White Aura

White Aura ☸️ 𝗦𝗽𝗶𝗿𝗶𝘁𝘂𝗮𝗹 𝗣𝗿𝗮𝗰𝘁𝗶𝘁𝗶𝗼𝗻𝗲𝗿


" 𝗪𝗵𝗶𝘁𝗲 𝗔𝘂𝗿𝗮 "နဲ့အတူသင့်စွမ်းအားကို မြှင့်တင်လိုက်ပါ👑

ကူညီပေးဖို့အဆင်သင့်ရှိနေပါတယ် 🤍

🌕 မနက်ဖြန် ကျရောက်မယ့် ဓမ္မစကြာနေ့(ဝါဆိုလပြည့်) အခါသမယမှာ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာနဲ့ ကုသိုလ်တရားပွားများနိုင်ပါစေလ...
28/07/2026

🌕 မနက်ဖြန် ကျရောက်မယ့် ဓမ္မစကြာနေ့(ဝါဆိုလပြည့်) အခါသမယမှာ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာနဲ့ ကုသိုလ်တရားပွားများနိုင်ပါစေလို့ White Aura Studio မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့် 🙏🙏🙏

#ဝါဆိုလပြည့်
#ဓမ္မစကြာ

🪐 Saturn Retrograde ဆိုတာ ဘဝရဲ့ Audit(စာရင်းစစ်) ပါပဲ​🏢 လုပ်ငန်းတစ်ခုမှာ Audit ဝင်ပြီဆိုရင် ဘာဖြစ်တတ်သလဲ...🤓​ကုမ္ပဏီတစ်ခ...
27/07/2026

🪐 Saturn Retrograde ဆိုတာ ဘဝရဲ့ Audit(စာရင်းစစ်) ပါပဲ

​🏢 လုပ်ငန်းတစ်ခုမှာ Audit ဝင်ပြီဆိုရင် ဘာဖြစ်တတ်သလဲ...🤓

​ကုမ္ပဏီတစ်ခုမှာ Audit (စာရင်းစစ်) ဝင်ပြီဆိုရင် ကျွန်မတို့တွေ အရမ်းကြောက်ခဲ့ကြတယ်မလား... ဥပမာ အရှိန်နဲ့တင် လန့်နေတာမျိုးပေါ့ ။

ကိုယ်ကသာ စာရင်းမရှုပ်ထားတဲ့သူ၊ ရိုးရိုးသားသား လုပ်ထားတဲ့သူတွေအတွက် ကြောက်စရာ လုံးဝ မလိုပါဘူး။

​စာရင်းစစ်ဝင်တာဟာ ဒုက္ခပေးဖို့ လာတာ မဟုတ်ဘဲ -
​ဘယ်နေရာမှာ ယိုပေါက်တွေ ရှိနေသလဲ?

​စာရင်းဇယားနဲ့ အုပ်ချုပ်မှု စနစ်တွေ အားနည်းနေသလဲ?
​ရေရှည်မှာ ကုမ္ပဏီ ပြိုလဲမသွားအောင် ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာကို "လာရောက် စိစစ်ပြီး ပြန်လည် အုတ်မြစ်ချပေးတာ" သာ ဖြစ်ပါတယ်။

​🪐 Saturn Retrograde ဆိုတာလည်း "ငါတို့ ဘဝရဲ့ Audit" ပါပဲ။

​၂၀၂၆ ခုနှစ်၊ July 27 ကနေ December 10 အထိ စနေဂြိုဟ် (Saturn Retrograde) ကာလဆိုတာ အခြားမဟုတ်ပါဘူး... စနေဂြိုဟ်ဆိုတဲ့ "Celestial Auditor (ကောင်းကင်ယံ စာရင်းစစ်)" က ကျွန်မတို့ ဘဝဆီ Audit ဝင်လာတာပါ။

​ကိုယ်တိုင် မဟုတ်တာ လုပ်မထားဘူး၊ စည်းကမ်းနဲ့ သီလ လုံခဲ့တယ်၊ ရိုးရိုးသားသား ကြိုးစားထားတယ်ဆိုရင် စနေဂြိုဟ် မွှေမှာကို ကြောက်နေစရာ လုံးဝ မလိုပါဘူး။

စနေဂြိုဟ်ဟာ ရိုးသားပြီး တာဝန်သိသူတွေကို ဒုက္ခမပေးတဲ့အပြင် ဆုလာဘ်အကြီးစားကိုပါ အပြီးသတ်မှာ ပေးအပ်တတ်ပါတယ်။

​🔎 Saturn Audit က ကျွန်မတို့ရဲ့ ဘာတွေကို စိစစ်မှာလဲ ~
ကိုယ့်အဆင်ပြေမှုကို ထိခိုက်စေသည့်၊ မစစ်မှန်သည့် ဆက်ဆံရေးများကို အလိုက်သင့် ငြိမ်ခံနေတုန်းပဲလား?

