Medical Knowledge sharing by Mi Gi

Call Contact the practice

Medical Knowledge sharing by Mi Gi ဆရာမအဂီ( 👩‍⚕️ 💚 Health Education & Wellness💚👩‍⚕️

 #ရေးတတ်လိုက်တာ ၊ အရမ်း ဆရာကျတယ် 😂😂😂၂၈လုံး ကိုယ်ဝန်တားဆေးတွေ သောက်ကြတယ်ပေ့ါနော်တချို့က ကိုယ်ဝန်တားဆေးတွေသုံးပြီး အပျိုပါ...
07/12/2023

#ရေးတတ်လိုက်တာ ၊ အရမ်း ဆရာကျတယ် 😂😂😂

၂၈လုံး ကိုယ်ဝန်တားဆေးတွေ သောက်ကြတယ်ပေ့ါနော်

တချို့က ကိုယ်ဝန်တားဆေးတွေသုံးပြီး အပျိုပါလို့ ငြင်းတတ်ကြတာပေါ့

အများစုကလည်း တားဆေးတွေသောက်နေရင် ပကျိလုပ်တဲ့သူလို့ပဲ ထင်တတ်ကြပါတယ်

တကယ်ပကျိတဲ့သူတွေက တားဆေးမသောက်ကြဘူးဟ 😒 (ဒီနိုင်ငံမှာတော့ အဲ့လော့ဂျစ်ကမှန်တယ်၊ ဂိုးဝင်သွားရင်တော့ ဇာတာပဲပေါ့)

အမှန်တကယ်က ဘဲမရှိတဲ့ FA မတွေတောင် တားဆေးသောက်ရတဲ့ အခြေအနေတွေရှိနေပါတယ်

ကိုယ်ဝန်တားဆေးကို OC Pill (အိုစိပေ) လို့ ခေါ်ပြီး နာမည်ရှည်လို့ "စီစီ" လို့ပဲခေါ်မယ်နော်

"စီစီ" က ဂိုးသမားတာဝန်တင်လုပ် ပေးတာမဟုတ်ဘူး အခြားဟာတွေလည်း အပိုလုပ်ပေးတယ်

တစ်ခုရှိတာက အီးစီးတူးနဲ့ သူ့အမျိုးတွေကတော့ အခုပြောမယ့် ကောင်းကျိုးတွေ ပေးနိုင်မှာမဟုတ်ပါဘူး (အီးစီးတူးက မိတိန်ကျင့်ခံရသူတွေ အတွက် သီးသန့်လို့မှတ်)

လစဉ်သုံး စီစီ၊ လက်မောင်းထဲထည့်ရတဲ့စီစီနဲ့ သားအိမ်ထဲထည့်ရတဲ့ စီစီတွေရဲ့ ကောင်းကျိုးတွေသာဖြစ်ပါတယ်

အခုကတော့ သောက်ဆေး စီစီ အဓိကပေါ့နော်

၁ - စီစီက သီသီ မှန်စေပါတယ်

သီသီ မမှန်တာဟာ ဟော်မုန်းမမှန်တာကြောင့်ဖြစ်ပြီး စီစီ က ဟော်မုန်းတွေကို တသမတ်ထဲဖြစ်စေတာကြောင့် သီသီ ပြန်မှန်စေမှာပါ

ဒါ့အပြင် သီသီ အရမ်းလာတာကို တားဆီးပေးပါတယ်

အဲ့ဒါကြောင့် တချို့မိန်းမတွေ သီသီ ရေတံခွန်ကြီးလို တဝေါဝေါ လာတဲ့အခါ ဆရာဝန်တွေက စီစီသောက်ခိုင်းတတ်ကြပါတယ်

မိန်းမကျဥမှာ ရေအိတ်တည်(PCOS) ဖြစ်ပြီး ဟော်မုန်းမမှန်တာကြောင့် စီစီသောက်ရတာမျိုးလည်း ရှိနိုင်ပါတယ်

၂ - သီသီ ကြောင့် ဗိုက်ဗိုက်အောင့်တာကို သက်သာစေတယ်

ဗိုက်ဗိုက် နာရတာဟာ မိန်းမကျဥကနေ မျိုးဥကြွေပြီး ပရောက်စတန်ဂလန်ဒင် ဟော်မုန်း ထွက်လာလို့ဖြစ်ရတာပါ

စီစီက မျိုးဥကြွေတာကို တားဆီးပေးတာကြောင့် သီသီလာပေမယ့် ဗိုက်ဗိုက်နာတာကို မခံစားရစေပါဘူး

သီသီကြောင့် ဗိုက်ဗိုက်မခံနိုင်အောင် အောင့်တဲ့ မိန်းမတွေဆိုရင်လည်း စီစီသောက်နေရတတ်ပါတယ်

၃ - ဟော်မုန်းမမှန်လို့ထွက်တဲ့ ဝက်ခြံတွေကို သက်သာစေတယ်

ပူပါပီ သမခံတဲ့အချိန်မှာ ဟော်မုန်းတွေ မမှန်လို့ ဝက်ခြံထွက်တတ်ပါတယ်
မိန်းကလေးတွေဆိုရင် စီစီက ဟော်မုန်းပြန်မှန်စေတာကြောင့် ဝက်ခြံတွေ သက်သာသွားမှာပါ

အီစထရိုဂျင်ပါတဲ့ ကပြားစီစီ (COCP) တွေက အထိရောက်ဆုံးပါပဲ

ဝက်ခြံအရမ်းဆိုးတဲ့ မိန်းကလေးတွေဆိုရင် စီစီသောက်နေရတတ်ပါတယ်

၄ - စီစီတွေက ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်

စီစီစွဲသောက်နေတဲ့သူတွေဟာ စီစီဖြတ်ပြီး နှစ်၂၀ကြာတဲ့အထိတောင် သားအိမ်ကင်ဆာနဲ့ မိန်းမ ယဥကင်ဆာ ဖြစ်နိုင်ခြေတွေကို လျော့ချပေးပါတယ်

ဆိုးကျိုးအနေနဲ့ကတော့ စီစီတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတော့ ပြန်လည်မြင့်တက်စေပါတယ်

ရင်သာကင်ဆာဖြစ်နိုင်ခြေမြင့်စေတဲ့ကောင်တွေက အီစထရိုဂျင် ပါတဲ့စီစီတွေပဲဖြစ်ပြီး ကျန်တဲ့စီစီတွေကတော့ မမြင့်တက်စေပါဘူး

၅ - မိန်းမကျဥ ရေအိတ်တည်တာကို လျော့ချပေးတယ်

အပေါ်မှာပြောခဲသလိုပဲ တချို့မိန်းမတွေက ကျဥမှာ ရေအိတ်တည်တဲ့ရောဂါ PCOS ဖြစ်နေတတ်ပါတယ်

အဲ့ဒီအရည်အိတ်တွေက မျိုးဥကြွေလေ ပိုများလေ ဖြစ်တာကြောင့် စီစီနဲ့ မကြွေအောင် တားဆီးထားရပါတယ်

အဲ့ဒါကြောင့် တချို့ FA မတွေ ဘဲမရှိပဲ စီစီသောက်နေရတာပါ

ဘဲလည်းမရှိ၊ ရေအိတ်လည်းတည်နေတဲ့သူတို့ကို အထင်မှားပြီး ထပ်မနှိပ်စက်ကြပါနဲ့ဟယ်

PCOS သမားတွေကလည်း ပြန်ပြောလိုက်ပါ

ဘဲမရှိပေမယ့် ရေအိတ်တွေ အများကြီးရှိတယ်
နင်တို့တောင် ရှိလို့လားလို့ 😌

၆ - Endometriosis ကိုသက်သာစေခြင်း

နှဖူးမှာ သီသီလာတာ၊ နှာခေါင်းမှာ သီသီလာတာ၊ ဗိုက်မှာသီသီလာတာလို့ပြောရင် ပေါက်ကရလို့ပြောမှာမလား

