Htet WaiYan Kyaw

Call

Htet WaiYan Kyaw Your Spiritual Guide

07/09/2026

#‌ငွေကြေးလာဘ်ရွှင်‌စေသောစမပုံတော် #

07/09/2026

🌿ကပ်ကျော်အန္တရာယ်ကင်းမန္တန်ကြီး
✨✨✨✨✨✨✨✨✨

ထိပ်မှာဘုရား နားမှာ ဗြဟ္မာ လည်မှာသိကြား တင်ပါးဘီလူး ဒူးကခြင်္သေ့ ကိုယ်ကဂဠုန် ခြေမှာနဂါး အစောင့်ထားသည့် ဘုရားမြတ်စွာ မေတ္တယျကို အမှန်ကိုးကွယ်ပါ၏ဘုရား
ကကုဿန် ကောဏဂုံ ကဿပ ဂေါတမအဓိမေတ္တယျ သက်တော်ဝင် ဇော်ဝင်ဈန်ဝင် မဟာဗိသရော ဗောဓိနှစ်တန် ဉာဏ်တော်ဆယ်ပါး ဘုရား တရား သံဃာ အရေတော်ရွှေအဆင်းအလား ဦးခေါင်းတော်ကမြင့်မိုရ်တောင် မျက်လုံးတော်ကပုလဲရောင် သွားတော်ကဝရဇိန် လည်တော်ကသံချောင်း မဏ္ဏိတော်က ဗောဓိညောင်ဖြစ်သည် ဘုရားရှင်ပညာတော်နှင့်ထိုး၍မဝင် ချီ၍မမြဲ ဖမ်း၍မမိ ပစ်၍မမှန် ဥုံအရဟံ ခံဆရာခံ နဘယံဘေးမရှိ ဘေးဘယာနမရှိ

⚜️ဤကပ်ကျော်အန္တရာယ်ကင်း မန္တာန်တော်ကြီးမှာ ရန်အန္တရာယ်နှင့်ရင်ဆိုင်တွေ့ကြုံနေချိန် သို့မဟုတ် တွေ့ဆုံလတ္တံ့သောအချိန်တွင် ရွတ်ဆိုဟိန်းရသောမန္တန်ကြီးဖြစ်သည် ရှေးဆရာအစဉ်အဆက်အသုံးပြုခဲ့သောမန္တန်ကြီးဖြစ်သည်။

05/09/2026

လာဘ်မိုးဆွေစေဖို့ ခုပုံလေးကိုကတ်လောင်းပြီး မိမိအိမ်ပေါက်ဝ ၊ ပိုက်ဆံအိတ် ၊ ငွေထားရာနေရာတို့မှာထားပေးနိူင်ပါတယ်ခင်ဗျ

05/09/2026

ဆုံးမယ့်အကြွေးတွေရချင်သလား

မိမိရစရာရှိတာတွေမရတော့ဘူး
ဆုံးတော့မယ်လို့ထင်တဲ့ငွေကြေးတွေအဆင်ပြေအောင် ဒီနည်းလေးကိုလုပ်ကြည့်ပါ

မြေအိုးအသစ်တလုံးဝယ်ပါ
မြေအိုးထဲကို သဲအတန်အသင့်ထည့်ပါ
ကိုယ့်ဆီကငွေချေးသွားသူက

တနင်္ဂနွေ ဆိုရင် အုန်းသား
တနင်္လာ ဆိုရင် ကံ့ကော်သား
အင်္ဂါ ဆိုရင် ဇီးသား
ဗုဒ္ဓဟူး ဆိုရင် ဝါးသား
ကြာသပတေး ဆိုရင် ပေါက်သား
သောကြာ ဆိုရင် သီးသား
စနေ ဆိုရင် ထန်းသား
ထိုအသားများ လက်ခလယ်လက်တဆစ်ဖြတ်ပြီး သဲထဲကိုစိုက်ပါ ပြီးရင် ရေလောင်းကာ အမိန့်ဩဇာသံပါပါနှင့်
မောင်/မ ငါ့ဆီက ယူသွားတဲ့ အကြွေးပြန်လာပေး ဆိုပြီး ပြောပါ နေ့တိုင်းလုပ်ပေးပါ။