ပြတ်ပြတ်သားသား "NO" ဟု ငြင်းဆိုဖို့ Saturn က Audit ဝင် စိစစ်ပါလိမ့်မယ်။

​ပေါ့ပျက်ပျက် ပြုလုပ်ထားသော အစီအစဉ်များတချို့ - အလုပ်၊ ဘဏ္ဍာရေးနဲ့ ဘဝ ပန်းတိုင်များကို စနစ်မကျဘဲ စိတ်ကူးယဉ် ရမ်းလုပ်ထားရင် အမှားများကို ထောက်ပြပြီး ခိုင်မာသည့် Plan B ပြန်ဆွဲခိုင်းပါလိမ့်မယ်။

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ ရှောင်ထွက်ထားခဲ့သည့် သင်ခန်းစာများကို သတ္တိရှိရှိ ပြန်လည် ရင်ဆိုင် ရှင်းထုတ်ခိုင်းပါလိမ့်မယ်။

​ Audit အမှတ်ကောင်းကောင်းနဲ့ အောင်မြင်အောင် ဘာလုပ်ရမလဲ ဆိုရင် ~

✅ ​လုပ်ငန်းတစ်ခုမှာ Audit ဝင်ရင် မဟုတ်တာ မလုပ်ထားရင် ရဲရဲဝံ့ဝံ့ စာရင်းပြလိုက်ရုံပဲ မဟုတ်လား...​စနေဂြိုဟ် Audit ဝင်ချိန်မှာလည်း "စည်းကမ်းရှိပါ၊ ရိုးသားပါ၊ စနစ်တကျ ပြန်လည် အုတ်မြစ်ချပါ"။

✅ မကောင်းတာတွေကို ရှင်းထုတ်ပြီး၊ အားနည်းချက်တွေကို ပြန်ပြင်ထားသည့် လုပ်ငန်းတစ်ခုဟာ Audit ပြီးတာနှင့် အဆမတန် ကြီးပွား တိုးတက်သွားသလိုပဲ...
Saturn Audit ကို ကောင်းစွာ အကျိုးရှိရှိ သုံးတတ်သူများသည် December 10 ပြီးတဲ့ အခါ ဘယ်သူမှ ယှဥ်လို့ မရတော့သော ဘဝ၏ ရေရှည် အောင်မြင်မှု ကို ရရှိသွားပါလိမ့်မယ်။

​📜 White Aura Studio ၏ လမ်းညွှန်ချက်

Saturn Retrograde ကို ကြောက်စရာ မဟုတ်ဘဲ ဘဝကို အဆင့်မြှင့်တင်ရမည့် "Self-Audit Season" အဖြစ် ပြောင်းလဲလိုက်ပါ။

သင့်ရဲ့ ဇာတာမှာ Aries ရာသီခွင်က ဘယ် House မှာ ရှိနေပြီး၊ ဒီ Saturn Retrograde က သင့်ဘဝရဲ့ ဘယ်ကဏ္ဍမှာ Audit ဝင်နေသလဲဆိုတာ သီးသန့် မေးမြန်းလိုပါက White Aura Studio Inbox သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

ကျွန်မနဲ့အတူ အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ကြပါစို့ ။💪





🔅 Manifestation ဆိုတာ အပြင်မှာ လိုက်ရှာတာ မဟုတ်ဘူး၊ အတွင်းစိတ်က စတင်တာပါ 👑​"ကြိုးစားနေရက်နဲ့ ဘာလို့ လိုချင်တဲ့ ရလဒ်တွေ လ...
25/07/2026

🔅 Manifestation ဆိုတာ အပြင်မှာ လိုက်ရှာတာ မဟုတ်ဘူး၊ အတွင်းစိတ်က စတင်တာပါ 👑

​"ကြိုးစားနေရက်နဲ့ ဘာလို့ လိုချင်တဲ့ ရလဒ်တွေ လက်ထဲ ရောက်မလာတာလဲ?" 🤔

​အများစုက ငွေကြေးနဲ့ အောင်မြင်မှုကို ပြင်ပလောကမှာပဲ ပင်ပန်းကြီးစွာ လိုက်ရှာနေကြပါတယ်။ ဒါပေမဲ့ စကြဝဠာရဲ့ အခြေခံ နိယာမတစ်ခု ရှိပါတယ်...

​"As within, so without"
(သင့်အတွင်းစိတ်မှာ ဘာဖြစ်တည်နေသလဲ၊ အပြင်ဘက်မှာ အဲ့ဒီအတိုင်းပဲ ပေါ်လွင်လာမှာပါ)

​*တကယ်တော့ Manifestation ဆိုတာ မရှိတာကို အပြင်ကနေ လိုက်ရှာတာ မဟုတ်ဘဲ၊ ကိုယ့်အတွင်းစိတ်ထဲမှာ ရရှိပြီးသားလို့ အပြည့်အဝ ယုံကြည် ခံစားလိုက်တာကနေ စတင်တာပါပဲ။*

​သင့်ရဲ့ Manifestation ကို အသက်ဝင်စေမယ့် အဓိက သော့ချက် (၃) ချက် -

​1️⃣ Self-Identity (မသိစိတ်ထဲက ကိုယ့်ဖြစ်တည်မှု)
​
Manifestation ရဲ့ ပထမဆုံး စတင်ရာနေရာဟာ သင့်ရဲ့ မသိစိတ် (Subconscious Mind) ပါပဲ။