အဲ့ဒါမျိုးအမှန်တကယ်ရှိပါတယ်…

သားအိမ်ထဲက သီသီလာတဲ့ တစ်ရှုးက နှာခေါင်းတို့၊ နှာဖူးတို့၊ ချက်တို့မှာ ရောက်ပြီး သီသီလာတဲ့အချိန်ဆို သူတို့ပါ သီသီလာတတ်ပါတယ်

သီသီလာတဲ့အချိန် နှာခေါင်းသွေးလျံတတ်ရင် Endometriosis ဖြစ်နိုင်ပါတယ်
ပိပိမှာ လာတာက ပိခံသုံးလို့ရပေမယ့် တခြားနေရာမှာလာတာက ပိခံသုံးလို့အဆင်မပြေပါဘူး

အဲ့ဒီ FA မတွေကလည်း ဘဲမရှိပေမယ့်လို့ သီသီလာတာနည်းအောင် စီစီသောက်နေရတတ်ပါတယ်

၇ - သီသီလာလို့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေခြင်း

တချို့မိန်းမတွေက သီသီလာရင် ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်

သီသီမလာခင်မှာ ဟော်မုန်းတွေ ထိုးကျသွားတတ်တာနဲ့ ဆိုင်လို့ ဟော်မုန်းပါတဲ့ သီသီတွေနဲ့ ပြန်တင်ပေးခြင်းဖြင့် ခေါင်းကိုက်သက်သာစေပါတယ်

၈ - သီသီလာမယ့်အချိန်ကို ထိန်းချုပ်ပေးနိုင်ခြင်း

သီသီလာမယ့်အချိန်ကို ထိန်းချုပ်နိုင်ရင် တကယ်ဟန်ကျပါတယ်

ကိုယ်ခရီးသွားမယ့်အချိန်၊ ပျော်ပွဲရွှင်ပွဲတွေသွားမယ့်အချိန်၊ ဟောပြောပွဲတွေတက်မယ့်အချိန်နဲ့ မင်္ဂလာဦးညတွေမှာ သီသီလာရင် တကယ်ကွဲတာပါ

တစ်ခါတစ်လေ တစ်ပြည်သူမောင်ရွှေတံတံနဲ့ တစ်လမှတစ်ခါပဲတွေ့ရတာကို အဲ့အချိန်သီသီနှောက်ယှက်နေရင် မကောင်းပါဘူး (မင်မင်လိုလူတွေကိုတော့ သီသီလောက်နဲ့ မတားဆီးနိုင်ပါဘူး ☺️)

လစဉ်အလုံး၃၀သောက်ရတဲ့ စီစီသောက်ဆေးတွေကို ဆရာဝန်တွေ ကျွမ်းကျင်စွာ ချိန်ညှိပေးနိုင်ရင် သီသီဟာ ကိုယ်လာစေချင်တဲ့ရက်မှာပဲလာနိုင်ပါတယ်

၉ - သွေးအားနည်းတာကို သက်သာစေခြင်း

တချို့မိန်းမတွေက သီသီ ရေတံခွန်ကြီးလို လာတဲ့အခါ သံဓာတ်တွေ၊ သွေးနီဥတွေအားနည်းသွားပြီး မူးမေ့လဲတတ်ပါတယ်

လတိုင်းဖြစ်နေတော့ အဆင်မပြေကြပါဘူး

အဲ့တော့ သီသီ ပေါများ မိန်းမသားတွေကလည်း လာတာနည်းအောင် စီစီသုံးနေရပါတယ်

စီစီတွေကို ကိုယ့်သဘောနဲ့ကိုယ်သောက်သင့်သလား???

ဆရာဝန်နဲ့ တိုင်ပင်ပြီးသာ သောက်သင့်ပါတယ်

ဥပမာ ပြောရရင် ကိုယ်က သိပ်မလှုပ်ရှားတဲ့သူ၊ ဆေးလိပ်သမား ဒါမှမဟုတ် အသက်၃၅ကျော်နေရင် သွေးခဲနိုင်ခြေများပါတယ် (အခုဆိုရင် ကိုဗစ်ဖြစ်ထားရင် စီစီ သတိထားသင့်ပါတယ်၊ D-dimer စစ်ကြည့်ပေါ့နော်)

စီစီကလည်း သွေခဲနိုင်ခြေ များစေတာကြောင့် အဲ့လိုအခြေအနေမျိုးတွေဆို တခြားဆေးတွေနဲ့ တွဲသောက်ဖို့ လိုပါတယ်

ဒါက ဥပမာတစ်ခုပဲရှိသေးတာပါ

တခြားအန္တရာယ်တွေလည်း ရှိပါသေးတယ်

ဘယ်အရာမဆို ဆိုးကျိုးရှိလို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သာလုပ်ပါ

(ခဏခဏ ဆေးခန်းပြလို့ ပိုက်ဆံကုန်မှာ နှမျောရင် ဆရာဝန်သာ လင်တော်လိုက်၊ ညညဆိုရင်တော့ ဆေးခန်းပြခ အကြွေးဆပ်ရမှာပေါ့နော်)

ယောက်ျားလေးတွေ၊ ငတတ်ကြီးတွေကလည်း စီစီသောက်တဲ့မိန်းမဆိုရင် ကွိစကွစအပြင် တခြားဟာတွေအတွက်ပါ သောက်နိုင်သေးတယ်ဆိုတာ မြင်နိုင်ကြပါစေဟယ်

စာအုပ်တစ်အုပ်ကို အထဲက စာတွေနဲ့ မဆုံးဖြတ်ပါနဲ့၊ စာအုပ်အဖုံးလေးလည်း ကြည့်တတ်ပါစေ (ပြောင်းပြန်ဖြစ်တာ ငါသိတယ်၊ ဒီခေတ်က စာရေးဆရာတွေ တလွဲရေးပြီး Graphic Designer တွေက သေချာလုပ်ရတဲ့ခေတ်မို့လို့ စာအုပ်အဖုံးက ပိုတန်ဖိုးရှိသွားပါပြီ)

ဟုန်...ပိပိ...ကျေးဇု

credit to Phyo Wai Yan

အနာတွေ ရင်းလာတာ အညှော်ရှုမိလို့လား ? GP တွေမှာ အကြားရအများဆုံး ကိစ္စလေးပေါ့ ။ ညှော်မိသွားတာဆရာ ။ အနာကယောင်ပြီး ပြည်တည်သွ...
12/09/2023

အနာတွေ ရင်းလာတာ အညှော်ရှုမိလို့လား ?

