Ku Sarr

Ku Sarr Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ku Sarr, Mental Health Service, Taunggyi.

Ku Sarr (Heal) Mental Health and Wellness Services provides mental well-being services, including mental health psychosocial support (MHPSS)and innovative therapeutic approaches such as art, music, and drama, to enhance the quality of life of individuals.

ကုစားတည်ထောင်ခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်း- စက်တင်ဘာလ ၆ရက်၊ ၂၀၂၆ကုစား အဖွဲ့အစည်းကို တည်ထောင်ခဲ့တာ ဒီနေ့ စက်တင...
06/09/2026

ကုစားတည်ထောင်ခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်း- စက်တင်ဘာလ ၆ရက်၊ ၂၀၂၆

ကုစား အဖွဲ့အစည်းကို တည်ထောင်ခဲ့တာ ဒီနေ့ စက်တင်ဘာလ ၆ရက်နေ့မှာတော့ နှစ်နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ ရက်ပေါင်း ၇၃၀ ကို ပြန်ကြည့်တဲ့အခါ ဂုဏ်ယူ ဝမ်းမြောက်စရာ ရလဒ်တွေကို မြင်ရလို့ အဖွဲ့သားတွေအားလုံး စိတ်ကျေနပ်ပျော်ရွှင်နေမိပါတယ်။

နှစ်နှစ်တာအတွင်းမှာ ကုစား က ရန်ကုန်၊ တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေး ဒေသတွေမှာ MHPSS- စိတ်ကျန်းမာရေးနှင့် စိတ်လူမှုအထောက်အပံ့ဆိုင်ရာ အသိပညာပေးမျှဝေပေးတာတွေ နှင့် workshopပေါင်း ၅၅ခုကို ကျင်းပနိုင်ခဲ့ကာ ပါဝင်သူ အမျိုးသမီးဦးရေ ၅၁၂ဦး၊ အမျိုးသား ၂၅၁ ဦး ကို စိတ်ကျန်းမာရေး အထောက်အပံ့တွေ ပေးနိုင်ခဲ့ပါတယ်။

Workshop တစ်ခုစီတိုင်း၊ session တစ်ခုစီတိုင်းကို ပါဝင်သူတွေနဲ့ အကိုက်ညီဆုံးဖြစ်ပြီး စမ်းသပ်တီထွင်မှုရှိတဲ့ စိတ်ကုထုံး နည်းလမ်းတွေ ပါဝင်ဖို့၊ ယနေ့ခေတ်မှာ တွေ့ကြုံရတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ ကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်ဖို့ အတွက် ကုစား အနေနဲ့ ကြိုးစားခဲ့ပါတယ်။

ပါဝင်သူတွေဆီက နွေးထွေးတဲ့ တုံ့ပြန်စကားတွေကို နားထောင်ရ၊ ဖတ်ရလို့လည်း အတိုင်းမသိ ကျေးဇူးတင်ရပါတယ်။ ကုစားရဲ့ workshop တွေမှာ ပါဝင်ခဲ့သူတွေရဲ့ စကားသံတချို့ကို အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။

Voice of beneficiaries

- “ငလျင်ကြောင့် စိုးရိမ်ပူပန်မှုတွေလျော့ပြီး ပျော်ရွှင်မှုတွေ၊ မလုပ်ဖူးတဲ့အရာတွေ လုပ်ခွင့်ရလို့ ဝမ်းသာမိပါတယ်။ ကိုယ့်ပုံစံလေးတွေ ရှာဖွေရတာတွေကို လေ့လာတွေ့ရှိတဲ့ အကျိုးကျေးဇူးရပါတယ်။”

- “ဘဝမှာ လောကဓံတရားနှင့်ပတ်သက်ပြီး အရာတွေကို ဖြတ်ကျော်နိုင်မယ့် စွမ်းအားလေးတစ်ခု ရလိုက်ပါတယ်။”

- “ပျော်တယ်၊ ရင်ထဲကြည်နူးတယ်၊ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဖော်ထုတ်ခွင့်ရတာ အားရကျေနပ်တယ်။”

- “ခဏတာ အချိန်လေးဆိုပင်မယ့် အရမ်းပျော်ရွှင်ခဲ့ရပါတယ်။ ဘဝအမောတွေ ပြေပျောက်ပြီး စိတ်ကိုလွတ်လပ်ပေါ့ပါးစေခဲ့ပါတယ်။ ခဏတာ အချိန်ဟာ အရမ်းတန်ဖိုးရှိပါတယ်။”

- “ပုံဆွဲနေရချိန်မှာ စိတ်ပူပန်မှုတွေ ပျောက်ပြီး ဖြစ်ချင်တဲ့ဘဝကို စိတ်ကူးပုံဖော်ခွင့်ရလို့ ပျော်ပါတယ်။”

-“ကိုယ်ဘယ်လိုလူမျိုးဆိုတာ ပိုသိလာခဲ့၊ စိတ်ဖိစီးမှု လျော့သွားခဲ့တယ်။ ပျော်ရွှင်ရတယ်။ ကိုယ့်စိတ်ကို ဘယ်လိုပေါ့ပေါ့ပါးပါးလေး တွေးရမယ်ဆိုတာ သိလာတယ်။”

-“ဒီလိုနေ့ထူးနေ့မြတ်ကို ဒီတစ်သက်မမေ့ဘူး။ စိတ်ခွန်အား တိုးလာတယ်။”

-“သဲကန္တာရထဲက အိုအေစစ်လေးတွေ့ခဲ့ပါတယ်။”

-“တစ်ဦးချင်းဆီရဲ့ အမြင်တွေနဲ့ lessonတွေကို လေ့လာခွင့်ရပြီး ခွန်အားရခဲ့ပါတယ်။ workshopထပ်လုပ်ပေးစေချင်ပါတယ်။”

-“warmဖြစ်တဲ့ ခံစားချက်ကို ပြည့်ပြည့်ဝဝရလိုက်သလို အခြားသူတွေဆီက သင်ယူလိုက်ရတာတွေလည်း အများကြီးရရှိပါတယ်။”

-“စိတ်ညစ်စိတ်ရှုပ်တာတွေ သက်သာသွားတယ်။ အားလုံရဲ့ ဘဝဖြတ်သန်းမှုတွေ၊ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ နားထောင်ခွင့်ရတော့ ကိုယ့်ဘဝရဲ့ တစ်ချို့ဖြစ်နေတဲ့ ပြဿနာအတွက် အဖြေတွေ၊ နည်းလမ်းတွေလည်း ရသွားတယ်။ အားလုံးနဲ့ ဆုံတွေ့ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။”

