Htoo Thit Clinic - ပုသိမ်

Htoo Thit Clinic - ပုသိမ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Thit Clinic - ပုသိမ်, Medical and health, စံပြ(2)လမ်းထိပ်၊ စံပြလမ်းမကြီး၊ ကင်မလင်းကျွန်း၊ ပုသိမ်မြို့, Pathein.

13/01/2024

ဆေးခန်းက ပိတ်လိုက်တာပါရှင်
ကျွန်မတို့ လူနာတွေကို အရမ်းသတိရပါတယ်ရှင် 🥺
ဖုန်းဆက်မေးတိုင်း စိတ်မကောင်းဖြစ်ရပါတယ်ရှင်
အိမ်က ဆေးခန်း (ရွှေလရောင်) ကတော့ မပိတ်ပါဘူးရှင် ဖွင့်ပါတယ်
ထူးသစ် ဆေးခန်းကိုတော့ ရန်ကုန်မှာဖွင့်မှာမို့ ပိတ်လိုက်ရတာပါရှင် နားလည်ပေးပါနော်

# အမျိူးသားထိပ်အရေပြား Circumcision လုပ်မယ်ဆိုရင်တော့ Surgeon ပြန်လာရင် လုပ်လို့ရပါတယ်နော်
09896244514 ကိုဖုန်းကြိုဆက်ပြီး ဘိုကင်ယူပေးပါရှင့်

ဘုန်းဘုန်းရဲ့ Lipoma အဆီကျိတ်ခွဲအပြီး ၂ရက်နေတော့ ဆေးလာထည့်တာ အနာကကောင်းနေတော့ ဘုန်းဘုန်းလည်းစိတ်ချမ်းသာ
13/11/2023

ဘုန်းဘုန်းရဲ့ Lipoma အဆီကျိတ်ခွဲအပြီး ၂ရက်နေတော့ ဆေးလာထည့်တာ အနာကကောင်းနေတော့ ဘုန်းဘုန်းလည်းစိတ်ချမ်းသာ

ထိပ်ဝကျဥ်းခြင်းPhimosisအမျိုးသား လိင်တံအရေပြား ထိပ်ဝကျဉ်းခြင်းပြဿနာ..--အမျိုးသား လိင်တံအရေပြား ထိပ်ဝက ကျဉ်းသည်ဖြစ်စေ မကျ...
04/11/2023

ထိပ်ဝကျဥ်းခြင်း
Phimosis
အမျိုးသား လိင်တံအရေပြား ထိပ်ဝကျဉ်းခြင်းပြဿနာ..
--အမျိုးသား လိင်တံအရေပြား ထိပ်ဝက ကျဉ်းသည်ဖြစ်စေ မကျဉ်းသည်ဖြစ်စေ လိင်တံထိပ်အရေပြားဖြတ်ကုသခြင်းဟာ အမျိုးသားတွေအတွက်သာမက ဆန့်ကျင်ဘက် အမျိုးသမီးတွေအတွက်ပါ ကျန်းမာရေးနှင့် အိမ်ထောင်ရေးသုခအတွက် ကောင်းမွန်စေတာကို အကုန်လုံး သိပြီးသား ဖြစ်ပါတယ်။ အရေပြားမကျဉ်းတဲ့ အမျိုးသားတွေအတွက်လဲ အရေပြားက ဖုံးနေတဲ့အတွက်ကြောင့် မကြာမကြာ သန့်ရှင်းဆေးကြောပြီး မနေရင် အနံအသက်မကောင်ခြင်း၊ ပိုးမွှားတွေပေါက်ဖွားခြင်းကြောင့် ဆီးလမ်းကြာင်း ပိုးဝင်ခြင်းများ ဖြစ်တတ်ပါတယ်။

--အရေပြားထိပ်ဝက ကျဉ်းတဲ့သူတွေအတွက်ကတော့ ထိပ်အရေပြားဖြတ်ကုသခြင်းကို လုပ်ကိုလုပ်ရပါမယ်။ တစ်ချို့ဟာ အရေပြားထိပ်ဝ လုံးဝ ကျဉ်းတဲ့အတွက်ကြောင့် အနောက်ကို လုံးဝလှန်လို့မရပါဘူး။ အဲဒီတော့ သန့်ရှင်းဆေးကြောခြင်းကိုလည်း လုံးဝလုပ်လို့မရတဲ့တွက်ကြောင့် ပိုးမွှားပေါက်ဖွားခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ၊ Sexual ပြဿနာများဖြစ်စေပါတယ်။ ဒါ့အပြင် အရေပြားက ကျဉ်းပြီး ကျပ်နေတဲ့အတွက်ကြောင့် ထိပ်ဖူးဟာ ကြီးသင့်သလောက် ကြီးထွားလို့မရဘဲ သေးနေပါတယ်။တစ်ချို့ကျတော့လဲ အနည်းပဲ ကျဉ်းတာဖြစ်တဲ့အတွက် အနောက်ကို လှန်လို့ရတော့ရတယ် ဒါပေမယ့် ကျပ်ပြီးတော့ နာကျင်စေပါတယ်။ အဲဒီတော့ လိင်ဆက်ဆံတဲ့အခါ နာကျင်စေတဲ့အတွက် ပြဿနာဖြစ်စေပါတယ်။ ဒီလိုအမျိုးသားတွေကတော့ ကျန်မာရေးအတွက်ရော Sexual ပြဿနာအတွက်ပါ အရေပြားဖြတ်ကုသခြင်းကို လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ မလုပ်ရင်ဘာဖြစ်မလဲလို့ မေးချင်ရင်တော့... ရောဂါရမယ်၊ စိတ်ဆင်းရဲရမယ်၊ အိမ်ထောင်ရေးသုခ မရတဲ့ ပြဿနာများ ကြုံရပါမယ်။