03/09/2026

ကိုယ့်လုပ်ငန်းတွေလုပ်ရင်းလုပ်ရင်းမြှပ်လာနေရင် မြေအောင်းဥ (မြေပဲ ၊ ဝါးဥ ၊ ပိန်းဥ ၊ ကန်စွန်းဥ)စသည်တို့ကို မကြာမကြာ ဘုရားရှင်အား ထမင်းဆီဆမ်းပြီး ထိုမြေအောင်းဥတွေနဲ့ဆပ်ကပ်ပူဇော်ပေးပါ။

မုန့်လုံးရေပေါ် မြတ်စွာဘုရားအားဆပ်ကပ်လှုဒါန်း‌ခြင်းအား
ပြုလုပ်ပေးပါ။

ထိုသို့မကြာမကြာပြုလုပ်ပေးပါက မြှပ်နေတာတွေအမြန်ဆုံးပေါ်ပြီး အရောင်းမထွက်တာတွေအရောင်းထွက်ခြင်း ၊ ပိတ်ဆို့နေသောစီးပွားရေးများပွင့်လန်းခြင်း ၊ ရောင်းပန်းဝယ်ပန်းသာခြင်းစသည့်အကျိုးကျေးဇူးများရရှိလာပါမည်။

02/09/2026

သံပုရာသီး တစ်လုံးလိုရာသုံး
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

အခုရေပန်းစားနေတာရှိတယ်
ဒေါ်လာလည်းမကိုင်နဲ့
ရွှေလည်းကိုင်မထားနဲ့ အိမ်ခြံမြေလည်းကိုင်မထားနဲ့
သံပုရာသီးပဲကိုင်ထား ဆိုတာလေး။ဟုတ်ပါတယ် သံပုရာသီးကိုင်ထားတာပိုကောင်းပါတယ်။
အခုလို ခိုး ဆိုး လု နှိုက် တို့ဆေးစတာ တွေပေါနေတဲ့အချိန်မှာ သံပုရာသီးကိုင်ထားတာအကောင်းဆုံးပါ။
သံပုရာသီးကို ဘယ်လိုစီရင်ပြီးကိုင်မလည်း။
လွယ်ပါတယ်ဗျာ။
အနာအစာကင်းတဲ့ သံပုရာသီး တစ်လုံးကို သန့်စင်သွားအောင် ဆေးကြောပါ။
ပြီးရင် သံပုရာသီးပေါ်မှာ ဗုဒ္ဓံ ဓမ္မံ သံဃံ ဆိုပြီးရေးပါ။ဘာနဲ့ရေးရေးရပါတယ် (အကောင်းဆုံးကတော့ သိမ်ဝင်ထားတဲ့ အရာဝတၳုတစ်ခုခုပေါ့၊ဥပမာ အပ်တို့ ကညစ်တို့ ဘောပင်တို့လိုမျိုး )အဲ့လိုရေးပြီးရင် ငါးပါးသီလ ခံယူဆောက် တည်ပြီး သရဏဂုံ ၃ပါး ၃ခေါက်ရွတ် အောင်ဂါထာ ၃၇ခေါက် ရွတ်ပြီး ဆောင်ထားယုံပါပဲ။ အဲ့ ဆောင်ထားတဲ့အချိန် နေ့စဉ် စီရင်ထားတဲ့ သံပုရားသီးကို စဓဗဝ ဂါထာနှင့် ၇ခေါက်ရွတ်မန်းပေးရပါမယ်။
အိမ်ရဲ့ထောင့်လေးထောင့်မှာလည်း စီရင်ပြီးထားပေးခြင်းဖြင့် အိမ်ခြံလုံခြုံစေပါတယ်။
ကြားဖူးကြမှာပေါ့ သံပုရာသီးခေါင်းအုံးအိပ်ရင် သူခိုးဓားပြလာရင် သိတယ် ဆိုတဲ့စကားလေး အဲ့တာက ဒီနည်းနဲ့စီရင်တာပါဗျာ။ တခြားနည်းနဲ့စီရင်တာလည်း ရှိကောင်းရှိပါလိမ့်မယ် အဲ့လိုဆောင်ထားပြီး သံပုရာသီးခြောက်သွားရင် မလွင်ပြစ်နဲ့ဗျ။ ထပ်သုံးလို့ရတာရှိသေးတယ်။ အဲ့သံပုရာသီးကို ခြောက်သွေ့သွားအောင်နေလှန်း၊ ခြောက်သွားရင် ညနေပိုင်းနေဝင်ချိန်မှာ အဲ့သံပုရာသီးခြောက်ကို အိမ်ရဲ့အလည်လောက်ကနေမီးရှို့ပေးလိုက်။ မီးရှို့နေတဲ့အချိန် ဂါထာရွတ်ဆိုပေး။ မကောင်းတဲ့အတိုက်အခိုက်တွေကင်းစေတယ်၊ အိမ်ဆူအိမ်ပူတာတွေအေးစေတယ်၊ အိမ်မှာ နေထိုင်တဲ့သူတွေ ကျန်းမာရေးကောင်းစေတယ်၊ အိမ်သန့်စေပါတယ်ဗျ။
ကျန်ပါသေးတယ် မပြီးသေးဘူး မီးရှို့ပြီး ကြွင်းကျန်ခဲ့တဲ့ပြာကို မလွှင့်ပြစ်နဲ့အုံး
ခံတွင်းနဲ့ပက်သက်တဲ့ရောဂါတွေ အတွက်ကုလို့ရသးတယ် သွားနာတာ၊ သွားဖုံးရောင်တာတွေ သိပ်ပေးလို့ရတယ်။ပါးစပ်နံတာတွေအတွက် ဆားလှော်နဲ့ ရောပြီးသွားတိုက်ပေးလို့ရတယ်။
အလုပ်အကိုင်နဲ့ပက်သက်ပြီး ကိုယ်ပြောစကားအောင်ချင်တဲ့အခါမျိုးမှာ စကားပြောဆိုဖို့မသွားခင် အဲ့ပြာနဲ့ သွားတိုက်ပြီးမှ စကားပြောဆိုပါဗျာ။