GP တွေမှာ အကြားရအများဆုံး ကိစ္စလေးပေါ့ ။ ညှော်မိသွားတာဆရာ ။ အနာကယောင်ပြီး ပြည်တည်သွားတယ် ။ အဲ့တာလေးကို ရှင်းပြချင်တာ ။ ဖတ်ပီးရင် ဘယ်လို ဆက်စပ်နေလဲဆိုတာ သိသွားမယ် ။ ကဲ စလိုက်ကြရအောင်ဗျာ ။

အဲ့ဒါကို နားလည်ဖို့ ခေါင်းစဉ် ၃ ခု ဖတ်ရမယ်

(၁) bacteria ဘက်တီးရီးယား

ဘက်တီးရီးယားဆိုတာ အရမ်းကိုသေးငယ်လွန်းတဲ့ ဆဲတစ်လုံးထဲရှိတဲ့ သက်ရှိတွေပဲ ။ ကမ္ဘာပေါ်မှာ အပေါများဆုံးနဲ့ eco system အတွက် မရှိမဖြစ်လိုအပ်တဲ့အကောင်တွေ ။ လူ့ခန္တာကိုယ်မှာဆို ပေါများလွန်းလို့ လူသားဆဲလ်အရေအတွက်ထက် ဆယ်ဆပိုများတယ်တဲ့ ( national human genome research institute, USA ) ။ ဒါပေမယ့် ဘက်တီးရီးယားအများစုက လူ့ခန္တာကိုယ်ကို မထိခိုက်စေရုံသာမက လူကိုအကျိုးပြုတဲ့ဘက်တီးရီးယားတွေများကြီးရှိတယ်။ ဥပမာ အူကဘက်တီးရီးယားတွေ အစာချေစနစ်မှာ စပါယ်ရှယ်အသုံးဝင်တဲ့ကောင်တွေ ။ အချို့ဘက်တီးရီးယားအရေအတွက်နည်းနည်းလေးကတော့ လူကိုထိခိုက်စေတယ် ။ အဲ့ထဲမှာ Staphylococcus တို့ Streptococcus လိုကောင်တွေက ထိပ်ဆုံးကပါပြီး အရေပြားတွေ ထိခိုက်ဒဏ်ရာရရင် အဲ့ကနေတဆင့် လူ့ကိုယ်ထဲကို ဝင်လာလေ့ရှိတယ် ။ ပြီးရင်တော့ ရောက်တဲ့နေရာကနေ စတင်တိုက်ခိုက်တော့တာပဲ ။
ပိုးဝင်ရင် အဲ့နေရာက ပူ ၊ နီ ၊ နာ ‌၊ ယောင် ၊ loss of function ဖြစ်တယ် ။

(၂) Immune system လူ့ကိုယ်ခံအားစနစ်

အထူးသဖြင့် Acute inflammation of innate immunity ကို အဓိကထားပြောရမှာ ။ ခုနလို ထိခိုက်ရှာနာ အမွှေးကျွတ်လို့ ပိုးဝင်လာပြီဆိုတာနဲ့ haemodynamic changes စဖြစ်တယ် ။ စစချင်းသွေးကြောတွေကျဉ်းလာတယ် ။ နောက်ပြီး histamine ၊ bradykinin prostaglandins တွေထွက်လာပြီး ‌သွေးကြောတွေကျယ် ၊ သွေးကြောစိမ့်ဝင်မှုတွေကောင်းလာ ၊ သွေးပြစ်နှုနိးတွေတက် ၊ သွေးလည်ပတ်မှုတွေနှေးလာပြီး အရေးပါတဲ့ သွေးဖြူဥတွေ စလှုပ်ရှားလာတယ် ။ အဲ့ကောင်တွေက ပိုးဝင်တဲ့နေရာကိုရောက်လာပြီး phagocytosis တို့ degranulation တို့လိုစနစ်တွေနဲ့ ပိုးတွေကို ခုခံတိုက်ခိုက်တယ် ။ အဲ့လိုသွေးဖြူဥတွေစုလာပြီး တိုက်ခိုက်တဲ့လက္ခဏာအနေနဲ့ ပြည်တွေထွက်လာတာပဲ ။ လူ့ကိုယ်ခံအားအရမ်းကောင်းတဲ့လူတွေကလေးတွေဆို သိသာတယ် ။ တော်တန်ရုံပိုးဝင်လည်း ခဏနဲ့ပျောက်တယ် ။ သွေးကြောတွေပျက်စီးကျဉ်းမြောင်းနေတဲ့ ဆီးချိုသမားတွေဆို တော်တော်နဲ့မပျောက်ဘဲ ခြေထောက်တွေပါ ဖျက်ပစ်ရတဲ့အထိရောက်တယ် ။

(၃) Ventilation System အသက်ရှုစနစ်

အကြမ်းဖျဉ်းပြောရရင် ကျွန်တော်တို့ အသက်ရှုတာ လုပ်ငန်း ၂ ခုထဲကိုပဲလုပ်ဖို့ ။ ၁ အပြင်က oxygen ကို သွေးထဲပို့ဖို့နဲ့ ၂ သွေးထဲက carbon dioxide ကို အပြင်ထုတ်ဖို့ ။ oxygen က ခန္တာကိုယ်အလုပ်လုပ်ဖို့ ‌လိုအပ်တဲ့ရင်းမြစ် ၊ CO2 က အလုပ်လုပ်ပီးလို့ စွန့်ပစ်လိုက်တဲ့ ကျွင်းကျန်ပစ္စည်း အမှိုက်ပေါ့ဗျာ။ အဆုပ်က အဲ့နှစ်ခုကို ပုံမှန်အလဲအလှယ်လုပ်ပေးဖို့ အသက်ရှုပေးရတယ် ။ အဲ့တော့ အညှော်တွေထဲမှာ nitrogen ၊ carbon dioxide နဲ့ အခြား ဓါတ်ငွေ့လေးတွေပါတတ်တယ် ။ အညှော်တွေရှုမိရင် ပန်းနာရင်ကျပ်ရှိတဲ့လူဆို ထကျပ်တတ်တယ် ။ သာမာန်လူတွေကတော့ နည်းနည်းမူးချင်တာတို့ စိတ်အခန့်မသင့်လို့ ခေါင်းကိုက်တာတို့ ဖြစ်တတ်တယ် ။ ဒါပေမယ့် အညှော်ရှုမိတာက Carbon monoxide poisoning တို့လို လူ့သွေးကြောထဲ oxygen carbon dioxide gas exchange အပေါ်ကိုတော့ သိသာတဲ့ပြောင်းလဲမှု မရှိစေနိုင်ဘူး ။ တကယ်လို့ ရှိခဲ့ရင်တောင် ခုန အနာပိုးဝင်လို့ ပြည်တည်တဲ့ကိစ္စနဲ့ ဘာမှ မပတ်သက်ဘူး ။

အဲ့တော့ လူကြီးမင်းတို့ သေချာမှတ်ထားရမှာက

* အနာရင်းတာ ပြည်တည်တာဟာ ပိုးဝင်တာကို တိုက်ခိုက်ဖို့ ကိုယ်ခံအားစနစ်က ကောင်းကောင်းအလုပ်လုပ်နေတာကိုပြတာဖြစ်ပြီး

* အညှော်ရှုတာက ခေါင်းမူးခေါင်းကိုက် ချောင်းဆိုးရင်ကျပ်တတ်တာကလွှဲလို့ အနာပိုးဝင်တာနဲ့ ဘာမှမဆိုင်ဘူးဆိုတာပါပဲ ။




#ဆရာဝန်ဖင်ရှည်

အသက် ၄၀ ကျော် ၅၀ကျော် အမျိုးသမီးတွေမှာ သွေးဆုံးချင်လာတဲ့အခါ ဒီလိုလေးတွေ ခံစားလာရတတ်ပါတယ်။ သွေးဆုံးတယ်ဆိုတာ လစဉ်မဖြစ်မနေသ...
26/08/2023

အသက် ၄၀ ကျော် ၅၀ကျော် အမျိုးသမီးတွေမှာ သွေးဆုံးချင်လာတဲ့အခါ ဒီလိုလေးတွေ ခံစားလာရတတ်ပါတယ်။ သွေးဆုံးတယ်ဆိုတာ လစဉ်မဖြစ်မနေသွေးဆင်းရတဲ့ ဒုက္ခ ကလေးမွေးရ ကိုယ်ဝန်ဆောင်ရတဲ့ အဖြစ်တွေအဆုံးသတ်သွားတဲ့ ခန္ဓာကိုယ်နဲ့သားအိမ်ကို အနားပေးလိုက်တဲ့ဖြစ်စဉ်ပါ။

