Shwe Zin Myitthar Nurse Aide and Pharmacist Aide - Taunggyi Campus

Shwe Zin Myitthar Nurse Aide and Pharmacist Aide  - Taunggyi Campus သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင်ဒီပလိုမာသင်တန်း

အဆုတ်ကင်ဆာရဲ့ တိတ်တဆိတ်ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာများ 🫁❗‎‎အဆုတ်ကင်ဆာဆိုတာ ကမ္ဘာတစ်ဝှမ်းက ကင်ဆာရောဂါတွေထဲက သေဆုံးမှုအများဆု...
07/12/2025

အဆုတ်ကင်ဆာရဲ့ တိတ်တဆိတ်ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာများ 🫁❗

‎အဆုတ်ကင်ဆာဆိုတာ ကမ္ဘာတစ်ဝှမ်းက ကင်ဆာရောဂါတွေထဲက သေဆုံးမှုအများဆုံးဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ် . . .

‎အဆုတ်ကင်ဆာကို စောစီးစွာသိရှိမယ်ဆိုရင် ကုသမှုအောင်မြင်နိုင်ခြေ ပိုမိုများပြားတတ်ပေမယ့် အစောပိုင်းအဆင့်‌တွေမှာ သိသာထင်ရှားတဲ့ လက္ခဏာတွေကို မပြသတတ်တာမို့ 𝐒𝐢𝐥𝐞𝐧𝐭 𝐊!𝐥𝐥𝐞𝐫 လို့တောင် တင်စားကြပါတယ် 🧐

‎ဒီလို အစောပိုင်းလက္ခဏာတွေဟာ တခြား ရောဂါတွေရဲ့ လက္ခဏာတွေနဲ့လည်း ဆင်တူနေနိုင်တာကြောင့် လျစ်လျူရှုမိတတ်ကြပြီး အဆုတ်ကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းက ကုသမှုအောင်မြင်နိုင်ခြေကို မြင့်မားစေတာမို့ တိတ်တဆိတ်ဖြစ်‌နေတဲ့ လက္ခဏာတွေကို သိထားဖို့ အရေးကြီးပါတယ် . . .

‎🫁 မပျောက်နိုင်ဘဲ ပိုဆိုးလာတဲ့ ချောင်းဆိုးခြင်း
‎ချောင်းဆိုးတာဟာ (၃) ပတ်ထက် ပိုကြာနေရင် ဒါမှမဟုတ် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာရင်၊ အသံပြောင်းလာရင် သတိပြုသင့်ပါတယ်

‎🫁 အသက်ရှူရခက်ခဲခြင်း၊ မောပန်းလွယ်ခြင်း
‎ပုံမှန်လုပ်နေကျ လှုပ်ရှားမှုတွေ လုပ်ရုံနဲ့တောင် မောပန်းလာတာ၊ အသက်ရှူရကြပ်လာတာမျိုး ဖြစ်ပါတယ်

‎🫁 မကြာခဏ အဆုတ်ပိုးဝင်ခြင်း
‎ပုံမှန်ဆေးကာသမှုနဲ့ မသက်သာဘဲ မကြာခဏ ပြန်ဖြစ်နေတဲ့ အဆုတ်ရောင်ရောဂါ၊ လေပြွန်ရောင်ရောဂါမျိုး ဖြစ်ပါတယ်

‎🫁 အကြောင်းမဲ့ ကိုယ်အလေးချိန် ကျဆင်းခြင်း
‎အစားအသောက် ပုံမှန်စားပြီး ကြိုးစားပမ်းစား ဝိတ်ချတာမျိုး မလုပ်ဘဲ ကိုယ်အလေးချိန် ၅% ထက်ပိုပြီး သိသိသာသာ ကျဆင်းလာခြင်းက ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို အသုံးပြုတာကြောင့် ဖြစ်နိုင်ပါတယ်

‎🫁 အသံပြောင်းလဲခြင်း၊ အသံဝင်ခြင်း
‎အသံ အဆက်မပြတ် ဝင်နေခြင်း၊ အသံပြောင်းလဲနေခြင်းက အဆုတ်အဖုအကျိတ်က အသံအိုးကို ထိန်းချုပ်ထားတဲ့ အာရုံကြောကို ဖိအားပေးနေခြင်းကြောင့် ဖြစ်နိုင်ပါတယ်