--ဒီလိုအမျိုးသားတွေ အရေပြားဖြတ်တဲ့အခါမှာ အရေပြားဖြတ်ရုံနဲ့တင် မရပါဘူး။ အရေပြားက ကျဉ်းနေတဲ့အတွက်ကြောင့် အရေပြားကိုချဲ့ပေးတဲ့ ခွဲစိပ်မှု့ကိုပါ လုပ်ပေးရပါတယ်။ အဲဒါကြောင့် အခြေအနေပေါ် မူတည်ပြီး ဈေးအနည်းငယ်လည်း ပိုပေးရနိုင်တတ်ပါတယ်။ ဒီလိုအမျိုးသားတွေကတော့ ဒီတိုင်းမနေပဲ နီးစပ်ရာ ဆေးခန်းမှာပဲဖြစ်ဖြစ် ကုသမှုကိုခံယူပေးကြဖို့ စေတနာနဲ့ အကြံပေးချင်ပါတယ်ခင်ဗျာ...
crd

ကိုရင်လေး လက်ကအနာသေချာသန့်ရှင်းပေးပြီး ဆေးပုံမှန်ထည့်တာ သက်သာသွားပြီ
03/11/2023

ကိုရင်လေး လက်ကအနာသေချာသန့်ရှင်းပေးပြီး
ဆေးပုံမှန်ထည့်တာ သက်သာသွားပြီ

အသက် ၃၂နှစ်အရွယ် အမျိုးသားလိင်တံထိပ်အရေပြားဖြတ်ခြင်း မေးသိုင်းကြိုးဖြတ်ခြင်း ကြီးဆေးထိုးထားတဲ့လူနာပါ  Circumcision လုပ်လ...
02/11/2023

အသက် ၃၂နှစ်အရွယ် အမျိုးသားလိင်တံထိပ်အရေပြားဖြတ်ခြင်း မေးသိုင်းကြိုးဖြတ်ခြင်း

ကြီးဆေးထိုးထားတဲ့လူနာပါ
Circumcision လုပ်လိုက်တော့ ထိပ်မှာစုနေတဲ့ ဆေးတချို့ပါ ပါသွားတာပေါ့
လူနာ အနာအဆင်ပြေတယ် ဆိုလို့ ဝမ်းသာပါတယ်

28/10/2023

အမျိုးသားလိင်တံထိပ်အရေပြား
Circumcision လုပ်မယ့် မြို့တွင်းနဲ့တခြားမြို့မှ အမျိုးသားများ ဖုန်းကြိုတင်ဆက်ပြီး တုံကင်ယူပေးပါခင်ဗျာ ဆရာ ၁၁လပိုင်းထဲခရီးသွားဖို့ရှိလို့ပါ
☎ 09896244514

 #ကာလသားရောဂါ(Syphilis)-------------------------------ကာလသားရောဂါဆိုတာ လိင်ဆက်ဆံရာကတစ်ဆင့် ရောဂါရှိသူထံကနေ ရောဂါ ပိုးဟာ ...
17/10/2023