Credit:::မူရင်းရေးသားသူအားရိုသေစွာဦးထိပ်ပန်ဆင်ပါသည်။

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Susu Wi...
02/09/2026

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Susu Win, Iang Bor, Nilar Win, Miee Miee Maw, Hnin Nu Nu Aye, Aung Min Khant, Myamya San, Tharmrat Aks, လဲ့လဲ့ ျမင့္, Htut Htut Hlaing, ToeToe, Pyiaungsan, Soe Moe Nwe, Šă Šăñ Ñűam, KyawKyaw KyawLay, Hla Lay Tin, Zin Bo Khant, ဒေါ် မြင့်ကြူ, Saung Pan, Nadi Myo Win, Mc Kaungpyae, Shwe Sin, Mi, Thidar Oo, Ma Nilar, Moe Htet Yan, Zue Zue, Khine Thazin, ေကာင္း, Zay Yar Min, Khaing Sapal, ခရေ ခရေ, Uaye Cho, Popaclan Clanpops, Kay Kay, Ma Yu, San Dar Shwe, Sai Thint, တွမ်တီ ဝမ်း, Khaing Lay, Daw Win May, Love Live, หผร หไำ, San San, Yinnmar Win, Aye Aye Mar, Hla Myaing Hla Myaing, Kyaw Thin, Shar Shar, Ei Pwint Phyu

31/08/2026

🌿နေလဂါထာတော်ထူး🌿

(အလုပ်လိုကအလုပ်၊ရွှေလိုကရွှေ၊ငွေလိုကငွေ အခက်အခဲတွေအကုန်ပြေပျောက်စေသည့်ဂါထာတော်)