ဒီလို တန်ဖိုးရှိတဲ့ စကားသံတွေကို ပြန်လည်ဝေမျှပေးလို့လည်း ကုစားက အထူးဝမ်းသာပီတိဖြစ်ရပါတယ်။

နှစ်နှစ်ပြည့်ကစလို့ နောက်လာမယ့် ၃နှစ်တာကာလမှာလည်း ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး ပိုမိုအကျိုးရှိတဲ့ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုအထောက်အပံ့ဆိုင်ရာ workshopတွေ အသိပညာပေးမျှဝေပေးတာတွေ ဆတိုးလုပ်ဆောင်သွားချင်ပါတယ်။ လုပ်ဆောင်နိုင်ဖို့လည်း ကျွန်မတို့တွေ ကြိုးစားနေတဲ့အကြောင်း ဒီနေရာကနေ အသိပေးပါရစေ။

နှစ်နှစ်တာကာလအတွင်းမှာ ကုစား ကို အဘက်ဘက်ကနေ တစ်တပ်တစ်အား ကူညီပေးခဲ့ကြသူတွေ၊ နေရာထိုင်ခင်း ထောက်ပံ့ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ ဖိတ်ကြားပေးတဲ့ အဖွဲ့အစည်းတွေ၊ ပူးပေါင်းပါဝင် ခွန်အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရကြောင်းပြောရင်း ကုစားရဲ့ ရက်ပေါင်း ၇၃၀ အောင်မြင်မှုမှတ်တမ်းလေးကို မျှဝေပေးလိုက်ရပါတယ်။

လောကဓံတွေရိုက်ခတ်လာတိုင်းမှာ မယိမ်းယိုင်တဲ့ စိတ်ခွန်အားတွေ ရှိနိုင်၊ ရနိုင်ကြပါစေဖို့ ဆုတောင်းရင်း…။

မှ
ကုစားအဖွဲ့သားများ


Kusal’s 2nd Anniversary Commemoration | September 6, 2026

Today, September 6th, marks exactly two years since Ku Sarr was founded. Looking back at the past 730 days, all of us on the team feel immensely satisfied and happy to see such proud and joyful results.

Over these two years, Ku Sarr has shared information and conducted 55 workshops on MHPSS across Yangon, Taunggyi, Nyaung Shwe, and Inle, providing mental health support to 512 female and 251 male participants.

With every workshop and session, Ku Sarr has strived to incorporate innovative and tailored therapeutic methods that best suit our participants, aiming to alleviate today's mental health needs as much as possible.

We are infinitely grateful to listen to and read the warm feedback from our participants. Here are a few heartfelt words shared by those who attended Ku Sarr's workshops:

Voice of Beneficiaries

“My anxiety from the earthquake lessened, and I felt happy and glad to have the opportunity to try things I’d never done before. I gained the benefit of exploring and discovering who I am."

"I gained inner strength that will help me navigate life’s unavoidable ups and downs."

"I feel happy and deeply moved inside. Being able to express my true self was thoroughly satisfying."

"Even though it was a short time, I was so happy. It relieved life's exhaustion and gave my mind a sense of freedom and lightness. That brief time was truly valuable."

"While drawing, my worries disappeared, and I felt joy being able to visualize the life I aspire to have."

"I came to understand myself better, and my stress was reduced. I felt happy and learned how to carry my thoughts with a lighter heart."

"I will never forget this special day for the rest of my life. My inner strength grew."

"I found an oasis in the middle of a desert."

"Learning from everyone’s perspectives and lessons gave me strength. I hope you host more workshops!"

"I felt a complete sense of warmth and learned so much from others."

"My worries and distress eased up. Listening to everyone's life journeys, experiences, and lessons helped me find answers and clarity for some of my own struggles. I am grateful to have met everyone."

Ku Sarr is deeply overjoyed to share these meaningful words with you.

Starting from this two-year milestone, we aim to double our efforts over the next year to offer even more expansive, impactful mental health and psychosocial support workshops and informational outreach. We would like to take this opportunity to let you know that we are actively working toward this goal.

We extend our heartfelt gratitude to everyone who contributed their help from all angles over the past two years, the organizations that provided venue space, those who invited us, collaborated, and offered their strength as we share this record of achievement from Ku Sarr's 730 days.

Wishing you all the unwavering inner strength whenever life's challenges strike…

With warmth,
Ku Sarr Team

🎭 Expressing Inner Stories Through Dramatic Projection: 2nd Anniversary Workshop ဖိတ်ခေါ်ခြင်း 🎭English version below:စက...
02/09/2026

🎭 Expressing Inner Stories Through Dramatic Projection: 2nd Anniversary Workshop ဖိတ်ခေါ်ခြင်း 🎭

English version below:

စက်တင်ဘာလဟာ ကုစား (KuSarr) ရဲ့ (၂) နှစ်ပြည့် မွေးနေ့လလေးဖြစ်တာကြောင့် ကျွန်မတို့အတွက် အလွန်အဓိပ္ပာယ်ရှိတဲ့ လတစ်လဖြစ်ပါတယ်။

ဒီ (၂) နှစ်ပြည့် အမှတ်တရအနေနဲ့ မိမိကိုယ်ကို ပိုမိုနားလည်လိုသူများ၊ စိတ်ခံစားချက်တွေကို အနုပညာဆန်ဆန် လွတ်လပ်စွာ ဖော်ထုတ်လိုသူများအတွက် "Expressing Inner Stories Through Dramatic Projection" Workshop လေးကို TELHမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ပြဇာတ်ကုထုံး (Drama Therapy) နည်းလမ်းတွေကို အသုံးပြုပြီး မိမိရဲ့ စိတ်ခံစားချက်တွေ၊ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ထုတ်ဖော်ရင်း မိမိကိုယ်ကို ပြန်လည်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ စိတ်လုံခြုံမှုအပြည့်ရှိပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အတူတကွ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🌟

✨ ဒီ Workshop ကနေ ဘာတွေ ရရှိနိုင်မလဲ?