‎🫁 ရင်ဘတ်၊ ပခုံး၊ နောက်ကျော နာကျင်ခြင်း
‎ချောင်းဆိုးတဲ့အခါ၊ ပြင်းပြင်းထန်ထန် အသက်ရှူတဲ့အခါ၊ ရယ်မောတဲ့အခါမှသာ ပိုဆိုးလာတတ်တဲ့ ရင်ဘတ်၊ ပခုံး၊ နောက်ကျောတစ်ဝိုက် နာကျင်ခြင်းမျိုးက အချို့အဆုတ်အဖုအကျိတ်တွေဟာ အာရုံကြောတွေကို ဖိမိနေလို့ဖြစ်ပါတယ်

‎🫁 မောပန်းနွမ်းနယ်ပြီး အားနည်းနေခြင်း
‎အိပ်ရေးဝအောင်အိပ်ပြီး ပုံမှန်အနားယူပေမယ့် ခန္ဓာကိုယ်စွမ်းအင် လျော့နည်းကာ ပင်ပန်းနွမ်းနယ်မှု ခံစားရတတ်ပါတယ်

‎ဒီရောဂါလက္ခဏာတွေက အဆုတ်ကင်ဆာမဟုတ်ဘဲ အခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်. . .

‎ဒါပေမဲ့. . .လက္ခဏာတွေထဲက တစ်ခုခုကို စဉ်ဆက်မပြတ် ကြုံတွေ့နေရပါက၊ (အထူးသဖြင့်) ဆေးလိပ်သောက်ဖူးသူ၊ ဆေးလိပ်ငွေ့နဲ့ ထိတွေ့ဖူးသူ၊ အသက် (၅၅) နှစ်နဲ့အထက် လူကြီးဖြစ်ပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ် 👨🏻‍⚕️✅

‎အချိန်မီ‌စစ်ဆေးမှုခံယူခြင်းကနေ အဆုတ်ကင်ဆာရောဂါကို စောစီးစွာသိရှိပြီး ကုသမှုခံယူသင့်ကြောင်း 𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 က တိုက်တွန်းအပ်ပါတယ် 🤗

‎“အိပ်မက်များကိုအကောင်အထည်ဖော်ဖို့ 𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 နဲ့ချိတ်ဆက်စို့…!!”

‎𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝𝐞 𝐚𝐧𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞

‎🏠 𝐘𝐚𝐧𝐠𝐨𝐧 𝐁𝐫𝐚𝐧𝐜𝐡
‎အမှတ် (၃၂)၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
‎☎️ - 09403490978, 09448954062

‎🏠 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡
‎တိုက်အမှတ် (D2)၊ လမ်း (၆၀)၊ (၃၁/၃၂) ကြား၊ ရတနာတိုင်းပြည် အိမ်ယာဝန်းအတွင်း၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
‎☎️ - 09403490988, 09791243273

‎🏠 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 𝐁𝐫𝐚𝐧𝐜𝐡
‎အမှတ် (၄၅၁) A2 ၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံ၊ ချမ်းသာရပ်ကွက်၊ တောင်ကြီးမြို့။
‎☎️ - 09767936847 , 09767902692

‎🏠 𝐌𝐚𝐰𝐥𝐚𝐦𝐲𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡
‎ အမှတ်150, မောင်ငံအထက်လမ်းဆုံ။ မောင်ငံရပ် မော်လမြိုင်မြို့
‎☎️ - 09764148800, 09971888242

‎🏠 𝐓𝐡𝐚𝐥𝐲𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡
‎အမှတ်1 ညောင်ပင်လမ်း၊ ကျောက်ရေတွင်းကွက်သစ် ၊သန်လျင်မြို့ ။
‎☎️ - 09789225012

‎🏠 𝐌𝐚𝐠𝐰𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡
‎လင်းဆေးခန်း၊ မဲထီးလမ်း၊ ၁၈လမ်း နှင့် ၁၉လမ်းကြား၊ ရွာသစ်ပွဲကြိုရပ်၊ မကွေးမြို့။
‎☎️ -09 944430044






မလေးရှားနိုင်ငံ 𝐋𝐢𝐧𝐜𝐨𝐥𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 အသိအမှတ်ပြု ဘွဲ့လက်မှတ်ကို ရယူနိုင်မယ့် သူနာပြုနဲ့ဆေးဝါးကျွမ်းကျင်သင်တန်း… 🎓 သူနာပြုန...
14/06/2025

မလေးရှားနိုင်ငံ 𝐋𝐢𝐧𝐜𝐨𝐥𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 အသိအမှတ်ပြု ဘွဲ့လက်မှတ်ကို ရယူနိုင်မယ့် သူနာပြုနဲ့ဆေးဝါးကျွမ်းကျင်သင်တန်း… 🎓