​"ငါက ငွေရှာရ ခက်တယ်" လို့ စိတ်ထဲ သတ်မှတ်ထားရင် ဘာပဲလုပ်လုပ် ပိတ်ဆို့နေမှာပါ။
​"ငါက ငွေကြေးနဲ့ အခွင့်အလမ်းတွေကို သံလိုက်လို ဆွဲဆောင်နိုင်တဲ့သူ" လို့ အတွင်းစိတ်က အပြည့်အဝ လက်ခံလိုက်တာနဲ့ စွမ်းအင်တွေ စတင် ပြောင်းလဲပါပြီ။

​2️⃣ Clear Intention (ပြတ်သားသော ရည်ရွယ်ချက်)

​"ပိုက်ဆံများများ လိုချင်တယ်" ဆိုတဲ့ မရေမရာ အတွေးမျိုး မဟုတ်ဘဲ -

​သင့်ရဲ့ Wealth Empire ကို တည်ဆောက်ဖို့ တိကျပြတ်သားတဲ့ ပန်းတိုင်နဲ့ ရည်ရွယ်ချက် ရှိရပါမယ်။
​ပြတ်သားတဲ့ Intention က သင့်မသိစိတ်ကို ဘာလုပ်ရမလဲဆိုတဲ့ လမ်းကြောင်း အတိအကျ ပြပေးလိုက်တာပါ။

​3️⃣ Emotion & Energy Vibration (ရရှိပြီးသား ခံစားချက်နှင့် စွမ်းအင်)

​Manifestation ကို အကောင်အထည် ပေါ်လာစေတဲ့ အဓိက အင်ဂျင်ကတော့ "ခံစားချက် (Emotion)" ပါ။
​လိုချင်တာ မရသေးခင်မှာတင် "တကယ် ရရှိပြီးသွားပြီ" ဆိုတဲ့ ကျေနပ်မှု၊ ကျေးဇူးတင်မှုနဲ့ ပြည့်စုံမှု ခံစားချက်ကို အရင်ဆုံး ခံစားကြည့်ပါ။

​ဒီ ခံစားချက်က သင့်ရဲ့ Energy Vibration ကို မြှင့်ပေးလိုက်ပြီး ပြင်ပက အခွင့်အလမ်းကောင်းတွေကို သံလိုက်လို ဆွဲဆောင်ပေးလာပါလိမ့်မယ်။

​🌟 အမှတ်ရပါ -
သင့်ရဲ့ စွမ်းအင်နဲ့ မသိစိတ်ကို ပြန်လည်ညှိယူ လိုက်တဲ့အခါ Action ကနောက်ကလိုက်လာပြီးနောက်မှာတော့ သင်လိုချင်တဲ့ ကြွယ်ဝမှုတွေက သဘာဝအတိုင်း စီးဝင်လာမှာ ဖြစ်ပါတယ်။ 🌟

​သင့်ရဲ့ငွေကြေးရဲ့သဘောတရားတွေ သင့်မှာ ငွေကြေးစွမ်းအင်နဲ့ မသိစိတ် ပိတ်ဆို့မှုများကို စနစ်တကျ စစ်ဆေးပြီး
သင့်ရဲ့ ကိုယ်ပိုင် *Wealth Empire *ကို အသက်သွင်းချင်တယ်ဆိုရင်တော့ White Aura Studio ရဲ့ CB မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။ 💎

​




ဒီနေ့မှာ မင်တို့ White Aura Studio အနေနဲ့  Milestone လေးတစ်ခု ရခဲ့ပါပြီ 🥰အဲ့ဒါကတော့ မင်တို့  Clients ပေါင်း 2000 ရဲ့ ဘဝ ...
24/07/2026

ဒီနေ့မှာ မင်တို့ White Aura Studio အနေနဲ့ Milestone လေးတစ်ခု ရခဲ့ပါပြီ 🥰

အဲ့ဒါကတော့ မင်တို့ Clients ပေါင်း 2000 ရဲ့ ဘဝ ပြဿနာ၊ အခက်အခဲတွေကို Astrology ပညာနဲ့ ကူညီအဖြေရှာပေးနိုင်ခဲ့ပါတယ် 🔮

မင်တို့ White Aura Studio ရဲ့ အဓိက Signature ဖြစ်တဲ့ Aura Color Reading အပြင် Natal Birth Chart, Premium Private Reading, Jupiter, Digital Charm နဲ့ Celestrial CEO and Consultation Session တွေ ယူခဲ့တဲ့ Clients ပေါင်း 2000 ပြည့်မြောက်ခဲ့ပါပြီ ⛳

ဒီနေ့အချိန်ထိ မင်တို့ကို ယုံယုံကြည်ကြည်နဲ့လာရောက်တိုင်ပင်ဆွေးနွေးခဲ့ကြတဲ့ တစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင် ❤

🪐 Astrology ပညာဟာ အလွန်ကျယ်ပြန့်နက်နဲတဲ့ ပညာရပ်မို့ ဆက်လက်လေ့လာပြီး အကောင်းဆုံးကြိုးစားသွားပါမယ်ရှင် 🤍




"စကားအလှတွေထက် အပြုအမူနဲ့ပဲ သက်သေပြစေချင်တဲ့ Zodiac Sign များ..."​Leo Season က ​အပေါ်ယံ ဟန်ပြစကားတွေကို အလင်းရောင်နဲ့ ဖယ...
23/07/2026

"စကားအလှတွေထက် အပြုအမူနဲ့ပဲ သက်သေပြစေချင်တဲ့ Zodiac Sign များ..."

