Dr.OG This page will be sharing prevention and treatment options for women's health. Obstetrics and Gynaecology

27/01/2026

ELSA App အကြောင်း review လေးရေးချင်လို့
၂၀၂၄ တုန်းက lifetime pro ဆိုလို့ 2024 Nov မှာ ဝယ် လိုက်တယ် limited ပဲရတယ် တော်တော်များများ lock ဖြစ်နေလို့ 2025 January မှာ lifetime premium promotion လုပ်လို့ ထပ်ဝယ် ပြန်တယ် တခါဝယ် အော်ဇီ 169 AU နဲ့ ဝယ်ပြီး 3 month မှာ pro nor premium မဟုတ်ပဲ ဘာမှ မရတော့ပဲ lifetime premium
ထပ်ဝယ်ခိုင်းပြန်ရော email ပို့ complain တက်ပြီး နောက် ၃ လ အကြာထပ်ဖြစ်ပြန်ထပ်ပြီ receipt ပို့ပြီး complaint တက်ရပြန်ရော ပြီးရင် App က 20 min ဆို ထပ် practice လုပ်မရ auto ပိတ် conversation တွေကလည်း ကိုယ်ပြောရမဲ့ဟာ မပေါ် အခု နောက်ဆုံး က totally ပိတ်ပြီး log in လည်းမရတော့ အသစ်ကို sign up ပြန်လုပ်ခိုင်းနေတယ် အမယ် review လည်း App Store မှာ လုံးဝရေးမရအောင်လုပ်ထားတယ် နော် Review လုံးဝ ရေးမရဘူး email တော့ ထပ်ပို့ထားတယ် ဘယ်လိုလာမယ် မသိဘူး ဒါကြောင့် ELSA App ဆို ဝေးဝေးသာရှောင်ကြပါလို့

17/11/2025

👉🏻👉🏻👉🏻စိတ်ရဲ့ ထောင်ချောက်များအကြောင်း နဲ့ Power of Mind
ခေါင်းစဉ်ဖတ်ပြီး ဟာ ဒီ OG တော့ လိုင်းကြောင်ကုန်ပြီလို့ ထင်သွားလား
ခု ကာလ မှာ career တွေက တသတ်မှတ်ထဲမရှိပဲ လုပ်ရလိုက်မလုပ်ရလိုက် displacement ရှိနေကြတဲ့ လူတွေ အများကြီး စိတ်ဒဏ်ရာ ရှိနေကြမှာပဲ
ဆုံးရှုံးတာ တွေ တွေးပြီး ဘာမှ စမလုပ်နိုင်ပဲ ရပ်တန့်ပြီး တနေ့တနေ့ social media အပေါ်ိအောက်ကြည့် စိတ်တွေကျ ဘာမှ အလုပ်မဖြစ်ပဲ ရပ်တန့်နေရတဲ့ အချိန်တွေရှိကြလား
ကျန်မလည်း လူတိုင်းနီးပါးနဲ့ ထပ်တူပါပဲ ဘာမှ မလုပ်နိုင်ပဲ စိတ်ကျနေတဲ့ အချိန်တွေရှိပါတယ် စိတ်ထဲက လုပ်သင့်ပြီလို့ သတိပေးနေပေမဲ့ ခန္ဓာကိုယ်က ဘာမှ မလုပ်နိုင် အာရုံမစိုက်နိုင် ပဲ သုများတွေ အောင်မြင်မှုကို ကြည့်ပြီး ဘာမှလည်းဆက်မလုပ် ကိုယ့်ဖာသာကိုယ် အပြစ်ပဲတင်ပြီး နေနေမိတယ် အချိန်တွေအများကြီးကုန်သွားတယ် ဘာမှ ဖြစ်မလာဘူး
Podcast လေးတွေ ရှိတယ် လေ morning affirmations တို့ လုပ်လဲ ကိုယ့်အကြောင်းကိုယ် အသိဆုံးပဲမလား ဘာမှမလုပ်တော့ စိတ်က တက်မလာဘူး
နောက် Mel Robin ဆိုတဲ့ အမျိုးသမီးရဲ့ podcast လေး တွေနားထောင် မိတယ် သူ့ Podcast တွေအများကြီးပဲ အကြောင်းအရာတွေက ထပ်နေတာပဲ အဓိက အချက်တွေကတော့ မင်းဘဝက မင်းတာဝန်ပဲ ဘယ်သူကမှလာမကယ်ဘူး မိဘ၊ ယောကျာ်း ဘယ်သူမှ မကယ်နိုင်ဘူး ကိုယ်ရောက်ချင်တဲ့ နေရာကို ကိုယ်တိုင်ပဲသွားရမယ် ဘယ် universe ကမှ ဘာ အလုပ်မှ မလုပ်ပဲ results မပေးဘူး အများကြီး မလုပ်နိုင်တောင် သေးသေးလေးကနေ လုပ် အဲ့ဒီရတဲ့ အောင်မြင်မှုကနေ ဦးဏှောက်ထဲက ဒိုပါမင်း ဆိုတဲ့ hormone ထွက်လာပြီးကိုယ့်ကိုယ်ကို ကျေနပ်စေလိမ့်မယ် သူများဘဝ ကို ကြည့်တာရပ် ကိုယ့် ဘဝကိုပဲ focus လုပ် သိပ်တွေးမပူနဲ့ ကိုယ်တွေးပူထားတာရဲ့ ၅ ပုံတစ်ပုံက တကယ့် လက်တွေ့မှာ ဖြစ်မလာဘူး အရင်သာ လုပ်ကြည့်လိုက် ပြီးရင်အလွယ်လေး လုပ်နိုင်သွားရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတက်လာမယ် မှားသွားရင်လည်း ဘာမှားလဲ ကြည့်ပြီး နောက်တခေါက်မှာ လွယ်လွယ်ကူကူ ဖြစ်သွားလိမ့်မယ် အများကြီးမတွေးနဲ့ အရင်ပဲ စလုပ် ဒါတွေနားထောင်ပြီးနောက် လိုက်လုပ်ကြည့်တာ စိတ်အခြေအနေရော ယုံကြည်မှုရော တက်လာတယ် ဘာပဲဖြစ်ဖြစ်အလွယ်တကူ ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကိုရတယ် လုပ်ဖို့စိတ်မပါရင်တောင် လေ့ကျင့်ခန်းကို နာရီဝက်လောက်ထလုပ်လိုက် အိမ်မှာတင် ခန္ဓာကိုယ် ကျစ်လစ်လာတာမြင်ရမယ်
နောက် တစ်ခု ဖတ်ရင်း သိလာတာက စိတ်ကသာ အရာရာ ပဲ အောင်မြင်ခြင်း ကျရှုံးခြင်းက
ဥပမာ ဆင်းရဲတဲ့ background ကနေ မွေးဖွားလာတဲ့ ကျန်မအပါအဝင် လူတွေရဲ့ ခေါင်းထဲမှာ ကိုယ့်ကို ကိုယ် ကန့်သတ်တဲ့ စိတ်အမှိုက်တွေရှိနေတတ်တယ်တဲ့ ထီထိုးရင်တောင် ငါ့မှာ ပေါက်ကံမရှိဘူး တစ်ခုခုကို အသစ်ဖောက်ပြီးလုပ်မယ်ဆိုရင်တောင် ငါက ကံမကောင်းတတ်ဘူး ဖြစ်မှာမဟုတ်ဘူး စသည်ဖြင့်အစကတည်းက ကိုယ့်ကိုကိုယ် ထိုးချတဲ့ အတွေးက ရှိနေလို့ အောင်မြင်ဖို့ခက်တယ်တဲ့ ချမ်းသာတဲ့ background ကနေ မွေးဖွားလာတဲ့သူက အခက်အခဲတွေမကြုံရတာများတယ် ဒါကြောင့်ကျန်မတို့လိုကန့်သတ်တဲ့ အတွေးတွေမရှိတော့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်များတယ် အထောက်အပံ့လည်းများတော့ ပိုအောင်မြင်နိုင်တယ်တဲ့
ဒါကြောင့် စိတ်ရဲ့ စွမ်းအား ကသာ ကြံကြံ့ခံနိုင်ခြင်းနဲ့ အောင်မြင်ခြင်းကို ယူဆောင် ပေးနိုင်တယ်
ဒီနေ့တော့ OG နဲ့ မဆိုင်ပေမဲ့ ကျန်မရဲ့ page ကလူတွေအားလုံးကို အားပေးချင်ပါတယ် စိတ်ထဲက အမှိုက်တွေရှင်းလင်းပြီး စိတ်ကျနေရင်တောင် လုပ်ရမဲ့ အလုပ်တွေကို တနေ့ နည်းနည်းချင်း ပြန်စလုပ်ပြီး ပြန်လည်ရုန်းထ နိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် အားတင်းကြပါစို့

