Shwe See Sar Clinic

Shwe See Sar Clinic ဒေါင်"မြည်ဖို့ ရွှေဆည်းဆာ နဲ့ ကုကြစို့ 🧑🏻‍⚕️🩺

Clinic Location - ပုသိမ်ကြီးမြို့နယ် ၊ မဲကင်းကုန်းရွာ
အထွေထွေရောဂါ အထူးကုဆေးခန်း 🏥

ဗိုက်အောင့်လို့ လေခံလို့ဆိုပြီး Air X လေဆေးလေးသောက်ပြီးနေတာကအမြဲမကောင်းပါဘူး ..အစားစားချိန်မမှန်တဲ့လူတွေ အချိန်မှန်မစားတ...
16/08/2026

ဗိုက်အောင့်လို့ လေခံလို့ဆိုပြီး Air X လေဆေး
လေးသောက်ပြီးနေတာကအမြဲမကောင်းပါဘူး ..

အစားစားချိန်မမှန်တဲ့လူတွေ အချိန်မှန်မစားတဲ့လူတွေမှာ ဗိုက်အောင့်တာ ၊ ရင်ပူတာ ၊ ဆို့နေတာမျိုးတွေခဏ"ဖြစ်တာ Dr တို့တွေ့ရပါတယ်

အစာအိမ်ဆိုတာက အချိန်နဲ့အမျှ အလုပ်လုပ်နေတဲ့ အင်္ဂါတစ်ခုပါ။ ကိုယ်က အလုပ်များလို့ပဲဖြစ်ဖြစ်၊ မစားချင်သေးလို့ပဲဖြစ်ဖြစ် အစာမစားဘဲ ထားလိုက်ပေမယ့်... အစာအိမ်ကတော့ အစာချေဖျက်ဖို့အတွက် အက်ဆစ် Acid တွေကို ပုံမှန် အချိန်တန်ရင် ထုတ်ပေးနေတုန်းပါပဲ။
အဲဒီအချိန်မှာ ချေဖျက်စရာ အစားအစာက ဗိုက်ထဲမှာ မရှိတဲ့အခါ၊ အဲဒီအက်ဆစ်တွေက အစာအိမ်နံရံကို ပြန်ပြီး တိုက်စားပါတော့တယ်။ ဒါကို အစာအိမ်ရောင်တယ် (Gastritis) လို့ ခေါ်တာပေါ့ဗျာ။

ဒီလိုဖြစ်လာရင် ဘယ်လိုတွေ ခံစားရလဲဆိုတော့

- ရင်ခေါင်းထဲကနေ ပူထူလာမယ်
- လေချဉ်တွေ ခဏခဏ တက်မယ်
- ဗိုက်က ကယ်ပြီး အင့်နေသလို ဖြစ်မယ်။

ပိုဆိုးလာရင်တော့ ဗိုက်အောင့်တာ၊ နာတာတွေပါ ဖြစ်လာပါလိမ့်မယ်။

ဒီတော့ ဗိုက်အောင့်တိုင်း အလွယ်တကူ ဆေးဝယ်သောက်ပြီး ပြီးစလွယ် လုပ်နေလို့ မရပါဘူး။ ဆေးသောက်လို့ ခဏသက်သာသွားရင်တောင် ကိုယ့်ရဲ့ စားသောက်မှုပုံစံ မမှန်သရွေ့ ပြန်ဖြစ်နေမှာပါပဲ။

ကိုယ့်ဘက်ကနေလည်း အချိန်မှန် ထမင်းစားပါ။ အလုပ်အရမ်းများလို့ ထမင်းစားဖို့ အချိန်မရရင်တောင် ဘီစကွတ်လေးဖြစ်ဖြစ်၊ ငှက်ပျောသီးလေးဖြစ်ဖြစ် အဆာပြေ စားပေးပါ။ ဗိုက်ဟာနေချိန် ကော်ဖီအပြင်းစားတွေ သောက်တာမျိုးကို တတ်နိုင်သမျှ ရှောင်ကြပါဗျာ

🏥 Shwe See Sar Clinic
📍 မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ
📞 +95 9 789 977266

#မန္တလေး #ပုသိမ်ကြီး #ကျန်းမာရေး

ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေအထွေးလိုက် ပါလာတဲ့လူတွေအတွက်ပါ ဆရာ၀န်ဖြစ်တာနဲ့အညီ ခေါင်းလျှော်ရည် မတည့်တာ၊ ဂျယ်လ်တွေ၊ ဆိုး...
09/08/2026

ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေအထွေးလိုက်
ပါလာတဲ့လူတွေအတွက်ပါ

ဆရာ၀န်ဖြစ်တာနဲ့အညီ ခေါင်းလျှော်ရည် မတည့်တာ၊ ဂျယ်လ်တွေ၊ ဆိုးဆေးတွေ များသွားတာကြောင့် ဆံပင်ကျွတ်တာတွေက ပြင်ပအကြောင်းအရင်းတွေမပြောဘဲ

ကျန်းမာရေးရှုထောင့်အရ ကျန်းမာရေးပြဿနာတွေဘဲပြောရရင် ..

ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်တတ်တာ သဘာဝပါဘဲ !

ဒါပေမဲ့ ပုံထဲကလို ရေပြွန်ပေါက် ပိတ်သွားလောက်တဲ့အထိ ဒါမှမဟုတ် ခေါင်းဖြီးလိုက်တိုင်း အထွေးလိုက် ပါလာပြီဆိုရင်တော့ "ဒါဟာ သာမန် ဆံပင်ကျွတ်တာလား၊ ရောဂါတစ်ခုခုရဲ့ လက္ခဏာလား" ဆိုတာကို သေချာလေး စဉ်းစားဖို့ လိုလာပါပြီ ..

သိုင်းရွိုက် ပြဿနာ - သိုင်းရွိုက်ဟော်မုန်း အထွက်များတာ ဖြစ်ဖြစ်၊ နည်းတာ ဖြစ်ဖြစ် ဆံပင်ကို သိသိသာသာ ပါးသွားစေ၊ ကျွတ်စေပါတယ်

အာဟာရ ချို့တဲ့ခြင်း - အထူးသဖြင့် သံဓာတ် အားနည်းတာနဲ့ ပရိုတင်းဓာတ် လုံလောက်မှု မရှိတဲ့အခါ ဆံပင်အရင်းတွေ မခိုင်တော့ပါဘူး။

ပြီးတော့ ရက်အကြာကြီး တုပ်ကွေးဖြစ်တာတွေ ၊ ခွဲစိတ်ရအပြီးကာလ‌ တွေမှာဖြစ်‌စေ ဆံပင်တွေ အများကြီး ကျွတ်ကျတတ်ပါတယ်

ဆံပင်ကျွတ်တာကပြဿနာမဟုတ်ပါဘူး
အခုခေတ်မှာ ဆံပင်စိုက်လို့ရတဲ့နေရာတွေအများကြီး
ရှိနေပါပြီ

ဒါပေမဲ့ ဆံပင်ကျွတ်နေတာက ရောဂါတစ်ခုရဲ့
ရှေ့ပြေးလက္ခဏာဆိုရင်တော့ ကျွန်နော်ထိုင်နေတဲ့
ကျွန်နော်ဆေးခန်း - ရွှေဆည်းဆာ အထူးကုဆေးခန်း

ကနေနွေးထွေးစွာကြိုဆိုလျှက်ရှိပါတယ်ခင်ဗျာ

ဆေးခန်းမလာနိုင်တဲ့လူ‌တွေ အနေနဲ့လည်း Online ပေါ်ကနေ Booking တင်နိုင်ပါတယ် အဲ့အတွက်ကိုတော့ Chatbox ကနေ " Online Booking " လို့ပို့ပေးထားပါခင်ဗျ )

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင် အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်ထားလို့ ရပါတယ်ခင်ဗျာ။

🏥 Shwe See Sar Clinic
📍 မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ
📞 +95 9 789 977266 ( Booking / Consulting )

သွေးတွင်းအဆီချဖို့ ဆေးတစ်သက်လုံး သောက်ရတော့မှာလား ? ဆေးမသောက်ဘဲ ချလို့မရဘူးလား !ဒါက ဆေးခန်းမှာလူနာတွေ အမေးအများဆုံး မေးခ...
07/08/2026

သွေးတွင်းအဆီချဖို့ ဆေးတစ်သက်လုံး သောက်ရတော့မှာလား ? ဆေးမသောက်ဘဲ ချလို့မရဘူးလား !

ဒါက ဆေးခန်းမှာလူနာတွေ အမေးအများဆုံး မေးခွန်းတစ်ခုပါ ၊ ဆေးဆိုတာ ဘယ်သူမှ နေ့တိုင်း မသောက်ချင်ကြပါဘူး။

သွေးတွင်းအဆီများတယ်လို့ သိလိုက်ရချိန်မှာ နေ့တိုင်း ဆေးသောက်ရတော့မယ့် ကိစ္စအတွက် စိတ်မွန်းကျပ်သွားတတ်တာကိုလည်း ကျွန်နော်နားလည်ပါတယ်

ပုံလေးထဲမှာ မေးထားတဲ့ ဆေးမသောက်ဘဲ လျှော့ချလို့ ရနိုင်မလား? ဆိုတဲ့ အမေးအတွက် အဖြေကတော့

ရနိုင်ပါတယ် ✅
ဒါပေမယ့် လူတိုင်းအတွက်တော့ မဟုတ်ဘူးပေါ့ဗျာ ..