အရွယ်ရောက်လို့ သွေးစဆင်းချိန်ကစလို့ သားအိမ်နဲ့သားဥအိမ်လေးဟာ ဟော်မုန်းတွေနဲ့ မရပ်မနား အလုပ်လုပ်လာခဲ့ရတယ်လေ။ မျိုးပွားနိုင်စွမ်း ကုန်ဆုံးသွားတာကိုပြသနေတဲ့ သွေးဆုံးချိန်ဖြစ်ပါတယ်။

သွေးဆုံးတော့မယ့် အမျိုးသမီးတိုင်း ခံစားရလေ့ရှိတဲ့ လက္ခဏာတွေကတော့

• ရာသီစက်ဝန်းအရင်လိုမမှန်တော့ဘူး။ တရက်ပဲလာချင်လာမယ် (သို့) ရက်များစွာလာချင်လာမယ်။ (သို့) သုံးလေးလမှတခါလာမယ်။

• ဖိန်းတိမ်းရှိန်းတိမ်းဖြစ်ခြင်း အပူထွက်သလို ကြက်သီးဖြန်းဖြန်းထခြင်း ညမှာဇောချွေးပြန်ခြင်း

• မိန်း​မကိုယ်ခြောက်သွေ့လာခြင်း

• အမျိုးသားနှင့်နေစဉ် နာကျင်ခြင်း

• ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆီးပူခြင်း ကျင်ခြင်းအောင့်ခြင်း

• အိပ်မပျော်ခြင်း ညတိုင်းမျက်စိကြောင်နေခြင်း နိုးလာပြီးပြန်အိပ်မပျော်ခြင်း

• အကြောင်းရင်းမရှိဘဲ အလိုလိုဝမ်းနည်းကြေကွဲနေတတ်ခြင်း

​သွေးဆုံးခါနီးတဲ့့အခါ အပေါ်ကလက္ခဏာတွေအပြင် တခြားအန္တရာယ်လက္ခဏာတွေလည်း ပေါ်လာတတ်ပါသေးတယ်။ သွေးဆုံးအသက်အရွယ်မရောက်မှီ ဆေးဝါးတွေကြောင့် ခွဲစိတ်မှုကြောင့် ဓာတ်ရောင်ခြည်ကြောင့် စောစီးစွာသွေးဆုံးတဲ့အခါ အပေါ်က လက္ခဏာလေးတွေအပြင် ဒီလိုလက္ခဏာတွေပြလာတဲ့အခါ ဆရာဝန်ကို ချက်ချင်းပြသဆွေးနွေးကြပါ၊။

• သွေးအလွန်အကျွံဆင်းခြင်း

• ရင်တလှပ်လှပ်တုန်ခြင်း

• ဗိုက်အောင့်ခြင်း

• မောခြင်း အားယုတ်ခြင်း

• အလွန်အမင်းစိတ်ဓာတ်ကျဆင်းခြင်း

• အိပ်မပျော်သောညရက်ဆက်လာခြင်း

သွေးမဆုံးတဆုံးအခြေအနေမှာ စိတ်ညစ်စရာတခုကတော့ ယခင်ကထက်မျိုးပွားနိုင်စွမ်း လျော့လာပါလျက်နဲ့ ရုတ်တရက် ကိုယ်ဝန်ရသွားတတ်တာဖြစ်ပါတယ်။

နောက်ဆုံးတခုကတော့ သွေးဆုံးကာလမှာ တကိုယ်တည်း အထိီးကျန်ဖြစ်လေ သွေးဆုံးလက္ခဏာတွေ ပိုဆိုးလေပါပဲတဲ့။ သွေးဆုံးအရွယ်အမျိုးသမီးတွေဟာ မိမိကိုယ်မိမိဂရုတစိုက်ပြုစုထိန်းသိမ်းခြင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မကြာခဏတွေ့ဆုံစကားပြောခြင်း နေ့စဉ်စာရေးစာဖတ်တာတွေနဲ့ ဖျတ်လတ်ကျန်းမာနေပြီး သွေးဆုံး ကာလကိုမေ့ထားလို့ ပျော်ရွှင်ကျန်းမာအောင်ကြိုးစားကြ၇အောင်။

#ဂျီပီငှက် (ဆေး/မန်း)
#သွေးဆုံးကိုင်လက္ခဏာ

လူသားတစ်ယောက်ဖြစ်လာဖို့လည်း အစပျိုးပေးတဲ့နေရာအစိတ်အပိုင်းဖြစ်တဲ့အတွက်....မိန်းမကိုယ်နေရာဟာခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရ...
20/08/2023

လူသားတစ်ယောက်ဖြစ်လာဖို့လည်း အစပျိုးပေးတဲ့နေရာအစိတ်အပိုင်းဖြစ်တဲ့အတွက်....

မိန်းမကိုယ်နေရာဟာခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးအတွက်လည်း အရေးပါတယ်ဆိုရင် မမှားပါဘူး။ သူ့ရဲ့သန့်ရှင်းမှုအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးမယ့် သဘာဝစနစ်လည်းပါရှိပြီးသားဖြစ်ပါတယ်။ ပိုထူးဆန်းတာက မိန်းမကိုယ်ကနေထွက်ရှိတဲ့ အရည်(ရာသီသွေးမဟုတ်တဲ့)တွေက သူ့အလိုလိုဆေးကြောသန့်စင်ပေးပြီးရောဂါပိုးတွေကိုဖယ်ရှားပေးတယ်၊ ကျန်းမာတဲ့ pH အဆင့်ကိုထိန်းညှိထားနိုင်ရင် အကျိုးပြုဘက်တီးရီးယားလေးတွေအလုံအလောက်ရှင်သန်နိုင်ပြီးရောဂါပိုးတွေကိုခုခံကာကွယ်ပေးနိုင်တယ်ဆိုတာပါ။

အများစုသိထားကြတာက မိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်အောက်ပိုင်းအစိတ်အပိုင်းတွေက မသန့်ရှင်းဘူး၊ ညစ်ပတ်တယ်လို့။ အဲဒီတော့ သန့်အောင်၊အနံ့အသက်မထွက်အောင် ဆိုပြီး ဆပ်ပြာမွှေးတွေ၊ရေချိုးဆပ်ပြာတွေနဲ့သေချာဆေးကြောကြတာပေါ့။ ဒီနေရာမှာပဲ မိန်းမကိုယ်ကို အလိုအလျောက် စောင့်ရှောက်ပေးမယ့် သဘာဝ pH စနစ်က ပျက်ယွင်းသွားပါတော့တယ်။pH ဆိုတာ အရည်နဲ့ဒြပ်ဝတ္ထုတွေမှာ အက်စစ် (သို့) အယ်လကာလီပါဝင်မှုကို ဖော်ပြတဲ့ အတိုင်းအတာအမှတ်စနစ်တစ်ခုပါ။ ဒီအတိုင်းအတာမှာဆိုရင် ၀ ကနေ ၁၄ အထိရှိပြီး pH 7 အောက် အမှတ်တွေက အက်စစ်ပိုများနေတာကို ပြတယ်၊ pH 7 အထက် အမှတ်တွေက အယ်ကာလီ ပိုများမှုကိုပြနေတာပါ။