# Dr. OG
# Power of Mind

19/08/2024

Hello ..
မတွေ့တာ ကြာပြီနော်
ဒီနေ့ တော့ အမေးများတဲ့ မေးခွန်းလေးတစ်ခု ကို ဖြေပေးရင်းနဲ့ အများလည်း သိရအောင် မျှဝေပေးချင်တဲ့ မျိုးဆက်ပွား ပညာပေး လေး တစ်ခု ရေးချင်ပါတယ်

မေးခွန်းက လိင်ဆက်ဆံတဲ့အခါမှာ ကလေးရမှာစိုးလို့သူတ်ရည်ကို အပြင်ထုတ်ခဲ့ပါတယ် ဒါပေမဲ့ ကောင်းမလေးမှာ ကိုယ်ဂန်ရသွားလို့ ဖြစ်နိုင်ပါ့မလား တဲ့

👉🏻👉🏻👉🏻 ဖြစ်နိုင်ပါတယ် ကိုယ်ဝန်ရသွားနိုင်ပါတယ်
ဒီနည်းလမ်းက သဘာဝအတိုင်း ကိုယ်ဝန်တားတဲ့နည်းလမ်းတစ်ခုဖြစ်ပြီး ကိုယ်ဝန်ကို ( 80-96) ရာခိုင်နှုန်းကာကွယ်နိုင်ပါတယ်
ပျှမ်းမျှ 80 ရာခိုင်နှုန်းကာကွယ်ပေးပါတယ်
ဒီနည်းလမ်းရဲ့အားနည်းချက်က သုတ်လွှတ်စောတဲ့ သူတွေ အတွက် အဆင်မပြေဘူး ဒါ့အပြင် အမျိုးသားဖက်က စိတ်ထိန်း ပြီးသုတ်မလွှတ်ခင် လိင်တံအပြင်ထုတ်ဖို့လိုပါတယ်

👉🏻👉🏻👉🏻စိတ်ထိန်းပြီးသုတ်မလွတ်ခင် သေချာအပြင်ထုတ်နိုင်ခဲ့ရင် ၉ ၆ ရာခိုင်နှုန်း ကိုယ်ဝန်တားနိုင်ပါတယ် ဒါပေမဲ့ တစ်ရာမှာ ၄ ယောက်ကိုယ်ဝန်ရနိုင်သေးပါတယ် ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေက သုတ်မလွှတ်ခင် အရည်ကြည် လေး ( pre seminal fluid) ထွက်ပါတယ် ဒီထဲမှာ သုတ်ပိုးအများအပြားပါသေးလို့ပါ

👉🏻👉🏻 ဒီနေ့ ဝေမျှတဲ့အကြောင်းအရာလေးက လူအများစု အတွက်အကျိုးရှိမယ်လို့ ယူဆပါတယ်
# Dr. OG
# Your Friend Forever
# Coitus Interruptus

မိခင်နို့ချို တိုက်ကျွေးခြင်းက ကလေး အတွက် ဘာတွေ အကျိုးကျေးဇူးရှိလဲ ။ဘယ်လို တိုက်ကျွေးမှ မှန်ကန်တဲ့ မိခင်နို့ချို တိုက်ခြ...
06/11/2023

မိခင်နို့ချို တိုက်ကျွေးခြင်းက ကလေး အတွက် ဘာတွေ အကျိုးကျေးဇူးရှိလဲ ။
ဘယ်လို တိုက်ကျွေးမှ မှန်ကန်တဲ့ မိခင်နို့ချို တိုက်ခြင်း ဖြစ်မလဲ ။
မိခင်နို့ကို အရင်က မွေးဖွားပြီးနာရီဝက်အတွင်း စရ
မယ်လို့ ရေးကြပေမဲ့ နောက်ပိုင်းမှာ မွေးဖွားပြီး ပထမ တစ်နာရီအတွင်း တိုက်ကျွေး ပြီး မိခင်နို့ တစ်မျိုးတည်း ကို ၆ လအထိ တိုက်ကျွေး သင့်တယ် လို့ ဆေးပညာစာအုပ်တွေကရော WHO နှင့် UNICEF ကရော ထုတ်ပြန်ထားပါတယ် ။

မိခင်နို့တစ်မျိုးတည်း ( ရေ အပါအဝင် တခြား အရည်များ ၊ပျားရည် ၊စွပ်ပြုတ် ၊ဆန်ပြုတ် မတိုက်ရပါ) သီးသန့် ကလေးအသက် ၆ လ အထိတိုက်ကျွေးခြင်းကို Exclusive breast feeding လို့ခေါ်ပါတယ်။

👉🏻👉🏻👉🏻 Exclusive breast feeding ရဲ့ကောင်းကျိုးတွေက ဘာတွေလဲ။
ကောင်းကျိုးကတော့ အောက်ပါ ရောဂါများ ကလေး
တွင်ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
၁။ asthma ( ကလေး ပန်းနာ ရင်ကြပ်)
၂။ အဝလွန်ခြင်း
၃။ ဆီးချို နံပါတ် ၁ ( ကလေးတွင်ဖြစ်သော အင်ဆူ
လင်ထိုးရသည့်ဆီးချို)
၄။ ကလေး ရုတ်တရက် သေဆုံးခြင်း
၅။ နားတွင်းပိုးဝင်ခြင်း
၆။ အစာလမ်းကြောင်းပိုးဝင်ခြင်း
စသည့်ရောဂါများကို ကာကွယ် နိုင်ပါတယ်
Why ???
👉🏻👉🏻👉🏻ကလေး က ပထမ (၆) လအတွင်း အူနံရံက ဆဲလ်များ ကောင်းစွာ မဖွံဖြိုး သေးတဲ့အပြင် အူအတွင်းကောင်းကျိုးပြု ဘတ်တီးရီးယားများ မပြည့်စုံသေးတဲ့အတွက် မိခင်နို့ မဟုတ်သော တခြားအစာများ ရေများ မခြေဖျက်နိုင်သေးပါ ။
ထို့အပြင် အစာထဲ မသန့်ရှင်းတာ ပါခဲ့လျှင် ခုခံအား
စနစ်ကောင်းစွာ မဖွံ့ဖြိုးသည့်အတွက် အူလမ်းကြောင်း တွင်း အလွယ်တကူ ပိုးဝင်ပြီးဝမ်းပျက်ဝမ်းလျှော
အလွယ်တကူ ဖြစ်နိုင်ပါတယ်။
နောက်ရက် တွေမှာတော့ နို့ဦးရည်ရဲ့ ကောင်းကျိုးလေးတွေ ဆက်ပြီး ပြောမှ မို့လို့ စောင့်ကြည့်ပေးကြပါဦး။
ကလေးများအားလုံးကျန်းမာ ဘေးကင်းကြပါစေ
# Dr. OG
# your friend forever
# Exclusive BF

21/09/2023

အရင်ခွဲမွေးထားဖူးသော လူနာတစ်ဦးအပ်ထားသော OG မှ ခွဲစိတ်ရန် ပေးသောရက် စောနေ၍ စိုးရိမ်သဖြင့်လာရောက်မေးသော အဖြေကို ပြန်ဖြေထားသည်ကို တခြားသူများပါ သိရှိစေရန်ပြန်တင်ပေးလိုက်ပါသည်