သွေးဆီ သိပ်မများသေးတဲ့ အစပျိုးအဆင့်တွေမှာဆိုရင် လူနေမှုပုံစံ (Lifestyle) သေချာလေး ပြောင်းလဲလိုက်ရုံနဲ့တင် ဆေးသောက်စရာ မလိုဘဲ ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။ ဆေးမသောက်ချင်ဘူးဆိုရင်တော့ ဒီအချက်လေးတွေ ကိုယ့်ဘက်က ပြောင်းလဲပေးဖို့ လိုပါမယ်

•ဆင်ခြင် - ဆီကြော်စာတွေ၊ အသင့်စား အစားအစာတွေနဲ့ ဝက်သုံးထပ်သားလို တိရစ္ဆာန်အဆီတွေကို တတ်နိုင်သမျှ လျှော့ပါ

•လှုပ်ရှား - ဂျင်မ် (Gym) ကြီး သွားဆော့စရာ မလိုပါဘူး။ တစ်နေ့ကို မိနစ် ၃၀ လောက် မှန်မှန် လမ်းလျှောက်ပေးတာက သွေးတွင်းက မကောင်းတဲ့ အဆီ (LDL) ကို ကျစေပြီး ကောင်းတဲ့အဆီ (HDL) ကို တက်စေပါတယ်

•အလေးချိန် ထိန်း - ကိုယ်အလေးချိန် ၅ ပေါင်ကနေ ၁၀ ပေါင်လောက် ကျသွားရုံနဲ့တင် သွေးတွင်းအဆီကို သိသိသာသာ ကျဆင်းစေပါတယ်

ဒါပေမယ့် သတိထားရမယ့် အချက်တစ်ခု ရှိပါတယ် ❗

မျိုးရိုးလိုက်ပြီး အဆီအရမ်းများနေတဲ့ သူတွေ၊ နှလုံးသွေးကြောပိတ်နိုင်တဲ့ အန္တရာယ် (Risk) ရှိနေတဲ့ သူတွေဆိုရင်တော့ ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ဖြတ်လိုက်လို့ မရပါဘူး ❌

ကိုယ့်ရဲ့ လက်ရှိ သွေးတွင်းအဆီ ပမာဏက ဆေးသောက်ဖို့ လိုနေပြီလား... ဒါမှမဟုတ် အစားအသောက်နဲ့ လေ့ကျင့်ခန်း လုပ်ရုံနဲ့တင် ထိန်းလို့ရတဲ့ အဆင့်လား ဆိုတာကို

သေချာလေး သိချင်တယ်၊ တိုင်ပင်ချင်တယ်ဆိုရင်တော့ ကျွန်နော်ရဲ့ Shwe See Sar ဆေးခန်းကို အချိန်မရွေး လာရောက် ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ !

ဆေးတွေချည်းပဲ အလွယ်တကူ ပေးလိုက်တာမျိုးထက်၊ လူနာတစ်ယောက်ချင်းစီရဲ့ နေ့စဉ်နေထိုင်စားသောက်မှု ပုံစံကိုပါ သေချာမေးမြန်းပြီး အသင့်တော်ဆုံး ကုသမှုမျိုးကို ကျနော်တို့ အတူတူ ညှိနှိုင်းတိုင်ပင်ပြီး ရွေးချယ်သွားကြတာပေါ့

( ဆေးခန်းမလာနိုင်တဲ့လူ‌တွေ အနေနဲ့လည်း Online ပေါ်ကနေ Booking တင်နိုင်ပါတယ် အဲ့အတွက်ကိုတော့ Chatbox ကနေ " Online Booking " လို့ပို့ပေးထားပါခင်ဗျ )

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင် အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်ထားလို့ ရပါတယ်ခင်ဗျာ။

🏥 Shwe See Sar Clinic
📍 မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ
📞 +95 9 789 977266 ( Booking / Consulting )

#ပုသိမ်ကြီး #မန္တလေး #ကျန်းမာရေး
#သွေးတွင်းအဆီ

တကယ်ဘဲ ခေါက်ဆွဲထုတ်တွေက အများကြီးစားရင်ဘေးကင်းရဲ့လား ?ဒီအသင့်စား ခေါက်ဆွဲထုပ်တွေထဲမှာ ကျွန်‌နော်တို့ရဲ့ ကျောက်ကပ်ကို ဝန်...
05/08/2026

တကယ်ဘဲ ခေါက်ဆွဲထုတ်တွေက အများကြီးစားရင်ဘေးကင်းရဲ့လား ?