မိန်းမကိုယ်ရဲ့ pH ဟာ အနည်းဆုံး ၃.၅ ကနေ ၄.၅ အတွင်း ရှိဖို့လိုအပ်ပါတယ်။ တစ်ခါတရံ မိန်းမကိုယ် အနံ့အသက် ပြောင်းလဲခြင်း၊ ပုံမှန် မဟုတ်တဲ့ အမျိုးသမီး အင်္ဂါမှ သွေးဆင်းခြင်းတို့ကို ကြုံနေရပြီဆိုရင်မိန်းမကိုယ်ရဲ့ pH မညီမမျှ ဖြစ်နေတယ်၊ မှိုပိုးလို ရောဂါပိုးတွေဝင်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါ့ကြောင့် မိန်းမကိုယ်မှာ ကျန်းမာနေသလား၊ရောဂါရှိနေသလားဆိုတာpH ထိန်းညှိမှုအပေါ်လည်း မူတည်နေပါတယ်။မိန်းမကိုယ်မှာ ထိန်းထားသင့်တဲ့ pH အဆင့်က ပုံမှန်အားဖြင့် ၄.၅ အောက်မှာရှိတာအကောင်းဆုံးပါ။ ဒါပေမယ့်သွေးဆုံးပြီးအမျိုးသမီးတွေမှာတော့pH က ၅ လောက်ထိ ရှိနေနိုင်ပါတယ်။ လိင်ဆက်ဆံပြီးတဲ့အချိန်၊ ရာသီလာတဲ့အချိန်၊ ကလေးမွေးပြီးချိန် ဒါမှမဟုတ် သားဥကြွေချိန်ဆို မိန်းမကိုယ်မှာpH က ပိုမြင့်နေတတ်တာတော့ သဘာဝပါ။

pH ကိုမထိန်းညှိနိုင်တဲ့အခါ ဘယ်လိုသိနိုင်မလဲ‼️

မိန်းမကိုယ်မှာရှိသင့်တဲ့pH အဆင့်ကို မထိန်းညှိနိုင်တဲ့အခါ ရောဂါပိုးဝင်ပြီး ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ်
အနံ့ဆိုးထွက်ခြင်း၊ပုံမှန်နဲ့မတူတဲ့ အရောင်၊အစေးအပျစ်နဲ့ အဖြူဆင်းခြင်း၊မိန်းမကိုယ်ယားယံခြင်း၊ဆီးသွားရင် ပူခြင်း စတဲ့လက္ခဏာတွေတွေ့မြင်ခံစားရလာပါမယ်။

ဘယ်အရာတွေကြောင့် အခုလိုဖြစ်လာနိုင်လဲ ‼️

(1)ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း
==========================================
Bacterial vaginosis လို့ခေါ်တဲ့ဒီပြဿနာဟာ မိန်းမကိုယ်အတွင်းမှာ သဘာဝအလျောက် ရှိနေတဲ့ ဘက်တီးရီးယားပမာဏလွန်ကဲတဲ့အခါဖြစ်လာတတ်တာပါ။ အကျိုးပြုဘက်တီးရီးယားပမာဏကို ညီမျှအောင်မထိန်းညှိနိုင်တဲ့သဘောပေါ့။ ဒါဆိုရင် မိန်းမကိုယ်pH ကို ပိုမြင့်လာစေနိုင်ပါတယ်။Bacterial vaginosisဖြစ်တဲ့သူတွေမှာ ယားယံခြင်း၊လောင်ခြင်း၊ နာကျင်ခြင်းတို့ခံစားရနိုင်ပြီး ဆီးသွားရင်ပူမယ်၊ အဖြူဆင်းတာတွေဖြစ်နိုင်တယ်။

(2)မိန်းမကိုယ်အတွင်းပိုင်းကိုဆေးကြောခြင်း
===================================
ဗီနီဂါတို့၊ မုန့်ဖုတ်ဆိုဒါတို့ပါတဲ့ဆေးရည်တွေသုံးပြိး မိန်းမကိုယ်အတွင်းပိုင်းကိုဆေးကြောတာ၊ သန့်စင်တာ၊ ဆပ်ပြာတွေနဲ့အတွင်းထိဆေးကြောတာတွေမလုပ်သင့်ပါဘူး။ မိန်းမကိုယ်အနံ့အသက်ကင်းအောင်လို့ဆိုပြီး သုံးကြပေမယ့် သူတို့ကြောင့် ပိုတောင်ဆိုးနိုင်ပါတယ်။ သူတို့တွေက မိန်းမကိုယ်အတွင်းက သဘာဝအကျိုးပြုဘက်တီးရီးယားလေးတွေကိုပါရှင်းထုတ်ပစ်တာကြောင့်vaginal pH ထိန်းညှိမှုကို ပျက်ယွင်းစေတယ်၊ရောဂါပိုးဝင်ခြင်းကိုဖြစ်လွယ်စေနိုင်ပါတယ်။

(3)မိန်းမကိုယ် ရောဂါပိုးဝင်ခြင်း
===========================
မှိုပိုးအပါအဝင် တခြားကပ်ပါးရောဂါပိုးတွေ မိန်းမကိုယ်ကို ကူးစက်ရောက်ရှိလာရင်လည်းvaginal pH ကိုထိခိုက်စေနိုင်ပါတယ်။

(4)ပဋိဇီဝပိုးသတ်ဆေး
==================
ပဋိဇီဝပိုးသတ်ဆေးတွေသောက်သုံးတဲ့အခါ သူတို့က အကျိုးပြုဘက်တီးရီးယားတွေကိုပါ ရှင်းလင်းပစ်လိုက်နိုင်တာကြောင့် မိန်းမကိုယ်ရဲ့သဘာဝကာကွယ်မှုစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒီဆေးတွေသောက်ရတာများတဲ့သူတွေမှာvaginal pH ကို ဘယ်လိုမှပုံမှန်ထိန်းညှိနိုင်မှာမဟုတ်ပါဘူး။

(5)တင်းကြပ်ပိတ်လောင်အဝတ်အစားနဲ့ အတွင်းခံ
=======================================
အဝတ်အစားသိပ်တင်းကျပ်နေတာ၊ အတွင်းခံက ကျပ်ကပ်လွန်းနေတာတွေကြောင့် မိန်းမကိုယ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေအရေအတွက်ကိုလျော့နည်းစေနိုင်ပြီးpH အတိုင်းအတာကိုပြောင်းလဲစေနိုင်ပါတယ်။ ပိတ်လှောင်စိုစွတ်မှုကြောင့် မိန်းမကိုယ်ကို ဘက်တီးရီးယားရောဂါပိုးတွေပွားများရာအသိုက်တစ်ခုဖြစ်သွားစေနိုင်ပါတယ်။

(6)သွေးဆုံးခြင်း
================
သွေးဆုံးချိန်မှာ အမျိုးသမီးတွေဟာvaginal pH အဆင့်ပိုမြင့်လေ့ရှိပြီး ပျမ်းမျှအားဖြင့်၅.၃လောက်ရှိနိုင်ပါတယ်။သွေးဆုံးချိန် အက်စထရိုဂျင်ပမာဏလျော့နည်းမှု pH အတိုင်းအတာကို သက်ရောက်မှုရှိနိုင်တာဖြစ်ပါတယ်။

PHထိန်းညှိမှုကိုမထိခိုက်အောင်ဘယ်လိုကာကွယ်မလဲ❓

ကိုယ်တိုက်ဆပ်ပြာမွှေးတွေ၊ရေချိုးဆပ်ပြာရည်တွေလို အမွှေးနံ့ပြင်းတဲ့၊ ဓါတုပစ္စည်းတွေပါတဲ့ သန့်ရှင်းရေးပစ္စည်းတွေနဲ့ မိန်းမကိုယ်ကို မဆေးကြောပါနဲ့။ အကျိုးပြုဘက်တီးရီးယားတွေကိုလျော့သွားစေပြီး သဘာဝကာကွယ်မှုစနစ်ကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