✅ ပြဇာတ်အနုပညာ သဘောတရားများကို အသုံးပြုပြီး အတွင်းစိတ်ခံစားချက်များကို ထိရောက်စွာ ဖော်ထုတ်နိုင်ခြင်း။
✅ ဖန်တီးမှုဆန်သော နည်းလမ်းများဖြင့် စိတ်ဖိစီးမှုနှင့် ဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ခြင်း။
✅ မိမိကိုယ်ကို ပိုမိုနားလည်လာပြီး ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ခြင်း။
✅ အပြန်အလှန် နားလည်မှုရှိသော ပတ်ဝန်းကျင်တွင် လူမှုဆက်ဆံရေး အတွေ့အကြုံကောင်းများ ရရှိနိုင်ခြင်း။

💭 ဘယ်သူတွေ ပါဝင်တက်ရောက်နိုင်လဲ?

စိတ်ခံစားချက်တွေကို လွတ်လပ်စွာ ဖွင့်ဟဖော်ထုတ်လိုသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။
(ပြဇာတ် သို့မဟုတ် သရုပ်ဆောင် အတွေ့အကြုံ လုံးဝ ရှိစရာ မလိုပါ)❌

📅 ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် (တနင်္ဂနွေနေ့)
⏰ အချိန် - မနက် ၉:၀၀ နာရီ မှ နေ့လယ် ၁၂:၀၀ နာရီအထိ
📍 နေရာ - Taunggyi Educational Learning Hub (TELH)
💵 ဝင်ကြေး - အခမဲ့ (Free Entry)

📞 အသေးစိတ် စုံစမ်းမေးမြန်းရန်
📧 [email protected]
📲 Ku Sarr Page Messenger

✨ ပြဇာတ်အနုပညာရဲ့ စွမ်းအားနဲ့ မိမိကိုယ်ကို ပြန်လည်ရှာဖွေပြီး စိတ်ခံစားချက်တွေကို လွတ်လပ်ပေါ့ပါးစွာ ဖော်ထုတ်နိုင်မယ့် ဒီအခွင့်အရေးလေးကို လက်မလွတ်တမ်း ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


🎭 Expressing Inner Stories Through Dramatic Projection: 2nd Anniversary Workshop 🎭

September marks a meaningful milestone for us as we celebrate the 2nd Anniversary of KuSarr!

In honor of this special occasion, we warmly invite you to our upcoming workshop, "Expressing Inner Stories Through Dramatic Projection."

Using core drama therapy techniques, this experiential session provides a safe, supportive, and non-judgmental space to explore your emotions, project inner narratives, and gain meaningful personal insights.🌟

✨ What You’ll Experience:

✅ Express and process complex emotions through guided, creative dramatic projection.
✅ Relieve mental fatigue and emotional tension in an engaging, therapeutic environment.
✅ Deepen self-awareness and cultivate personal growth.
✅ Build genuine connections with others on a shared journey of self-discovery.

💭 Who Can Join?

This workshop is open to anyone ready to explore and express their inner world.
(No prior acting, drama, or theater experience is required—just an open mind!)❌

📅 Date: September 6, 2026 (Sunday)
⏰ Time: 9:00 AM – 12:00 PM
📍 Venue: Taunggyi Educational Learning Hub (TELH)
💵 Admission: Free Entry

📞 For Inquiries & Registration:
📧 [email protected]
📲 Ku Sarr Page Messenger
✨ Step into a supportive space to release, reflect, and reconnect with yourself through the transformative power of drama.

🖤 နှလုံးသားထဲက အမြဲတမ်းလွတ်နေတဲ့ ကွက်လပ်လေးတစ်နေရာဆောင်းပါးရေးသူ - Eaindray English version below:"တစ်ခါတစ်လေကျရင် ဘာပြဿ...
06/08/2026

🖤 နှလုံးသားထဲက အမြဲတမ်းလွတ်နေတဲ့ ကွက်လပ်လေးတစ်နေရာ
ဆောင်းပါးရေးသူ - Eaindray

English version below:

"တစ်ခါတစ်လေကျရင် ဘာပြဿနာမှ မရှိဘဲ အရာရာ အဆင်ပြေနေပါရဲ့နဲ့ ကိုယ့်နှလုံးသားထဲမှာ ဘာနဲ့မှ ဖြည့်လို့မရတဲ့ 'ကွက်လပ်လေးတစ်ခု' လွတ်နေသလို ရင်ဘတ်ထဲမှာ ဟာတာတာ ခံစားဖူးပါသလား.။”

ဘယ်လိုပဲ ပျော်စရာတွေနဲ့ ပြည့်နှက်နေပါစေ၊ ဘယ်လောက်ပဲ အလုပ်တွေ ရှုပ်နေပါစေ ရင်ဘတ်ထဲမှာ ဟာတာတာနဲ့ ဘာနဲ့မှ ဖြည့်လို့မရတဲ့၊ အဓိပ္ပာယ်မဲ့နေသလို အထီးကျန်မှု သို့မဟုတ် အတွင်းစိတ်ရဲ့ ဟာလာဟင်းလင်း ဖြစ်မှု (Inner Emptiness) ကွက်လပ်လေးတစ်ခု အမြဲရှိနေတတ်ပါတယ်။

ဒီလိုခံစားရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ ဒါဟာ စိတ်ရောဂါလည်း မဟုတ်သလို၊ သင့်မှာ ချို့ယွင်းချက် ရှိနေလို့လည်း မဟုတ်ပါဘူး။ သင့်အတွင်းစိတ်က သင့်ကို စကားလှမ်းပြောနေတာပါ။

ကျွန်မတို့အများစုဟာ ဒီကွက်လပ်လေးကို ဖြည့်ဖို့အတွက် အစားအသောက်တွေ အများကြီး စားပစ်တာ၊ ဈေးဝယ်တာ၊ သီချင်းဖွင့်ထားတာ သို့မဟုတ် ဖုန်းထဲမှာ အချိန်ကုန်ပစ်တာမျိုးတွေ လုပ်မိတတ်ကြပါတယ်။ ဒါဟာ ပဟေဠိ ဆက်စပ်မှု (Jigsaw Puzzle) တစ်ခုလိုပါပဲ မှားယွင်းတဲ့ အပိုင်းအစနဲ့ အတင်းလိုက်ဖြည့်နေသမျှ ဒီကွက်လပ်ဆိုတာ ဘယ်တော့မှ ပြည့်သွားမှာ မဟုတ်ပါဘူး။