ဒီအသင့်စား ခေါက်ဆွဲထုပ်တွေထဲမှာ ကျွန်‌နော်တို့ရဲ့ ကျောက်ကပ်ကို ဝန်ပိစေနိုင်တဲ့ ဆား (Sodium) ပါဝင်မှု အရမ်းများနေလို့ပါပဲ။

ဒါ့အပြင် အာဟာရဓာတ် လုံးဝနီးပါး မပါဝင်ဘဲ ကာဗိုဟိုက်ဒရိတ်ချည်းပဲ ဖြစ်နေတာကြောင့် ကလေးတွေက ဗိုက်သာဝသွားပြီး ခန္ဓာကိုယ်အတွက် တကယ်လိုအပ်တဲ့ အာဟာရကို မရလိုက်ပါဘူး

ဒါကိုတစ်ချို့ရုံးသမားလေးတွေကမသိကြပါဘူး ၊ ညစာအတွက်ရှောင်ပြီး ခေါက်ဆွဲပြုတ်ဆိုပြီးသီးသန့်စားကြပါသေးတယ် ။

ဒါအပြင် ဒီထဲမှာပါတဲ့ MSG အချို့မှုန့်တွေ တာရှည်ခံဆေးနှင့်တွေက ကလေး‌ ကော လူကြီးပါအာရုံစူးစိုက်မှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

ဒါဆို လုံးဝစားလို့မရတာလား ?

အဲလိုတော့လည်းမဟုတ်ပါဘူး ၊ စားလို့တော့ရပါတယ်
ဒါပေမဲ့နေ့တိုင်းမစားဖို့နဲ့ စားတိုင်းနဲ့ ဟင်းသီးဟင်းရွက် ၊ ကြက်ဥ နဲ့ အသားလေးတွေထည့်စားပါ ။ ခေါက်ဆွဲမှာပါတဲ့ အမှုန့်ကိုအကုန်မထည့်ပါနဲ့ လိုသလောက်ဘဲသုံးပါ ..

ခေါင်းဆွဲပြုတ်မှရှိတဲ့ ရုံးက ဘော်ဒါတွေ ၊ ကိုယ့်သားသမီးတွေ ၊ မိတ်ဆွေတွေအတွက် ဒီ Content လေးကသူတို့အတွက်အကျိုးရှိတာမို့ Share သွားဖို့မမေ့ပါနဲ့ခင်ဗျာ

ကျွန်နော် Dr Thurein ပါ ၊ မန္တလေး / ပုသိမ်ကြီး /
မဲကင်းကုန်း ရွှေဆည်းဆာ အထူးကုဆေးခန်းမှာထိုင်ပါတယ်ခင်ဗျ !

ကျွန်နော်နဲ့ပြမယ်ဆိုရင် ရက်ချိန်းလေးတော့ကြိုယူထားပေးပါခင်ဗျာ ၊ အဆုံးထိဖတ်‌ ပေးတဲ့အတွက် ကျေးဇူးပါ !

ဆေးခန်း Booking တင်ရန်
ဖုန်းနံပါတ် - +959789977226

#ခေါက်ဆွဲခြောက် #ကလေး #လူကြီး #ရုံးသမား #ရွှေဆည်းဆာ

အသက် ၄၀ နောက်ပိုင်းမှာ အရင်လို အစားအသောက်လေး ဆင်ခြင်ရုံနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ အလုံအလောက် မရနိုင်တော့ပါဘူ...
28/07/2026

အသက် ၄၀ နောက်ပိုင်းမှာ အရင်လို အစားအသောက်လေး ဆင်ခြင်ရုံနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ အလုံအလောက် မရနိုင်တော့ပါဘူး။

ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူနိုင်စွမ်း ကျလာတဲ့အတွက် မဖြစ်မနေ မှီဝဲသင့်တဲ့ ဖြည့်စွက်အာဟာရ (၃) မျိုး ရှိပါတယ်။

🦴 ကယ်လ်ဆီယမ် နှင့် ဗီတာမင် D (Calcium & Vitamin D)