ဒါတွေအစား မိန်းမကိုယ်ရဲ့သဘာဝကာကွယ်မှုစနစ်ကို prebiotic (အကျိုးပြုဘက်တီးရီးယားတွေကိုအားဖြည့်ပေးမယ့်အာဟာရ) ပါတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကိုသာသုံးပြီးရေနွေးနွေးလေးနဲ့ ပုံမှန်သန့်စင်ပေးလို့ ရပါတယ်။ ဥပမာ Betadine Feminine Washတွေဆို Prebiotics ပါပြီးသား၊ Hypoallergenic ဖြစ်တော့ ဓါတ်မတည့်မှာလည်း ပူစရာမလိုဘူး၊ အမွှေးနံ့လည်းမပြင်းဘူး။ အသင့်တော်ဆုံးအချက်ကတော့vaginal pH ကို ထိန်းညှိပေးနိုင်တာပါပဲ။

လိုအပ်လာရင် Probiotic လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို လုံလောက်စေနိုင်ဖို့Probiotic ပါတဲ့ဖြည့်စွက်အားဆေးတွေ ဆရာဝန်နဲ့တိုင်ပင်ပြီးသောက်ပါ။
အကျိုးပြုဘက်တီးရီးယားLactobacillus ပါတဲ့ဒိန်ချဉ်စားပါ။ ဒိန်ချဉ်အပါအဝင် ကင်ချီ၊ ချဉ်ဖတ်၊ လှော်စာ စတဲ့အချဉ်ဖောက်ထားတဲ့အစားအသောက်တွေမှာProbiotic ကြွယ်ဝပါတယ်။

လစဉ်သုံးတွေကို ကြာကြာမထားဘဲ အသစ်လဲပါ။ လစဉ်သုံးပစ္စည်းတွေကို အကြာကြီးဝတ်ထားတာကvaginal pH ကိုမြင့်စေနိုင်ပါတယ်။ မကြာခဏလဲပေးမှ ဘက်တီးရီးယားပိုးဝင်နိုင်တဲ့ အန္တရာယ်နည်းစေပြီးရောဂါကင်းစင်စေနိုင်ပါမယ်နော်

အမျိုးသမီးတိုင်းကျန်းမာလှပပါစေရှင်...🌷

Your Beauty Healthy Ladies

မသုံးရဘူးတဲ့ ❗️ ရေဘဲသုံးလို့ရောသန့်ရှင်းမှုရှိမလား⁉️အမျိုးသမီးတို့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုမှာ.မိန်းမကိုယ်သန့်ရှင်းမှုက...
16/08/2023

မသုံးရဘူးတဲ့ ❗️ ရေဘဲသုံးလို့ရောသန့်ရှင်းမှုရှိမလား⁉️

အမျိုးသမီးတို့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုမှာ.မိန်းမကိုယ်သန့်ရှင်းမှုကိုချန်ထားခဲ့လို့မရပါဘူး။အတွင်းပိုင်းမိန်းမကိုယ်ကသူ့ဘာသာသူသန့်ရှင်းရေးလုပ်တတ်တယ်ဆိုပေမယ့်အပြင်ပိုင်းမိန်းမကိုယ်ကသာမန်အရေပြားပဲဖြစ်တာကြောင့်မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့သန့်စင်ဆေးရည်သုံးပေးရင်ပိုကောင်းပါတယ်။

ရေချိုးရင်းတိုက်တဲ့ဆပ်ပြာတွေကမိန်းမကိုယ်အတွက် ပြင်းအားအရမ်းများတာကြောင့် ပြင်းအားပျော့တဲ့သန့်စင်ဆေးရည်များကိုသာ သုံးပေးသင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းအားဖြင့် ရနိုင်တဲ့ကောင်းကျိုး (၉) ချက်ကို ပြောပြပေးသွားမှာပါ။

👩‍🔬(1)ရောဂါပိုးတွေရန်ကနေကာကွယ်ပေးတယ်
---------------------------------------------------------------------------

မိန်းမကိုယ်သန့်ရှင်းမှုကအမျိုးသမီးတစ်ယောက်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။

သာမန်အရေပြားဖြစ်တဲ့မိန်းမကိုယ်အပြင်ပိုင်းအတွက်ကတော့သန့်စင်ဆေးရည်တွေသုံးပေးတာကသာအကောင်းဆုံးပါ။သန့်စင်ဆေးရည်တွေကသင့်မိန်းမကိုယ်ကိုသန့်ရှင်းမှုနဲ့ပိုးမွှားကင်းစင်မှုကိုပေးစွမ်းနိုင်မှာအသေအချာပါ။

👩‍🔬(2) pHပမာဏကိုထိန်းညှိပေးတယ်
------------------------------------------------------------

မိန်းမကိုယ်ရဲ့ pH ဓါတ်က ရောဂါပိုးတွေမဝင်အောင်၊ မယားယံအောင်နဲ့ အနံ့အသက်တွေမထွက်အောင် ကျန်းမာနေအောင် ထိန်းသိမ်းပေးထားပါတယ်။

မိန်းမကိုယ်ကသူ့ဘာသာ pHပမာဏကိုထိန်းထားနိုင်စွမ်းရှိပေမယ့်လည်းအကြောင်းအမျိုးမျိုးကြောင့်ပျက်သွားနိုင်ပါတယ်။ pHပမာဏကိုပုံမှန်အတိုင်းမထိန်းနိုင်တဲ့အခါမိန်းမကိုယ်တွင်းပိုးဝင်ခြင်းနဲ့အခြားပြဿနာအမျိုးမျိုးဖြစ်နိုင်ပါတယ်။

မိန်းမကိုယ်သန့်စင်ဆေးရည်အများစုကpHကိုထိန်းပေးတဲ့အာနိသင်ဘာတာကြောင့်မိန်းမကိုယ်သန့်စင်ဆေးရည်သုံးလိုက်တာနဲ့pHပမာဏလည်းထိန်းပြီးသားဖြစ်သွားပါတယ်။

👩‍🔬(3)အရေပြားအားလုံးနဲ့သင့်တော်တယ်
-----------------------------------------------------------------

အချို့သောအမျိုးသမီးတွေကမိန်းမကိုယ်သန့်စင်ဆေးရည်သုံးရင်ကိုယ့်အသားအရေနဲ့မသင့်တော်ဘဲဓါတ်မတည့်မှုတွေ ဖြစ်မှာကြောက်ကြပါတယ်။ ဒီလိုဆိုရင်တော့ အသားအရေအားလုံးနဲ့သင့်တော်အောင်ထုတ်ထားတဲ့သန့်စင်ဆေးရည်မျိုးကို အသုံးပြုဖို့ပြောပါရစေ။

ဒီလိုအသုံးပြုပေးတာက အရေပြားကို ထိခိုက်မှုမရှိနိုင်ဘဲ သန့်ရှင်းကျန်းမာစေနိုင်ပါတယ်။

👩‍🔬(4)အနံ့ဆိုးတွေကနေ ကင်းဝေးအောင်ကူပေးနိုင်တယ်
------------------------------------------------------------------------------------

သန့်စင်ဆေးရည်အများစုကမွှေးပျံ့တဲ့ရနံ့တွေအမျိုးမျိုးနဲ့ထုတ်ထားတာဖြစ်လို့သန့်ရှင်းမှု၊မွှေးပျံ့မှုကိုပေးစွမ်းပြီးသင့်ကိုဆွဲဆောင်မှုရှိစေမှာအသေအချာပါ။ဒါပေမယ့်အရမ်းကြီးအနံ့ပြင်းတဲ့သန့်စင်ဆေးရည်တွေကမိန်းမကိုယ်အရေပြားကိုထိခိုက်စေတတ်ပြီးခြောက်သွေ့စေပါတယ်။