☝🏻☝🏻☝🏻အရင်ခွဲမွေးဖူးပြီး ပြန်ခွဲမဲ့သူတွေ ကရက်စေ့သည်အထိစောင့်၍မရပါ။ ကိုယ်ဝန်တိုင်း သည် ပေးထားသော မွေးရက်ထက် ၃ ပတ်အလို နောက်ပိုင်းအချိန်မရွေးဗိုက်နာ နိုင်ပါသည် ။ ဗိုက်နာပါက ညအချိန်စီစဉ်က ခက်ခဲနိုင်ခြင်း ဗိုက်နာပြီး ကလေးခေါင်း အောက်ဖက်ရောက်ချိန်မှ ခွဲလျှင် သားအိမ် အသားပါး၍ ခွဲစိတ်ရခက်ခဲခြင်း ဆီးအိမ်ပေါက်နိုင်ခြင်းစသည့်အန္တရာယ်များရှိ၍ ရိုးရိုးမွေးဖွားရနိုင်ခြင်း ရှိသဖြင့် များသောအားဖြင့် ရှေ့ ၂ ပတ် ၁၀ ရက် စော၍ ခွဲမွေးရန်အကြံပေးကြပါသည် မိမိသဘောအရ စောင့်လိုပါက အရေးပေါ်ဗိုက်နာလာလျှင်လုပ်ဆောင်ရန်ကြိုစီစဉ်တွေးထားသင့်ပါသည်။
ဥပမာ မွေးရက် သည် ကိုယ် ဝန်အပတ် ၄၀ နှင့် ညီမျှပါသည် ။
ကိုယ် ဝန် ၃၇ ပတ် တွင်ကလေးသည် မွေးဖွားရန် သန်မာသော အဆင့် term pregnancy သို့ နေ့စေ့လစေ့ ဟုခေါ်ပါသည်။
ကလေး အဆုတ်သည်လည်း ကောင်းစွာဖွံ့ဖြိုးပြီ ဟု သတ်မှတ်သည် ။
အကောင်းဆုံးမွေးရန်အချိန်သည် ၃၉ ပတ် ဟုသတ်မှတ်ထားသည် သို့သော် ဗိုက်နာသွားနိုင်ချေပိုများသည် ။
ထို့ကြောင့် ၃၈-၃၉ ပတ်ကြား အများစု ပြန်ခွဲမွေးကြပါသည် ။
ဆီးချို ရှိသော မိခင် နှင့် ကိုယ်ဝန်ဆိပ်တက်သော ( သွေးတိုးသောမိခင်)၊ ကျောက်ကပ်ရောဂါရှိသော မိခင်၊ သွေးလေးဖက်နာရှိသောမိခင် ( SLE) များတွင် မိခင် ရောဂါအခြေအနေ ၊ ကလေးကြီးထွားနှုန်း၊ ရေမွှာရည်ပမာဏ၊ ကလေးကောင်းမကောင်းပေါ်မူတည်၍ လိုအပ်ပါက ၃၇ ပတ်မတိုင်ခင် မွေးရန်လိုအပ်နိုင်ပါသည် ။
Dr. OG
# Friend forever
# Previous LSCS scar

ကလေး လှုပ်ခြင်းနဲ့ပက်သက်ပြီးအမေးရှိလာတာကြောင့် တခြားသူများလည်း သိရှိစေဖို့ ဝေမျှလိုက်ပါတယ်ရှင် ကလေး လှုပ်ရာမှာ ဘယ်ဘက်မှာ...
14/08/2023

ကလေး လှုပ်ခြင်းနဲ့ပက်သက်ပြီးအမေးရှိလာတာကြောင့် တခြားသူများလည်း သိရှိစေဖို့ ဝေမျှလိုက်ပါတယ်ရှင်
ကလေး လှုပ်ရာမှာ ဘယ်ဘက်မှာ ကလေးရဲ့လက်နဲ့ခြေရောက်နေရင်ဘယ်ဘက် ညာဖက်မှာရှိနေရင် ညာဖက် မှာလှုပ်ပါမယ်နော်

ဟိုနေရာလှုပ် ဒီနေရာလှုပ် ဆိုပြီးကွဲပြားတာ မရှိပါ ကလေးကဗိုက်ထဲမှာ ကန်ကန်ပြီးလှည့်ပတ်နေတာ
ပြီးတော့နားလည်ထားရမှာက ကလေးရဲ့ ခြေထောက်နဲ့ လက် ရှိနေတဲ့နေရာမှာ အဓိကလှုပ်မှာဖြစ်ပါတယ်
👉🏻👉🏻 အကြိမ်ရေ အနေနဲ့ အလုပ်ပြီးတဲ့အချိန် မှာ စပြီးအချိန်မှတ်ပါ
ဥပမာ မနက်အိပ်ယာထ မနက်စာပြင်ဆင်ပြီးနည်းနည်းအားချိန် ၉ နာရီ သို့ နေ့ခင်းမှအားရင်နေ့ခင်း စမှတ်ချိန်မှစ၍ ကလေး တစ်ကြိမ်လှုပ်( ဘယ်နှစ်ချက်ကန်ကန် စလှုပ်ချိန်မှ ငြိမ်သွားသည်အထိ တစ်ကြိမ်သာယူပါ) လျှင် တစ်ချာင်းခြစ် ပါ
☝🏻☝🏻 စမှတ်ချိန်မှ ၁၂နာရီအတွင်း ၁၀ ကြိမ်ပြည့်လျှင် ကောင်းသည်
၁နာရီအတွင်းပြည့် ၂ နာရီအတွင်းပြည့်ကောင်းသည် ဆက်မှတ်ရန်မလို
၁၂ နာရီကြာသည်အထိ ၁၀ ကြိမ်မပြည့်ပါက အပ်ထားသည့် OG နဲ့ပြန်ပြပြီးဆက်လက် ဆောင်ရွက်ရန်လိုအပ်ပါသည်

.OG
# Fetal movement

 # Ultrasound in Pregnancy 👉🏻👉🏻👉🏻ဒီနေ့တော့ မေမေ တွေအနေနဲ့ အာထရာဆောင်းကို ကိုယ်ဝန်ဆောင် ချိန်မှာ ဘယ်လို ရိုက်သင့်သလဲ ဆိုတ...
17/05/2023