​Leo Season က ​အပေါ်ယံ ဟန်ပြစကားတွေကို အလင်းရောင်နဲ့ ဖယ်ရှားလိုက်ပြီး စစ်မှန်တဲ့ အပြုအမူတွေကိုပဲ ပိုမို ထင်ရှားစေမယ့် အချိန်ပါ။

​🌿 Ta**us, Virgo, Capricorn - ကတိစကားတွေထက် ဘေးမှာ အမှန်တကယ် ရှိပေးတာကိုပဲ မြင်ချင်သူများ။

​🌊 Cancer, Scorpio, Pisces - ခံစားချက်ကို တိတ်တဆိတ် နားလည်ပေးပြီး လုံခြုံမှုအပြည့် ပေးနိုင်သူကိုပဲ ရွေးချယ်သူများ။
​
🦁 Leo, Aries, Sagittarius - စိတ်လှုပ်ရှားမှုထက် ဂုဏ်ယူဝင့်ကြွားစွာ လက်တွဲရဲတဲ့ သစ္စာတရားကိုပဲ အလေးထားသူများ။
​
💨 Gemini, Libra, Aquarius - စကားလှလှလေးတွေထက် ညီညွတ်တဲ့ အပြုအမူနဲ့ လေးစားမှုကိုပဲ တောင်းဆိုသူများ။

​သင့်အတွက်ရော အချစ်ရေးမှာ စကားလှလှလေးတွေနဲ့ အလုပ်နဲ့ သက်သေပြတာ ဘာက ပိုအရေးကြီးလဲ?
Comment မှာ ရေးခဲ့အုံးနော် 😍



🦁 𝙒𝙚𝙡𝙘𝙤𝙢𝙚 𝙩𝙤 𝙎𝙪𝙣 𝙞𝙣 𝙇𝙚𝙤 𝙎𝙚𝙖𝙨𝙤𝙣! ☀️      (𝟮𝟮.𝟳.𝟮𝟬𝟮𝟲)​✡ ​Astrology မှာ Sun Sign ဆိုတာ သင့်ဇာတာ၏ Core Essence (ပင်ကိုယ်အနှစ...
22/07/2026

🦁 𝙒𝙚𝙡𝙘𝙤𝙢𝙚 𝙩𝙤 𝙎𝙪𝙣 𝙞𝙣 𝙇𝙚𝙤 𝙎𝙚𝙖𝙨𝙤𝙣! ☀️
(𝟮𝟮.𝟳.𝟮𝟬𝟮𝟲)
​
✡ ​Astrology မှာ Sun Sign ဆိုတာ သင့်ဇာတာ၏ Core Essence (ပင်ကိုယ်အနှစ်သာရ)၊ Central Focus (အဓိက အာရုံစိုက်ရာ)၊ Inner Self (အတွင်းစိတ်) နဲ့ Vitality & Assertiveness (သက်စောင့်စွမ်းအားနှင့် ရဲရင့်ပြတ်သားမှု) တို့ကို ဖော်ပြပေးသည့် အဓိက ပင်မစွမ်းအင် ဖြစ်ပါတယ်... ☀️

​ဒီနေ့ ၂၂ ရက်၊ ဇူလိုင်လ ၂၀၂၆ မှာတော့ တနင်္ဂနွေဂြိုဟ် (Sun)ဟာ သိဟ်ရာသီ (Leo Sign) ထဲသို့ စတင်ဝင်ရောက်လာပါပြီ။

​👑 Sun in Leo Season မှ သင့်ထံ ယူဆောင်လာပေးမည့် အဓိက စွမ်းအင်များနှင့် အရည်အသွေးများ

​🌟 Glory (ဂုဏ်ရောင်တောက်ပမှု) မိမိ၏ စွမ်းရည်များကို ကမ္ဘာကြီးထံ ရဲရဲဝံ့ဝံ့ ပြသပြီး ပတ်ဝန်းကျင်တွင် ထင်းခနဲ တောက်ပလာမည့်အချိန်။

​🎨 Expression (ထုတ်ဖော်ပြသခြင်း) ရင်ထဲရှိ ခံစားချက်များနှင့် ဖန်တီးမှုများကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရခြင်း။

​🎭 Drama (စိတ်လှုပ်ရှားဖွယ်ရာ ရောင်စုံစွမ်းအင်) ဘဝကို ပျင်းရိငြီးငွေ့ဖွယ် မဟုတ်ဘဲ စိတ်ဓာတ်တက်ကြွဖွယ် အတွေ့အကြုံများဖြင့် တန်ဆာဆင်ခြင်း။