#ကာလသားရောဂါ(Syphilis)
-------------------------------
ကာလသားရောဂါဆိုတာ လိင်ဆက်ဆံရာကတစ်ဆင့် ရောဂါရှိသူထံကနေ ရောဂါ ပိုးဟာ အခြားတစ်ယောက်ဆီကို ကူးစက်ပျံ့နှံ့တတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။
ကာလသားရောဂါ အဖြစ်များတဲ့ အရွယ်ဟာ အသက် (၂၀) ကနေ (၃၅) နှစ်အရွယ် အမျိုးသားတွေ (တစ်နည်းအားဖြင့် နုပျိုတက်ကြွတဲ့အရွယ်) ဖြစ်တဲ့အတွက် အဲဒီရောဂါကို ကာလသားရောဂါလို့ ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀) ကျော်ခန့်က ကာလသားရောဂါ (၅) မျိုးခန့်သာ ရှိခဲ့ပေမယ့် အခုအခါမှာ ကာလသားရောဂါပေါင်း (၄၀) ကျော်လောက် တွေ့ရှိလာပြီဖြစ်ပါတယ်။အေအိုင်ဒီအက်စ်ရောဂါလို့ခေါ်တဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါက လည်း နောက်ဆုံးပေါ် ကာလသားရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့ ကာလသားရောဂါတွေကတော့ ဆစ်ဖလစ်၊ ဆီးပူညောင်းကျ (ဂနိုရောဂါ) နဲ့ လိင်အင်္ဂါဇာတ်တွေမှာ ရေယုန်ပေါက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
လက္ခဏာများ
လိင်အင်္ဂါတစ်ဝိုက်မှာ အနာတွေဖြစ်ခြင်း
ဆီးပူညောင်းကျခြင်း
လိင်အင်္ဂါတစ်ဝိုက်မှာ ကြွက်နို့ဖြစ်ပေါ်ခြင်း
အမျိုးသမီးမိန်းမကိုယ်ကနေ အဖြူဆင်းခြင်း
အမျိုးသမီးတွေမှာ ဆီးစပ်အောက်ပိုင်းကိုက်ခဲတာ နာတာအောင့်တာဖြစ်တတ်ခြင်း။
အချို့ကာလသားရောဂါတွေကတော့ လိင်အင်္ဂါတစ်ဝိုက်မှာ ဘာရောဂါလက္ခဏာမှ မပေါ်ဘဲ အချိန်ကြာမှဘဲ အရေပြားအောက်မှာဖြစ်ဖြစ်၊ အတွင်းအင်္ဂါအစိတ်အပိုင်းတွေ မှာဖြစ်ဖြစ် လက္ခဏာတွေ ပေါ်ထွက်စေတတ်ပါတယ်။
#ကာကွယ်ပုံ
လိင်အပျော်အပါးရှောင်ပါ။
လိင်အပျော်အပါး မရှောင်နိုင်ရင် လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပြီး ကာကွယ်နိုင်ပါတယ်။
မလိုအပ်ဘဲ သွေးမသွင်းပါနဲ့၊ သွေးသွင်းဖို့လိုအပ်လာခဲ့ရင်လည်း ရောဂါပိုးရှိမရှိ စစ်ဆေးပြီးတဲ့ သွေးကိုပဲသွင်းပါ။
#ကူးစက်ပုံ
ကာလသားရောဂါရှိတဲ့သူ ဒါမှမဟုတ်ရောဂါရှိပေမယ့်လည်း ရောဂါလက္ခဏာ မပြတဲ့သူနှင့် လိင်ဆက်ဆံတာကနေ အဓိက ကူးစက်ပါတယ်။ ဒါ့အပြင် ကာလသားရောဂါ ပိုးရှိတဲ့သွေး သွင်းမိတာကနေလည်း ကူးစက်ပါတယ်။ ကူးစက်ပျံ့နှံ့စေပါတယ်။ ရှားရှားပါးပါးဖြစ်တတ်တာက အချို့ကာလသားရောဂါ (ဥပမာ - လိင်အင်္ဂါဝဲစွဲရောဂါ၊ ဒုတိယအဆင့် ဆစ်ဖလစ်ရောဂါ) တွေ ရောဂါရှိသူရဲ့ အဝတ်အထည် အသုံးအဆောင်တွေ ကို အတူသုံးစွဲရာပဲဖြစ်ဖြစ် ကူးစက်သွားစေနိုင်ပါတယ်။
#မကုဘဲထားရင် ဘာတွေဖြစ်နိုင်သလဲ။
ကာလသားရောဂါဟာ ကုသမှု မှန် မှန်ခံယူမယ်ဆိုရင် ပျောက်ကင်းနိုင် ပါတယ်။ ပျောက်ကင်းတဲ့အထိ မကုသခဲ့ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့
အဆစ်ရောင်ခြင်း
နှလုံးရောဂါရနိုင်ခြင်း
ကာလသားရောဂါဟာ ရောဂါလက္ခဏာ ပြတတ်လို့အချိန်မီ
ဆေးဝါး ကုသမှုခံယူပြီး ပျောက်ကင်းတတ်ကြပါတယ်။
, #ကုသပုံ
ကာလသားရောဂါ အမျိုးမျိုးရှိတဲ့အနက် အချို့ရောဂါတွေ (ဥပမာအား HIV၊ AIDS) ဟာ ပျောက်အောင်ကုသလို့ မရနိုင်တဲ့ ရောဂါတွေဖြစ်ပါတယ်။ ကာလသားရောဂါ အများစု ကိုတော့ ဆေးဝါးနဲ့ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ မိမိမှာ ကာလသားရောဂါရှိနေ တယ်လို့ သံသယရှိရင် ဆရာဝန်ထံသွားပြပါ။
crd