# Ultrasound in Pregnancy
👉🏻👉🏻👉🏻ဒီနေ့တော့ မေမေ တွေအနေနဲ့ အာထရာဆောင်းကို ကိုယ်ဝန်ဆောင် ချိန်မှာ ဘယ်လို ရိုက်သင့်သလဲ ဆိုတာ အကြံပေးမဲ့ post ပါ
☝🏻☝🏻ပထမဆုံး အနေနဲ့ အာထရာဆောင်းကို ကိုယ်ဝန်အစောပိုင်းမှာ ရိုက်သင့်သလား
ရိုက်ရင် ဘာတွေ အကျိုးရှိသလဲ
ကျန်မတို့နိုင်ငံမှာ အများစု အရိုးစွဲနေတာက ကိုယ် ဝန် ၇ လမှ ရိုက် အဲဒါမှ အတော်ပဲ ဆိုပြီး ကိုယ်ဝန်ဆောင်အချင်းချင်း နဲ့ အမေ တို့ အဒေါ်တို့ အိမ်နီးနားချင်း ပြောနေကြတာ အဲဒါအင်မတန်မှ မှားပါတယ်
☝🏻☝🏻☝🏻 အာထရာဆောင်းကို ပုံမှန် နောက်ဆုံးရာသီလာခဲ့တဲ့ရက်ကနေ ရေတွက်ရင် ၁၀ ပတ် လောက်မှာ ရိုက်သင့်ပါတယ်
⭐️ နိုင်ငံတကာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း
ကိုယ်ဝန် ဆောင်မှာ အဲဒီအချိန်မှာ ရိုက်ကြပါတယ် dating scan လို့ခေါ်ပါတယ်
ပထမဆုံးအနေ နဲ့ ကိုယ်ဝန်ရက်ကို မှန်ကန်စွာ သတ်မှတ်နိုင်ပါမယ် ( အများဆုံး ၃ ရက်ပဲ ကွဲလွဲမှုရှိနိုင်ပါတယ်) ရာသီမမှန်တဲ့သူတွေ ရက်ကို သေချာ မမှတ်မိတဲ့ သူတွေ နောက်တစ်ခုက ရာသီရက်သေချာမှတ်မိသော်လည်း တခါတလေ သန္ဓေသား သားအိမ်ကို တွယ်ချိန်မှာ သွေးအနည်းငယ်ဆင်းတာကို ရာသီသွေးနဲ့မှားယွင်းမှတ်ထားတတ်ကြပါတယ်
ရက်တိကျစွာကိုယ်ဝန်ရက်သိခြင်းဖြင့် ကိုယ်ဝန်ရက်လွန်မလွန်သေချာစွာ သိရှိနိုင်မယ် ရက်လွန်တယ်ဆိုပြီးမှားယွင်းစောမွေးမိခြင်းကို ကာကွယ်နိုင်မယ်
ကိုယ်ဝန် ၅ လမှရိုက်ရင် ရတဲ့ရက်ကနေရှေ့နဲ့နောက် တစ်ပတ်လွှဲနိုင်တယ် ။ ၇ လမှရိုက်ရင် ၂ပတ်ကွာနိုင်မွေးခါနီးမှရိုက်ရင် ၃ ပတ်စသည်ဖြင့်နောက်ကျမှ ရိုက်လေ ရက်မမှန်လေ ဖြစ်ပါမယ်။
✌🏻✌🏻ဒုတိယ အနေနဲ့ ကလေးနှလုံးခုန်တာ ဒီအချိန်မှာ မြင်ရတယ် လှုပ်ရှားမှုကိုမြင်ရတာဖြစ်တဲ့အတွက်
ကိုယ်ဝန်ကောင်းမကောင်းသိနိုင်တယ်
🤜🏻🤜🏻အမွှာ ကိုယ်ဝန်ဟုတ်မဟုတ်သိနိုင်တယ် ဘယ်လိုအမွှာအမျိုးအစားလဲ အန္တရာယ်များတဲ့အမျိုးအစားလား ဒါကိုဘာနဲ့ကြည့်သလဲ ဆိုရင် အချင်း တစ်ခုစီလား ဒါမှမဟုတ် အချင်းတစ်ခုတည်းကို အမြွှာနှစ်ယောက် မျှနေတာလား ( ဒီလိုမျိုးအမြွှာက နောက်ဆက်တွဲပြဿနာစောင့်ကြည့်ရမှာများ ) နောက်တစ်ခုက ရေမြွှာအိတ်တစ်ခု
တည်းလား တစ်ယောက်တစ်အိတ်စီလား
ဒီလိုအမွှာအမျိုးအစား ကို အတိအကျသိဖို့က ကိုယ်ဝန်အစောပိုင်းကနေ နောက်ဆုံးရာသီလာခဲ့တဲ့ရက် ( ပျောက်တဲ့ရက်မဟုတ်ဖူးနော် ) ကနေ ၁၄ ပတ်အထိသာ သိနိုင်တယ် နောက်ပိုင်းခွဲရခက်သွားတယ်
အမွှာနဲ့ပက်သက်တာတွေ နောက် post တွေကျမှ အသေးစိတ်ပြောပါမယ်နော်
✋🏻✋🏻 နောက်တစ်ခုက ကိုယ်ဝန်က ဆက်မကြီးတော့တဲ့ကိုယ်ဝန် နဲ့ သားသပျက် ခိုင် စတာတွေကို စောစီးစွာ သိရှိကုသ နိုင်မယ်
☝🏻☝🏻ဒါပေမဲ့ ကိုယ်ဝန်အစောပိုင်း သွေးဆင်းတာ ဗိုက်နာတာ ဗိုက်နာသွေးဆင်းပြီးဖြူဖျော့သွားတာ အသားစလိုမျိုးဆင်းတာ သာကူလိုအစိလေးတွေဆင်းတာ ဒါမျိုးရှိ
ရင် ဒီထက် ပိုစောပြီးရိုက်ဖို့လိုပါမယ်
ဘာလို့ဆိုကိုယ်ဝန်ပျက်တာလား၊ သားသပျက်ခိုင်လား( စပျစ်သီးသန္ဓေ) ၊ ဥပြွန်သန္ဓေတည်ပြီးပေါက်
ထွက်တာ စတာတွေကိုစောစီးစွာ သိရှိကုသနိုင်ဖို့ဖြစ်ပါ
တယ်
✌🏻✌🏻✌🏻ဒုတိယ တစ်ခါကို ကိုယ်ဝန် ၅ လ ( အပတ် ၂၀) မှာရိုက်ပါမယ်
နိုင်ငံခြားမှာတော့ ကျွမ်းကျင်သူတွေနဲ့အသေးစိတ်
နာရီဝက်ကျော်ကြာအောင်အသေးစိတ် နေရာစုံကြည့်ပြီးကလေးမှာ ချို့ယွင်းချက် ပါမပါစစ်ဆေးပါမယ်
မျက်နှာမှာ နှုတ်ခမ််းကွဲ ၊ လက်မှာချို့ယွင်းချက်ရှိမရှိ ကျောရိုး နှလုံး ကျောက်ကပ် အသေးစိတ်ကြည့်ပါတယ်
မြန်မာမှာ fetal medicine department လိုမျိုး
ကျွမ်းကျင်သူမရှိသေးတော့သူတို့လောက်အသေးစိတ်မလုပ်ကြသေးဘူး
👍🏻👍🏻👍🏻 ဘာပြဿနာမှမရှိတဲ့ရိုးရိုးကိုယ်ဝန်ဆိုရင်တော့ မမွေးခင် တစ်လလောက်အလိုမှာ နောက်တစ်ခါက် ပြန်ရိုက်ပါတယ် ကလေးအနေအထား ၊အချင်းအနေအထား ရေမြွှာရည် ကြည့်ပါတယ် ။ယောကျာ်းလေးမိန်းကလေးကတော့ကလေးပေါင်ကြားထဲ ယောကျာ်းအင်္ဂါ မိန်းမ
အင်္ဂါ ကြည့်တာမို့ ကိုယ်ဝန်၅လနောက်ပိုင်း ကလေး
ပေါင်ကားထားရင်ကြည့်လို့ရပါတယ် ပေါင်စိထားရင်ကြည့်ရခက်ပါတယ်
ဒါကတော့ပုံမှန်ကိုယ်ဝန်တွေမှာ ၃ ခါတော့ရိုက်သင့်ပါတယ်
👉🏻👉🏻👉🏻👉🏻ဒါပေမဲ့ ကိုယ်ဝန်ဆိပ်တက်တယ် ကလေးကြီးထွားမှု နည်းနေတယ် ဆီးချိုတက်တယ် အမွှာ
ကိုယ်ဝန်၊ အချင်းအောက်ရောက်တဲ့ကိုယ်ဝန်၊ အနေအထားမမှန်တဲ့ကိုယ်ဝန်၊ အမေမှာ ကျောက်ကပ်ရောဂါ၊ SLE သွေးလေးဖက်နာ စသည်တို့ရှိရင် ဒီထက်အကြိမ်ပိုများများရိုက် ဖို့ လိုအပ်ပါမယ် ။
☝🏻☝🏻 ပေးထားတဲ့ရက်ကျော်သည်အထိ မမွေးရင်
နောက်ထပ် ထပ်ရိုက်ဖို့လိုပါမယ် ကလေး နေကောင်းမ
ကောင်း ၊ ရေမြွှာရည် ပုံမှန်ရှိသေးလားသိနိုင်ဖို့ဖြစ်ပါတယ် ။
ရွှင်လန်းကျန်းမာကြပါစေ နောက်ထပ် အကျိုးရှိစေမဲ့ အကြောင်းအရာတွေနဲ့ထပ်လာပါမယ်နော်
forever
# DrOG