​🤝 Loyalty (သစ္စာတရား) ချစ်ခင်ရသူများနှင့် လက်တွဲဖော်များအပေါ် ခိုင်မာသော သစ္စာတရား တိုးပွားလာခြင်း။

​❤️ Heart (နက်နဲသော မေတ္တာ) နှလုံးသားမှလာသော စစ်မှန်သည့် မေတ္တာဓာတ်ဖြင့် ပတ်ဝန်းကျင်ကို အေးမြစေခြင်း။

​🦁 Pride (ဂုဏ်ယူသိက္ခာ) မိမိကိုယ်ကို တန်ဖိုးထားပြီး သိက္ခာရှိစွာ စိတ်ဓာတ်မြင့်မားစွာ ရပ်တည်နိုင်ခြင်း။

​🎁 Generosity (ရက်ရောသော စေတနာ) အခြားသူများအပေါ် အကူအညီပေးလိုစိတ်နှင့် စေတနာ ထက်သန်လာခြင်း။

​✨ Flair (ပင်ကိုယ်ပါရမီနှင့် ဆွဲဆောင်မှု) ပတ်ဝန်းကျင်ကို ညှို့ယူဖမ်းစားနိုင်မည့် ထူးခြားသော ပင်ကိုယ်စရိုက် ပေါ်လွင်လာခြင်း။

​☀️ No Shadows (အရိပ်မည်းများ ကင်းဝေးခြင်း) စိုးရိမ်စိတ်၊ သံသယနှင့် အမှောင်ထုများကို အလင်းစွမ်းအင်ဖြင့် ပယ်ဖျက်လိုက်ခြင်း။

​ဒီ Leo Season မှာ သင့်ရဲ့ စိတ်နှလုံးအတွင်းထဲက ပင်ကိုယ်စွမ်းအားတွေ တောက်ပလာပြီး အေးချမ်းအောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ကြပါစေရှင့်။ 🤍

Comment မှာ "Welcome Leo ☀️" လို့ ရေးခဲ့ပြီး ဒီ Season ရဲ့ တောက်ပတဲ့ စွမ်းအင်တွေကို အတူတကွ ကြိုဆိုလိုက်ရအောင်... ✌

​

Page Messenger မှာ Error ကြောင့် စာပို့လို့မရရင် ဒီ Telegram Contact ကို ဆက်သွယ်နိုင်ပါတယ်ရှင့်Telegram Username: Telegr...
22/07/2026

Page Messenger မှာ Error ကြောင့် စာပို့လို့မရရင် ဒီ Telegram Contact ကို ဆက်သွယ်နိုင်ပါတယ်ရှင့်

Telegram Username:
Telegram Phone: 09676006450

Page CB မှာ စာပို့ထားတဲ့ ညီမလေး တစ်ယောက်ကို reply ပြန်တာ Unable to send ဖြစ်ပြီး ဘယ်လိုမှ စာပြန်လို့ မရလို့ပါ

လူတစ်ယောက်နဲ့ ဆုံတွေ့ရတာ တိုက်ဆိုင်မှုမဟုတ်ဘူး... စကြာဝဠာက ရေးဆွဲပေးခဲ့တဲ့ 'ရေစက်' တစ်ခုပါ..." 🤍​အချို့သော ဆုံဆည်းမှုတွေ...
21/07/2026

လူတစ်ယောက်နဲ့ ဆုံတွေ့ရတာ တိုက်ဆိုင်မှုမဟုတ်ဘူး... စကြာဝဠာက ရေးဆွဲပေးခဲ့တဲ့ 'ရေစက်' တစ်ခုပါ..." 🤍

​အချို့သော ဆုံဆည်းမှုတွေဟာ မထင်မှတ်ဘဲ ရောက်ရှိလာတတ်ပေမဲ့ ရင်ထဲမှာတော့ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ဖူးသလိုမျိုး "အဆမတန် လုံခြုံအေးချမ်းမှု" ကို ပေးစွမ်းနိုင်ပါတယ်...။

​ဒါဟာUniverse က ဖန်တီးပေးလိုက်တဲ့ Soulmate Connection ရဲ့ ပြတ်သားတဲ့ သဲလွန်စတွေပဲ ဖြစ်ပါတယ်။

​❤ သင့်အချစ်ရေးမှာ ဒီလို လက္ခဏာမျိုးတွေ ခံစားဖူးပါသလား?

​1️⃣ Unspoken Connection (မပြောဘဲ သိနေခြင်း)စကားတွေ အများကြီး ရှင်းပြနေစရာ မလိုဘဲ မျက်လုံးချင်း ကြည့်ရုံ၊ လေယူလေသိမ်း နားထောင်ရုံနဲ့တင် အချင်းချင်း ခံစားချက်ကို တန်းနားလည်သွားတာမျိုး...

​2️⃣ Instant Safe Zone (အလိုလို လုံခြုံသွားခြင်း) ပြင်ပကမ္ဘာမှာ ဘယ်လောက်ပဲ စိတ်ပင်ပန်းပါစေ... သူ့အနား ရောက်သွားတာနဲ့ စိတ်နှလုံးထဲ အလိုလို ငြိမ်းချမ်းပြီး အိမ်ကို ပြန်ရောက်သွားသလို ခံစားရတာမျိုး...