ဒါကြောင့် သန့်စင်ဆေးရည်ရွေးချယ်တဲ့အခါ အမွှေးနံ့သိပ်ပြင်းတာမျိုးကိုရွေးချယ်ပေးပါ။ ဒါမှအသားအရေခြောက်သွေ့တာတွေမဖြစ်စေဘဲ သန့်စင်ပြီးအနံ့အသက်ကင်းတဲ့ မိန်းမကိုယ်ဖြစ်စေမှာပါ။

👩‍🔬(5)ပုံမှန်မဟုတ်သောအရည်များမိန်းမကိုယ်မှဆင်း
ခြင်းကိုကာကွယ်ပေးတယ်
---------------------------------------------------------------------------------

မိန်းမကိုယ်သန့်စင်ဆေးရည်တွေကမကောင်းတဲ့ပိုးမွှားတွေကိုသန့်စင်ပေးနိုင်လို့မိန်းမကိုယ်ပိုးဝင်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်တဲ့အနံ့နံတဲ့အရည်များဆင်းခြင်းကိုကာကွယ်ပေးပါတယ်။

👩‍🔬(6)မိန်းမကိုယ်အရေပြားအစိုဓါတ်ကိုထိန်းပေးတယ်
----------------------------------------------------------------------------------

မိန်းမကိုယ်သန့်စင်ဆေးရည်များဟာအရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးပြီးအစိုဓါတ်ကိုထိန်းပေးတာကြောင့်သုံးပြီးတာနဲ့ခြောက်ခြောက်သွေ့သွေ့မဖြစ်နေဘဲ သက်တောင့်သက်တာရှိစေမှာပါ။

👩‍🔬(7)မိန်းမကိုယ်ပိုးဝင်ခြင်းကိုကုသဖို့ကူညီပေးတယ်
----------------------------------------------------------------------------------

မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ယားယံခြင်းကိုသက်သာစေဖို့အတွက်မိန်းမကိုယ်သန့်စင်ဆေးရည်တွေကတစ်ဖက်တစ်လမ်းမှကူညီပေးနိုင်ပါတယ်။

👩‍🔬(8)မိန်းမကိုယ်ကနေအခြားနေရာများကိုပိုးများပျံ့
ခြင်းကိုကာကွယ်ပေးနိုင်တယ်
----------------------------------------------------------------------------------
သင့်တွင်မိန်းမကိုယ်ပိုးဝင်ခြင်းရောဂါအစတည်းကရှိနေရင်မိန်းမကိုယ်အနီးနားကနေရာတွေကိုပါပိုးထပ်ဝင်ခြင်းမရှိစေဖို့အတွက် မိန်းမကိုယ်သန့်စင်ဆေးရည်တွေက ကာကွယ်ပေးပါတယ်။

👩‍🔬(9)သဘာဝမှရတဲ့ပစ္စည်များနဲ့ထုတ်ထားလို့ နေ့စဉ်
အသုံးပြုနိုင်တယ်
------------------------------------------------------------------------------------

မိန်းမကိုယ်သန့်စင်ဆေးရည်တွေဟာသဘာဝကရတဲ့ပစ္စည်းများနဲ့သာအဓိကထားထုတ်ထားတဲ့အတွက်ကြောင့်အသားအရေကိုထိခိုက်ခြင်းမရှိ၊ ဓါတ်မတည့်ခြင်းတွေကို မဖြစ်စေနိုင်ဘဲ နေ့စဉ်အသုံးပြုနိုင်တယ်။

ဒါက မိန်းမကိုယ်ကိုနေ့စဉ်သန့်စင်ရမှ ကျေနပ်တတ်တဲ့အမျိုးသမီးတွေအတွက် ရေချိုးရင်းသုံးပေးလို့ရလို့ စိတ်ကျေနပ်စရာကောင်းပါတယ်။ မကြာခဏသုံးလို့ အသားအရေပျက်စီးတာမျိုးတွေမဖြစ်နိုင်ပါဘူးနော်

နူးညံ့သလို ဂရုစိုက်ဖို့လိုအပ်တဲ့ Private Areaအတွက် ရေဘဲသုံးလို့ အဆင်မပြေနိုင်သလို အခြားဆပ်ပြာတွေသုံးလို့လည်း အဆင်မပြေဘူးနော် Private Areaအတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်ဆေးရည်သုံးဖို့အကြံပြုရင်း...အမျိုးသမီးလေးတို့အတွက် အကျိုးရှိမယ့်အရာလေးတွေ ဆက်ဝေမျှပါဦးမယ်ရှင်

Your Beauty Healthy Ladies

04/08/2023

#ဘာကြောင့်လဲဆိုတဲ့အဖြေ

#ဆရာမအဂီ👩‍⚕️

03/08/2023

#ပျိုမေတို့ကျန်းမာဖို့👩‍⚕️

#ဆရာမအဂီ 😒

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်...
01/08/2023

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ
လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်းအမြဲချုပ်နေတယ်ဆိုရင်တော့ သတိထားပါ...

ဝမ်းမသွားတာကြာရင် ဘာဖြစ်မလဲဆိုတော့..

ဝမ်းမသွားတာကြာတဲ့အခါ အူထဲမှာရှိနေတဲ့အစားဟောင်းတွေကို အူနံရံကစုပ်ယူပါတယ်။ အစာဟောင်းတွေထဲမှာ တာရှည်ခံတွေ ဥပမာ ခေါက်ဆွဲခြောက်၊ အားလူးကြော်၊ အခြားသော တာရှည်ခံ ဓာတုဆေးပါတဲ့မုန့်တွေ၊ ကော်ဖီ၊
အမြန်စားလို့ရတဲ့ ဝက်အူချောင်း ကြက်အူချောင်းလို့ ပြုပြင်ထားတဲ့အစားအစာတွေ၊ စမူဆာ အီကြာကွေး အစရှိတဲ့ဆီကြော်တွေ အကင်တွေ၊ အချိုရည်တွေ၊ မုန့်တွေ အစရှိတဲ့ သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ထားတဲ့အစား အသောက်တွေဟာ ရက်တွေကြာလာတဲ့အခါ အူနံရံထဲကိုစိမ့်ဝင်ပါတယ်။

အူနံရံမှာရှိတဲ့ ဆဲလ်တွေဟာ ပြုပြင်ထားတဲ့အစားအသောက်တွေ၊ ဓာတုဆေးဝါးတွေကြောင့် ဆဲလ်ဖွဲ့စည်းပုံ(Cellular Structure) တွေပျက်ပြီးတော့ ပုံမှန်မဟုတ်တော့ဘဲ ရှိသင့်တဲ့အရွယ်အစားထက်ပိုကြီးထွားလာပါတယ်။ အဲလိုကြီးထွားလာတာကို အကြိတ်အဖုတွေထွက်တယ်၊ အသားပိုဖြစ်တယ်၊ ကင်ဆာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

အသားငါးတွေကို ရေခဲသေတ္တာထဲမှာ ပလက်စတစ်နဲ့ ထုပ်ပိုးတာဟာ အရမ်းအန္တရာယ်များပါတယ်။
ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်ပြီး သိုလှောင်ထားတာဟာ အစားအသောက်ထဲကို ပလက်စတစ်ထဲက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပျော်ဝင်စေပါတယ်။ ပလပ်စတစ်တွင်ပါဝင်တဲ့ ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နဲ့ ဒိုင်အောက်ဇင်းဓါတ်တွေဟာ အသားငါးတွေ အစားအသောက်တွေထဲကို စိမ့်ဝင်ပါတယ်။ အဲဒါတွေကို အပူပေးချက်ပြုတ်တာ ဆီနဲ့ချက်ပြုတ်တာဟာ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း နှင့် မျိုးပွားမှုကိုလည်း ထိခိုက်စေပါတယ်။