25/03/2023

ဒီနေ့တော့ သွေးဆုံးတာ နဲ့ပက်သက်ပြီး ပြောပြချင်ပါတယ်
အမျိုးသမီးများရဲ့ဘဝ မှာ ရာသီစလာတာခြင်းသည် ထိုအမျိုးသမီး သည် မျိုးပွားနိုင်သောကာလရောက်ရှိပြီ ဆိုတာကိုပြသပါတယ်
သွေးဆုံးတယ် ဆိုတာကတော့အမျိုးသမီးရဲ့မမျိုးဥအိမ်နှစ်ခုမှာ မျိုးဥ တွေကုန်ပြီးဟော်မုန်းထုတ်လုပ်တာ ရပ်စွားလို့ဖြစ်ပါတယ်
တနည်းအားဖြင့်မျိုးပွားနိုင်တဲ့ အစွမ်းကုန်ဆုံးချိန်လည်း ဖြစ်ပါတယ် အများအားဖြင်းအမျိုးသမီးတွေဟာ ၄၅-၅၅ နှစ်ကြားမှာသွေးဆုံးကြပါတယ်
ပျှမ်းမျှအသက်ကတော့ ၅၁ နှစ်ပါ ရာသီမလာတော့တာ တစ်နှစ် ပြည့်မှာသာ သွေးဆုံးပြီလို့သတ်မှတ်ပါတယ် ရာသီထိန်တာ ၅-၆ လဆိုရင်တော့ မသေချာသေးပါ ဆက်လက်စောင့်ကြည့်ရပါမယ်
တခါတလေ အသက် ၆၀ , ၆၅ မှာ မျိုးအိမ်အိမ်ထဲမှာ တစ်လုံးတလေ ကျန်ခဲ့တဲ့ မျိုးဥ ထကြွေပြီးကလေးရတာကတော့ အင်မတန်ရှားပါးပါတယ် တစ်ခါက အသက် ၇၀ ကလေးရတာ တစ်ခါ တစ်ခါ သတင်းထဲမှာ တွေ့ရတတ်ပါတယ်
တချို့အမျိုးသမီးတွေမှာတော့ မျိုးရိုးဗီဇ ချို့ယွင်းတဲ့ ရောဂါများကြောင့် အသက်အရွယ်ငယ်ရွယ်စဥ်မှာစောစီးစွာ သွေးဆုံးတာမျိုးရှိပါတယ် အသက် ၄၀ အောက် ရာသီ တစ်နှစ်ထင်ပိုထိန်မယ် သွေးဆုံးတဲ့ လက္ခဏာပေါ် လာရင် အချိန်မတိုင်ပဲ သွေးဆုံးခြင်း ( premature menopause or premature ovarian deficiency) လို့ခေါ်ပါတယ်
နောက်တမျိုးကတော့ မျိုးဥအိမ် နှစ်ဖက်လုံး ခွဲစိတ်ထုတ်ပစ်ရတဲ့ အခြေအနေမျိုးမှာ ရုတ်တရက်သွေးဆုံးပြီး သွေးဆုံးလက္ခဏာ ပြင်းထန်တာမျိုးရှိနိုင်ပါတယ်
တချို့က သားအိမ် ထုတ်ပစ် ရတဲ့ ရောဂါမျိုး ရှိခဲ့ရင် ဆရာဝန်တွေက အသက် ၄၅ နှစ်အထက် မှာ ဆို မျိုးဥအိမ်ပါ ထုတ်ပစ်ဖို့ အကြံပေးလေ့ရှိပါတယ် ဘာလို့ဆိုတော့ ၄၅-၅၅ ကြားပုံမှန်သွေးဆုံးလေ့ရှိတယ် သွေးဆုံးရင်မျိုးဥအိမ်က အလုပ်မလုပ်တော့ အသုံးမဝင်တော့ဘူး ထားခဲ့ခြင်းဖြင့်နောင်တချိန် အရညိအိတ် သို့ မျိုးဥအိမ်ကင်ဆာ ဖြစ် လာခဲ့ရင်ဆိုတဲ့ ယူဆချက် ရှိပါတယ်
၄၅ နှစ်အောက် ဆိုရင် သားအိမ်ထုတ်စရာ ကိစ္စ ရှိလာခဲ့ ပါက မျိုးဥအိမ်လည်းကောင်းမွန်တယ် အမျိုးထဲမှာလည်း မျိုးဥအိမ်ကင်ဆာ သို့ နို့ကင်ဆာ မရှိတဲ့သူ ဆို ထားခဲ့ကြပါတယ်
နောက်တစ်ခု က သားအိမ်ကင်ဆာ လို့သံသယရှိသူ သားအိမ်အတွင်းနံရံထူလို့ အသားစယူရာမှာ ပုံမမှန်တဲ့ ဆဲလ်ပါလို့ သားအိမ်ကင်ဆာဖြစ်နိုင်ခြေများလို့ သံသယရှိသူတွေမှာလည်း မျိုးဥ အိမ်ထုတ်ပစ်ဖို့အကြံပေးပါတယ် ဘာလို့ဆိုတော့ သားအိမ်ကင်ဆာက ဟော်မုန်းပေါ်မူတည်ပြီး တုံ့ပြန်မှုကွာလို့ဖြစ်ပါတယ် မျိုးဥအိမ်ကင်ဆာ မှာလည်း အဆင့်ပေါ်မူတည်ပြီး နှစ်ဖက်စလုံးထုတ်တာမျိုးရှိနိုင်ပါတယ် ဒီလိုမျိုးခွဲစိတ်ထားတဲ့အမျိုးသမီးတွေမှာလည်း အချိန်မတိုင်ပဲ သွေးဆုံးပြီးသွေးဆုံးလက္ခဏာများခံစားရမှာဖြစ်ပါတယ်
အမျိုးသမီးများမှာ သွေးဆုံးခါနီး အသက်အရွယ်ဖြစ်လာရင် သွေးမဆုံးခင်ကာလ ကတည်းက မျိုးဥအိမ်မှ ဟော်မုန်း ထုတ်လုပ်မှု လအနည်းကြိုပြီး ကျဆင်းလာပါတယ် အမျိုးသမီးတစ်ဝက်လောက်က ဟော်မုန်းနည်းလာတဲ့ လက္ခဏာ များကို စတင် သတိထားမိလာတာ ခံစားရလာပါတယ်
သွေးဆုံးကိုင်တယ်လို့မြန်မာအများစုက လက်ခံ ထားကြပေမဲ့ အမှန်က မျိုးဥအိမ်မှ အီထရိုဂျင်ဟော်မုန်းထုတ်လုပ်မှု ကျဆင်းလာတဲ့ လက္ခဏာများပဲဖြစ်ပါတယ်
ဒါတွေကတော့ ပူလိုက်ချမ်းလိုက် ဖြစ်ခြင်း ၊ ညဖက်ချွေးထွက်ခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ စိတ်ကျနေခြင်း၊စိတ်ပူပန်နေခြင်း၊အဆစ်အမြစ်ကိုက်ခြင်းကြွက်သားများနာကျင်ခြင်း၊ လိင်စိတ်နည်းပါးလာခြင်း စသည်များ ထဲမှ လက္ခဏာများ တစ်ခုထက်ပိုပြီး ခံစားရနိုင်ပါတယ်
👉🏻တစ်ချို့ အမျိုးသမီး တွေက ပိုမိုပြင်းထန်စွာခံစားရပါတယ် တစ်ယောက်နှင့်တစ်ယောက် ခံစားရတာခြင်းမတူပါ ထို့ကြောင့် လူတိုင်း ဆေးဖြင့်ကုသရန်မလိုအပ်ပဲ ကျော်လွှားသွားနိုင်ကြတာများပါတယ်
☝🏻သွေးဆုံးကာလ ရောက်လာလျှင် ဘာတွေပြင်ဆင်သင့်သလဲ
👉🏻ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုပါ ( ရေကူးခြင်း၊ပြေးခြင်း၊လမ်းလျှောက်ခြင်း ၊Yoga )
👉🏻ကော်ဖီ နှင့် အရက် လျှော့သောက်ခြင်း
ဒီအခြေခံ လူနေမှုပုံစံပြုပြင်ခြင်းက ပူလိုက်ချမ်းလိုက်ဖြစ်ခြင်းနဲ့ ညဖက်ချွေးထွက်တဲ့ လက္ခဏာများကိုလျှော့နည်းသက်သာစေပါတယ်
တချို့ အပင် သို့အမြစ်များ မှထုတ်လုပ်သော Black Cohort , St.John wort ၊ ပဲပိစပ်မှ ရရှိသော isoflavine စသည် တို့သည်လည်း တချို့အမျိုးသမီးများတွင် ပူလိုက်ချမ်းလိုက်ဖြစ်ခြင်းနှင့် ညဖက်ချွေးပြန်ခြင်းကို သက်သာစေနိုင်ပါတယ်
ဒါပေမဲ့ နို့ကင်ဆာ ၊ ဝက်သက်ရောဂါ ၊နှလုံးရောဂါ၊ ရင်ကျပ်ပန်းနာရောဂရှိသူများမှာ အန္တရာယ်ကင်း သလား တိကျတဲ့ အချက်အလက်မရှိသေးတဲ့အတွက် သတိထားသင့်ပါတယ်
တခြား ကုသမှုများ အပ်စိုက် acupunture , လေစုပ် acupressure , အနံ့ကုထုံး၊ CBT ခေါ် တွေ့ဆုံဆွေးနွေးပြီး စိတ်ကျခြင်း စိုးရိမ်ပူပန်မှုလျှော့နည်းအောင်လုပ်ခြင်း စသည်တို့ကို စမ်းသပ်ကြည့်ရမှာ တချို့အမျိုးသမီးတွေ အတွက်အကျိုးရှိပေမဲ့ တချို့အမျိုးသမီးတွေမှာ မသက်သာ အကျိုးမရှိတာ တွေ့ရပါတယ်
အမျိုးသမီး အများစု စိတ်ဝင်စားကြတဲ့ HRT ခေါ် ဟော်မုန်းဆေးသောက်ရင်ရော ဘာတွေကောင်းနိုင်မလဲ ဆေးရဲ့ ဆိုးကျိုးဘာတွေရှိမလဲကြည့်ကြရအောင်
ဟော်မုန်းဆေးမှာ ဘာတွေပါသလဲ
အဓိကအားဖြင့် လျှော့နည်းသွားတဲ့ အီထရိုဂျင်ဟော်မုန်းကိုပြန်လည်ဖြည့်တင်းခြင်းဖြင့် ခံစားရမဲ့လက္ခဏာများကို ထိန်းသိမ်းပါတယ်
ဒါပေမဲ့
သားအိမ်ထုတ်ပစ်တဲ့သူမှာ ဟော်မုန်းတစ်မျိုးပဲပေးရင်ပြဿနာမရှိပေမဲ့ သားအိမ်ရှိတဲ့အမျိုးသမီးတွေမှာ တမျိုးတည်းပေးရင်သားအိမ်အတွင်းနံရံထူခြင်းပုံမှန်မဟုတ်သောသွေးဆင်းတာတွေဖြစ်နိုင်လို့ ဟော်မုန်းနှစ်မျိုး ပရိုဂျက်စတိုဂျင်ပါ တဲ့ ဆေးမျိုးပေးပါတယ်
ဟော်မုန်းဆေး သောက်ရင် ဘာတွေကောင်းလာမလဲ
အရိုးသန်မာစေတယ် အရိုးပွ အရိုးကျိုးကာကွယ်ပေးတယ် စိတ်ကျခြင်းသက်သာစေသလို အထက်ဖော်ပြပါ သွေးဆုံးခြင်းလက္ခဏာတွေကိုသက်သာစေပါတယ်
ဟော်မုန်းဆေးတွေက နို့ကင်ဆာဖြစ်နှုန်းအနည်းငယ် မြင့်တက်စေပါတယ် ဟော်မုန်းနှစ်မျိုးက တစ်မျိုးတည်းထက် ဖြစ်နှုန်းနည်းနည်းပိုပါတယ်
ဟော်မုန်းသောက်ဆေးတွေက သွေးကြောအတွင်းသွေးခဲခြင်း ကိုမြင့်တက်စေပါတယ် လေဖြတ်တဲ့နှုန်းကိုလည်းအနည်းငယ်မြင့်တက်စေပါတယ် ပထမ စသောက်ပြီးရင် ၃ လမှာ ဆရာဝန်ကပြန်ကြည့်ပါမယ် ဘာပြဿနာမှမရှိရင်ဆေးသောက်နေစဥ် တစ်နှစ်တခါ ပြန်စစ်ဆေးပါတယ်
စစသောက်ပြီးပထမ ၃ လမှာပုံမှန်မဟုတ်တဲ့သွေးဆင်းနိုင်ပါတယ် ဒါပေမဲ့ ၃ လကျော်တဲ့အထိ သွေးဆင်းနေရင် ပြန်ပြဖို့လိုပါတယ်
ဒီဟော်မုန်းဆေးတွေက ကိုယ်ဝန်တားဆေးမဟုတ်လို့ ကိုယ်ဝန်မတားနိုင်ပါ
သွေးဆုံးပြီးရင်တောင်မှ တစ်လုံးတလေကျန်တဲ့မျိုးဥကြွေတာကာကွယ်ဖို့ အသက် ၅၀ အောက်ဆို တားဆေး ၂ နှစ် ၊ အသက် ၅၀ အထက်ဆို တားဆေး တစ်နှစ်ဆက်သုံးဖို့လိုပါမယ်
နောက်တစ်ချက်က အသက် ၄၀ အောက် ရာသီတစ်နှစ်မပေါ်ဘူး ကိုယ့်ကိုကိုယ် သွေးဆုံးတယ်လို့သံသယရှိရင် သွေး စစ်ဆေးလို့ ရပါတယ်
သေချာအောင် နှစ်ခါစစ်ပါတယ် ပထမအကြိမ်ပြီးရင် ဒုတိယအကြိမ်ကို ၄-၆ ပတ်အကြာမှာ ထပ်စစ်ပါတယ်
# Dr.OG
# Your friend forever
( RCOG)