✅ နှလုံးသားထဲက ကွက်လပ်လေးကို နားလည်ပေးဖို့ နည်းလမ်း (၃) ခု

ရင်ဘတ်ထဲမှာ ဟာတာတာ ခံစားမှုနဲ့ တစ်ခုခု လိုနေတယ်လို့ သတိထားမိတဲ့အခါ ဒီအဆင့်လေးတွေကို အတူတူ လေ့ကျင့်ကြည့်ရအောင်နော်။

၁။ မပြေးပါနဲ့၊ ချစ်ခြင်းနဲ့ လက်ခံပေးပါ။ (Accept) 🫂

ဒီဟာလာဟင်းလင်း ဖြစ်မှုနဲ့ ရင်ဘတ်ထဲက ဟာတာတာ ခံစားချက်ကြီး ပေါ်လာတဲ့အခါ အတင်းမတွန်းထုတ်ပါနဲ့။ ဖုန်းကြည့်တာ၊ အစားအသောက်တွေ အလွန်အမင်း စားပစ်တာမျိုးနဲ့ မရှောင်လွှဲပါနဲ့နော်။

မိမိကိုယ်ကို အပြစ်မတင်ဘဲ "အော်… ငါ့စိတ်ထဲမှာ တစ်ခုခု လိုအပ်နေပါလား" ဆိုတာကို Self-Compassion (မိမိကိုယ်ကို ကရုဏာထားမှု) နဲ့ ကြင်နာစွာ အသိအမှတ်ပြုပေး၊ လက်ခံပေးလိုက်ပါ။

၂။ သင့်ရဲ့ ကွက်လပ်လေး ဘယ်ချိန်မှ ပြည့်သွားတတ်သလဲဆိုတာ သတိထားကြည့်ပေးပါ။ (Aware) 🔍

ဒီကွက်လပ်လေးဟာ အမြဲတမ်းတော့ လွတ်နေတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေကျရင် ရင်ဘတ်ထဲက ဟာတာတာ ခံစားမှု ပျောက်သွားပြီး ပြည့်စုံသွားသလို ခံစားရတဲ့ အချိန်လေးတွေ ရှိတတ်ပါတယ်။

✅ လူတစ်ယောက်ယောက်နဲ့ နွေးနွေးထွေးထွေး စကားပြောနေရချိန်မှာလား။
✅ မိမိဝါသနာပါတဲ့ အလုပ်တစ်ခုခုကို အာရုံစိုက် စိတ်နှစ်ပြီး လုပ်နေရချိန်မှာလား။
✅ တိတ်ဆိတ်တဲ့ သဘာဝတရားထဲမှာ ကိုယ်တိုင်နဲ့ပဲ အချိန်ဖြုန်းနေရချိန်မှာလား။

ဒါကို သတိထားကြည့်ခြင်းအားဖြင့် သင့်ရဲ့ စိတ်ဝိညာဉ်က ဘာကို တကယ်တောင်းတနေလဲဆိုတာကို ရိပ်မိလာပါလိမ့်မယ်။

၃။ "ဒီအချိန်မှာ မိမိ ဘာကြောင့် ပြည့်စုံတယ်လို့ ခံစားရတာလဲ" ဆိုတာကို စူးစမ်းရှာဖွေ (Explore) လုပ်ပေးပါ။ 💡

ကွက်လပ်လေး ပြည့်သွားပြီး ရင်ဘတ်ထဲမှာ နွေးထွေးသွားတဲ့ အချိန်ကို သတိထားမိပြီဆိုရင် နည်းနည်းလေး ထပ်ပြီး စူးစမ်းကြည့်ကြမယ်နော်။

✅”မိမိကို ဒီအရာက ဘာကြောင့် စိတ်ကျေနပ်စေတာလဲ။”
✅”မိမိစိတ်ထဲမှာ လုံခြုံမှု၊ အသိအမှတ်ပြုခံရမှု ဒါမှမဟုတ် ချစ်ခြင်းမေတ္တာကို ရရှိသွားလို့လား။”
✅”ဒီကွက်လပ်လေးဟာ မိမိရဲ့ မပြည့်ဝခဲ့တဲ့ အတိတ်က လိုအပ်ချက်တွေ (ဒါမှမဟုတ်) အနာဂတ်အတွက် စိုးရိမ်မှုတွေကနေ လာတာများလား။”

ဒီလို သေချာ စူးစမ်း (Explore) လုပ်ကြည့်တဲ့အခါ သင့်စိတ်ရဲ့ အမှန်တကယ် လိုအပ်ချက်ကို တိတိကျကျ သိလာရပါလိမ့်မယ်။ အပြင်ဘက်က ယာယီအရာတွေနဲ့ အတင်းလိုက်ဖြည့်စရာ မလိုတော့ဘဲ သင့်ကိုယ်သင် စစ်မှန်တဲ့ ဖြည့်ဆည်းပေးမှုမျိုး ပေးနိုင်လာပါလိမ့်မယ်။

နှလုံးသားထဲက လွတ်နေတဲ့ ကွက်လပ်လေးနဲ့ ရင်ဘတ်ထဲက ဟာတာတာ ခံစားမှုဟာ "အန္တရာယ်ရှိတဲ့ အပေါက်ကြီး" မဟုတ်ပါဘူး။ ဒါဟာ "သင့်စိတ်ထဲမှာ အမှန်တကယ် ဘာကို တောင်းတနေတာလဲ" ဆိုတာကို ပိုမိုနားလည်လာအောင် ညွှန်ပြပေးနေတဲ့ "အတွင်းစိတ်၏ ခေါ်သံ" လေးတစ်ခုသာ ဖြစ်ပါတယ်။ 🤍

💬 သင်ရော... သင့်နှလုံးသားထဲက ကွက်လပ်လေး ဘယ်လိုအချိန်မျိုးမှာ ပြည့်စုံသွားတတ်လဲဆိုတာ သတိထားမိဖူးပါသလား? ကွန်မန့်မှာ အတူတူ မျှဝေခဲ့ကြရအောင်နော်... 👇✨


​🖤 The Empty Space Within the Heart
​Article Writer - Eaindray

​"Have you ever felt that hollow ache in your chest, a void in your heart that nothing seems to fill, even when everything around you seems completely fine and free of trouble?"

​No matter how filled your life is with joy, or how busy your days get... there can often be a space that feels impossible to fill, a quiet sense of meaninglessness, loneliness, or what psychology calls Inner Emptiness.

​If you feel this way, please know that you are not alone. This isn't a mental illness, nor does it mean there is something broken or wrong with you. It is simply your inner self trying to speak to you.

