်း
စတဲ့ ပုံစံတွေနဲ့လည်း ပေါ်လာနိုင်ပါတယ်။

ဒီလိုခံစားနေရတာက "အားနည်းလို့" မဟုတ်ပါဘူး။

ဒါဟာ သင့်စိတ်နဲ့ ခန္ဓာကိုယ်က "အနားယူဖို့၊ ဂရုစိုက်ပေးဖို့ လိုအပ်နေပါတယ်" ဆိုတဲ့ အချက်ပြသံတစ်ခု ဖြစ်နိုင်ပါတယ်။

ဒီနေ့မှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ—

"ငါ တကယ်အဆင်ပြေနေရဲ့လား၊ ဒါမှမဟုတ် အဆင်ပြေသလိုပဲ ကြိုးစားနေရတာလား?"

ကိုယ့်ခံစားချက်တွေကို သတိထားနားထောင်ပေးတာဟာ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

🌿 "Healing begins when we allow ourselves to be heard — even by ourselves."


🌿 Be Here Moment  #002အခုဒီအချိန်မှာ...ဘာမှ ပြောင်းလဲဖို့ မလိုပါဘူး။ဘာမှ ပြီးမြောက်အောင် လုပ်ပြဖို့လည်း မလိုပါဘူး။ကိုယ့်...
27/07/2026

🌿 Be Here Moment #002

အခုဒီအချိန်မှာ...

ဘာမှ ပြောင်းလဲဖို့ မလိုပါဘူး။

ဘာမှ ပြီးမြောက်အောင် လုပ်ပြဖို့လည်း မလိုပါဘူး။

ကိုယ့်ကိုယ်ကို ခဏလေး ခွင့်ပြုလိုက်ပါ...

အသက်ရှူသံကို နားထောင်ပါ။

ခြေထောက်က မြေကြီးကို ထိနေတဲ့ ခံစားချက်ကို သတိထားမိပါ။

"အခု ဒီနေရာမှာ ငါ ရှိနေတယ်။"

ဒီသတိလေးကပဲ စိတ်ကို နူးညံ့စွာ ပြန်လည်တည်ငြိမ်စေနိုင်ပါတယ်။

🌿 Pause. Breathe. Be Here.

Be Here Moment – A gentle pause for your mind.

🌿 Be Here Momentတစ်နေ့တာရဲ့ အလုပ်တာဝန်တွေ၊ စိုးရိမ်ပူပန်မှုတွေ၊ မပြီးဆုံးသေးတဲ့ အတွေးတွေအကြား…ကျွန်ုပ်တို့ရဲ့ စိတ်ဟာ မနေ...
20/07/2026

🌿 Be Here Moment
တစ်နေ့တာရဲ့ အလုပ်တာဝန်တွေ၊ စိုးရိမ်ပူပန်မှုတွေ၊ မပြီးဆုံးသေးတဲ့ အတွေးတွေအကြား…
ကျွန်ုပ်တို့ရဲ့ စိတ်ဟာ မနေ့ကဖြစ်ခဲ့တဲ့ အရာတွေဆီ ပြန်လည်ရောက်ရှိနေတတ်သလို၊ မနက်ဖြန်ဖြစ်လာနိုင်တဲ့ အရာတွေဆီကိုလည်း ကြိုတင်ရောက်ရှိနေတတ်ပါတယ်။
အဲဒီအခါ… "အခုလက်ရှိ ရှိနေတဲ့ ပစ္စုပ္ပန်အခိုက်အတန့်" ကို သတိပြုမိဖို့ မေ့လျော့သွားနိုင်ပါတယ်။

Be Here Moment ဟာ တစ်နေ့တာအတွင်း စိတ်ကို ခဏရပ်နားပြီး…
🍃 အသက်ရှူသံကို သတိပြုမိဖို့၊
🍃 ကိုယ့်ရဲ့ အတွေး၊ ခံစားချက်နဲ့ ခန္ဓာကိုယ်ကို နူးညံ့စွာ သတိထားမိဖို့၊
🍃 ပစ္စုပ္ပန်အခိုက်အတန့်နဲ့ ပြန်လည်ချိတ်ဆက်နိုင်ဖို့
ဖန်တီးထားတဲ့ အပတ်စဉ်အစီအစဉ်လေး ဖြစ်ပါတယ်။
တစ်ပတ်ကို တစ်ကြိမ်… မိနစ်အနည်းငယ်သာ အချိန်ပေးပြီး ကိုယ့်ကိုယ်ကို ပြန်လည်ဆုံတွေ့ကြရအောင်။

🍃 ဒီနေ့အတွက် Be Here Moment 001
အခုခဏ… အတွေးတွေကို အတင်းရပ်တန့်ဖို့ မကြိုးစားပါနဲ့။
အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်ပါ…
ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်ပါ…
ပြီးရင် ကိုယ့်ကိုယ်ကို တိတ်တဆိတ် မေးကြည့်ပါ—
"ဒီအခိုက်အတန့်မှာ… ငါ့စိတ်က ဘာကို ပြောပြချင်နေပါသလဲ။"
အဖြေကို အလောတကြီး ရှာဖို့ မလိုပါဘူး။
သတိပြုမိနေခြင်းကပဲ လုံလောက်ပါတယ်။
🌿 Pause. Breathe. Be Here.
Be Here Moment – A gentle pause for your mind.

Address

Pakokku, Myanmar (Burma)
Pakokku

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Be Here - Mental Wellbeing and Counselling Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share