ဒီနေ့တော့ အရေးပေါ် သန္ဓေသားဆေးတွေအကြောင်း ပြောပြပေးမှာဖြစ်ပါတယ် တခါတလေ မှာ အရေးပေါ်တားဆေးသောက်ပေမဲ့ ဘာကြောင့်ကိုယ်ဝန်ကပ်...
24/10/2022

ဒီနေ့တော့ အရေးပေါ် သန္ဓေသားဆေးတွေအကြောင်း ပြောပြပေးမှာဖြစ်ပါတယ်
တခါတလေ မှာ အရေးပေါ်တားဆေးသောက်ပေမဲ့ ဘာကြောင့်ကိုယ်ဝန်ကပ်ရတာလဲဆိုပြီး တွေးမိသူရှိပါလိမ့်မယ် 🤔🤔🤔
👉🏻👉🏻အမျိုးအစားအားဖြင့် သောက်ဆေး နှစ်မျိုး နှင့် copper coil လို့ခေါ်သော သားအိမ်တွင်းထည့် ပစ္စည်း ဆိုပြီးရှိပါတယ် ။
1. Levonelle
2. ellaOne
3. IUD
👉🏻👉🏻အရေးပေါ်ကိုယ်ဝန်တားဆေးကိုဘယ်လိုလူတွေသောက်ဖို့လိုသလဲ
၁။ အကာအကွယ်မပါပဲ လိင်ဆက်ဆံမိသူများ
၂။လိင်ဆက်ဆံစဉ် condom ပေါက်သွားသူများ
၃။ ပုံမှန်တားဆေး မသောက်သူများ နှင့် သောက်ရန် ၂ ရက်အထက်မေ့သူများ
၄။ R**e လုပ်ခံရသူများ
စသည့်လူများတွင်ကိုယ်ဝန်ယူရန် အဆင်သင့်မဖြစ်သေးပါက အသုံးပြုရန်လိုအပ်ပါသည်။

1.Levonelle
ပထမ အမျိုးအစားကတော့ levonorgestrel
ဟော်မုန်း ပါဝင်ပြီး အကာအကွယ်မပါလိင်ဆက်ဆံ ပြီးသည့်အချိန်မှ ၇၂ နာရီ အတွင်း ၁ လုံးသောက်ရပါမယ်။
** နို့တိုက်မိခင်များသောက်သုံနိုင်ပါသည်။
☝🏻☝🏻☝🏻ဝသူများ (BMI ၂၆ အထက်ရှိသူ၊ အလေးချိန် ၇၀ ကီလိုကျော်သူများတွင် အာနိသင်လျှော့ကျနိုင်သဖြင့် ၂လုံး သောက်ရပါမယ်။ သို့ ellaOne ပြောင်းသောက်ခြင်းတို့ပြုလုပ်သင့်ပါတယ် ။
🤞🏻🤞🏻ဝက်ရူးပြန်ရောဂါတချို့သောက်ဆေး သောက်သူများတွင်လည်း အာနိသင်လျှော့ကျနိုင်သဖြင့် တခြားဆေး ပြောင်းသင့်ပါတယ်။
✌🏻✌🏻HIV ဆေး၊ တီဘီဆေးသောက်သူများတွင်လည်းအာနိသင် လျှော့ကျနိုင်ပါတယ်။

2. ellaOne
ဒီဆေးက တော့ Ulipristal acetate ပါဝင်ပြီး လိင် ဆက်ဆံပြီးချိန်မှ ၁၂၀ နာရီ အတွင်း ၁ လုံး သောက်သုံး ရမှာ ဖြစ်ပါတယ်။
အာနိသင်က ပထမအမျိုးအစားထက်ပိုကောင်းပါတယ်။
👋👋👋သောက်သုံးရန် မသင့်သူများကတော့
၁၊ လက်ရှိကိုယ်ဝန်တားဆေးသောက်နေသူများ ( ရှေ့ ၅ ရက်အတွင်း)
၂။ ရင်ကြပ်ပန်းနာ အတွက် စတီးရှိုက်ဆေး သောက်နေသူများ
၃။ အသည်းရောဂါရှိသူများ
၄။ နို့တိုက်မိခင်များတွင် နို့ ၁ ပတ်မတိုက်ပဲညှစ်ပစ်ရန်လိုအပ်ပါတယ် ။
၅။ အစာအိမ်ဆေးသောက်နေသူများမသောက်ရပါ။