နေလ ဂမ္ဘီရဂျာနယ်အမှတ်-၅၄ မှ ကူးယူဖော်ပြသည်။

နေလဂျာနယ်အမှတ် ၄၇တွင်ပါရှိသော စာရေးဆရာ မောင်သွေးရင့်ရေးသားသည့် "သာမညတောင်ဆရာတော်ဘုရားကြီး နှင့် ကိုယ်တွေ့အဓိဋ္ဌာန်" ဆောင်းပါးတွင် ပါဝင်သော အကြောင်းအရာလေးတစ်ခုကို ဖတ်မိသောအခါ ကျွန်ုပ်သည်လွန်စွာစိတ်ဝင်စားမိလေ၏။
ထိုအကြောင်းအရာမှာ သာမညဆရာတော်ဘုရားကြီး ချီးမြှင့်ခဲ့သည်ဟုဆိုသော နေမင်းကိုအဖ၊လမင်းကိုအမိထား၍ တိုင်တည်သည့်ဂါထာအကြောင်းရေးသားထားသည်ကိုဖတ်ရှုရသည် သို့ရာတွင်ဆရာမောင်သွေးရင့်သည်ထိုဆောင်းပါး၌ဂါထာအပြည့်အစုံကို မမှတ်မိသဖြင့်မဖော်ပြနိုင်ကြောင်းဝန်ခံထား၏။
ကျွနိုပ်သည်လည်းထို"နေနှင့်လဂါထာ" တော်ကိုလက်ဝယ်ရရှိထားသဖြင့်နေ့စဉ်ရွတ်ဖတ်ခဲ့သည်မှာ အနှစ်နှစ်ဆယ် တိုင်ခဲ့ပြီဖြစ်၏။ ကျွန်ုပ်မူကားထိုဂါထာအားကောင်းစွာရ၏။ ကောင်းစွာရွတ်ဖတ်၏
ကျွန်ုပ်သာမကသေး ကျွန်ုပ်ပတ်ဝန်းကျင်ရှိ မိတ်ဆွေများ၊ တပည့်များအားလည်းပေး၍ရွတ်ဖတ်ပူဇော်စေ၏
ထူးဆန်းနေသည်ကား ကျွန်ုပ်ထိုဂါထာကိုရရှိခဲ့သည်မှာသာမညဆရာတော်ဘုရားကြီးထံမှမဟုတ်ဘဲ တစ်ချိန်တစ်ခါကသာမညဆရာတော်ဘုရားကြီးကဲ့သို့ နေလိုလလို ထွန်းကားတောက်ပခဲ့သော ဆရာတော်တစ်ပါးကြီးထံမှဖြစ်၏
ထိုဆရာတော်ဘုရားကြီးသည်ကား အင်းလေးကန်အနီး အင်းတိမ်ရွာနှင့် နှစ်မိုင်အကွာ ရွှေဥဒေါင်းတောင်ပေါ်တွင် သီတင်းသုံးခဲ့သော ဘဒ္ဒန္တကုမာရအမည်တော်ရသည့် ရွှေဥဒေါင်းတောင်ဆရာတော်ဘုရားကြီးပင်ဖြစ်ပါ၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုဆရာတော်ဘုရားကြီးမှာလည်း သာမညဆရာတော်ကြီးကဲ့သို့ပင် ပအိုဝ့်တိုင်းရင်းသားဖြစ်ပါ၏။
ရွှေဥဒေါင်းဆရာတော်ဘုရားကြီးသီတင်းသုံးသည့်တောင်ပေါ်မှာလည်း နေ့စဉ် မိုးလင်းမှမိုးချုပ်ထမင်းစားဆောင်ဖွင့်လှစ်ထား၏။ လူမျိုးမရွေးဝင်ရောက်စားသောက်နိုင်၏။