​Most of us try to fill this void with various quick fixes, overeating, shopping, playing music endlessly, or losing ourselves in our phones. It’s like trying to complete a jigsaw puzzle: as long as we keep forcing the wrong pieces into place, the void will never truly be filled.

​🌿 3 Ways to Understand the Void in Your Heart

​When you notice that hollow sensation and feel like something is missing in your chest, let’s practice these steps together:

​1. Don’t run away; accept it with love. (Accept) 🫂

​When this feeling of emptiness or the hollow ache in your chest arises, try not to push it away. Avoid running from it through endless phone scrolling or binge eating.

​Without judging or blaming yourself, acknowledge it gently with Self-Compassion: "Ah, there is something inside me that needs care right now." Simply allow yourself to accept it as it is.

​2. Notice when your void feels filled. (Aware) 🔍

​This empty space isn't empty all the time. There are moments when that hollow feeling subsides and you feel surprisingly whole again.

​✅ Is it when you are having a warm, deep conversation with someone?
​✅ Is it when you are deeply focused and immersed in something you love doing?
​✅ Is it when you are spending quiet, peaceful time alone in nature?

​By becoming aware of these moments, you will begin to sense what your soul is truly longing for.

​3. Explore why you feel fulfilled in those moments. (Explore) 💡

​Once you notice the moments when the void feels filled and warmth returns to your chest, let’s dig a little deeper with gentle curiosity:

✅ ​"Why does this specific moment bring me satisfaction?"
✅ ​"Is it because my heart feels safe, recognized, or genuinely loved right now?"
✅ ​"Could this empty space stem from unmet needs from my past or anxieties about my future?"

​When you explore with intentionality, you will discover what your mind and heart truly need. Instead of trying to force temporary external fixes, you will be able to offer yourself authentic, meaningful fulfillment.

​The empty space in your heart and the hollow sensation in your chest are not "dangerous abysses." They are merely the "call of your inner self," guiding you to understand what you truly desire deep down. 🤍

​💬 What about you? Have you noticed when the empty space in your heart feels whole and fulfilled? Let's share and reflect together in the comments below... 👇✨

🗺 "Lines of the Soul" အလုပ်ရုံဆွေးနွေးပွဲ - ဖိတ်ကြားခြင်း 🗺​ကျွန်မတို့တစ်ယောက်စီတိုင်းမှာ အတွေးတွေ၊ စိတ်ခံစားချက်တွေနဲ့ ...
31/07/2026

🗺 "Lines of the Soul" အလုပ်ရုံဆွေးနွေးပွဲ - ဖိတ်ကြားခြင်း 🗺

​ကျွန်မတို့တစ်ယောက်စီတိုင်းမှာ အတွေးတွေ၊ စိတ်ခံစားချက်တွေနဲ့ ယှက်နွယ်ရေးဆွဲထားတဲ့ "စိတ်မြေပုံ" တစ်ခုစီ ရှိကြပါတယ်။ ​ဒီမြေပုံပေါ်က လိုင်းကြောင်းတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ခြင်းက မိမိစိတ်နှင့် ခန္ဓာကိုယ်၊ မိမိနှင့် ပတ်ဝန်းကျင်ကြား ဆက်ဆံရေးကို ပိုမိုခိုင်မာလှပစေပါတယ်။

​ဒါကြောင့်မလို့ စိတ်၏ ငြိမ်းချမ်းမှု၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိနားလည်မှုနဲ့ အတွင်းစိတ်ကို ဆင်ခြင်သုံးသပ်နိုင်ဖို့အတွက် "Lines of the Soul" အလုပ်ရုံဆွေးနွေးပွဲသို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

​အလုပ်ရုံဆွေးနွေးပွဲမှ ရရှိမည့် အကျိုးကျေးဇူးများ

​✅ Neurographic Art (ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အနုပညာဖန်တီးမှု)မှာ မျဉ်းကွေး၊ လိုင်းကြောင်းများနှင့် ပုံသဏ္ဌာန်များကို အသုံးပြု၍ ရင်ထဲက ခံစားချက်များကို ရေးဆွဲပုံဖော်ရင်း စိတ်ဖိစီးမှုများကို လျှော့ချနိုင်ပါမယ်။

​✅ ပစ္စုပ္ပန်တည့်တည့်မှာ အာရုံစိုက်ပြီး စိတ်ကို အေးချမ်းတည်ငြိမ်လာစေမည့် နည်းလမ်းများကို လေ့ကျင့်ရမယ်။

​✅ ပါဝင်သူ အချင်းချင်း အပြုသဘောဆောင်သည့် အားပေးစကားများ ဖလှယ်ရင်း ခိုင်မာသည့် လူမှုဆက်ဆံရေးနှင့် နွေးထွေးမှုကို ခံစားရမယ်။

​✅ နေ့စဉ်ဘဝ လုပ်ဆောင်ချက်များတွင် အသိ၊ သတိရှိရှိဖြင့် ပစ္စုပ္ပန်မှာ ပိုမိုနက်ရှိုင်းစွာ နေထိုင်နိုင်မည့် အလေ့အကျင့်ကောင်းများ ရရှိမည်။

​🎨 ဘယ်သူတွေ တက်ရောက်နိုင်သလဲ။

​အနုပညာ မှတစ်ဆင့် မိမိ၏ အတွင်းစိတ်ကမ္ဘာကို စူးစမ်းလေ့လာချင်သူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။
​❌ ပုံဆွဲ/ပန်းချီဆွဲ အခြေခံ လုံးဝရှိစရာ မလိုပါ။

​📅 ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂ ရက် (တနင်္ဂနွေနေ့)
⏰ အချိန် - နေ့လည် ၁၂:၃၀ မှ ၃:၃၀ နာရီ အထိ
📍 နေရာ - ရိုးမအနုပညာရပ်ဝန်း၊ Café Sake (အမှတ် ည/၄၅၊ ဂုဏ်ထူးလမ်းသွယ်၊ ညောင်ဖြူစခန်းရပ်၊ တောင်ကြီးမြို့)
💵 ဝင်ကြေး - အခမဲ့

​📞 ဆက်သွယ်ရန်
📧 [email protected]
📲 Ku Sarr Page Messenger

​မိမိ၏ အနက်ရှိုင်းဆုံး လိုင်းကြောင်းများကို Neurographic Art နဲ့အတူ ပုံဖော်ဖို့ ကုစားရဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်လိုက်ကြပါစို့။


​🗺 "Lines of the Soul” Workshop - Invitation 🗺

​Every soul carries an inner map woven from thoughts, emotions, and personal stories. Understanding these inner pathways is key to strengthening your connection with yourself and the world around you.