** အထက်ပါ သောက်ဆေး ၂ ခုလုံးက မျိုးဥကြွေခြင်းကို တားခြင်း နောက်ကျအောင်ပြုလုပ်ခြင်းဖြင့်ကိုယ်ဝန်တားသဖြင့် ရာသီစက်ဝန်း လဝက်ကျော် နောက်ပိုင်းတွင် မျိုးဥကြွေပြီးနိုင်ခြေများသဖြင့် အကျိုးမရှိနိုင်ပါ။ 🔥🔥🔥

👉🏻👉🏻👉🏻ဆေး သောက်ပြီး ၂ နာရီအတွင်းအန်ပါက ထပ်မံ သောက်ရပါမည်။ ၂ နာရီနောက်ပိုင်းအန်ပါက ထပ်မံသောက်ရပါမည်။ ဝမ်းလျှောချိန်သောက်ပါကလည်းအာနိသင် လျှော့ကျနိုင်ပါသည်။

၃။ IUD ( coil)
💧💧99% ကိုယ်ဝန်တားနိုင်ပြီး လိင်ဆက်ဆံပြီးချိန်မှ ၅ ရက်အတွင်း သို့ မျိုးဥကြွေပြီး ၅ ရက် အထိ ထည့်နိုင်ပါသည်။
⭐️ရာသီစလာချိန် ၂ ပတ်ကျော်ပါက မျိုးဥကြွေပြီးနိုင်
ချိန်များသဖြင့် IUD ထည့်ခြင်းဖြင့် ကိုယ်ဝန်တားနိုင်ပါသည်။
☝🏻☝🏻ကျွမ်းကျင်သော ဆရာဝန်ဖြင့်ထည့်သွင်းရပါမည်။ မဟုတ်ပါက သားအိမ် ပေါက်နိုင်ပါသည်။

👉🏻👉🏻အဖြူဆင်းသူ လိင်ကြောင့် ကူးစက်ပိုးရှိသူများတွင် သားအိမ်ပိုးဝင်နိုင်ပါသည်။ ထိုသို့ပိုးဝင်ခြင်းကာကွယ်ရန်အတွက် ထည့်သွင်းသောဆရာဝန်မှ ဆေးစစ်ရန်တိုက်တွန်းခြင်းသို့ ပိုးသတ်ဆေး သောက်သုံးရန်ညွှန်ကြားပါမည်။
👍🏻👍🏻အားသာချက်မှာ ကိုယ်ဝန်ကိုဆက်လက်တားလိုပါက မထုတ်ပဲ ဆက်လက်ထားနိုင်ပါသည်။ အမျိုးအစားပေါ်မူတည်၍ ၅-၈ နှစ်အထိတားနိုင်ပါသည်။ ကိုယ်ဝန်ယူလိုသောအချိန်တွင်ပြန်ထုတ်ပါကလည်းချက်ချင်းကိုယ်ဝန်ပြန်ကပ်နိုင်ပါသည်။
အောက်ပါလက္ခဏာများရှိပါက ပြန်လည်ပြသရမည်
၁၊ ရာသီ ၃ ပတ်အတွင်းမလာပါက
၂။ ရာသီလာချိန် သာမာန်ထက် သိသိသာသာ နည်းပါက
၃၊ ပုံမှန်ရာသီလာချိန်ထက် ၁ ပတ်နောက်ကျပါက
၄၊ ရာသီနောက်ကျပြီး ဗိုက် ရုတ်တရက် နာပါက ပြန်လည်ပြသရပါမည်
# your friend forever
.OG
Reference:PIL for EC pills (NHS)
ကျန်းမာ အဆင်ပြေကြပါစေ

💊 ကိုယ်ဝန်တားဆေးသောက်နေရင်း ဆေးသောက်ဖို့မေ့ခဲ့ရင် ဘယ်လိုလုပ်ကြမလဲ💊 ဒီအပတ်မှာတော့ ကိုယ်ဝန်တားဆေး သောက်ဆေးကို  🤰ဘယ်လို စသေ...
26/11/2021

💊 ကိုယ်ဝန်တားဆေးသောက်နေရင်း ဆေးသောက်ဖို့မေ့ခဲ့ရင် ဘယ်လိုလုပ်ကြမလဲ💊

ဒီအပတ်မှာတော့ ကိုယ်ဝန်တားဆေး သောက်ဆေးကို
🤰ဘယ်လို စသောက်ရမလဲ
🤰သောက်ဖို့မေ့ခဲ့ရင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အကြောင်းအရာ လေး တင်ပြပါမယ် ။
အများစုက သိပြီးသားလို့ထင်ကြပေမဲ့ နားမလည်သေးတာ မသိသေးတဲ့သူတွေလည်း ရှိနေသေးလို့ပါ။

🔆 တားဆေး သောက်ဆေး ၂ မျိုးရှိပါတယ်။
1️⃣ တစ်မျိုးက ဟော်မုန်းနှစ်မျိုးပါတဲ့ သောက်ဆေးဖြစ်ပါတယ်။
⭕️ စျေးကွက်ထဲမှာရှိတဲ့ အမျိုးသမီးအများစုသိကြတဲ့ စိတ်ချ (Sure)၊ အိုကေ (Ok)၊ Marvellon အစရှိတဲ့ဆေးတွေကတော့ အီစထိုဂျင် ( Estrogen) နှင့် ပရိုဂျက်စတီရုန်း ( Progesterone) ဟော်မုန်းနှစ်မျိုးပါပါတယ်။
2️⃣ တစ်မျိုးကတော့ ဟော်မုန်းတစ်မျိုးတည်းပါတဲ့ သောက်ဆေးဖြစ်ပါတယ်။
ပရိုဂျက်စတီရုန်း ( Progesterone) တစ်မျိုးတည်းပါတာပါ။
🤱 အဲ့ဒီဆေးကတော့ နို့တိုက်မိခင်တွေမှာ အသုံးများပါတယ်။

🗓 ဘယ်အချိန်စသောက်ရင်ရမလဲ
အကောင်းဆုံးကတော့ ရာသီစဖြစ်တဲ့ (၅) ရက်အတွင်းစသောက်ရင် စိတ်အချရဆုံးပါ။
နို့တိုက်မိခင်ဖြစ်ပါက
✅ ဟော်မုန်း (၂) မျိုးပါသောဆေးဆိုရင် မွေးဖွားပြီး ခြောက်လ ကျော်မှသောက်သင့်ပါတယ်။
✅ ဟော်မုန်း (၁) မျိုးတည်းပါသောဆေးဆိုရင် မွေးဖွားပြီး (၄) ပတ်ပြည့်တာနဲ့စသောက်သင့်ပါတယ်။

🤱 နို့တိုက်မိခင်မဟုတ်ပါက
✅ ဟော်မုန်း (၂) မျိုးပါသောဆေးဆိုရင် မွေးဖွားပြီး (၃) ပတ်ပြည့်တာနဲ့ စသောက်သင့်ပါတယ်။

♨️ အဲ့ဒီအချိန်တွေကျော်ခဲ့တဲ့အထိ မသောက်ဖြစ်ဘူးဆိုရင်ရော စသောက်လို့မရဘူးလား
♨️ ကိုယ်ဝန်မရှိမှန်းသေချာရင် စသောက်လို့ ရပါတယ်။
♨️ ဆေးရဲ့အာနိသင်ကို ရဖို့ တစ်ပတ်လောက်စောင့်ရမှာဖြစ်တဲ့အတွက် စသောက်တဲ့နေ့ကနေ တစ်ပတ်အတွင်း အမျိုးသားနဲ့ရှောင်နိုင်ရင်ရှောင်၊ မရှောင်နိုင်ရင် condom အသုံးပြုသင့်ပါတယ်။
♨️ ပထမ (၅) ရက်အတွင်း အကာအကွယ်မပါဘဲ အမျိုးသားနဲ့အတူနေဖြစ်ခဲ့ရင် အရေးပေါ် ကိုယ်ဝန်တားဆေး ကို သောက်ရပါမယ်။