​3️⃣ Unbreakable Bond (ဖြတ်ရခက်သော သံယောဇဉ်) ဘယ်လိုပဲ စကားများ အထင်လွဲမှုတွေ ရှိပါစေ... စိတ်နာပြီး အပြီးအပြတ် ခွဲခြားလို့ မရဘဲ နှစ်ယောက်လုံး ရေစက်ချင်း အခိုင်မာဆုံး ဆွဲကပ်ထားတာမျိုး...

​သံယောဇဉ် ဆိုတာ အတင်းအတိုင်းအတာနဲ့ ဆွဲယူလို့ မရသလို၊ ရေစက်ပါလာရင်လည်း ဘယ်လိုမှ ဖြတ်တောက်လို့ မရပါဘူး... 🕊️

​သင့်အနားမှာရော ဒီလို အလိုလို နွေးထွေးမှုပေးနိုင်တဲ့ "ကံပါလာတဲ့ ဖူးစာရှင်" ရှိနေပြီလား?
ရှိပြီဆိုရင် သူ့ကို Tag တွဲပြီး သင့်ရင်ထဲက သံယောဇဉ်လေးကို ပြသလိုက်ပါ
သို့မဟုတ် Comment မှာ ကိုယ့်ရဲ့ Soulmate Vibe လေး မန့်ခဲ့ပါဦးနော်... 🤍

WhiteAuraStudio မှာလည်း လူကြိုက်အရမ်းများသော အချစ်ရေးသီးသန့် Packages တွေရှိပါတယ်ရှင့်။ 😍

​

"သင်က ရာသီဖွား (𝗭𝗼𝗱𝗶𝗮𝗰 𝗦𝗶𝗴𝗻) တစ်ခုတည်းပဲ သိပြီး... စကြာဝဠာကပေးတဲ့ သင့်ဘဝရဲ့ ၉၀% သော လမ်းညွှန်မြေပုံတွေကို လွဲချော်နေသလား...
21/07/2026

"သင်က ရာသီဖွား (𝗭𝗼𝗱𝗶𝗮𝗰 𝗦𝗶𝗴𝗻) တစ်ခုတည်းပဲ သိပြီး... စကြာဝဠာကပေးတဲ့ သင့်ဘဝရဲ့ ၉၀% သော လမ်းညွှန်မြေပုံတွေကို လွဲချော်နေသလား?" 🗺️

​အများစုက "ငါက 𝗖𝗮𝗻𝗰𝗲𝗿 ရာသီဖွား၊ 𝗟𝗲𝗼 ရာသီဖွား" ဆိုပြီး မိမိရဲ့ နေမင်း (Sun ) တည်ရှိရာ ရာသီဖွား တစ်ခုတည်းကိုပဲ ကြည့်ပြီး ဗေဒင်ဖတ်လေ့ ရှိကြပါတယ်။

​ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ရာသီဖွားတစ်ခုတည်းက သင့်ဘဝတစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပါဘူး။

သင် မွေးဖွားလာတဲ့ နေ့၊ ရက်၊ အချိန်၊ နေရာ ကွက်တိအပေါ် မူတည်ပြီး ထွက်လာတဲ့ ဇာတာတော် (𝗕𝗶𝗿𝘁𝗵 𝗖𝗵𝗮𝗿𝘁) ဆိုတာ သင်မွေးဖွားတဲ့ စက္ကန့်ပိုင်းမှာ စကြာဝဠာကြီးက ရိုက်ကူးလိုက်တဲ့ သင့်ဘဝရဲ့ ပုံစံတူ DNA ကောင်းကင်မြေပုံတစ်ခုပဲ ဖြစ်ပါတယ် 🌟

​

ဘဝမှာ အချိန်ကုန်၊ လူပန်း ခေါင်းရှုပ်ခံပြီး လမ်းမှားတွေ လျှောက်မစမ်းဘဲ မိမိရဲ့ 𝗕𝗶𝗿𝘁𝗵 𝗖𝗵𝗮𝗿𝘁 ကို အခုချက်ချင်း စစ်ဆေးကြည့်သင့်တဲ့ အကြောင်းရင်း (၃) ချက်ကတော့~

​☀️ ၁။ သင် သိနေတဲ့ ရာသီဖွားက အပေါ်ယံ ၁၀% သာ ဖြစ်လို့ပါ။​

သင့်ဇာတာထဲမှာ နေမင်း (𝗦𝘂𝗻 𝗦𝗶𝗴𝗻) တင်မကဘဲ...