​We warmly invite you to "Lines of the Soul” a creative workshop designed to guide you toward self-reflection, emotional clarity, and inner peace through the transformative power of Neurographic Art.

​What you will experience

​✅ Learn to transform inner thoughts and emotions into visual art using intuitive lines and shapes, helping to untangle stress and release mental blocks.

​✅ Practice present-moment awareness to soothe the nervous system and anchor your mind in tranquility.

​✅ Share uplifting encouragement with fellow participants in a safe, non-judgmental environment.

​✅ Cultivate a deeper sensory awareness to bring greater presence and calm into your daily life.

​🎨 Who Can Join?

​Anyone looking to explore their inner self through the creative flow of lines and art!

​❌ No prior drawing or artistic experience is required.

​🗓 Event Details
​Date: August 2, 2026 (Sunday)
Time: 12:30 PM – 3:00 PM
Venue: Yoma Art Space, Café Sake (No. 45/16, Gone Htoo Street, NyaungPhyuSaKham Quarter, Taunggyi)
Fee: Free

​📞 Contact Us
​Email: [email protected]
Facebook Messenger: Ku Sarr Page Messenger

​Unwind your mind and trace the lines of your soul with us at Ku Sarr!

People Pleaser ဆိုတာဘာလဲ။ ဆောင်းပါးရေးသူ- Thet HninEnglish version below:People Pleaser ဆိုတာ မိမိရဲ့ ကိုယ်ပိုင် စိတ်ဆန္...
25/07/2026

People Pleaser ဆိုတာဘာလဲ။
ဆောင်းပါးရေးသူ- Thet Hnin
English version below:

People Pleaser ဆိုတာ မိမိရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒ၊ စည်းမျဉ်း (Boundaries) နဲ့ လိုအပ်ချက်တွေကို လျစ်လျူရှုပြီး တစ်ခြားသူတစ်ယောက်ရဲ့ ပျော်ရွှင်မှု၊ သဘောကျမှုတွေကို အစဉ်အမြဲ ပိုပြီး ဦးစားပေး စဉ်းစားနေတဲ့ သူမျိုးကို ဆိုလိုပါတယ်။

People Pleaser တစ်ယောက်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

၁။ “No” လို့မငြင်းရဲခြင်း။
⁃ ကိုယ်တိုင် အလုပ်များနေတဲ့အချိန် (သို့မဟုတ်) မလုပ်ချင်ရင်တောင် အခြားသူ အကူညီတောင်းတာကို မငြင်းဆန်ရဲဘဲ လက်ခံပေးနေမိတာပဲဖြစ်ပါတယ်။

၂။ Emotional Sponge (အခြားသူတွေရဲ့ စိတ်ခံစားချက်အပေါ်လိုက်ပြီး မိမိကိုယ်ကို စိတ်မလုံခြုံခြင်း)
⁃ ကိုယ့်ဘေးမှာရှိတဲ့ သူတစ်ယောက်ယောက် ဒေါသထွက်နေရင်၊ ဝမ်းနည်းနေရင် (သို့မဟုတ်) အဆင်မပြေဖြစ်နေရင် “ငါ့ကြောင့်လား” ဆိုတဲ့ စိတ်ဖြစ်ပြီး မိမိကိုယ်ကို စိတ်မလုံခြုံပဲ စိုးရိမ်ပူပန်မိနေတာမျိုး ဖြစ်ပါတယ်။

၃။ Apologizing for Existing (မလိုအပ်ပဲ ခဏခဏတောင်းပန်ခြင်း)
⁃ ကိစ္စတစ်ခုခုကို ဖြေရှင်းရတဲ့ကိစ္စများမှာ မိမိမှာ အမှားမရှိသည့်တိုင်အောင် အမြဲလိုလို တောင်းပန်တဲ့စကားကို အလေ့အကျင့်လို ပြောမိနေတာမျိုး ဖြစ်ပါတယ်။

၄။ Over-giving to keep relationships (ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းဖို့ အလွန်အမင်း ပေးဆပ်ခြင်း)
⁃ သူငယ်ချင်း မုန်းသွားမှာ၊ ရည်းစားက ပစ်သွားမှာ ကြောက်ပြီး အတိုင်းအဆမရှိ သူတို့သဘောဆန္ဒများကို အလိုက်သင့်နေပေးတာ၊ လက်ဆောင်ပေးတာ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေကိုပါ အကုန်ပေးတာ စတဲ့ အဖက်ဖက်ကနေ စည်းဘောင်မရှိ ပေးဆပ်နေတာမျိုးဖြစ်ပါတယ်။

၅။ Hiding True Opinions (မိမိ၏ သဘောထားအမှန်ကို ဖုံးကွယ်ခြင်း)
⁃ စကားဝိုင်းတစ်ခုမှာ သဘောထားကွဲလွဲနေရင် (ဒါမှမဟုတ်) ကိုယ်နဲ့မတူတဲ့အမြင်တစ်ခုခုရှိလင် မဆွေးနွေးပဲ “အငြင်းပွါးရမှာကြောက်ရွံ့” ပြီး ကိုယ့်ဆန္ဒအမှန်ကို ထုတ်မပြောပဲ သူများ အမြင်၊ စကားတွေကိုပဲ လက်ခံနေခြင်းဖြစ်ပါတယ်။

ဘာကြောင့် People Pleaser ဖြစ်လာရတာလဲ။

ငယ်ရွယ်စဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ မိဘအုပ်ထိန်းမှုကြောင့် ရလာတဲ့ စိတ်ဒဏ်ရာ၊ အတွေ့အကြုံများကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ- မိဘ (သို့မဟုတ်) အုပ်ထိန်းသူများက သူတို့ကလေးကို “စာတော်မှ၊ လိမ္မာမှ၊ ခိုင်းတာလုပ်ပေးမှ” ချစ်ခြင်းမေတ္တာ နဲ့ အသိအမှတ်ပြုမှုကို ပေးခဲ့ပါက “ ငါ လူတွေကို အဆင်ပြေအောင် အလိုမလိုက်ရင် / လိမ္မာအောင် မနေရင် ငါ့ကိုဘယ်သူမှ ချစ်မှာမဟုတ်ဘူး” ဆိုတဲ့ နက်ရှိုင်းတဲ့ အတွေးတွေ ဝင်သွားမိတာကြောင့်ဖြစ်ပါတယ်။