သူနာပြုနဲ့ဆေးဝါးကျွမ်းကျင်သင်တန်းကို ထိထိရောက်ရောက်သင်ကြားပြီး နိုင်ငံတကာအသိအမှတ်ပြုတဲ့ ဘွဲ့လက်မှတ်တစ်ခုကို ရယူလိုသူများအတွက် 𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 သင်တန်းကျောင်းကြီး ရှိနေပါပြီ။

𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 ကနေ မလေးရှားနိုင်ငံ 𝐋𝐢𝐧𝐜𝐨𝐥𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 အသိအမှတ်ပြု ဘွဲ့လက်မှတ်ကို ရယူနိုင်မယ့် 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐓𝐡𝐞𝐨𝐫𝐞𝐭𝐢𝐜𝐚𝐥 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐚𝐧𝐝 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 အတန်းကို ဖွင့်လှစ်ထားပါတယ်။

(𝟔) လကြာ တက်ရောက်ရမယ့် 𝐃𝐢𝐩𝐥𝐨𝐦𝐚 အတန်းကို
🧑🏻‍🏫 𝐎𝐧 𝐂𝐚𝐦𝐩𝐮𝐬 အတန်းအပြင်
🧑🏻‍💻 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 အနေနဲ့ပါ သင်ကြားပေးနေပါတယ်။

ဒီအတန်းတွေကို သူနာပြုနဲ့ဆေးဝါးကျွမ်းကျင် ပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးနေတဲ့ အတွေ့အကြုံရင့်ဆရာတွေကိုယ်တိုင် ထိထိရောက်ရောက်သင်ကြားပေးမယ့်အပြင် Exam အတွက်ပါ ပြင်ဆင်မှုတွေ ပြုလုပ်ပေးသွားမှာပါ။

ဒါကြောင့် သူနာပြုနဲ့ဆေးဝါးကျွမ်းကျင် နယ်ပယ်မှာ ခိုင်မာတဲ့ ဘွဲ့လက်မှတ်တစ်ခု နဲ့ Career တစ်ခု စတင်ချင်တယ်ဆိုရင်တော့ 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐓𝐡𝐞𝐨𝐫𝐞𝐭𝐢𝐜𝐚𝐥 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐚𝐧𝐝 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 အတန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🍀

𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 𝐚𝐧𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞

🏠 𝐘𝐚𝐧𝐠𝐨𝐧 - 𝐁𝐫𝐚𝐧𝐜𝐡 𝟏
အမှတ် (၃၂)၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09403490978 , 09448954062

🏠 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡
တိုက်အမှတ် (D2)၊ လမ်း (၆၀)၊ (၃၁/၃၂) ကြား၊ ရတနာတိုင်းပြည် အိမ်ယာဝန်းအတွင်း၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ -09403490988, 09791243273

🏠𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် ၁၅၂၊ နှင်းဆီလမ်း ကန်အောက်ရပ်ကွက်၊တောင်ကြီးမြို့။
☎️-09964770910,09940006081


ရှေ့ဆက်သွားဖို့ ခွန်အားဖြစ်စေတဲ့ ကျောင်းသားများရဲ့ စကားသံ ❤️''ရွှေဇင်မေတ္တာ'' သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင် သင်တန်းကျောင်း...
12/06/2025

ရှေ့ဆက်သွားဖို့ ခွန်အားဖြစ်စေတဲ့ ကျောင်းသားများရဲ့ စကားသံ ❤️

''ရွှေဇင်မေတ္တာ'' သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင် သင်တန်းကျောင်းဟာဆိုရင် သင်တန်းသားပေါင်း ( ၂၀၀၀ ) ကျော်ကို သင်ကြားမွေးထုတ်ပေးထားတဲ့ အပြင် သင်တန်းသားပေါင်း ( ၉၀၀ ) ကျော်အတွက်ကိုလည်း ပြည်တွင်း ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီး ဖော်ဆောင်ပေးထားပြီးဖြစ်ပါတယ် . . .✨

ဒါ့အပြင် လက်ရှိမှာလည်း လုပ်ငန်းခွင်ကို ၀င်ရောက်နိုင်မယ့် Certificate သင်တန်းများသာမက မလေးရှားနိုင်ငံ 𝐋𝐢𝐧𝐜𝐨𝐥𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 အသိအမှတ်ပြု 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐓𝐡𝐞𝐨𝐫𝐞𝐭𝐢𝐜𝐚𝐥 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐚𝐧𝐝 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 သင်တန်းများအပြင် အိုးမကွာ အိမ်မကွာ အလုပ်လုပ်ချင်သူများအတွက် “ရွှေဇင်မေတ္တာ” ဆေးဆိုင်ကိုလည်း Franchise ယူနိုင်အောင် စီစဥ်ပေးလျှက်ရှိပါတယ် . . . 🤝

ရှေ့ဆက်ပြီးတော့လည်း လူငယ်များရဲ့ အနာဂတ်ကို အကူအညီ အထောက်အပံ့ဖြစ်စေနိုင်ဖို့အတွက် ကြိုးစားသွားဦးမှာဖြစ်ပါတယ် . . .