ကင်ဆာအကြိတ်အဖုတွေက အူလမ်းကြောင်းရဲ့ ပုံမှန်းလုပ်ငန်းတွေကို မလုပ်နိုင်အောင်နှောင့်ယှက်ပါတယ်။ အူတွေလှုပ်တာတွေ၊ အကျိအချွဲထုတ်ပေးတာတွေ၊ အစာဟောင်းတွေကို တွန်းထုတ်တာတွေ အစားဟောင်းရဲ့အဟာရကို စုပ်ယူတာတွေ မလုပ်နိုင်တဲ့အခါ ဝမ်းပိုချုပ်တာတွေနဲ့ အခြားအူလမ်းကြောင်းကျန်းမာရေး မကောင်းတော့တာတွေ အာဟာရမပြည့်ဝတာတွေ ဖြစ်လာစေပါတယ်။

အလုံးအကြိတ်တွေပိုကြီးလာတော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမကဘဲ အသက်ရှင်မှုအထိပါ အနှောင့်ယှက်ဖြစ်လာစေတော့တာပါပဲ။

အကြမ်းဖျဉ်းအားဖြင့် ကင်ဆာရောဂါလို့ ခေါ်ကြပါတယ်။

ကင်ဆာရောဂါဟာ အစားအသောက်အနေအထိုင်ကြောင့်ဖြစ်တာနဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ကြပါတယ်။

ဝမ်းမှန်ဖို့ ခါးအောက်ပိုင်းလေ့ကျင့်ခန်းများများလုပ်ပါ။ လမ်းလျှောက်ပါ၊ တတ်နိုင်ရင် GYM ကစားပါ၊ အားကစားလုပ်ပါ။ ရေကို တစ်နေ့ ၃ လီတာလောက် သတိထားပြီး ရအောင်သောက်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ အစိမ်းရောင် အရွက်တွေများများစားပါ။ အစိမ်းရောင်အရွက်တွေမှာ ကင်ဆာဖြစ်စေတဲ့၊ ဓာတ်တိုးစေတဲ့ Radical တွေကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် Antioxidant တွေ အများကြီးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း ခန္ဓာကိုယ်ရဲ့ Immuse System ကို မြှင့်တင်ပေးပါတယ်၊ ရောဂါကာကွယ်တဲ့စနစ်ကို မြင့်တက်စေပါတယ်။

ပြုပြင်ထားတဲ့ အသင့်စားလို့ရတဲ့ အစားအသောက်တွေရှောင်ပါ၊ ဆီကြော်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အကင်တွေရှောင်ပါ၊ အသီးအရွက်များများစားပါ၊ ဒိန်ချဉ်သောက်ပါ။ အစားအသောက်တွေကို ဆီနဲ့ကြော်စားတာထက် ဆီးနည်းနည်းနဲ့ ရေနဲ့ချက်ပြုတ်စားပါ။

"ရသာရတနံ" လို့ခေါ်တဲ့ ပါးစပ်အလိုမလိုက်ပါနဲ့။

ကျန်းမာကြပါစေ။

#အူလမ်းကြောင်းမကောင်းလို့၈ကြိမ်ခွဲစိတ်ခန်းဝင်ဖူးသူ

Credit

ဝါဆိုလပြည့်နေ့ အခါသမယ မှာ (၇)ရက်သားသမီးအပေါင်း၊ ကျန်းမာ၊ချမ်းသာ ကြပါစေကြောင်းဆုတောင်းမေတ္တာ ပိုသလိုက်ပါတယ်ရှင့်🙏🙏🙏 #ဆရာမ...
01/08/2023

ဝါဆိုလပြည့်နေ့ အခါသမယ မှာ

(၇)ရက်သားသမီးအပေါင်း၊
ကျန်းမာ၊ချမ်းသာ ကြပါစေကြောင်း
ဆုတောင်းမေတ္တာ ပိုသလိုက်ပါတယ်ရှင့်🙏🙏🙏

#ဆရာမအဂီ👩‍⚕️

 #ကျန်းမာရေးကို အထောက်အကူပြုတဲ့ ရေကညွတ် #ရေကညွတ် ဆိုတာရေစပ်လေးတွေမှာ  အရိုးနီနီနဲ့ အရွက်လေးတွေက ပန်းပွင့်လေးလို လိပ်လိပ်...
31/07/2023

#ကျန်းမာရေးကို အထောက်အကူပြုတဲ့ ရေကညွတ်

#ရေကညွတ် ဆိုတာ

ရေစပ်လေးတွေမှာ အရိုးနီနီနဲ့ အရွက်လေးတွေက ပန်းပွင့်လေးလို လိပ်လိပ်ခွေခွေလေးဖြစ်နေတဲ့ အလေ့ကျပေါက်ပင်လေး တစ်မျိုးပါ။ ရိုးတံရဲ့ အဆစ်ကနေ အပင်လေးတွေ ထွက်တတ်ပါတယ်။ ရေစပ်တွေမှာ အစုလိုက် ပေါက်တတ်ပြီး အင်းအိုင်တွေ၊ ရေတက်ရေကျရှိတဲ့ ရေရှင်တွေမှာ အများဆုံး တွေ့ရပါတယ်။

ရေကညွတ်လေးတွေက

အရေပြား ကျန်းမာစေတယ်။
အနာတွေ သက်သာစေတယ်။
အနာပိုးဝင်ရောင်ရမ်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်။
အဆစ်တွေ ရောင်တာကို သက်သာစေတယ်။
အရိုး ကျန်းမာစေတယ်။
ဆီးရွှင်စေတယ်။
အဖျားကျစေတယ်။
အပူလောင်တာ သက်သာစေတယ်။
အနာစိမ်း သက်သာစေတယ်။
ပိုးကောင်ကိုက်တာတွေကို သက်သာစေနိုင်တယ်။
ချောင်းဆိုး ပျောက်စေတယ်။
ဦးရေပြား ကျန်းမာစေတယ်။
ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးတယ်။
ရာသီသွေး မှန်စေတယ်။
ဝမ်းမှန်စေတယ်။
အစာခြေစနစ် ကျန်းမာစေတယ်။
ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်။
အဆစ်အမြစ် နာတာကို သက်သာစေနိုင်တယ်။
ဆီးကျဉ်တာကို သက်သာစေနိုင်တယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်။
ဆီးပိုးကြောင့် ဆီးအိမ်ရောင်တာကို သက်သာစေနိုင်တယ်။
ဆီးထဲ သွေးပါတာကို သက်သာစေနိုင်တယ်။
ဝမ်းကိုက်တာကို သက်သာစေနိုင်တယ်။
မျက်စိနာတာကို သက်သာစေနိုင်တယ်။
ဒီ ကျန်းမာရေး အာနိသင်တွေ ရရှိစေဖို့ ရေကညွတ်ကို စားပေးလို့ ရသလို အရွက်ကို ကြိတ်ခြေပြီး အုံပေးတာ၊ သတ္တုရည်ကို အသုံးပြုပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

ရေနွေးလေး ဖျောပြီး ပုစွန်ခြောက် မြေပဲတို့ကို ထောင်းပြီး ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်လေး ညှစ်လို့ ဆီချက်နိုင်နိုင်လေးနဲ့ သုပ်စားရင် စားလို့ ကောင်းသလို ဟင်းချက်စားလည်း စားလို့ကောင်းပါတယ်။

တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်ဖို့ အကြံပြုပါရစေ။
ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့လည်း ရေကညွတ်ကို မစားခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်စေချင်ပါတယ်။

ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး

ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်းရေးသားသူအား လေးစားလျှက်
Crd

Address

Shwethahtay Gone
Taunggyi

Telephone

+959757845779

Website

Alerts

Be the first to know and let us send you an email when Medical Knowledge sharing by Mi Gi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medical Knowledge sharing by Mi Gi:

Shortcuts

Share