သက်သတ်လွတ်ဟင်းလျာမဟုတ်သော်လည်း သားကြီးငါးကြီးများမချက်ဘဲ ငါးနီတူငါးလေးများကဲ့သို့ ငါးနှုတ်ငါးဖွဲကလေးများကိုသာဖတ်လပ်ငရုတ်သီးများဖြင့်ကြော်လှော်၍ကြွေး၏။ ပဲဟင်းကိုစပါယ်ရှယ်ချက်၏ အင်းထဲမှထွက်သော ခရမ်းချဉ်သီး၊ဆလပ်ရွက်၊ဂေါ်ဖီထုပ် စသည်တို့ဖြင့် အတို့အမြှုပ်များပါ၏။ စား၍အလွန်မြိန်၏။ ဆာသလောက်အကြိမ်ကြိမ်စားနိုင်၏ သတ်မှတ်ချက်မထား။ တကယ့်ကို ထမင်းရေချောင်းစီးနေ့စဉ်လှူနေခြင်းဖြစ်၏။
ကျွန်ုပ်တို့တောင်ပေါ်ရောက်ရှိနေစဉ်မှာပင် လွိုင်ကော်မြို့မှ ပအိုဝ်တိုင်းရင်းသားများအဖွဲ့သည် စက်လှေကြီးများဖြင့် လာရောက်ကြကာတစ်နေ့တည်းမှာပင်ဆန်အိတ်ကိုးဆယ် လာရောက်လှူကြ၏။ ကိုယ်ပါရော၍သာဓုခေါ်ခဲ့မိ၏။
ထိုအချိန်ကထူးခြားချက်တစ်ခုကိုမှတ်မိနေသည်ကားတရုတ်လူမျိုးများလာရောက်လှူဒါန်းထားသည့်ဆရာတော်ဘုရားပျံလွန်တော်မူပါကထည့်သွင်းရန်အတွက် မှန်ခေါင်းကြီးတစ်လုံးပင်ဖြစ်သည် ထိုမှန်ခေါင်းကြီးကား ကျွန်ုပ်တို့အိပ်ရသည့်နေရာနှင့် မနီးမဝေးတွင်ရှိ၏။ မှန်ခေါင်းကြီး၏ပတ်လည်တွင် ဂဠုန်ရုပ်၊ကျားရုပ်၊ခြင်သေ့ရုပ်၊ဆင်ရုပ်၊ စသည့်နေ့ခုနှစ်နေ့အထိမ်းအမှတ်ခုနှစ်ရုပ်ကိုသစ်သားဖြင့်ထုလုပ်ကာထားရှိ၏ ရွှေချထား၏။ မှန်ခေါင်းကိုကွပ်သည့် သစ်သားဘောင်များကိုလည်းရွှေချထား၏။
ခပ်ငယ်ငယ်ဖြစ်၍ ထိုအခေါင်းကြီးကိုကြည့်ကာ ကျောထဲစိမ့်မိခဲ့သေး၏။ ဆရာတော်ဘုရားကြီးတရားထိုင်ခဲ့သည်ဆိုသောဂူအား ငုံ့ကြည့်မိသောအခါတွင်ကား ကြက်သီးဖျန်းဖျန်းထမိ၏။ ထိုရွှေဥဒေါင်းတောင်ဆရာတော်ဘုရားကြီးအားတချို့ကရဟန္တာပုဂ္ဂိုလ်ကြီးဟုဆိုကြ၏။ ဆရာကြီးမင်းသိခ်ကမူကား "ရွှေဥဒေါင်းဆရာတော်ကြီးဟာ ရဟန္တာကြီးကွ" ဟုကျွန်ုပ်အားပြောခဲ့ဖူး၏။
ထိုဆရာတော်ဘုရားကြီး၏ တန်ခိုးသိဒ္ဓိအစွမ်းများအား စာရှည်မည်စိုး၍မရေးတော့။ ဆရာတော်ဘုရားကြီးချီးမြှင့်သည့် နေလဂါထာတော်အားဖော်ပြပါမည်။