ဒီလိုမျိုး ရှေ့ဆက်သွားနိုင်ဖို့အတွက် ခွန်အားတွေ ဖြစ်စေတဲ့ ကျောင်းသားများရဲ့ စကားသံကိုလည်း ဖော်ပြပေးလိုက်ပါတယ်ရှင် . . . ❤️

𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 𝐚𝐧𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞

🏠 𝐘𝐚𝐧𝐠𝐨𝐧 - 𝐁𝐫𝐚𝐧𝐜𝐡 𝟏

အမှတ် (၃၂)၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

09403490978 , 09448954062

🏠 𝐘𝐚𝐧𝐠𝐨𝐧 - 𝐁𝐫𝐚𝐧𝐜𝐡 𝟐

အမှတ် (၃၃) မြောင်းမြလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန် မြို့နယ်။

🏠 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡

တိုက်အမှတ် (D2)၊ လမ်း (၆၀)၊ (၃၁/၃၂) ကြား၊ ရတနာတိုင်းပြည် အိမ်ယာဝန်းအတွင်း၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

09403490988, 09791243273

🏠 𝐓𝐡𝐚𝐥𝐲𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡

အမှတ်1 ညောင်ပင်လမ်း၊ ကျောက်ရေတွင်းကွက်သစ် ၊သန်လျင်မြို့ ။

09789225012

🏠𝐌𝐚𝐠𝐰𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡

လင်းဆေးခန်း၊ မဲထီးလမ်း၊ ၁၈လမ်း နှင့် ၁၉လမ်းကြား၊ ရွာသစ်ပွဲကြိုရပ်၊ မကွေးမြို့။

☎️ 09 944430044

🏠𝐌𝐚𝐰𝐥𝐚𝐦𝐲𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် ၁၅၀၊ မောင်ငံအထက်လမ်းဆုံ၊ မောင်ငံရပ်၊ မော်လမြိုင်မြို့။

☎️09764148800, 09971888242

🏠𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် ၁၅၂၊ နှင်းဆီလမ်း ကန်အောက်ရပ်ကွက်၊တောင်ကြီးမြို့။

☎️ 09964770910


🌍 ငလျင်လှုပ်အပြီး နှစ်လအကြာမှာ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံစားခဲ့ရသော မိသားစုအများအပြားဟာ ယာယီတဲတွေမှာ ဆက်လက်နေထိုင်နေကြရ...
11/06/2025

🌍 ငလျင်လှုပ်အပြီး နှစ်လအကြာမှာ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံစားခဲ့ရသော မိသားစုအများအပြားဟာ ယာယီတဲတွေမှာ ဆက်လက်နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။ မုတ်သုန်ရာသီ ရောက်ရှိလာတာနဲ့အမျှ ကျန်းမာရေးအန္တရာယ်များ ထပ်တိုးနိုင်လာတာကြောင့် အစားအသောက်နှင့် ရေသန့်ရှင်း ဘေးကင်းရေးဟာ အင်မတန်အရေးကြီးလာပါတယ်။

ဘေးမကင်းသော အစားအသောက်နှင့် မသန့်ရှင်းသောရေတွေမှ ရောဂါတွေဖြစ်ပွားနိုင်ပြီး အထူးသဖြင့် အခုလိုအရေးပေါ်အခြေအနေတွေမှာ ပိုပြီးဖြစ်ပွားနိုင်ပါတယ်။ သင် နှင့် သင့်မိသားစု ကျန်းမာဘေးကင်းစေဖို့အတွက် အောက်ပါရိုးရှင်းတဲ့ လမ်းညွှန်ချက်လေးမျိုးက ကူညီပေးနိုင်ပါတယ်။

သင့်ကျန်းမာရေးကို ကာကွယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ လေ့လာဖို့ ပုံတွေကို ကြည့်ရှုလိုက်ပါ။

၂၀၂၅ ခုနှစ်၊ ဇွန်လ ကျရောက်သည့် ကမ္ဘာ့အစားအစာဘေးကင်းရေးနေ့ (World Food Safety Day) အထိမ်းအမှတ်အဖြစ် မျှဝေပေးလိုက်ပါသည်။

🍽️ Two months after the earthquake, many families in Myanmar are still living in makeshift shelters. With the monsoon season now adding new risks, food and water safety is more important than ever.