အထက်ပါရောဂါလက္ခဏာများ ခံစားနေရပါက
ထူးသစ် အထွေထွေရောဂါကုဆေးခန်း
မြကျွန်းသာအိမ်ရာအထွက် စံပြလမ်းမကြီးပေါ်
ကင်မလင်းကျွန်း ပုသိမ်မြို့
☎ 09-896244514
တိုင်ပင်ဆွေးနွေးပြီး ကုသမူခံယူနိုင်ပါသည်။

🔺ယားလို့ကုပ်ရင်း ပေါင်မှာ​ပြည်တည်နာဖြစ်သွားတဲ့ ဆီးချိုဆေးပုံမှန်မသောက်တဲ့လူနာ 🔺 အထဲမှာပြည်တွေလှိုက်စားနေတော့ ဖွင့်ပေးလို...
30/09/2023

🔺ယားလို့ကုပ်ရင်း ပေါင်မှာ​ပြည်တည်နာဖြစ်သွားတဲ့ ဆီးချိုဆေးပုံမှန်မသောက်တဲ့လူနာ 🔺

အထဲမှာပြည်တွေလှိုက်စားနေတော့ ဖွင့်ပေးလိုက်တယ်
ခုတော့ အနာကျက်ပြီ
ဆေးတွေပုံမှန်မသောက်တော့ ဆူလိုက်ရသေးတယ်

ကြွက်နို့ (Wart) Human Papilloma Virus ကြောင့်ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုး
10/09/2023

ကြွက်နို့ (Wart)
Human Papilloma Virus ကြောင့်ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုး

👣 ခြေစွယ်ငုပ် ခြေသည်းပိုးဝင်လူနာများ 👣👣 ဖြစ်တာကလည်း သုံးလ ငါးလဝန်းကျင် ဖြစ်လိုက်ပျောက်လိုက်ဆိုတော့ ခြေသည်းခွံကို ထုံဆေးန...
18/08/2023

👣 ခြေစွယ်ငုပ် ခြေသည်းပိုးဝင်လူနာများ 👣👣

ဖြစ်တာကလည်း သုံးလ ငါးလဝန်းကျင် ဖြစ်လိုက်ပျောက်လိုက်ဆိုတော့ ခြေသည်းခွံကို ထုံဆေးနဲ့ ချွတ်ပေးလိုက်တယ်
အခုတော့ အကုန်ပြန်ကောင်းပြီး အလုပ်တွေပြန်လုပ်နေနိုင်ကြပါပြီ 😍

ဆရာရေ ထိပ်ဖြတ်ချင်လို့တဲ့.....  ဘာဖြစ်လို့ဖြတ်ချင်တာလဲမေးတော့?  ကွမ်းသီးခေါင်းမပေါ်ဘူး ဆီးသွားရင်လည်း ဖောင်းလာတယ် အမျိုး...
17/08/2023

ဆရာရေ ထိပ်ဖြတ်ချင်လို့တဲ့.....
ဘာဖြစ်လို့ဖြတ်ချင်တာလဲမေးတော့?
ကွမ်းသီးခေါင်းမပေါ်ဘူး ဆီးသွားရင်လည်း ဖောင်းလာတယ် အမျိုးသမီးနဲ့ အတူနေရင် သိပ်အဆင်မပြေဘူးဆရာတဲ့....
အင်း...ဒါဆိုလည်း ဖြတ်ပေးမယ်ဆိုပြီး
ဖြတ်ပေးလိုက်တော့တယ်
ခုတော့ ဒီညီလေး အနာကျက်ပြီး လုပ်ငန်းခွင်ပြန်ဝင်နေပြီ
#အမျိုးသားလိင်တံထိပ်အရေပြားဖြတ်ခြင်း

Address

စံပြ(2)လမ်းထိပ်၊ စံပြလမ်းမကြီး၊ ကင်မလင်းကျွန်း၊ ပုသိမ်မြို့
Pathein
10011

Opening Hours

Monday 08:00 - 12:00
16:00 - 20:00
Tuesday 08:00 - 12:00
16:00 - 20:00
Wednesday 08:00 - 12:00
16:00 - 20:00
Thursday 08:00 - 12:00
16:00 - 20:00
Friday 08:00 - 12:00
16:00 - 20:00
Saturday 08:00 - 12:00
16:00 - 20:00
Sunday 08:00 - 12:00
16:00 - 20:00

Telephone

+959896244514

Website

Alerts

Be the first to know and let us send you an email when Htoo Thit Clinic - ပုသိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share