🚨 အရေးပေါ်တားဆေးသောက်ထားခဲ့ရင်တောင် ရာသီပေါ်ခဲ့တဲ့ရက်ကနေ (၃) ပတ်ပြည့်တဲ့အချိန် (ဒါမှမဟုတ်) အတူနေမိခဲ့တဲ့ရက်ကနေ (၃) ပတ်ပြည့်တဲ့ အချိန်မှာလည်း ကိုယ်ဝန်ရှိမရှိ ဆီး ပြန်စစ်ရပါဦးမယ်။
🚨 ဒါကတော့ သတ်မှတ်တဲ့ ရက်အတွင်း စတင်မသောက်မိဘဲ နောက်ကျမှ သောက်မိတဲ့ သူတွေအတွက်ပါ။

🚨 ဆေးသောက်ဖို့ မေ့ရင် ဘယ်လိုလုပ်ရမလဲ 🚨
✅ ဟော်မုန်း (၂) မျိုးပါဆေးကို ဖြစ်နိုင်ရင် အချိန်မှန်သောက်သုံးသင့်ပါတယ်။
✅ ဥပမာ အမြဲ မနက် (၈) နာရီသောက်တဲ့သူဆိုရင် မူလသောက်ချိန်ထက် (၁၂) နာရီကျော်ပြီးမှ သောက်ရင် ဆေးရဲ့ အာနိသင် ပျက်တတ်ပါတယ်။ ဒါကလဲ သတိပြုသင့်တဲ့အချက်ပါပဲ။
✅ဟော်မုန်း (၁) မျိုးပါ ဆေး (ဥပမာ Exluton) ဆိုရင် ပုံမှန်သောက်နေကျအချိန်ထက် (၃) နာရီထက်ပို နောက်ကျလို့မရပါဘူး။

💊ဆေးတစ်ရက်စာသောက်ဖို့ မေ့သွားရင်ရော 💊
ဥပမာ- ည (၈) နာရီတိုင်းမှာ ဆေးသောက်တယ် ဆိုပါစို့ ။ အလုပ်များနေပြီးညမိုးချုပ်မှ အိမ်ပြန်ရောက်ပြီး သောက်ဖို့မေ့သွားရော။ နောက်နေ့မနက် အိပ်ရာထမှ သတိရခဲ့ရင် သတိရတဲ့မနက်မှာပဲ မနေ့ညက သောက်ဖို့ မေ့ခဲ့တဲ့ဆေး သောက်လိုက်ပါ။
ည (၈) နာရီ ပုံမှန်ဆေးသောက်ချိန်ရောက်ရင် ဒီနေ့အတွက် သောက်ရမဲ့ ဆေးကို ဆက်သောက်ပါ။ နောက်ရက်တွေမှာလဲ ပုံမှန်အတိုင်း ဆက်သောက်သွားပါ။
⭕️(တစ်ရက်တည်းမှာပဲ မနက် (၁) ကြိမ်၊ ည (၁) ကြိမ် သောက်သလိုဖြစ်သွားမှာပါ)
⭕️အရင်ရက်တွေမှာ ဆေးသောက်ဖို့ မေ့တာမရှိခဲ့ရင် အရေးပေါ်ကိုယ်ဝန်တားဆေးကတော့ သောက်ဖို့မလိုသေးပါဘူး။
အရင်တစ်ကြိမ်မေ့ဖူးခဲ့တယ် အရေးပေါ်တားဆေးကို သောက်သင့်ပါတယ်။

💊 ဆေး (၂) ရက်စာသောက်ဖို့ မေ့သွားရင်ရော 💊
⭕️ ဒီလို မေ့နေခဲ့ရင် ဆေး (၂) လုံးထဲက (၁) လုံးကို ပစ်လိုက်ပါ။ ဒုတိယအလုံးကိုသတိရတဲ့အချိန်မှာ သောက်ပါ။
⭕️ဥပမာ (၁၆) ရက်ည နဲ့ (၁၇) ညတွေမှာ ဆေးသောက်ဖို့ မေ့တယ်။
⭕️ (၁၈) ရက်နေ့မနက်ရောက်မှ သတိသွားတယ်ဆိုကြပါစို့။
⭕️ဒါမျိုးဆိုရင် (၁၆) ရက်ညသောက်ဖို့ဆေးကို မသောက်တော့ဘဲ ပစ်လိုက်ပါ။
🔔 (၁၇) ရက်နေ့ ညသောက်ရမဲ့ဆေးကို သတိရတဲ့ (၁၈) ရက်မနက်မှာ သောက်လိုက်ပါ။
🔔 (၁၈) ရက် ည (၈) နာရီရောက်ရင် ဒီနေ့ညအတွက် ဆေးကို ပြန်သောက်ပါမယ်။
(တစ်ရက်တည်းမှာပဲ မနက် (၁) ကြိမ်၊ ည (၁) ကြိမ် သောက်သလိုဖြစ်သွားမှာပါ)
🔔နောက်ရက်တွေမှာ ပုံမှန်အချိန် အတိုင်းဆက်သောက်သွားရပါမယ်။
🔔 အဲ့လို (၂) ရက်စာမေ့ခဲ့ရင်တော့ ဆေးဆက်သောက်ပေမဲ့ အမျိုးသားနဲ့ လိင်ဆက်ဆံဖို့ (၁) ပတ် ရှောင်ရပါမယ်။
မရှောင်နိုင်ရင်တော့ အတူနေပါက ကွန်ဒုံး (condom) အသုံးပြုရပါမယ်။
🔔နောက်တစ်ချက်က (၂) ရက်စာသောက်ဖို့ သောက်ဖို့ မေ့ခဲ့ရင် ကိုယ်က ဆေးကဒ်ရဲ့ ဘယ်အတန်းမှာလဲ ပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်ရမှာတွေကလည်း ကွာခြားပါတယ်။

⭕️ ပထမအတန်း (၇) လုံး ထဲမှာ မေ့ခဲ့မယ်ဆိုရင် (၅) ရက်အတွင်း အမျိုးသားနဲ့အတူနေခဲ့ပါက အရေးပေါ်ကာကွယ်ဆေး EC pills သောက်ဖို့ လိုပါတယ်။

⭕️ ဒုတိယအတန်း (၇) လုံးထဲမှာ မေ့ခဲ့မယ်ဆိုရင် ရှေ့ (၇) ရက်ပုံမှန် သောက်ခဲ့ပါက အရေးပေါ်တားဆေး သောက်ဖို့မလိုအပ်ပါဘူး။

⭕️ တတိယအတန်း (၇) လုံး ထဲမှာ မေ့ခဲ့မယ်ဆိုရင်လည်း အရေးပေါ် ကိုယ်ဝန်တားဆေး သောက်ဖို့မလိုအပ်ပါဘူး။ တတိယအတန်းမှ ကျန်ဆေးလုံးများကို ကုန်သည်အထိသောက်ပြီး နောက်ထပ်ဆေးကဒ် အသစ်ကို ဆက်သောက်သွားရပါမယ်။
⭕️ကျန်ရှိသော အားဆေးတန်းကို သောက်ရန်မလိုအပ်တော့ပါ။

🔴🔴 အဲ့လိုသောက်လိုက်တဲ့အတွက်ကြောင့် ပုံမှန်ရာသီပေါ်ချိန်မှာတော့ ပုံမှန်အတိုင်း ရာသီပေါ်တော့မှာ မဟုတ်ပါဘူး။ ဆေးကဒ်အသစ် ရဲ့ နောက်ဆုံးတန်းကုန်ခါနီးမှ ပေါင်းပြီး ရာသီပေါ်မှာပဲ ဖြစ်ပါတယ်။ 🔴🔴

(သတိပြုရန် - (၂) ရက်ထက်ပိုပြီးမေ့ခဲ့ရင်လည်း အထက်မှာ ပြောပြခဲ့တဲ့ ပုံစံအတိုင်းပဲ ပြုလုပ်ရမှာဖြစ်ပါတယ်)

ဒီစာကို ဖတ်ပြီး

အမျိုးသမီးများအားလုံး အကျိုးရှိကြပါစေ ...
Dr.OG
Your Friend Forever
https://www.drogmm.com

23/11/2021

Address

Yangon
Rangoon Ahlone
11121

Opening Hours

09:00 - 17:00

Alerts

Be the first to know and let us send you an email when Dr.OG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.OG:

Share