အမျိုးသမီးတွေ သွေးဆုံးချိန်နဲ့ အမျိုးသားတွေ အရွယ်ကျလာချိန်မှာ အရိုးသိပ်သည်းဆတွေ လျော့ကျလာပါတယ်။ အရိုးပွတာ၊ အရိုးကျွတ်ဆတ်တာနဲ့ ခါးနာ/ဒူးနာတာတွေ မဖြစ်အောင် Calcium နဲ့ Vitamin D ကို တွဲပြီး သောက်ပေးဖို့ လိုအပ်ပါတယ်။

🐟 ငါးကြီးဆီ (Omega-3)

သွေးကြောတွေ မာတောင့်တာကို ကာကွယ်ပေးပြီး သွေးတွင်း အဆီဓာတ်ကို ထိန်းညှိပေးပါတယ်။ နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုလို့ နေ့စဉ် မဖြစ်မနေ သောက်သင့်တဲ့ အာဟာရတစ်ခုပါ။

🧠 ဗီတာမင် B (Vitamin B Complex)

အသက်ကြီးလာတဲ့အခါ အာရုံကြောတွေ အားနည်းလာတတ်ပါတယ်။ ခြေလက် ထုံကျဉ်တာ၊ အလွယ်တကူ မောပန်းနွမ်းနယ်တာတွေ မဖြစ်အောင် အာရုံကြောအားဆေးဖြစ်တဲ့ Vitamin B Complex ကို သောက်ပေးဖို့ လိုပါတယ်။

⚠️ ဒါပေမဲ့ အားဆေးတိုင်းကို ကိုယ့်သဘောနဲ့ကိုယ် ဝယ်မသောက်ဘဲ ကိုယ့်ရဲ့ လက်ရှိ ကျန်းမာရေး (ဆီးချို၊ သွေးတိုး၊ အသည်း၊ ကျောက်ကပ်) အခြေအနေနဲ့ ကိုက်ညီမှု ရှိ/မရှိ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့တော့ လိုအပ်ပါတယ်နော်။

ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဘယ်လို အားဆေးမျိုး သောက်သင့်လဲဆိုတာကို သေချာဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့

ဆရာမတို့ ရွှေဆည်းဆာကိုလှမ်းလာခဲ့ဖို့
နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ရှင့်

📍ဆေးခန်းလိပ်စာ - Mdy , ပုသိမ်ကြီး - မဲကင်းကုန်း
📞 Booking တင်ရန်ဖုန်းနံပါတ် - +959789977226

#ရွှေဆည်းဆာအထူးကုဆေးခန်း #ဖြည့်စွတ်စာ #ကျန်းမာရေး #မြန်မာနိုင်ငံ #အသက်၄၀ကျော်

20/07/2026

ရွှေဆည်းဆာဆေးခန်း လူနာများရဲ့စကားသံများ - Part 6

#၂၄နာရီကျန်းမာရေးဝန်ဆောင်မှု #ရွှေဆည်းဆာဆေးခန်း #ပုသိမ်ကြီး #မဲကင်းကုန်း

14/07/2026

ရွှေဆည်းဆာဆေးခန်း လူနာများရဲ့စကားသံများ - Part 5

#၂၄နာရီကျန်းမာရေးဝန်ဆောင်မှု #ရွှေဆည်းဆာဆေးခန်း #ပုသိမ်ကြီး #မဲကင်းကုန်း

06/07/2026

ခွေးကိုက်ခံလာရတဲ့ ကလေးလေး

သေချာဂရုတစ်စိုက်ကာကွယ်ဆေးထိုးပေးဖြစ်ခဲ့ပါတယ်

#ခွေးကိုက်ခြင်း #ရွှေဆည်းဆာ

30/06/2026

နှလုံးအားနည်းနေတဲ့ ဖွားဖွားကို ဒီနေ့ကုသပေးဖြစ်ခဲ့တာလေးကိုမျှဝေပေးလိုက်ပါတယ်

ဆေးခန်းလိပ်စာကတော့ - မန္တလေး / ပုသိမ်ကြီး - မဲကင်းကုန်း
ဖုန်းနံပါတ် - 0978997726

#ရွှေဆည်းဆာအထူးကုဆေးခန်း #၂၄နာရီကျန်းမာရေးဝန်ဆောင်မှု #မိဘ #ရွှေဆည်းဆာဆေးခန်း #ကျန်းမားရေး

27/06/2026

ကိုယ်၀န် ဆောင်ချိန်မှာ သတိထားရမယ့် အန္တရာယ်များ

#ရွှေဆည်းဆာအထူးကုဆေးခန်း #၂၄နာရီကျန်းမာရေးဝန်ဆောင်မှု #အမျိုးသမီးကျန်းမာရေးပြဿနာ

Address

Patheingyi

Alerts

Be the first to know and let us send you an email when Shwe See Sar Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share