🌖 ​သင့်ရဲ့ စိတ်ခံစားချက်နဲ့ လုံခြုံမှုကို စိုးမိုးတဲ့ လမင်း (𝗠𝗼𝗼𝗻 𝗦𝗶𝗴𝗻)

✨ ​လူတွေအမြင်မှာ သင့်ရဲ့ ပင်ကိုယ်စရိုက်အမှန်နဲ့ ဘဝလမ်းကြောင်းကို ပြတဲ့ လဂ် (𝗔𝘀𝗰𝗲𝗻𝗱𝗮𝗻𝘁/𝗥𝗶𝘀𝗶𝗻𝗴 𝗦𝗶𝗴𝗻)

🪐 ​သင့်ရဲ့ ဉာဏ်ပညာ၊ အချစ်ရေးနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပြတဲ့ အခြားဂြိုဟ်ပေါင်းများစွာ ကျန်ပါသေးတယ်။

ယခုလို ဇာတာတော်ကို အတွင်းကျကျ ကျောက်စာဖတ်သလို စစ်မှသာ သင့်အတွင်းစိတ်ရဲ့ စွမ်းရည်အမှန်ကို အလုံးစုံ သိမြင်နိုင်မှာပါ။

​

💰 ၂။ သင့်ရဲ့ "ကိုယ်ပိုင် ရွှေအိုးတည်နေရာ (Wealth Blueprint)" ကို ရှာဖွေဖို့ ဖြစ်ပါတယ်။ ​

လူတိုင်းမှာ ငွေဝင်ပေါက်နဲ့ ကံကောင်းခြင်းတွေ သိုလှောင်ထားတဲ့ ၂ တန့်အိမ် (House of Wealth) နဲ့ ကြာသပတေးဂြိုဟ် (Jupiter) ရဲ့ တည်နေရာတွေ သီးသန့် ရှိကြပါတယ်။

သင်က ဘယ်လိုအလုပ်မျိုးနဲ့ စီးပွားရှာရင် အောင်မြင်မလဲ၊ ငွေဝင်လမ်းကြောင်းက ဘယ်ကလာမလဲဆိုတာ ဇာတာတော်ထဲမှာ ကွက်တိ လမ်းညွှန်ပြသထားပြီးသားမို့ ဇွတ်မှိတ်စမ်းနေစရာ မလိုတော့ပါဘူး။

🪐​ ၃။ လက်ရှိ ဂြိုဟ်စီးအပြောင်းအလဲ (Transits) တွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။​

လက်ရှိ စကြာဝဠာထဲမှာ Mercury Retrograde မျိုး၊ ဂြိုဟ်ကြီးတွေ ရာသီအိမ်ပြောင်းတာမျိုး ဖြစ်တဲ့အခါ သင့်ရဲ့ မွေးဖွားဇာတာ နဲ့ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိလဲဆိုတာ ကြိုသိထားရင် ဘဝရဲ့ အလှည့်အပြောင်းတွေကို အမှားအယွင်းမရှိ အမိအရ ဖမ်းဆုပ်နိုင်ပါလိမ့်မယ်။

ကျွန်မတို့ဆီမှာ ဇာတာတော်စစ်ဆေးတဲအခါ မိမိရဲ့ မွေးရာပါဓာတ်ကြီးလေးပါးရဲ့ စွမ်းအင်မျှတမှု ရှိ မရှိကိုပါ တခါတည်း သိရှိသွားမယ့်အခွင့်အရေးပါ ရရှိသွားပါမယ်။🪬

✌ Don't live life on trial and error!

ဘဝကို စမ်းတဝါးဝါးနဲ့ အချိန်မဖြုန်းပါနဲ့တော့။ သင့်ရဲ့ အချစ်ရေး ဘာလို့ အဆင်မပြေဖြစ်နေလဲ?

သင့်အလုပ်မှာ ဘာလို့ အဟန့်အတားတွေ ကြုံနေရလဲ?

သင့်ရဲ့ ပိတ်ဆို့နေတဲ့ Energy Block တွေကို ဖယ်ရှားပြီး လမ်းပွင့်သွားဖို့ သင့်ဘဝရဲ့ Guide Book ကို ဖွင့်ဖတ်လိုက်ပါ။

သင့်ရဲ့ မွေးသက္ကရာဇ် (Date of Birth)၊ မွေးဖွားချိန် တိတိကျကျ (Exact Birth Time) နဲ့
မွေးဖွားရာဒေသ (Place of Birth) ကို White Aura Studio ရဲ့ Inbox (Messenger) မှာ ပို့ပေးပြီး သင့်ရဲ့ တစ်ဦးတည်းမူပိုင် ဇာတာတော်အဟော (Personal Birth Chart Reading) ကို Booking ရယူ စစ်ဆေးနိုင်ပါပြီရှင်
🤍

CB 💌 m.me/WhiteAuraStudio9




"ငါ တကယ်ကော အောင်မြင်မှာလား..." ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်မိတဲ့ ညတွေ ရှိဖူးသလား? ညဉ့်နက်မှ ဝင်လာတတ်တဲ့ ဒီအတွေးတွေက...
20/07/2026

"ငါ တကယ်ကော အောင်မြင်မှာလား..." ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်မိတဲ့ ညတွေ ရှိဖူးသလား?
ညဉ့်နက်မှ ဝင်လာတတ်တဲ့ ဒီအတွေးတွေက သင့်ကို လမ်းပျောက်သလို ခံစားရစေမှာပါ။ 🌌