🌷နေလဂါထာတော်🌷
ဥသျှောင်ပါးနား၊နှုတ်ဖျားလျှာက စောင့်ထသူရဿတီ၊အညီမကွာ ပညာနှင့်ဥာဏ်၊အကြံပေးတတ်ကိုယ်စောင့်နတ်ကလာဘ်လည်းမကွာ
လိုတ,ရတိုင်းရစေသော်ဝ်။
အသက်တစ်ရာရှည်စေသော်ဝ်။
ဥုံတစ်ရာသိဒ္ဓိဝန္ဒာမိ၊
လေးကျွန်းလေးမျက်နှာ။
နေ က ငါ့ဖ၊လ က ငါ့မိ
သွားလေရာရာ...
မဟာဂီရီနတ်မင်းကြီးသမီး
ငါ့အားမစေသော်ဝ်။

အထက်ပါဂါထာတော်အား တစ်ခေါက်ရွတ်ပြီးပါက သမ္ဗုဒ္ဓေတစ်ခေါက် ဆက်ရွတ်ပါ။
(သမ္ဗုဒ္ဓေရွတ်ပြီးပါက ကိစ္စပြီးပါသည်) ဤသို့ဖြင့်ခုနှစ်ကြိမ်ခုနှစ်ခါ နေ့စဉ်ရွတ်ရ၏ အကျိုးကား အနန္တဖြစ်၏။

အလုပ်လိုချင်လျှင်အလုပ် ငွေလိုချင်ငွေ၊ရွှေလိုချင်ရွှေ အခက်အခဲဟူသမျှ ပြီးစီး၏။
သိသူဖော်စား၊ မသိသူကျော်သွား၊ယုံသူရွှေ၊မယုံသူနေ။ လုပ်ကြည့်မှအဟုတ်သိမည့်ဂါထာထူးဖြစ်၏။
မှတ်မှတ်ပြောစရာထဲတွင် ယနေ့ နာမည်ကြီးတစ်ယောက်ဖြစ်သောပန်းချီရွှေစိုးဟန်သည် နယ်မှလာသူဖြစ်၏။ ရန်ကုန်ရောက်ကာစ ကျွန်ုပ်နှင့်တွေ့၏။ ကျွန်ုပ်အားအစ်ကိုကြီးသဖွယ်အားထား၍ အလုပ်အကိုင်များအပ်လာသည့်ဂါထာများရှိပါကပေးရန်တောင်းဆို၏။
ထိုအခါကျွန်ုပ်သည်လည်း အထက်ပါဂါထာတော်အား မဆိုင်းမတွပေးလိုက်၏။ မနက်၊နေ့လည်၊ည သုံးကြိမ်ရွတ်ရန်မှာ၏။ ဆရာဝန်ဆေးပေးသလိုဖြစ်၏။ ဆရာရွှေစိုးဟန်ကား အလုပ်လောဘ ကြီး၏ များများရွတ်လျှင်များများအလုပ်လာအပ်လိမ့်မည်ဟု ယူဆ၍အားတ်ိုင်းရွတ်၏။
အမှန်တစ်ကယ်လည်း အလုပ်တွေ တစ်ခုပြီးတစ်ခုအပ်လာ၏။ နောက်ဆုံးမနိုင်နိုင်အောင်ဖြစ်လာရ၏။ နောက်ဆုံး၌ကား...
"ကျွန်တော်တော့ အစ်ကိုပေးတဲ့ဂါထာကိုအစ်ကိုပြောသလိုတစ်နေ့သုံးကြိမ်ဘဲရွတ်ရတော့တယ်အစ်ကို၊ မဟုတ်ရင် အလုပ်တွေလုပ်ရပါများလို့ခါးချည့်တော့မယ်"ဟုပြောလေတော့၏။ ဤအဖြစ်အပျက်အား အပိုမပါ အရင်းအတိုင်းဖြစ်ကြောင်း ကြုံကြိုက်လျှင် ပန်းချီဆရာရွှေစိုးဟန်အားမေးကြည့်နိုင်ပါသည်။

credit - ဂါထာတော်မြတ်များ

Address

1Street
Pyay

Telephone

+959970650815

Website

Alerts

Be the first to know and let us send you an email when Htet WaiYan Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share