People Pleaser ဘဝက ဘယ်လိုရုန်းထွက်ရမလဲ။

✅ ချက်ချင်း “Yes” လို့မပြောပဲ အချိန်အနည်းငယ်ယူပါ။
⁃ တစ်ယောက်ယောက်က အကူညီတောင်းရင် (သို့မဟုတ်) ခိုင်းရင် တုန့်ပြန်မှု ချက်ချင်းမလုပ်ပဲ “မိမိမှာ အချိန်နဲ့ စွမ်းအင် ရှိ/မရှိ၊ လုပ်သင့်/မလုပ်သင့်” စဉ်းစားဖို့ အချိန်ယူပါ။

✅ ကိစ္စအသေးလေးတွေက စပြီး “No” လို့ပြောဖို့ ကြိုးစားပါ။ (ယဉ်ယဉ်ကျေးကျေး ငြင်းဆိုတဲ့ စကား အသုံးအနှုန်းမျိုးနဲ့ ပြောဆိုပါ။)
⁃ ကြီးမားတဲ့ ကိစ္စတွေကို “No” လို့ပြောဖို့ ခက်ခဲနေရင် သေးငယ်တဲ့ကိစ္စလေးတွေက စပြီး ငြင်းကြည့်ဖို့ကြိုးစားပါ။ ဥပမာ - “မနက်ဖြန် အပြင်သွားကြမလား” လို့ သူငယ်ချင်းကမေးရင် ကိုယ်မသွားချင်ရင် မသွားချင်ကြောင်းကို “ငါ ဒီနေ့ ပင်ပန်းနေလို့ အိမ်မှာပဲနားချငိတယ်၊ နောက်မှ သွားကြစို့နော်” လို့ ပွင့်ပွင့်လင်းလင်းပြောပြပြီး ငြင်းဆိုပါ။

✅ Healthy Boundaries (ကျန်းမာတဲ့ စည်းဘောင်) ထားပါ။
⁃ ကိုယ့်ရဲ့ စွမ်းအင်၊ အချိန် နဲ့ စိတ်ကျန်းမာရေးအတွက် စည်းဘောင်တွေ သတ်မှတ်ပါ။ ဥပမာ- “ည (၁၀) နာရီနောက်ပိုင်း အလုပ်ကိစ္စတွေကို စာမပြန်တော့ဘူး”ဟု သတ်မှတ်တာ။ အခြားသူတွေ စိတ်ဆိုးတာ၊ စိတ်ဓါတ်ကျတာဟာ “ငါ့ကြောင့်မဟုတ်သလို၊ ငါကပဲ အမြဲလိုက်ပြီးဖြေရှင်းပေးရမယ်၊ စိတ်ပြေအောင်လုပ်ပေးရမယ့် ဆိုတဲ့ တာဝန်မရှိဘူး” ဆိုတဲ့စိတ်ထားပါ။

နိဂုံးချုပ်အနေနဲ့ပြောရရင် လူတွေကို အကူအညီပေးတာနဲ့ People Pleaser ဖြစ်တာ မတူပါဘူး။ ကိုယ်ကူညီနိုင်လို့ စေတနာနဲ့ကူညီပေးတာမျိုးက ကိုယ့်မှာ စိတ်ချမ်းသာစရာတွေကျန်ခဲ့ပေမယ့် People Pleaser ဖြစ်တာကတော့ မိမိရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်၊ စိတ်ခံစားချက်များကို ထိခိုက်ပြီး ရေရှည်မှာ ကိုယ့်စိတ်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်ရှင်။


What is a People Pleaser?
Article Writer- Thet Hnin

A People Pleaser is someone who constantly prioritizes the happiness and approval of others while completely ignoring their own personal desires, boundaries, and needs.

Signs of a People Pleaser

1. Difficulty Saying "No"
Even when you are extremely busy or simply don't want to do something, you feel unable to refuse and end up agreeing to help anyway.

2. Being an "Emotional Sponge" (Feeling Insecure Based on Others' Emotions)
If someone around you is angry, sad, or upset, you immediately wonder, "Is it my fault?" This leads to deep feelings of insecurity and anxiety.

3. Apologizing for Existing (Unnecessary Apologies)
You habitually apologize out of habit, even when you haven't done anything wrong or during completely normal, everyday interactions.

4. Over-giving to Keep Relationships
Out of fear that friends will hate you or a partner will leave, you give endlessly without boundaries—yielding to their wishes, giving gifts, and sacrificing your personal time.

5. Hiding True Opinions
Whenever there is a difference of opinion in a conversation, you avoid sharing your true thoughts out of fear of conflict, agreeing with whatever others say instead.

Why Do People Become People Pleasers?

It often stems from emotional trauma and childhood experiences related to parenting.
For instance, if parents or caregivers only offered love and validation conditionally—such as when the child was "obedient, did well in school, or followed orders"—the child internalized a deep-seated core belief: "If I don't please people or act good, no one will love me."

How to Break Free from People Pleasing

✅ Pause Before Saying "Yes"
When someone asks for help or favors, don't react immediately. Take a moment to pause and ask yourself whether you actually have the time, energy, and capacity to do it.

✅ Start Saying "No" to the Small Things (Politely)
If saying "No" to big requests feels overwhelming, practice with smaller matters first.
Example: If a friend asks to hang out and you aren't up for it, be open and polite: "I'm feeling pretty drained today and just need to rest at home, but let's catch up another time!"

✅ Set Healthy Boundaries
Establish clear boundaries to protect your energy, time, and mental well-being.
Example: Set a rule like, "I don't respond to work messages after 10 PM." Remind yourself: "Other people's anger or sadness is not my fault, nor is it my duty to fix their emotions."

In conclusion, helping others out of genuine goodwill is not the same as being a People Pleaser. Assisting others when you have the capacity brings joy and fulfillment. People pleasing, on the other hand, compromises your freedom and emotional well-being—ultimately taking a severe toll on your long-term mental health.