​ဘဝမှာ တစ်ခါတလေ အားသွန်ခွန်စိုက် ကြိုးစားနေပါလျက်နဲ့ အရာရာက နှေးကွေးနေတာ၊ ရှေ့မတိုးဘဲ တစ်ဆို့နေတာမျိုး ကြုံဖူးကြမှာပါ။
အထူးသဖြင့် စောင့်ဆိုင်းရတာတွေ အချိန်ကြာလာတဲ့အခါ "ငါ လမ်းမှားနေပြီလား" ဆိုတဲ့ စိုးရိမ်စိတ်တွေက အလိုလို ဝင်လာတတ်ပါတယ်။

​🪐ဒါပေမဲ့ Universe က သင့်ကို ပေးချင်တဲ့ လျှို့ဝှက်ချက် Message တစ်ခု ရှိပါတယ် -

"သင့်ရဲ့ စောင့်ဆိုင်းရမှုတွေက လုံးဝ အလကားမဖြစ်ပါဘူး။ သင် ဝင်နေတဲ့ သံသယတွေကသာ မှားယွင်းနေတာပါ။"

​လူတိုင်းမှာ Universe က သတ်မှတ်ပေးထားတဲ့ ကိုယ်ပိုင် "ကံကြမ္မာ Timeline" တစ်ခုစီ ရှိကြပါတယ်။

သူတစ်ပါးရဲ့ အောင်မြင်မှု အချိန်ဇယားနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်ပြီး အားမငယ်ပါနဲ့။
အချို့သူတွေက ဘဝရဲ့အစောပိုင်းမှာ အောင်မြင်ကြပေမဲ့၊ အချို့ကျတော့ ဂြိုဟ်စီးအလှည့်အပြောင်းတွေ (Transits) ရင့်မှည့်တဲ့အချိန် ရောက်မှသာ ဘဝအလှည့်အပြောင်းကြီး ဖြစ်ပြီး ထူးထူးခြားခြား ပေါက်ကွဲအောင်မြင်တတ်ကြပါတယ်။

တနည်းအားဖြင့်ရာသီအလိုက် ပွင့်တဲ့ပန်းလေးတွေ မတူသလိုပါပဲ။ 🪷
သူ့အချိန်နဲ့ သူ့ရာသီ ရောက်မှသာ အစွမ်းကုန်ပွင့်ဖူး လှပကြတာပါ။
ကျွန်မတို့တတွေရဲ့ ဘဝဟာလည်း ထိုနည်းလည်းကောင်းပါပဲ။

တခါတလေမှာ အရာရာ နှေးကွေးနေတယ်လို့ ခံစားရတာကလည်း လမ်းပျောက်နေတာ မဟုတ်ပါဘူး။ သင့်ရဲ့ ပင်ကိုယ်ဇာတာတော်မြေပုံ ထဲက အားအကောင်းဆုံး စွမ်းအင်တွေ ပွင့်မယ့်အချိန်ကို ရောက်ဖို့ နောက်ကနေ အရှိန်ယူ ပြင်ဆင်နေရုံသက်သက်ပါ။

​🗺️ သင့်ဘဝရဲ့ Guide Book (မြေပုံ) ကိုကော သင်ဖွင့်ကြည့်ပြီးပြီလား?
​
မိမိရဲ့ မွေးဖွားဇာတာ ကို စစ်ဆေးကြည့်တယ်ဆိုတာ ရိုးရိုးရှေ့ဖြစ်ဟောတာထက် ပိုပါတယ်။

-သင့်ရဲ့ ဝင်ငွေလမ်းကြောင်း (Wealth House) ဘယ်အချိန်မှာ အားအကောင်းဆုံး ပွင့်မလဲ?

- ဘယ်လိုအလုပ်မျိုးက သင့်ကို ထိပ်ဆုံးအထိ ပို့ဆောင်ပေးနိုင်မလဲ?

- သင့်ရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေး ကံကကော ဘယ်လိုလဲ?
-
လတ်တလော ကြုံနေရတဲ့ ပိတ်ဆို့မှုတွေက သင့်ခန္ဓာကိုယ်ထဲက ဘယ်ဓာတ်သဘာဝ မမျှတလို့လဲ?
ဆိုတာကို အဖြေရှာပြီး "ဘဝလမ်းကြောင်းကို စနစ်တကျ ပြုပြင်ပြောင်းလဲလိုက်ခြင်း" ပါပဲ။

​သံသယစိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အချိန်မဖြုန်းပါနဲ့တော့။
Universe က သင့်အတွက် ပြင်ဆင်ပေးထားတဲ့ Big Visions & Big Opportunities တွေကို အချိန်ကိုက် အမိအရ ဖမ်းဆုပ်နိုင်ဖို့ သင့်ရဲ့ ကံကြမ္မာ Timeline ကို အခုပဲ ရှာဖွေလိုက်ပါ။ 🌟

သင့်ရဲ့ ပင်ကိုယ်စွမ်းအင်လှိုင်း (Aura) တွေကို ပြန်လည်ညှိယူဖို့နဲ့ တစ်ဦးတည်းမူပိုင် ဘဝမြေပုံကို ဆန်းစစ်ချင်တယ်ဆိုရင်တော့ Messenger မှာ Booking ဝင်ရောက်ရယူနိုင်ပါပြီရှင်။🤍


Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when White Aura posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share