Unsafe food and contaminated water can lead to disease, especially in emergency settings. These four simple guides can help keep you and your family safe.

Swipe through the slides to learn how to protect your health.


သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းများစွာကို ရွေးချယ်တက်ရောက်နိုင်မယ့် 𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 𝐚𝐧𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝 𝐓𝐫...
11/06/2025

သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းများစွာကို ရွေးချယ်တက်ရောက်နိုင်မယ့် 𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 𝐚𝐧𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞 🏥

နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများစွာရှိနေတဲ့ သူနာပြု၊ ဘိုးဘွားစောင့်ရှောက်ရေးနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းများကို တက်ရောက်ဖို့အတွက် စဉ်းစားနေပြီလား?

ဒါဆိုရင်တော့ 𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 𝐚𝐧𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞 ရဲ့ သင်တန်းများကို ရွေးချယ်တက်‌ရောက်နိုင်ပါပြီ။

𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 မှာဆိုရင်

👩🏻‍🎓 သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင် နယ်ပယ်မှာ နိုင်ငံတကာအဆင့်မီဘွဲ့လက်မှတ်ကို ရယူလိူသူများအတွက် Malaysia နိုင်ငံ Lincoln University ETVA ရဲ့ 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐧𝐝 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 သင်တန်း

👩🏻‍💼 သူနာပြုတစ်‌ယောက်အနေနဲ့ ပြည်တွင်းပြည်ပ အလုပ်အကိုင်များကို ရှာဖွေနေသူများအတွက် 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 - သူနာပြုအကူသင်တန်း

🧑🏻‍💼 ဆေးဝါးမျိုးစုံကို သိရှိနားလည်ပြီး ကိုယ်ပိုင်ဆေးဆိုင်တစ်ခု ဖွင့်လှစ်ဖို့ ရည်ရွယ်ထားသူများအတွက် 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝 - ဆေးဝါးကျွမ်းကျင်သင်တန်း

👩🏻‍💼 ဂျပန်၊ စင်္ကာပူ စတဲ့နိုင်ငံတွေမှာ အခွင့်အလမ်းများစွာ ရှိနေတဲ့ 𝐂𝐚𝐫𝐞𝐠𝐢𝐯𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 - ဘိုးဘွားစောင့်ရှောက်ရေးသင်တန်း

များကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

သင်တန်းများကို အောင်မြင်စွာ တက်ရောက်ပြီးတဲ့အခါ 𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 ကနေ အလုပ်အကိုင် Agency များနဲ့ ချိတ်ဆက်ထားပေးတဲ့အတွက် နိုင်ငံရပ်ခြားအထိ သွားရောက်လုပ်ကိုင်လိုသူများအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

ဒါကြောင့် ဆေးဝါးကျွမ်းကျင် နဲ့ သူနာပြုနယ်ပယ်မှာ အကောင်းဆုံးရပ်တည်ချင်တယ်ဆိုရင် 𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 ရဲ့ သင်တန်းတွေကို တက်ရောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင် ✨

𝐒𝐡𝐰𝐞 𝐙𝐢𝐧 𝐌𝐲𝐢𝐭𝐓𝐡𝐚𝐫 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 𝐚𝐧𝐝 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞

🏠 𝐘𝐚𝐧𝐠𝐨𝐧 - 𝐁𝐫𝐚𝐧𝐜𝐡 𝟏
အမှတ် (၃၂)၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ - 09403490978 , 09448954062

🏠 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡
တိုက်အမှတ် (D2)၊ လမ်း (၆၀)၊ (၃၁/၃၂) ကြား၊ ရတနာတိုင်းပြည် အိမ်ယာဝန်းအတွင်း၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️-09403490988, 09791243273

🏠 Taunggyi Branch
အမှတ်(၁၅၂)၊နှင်းဆီလမ်း၊ ကန်အောက်ရပ်၊ တောင်ကြီး။
☎️-09 940 006 081, 09 964 770 910


Address

No(222), Bogyoke Aung San Road, Nyaung Shwe Haw Gone Quarter, Htein Thar Condo
Taunggyi
06101

Telephone

+959980998148

Website

Alerts

Be the first to know and let us send you an email when Shwe Zin Myitthar Nurse Aide and Pharmacist Aide - Taunggyi Campus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Zin Myitthar Nurse Aide and Pharmacist Aide - Taunggyi Campus:

Shortcuts

Share