ကိုယ်ဝန်ဆောင်စဉ် စိတ်ကျန်းမာရေး (Maternal Mental Health)ဆောင်းပါးရေးသူ- Ye YintEnglish version below:ကိုယ်ဝန်ဆောင်ခြင်းသ...
16/07/2026

ကိုယ်ဝန်ဆောင်စဉ် စိတ်ကျန်းမာရေး (Maternal Mental Health)
ဆောင်းပါးရေးသူ- Ye Yint

English version below:

ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်၊ ဟော်မုန်းနှင့် ဘဝနေထိုင်မှုပုံစံကို အပြောင်းအလဲများစွာ ဖြစ်ပေါ်စေသည့် အရေးကြီးသော အချိန်ကာလတစ်ခုဖြစ်ပါသည်။ ထိုအပြောင်းအလဲများနှင့်အတူ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများလည်း ဖြစ်ပေါ်နိုင်ပြီး၊ ၎င်းတို့ကို သတိပြုမိခြင်းနှင့် အချိန်မီ ကူညီပံ့ပိုးပေးခြင်းသည် မိခင်နှင့် ကလေး နှစ်ဦးစလုံး၏ ကျန်းမာရေးအတွက် အရေးကြီးပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားပြီးနောက်ကာလများတွင် အမျိုးသမီး ၅ ဦးလျှင် ၁ ဦးနီးပါးသည် စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ရပ်ကို ကြုံတွေ့ရလေ့ရှိပြီး ၎င်းကို လျစ်လျူရှုပါက မိခင်၏ကျန်းမာရေးသာမက ကလေး၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားပါသည် (World Health Organization, 2022)။

ကိုယ်ဝန်ဆောင်စဉ်တွင် စိတ်ပူပန်ခြင်း (Anxiety)၊ စိတ်ဓာတ်ကျခြင်း (Depression) နှင့် စိတ်ဖိစီးမှု (Stress) များကို အချို့သော မိခင်များ ကြုံတွေ့နိုင်ပါသည်။ အောက်ပါလက္ခဏာများသည် နှစ်ပတ်ကျော် ဆက်လက်ရှိနေပါက ကျန်းမာရေးပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
- စိတ်ဝမ်းနည်းခြင်း သို့မဟုတ် မျှော်လင့်ချက်မရှိသလို ခံစားရခြင်း
- ယခင်က စိတ်ဝင်စားခဲ့သော အရာများအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားခြင်း
- အိပ်စက်မှုပုံစံ သို့မဟုတ် အစာစားချင်စိတ် အပြောင်းအလဲများ
အလွန်အမင်း စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း
- မိမိကိုယ်ကို အပြစ်တင်ခြင်း သို့မဟုတ် တန်ဖိုးမရှိသလို ခံစားရခြင်း စသဖြင့်။

ကိုယ်ဝန်ဆောင်စဉ် စိတ်ကျန်းမာရေးကို ဂရုစိုက်ရန်အတွက် ပြုပြင်နေထိုင်သင့်သောနည်းလမ်းတွေကတော့ -
- လုံလောက်သော အနားယူခြင်းနှင့် အိပ်စက်ခြင်း
- အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်း
- သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း (ဆရာဝန်ညွှန်ကြားချက်အတိုင်း)
- မိသားစုနှင့် မိတ်ဆွေများ၏ ပံ့ပိုးမှုကို လက်ခံခြင်း
- မိမိ၏ ခံစားချက်များကို ယုံကြည်ရသူနှင့် ဖွင့်ဟပြောဆိုခြင်းတို့ ဖြစ်ပါတယ်ခင်ဗျာ။

စိတ်ကျန်းမာရေးပြဿနာများသည် အားနည်းမှုမဟုတ်ဘဲ ကုသနိုင်ပြီး ပံ့ပိုးကူညီနိုင်သော ကျန်းမာရေးအခြေအနေများ ဖြစ်ပါသည်။ မိခင်တစ်ဦး၏ စိတ်ကျန်းမာရေးကောင်းမွန်ခြင်းသည် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု၊ မိသားစုဆက်ဆံရေးနှင့် မိသားစုတစ်ခုလုံး၏ ကျန်းမာပျော်ရွှင်မှုအတွက် အရေးပါသော အခြေခံဖြစ်ပါသည်။

"ကျန်းမာသော ကိုယ်ဝန်ဆောင်ဘဝဆိုသည်မှာ ခန္ဓာကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုလည်း တန်းတူ အလေးထားဂရုစိုက်ခြင်း ဖြစ်ပါသည်။"


Reference
World Health Organization. (2022). Guide for integration of perinatal mental health in maternal and child health services. World Health Organization. Source: World Health Organization (WHO) https://share.google/AFhqCmsH0VWFjITNx

Maternal Mental Health During Pregnancy
Article writer- Ye Yint

Pregnancy is an important stage in a woman's life that brings significant changes to her body, hormones, and daily lifestyle. Along with these physical changes, emotional and psychological changes can also occur. Recognizing these changes and providing timely support are essential for the health and well-being of both the mother and the baby.

According to the World Health Organization (WHO), nearly 1 in 5 women experience a mental health condition during pregnancy and the postpartum period; ignoring this not only risks the mother's overall health but can also negatively impact the infant's physical and emotional development (World Health Organization, 2022).

During pregnancy, some women may experience anxiety, depression, and stress. These emotional challenges are common and should not be ignored.

If the following symptoms persist for more than two weeks, it is advisable to consult a healthcare professional:

- Persistent sadness or feelings of hopelessness
- Loss of interest in activities that were once enjoyable
- Changes in sleep patterns or appetite
- Excessive worry, anxiety, or fear
- Feelings of guilt, self-blame, or worthlessness

To support good mental health during pregnancy, the following healthy habits are recommended:

- Get adequate rest and quality sleep.
- Eat a balanced and nutritious diet.
- Engage in appropriate physical activity, following your healthcare provider's advice.
- Accept support from family members and friends.
- Share your thoughts and feelings with someone you trust.

Mental health conditions are not a sign of weakness. They are real health conditions that can be treated and managed with appropriate care and support. A mother's mental well-being plays a vital role in her baby's development, healthy family relationships, and the overall well-being of the family.

"A healthy pregnancy is not only about physical health—it also means giving equal importance to mental health."


Reference
World Health Organization. (2022). Guide for integration of perinatal mental health in maternal and child health services. World Health Organization. Source: World Health Organization (WHO) https://share.google/AFhqCmsH0VWFjITNx

Address

Taunggyi

Alerts

Be the first to know and let us send you an email when Ku Sarr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ku Sarr:

Shortcuts

Share